← Chapters

ဆူးနစ်လေဂိတ်

Vol. 22 Ch. 295

ဆူးနစ်လေဂိတ်

Vol. 22 Ch. 295

မိုဝူကျီက သူ့လက်ပတ်မှ လောက အမှတ်အသားပြားကို ကြည့်လိုက်သော အခါ နံပါတ်များကို တွေ့လိုက် ရလေသည်။

မိုဝူကျီ၊ လောက ရမှတ် ၁၄၉ မှတ်၊ အဆင့် မရှိ ဟူ၍ ဖြစ်သည်။

ထိုအရာကို မြင်ပြီး မိုဝူကျီက ပြောစရာ ရှာမတွေ့ ဖြစ်သွားလေသည်။  သူ သတ်ခဲ့သည့် ကင်းမြီးကောက် သောင်း၊ သိန်း အရေအတွက်က ၁၄၉ မှတ်လေးပဲ ထိုက်တန်တာလား။ ကြည့်ရသည်မှာ သူက ကင်းမြီးကောက်များစွာ သတ်ပြီးမှ တစ်မှတ်ရခြင်းသာ ဖြစ်လိမ့်မည်။

သို့သော်လည်း ထိုအရာက အစ ဖြစ်သောကြောင့် စိတ်ထဲ မထားပေ။ သူက ပညာရှင် နှလုံးသားမှ အပူကို ထုတ်လွှင့် လိုက်သည့်အတွက် အာကာသ ကင်းမြီးကောက် တစ်အုပ်လုံးကို အလွယ်တကူ ရှင်းထုတ်နိုင်ခြင်း ဖြစ်သည်။

နောက်ရက် အနည်းငယ် အတွက် မိုဝူကျီက သတိကြီးစွာ ထားထားရသည်။ သူက အာကာသ သားရဲများနှင့် ထပ်တွေ့သော်လည်း သူက ရှောင်ရှား နိုင်ခဲ့လေသည်။ ထိုသားရဲအုပ်များက အမှတ်များများ မရဘဲ တိုက်ခိုက်ရင်းဖြင့် သူ့အသက်လေး ဆုံးရှုံးသွား နိုင်သေးသည်။

လဝက် အကြာတွင် မိုဝူကျီက ရပ်တန့် လိုက်တော့သည်။ သူ့ရှေ့တွင် ကြီးမားလှသည့် ဝဲကတော့ကြီး ရှိနေပြီး အထဲတွင် လေပြင်း တိုက်သံများပင် ကြားနေရသည်။ ဝင်မကြည့်ဘဲဖြင့် စိုးရိမ် ပူပင်ခြင်းများ ခံစားမိလေသည်။

ဒါက ဆူးနစ် လေဂိတ်လား ...

မိုဝူကျီက ဧရာမဝဲကတော့ကြီး ကြည့်ကာ စတင်စိုးရိမ်မိလာသည်။ သူက ဆူးနစ်လေဂိတ် အကြောင်းပါသည့် မိတ်ဆက်စာစောင် အချို့ကို ဝယ်ယူခဲ့သော်လည်း သူတို့က အသေးစိတ် ရေးပြမထားပေ။ ဆူးနှင့်တူသော လေပြင်းဟုသာ ရေးညွှန်းထားပြီး ဝင်ပြီးနောက်တွင် ၉၀ရာခိုင်နှုန်း သေနိုင်ခြေ ရှိလေ၏။

ချိန်စုယင် ကျင့်ကြံဆင့်ဖြင့် ဆူးနစ် လေဂိတ်ကို ဝင်ပြီးနောက် သူမ အသက် ရှင်နိုင်ခြေ မည်မျှရှိမည်နည်။ ထိုသည်က အံစာတုံး လှည့်သကဲ့သို့ ကံတရားအပေါ်သာ မူတည်နေသည် မဟုတ်ပါလော ....

သင်္ဘောပျံကို သိမ်းကာ မိုဝူကျီက အခွက်ဒိုင်းကို ထုတ်ယူလိုက်သည်။ ခဏတာ တွေးတော မိပြီးနောက် သူက ခါးမှ လောက အမှတ်အသားပြားကို ချွတ်ကာ သိမ်းဆည်း လိုက်တော့သည်။ လောက အမှတ်အသားပြားက အရေးကြီးလှ၍ လေပြင်းထဲ ပါသွားပါက နောက်တစ်ခု ထပ်လုပ် နေရလိမ့်မည်။ ချူချင်းလောင်က သူ့ကို ဒုတိယအကြိမ် ကူညီနိုင်မလား ဆိုတာ မည်သူ သိမည်နည်း။

သူ့ပြင်ဆင်မှု အားလုံး ပြီးဆုံး သွားသောအခါ သူက အသက်ပြင်းပြင်း ရှူကာ ဝဲကတော့ထဲ ခုန်ဝင်သွား လိုက်တော့သည်။

ကြောက်မက်ဖွယ် အားများက သူ့ကို ဘက်ပေါင်းစုံမှ ဆွဲငင် နေလေသည်။ မိုဝူကျီ စိတ်စွမ်းအားက အားမနည်း သော်လည်း ဒိုင်းမှာ စိတ်စွမ်းအား ကန့်သတ်ချက်မှ လွင့်ထွက်သွားကာ လုံးဝ ပျောက်ဆုံး သွားလေသည်။

ထိုရိုက်ချက်များက ဆူးကျာပွတ်ဖြင့် ရိုက်သလို ခံစားလိုက်ရပြီး သူ့အဝတ်များပါ တပါတည်း ပါသွားသောကြောင့် အရေပြားများတွင် သွေးများ စို့လာလေသည်။

မိုဝူကျီက သူ့ကိုယ်သူ အဝတ် လျှော်စက်ထဲ ရောက်သွားသလို ခံစားနေရကာ ပြန်တိုက်ဖို့ရာ အင်အားပင် မကျန်တော့ပေ။ လေပြင်းများက သူ့ကို အဝတ်ရုပ်လေး အလား လွင့်ထွက် သွားစေပြီး ဆူးလေပြင်းများက သူ့အသားစများပင် ယူဆောင် သွားကြသေးသည်။

“ဝူး ...” အားကြီး တစ်ခုနှင့် ရိုက်ခတ်မိပြီး မိုဝူကျီ လည်ပတ်နှုန်းကား မြင့်သွားကာ ကြောက်မက်ဖွယ် ဝဲကတော့၏ အောက်ခြေသို့ ပစ်လွှတ်ခံ လိုက်ရသည်။

အရိုးကျိုးသံ များပင် ကြားနေရ၍ မိုဝူကျီက ကုသဆေးလုံး အချို့ ထုတ်ကာ မျိုချလိုက် ရသည်။ သိပ်သည်လှသည့် ဝိညာဉ် စွမ်းအားများက တိုက်ခတ်မှုက ပြီးဆုံး သွားလေ၏။ ဤသိပ်သည်း လှသော ဝိညာဉ် စွမ်းအားများက လေပြင်းထက်ပင် ပိုအားကောင်း သော်လည်း ဤနေရာက ကျင့်ကြံဖို့ သင့်တော်သည့် နေရာ မဟုတ်ခြင်းက နှမြောစရာ ကောင်းလှပေသည်။

သို့သော်လည်း သူက များစွာခံစားခဲ့ ရသော်လည်း ဝမ်းမြောက်မိဆဲ ဖြစ်သည်။ မဟုတ်လျှင် ယခုလေး ရိုက်ခတ်မှုကား သူ့အား မေ့မြော သွားစေလိမ့်မည်။

ထိုသို့သော နေရာမျိုးတွင် မေ့မြော သွားခဲ့ပါက မည်သို့ ဖြစ်သွားမည်နည်း။

မိုဝူကျီက သူ့ဝမ်းမြောက်မှုများ မကြာခင်‌ ရှာလို့ မတွေ့တော့ကြောင်း သတိထားမိ လိုက်၏။ သူက ပြန်တက် လိုက်သည်နှင့် အားပြင်းသည့် လေပြင်းများ ထပ်မံ ရောက်ရှိလာ၍ ဖြစ်သည်။ ထိုစဉ် သူ့စိတ်စွမ်းအားကို မထုတ်လွှင့် နိုင်သဖြင့် သူ့မြင်ကွင်း ဆယ်မီတာ ပတ်လည်လောက်သာ မြင်ရလေသည်။

“ဝှီး ...” လေပြင်းများက မိုဝူကျီကို တိုက်ခတ်လာပြီး သူ့ကို ဆွဲခေါ် နေလေသည်။

အကယ်၍ ထိုသည်က လေသာ ဖြစ်နေပါက အဆင်ပြေသေး၏။ သို့သော်လည် လေပြင်းများ ထဲတွင် ဆူးပင်များစွာ ပါနေသည့်ဟန် ပေါ်ကာ ဆူးပင်များက ချိတ်သဖွယ် ဆွဲခေါ်ကာ အကုန် ဖျက်ဆီးပစ် ကြသည်။ ထိုမမြင်ရသည့် နွယ်ပင်များက မိုဝူကျီ တစ်ကိုယ်လုံး သွေးသံရဲရဲ ဖြစ်မလာခင်အထိ ရစ်ပတ် ထားလေသည်။ ထို့နောက် ပို၍ပင် ရစ်ပတ် လာလေသည်။ သွေးကြောင်းများသာ မြင်ရပြီး အရေပြားပင် မကျန်တော့ပေ။

ခဏအကြာတွင် သူ့အရေပြားပင် ပကတိအတိုင်း မကျန်ရှိတော့ပေ။

လေပြင်းများက အကြမ်းပတမ်း ဖြစ်နေသည့် အတွက် မိုဝူကျီက နောက်ဒိုင်း တစ်ခုကို ထပ်ထုတ် လိုက်ရသည်။ တစ်ချိန်တည်းတွင် သူ့သဘာဝ စွမ်းအားများဖြင့် တောင့်တင်း ခိုင်မာအောင် ပြုလုပ်လိုက်သည်။ ဘေးကင်းသည့် ခိုလှုံရာ ပေါ်လာသည်နှင့် သူက ချက်ချင်း သွားမည် ဖြစ်၏။ မဟုတ်လျှင် ထိုလေပြင်းများက သူ့ကို ဘယ်နေရာအထိ ဆွဲခေါ်သွားမည်ကို မည်သူ သိမည်နည်း။ သူ့အသားများပင် ဆူးနစ်လေများကြောင့် လွင့်စဉ်စရာ မပါသည်အထိ  တစ်စစီ ပဲ့သွားပေလိမ့်မည်။

ယခု ဤနေရာကို အဘယ်ကြောင့် ဆူးနစ်လေဂိတ်ဟု ခေါ်ဆိုခြင်း ရှင်းလင်း သွားလေပြီ။ ဤနေရာရှိ လေပြင်းများက သူ့ခန္ဓာကို ဆူးကျာပွတ်နှင့် ရိုက်ထားသည့် အလား ခံစားရစေပြီး မည်သူမဆို တောင့်ခံနိုင်သည့် အရာ မဟုတ်ပေ။

မိုဝူကျီက နောက်ဆုံးတွင် နားခိုစရာ နေရာတွေ့သည့် အချိန်အထိ  လေပြင်းများက ဆယ်မိနစ်လောက် ပြင်းထန်နေသည်။ လေဒဏ် ကာကွယ်ရန် ဧရာ မကျောက်တုံးများက တစ်ခုနှင့် တစ်ခု ထောက်ထားပြီး နေရာတစ်ခု ဖြစ်ပေါ်နေလေသည်။

ပြင်ဆင်ထားသည့် မိုဝူကျီက သဘာဝ စွမ်းအားများကို ပေါက်ကွဲစေ လိုက်ပြီး ဒိုင်းကို လေပြင်းအချို့ကို ကာရန် သုံးလိုက်သည်။

ထိုစဉ် သူက ကျောက်တုံးကြားမှ နေရာလပ်ဆီ ဖောက်ခွဲ လိုက်တော့သည်။ သို့သော် သူ့ဒိုင်းကို အချိန်မီ ပြန်ရုပ်သိမ်းဖို့ရာ အချိန်မရှိတော့၍ နောက်တစ်ခုက လေပြင်းထဲ ပျောက်ဆုံး သွားပြန်သည်။

သွေးသံရဲရဲ မိုဝူကျီက မြေပြင်ပေါ်တွင် မောဟိုက်စွာ ထိုင်နေပြီး အနီးအနားမှ လေပြင်းသံများကို နားထောင် နေလေသည်။ သူက ဆူးနစ်လေဂိတ်သို့ ရောက်သည်မှာ မည်မျှကြာမြင့် သွားသနည်း။ ထိုသို့ အခြေအနေအထိ ကျရောက် သွားသည့်အတွက် ချိန်စုယင်သည် သေနိုင်လောက်၏။ ဤနေရာမှာ အမှန်ပင် ငရဲတွင်း ဖြစ်နေသည်။

ခဏတာ အနားယူပြီးနောက် မိုဝူကျီက ထိုကျောက်တုံးများကို စတင်၍ ခံစားမိလာသည်။ မကြာခင်တွင် ထိုကျောက်တုံးများက မူလနေရာမှာ ဤနေရာ မဟုတ်ဘဲ  လေကြောင့် ဤနေရာအထိ ရောက်လာကြောင်း နိဂုံးချုပ် လိုက်တော့သည်။ ကျောက်တုံးများမှာ တခြားနေရာမှ ရောက်လာသောကြောင့် ဆိုလိုရင်းက တစ်ခု ဖြစ်သည်။ သူ ကြုံတွေ့ခဲ့ရသော လေပြင်းက အဆိုးဆုံး မဟုတ်သေးပေ။ မဟုတ်လျှင် သူက လွတ်မြောက်နိုင်ခွင့်ပင် ရှိမည် မဟုတ်ပေ။

ဤနေရာရှိ ဝိညာဉ်စွမ်းအားများက တျန်းဂျီဂိုဏ်း၏ ဝိညာဉ်စွမ်းအား ပိတ်လှောင်ရေး အစီအရင် ၁၃ ခုထက် မနည်းပါးပေ။ သို့သော်လည်း သူက ကျင့်ကြံချင်စိတ် မရှိသေးသည့် အတွက် စိတ်စွမ်းအားဖြင့် ပတ်လည် စစ်ဆေးကြည့် လိုက်သည်။ သို့သော် လေပြင်းများကြောင့် ပျက်စီးသွားသည့် အစအနများပင် ရှာမတွေ့တော့ပေ။ သူ မြင်တွေ့ နေရသည်က ဗလာနတ္ထိ ဖြစ်နေသည့် ဟင်းလင်းပြင် ဖြစ်၏။

သူက ဆူးနစ်လေဂိတ်ကို ဝင်လာစဉ်မှစ၍ သူ့ဝန်းကျင်မှ မီတာ အနည်းငယ်သာ မြင်နိုင်လေသည်။

မြေပြင်ပေါ်တွင် ကျဆုံးသွားသည့် ကျင့်ကြံသူ အလောင်းများကို တွေ့လိုက်ရပြီး ဤနေရာတွင် ကျင့်ကြံရုံမှအပ တခြားနည်းလမ်း မရှိကြောင်း သိလိုက်သည်။ သူက အစစ်အမှန် ရေအဆင့်သို့ မြန်မြန်ဆန်ဆန် တက်လှမ်းရမည်။ မဟုတ်လျှင် ထိုလေပြင်းများက ဧရာ မကျောက်တုံးများကို လွင့်စဉ်သွားစေ သကဲ့သို့ သူသည်လည်း ပြန်တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

သူ့ခန့်မှန်းချက် အတွက် တစ်ခုတည်းသော ကောင်းချက်မှာ ဤနေရာရှိ ဝိညာဉ် စွမ်းအားများက သိပ်သည်းလှပြီး ကျောက်တုံးများသာ နောက်လပိုင်းအထိ မလွင့်စဉ် သွားပါက သူသည် သေချာပေါက် အစစ်အမှန် ရေအဆင့်သို့ တက်လှမ်း နိုင်ပေလိမ့်မည်။

ဤနေရာတွင် ဝိညာဉ် စွမ်းအားများက ကြောက်ခမန်းလိလိ သိပ်သည်းလွန်း သော်လည်း မိုဝူကျီက စိတ်စွမ်းအင် ကျောက်တုံး အပုံလိုက် ထုတ်လိုက်သေး၏။ အစစ်အမှန် ရေအဆင့် တက်လှမ်းလိုသည့် အာသီသကား အားကောင်းလှရာ သူက ကျင့်ကြံခြင်း အထောက်အပံ့များက သူ့အား နှောင့်နှေးနိုင်မည့် အရေးကို ခွင့်မပြုပေ။ ထိုမျှ စိတ်စွမ်းအင် ကျောက်တုံးအများကြီး သုံးထားလျှင်ပင် မလုံလောက်သေးမှန်း သိ၏။ ချီသွေးကြော ၁၀၂ ခုလုံးနှင့် ပြောင်းပြန် လှည့်ပတ်ခြင်း ကျင့်စဉ် ပေါင်းလိုက်လျှင် စုပ်ယူနှုန်းမှာ အားပြင်း လှပေသည်။

သူက ပြင်ပဒဏ်ရာ များကိုပင် ဂရုမစိုက်နိုင်ဘဲ ပြောင်းပြန် လှည့်ပတ်ခြင်းကို စတင် လိုက်တော့သည်။ အရင်တုန်းက အင်မော်တယ် မော်တယ် ကျင့်စဉ်ကို အသုံးပြုခဲ့ သော်လည်း ယခုမှာမူ သူ့ပြုပြင် ထားသည့် ပြောင်းပြန် လှည့်ပတ်ခြင်းက ပို၍ ထိရောက်ပေသည်။

လက်တွေ့တွင် မိုဝူကျီက သူ့တွင် ပြောင်းပြန် လှည့်ပတ်ခြင်း ကျင့်စဉ် ရှိစဉ်မှ စ၍ ပထမဆုံး အကြိမ်အဖြစ် ထိန်းချုပ် မထားခြင်း ဖြစ်သည်။ သူက ပျောက်ဆုံး ရွှံ့နွံတောမှ ထွက်ဖို့ရာ ပြောင်းပြန် လှည့်ပတ်ခြင်းကို ကျင့်ကြံခဲ့သော်လည်း သာယာလှသည့် ကျင့်ကြံခြင်းမျိုးတော့ မဟုတ်ခဲ့ပေ။ သူ့စိတ်ထဲတွင် တွေးတော ရသည်များ ရှိနေသေးလေ၏။ ထို့ကြောင့် ပြောင်းပြန် လှည့်ပတ်ခြင်း ကျင့်စဉ်ကို အသုံးပြုပါက ဝိညာဉ်စွမ်းအား  စုပ်ယူနှုန်း မြန်ဆန် လာသော်လည်း ကျင့်ကြံဆင့်၌ ထိရောက်မှု များစွာမရှိပေ။ သူ့အတွက် ယွမ်ဒန်အဆင့် ၁၀မှ အဆင့်  ၁၂ထိ တက်လှမ်း နိုင်ဖို့ရန် နှစ်ဝက်ခန့် ကြာမြင့်ခဲ့သည်။ တခြား စကားဖြင့် ဆိုရလျှင် နှစ်ဝက်တာ ကြိုးစားအားထုတ် ခဲ့သမျှကား အဆင့်သေးလေးသာ တက်သွားလေသည်။

ထိုစဉ် မိုဝူကျိက သူ့ချီသွေးကြော အားလုံးကို ဖွင့်၍ တတ်စွမ်းသမျှ ပြောင်းပြန်လှည့်ပတ် လိုက်တော့သည်။ ထိုအခါမှ သူ့ပြောင်းပြန် လှည့်ပတ်ခြင်း ကျင့်စဉ်က ဝိညာဉ်စွမ်းအား စုပ်ယူမှု မည်မျှ ပြင်းထန်ကြောင်း သိရှိမိလိုက်သည်။

သူ့ဝန်းကျင်မှ ဝိညာဉ် စွမ်းအားများက ဝဲကတော့ ဖြစ်လာကာ ဆန့်ကျင်ဘက် ဦးတည်ရာအတိုင်း စီးဆင်း နေကြသည်။ ဝိညာဉ် စွမ်းအားများက မိုဝူကျီနှင့် ထိတွေ့ သွားသည်နှင့် အားလုံးက ဝါးမျိုခံ လိုက်ရကာ အစအနပင် မကျန်ရှိပေ။

မိုဝူကျီ သူ့ခြေထောက် အောက်တွင် ထားရှိထားသော စိတ်စွမ်းအင် ကျောက်တုံးများမှာ လုံးဝအကုန် စုပ်ယူခံလိုက် ရလေသည်။ သူက ကြောက်ခမန်းလိလိ စွမ်းအား စုပ်ယူခြင်းတွင် အာရုံနှစ်မြှုပ် သွားသောကြောင့်  စိတ်စွမ်းအင် ကျောက်တုံးများ ထပ်ထုတ်ရန် အချိန်မရှိတော့ပေ။

သို့သော်လည်း သူ့ကို အံ့အားသင့်စေ သည်က ဤနေရာရှိ ဝိညာဉ် စွမ်းအားများက တခြားနေရာမှ စွမ်းအားများနှင့် တူသော်လည်း စုပ်ယူပြီး နောက်တွင် သူ့အား ကျင့်ကြံခြင်း အတွက် ရှင်းလင်းသော ဦးတည်ချက်ကို ပေးစွမ်းလေသည်။

ထိုသို့သော ခံစားချက်မျိုးက ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးကို အသုံးပြု၍ ကျင့်ကြံစဉ်က ဖြစ်သည်။ ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးတွင် နှစ်မြှုပ်နေသော တာအို သဘောတရာများ ရှိ၍ ကျင့်ကြံသူများကို ကျင့်ကြံဆင့် တိုးမြင့်နိုင်ရုံ သာမက ပို၍ မျက်စိပွင့်စေသည်။ ယခု သူက ထိုအရာကို ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံး မပါရှိဘဲ လုပ်ဆောင် နိုင်လေပြီ။

ထိုသည်က ကျန်းမို နယ်မြေနှင့် ပျောက်ဆုံး နယ်မြေကြားမှ ကွာခြားချက် ဖြစ်သည်မှာ မငြင်းဆန်နိုင်ပေ။ လေထဲရှိ တာအို သဘောတရားများမှာ တာအို လမ်းစဉ်ကို လိုက်နာကျင့်သုံး နေသူများအတွက် ပို၍ သင့်တော်ပေသည်။ ပျောက်ဆုံး နယ်မြေမှ တာအိုမှာ အပိုင်းပိုင်း အစစ ကျိုးပျက် နေသည့်ဟန် ပေါ်၏။

ထိုသို့သော ကျင့်ကြံနှုန်းဖြင့် သူ့အတွက် အစစ်အမှန်ရ ေအဆင့် တက်လှမ်းဖို့ရာ တစ်လပင် ကြာပါ့မလား ...

ခြောက်ရက်အတွင်း မိုဝူကျီက ယွမ်ဒန်အဆင့် ၁၂သို့ ရောက်ရှိသွားကာ နောက်ကိုးရက် အကြာတွင် ယွမ်ဒန် ပြီးပြည့်စုံခြင်း အဆင့်သို့ တက်လှမ်း နိုင်သွားသည်။ သူ့ခန္ဓာမှ ဝိညာဉ်စွမ်းအားများက စီးဆင်းနေပြီး အထဲမှ ခရမ်းရောင် စွမ်းအားက ခရမ်းရေကန် အဖြစ် တဖြည်းဖြည်း  ဖြစ်တည် လာလေသည်။

“ဂျွတ် ...” ချီသွေးကြော ၁၀၂ခုလုံးကို အလွန်အမင်း လှည့်ပတ် လိုက်သည့်အတွက် ၁၀၃ခုမြောက် ချီသွေးကြောမှာ အတားအဆီး မရှိ ကျယ်ပြန့် လာလေသည်။

ချီသွေးကြော တစ်ခုသာ ထပ်ပေါ် လာသော်လည်း ပတ်ဝန်းကျင်မှ ဝိညာဉ် စွမ်းအားများက ပင်လယ်ထဲ တိုးဝင်လာသည့် အလား ဖြစ်ပေါ်လာပြီး မိုဝူကျီက ရေထဲမှ ဝေလငါး တစ်ကောင် စုပ်ယူနေသလို ဖြစ်နေ၏။

သဘာဝ စွမ်းအားများက မိုဝူကျီ ချီသွေးကြောများဆီ မရပ်မနား စီးဝင်လာကြပြီး ကြီးထွားလာကာ ခရမ်းရေကန်၏ အပြင်နားသတ် လိုင်းများ ဖြစ်ပေါ် လာလေသည်။ ထိုအရာများ ပျောက်ကွယ် သွားပြီးနောက် ခရမ်းရောင် စွမ်းအားများက မိုဝူကျီ၏ စိတ်ဝိညာဉ် နန်းတော်ဆီ ဝင်ရောက် သွားသောကြောင့် နန်းတော်မှာ တဖြည်းဖြည်း အက်ကွဲ လာလေသည်။ ထို့အပြင် အက်ကွဲလာသည့် နှုန်းမှာ တိုးမြင့် လာလေသည်။

ထိုဖြစ်ရပ်များကို လေ့လာပြီး နောက်တွင် မိုဝူကျီက စိတ်ပူပင် သွားမိသည်။ သူ့စိတ်ဝိညာဉ် နန်းတော်သာ ကွဲကြေသွားပါက  ပြီးဆုံးသွားကြောင်း သိ၏။ သူက ချီသွေးကြောဖြင့် ကျင့်ကြံသည် ဖြစ်စေ သို့မဟုတ် ဝိညာဉ် လမ်းကြောင်းများနှင့် ကျင့်ကြံသည် ဖြစ်စေ အရေးမပါပေ။ သို့သော် စိတ်ဝိညာဉ် နန်းတော်မှာ အတိမ်းအစောင်း မခံသည့် တည်ရှိမှုမျိုး ဖြစ်သည်။ ယခု စိတ်ဝိညာဉ် နန်းတော် အက်ကွဲလာ၍ သူက စိတ်ထဲမှ ကြောက်ရွံ့နေမှုကို ချိုးနှိမ်ထားရင်း ဆက်လက် ပြောင်းပြန် လှည့်ပတ်လိုက်သည်။ သူက ရေငတ်ပြေရန် ဆားရေ သောက်မိသည့်အလား သောက်လေ ငတ်မပြေလေ ဖြစ်နေပြီး သူ့ကျင့်ကြံဆင့်မှာ တစ်ဟုန်ထိုး မြင့်တက် လာလေသည်။

“ဘုန်း ...” မိုဝူကျီ စိတ်ဝိညာဉ် နန်းတော်မှ ကျယ်လောင်သည့် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာကာ သူ့ခေါင်းပင် ပွင့်ထွက်သွားသည့် အလား ခံစားလိုက် ရသည်။ သို့သော်လည်း သူ့ခွန်အားများက တစ်စက်လေးမှ လျော့ကျမသွားဘဲ ဆက်လက် တိုးမြင့်နေဆဲ ဖြစ်သည်။ ဝိညာဉ်စွမ်းအား စုပ်ယူနှုန်းမှာလည်း မြန်ဆန်နေဆဲ ဖြစ်သည်။

***

All Chapters