← Chapters

ချိန်စုယင် ပျောက်ကွယ်သွားမှု

Vol. 22 Ch. 296

ချိန်စုယင် ပျောက်ကွယ်သွားမှု

Vol. 22 Ch. 296

သူ့စိတ်ဝိညာဉ် နန်းတော်က ပေါက်ကွဲ သွားလေပြီ။ ပေါက်ကွဲမှုများက အတော် ကြာသည်အထိ ဆက်တိုက် ဖြစ်ပေါ်နေ၏။ နောက်ဆုံးတွင် အရာအားလုံးက တိတ်ဆိတ် သွားလေ၏။ မိနစ်အနည်းငယ် ကြာပြီးနောက် ပေါက်ကွဲမှုအားလုံး ရပ်တန့် သွားပြီးသည့်အခါ မိုဝူကျီ စိတ်လဲ ရှုပ်ထွေးနေရာမှ တည်ငြိမ် သွားလေသည်။

မိုဝူကျီက တိတ်ဆိတ်စွာ ထိုင်နေရင်း သူ့စိတ်ဝိညာဉ် နန်းတော်အတွင်းမှ ကျယ်ပြန့်လှသည့် နေရာကြီးကို ခံစားနေလေ၏။

ထိုသည်က အသိစိတ် ပင်လယ်လား ... သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် မရောက်သေးသော်လည်း ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူများ၌သာ ဖြစ်တည်နိုင်သည့် ကမ္ဘာဦး စိတ်ဝိညာဉ် အကြောင်းနှင့် အသိစိတ် ပင်လယ် ကျယ်ပြန့် လာကြောင်းကို ကြားဖူး၏။ သူတို့ အသိစိတ် ပင်လယ် ကြီးမားလေလေ သူတို့ စိတ်စွမ်းအား ပိုအားကောင်းလေလေ ဖြစ်သည်။

အသိစိတ် ပင်လယ်ကို တာအိုနှင့် ဆက်သွယ်ရန် အသုံးပြုနိုင်သည်။ အရွယ်အစားက တာအို အင်အားပေါ် မူတည်လေသည်။ တာအိုက အားကောင်းပြီး တာအို နည်းစနစ်များက ပိုကောင်းလေလေ အသိစိတ် ပင်လယ်က ကျယ်ပြန့်လေလေ ဖြစ်သည်။ ထိုသည်က မမြင်ရသော်လည်း မှန်ကန်သည့် အယူအဆ ဖြစ်လေ၏။ တာအိုကသာ ရှင်းပြနိုင်လိမ့်မည်။

တစ်ချိန်တည်းတွင် အသိစိတ်ပင်လယ် ပိုင်ဆိုင်သည့် ကျင့်ကြံသူများသာ အစစ်အမှန် တိုးတက်မှုကို ပြုလုပ်နိုင်ခြင်း ဖြစ်၏။

သူက အစစ်အမှန် ရေအဆင့် ရောက်သည်နှင့် ကိုယ်ပိုင် အသိစိတ် ပင်လယ် ဖွဲ့စည်းနိုင်ပြီး သူ့အသိစိတ် ပင်လယ်မှာ ကြီးမား လွန်းသောကြောင့် သူ့စိတ်စွမ်းအားက အဘယ်ကြောင့် အားနည်း ရမည်နည်း။ ယခု သူက အစစ်အမှန် ရေအဆင့်တွင် ဖြစ်နေပြီး တိုးတက်နှုန်းက မြန်ဆန် မလာပေဘူးလား။

ထိုအရာက မဟုတ်မှန်သေးပေ။ အစစ်အမှန် ရေအဆင့် ရောက်လာသည့် အခါ ယွမ်ဒန်က ပေါက်ကွဲသွားပြီး သဘာဝရေကန် ဖြစ်ပေါ်လာရမည် မဟုတ်ဘူးလား။ သူ့၌ ယွမ်ဒန် အဆင့်တွင် ရွှေရောင်အမြုတေ မရှိဘဲ ခရမ်းရောင် စွမ်းအား အလုံးသာ ရှိခဲ့လေသည်။

ယခု ခရမ်းရောင် စွမ်းအားများက ပျောက်ကွယ်သွားပြီး စိတ်ဝိညာဉ် နန်းတော်ဆီ ဝင်သွားကာ အသိစိတ် ပင်လယ် ဖြစ်ပေါ်လာလေသည်။ သူက အစစ်အမှန် ရေအဆင့် ရောက်နေပြီ ဖြစ်ကာ သူ့သဘာဝ ရေကန်က ဘယ်မှာလဲ ...

သူ့အသိစိတ် ပင်လယ်ထဲတွင် မိုဝူကျီက ခရမ်းရေကန်ကို အလျင်အမြန် ရှာဖွေတွေ့ရှိ သွားသည်။ သူ့ခရမ်းရောင် စွမ်းအားများ ပျောက်ဆုံးပြီးနောက် သူ့အသိစိတ် ပင်လယ်အတွင်း ခရမ်းရေကန် အဖြစ် ဖြစ်တည်လာခြင်း ဖြစ်သည်။ ထိုသည်က မီတာအနည်းငယ် ကျယ်ဝန်းသည့် ရေကန်လေး ဖြစ်ကာ ခရမ်းရောင် စွမ်းအားများ တည်ငြိမ်စွာ စီးဆင်း နေလေသည်။ ထိုအထဲ၌ ထူးဆန်းထွေလာ တာအိုနှင့် ခွန်အားများလည်း ပါဝင်ပေသည်။ လေ့ကျင့်ပြီးနောက် သူ ရရှိထားသော အရာအားလုံးက တာအို ဖြစ်နေသည်။ ဝေဝေဝါးဝါး ပုံရိပ် ဖြစ်နေလေသည်။

ထိုသို့ ဖြုံလောက်သည့် အစစ်အမှန် ရေအဆင့်လား ...

မိုဝူကျီက သူ့ကိုယ်ပိုင် အစစ်အမှန်ရေကို ဖန်တီးမိကြောင်း သိလိုက်သည်။ ထိုအရာက ပြောင်းပြန် လှည့်ပတ်ခြင်း ကျင့်စဉ်ကို ဖန်တီးပြီး သေမျိုးများကို ချီသွေးကြောများ အသုံးပြုခွင့် ပေးထားခြင်း ဖြစ်၏။

သူ့တစ်ကိုယ်လုံးတွင် စွမ်းအားများစွာက လွမ်းခြုံ ထားလေသည်။ မိုဝူကျီက ကိုယ့်ခြေထောက်အပေါ် ရပ်တည်နိုင်ရန် ကြိုးစား လိုက်သော်လည်း သဘာဝ စွမ်းအားများက သူ့ခန္ဓာကိုယ် အစိတ်အပိုင်း တိုင်းဆီ စီးဝင် နေကြလေသည်။ အကယ်၍ သူ့ကိုယ်သူ ထိန်းချုပ်ထားဖို့ အားအကုန် သုံးထား၍သာ မဟုတ်လျှင် ဘေးတစ်ဖက် တစ်ချက်ကား သူ့သဘာဝ စွမ်းအားများကြောင့် ပေါက်ကွဲထွက် သွားလိမ့်မည်။

မိုဝူကျီက စိတ်ခံစားချက် မျိုးစုံ ရောပြွမ်း နေလေသည်။ လက်ရှိ သူ့တွင် ရှိနေသည့် စွမ်းအားမှာ ယခင်ကထက် အဆထောင်ပေါင်း များစွာ အားကောင်း သွားလေ၏။

သူက အစစ်အမှန် ရေအဆင့် ၁သာ ရှိသေးသော်လည်း သူ့နောက်ကို လိုက်လာသည့် အစစ်အမှန် ရေအဆင့် ၉ ကျင့်ကြံသူကို ရင်ဆိုင်နိုင်ရန် ယုံကြည်ချက် ရှိ၏။ ပို၍ ယုံကြည်ဖို့ ခက်ခဲသည်မှာ သူ့ခရမ်းရောင် စွမ်းအားများက သာမန် ကျင့်ကြံသူ၏ သဘာဝ ရေကန်ထက် များစွာ အားကောင်းပေသည်။ အဆင့်တူထဲတွင် သူ့အား မှီနိုင်မည့်သူ မရှိဟု ယုံသည်။

မိုးနှင့်မြေက အမှန်ပင် လုပ်နည်း လုပ်ထုံးများ ရှိလေ၏။ သူက ချီသွေးကြောများနှင့် ကျင့်ကြံစဉ်နှင့် ပြောင်းပြန် လှည့်ပတ်ခြင်း ကျင့်စဉ်ကို ဖန်တီးခဲ့၍ သူ့အတွက် တစ်မူထူးသည့် ခရမ်းရေကန်နှင့် အစစ်အမှန် ရေအဆင့်တွင် အသိစိတ် ပင်လယ်  ဖြစ်တည် လာလေသည်။ မိုဝူကျီက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူဆီမှ အသိစိတ် ပင်လယ်သည် မည်မျှ ကြီးမားကြောင်း မသိသော်လည်း သူက ယှဉ်နိုင်ကြောင်း ယုံကြည်၏။

စောစောလေးမှ ရရှိလာသည့် တိုက်ပွဲ ဒဏ်ရာများမှာ ချက်ချင်းပင် အထိအခိုက်မရှိ ဖြစ်သွားလေသည်။ သူက သူ့စွမ်းဆောင်ရည်များကို ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူပေါ်တွင် စမ်းသပ်ဖို့ရာ မစောင့်နိုင်တော့ပေ။

မိုဝူကျီက မည်မျှ အားကောင်းလာကြောင်း မစမ်းသပ်သေးချေ။ ထို့အစား သူက ချီသွေးကြော ၁၀၃ ခုမြောက် အပေါ် အာရုံစိုက် ထားလိုက်သည်။ ၁၀၃ ခုမြောက် ချီသွေးကြောက သဘာဝဓာတ် သိုလှောင်ရေး လမ်းကြောင်း မဟုတ်ကြောင်း သတိထားမိ လိုက်သည်။

သူက မျက်လုံးပိတ်ကာ ၁၀၃ခုမြောက် ချီသွေးကြောကို အာရုံခံနေ လိုက်သည်။ အကယ်၍ သူက ထိုချီသွေးကြော၏ ရည်ရွယ်ချက်ကို မသိပါက ညအိပ်နိုင်မည် မဟုတ်ပေ။

ရုတ်တရက် မိုဝူကျီ မျက်လုံးများ ပွင့်လာကာ အရိုးယိုယွင်း ဆေးလုံးကို သောက်သုံး လိုက်တော့သည်။

အရိုးယိုယွင်း ဆေးလုံးမှာ အဆင့် ၄ အဆိပ်ဆေးလုံး ဖြစ်ကာ ကျင့်ကြံသူ၏ ရိုးတွင်းခြင်ဆီ အထိ အဆိပ်မိစေ နိုင်သည်။ သီးသန့် အဆိပ်ဖြေဆေးလုံး သုံးခြင်းမှ လွဲ၍ သာမန် ကျင့်ကြံသူများက ထိုအဆိပ်ကို တိုက်နိုင်လိမ့်မည် မဟုတ်ပေ။ မိုဝူကျီက ထိုဆေးလုံးကို ဖော်ပြီးနောက်တွင် တစ်ခါမျှ မကြိုးစား ဖူးသေးချေ။ အကယ်၍ သူ့တွင် အရိုးယိုယွင်း ဆေးလုံးအတွက် လိုအပ်သည့် ဆေးပင်သာ မရရှိပါက ဖော်စပ် ဖြစ်လိမ့်မည် မဟုတ်ပေ။

ယခု သူ ဆေးလုံးကို မျိုချလိုက်သည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ ချီသွေးကြော ၁၀၃ခုမြောက်သည် အဆိပ်ဖြေ ချီသွေးကြော ဖြစ်နေကြောင်း ခံစားမိ၍ ဖြစ်သည်။ တခြားနည်းဖြင့် ဆိုရလျှင် ဤချီသွေးကြောဖြင့် သူက ဘယ်အဆိပ်မှ ကြောက်နေစရာ မလိုတော့ပေ။ ထိုသီးသန့် လုပ်ဆောင်ချက်မှ လွဲ၍ ဤချီသွေးကြောမှာ အခြားသော အရာများနှင့် မကွာခြားပေ။

အရိုးယိုယွင်း ဆေးလုံးက မိုဝူကျီ ပါးစပ်ထဲ ဝင်သွားပြီးနောက်တွင် အဆိပ်က စတင်၍ ပျံ့နှံ့လာလေသည်။ အဆိပ်က သူ့ခန္ဓာအတွင်းမှ အရိုးတိုင်းဆီ ရောက်ရှိသွားလေ၏။ သူက အဆိပ်များကို ၁၀၃ ခုမြောက် ချီသွေးကြောထဲ ရောက်အောင် လှည့်ပတ်ရန် ပြင်ဆင် ထားမိသည်။

သို့သော်လည်း သူ မကြိုးစားကြည့်ခင် အဆိပ်များကို အဆိပ်ဖြေ ချီသွေးကြောမှ ဝါးမျို လိုက်လေ၏။ ချက်ချင်းဆိုသလို အဆိပ်ပြေသွားကာ ကျင့်ကြံဖို့ရာ အတွက် ဝိညာဉ်စွမ်းအား အဖြစ် ပြောင်းလဲ သွားလေသည်။ ပြောင်းပြန် လှည့်ပတ်ခြင်း ကျင့်စဉ်ဖြင့် ကျန်ရှိနေသော လက်ကျန်လေးက  ဖယ်ရှားခံလိုက်ရသည်။

ပြောင်းပြန်လား ... မိုဝူကျီက အရိုးယိုယွင်းဆေးလုံး အကျိုးအာနိသင် တဖြည်းဖြည်း ပျောက်ကွယ် သွားသည်ကို ခံစားမိရာ သူ့အတွက်ပင် ယုံကြည်ဖို့ရာ ခက်ခဲပေသည်။

သူက ကိုယ့်ဘာသာ တည်ငြိမ်အောင် နေလိုက်သည်။ အကောင်းဆုံး အရာများမှာ လက်မလျှော့သည့် သူများထံသာ ရောက်လာလေ့ ရှိသည်။ သူက လက်မလျှော့ခဲ့၍သာ ဆက်လက်၍ ကြိုးစားရင်း ပြောင်းပြန် လှည့်ပတ်ခြင်း ကျင့်စဉ်ကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်ကာ အဆိပ်ဖြေ ချီသွေးကြော ဖြစ်သည့် ၁၀၃ ခုမြောက် ချီသွေးကြော ပွင့်လာခြင်း ဖြစ်သည်။ ယနေ့မှစ၍ သူက အဆိပ်ခတ် ခံရခြင်းကို ကြောက်နေစရာ မလိုတော့ပေ။

မိုဝူကျီက စိတ်စွမ်းအားဖြင့် တစ်နေရာလုံးကို စစ်ဆေးကြည့် လိုက်သည်။ သူက လေ့ကျင့်ရန် ဆက်နေရမည်လား သို့မဟုတ် ချိန်စုယင်ကို သွားရှာရမည်လား မဆုံးဖြတ် နိုင်တော့ပေ။ သူမ သေဆုံးဖို့ရာက သေချာလု နီးပါး ဖြစ်နေသော်လည်း သူက သူမအတွက် လက်မလျှော့နိုင်သေးပေ။

မိုဝူကျီက မှင်တက်မိ သွားသည်။  ယခင်က သူ့စိတ်စွမ်းအား မနီးမဝေး ရောက်သွားသည့် အခါတိုင်း မာန်ဖီ လေဟုန် သားရဲက သူ့လမ်းကြောင်းကို ပိတ်ဆို့ ထားနေသည်။ ယခုအခါ သူ့စိတ်စွမ်းအားက မီတာရာချီ၍ ထုတ်လွှင့် နိုင်လေပြီ။ မာန်ဖီလေဟုန် သားရဲက သူ့အတွက် အနှောင့်အယှက် မဟုတ်တော့ပေ။ သူ့စိတ်စွမ်းအားကား အတားအဆီး များကိုပင် မခံစားရတော့၍ မည်မျှ အားကောင်း နေပြီနည်း။

ကိုယ်ပိုင် အသိစိတ်ပင်လယ် ပေါ်လာပြီးနောက် သူ့စိတ်စွမ်းအားက အဆများစွာ အားကောင်းသွား၏။

“ဘမ်း ...” လေဟုန်ပြင်းများ နောက်ထပ် တိုက်ခတ် လာပြန်သည်။ ထိုအရာက မိုဝူကျီ ရှိနေသည့် ကျောက်တုံးကြီးဆီ ရောက်လာလေသည်။ သူ့နှလုံးခုန်ပင် ရပ်လုမတတ် ဖြစ်သွားလေသည်။ ဤကျောက်တုံး နှစ်ခုမှာ တောင်ကြီးသဖွယ် ဖြစ်သော်လည်း လေပြင်းလာပါက လွင့်ပါသွားမည် ဖြစ်၏။

ယခင်က တွေဝေနေသော်လည်း ယခုအခါ သေချာ သွားလေသည်။ သူက ထိုလေပြင်းများဆီ ပြေးဝင် သွားလိုက်သည်။ သူက ဤနေရာသို့ ချိန်စုယင် ရှာရန် ရောက်လာခြင်း ဖြစ်ရာ သူ့ကိုယ်သူ လေ့ကျင့်ဖို့ရန် အတွက် ထိုကျောက်တုံးများ ကြားတွင် နေနေခြင်းက မဖြစ်သင့်ပေ။

သူက ထိုလေပြင်းများဆီ သွားလိုက်သည့် အခိုက်အတန့် လေဆူးကျာပွတ်များက မိုဝူကျီ ခန္ဓာပေါ်မှ အသားများကို ဆွဲဆုတ် သွားလေသည်။ စောစောလေးနှင့် ယခုအခါ ကွာခြားချက်မှာ သူ့ခန္ဓာ ကာကွယ်ရေး စွမ်းအားက အနည်းငယ် အားကောင်းလာခြင်း ဖြစ်သည်။ လေကျာပွတ်များက သူ့ကို ယခင်ကလောက် မထိခိုက်စေနိုင်တော့ပေ။

မိုဝူကျီက နောက်ဆုံး အကာအကွယ် ဒိုင်းကို ထုတ်ယူလိုက်သည်။ သူက စိတ်စွမ်းအား တိုးမြင့်လာ၍ ဤဒိုင်း အလုပ် ဖြစ်ရဲ့လားဟု စမ်းသပ်ကြည့်ချင်ရုံမျှသာ ဖြစ်၏။

လေပြင်းများ တိုက်ခိုက်လာပြီး ဒိုင်းကို လာထိရိုက်သည့် အခါ  ပြင်းပြင်းထန်ထန် တုန်ခါသွားလေသည်။ မိုဝူကျီ၏ စိတ်စွမ်းအားကြောင့် လေပြင်းက ခေါ်ဆောင် မသွားနိုင်ပေ။

သူက အကာအကွယ်ထဲ ရှိနေသော်လည်း မိုဝူကျီက တစ်ခု သေချာ သွားလေ၏။ သူ့တွင် ချီသွေးကြော အပိုတစ်ခု ရှိလာသော်လည်း သူ့အတွက် ထိုလေပြင်းများကို ခုခံပေးဖို့ရန ကူညီမပေးနိုင်ကြောင်း သိလိုက်သည်။ သူ့သဘာဝ စွမ်းအားနှင့် စိတ်စွမ်းအားသာ ကုန်ဆုံးသွားပါက ထိုလေပြင်းများကြား ကူကယ်ရာမဲ့ဘဝ ပြန်ရောက် သွားလိမ့်မည်။

သူ့စွမ်းအားကို အခွင့်ကောင်း ယူ၍ စိတ်စွမ်းအားဖြင့် ပတ်ဝန်းကျင် နေရာကို ရှာဖွေလိုက်သည်။

ယခု သူ့စိတ်စွမ်းအားက ပို၍ အားကောင်းလာပြီ ဖြစ်ရာ နေရာ အကျယ်ကြီးကို ခံစားနိုင်လာသည်။ လေပြင်းများ၊ ကျောက်တုံးနှင့် ကျောက်တောင်များ အပြင် တခြားဘာမှ မခံစားမိချေ။

“ဝှီးဝှီး ... ဘမ်း ...” လေပြင်းက မီတာများစွာ မြင့်မားသည့် ကျောက်တုံးကို သယ်ဆောင် လာလေသည်။ မိုဝူကျီက အာရုံများနေစဉ် လေပြင်းက သူ့ဒိုင်းဆီ ပစ်လွှတ် လိုက်လေသည်။

လေပြင်း၏ သဘာဝ စွမ်းအားများက ပြန်တိုက်ခိုက်သည့် အတွက် မိုဝူကျီက စွန်လေးလို လေထဲ တစ်ခေါင် ထပ်ရောက် သွားပြန်သည်။

သူက လေထဲတွင် ရှိနေစဉ် သူ့ဆီ လာမှန်သော ကျောက်တုံးများကြောင့် ခြစ်မိ သွားလေသည်။ သူက ထိုဆူးနစ် လေဂိတ်မှ အန္တရာယ်သည် လေပြင်းများ၊ ချိတ်များပါသည့် လေပြင်းများထက် ပိုအန္တရာယ်များကြောင်း လက်ခံ သွားပေတော့သည်။

လေပြင်းမှ ထုတ်လွှင့်လာသည့် ကျောက်တုံး များစွာပင် အသက်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိလေသည်။ အနည်းဆုံးတော့ လေပြင်းမှ ကျောက်တုံးက ဦးခေါင်း လာမှန်သည့် အခါ အသက်တော့ ဆုံးရှုံးနိုင်ပေသည်။ အကယ်၍ သူ့ခန္ဓာသာ ပျောက်ဆုံး သွားပါက မိုဝူကျီက သေခြင်းမှအပ တခြား အကျိုးဆက်များ မတွေးတတ်တော့ပေ။

အကယ်၍ အင်မော်တယ်များပင် ဤနေရာ၌ အသက် ဆုံးရှုံးနိုင်လျှင် ကမ္ဘာဦး စိတ်ဝိညာဉ်များက မည်သို့ အသက်ရှင် လာသနည်း။

“ဘမ်း ...” အချိန်ကိုက် ဆိုသလို မိုဝူကျီက မြေကြီးမှ အက်ကွဲ လာသံကို ကြားလိုက်ရသည်။ အကယ်၍ လေပြင်းသာ အက်ကွဲကြောင်းကို ဖြစ်စေနိုင်လျှင် အစစ်အမှန် ရေအဆင့် ကျင့်ကြံသူ ဖြစ်သည့် မိုဝူကျီက တားဆီးနိုင်မည် မဟုတ်ပေ။

လေပြင်းများကို ကြည့်ကာ မိုဝူကျီက စိုးရိမ်မိလာသည်။ သူက အံ့မခန်း စွမ်းအားဖြင့် အစစ်အမှန် ရေအဆင့် ရောက်လာသော်လည်း ဤနေရာ၌ ပုရွတ်ဆိတ်သာသာ မျှသာ ရှိ၏။

အကယ်၍ ဤနေရာ၌ ကောင်းချက်ရှိပါက စိတ်စွမ်းအားကို လေ့ကျင့် နိုင်ခြင်းသာ ဖြစ်လိမ့်မည်။ သိုင်းပညာရှင် များသည် သူတို့ကိုယ် သူတို့ လေ့ကျင့်ရန် လုံးဝအာရုံ နှစ်မြှုပ်ထားကြောင်း ကြားဖူးလေသည်။ အားအကောင်းဆုံး သိုင်းပညာရှင်သာ ဤနေရာမျိုး၌ ရှင်သန်ပေလိမ့်မည်။

တစ်နာရီ ကုန်ဆုံး သွားပြီးနောက် လေပြင်းက ငြိမ်ကျ လာလေသည်။ မိုဝူကျီက အစိမ်းနုနု အဝတ်ပိုင်းစကို တွေ့သည့်အခါ  အပြင်ထွက်၍ ဆက်လေ့လာ ချင်မိသည်။ ထိုအဝတ်က သစ်ကိုင်းခြောက်ပေါ်တွင် ငြိတွယ်နေကာ သူ ရှိနေသည့် အဝင်ဝနှင့် မနီးမဝေးတွင် ရှိနေခြင်း ဖြစ်သည်။ အာရုံစိုက် မထားပါက မတွေ့နိုင်ကြပေ။

မိုဝူကျီက ချက်ချင်း အောက်သို့ ဆင်းကာ လက်ကို ဆန့်လျက် ထိုအဝတ်ပိုင်းလေးကို ယူလိုက်သည်။

ထိုသည်က ချိန်စုယင် ဝတ်ဆင်လေ့ ရှိသည့် ဝတ်ရုံအရောင် ဖြစ်သည်။ သူက သူမကို ထိုဝတ်ရုံ အရောင်ဖြင့် မြင်ဖူးလေသည်။ ချိန်စုယင်သည် အမြဲတမ်းလိုလို ရိုးရှင်းသည့် အစိမ်းဖျော့ အရောင် သို့မဟုတ် အဝါဖျော့သာ ဝတ်ဆင်လေ့ရှိသည်။

သို့သော် ထိုအဝတ်ပိုင်းက သူမ အဝတ်ဟု ဆိုရအောင် တိုက်ဆိုင် လွန်းနေသည် မဟုတ်ပါလား။ သူမ အရည်အချင်းဖြင့် ဤနေရာသို့ ရောက်လာသည့် အခါ အဝတ်ကို အသာထား  အသားကျန်တာပင် ကံကောင်း လှသည်ဟု ယူဆ၍ ရလေသည်။

မိုဝူကျီက လမ်းကြောင်း အတိုင်း တစ်ချက် သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

သူ့စိတ်စွမ်းအားက အတွင်းပိုင်းကို မရောက်နိုင်ပေ။ ထို့ကြောင့် လမ်းကြောင်းမှာ မည်သို့ ဦးတည်ထားကြောင်း မရေရာပေ။

လမ်းကြောင်းတွင် နေရာကား ကျဉ်းမြောင်းလာသည့် အတွက် တစောင်းသွား နေရသည်။

သူက တစ်နာရီ နီးပါးလောက် လျှောက်လှမ်းပြီးနောက် တစ်ခါ ရပ်လိုက်သည်။ သူက လက်ထဲမှ ကျောက်တုံးကို ကောက်ကိုင်လိုက်သည်။ ကျောက်တုံးမှာ သာမန် ဖြစ်သော်လည်း ခြစ်ရာအချို့ ရှိနေသည်။ ထိုခြစ်ရာများမှာ လျှပ်စီးအားများဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။ လျှပ်တစ်ပြက် လျှပ်စီးကို မိုဝူကျီ ဖန်တီးထားခြင်း ဖြစ်ရာ တစ်ချက်တည်း ကြည့်ရုံဖြင့် မိုဝူကျီက ထိုလျှပ်စီး အရာများသည် လျှပ်တစ်ပြက် လျှပ်စီးကြောင့် ဖြစ်ပေါ်လာမှန်း တန်းသိလိုက်သည်။

***

All Chapters