← Chapters

ရှင်က သူ မဟုတ်ဘူး

Vol. 22 Ch. 298

ရှင်က သူ မဟုတ်ဘူး

Vol. 22 Ch. 298

ချိန်စုယင်ကို ကြည်လင်ကျောက်စိမ်း ဆေးလုံး တိုက်ကျွေး ရသည်က ခြားနားလှသည်။ ဆေးလုံး တိုက်ပြီးသည့် နောက်တွင် ချိန်စုယင်က မိုဝူကျီအား ဆေးလုံး အာနိသင် ပြစေရန် မွမ်းမံရန် လိုအပ်ပေသည်။ အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်းမှာ ချိန်စုယင် ပါးစပ်ထဲ ရောက်သွားသည်နှင့် အရည်ပျော် သွားလေသည်။

မိုဝူကျီက ချိန်စုယင်ကို အကြမ်းဖျင်း လေ့လာ ကြည့်လိုက်သည်။  အမွှေးတိုင် တစ်ဝက် ကုန်ချိန်လောက်တွင် မိုဝူကျီက ချိန်စုယင် အသက်ဓာတ်မှာ ပြန်လည် ပြည့်ဝလာကြောင်း ခံစားမိ လိုက်သည်။

နှစ်နာရီ အကြာတွင် ချိန်စုယင်ဆီမှ သွေးခုန်နှုန်းကို ပြန်လည် ခံစားမိလာသည်။

မိုဝူကျီက ချိန်စုယင်၏ အားအင်များ ပြန်ရောက်လာကြောင်း မသေချာသော်လည်း သူမ အသက် ရှင်မည်ကိုတော့ သေချာလေသည်။

တစ်ရက်တာ ကုန်ဆုံး သွားလေသည်။ ချိန်စုယင်၏ အသက်ရှူနှုန်းမှာ တည်ငြိမ် လာလေသည်။ သူမက သူမကိုယ် သူမက ပြန်လည် ထိန်းညှိထားသလို ဖြစ်လာသည်။ မိုဝူကျီက ချိန်စုယင် တစ်ယောက်  ဝိညာဉ် စွမ်းအားများ စုပ်ယူခြင်းကို မခံစား မိသေးချေ။ သူမက ဝိညာဉ် စွမ်းအားများ မစုပ်ယူနိုင်သေးပဲ ခုခံအား ပြန်လည်ရရှိ လာရုံသာ ဖြစ်လေသည်။ သူက စိတ်သက်သာရာ သက်ပြင်းချမိ လိုက်တော့သည်။

“ကျေးဇူး တင်ပါတယ် ဂျူနီယာမို ...” ချိန်စုယင် မျက်လုံးက ဖြည်းဖြည်းချင်း ပွင့်လာကာ အသံမှာ ချည့်နဲ့နေဆဲ ဖြစ်သည်။

“စီနီယာချိန် ... ကျုပ် ခင်ဗျား နိုးလာတာကို စောင့်နေတာ။ ကျုပ် ကယ်ခဲ့တာ မဟုတ်ဘူးနော်။ ခင်ဗျား ထာဝရ အိပ်မော ကျနေမှာစိုးလို့ ကူခဲ့တာလေးပဲ ...” မိုဝူကျီက အလျင်အမြန် ဝင်ဖြေလိုက်သည်။

ချိန်စုယင်က သူ့ဆိုလိုရင်းကို သိ၏။ အကယ်၍ သူမ သတိပြန်လည် လာသည့်အခါက ဝိညာဉ် စွမ်းအားများကို မကျင့်ကြံလျှင် သူမက သတိမေ့မြော နေသည်နှင့် ကွာခြားမည် မဟုတ်ပေ။

သူမက တိတ်တိတ်သာ နေလိုက်သည်။ သူမက မျက်လုံး ပင့်ကြည့်လိုက်ပြီး မာန်ဖီလေဟုန် သားရဲဂူ ဖြစ်နေမှန်း သိလိုက်သော်လည်း မိုဝူကျီ မည်သို့ ဤနေရာသို့ ရောက်လာကြောင်း မမေးတော့ပေ။ ထိုကိစ္စများက သူမအတွက် အရေးမပါပေ။

မိုဝူကျီက ချိန်စုယင်ကို မည်သို့ နှစ်သိမ့် ပေးရမည်ကို မသိတော့သောကြောင့် တိတ်တဆိတ်သာ နေနေလိုက်သည်။

သူတို့က အတော် ကြာသည့်အထိ တိတ်တဆိတ် ရှိနေကြသည်။ ထို့‌နောက် ချိန်စုယင်က မိုဝူကျီဘက် လှည့်ကာ မေးလိုက်သည်။

“ဂျူနီယာမို ... ရှင်က ပျောက်ဆုံး နယ်မြေကနေ လာတာဆိုတော့ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ အကြောင်း ကြားဖူးတယ် မလား ...”

သူက ပြန်ဖြေလိုက်သည်။

“ကျုပ်လည်း ကြားဖူးပါတယ်။ သူက အဆင် ပြေပါတယ်။ တကယ်တော့ ...”

“ရှင်လည်း သိမှာပါ ... ကျွန်မကို ဂိုဏ်းချုပ်ဖုန်းက လွှတ်လိုက်တာ ... အဲဒီသူက ဝန်မခံပေမဲ့ ကျွန်မက နောက်ထပ် လက်တွဲဖော်ရှာဖို့ စိတ်ကူး မရှိဘူး။ ကျွန်မ အားကုန် ကြိုးစားပြီး မာန်ဖီလေဟုန် သားရဲနဲ့ တိုက်တုန်းက ကျွန်မ မြင်ချင်တဲ့ တစ်ဦးတည်းသော သူက သူပဲ ...” ချိန်စုယင် အသံက အဝေး တစ်နေရာကို ရည်ညွှန်းနေဟန် ပေါ်သည်။ သူမက သူမဘာသာ ပြောနေဟန် ပေါ်သော်လည်း တစ်ချိန်တည်းတွင် မိုဝူကျီကို ရှင်းပြ နေလေသည်။

“...” မိုဝူကျီက သူမက ထိုသို့ ပြောလိမ့်မည်ဟု ထင်မထားပေ။ သူမ၏ နာကျင် ကြေကွဲနေသည့် အသံကို ကြားပြီး သူမက အတွေးထဲ၌ နစ်မြုပ်နေဟန် ရသည်။ မိုဝူကျီက မြန်မြန် ဝင်ပြောလိုက်သည်။

“သူက ဝန်မခံမှတော့ ကိစ္စမရှိတော့ပါဘူး။ ခင်ဗျားလည်း စိတ်ထဲ မထားသင့်ဘူး ...”

ချိန်စုယင်က ခေါင်းခါကာ

“ရှင် နားမလည်ပါဘူး။ ကျွန်မက သူ့လက်တွဲဖော် ဖြစ်နေတုန်းက ကျွန်မ စိတ်နှလုံးက အေးချမ်းတယ်။ ကျွန်မ သူ့ကို ဆွဲသွင်းမိခဲ့တယ်။ ကျွန်မ သေခါနီး ဆဲဆဲမှာ သူ့ကို ကျွန်မက မကောင်းတဲ့ မိန်းမ မဟုတ်တဲ့ အကြောင်း ပြောပြချင် မိတယ် ... ပြီးတော့ သူ့ကို ဝင်ပါစေဖို့ တကယ်ကို ဆန္ဒမရှိတဲ့ အကြောင်းကိုရော ...”

မိုဝူကျီက အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ရှင်းပြလိုက်သည်။

“စီနီယာချိန် ... ကျုပ်စကား နားထောင်နော် ... တကယ်တော့ ကျုပ်က နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ပါပဲ။ ပြီးတော့ ခင်ဗျားက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို ကြယ်တာရာ ဘုရင်တောင် ရှားမျိုးနွယ်စုနဲ့ ဝင်ပတ်သက် စေချင်တာလည်း ကျုပ် သိပါတယ်။  ခင်ဗျားကို လုံးဝ အပြစ် မတင်ပါဘူး။ အဲဒီအစား ခင်ဗျား ဒဏ်ရာတွေက လုံးဝ ပြန်မကောင်း သေးမှာကို စိုးရိမ်မိလို့  ... ပြီးတော့  ...”

ချိန်စုယင်က သူမ အမူအရာကို ထိန်းချုပ်လိုက်ပြီး  ဂူအပြင်ဘက်သို့ ကြည့်ကာ

“ရှင်က မိုဝူကျီလေ။ ရှင်က သူ မဟုတ်ဘူး။ ကျွန်မ တောင်းပန်ပါတယ် ဂျူနီယာမို ... ကျွန်မ ဒီဘဝမှာ လက်တွဲဖော် တစ်ယောက်ပဲ ထားမှာ ...”

မိုဝူကျီက အသိဉာဏ်ရှိစွာ မွေးဖွားလာပြီး အဖြစ်အပျက်များစွာ ကြုံတွေ့ပြီးနောက် သူ့ပေါင်းသင်း ဆက်ဆံရေးမှာလည်း မညံ့တော့ပေ။ ချိန်စုယင်က သူမဘဝတွင် လက်တွဲဖော် အနေနှင့် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ တစ်ယောက်သာ ထားရှိမည့် အကြောင်းကို နှစ်ခါတိတိ ကြေညာခဲ့၍ သူ နားလည်သွား၏။

ချိန်စုယင်က သူ့ကို အစကတည်းမှ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅မှန်း သိလောက်သည်။ သို့သော်လည်း သူမက လက်တွဲဖော် မလိုချင်သေးသည့် အပြင် သူမက သူမကို လာကယ်သည်မှာ သူမကို စိတ်ဝင်စား၍ ဖြစ်နေမည် ကိုလည်း စိုးရိမ်မိသည်။ ထို့ကြောင့် ငြင်းဖို့ရာ အကြောင်းပြချက် ရှာနေရုံသာ ဖြစ်သည်။

ကံကောင်းလှစွာ မိုဝူကျီက စိတ်ထဲ မထားပေ။ သူက ချိန်စုယင်ကို လေးစားသော်လည်း သူမကို ကယ်တင်ခြင်းက စိတ်ဝင်စား၍ မဟုတ်ချေ။ သူမက သူ့ကယ်တင်သူ ဖြစ်ခဲ့ဖူး၍သာ ဖြစ်၏။

မဟုတ်လျှင် သူက ဆူးနစ်လေဂိတ်သို့ ရောက်လာမည် မဟုတ်ပေ။ သူ  ... မိုဝူကျီက သူကိုယ်တိုင် လုပ်သမျှ အရာအားလုံး အတွက် အကြောင်းပြချက် ရှိ၏။ သူက အခြားသူများ အလိုရှိသည့် အရာ မလုပ်ချေ။

ချိန်စုယင် မည်သို့ တွေးသည် ဖြစ်စေ အရေးမပါပေ။ ထို့ကြောင့် သူက ချိန်စုယင်ကို သူက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်မှန်း သိနေလားဟုပင် မေးမကြည့်တော့ပေ။ အကောင်းဆုံးက ထိုကိစ္စကို မဆွေးနွေးခြင်း ဖြစ်သည်။

အကြောင်းမှာ သူ့စိတ်ထဲတွင် ယခု အချိန်အထိ တန်ဖိုးထားဆဲ ဖြစ်သော ယခင် ယန်အာမှ လွဲ၍ ကျန်သည့် အမျိုးသမီးများက မိုဝူကျီကို စိတ်မလှုပ်ရှား စေနိုင်ပေ။ ချိန်စုယင်ကဲ့သို့ အလှလေးပင် မဖြစ်နိုင်ချေ။

ယခင် ယန်အာလား ...

သူမကို တွေးမိလိုက်သည့် အခါ ချိန်စုယင်ကို ရုတ်တရက် ကိုယ်ချင်းစာမိ သွားသည်။ အကယ်၍ သူ ချစ်ရသော ယခင် ယန်အာလေးသာ ဤသို့သော အခြေအနေမျိုးနှင့် တွေ့လျှင် သေချာပေါက် အသက်စွန့်၍ ကယ်တင် ပေးလိမ့်မည်။ သို့သော် လက်ရှိ ယန်အာကိုရော တူညီစွာ ဆက်ဆံနိုင်ပါ့ မလား ...

ချိန်စုယင် မေ့မရနိုင်သည့် သူကား သူမ သေခါနီးတွင် သူမကို ထွေးပွေ့ ထားပေးသည့် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅သာ ဖြစ်လိမ့်မည်။

မိုဝူကျီက ခေါင်းအသာယမ်း လိုက်သည်။ သူက တခြားခေါင်းစဉ် ပြောင်းပြော ခါနီးတွင် ချိန်စုယင်က ရုတ်တရက် ပြောလိုက်သည်

“အစ်မ စုတင်းက ပြောဖူးတယ်။ သူမက ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံး ပြိုင်ပွဲမှာ ပါဝင်နိုင်တဲ့ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူကို တစ်ခါမျှ မမြင်ဖူးသေးဘူးတဲ့။ အဲဒီသူက လက်ဗလာကို သုံးပြီးတော့ ဆေးဖော်စပ်ခဲ့ပြီး ဝင်ခွင့်ရခဲ့တာ။ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲမှာ အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက်ကို တစ်ယောက်တည်း သွားရှာရဲပြီး အောင်မြင်လာတဲ့  ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူကိုလည်း  မမြင်ဖူးသေးဘူးတဲ့ ... အဲဒီ နယ်လှည့် ကျင့်ကြံသူက စကားတစ်ခွန်းမျှ မပြောပေမဲ့ သူ့မှာလည်း သူ့အခက်အခဲနဲ့သူ ရှိမှာရယ်။ ပြီး‌တော့ သေခြင်းတရားနဲ့ ခဏတိုင်း ရင်ဆိုင် တွေ့နေရမှာကို သိနေတယ် ...”

“အစ်မ စုတင်းလား ...” မိုဝူကျီက ချိန်စုယင်က သူ့ကို ပြောနေမှန်း သိသော်လည်း အစ်မစုတင်းက မည်သူမှန်း မတွေးမိတော့ချေ။ ကျန်းရှောက်ခယ် တစ်ယောက်သာ သူကြုံတွေ့ခဲ့သည့် ကိစ္စများ အားလုံးကို သိခဲ့ခြင်း ဖြစ်၏။ ထို့အပြင် ဘွားဘွား လင်းလောင်လည်း သိနေသေးသည်။

များစွာ ပြောပြပြီးနောက် ချိန်စုယင်က ယခင်ကထက် အခြေအနေ ပိုကောင်း လာလေသည်။ သူမက အားပြန်ပြည့် လာပုံပေါ်ကာ

“အစ်မစုတင်းက ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ ဂိုဏ်းချုပ် ပိုင်စုတင်းလေ။ ကျွန်မတို့တွေ ကျန်းမိုနယ်မြေကို အတူတူ ရောက်လာကြတာ။ ဒီနေရာမှာ အစ်မစုတင်းက သူမကို ဂိုဏ်းချုပ် မဟုတ်ဘဲ  စီနီယာလို့ ခေါ်ဖို့ပဲ အကြံပေးခဲ့တာ ... အစ်မစုတင်း ဒါတွေအားလုံးကို သိတာက ဘွားဘွားလင်းလောင်က သူမကို အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်း နည်းနည်း ပေးခဲ့လို့ပဲ။ အဲဒါကြောင့် သူမ စိတ်ဝိညာဉ်က ပြန်လည် ရရှိသွားတာ။ ဘွားဘွား လင်းလောင်သာ  “မင်းလမ်းကြောင်းက မင်းအပေါ်မှာပဲ မူတည်တယ်”လို့ မပြောခဲ့ရင် အစ်မစုတင်းက ရှင့်ကို ရှာပြီးလောက်နေပြီ။ သိပ်မကြာသေးခင်က ဘွားဘွားလင်းလောင် ပျောက်သွားတော့ အစ်မစုတင်းက ရှင့်ကို မရှာနိုင် တော့တာ ...”

ချိန်စုယင်က ခဏရပ်လိုက်ပြီး

“တစ်ယောက်မှ ရှင်က ရှင့် အစေခံလေးကို ကယ်ဖို့ လုပ်တယ်လို့ တွေးမှာ မဟုတ်ကြဘူး။ အစ်မစုတင်းက ရှင့်အသက်ကို ရင်းပြီးတော့ မိုးကြိုးမြူ တောထဲမှာ ယန်အာကို ထပ်ကယ်ဖို့ ကြိုးစားတာကို သိချင်မှ သိလိမ့်မယ်။

ဒီလောကကြီး ထဲမှာ ရှင့်လို ယောက်ျားမျိုး ရှိမှာ မဟုတ်ဘူး။  ရှင်က အစေခံလေး အတွက် ကိုယ့်အသက်ကို စတေးဖို့တောင် ဆန္ဒရှိသေးတယ်။ ရှင်က သစ္စာသိတဲ့ ယောက်ျားသား တစ်ယောက်ဆိုတော့ ယန်အာက တကယ်  ကံကောင်းတဲ့ အမျိုးသမီးပါ။ တစ်ရက်ကျ ယန်အာလည်း ရှင့်စတေးမှု အားလုံးကို ကျေးဇူး တင်နေလိမ့်မယ်လို့ ယုံကြည်တယ် ...”

ချိန်စုယင် အသံမှာ ခေါင်းငိုက်စိုက် လျှောက်ရင်း အားပျော့ လာလေသည်။

သူမက ဘာကြောင့် ပြောမိမှန်း မသိသော်လည်း သူမစိတ် နှလုံးထဲတွင် မိုဝူကျီက သူ့အသက် စတေး၍ ဆူးနစ်လေဂိတ်ကို ဝင်ခဲ့မှန်း သိ၏။ သူ့တွင် ကျန်ရှိနေသော အဝတ်ပိုင်းများ အပြင် တစ်ကိုယ်လုံးမှာ လေပြင်းကြောင့် ဒဏ်ရာများဖြင့် ပြည့်နေလေသည်။ သူမက မိုဝူကျီ ခံစားခဲ့သည့် အရာများက သူမနှင့် နှိုင်းယှဉ်နိုင်ကြောင်း သိ၏။ သူမ အသက် ရှင်နေသည်မှာ သူ့အသက်ကို စတေး၍ သူမကို ကယ်တင်ခဲ့၍သာ ဖြစ်မည်။

သူမ အများကြီး ပြောမိ လိုက်ခြင်းမှာ သူမကိုယ်တိုင် ထိုအရာများကို တွေးမိနေရာမှ ရပ်တန့် လိုသောကြောင့် ဖြစ်လိမ့်မည်။ သို့သော်လည်း သူမက မမေ့နိုင်သေးပေ။ တခြားနည်းဖြင့် ဆိုရလျှင် သူမလည်း မိုဝူကျီကဲ့သို့ ဖြစ်ရာ အခြားလူများ လုပ်ပေးထားသည့် အရာများကို မေ့မပစ်နိုင်ပေ။ သူမ အသက်ကို ကယ်တင် ပေးထားသည့် ကိစ္စဖြစ်၍ ပို၍ မမေ့နိုင်သေးချေ။

“စီနီယာချိန် ... အခု ဒီလို အခြေအနေ ပြန်ရောက်လာပြီ ဆိုတော့ ပြန်ကောင်း လာနိုင်ပြီမလား ... အနည်းဆုံးတော့ ပြန်ကျင့်ကြံလို့ ရပြီမလား ...” မိုဝူကျီက တခြားခေါင်းစဉ် ပြောင်းကာ မေးလိုက်တော့သည်။

ချိန်စုယင် စကားများက သူ့ကို ယန်အာအား မမေ့သင့်ကြောင်း  သတိပေးနေဟန် ပေါ်သလို သူမကိုယ်သူမ ပြန်သတိပေး နေဟန်လည်း ပေါ်၏။ မိုဝူကျီက ထပ်၍ မပြောလိုတော့ပေ။ သူက လင်းလောင်သည် အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်းကို ပိုင်စုတင်းကြောင့် အလိုရှိတာလား ဟုပင် မေးမကြည့် ချင်တော့ပေ။

ချိန်စုယင်က သူမကိုယ်မှ အဝတ်များကို တင်းတင်းစေ့ ထားရင်း သူမမျက်နှာမှ အမူအရာကား နဂိုအတိုင်း ပြန်ဖြစ် လာလေသည်။

“ရှင့်ရဲ့ အဆုံးမဲ့ဝိညာဉ် တာရှည်ခံ ပန်းကြော့င့်သာ မဟုတ်ရင် ကျွန်မ ပြန်အသိ ဝင်လာမှာ မဟုတ်ဘူး။ ဘယ်တော့မှ ပြန်ကောင်းနိုင်မှာ မဟုတ်တော့ဘူး။ အခု ကျွန်မ စိတ်ဝိညာဉ်လည်း ဖြည်းဖြည်းချင်း အားပြန်ပြည့် လာပါပြီ။ နှစ်လအတွင်း ကျွန်မ အပြည့်အဝ ပြန်ကောင်း လာလိမ့်မယ် ...” ချိန်စုယင်က သူမဘာသာ သူ့ရှေ့၌ ကျေးဇူး တရားများကို မဖော်ပြမိစေရန် ထိန်းထားရင်း ပြောလိုက်သည်။ တစ်ချိန်တည်းတွင် ယန်အာက မိုဝူကျီဆီ ပြန်ရောက် လာလိမ့်မည်ဟု သူမ ယုံကြည်ထားသည်။

မိုဝူကျီက ပြန်ပြောလိုက်သည်။

“ကျုပ်လည်း ဒီမှာ လနည်းနည်းလောက် လေ့ကျင့်ဖို့ ကြံထားတာ။ ဒါနဲ့ ဟုတ်သား ဒီလက်စွပ်က  ခင်ဗျား အတွက်ပါ ... ခဏ ပစ္စည်းတွေ ထုတ်ကြည့်လိုက်မယ် ...”

သူ ပြီးဆုံး သွားသောအခါ မိုဝူကျီက လက်စွပ်ကို ထုတ်ကာ ချိန်စုယင်ဆီ ပေးလိုက်သည်။ သူမရှေ့တွင် စိတ်စွမ်းအင် ကျောက်တုံးများ၊ ဆေးလုံးများ၊ ဝိညာဉ်ပစ္စည်းများနှင့် အဝတ်များစွာ ကျလာလေသည်။

ချိန်စုယင်က သူမရှေ့တွင် ရှိနေသော အရာများနှင့် အတူ  မိုဝူကျီ ပေးသည့် လက်စွပ်ကို တအံ့တဩ ကြည့်လိုက်မိသည်။ သူမက မိုဝူကျီသည် ဤအတိုင်း လက်စွပ်ကို ထုတ်ပေးနိုင် လိမ့်ကြောင်း မတွေးနိုင်ပေ။

သူမ အပြောကိုပင် မစောင့်ဘဲ မိုဝူကျီက ထရပ်ကာ အခန်း တစ်ဖက်သို့ သွားလိုက်သည်။ ထို့နောက် သူက စတင်၍ ကျင့်ကြံလိုက်သည်။

ချိန်စုယင်က သူမ လက်ခံရရှိ လိုက်သည့် ပစ္စည်းများကို ကြည့်ကာ မှင်တက်မိနေဆဲ ဖြစ်သည်။ ထို့နောက် သူမက တုန်သွားလေသည်။ တစ်ရက်ကျ သူမက မိုဝူကျီ သူမအတွက် လုပ်ပေးခဲ့သည့် အရာများကို ပြန်လည် မပေးဆပ်နိုင်လျှင် မည်သို့ လုပ်ရမည်နည်း။

ခဏအကြာတွင် သူမက ထိုပစ္စည်းများကြားမှ ယာဉ်ပျံကို ဖြည်းဖြည်းချင်း ဆွဲယူလိုက်သည်။

သူမ စိတ်ထဲတွင် သူမ မိုဝူကျီကို ပြောခဲ့သည့် စကားကို ကြားယောင် နေမိသည်။

“တကယ်လို့ ရှင် တစ်ရက်ကျ ဒီယာဉ်ပျံကို ပြန်ရောင်းမယ် ဆိုရင် ကျွန်မဆီ လာခဲ့ပါ ...”

ယခု သူက သူမဆီ ယာဉ်ပျံကို ပြန်ပေးပြီး သွားလေသည်။ သူက ရောင်းချခြင်း မဟုတ်ဘဲ သူမကို ပေးလိုက်ခြင်းသာ ဖြစ်၏။

သူက ဝဲကတော့ကဲ့သို့ ဝိညာဉ်စွမ်းအား လေပြင်းကို ခံစားမိ လိုက်သည်။ ချိန်စုယင်က မော့ကြည့် လိုက်သည့်အခါ မိုဝူကျီ ကျင့်ကြံနှုန်းကား သူမထက် ကျော်လွန်နေကြောင်း အံ့ဩတကြီး သိလိုက်ရသည်။

သူမက အစစ်အမှန် ရေအဆင့် ဖြစ်သော်လည်း ...

မိုဝူကျီသည်လည်း သူမကဲ့သို့ အစစ်အမှန် ရေအဆင့် ဖြစ်နေလေသည်။

ချက်ချင်းဆိုသလို သူမက မိုဝူကျီသည် ကျန်းမိုနယ်မြေကို အသက်ရှင်ရက် ရောက်လာသည့် အကြောင်းအရင်းကို နားလည် သွားလေသည်။

မိုဝူကျီ၏ ဝိညာဉ်ကြောမှာ အဆင့်နိမ့်ဟု ယူဆ ထားကြလျှင် လောက တစ်ခုလုံးတွင် သူတို့ ဝိညာဉ်ကြောများက သာလွန်နေကြောင်း ပြောရဲမည့်သူ တစ်ယောက်မျှ ရှိမည် မဟုတ်ပေ။ ချိန်စုယင် သူမ အပါအဝင် ဖြစ်၏။

ကျန်းမိုနယ်မြေ ကဲ့သို့သော ကျင့်ကြံခြင်း နယ်ပယ်တွင်ပင် သူမ ဝိညာဉ်ကြောမှာ အသာလွန်ဆုံးဟု ယူဆ၍ ရသော်လည်း သူမသာ မကြိုးစားပါက ခဏလေး အတွင်း မိုဝူကျီ နောက်ကျောကိုပင် မြင်တွေ့ နိုင်တော့မည် မဟုတ်ပေ။

***

All Chapters