တစ်ခါမှ မဖြစ်တည်ဖူးသော ဖုံးကွယ်ရေး အစီအရင်
Vol. 22 Ch. 299
မိုဝူကျီက စိတ်ဝိညာဉ် စွမ်းအားများကို ရူးရူးမူးမူး စုပ်ယူ လိုက်လေသည်။ ဤနေရာတွင် ကျင့်ကြံခြင်းက အစစ်အမှန် ရေအဆင့်သို့ တက်လှမ်းစဉ် ကျောက်တုံးကြား ကျင့်ကြံခြင်းထက် အဆထောင်ပေါင်း များစွာ ပိုကောင်းလေသည်။
သူက ကျောက်တုံးများကို လွင့်စဉ် သွားစေနိုင်သည့် လေပြင်းကိုလည်း စိုးရိမ်စရာ မလိုသလို ဤနေရာရှိ ဝိညာဉ် စွမ်းအားများက ပိုသန့်စင်ပြီး ပိုကြွယ်ဝလေသည်။ မာန်ဖီလေဟုန် သားရဲက လေ့ကျင့်ရန် နေရာကောင်း ရွေးထားကြောင်း သိသာလှသည်။
သူ့လေ့ကျင့်နှုန်းမှာ ချီသွေးကြော ၁၀၃ ခုလုံးကို ဖွင့်၍ စုပ်ယူ နေသောကြောင့် ယခင်ထက် များစွာတိုးတက် လာလေသည်။ ပြောင်းပြန် လှည့်ပတ်ခြင်း ကျင့်စဉ်သည် သူ့ခန္ဓာတွင် ချီသွေးကြော တစ်ခုသာ ပိုလာစေနိုင်သည့် မကကြောင်း သိလိုက်သည်။
ဆယ်ရက် အကြာတွင် မိုဝူကျီ၏ ခရမ်းရေကန်မှာ လျှံကျလု မတတ် ဖြစ်နေလေပြီ။ လဝက် အကြာတွင် သူက အစစ်အမှန် ရေအဆင့် ၂ သို့ အခက်အခဲမရှိ တက်လှမ်း နိုင်သွားသည်။ စိတ်ဝိညာဉ် နန်းတော်ရှိ ခရမ်းရေကန်မှာ ထပ်မံ ကျယ်ပြန့် လာလေသည်။
သဘာဝ ရေကန်က ကြီးလာလေလေ အဆင့် တက်ဖို့ရန် ခက်ခဲ လာလေလေ ဖြစ်၏။ အစစ်အမှန် ရေအဆင့်ရှိ လူများက သူတို့ မည်မျှပင် လေ့ကျင့်စေကာမူ သဘာဝရေကန် ပြည့်ဖို့ရာ နှစ်နှင့်ချီ ကြာတတ်၏။ မိုဝူကျီ လေ့ကျင့်နှုန်းမှာ ပြင်းထန်လှ၍ သူ့ခရမ်းရေကန်မှာ သုံးလအတွင်း ပြည့်သွားလေသည်။ ခရမ်းရောင် စွမ်းအားများမှာ အဆုံးမရှိ စွမ်းအားများ ပါဝင်နေ သကဲ့သို့ ရေကန်မှ ထွက်ပေါ်နေလေသည်။ လအနည်းငယ် အကြာတွင် ချိန်စုယင်၏ သဘာဝ ရေကန်မှာ မူလ အခြေအနေသို့ ပြန်လည်ရောက်ရှိ သွားလေသည်။ သူမ၏ ရေကန်မှာ ပြည့်နေပြီး အရည်အချင်းများလည်း တိုးတက် လာပေသည်။ ထို့ကြောင့် သူမက ဆက်၍ မကျင့်ကြံတော့ဘဲ မိုဝူကျီကို ကြောင်ကြည့် နေမိသည်။
သူမက မြန်ဆန် လှသည်ဟု တွေးမိ၏။ ပျောက်ဆုံး နယ်မြေမှ ကျင့်ကြံသူ အားလုံးမှာ အစပိုင်းတွင် လျှပ်စီးအလား ကျင့်ကြံနှုန်း မြန်ဆန် ကြပေသည်။
ထိုသည်က ပျောက်ဆုံး နယ်မြေမှ ကျင့်ကြံသူများက ကျန်းမိုနယ်မြေမှ လူများနှင့် နှိုင်းယှဉ်လျှင် မည်မျှ ပိုကောင်းသည့် အကြောင်း မဟုတ်ပေ။ သို့သော်လည်း ပျောက်ဆုံးနယ်မြေ ကျင့်ကြံသူများ၏ ပတ်ဝန်းကျင် အနေအထားက ဆိုးရွားခဲ့ရာ သူတို့ ကျန်းမို နယ်မြေသို့ ရောက်လာသည့် အခါ ဤနေရာ၌ သူတို့ တိုးတက်နှုန်းကား အံ့မခန်း ဖြစ်၏။ ကျင့်ကြံသည့် ဝန်းကျင် ပြောင်းလဲ သွားမှုကြောင့် သူမကို ယွမ်ဒန်အဆင့် ၃မှ အစစ်အမှန် ရေအဆင့် ၁သို့ နှစ်အနည်းငယ် အတွင်း ရောက်ခဲ့စေခြင်း ဖြစ်သည်။
ထိုစဉ် မိုဝူကျီ၏ လေ့ကျင့်နှုန်းကို ကြည့်ကာ သူမက သူနှင့် ယှဉ်လျှင် ခရုပက်ကျိသာသာ ဖြစ်ကြောင်း သိလိုက်သည်။ သူမက မသိနိုင်တော့ပေ။ မိုဝူကျီကဲ့သို့ ဝိညာဉ် စွမ်းအားများ လစ်ဟာနေသည့် လူတစ်ယောက်က မည်သို့များ ကျင့်စဉ်၍ ထူးချွန် နေရတာလဲ ...
“ဘမ်း ...” ခရမ်းရောင် စွမ်းအားများက ရေကန်မှ လျှံထွက် လာလေသည်။ မိုဝူကျီက အတားအဆီးများကို နောက်တစ်ကြိမ် ချိုးဖျက်၍ အစစ်အမှန် ရေအဆင့် ၃သို့ ရောက်ရှိသွားပြီ ဖြစ်၏။
မိုဝူကျီက ခံစားချက် တစ်မျိုးသာ ခံစားနေမိသည်။ အားကောင်းလှသည့် ခရမ်းရောင် စွမ်းအားများက သူ့ခန္ဓာထဲမှ ဆဲလ်တိုင်းစီ ထိုးဖောက် သွားလေသည်။ အကယ်၍ ဤအခိုက်အတန့်တွင် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အစောပိုင်း အဆင့်က သူ့အား စိန်ခေါ်လျှင် သူက သေချာပေါက် စိန်ခေါ်မှုကို လက်ခံ နိုင်ပေလိမ့်မည်။
“စီနီယာချိန် ပြန်ကောင်း သွားပြီလား ...” မိုဝူကျီက တအံတဩ မေးခွန်း ထုတ်လိုက်သည်။ သူ့မျက်လုံး ဖွင့်ဖွင့်ချင်း ချိန်စုယင်က သူ့အား ငေးကြည့်နေကြောင်း မြင်လိုက်ရသည်။
ချိန်စုယင်က သူမ ခြေထောက်ကို မြှောက်ကြည့်လိုက်သည်။ မိုဝူကျီ အဝတ်များက သူနှင့်ပင် အနည်းငယ် ကြီးမားနေကြောင်း သတိပြုမိ လိုက်သည်။ သူမ သွင်ပြင်မှာ ပြီးပြည့်စုံ သွားလေသည်။ သူမ မျက်ဝန်းများက ခရစ်စတယ် ကဲ့သို့ ကြည်လင်နေပြီး မိုဝူကျီက သူ့ပုံရိပ်ကိုပင် ပြန်မြင် နေရသည်။ သူမ၏ ပြီးပြည့်စုံလှသည့် သွင်ပြင်ကား အမြဲတမ်း ဆိုသလို တအံ့တဩ ဖြစ်စေသည်။
မိုဝူကျီက နှလုံးခုန် မြန်သွားလေသည်။ သူမ၏ အလှအပကို ကြည့်၍ ပထမဆုံး အကြိမ် ရင်ခုန်မိခြင်း မဟုတ်ပေ။ သူမကို ကြည့်မိသည့် အခါတိုင်း သူက အမြဲတမ်း တအံ့တဩ ဖြစ်ရလေသည်။ သူက သူမခန္ဓာကို မြင်ဖူးသွားသည့် အတွက် အစိတ်အပိုင်း အားလုံးမှာ သူမ မျက်နှာကဲ့သို့ လှပကြမှန်း သိထားလေသည်။
ရှားမူက သူမကို မလိုက်နိုင်သည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။
“ကျွန်မ ပိုကောင်းလာပါပြီ ...” ချိန်စုယင်က အခြား ဘာပြန်ပြောရမှန်း မသိ၍ ပြန်ဖြေလိုက်သည်။
မိုဝူကျီက ထွက်သွားဖို့ရာ ကြံနေခြင်း ဖြစ်သည်။ သူက ဤနေရာ၌ လအချို့ ကျင့်ကြံပြီးနောက် ဝိညာဉ်စွမ်းအား လျော့ပါးလာသည်ကို ခံစားမိသော်လည်း ဆက်လက် ကျင့်ကြံနေဆဲ ဖြစ်၏။
“စီနီယာချိန် ... ကြယ်တာရာ ဘုရင်တောင် ရှားမျိုးနွယ်စုက ကျူပ်ကို သတ်ချင်နေတာ ... ကျုပ်ဘက်ကလည်း အတူတူပဲ။ အဲဒါကြောင့် ဒီက ထွက်မသွားခင် ထပ်ပြီး ကျင့်ကြံ ချင်သေးတယ်။ ကျုပ် အင်အား ကောင်းလာမှ အသက် ရှင်နိုင်ခြေရှိမှာ ...” မိုဝူကျီက ချိန်စုယင် ချက်ချင်း ထွက်သွားမည်ကို စိုးရိမ်မိ၍ အခြေအနေ သိအောင် ရှင်းပြလိုက်သည်။
သူက ဆက်ပြောလိုက်သည်။
“စီနီယာချိန် ... ခင်ဗျားလည်း ဒီမှာ လေ့ကျင့် သင့်တယ်လို့ ထင်တယ်။ ပြီးတော့ ကျုပ်တို့ ဒီနေရာက ထွက်သွားတဲ့ အချိန်ကျ အားလုံးက ဟင်းလင်းပြင်ကြီးပဲ ... ဒီနေရာတောင် ကျုပ်တို့ ကံကောင်းလို့ ရှာတွေ့ခဲ့တာ။ မဟုတ်ရင် ကျုပ်တို့ အသက်ရှင်နိုင်ပါ့ မလားဆိုတာ ဘယ်သူ သိမှာလဲ ... ဒီတစ်ကြိမ် ကျုပ်တို့ ကံကောင်း သွားပြီးတော့ မာန်ဖီလေဟုန် သားရဲဂူကို တွေ့ခဲ့တာ ဟားဟား ...”
“အသက် ရှင်နိုင်ပါ့မလား ဆိုတာ ဘယ်သူ သိမလဲ ...” ပြောပြခြင်းက မိုဝူကျီ၏ အံ့ဩစရာ ကောင်းလောက်သည့် လိမ္မာပါးနပ်မှုသာ ဖြစ်၏။ သူ့စိတ်ထဲတွင် အကယ်၍ သူတို့သာ ဤဂူကို ရှာမတွေ့ပါက ဤနေရာတွင်လည်း ကျင့်ကြံနိုင်မည် မဟုတ်မှန်း ကောင်းကောင်း သိ၏။ သူက လေပြင်းထဲတွင် အသက်လေး အတွက် ပြေးနေ ရလိမ့်မည်။ ချိန်စုယင်သည်လည်း မြေကြီးအောက် ရောက်နေလောက် လေပြီ။
ချိန်စုယင်က သူ့စကားများကို ကြားကာ စိတ်ရှုပ်ထွေး သွားပြီး မေးလိုက်သည်။
“ဒါကို မာန်ဖီလေဟုန် သားရဲဂူလို့ ထင်နေတာလား ...”
မိုဝူကျီက ပြန်ဖြေလိုက်သည်။
“မဟုတ်ဘူးလို့ ပြောချင်တာလား ...”
သူမက ခေါင်းခါပြရင်း
“မဟုတ်ဘူး။ အပြင်ဘက်က မာန်ဖီလေဟုန် သားရဲကို မြင်ခဲ့တာက ကျွန်မ ဒီနေရာကို ရှာတွေ့လို့ပဲ။ သူက နေရာ လာလုချင်တာ။ အဲဒါကြောင့် ဂူအပြင်ဘက်မှာ တိုက်ပွဲ ဖြစ်သွားကြတာ။ ကျွန်မက မာန်ဖီလေဟုန် သားရဲအတွက် ပြိုင်ဘက် မဟုတ်တော့ တားမြစ်ပညာ တချို့ ထုတ်သုံး လိုက်ရတယ်။ အဲဒါကြောင့် ကျွန်မ အနိုင် ရလိုက်တာ။ ပြီးတော့ ဒီထဲကို မနည်း တရွတ်တိုက် ဆွဲပြီး ရောက်လာတာ ... ရှင့်ရဲ့ အဆုံးမဲ့ဝိညာဉ် တာရှည်ခံ ပန်းကြောင့်သာ မဟုတ်ရင် ကျွန်မတော့ လနည်းနည်း ကြာတာနဲ့ သေလောက်ပြီ ...”
“ခင်ဗျားက ဒီနေရာကို တွေ့တာလား ...” မိုဝူကျီက ချိန်စုယင်ကို တအံ့တဩ ကြည့်လိုက်သည်။ သူ့အရည်အချင်းဖြင့် ဆူးနစ် လေဂိတ်တွင် သူက အကောင်းဆုံး ကြိုးစားလျှင်ပင် ခဏတာသာ အသက် ရှင်နိုင်လေသည်။ အကယ်၍ သူ ကံကောင်းပါက အဝင်ဝကိုတော့ တွေ့ပေလိမ့်မည်။ သို့သော်လည်း အဝင်ဝနောက်မှ ဂူကိုတော့ သတိထားမိမည် မဟုတ်ပေ။
ချိန်စုယင်က ခေါင်းညိတ်ကာ
“ရှားမူက ကျွန်မနောက်ကို အာကာသထဲ အထိ လိုက်လာတာ။ အာကာသထဲမှာ ကျွန်မ ကျင့်ကြံဆင့်က တိုးတက်လာတယ်။ အခွင့်အရေး ရတာနဲ့ ကျွန်မက ကြယ်တာရာ တစ်လုံးမှာ ဝင်ပုန်းနေခဲ့တာ။ ကြယ်တာရာ တည်ဆောက်ပုံတွေ ကြားကနေ လက်စွပ် ကောက်ရခဲ့တယ်။ အဲဒီလက်စွပ်မှာ ကျင့်ကြံခြင်း အထောက်အပံ့တွေနဲ့ မြေပုံပါတယ်။ အဲဒီမြေပုံက ဆူးနစ်လေဂိတ်ရဲ့ မြေပုံပဲ ...”
ချိန်စုယင်က သူမလက်စွပ်မှ မြေပုံကို ထုတ်ဖို့ရာ လှုပ်ရှားလိုက်သည်။ ထို့နောက် သူမလက်မှ လက်စွပ်ကား မရှိတော့ကြောင်း သိလိုက်ရသည်။ ထို့အစား မိုဝူကျီ ပေးထားသည့် လက်စွပ်သာ ရှိလေသည်။
“အစကတော့ ကျွန်မ လာဖို့ စိတ်ကူး မရှိဘူး။ အဲဒီကြယ်ပေါ်မှာပဲ နေပြီးတော့ လေ့ကျင့်ချင်တာ ...”
မိုဝူကျီက ချက်ချင်း နားလည် သွားလေသည်။ အကယ်၍ သူ ဖြစ်နေလျှင် မြေပုံတစ်ခု အတွက် အသာလွန်ဆုံး ကိုးနယ်ပယ်ထဲမှ တစ်ခု ဖြစ်သည့် ဆူးနစ်လေဂိတ်ကို လာမည် မဟုတ်ပေ။
“အဲဒီ လက်စွပ်ထဲက အထောက်အပံ့တွေကြောင့် ကျွန်မက အစစ်အမှန် ရေအဆင့် တက်လှမ်း နိုင်သွားတယ်။ ဒါပေမဲ့ ကျွန်မ လုပ်နိုင်တဲ့ အချိန်မှာ ရှားမျိုးနွယ်စုက ကျွန်မ နေရာကို သိသွားကြတယ်။ ကျွန်မမှာ ဆက်ပြေးရုံက လွဲပြီး ရွေးချယ်စရာ မရှိဘူး။ အဲဒါကြောင့် ဆူးနစ်လေဂိတ်ကို ရောက်လာတာ ...”
ချိန်စုယင်က “ဆူးနစ်လေဂိတ်” ဟု ပြောစဉ် အသံက တည်တည်ငြိမ်ငြိမ် ရှိနေဆဲ ဖြစ်သော်လည်း မိုဝူကျီက သူမ မျက်ဝန်းမှ ကြောက်လန့်မှုများကို သတိထားမိ လိုက်သည်။
“အစစ်အမှန် ရေအဆင့် တက်လှမ်း သွားတာကြောင့်နဲ့ ကျွန်မ ခန္ဓာအကာအကွယ် ဝတ်စုံကြောင့်သာ မဟုတ်ရင် ကျွန်မတော့ သေပြီးနေတာ ကြာလောက်ပြီ ...”
မိုဝူကျီက ချိန်စုယင် အခြေအနေကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသည့် အတွက် ချိန်စုယင် ပြောစကားများကို ယုံကြည်လေသည်။
“ကျွန်မဘာသာ ကံကောင်းတယ်လို့ပဲ ယူဆပါတယ်။ ဒီကို ရောက်လာလာချင်း လေပြင်းခဏ တိုက်ခတ်ပြီးတာနဲ့ ကျွန်မက ယာယီတောင်ကြား တစ်ခုဆီ ရောက်သွားခဲ့တယ်။ တောင်ကြားမှာ မြေပုံကို မြန်မြန် မှတ်လိုက်တယ်။ လေပြင်းနဲ့ဆိုရင် မြေပုံက ပျောက်ပျက် သွားနိုင်တယ်လေ ...”
ချိန်စုယင် မျက်လုံးများက အကြောက်တရားများ ပြည့်လာပြီး
“အမှန်ပဲ ... တစ်ရက်အတွင်း လေပြင်းက တောင်ကြားကို ဝါးမျိုသွားပြီးတော့ ကျွန်မကို ခေါ်ဆောင် သွားခဲ့တယ်။ ကျွန်မသာ အစစ်အမှန် ရေအဆင့် ရောက်မနေရင် သေနေလောက်ပြီ။ ဒါပေမဲ့ အဲဒီလို ဆိုရင်တောင် ဒဏ်ရာ အပြင်းအထန် ရသွားတယ်။ ကျွန်မ လက်လျှော့ခါနီးမှာ မြေပုံမှာ အမှတ်တစ်ခု သေချာ မှတ်ထားတာ တွေ့လိုက်တယ် ...”
“ဒီနေရာလား ...” မိုဝူကျီက သိချင်စွာ မေးလိုက်သည်။
ချိန်စုယင်က ခေါင်းခါကာ
“မဟုတ်သေးဘူး။ ၅၇၆၀ မီတာ အကွာမှာရှိတာ။ မြေပုံပေါ်မှာ အမှတ်အသားကို အလံငါးခု ဝှက်ထားတဲ့ နေရာနဲ့ မှတ်ထားတယ်။ တကယ်လို့ မြေပုံအတိုင်း လိုက်သွားရင် အဲဒီ အလံငါးခုကို ရလိမ့်မယ်။ အဲဒီအခါကျ လမ်းကြောင်း ပွင့်သွားလိမ့်မယ်။ ကျွန်မက အဲဒီအလံတွေ ရပြီးတော့ လမ်းကိုလည်း တွေ့လိုက်ရတယ် ...”
မိုဝူကျီက နားလည် သွားလေသည်။ သူ ဝင်လာသည့် လမ်းကြောင်းအဝင်ဝမှာ ချိန်စုယင်က ထိုအလံများ ရထားသောကြောင့် ပွင့်လာခြင်း ဖြစ်ရမည်။
“လမ်းကြောင်းသာ ပွင့်မလာရင် ကျွန်မတော့ ဒီနေရာကို ရှာတွေ့မှာ မဟုတ်တော့ဘူး။ လမ်းကြောင်းအတိုင်း ဝင်လာလိုက်ပေမဲ့ မနီးမဝေးမှာ မာန်ဖီလေဟုန် သားရဲက ကျွန်မကို သတိထားမိ သွားတယ်။ အဲဒီ နောက်ကတော့ ရှင်သိတဲ့ အတိုင်းပဲ ...”
မိုဝူကျီက ထပ်မေးလိုက်သည်။
”စီနီယာချိန် ရခဲ့တဲ့ မြေပုံက ဒီလေ့ကျင့်ရေး ဂူကိုပြတဲ့ မြေပုံများလား ...”
ဤနေရာကား မဆိုးသော်လည်း မြေပုံဖန်တီး ရလောက်အောင် အထိတော့ မဟုတ်သေးချေ။
ချိန်စုယင်က ခေါင်းကိုခါကာ
“မဟုတ်သေးဘူး။ ဒီနေရာက ကျွန်မ ဦးတည်နေတဲ့ နေရာရဲ့ အပြင်ဘက်ပဲ။ အထဲမှာ ဖုံးကွယ်ရေး အစီအရင်တွေ ရှိတယ် ...”
ဖုံးကွယ်ရေး အစီအရင်တွေလား ...
မိုဝူကျီက ရှာဖွေကြည့် လိုက်သည်။ သို့သော်လည်း သူက အားထုတ်သမျှ အလကားသာ ဖြစ်သွား၏။ သူက အဆင့်မြင့် အစီအရင်များကို မသိသေးသော်လည်း သူက အစီအရင် တာအို၌ ရှေ့ပြန်နောက်ပြန် လေ့လာ ထားလေ၏။ သူက အဆင့်မြင့် အစီအရင်များမှ အစအနလေးတော့ ရရှိနိုင်ပေ လိမ့်မည်။
“ဒီဖုံးကွယ်ရေး အစီအရင်တွေက သူတို့ နေရာတွေမှာ အစီအရင် အလံငါးခု ထိုးစိုက်ပြီးမှ ပေါ်လာမှာ ... ဒါပေမဲ့ ကျွန်မက အလံတွေ ပျောက်ကုန်ပြီ ...” ချိန်စုယင်က အားငယ်စွာ ညည်းတွားလိုက်သည်။ သူမက ဤနေရာကို ရှာတွေ့ခဲ့သော်လည်း အလံများကို ပျောက်သွားခဲ့သေး၏။
“အလံတွေက ဘယ်နေရာ ရှိသင့်တာလဲ ဆိုတာ ပြောပြ ...” မိုဝူကျီက ပြောလိုက်သည်။ သူက အစီအရင်ကို မမြင်ရသည်မှာ ဖုံးကွယ်ရေး အစီအရင်က ပျောက်ဆုံး နေသောကြောင့် များလားဟု သံသယ ဝင်မိလာသည်။ အလံငါးခုသာ သူ့နေရာနှင့် သူ တည်ရှိသည်နှင့် အစီအရင်က ပေါ်လာလိမ့်မည်။
ချိန်စုယင်က လျှောက်လာကာ နေရာငါးခုကို ပြလိုက်သည်။
မိုဝူကျီက အစီအရင် အလံများကို ချက်ချင်း ထုတ်ယူကာ ချိန်စုယင် ပြသည့်နေရာ အတိုင်း နေရာချထား လိုက်သည်။ သို့သော်လည်း နေရာတကျ ချထားပြီးသော်လည်း အပြောင်းအလဲ မရှိသေးချေ။
သူက မျက်မှောင်ကြုတ် လိုက်မိသည်။ သူက အစီအရင် တာအိုတွင် အတော်ဆုံး မဟုတ်သေးသော်လည်း ညံ့သည်ဟု ယူဆ၍ မရပေ။ ထို့အပြင် သူက အစီအရင် အလံများကို နေရာတကျ ချထားသည်က အစီအရင် တာအိုနှင့် ပတ်သက်မှု မရှိလှပေ။
“ဖြစ်နိုင်တာ ဒြပ်ငါးမျိုးနဲ့ ဆက်စပ်မှု ရှိနေတာများလား။ ကျွန်မဆရာက ပြောဖူးတယ်။ အစီအရင်တွေက မိုးနဲ့မြေနဲ့ သက်ဆိုင်တဲ့ သဘာဝနဲ့ တည်ဆောက် ရတာတဲ့ ...” ချိန်စုယင်က တွန့်ဆုတ် တွန့်ဆုတ်ဖြင့် အကြံပြု လိုက်သည်။ သူမက မိုဝူကျီလည်း တွေဝေ သွားသည်ကို မြင်လိုက်သည်။
မိုဝူကျီက နှလုံးခုန် တစ်ချက် မြန်သွားလေသည်။ သူက မည်သို့ မတွေးမိဘဲ နေမည်နည်း။ သူက ဒြပ်ငါးမျိုးနှင့် သက်ဆိုင်သည့် အစီအရင်အလံ ငါးခုကို ထုတ်ယူကာ နေရာပြန်ချ ထားလိုက်သည်။
နေရာများ ချထားပြီးသည်နှင့် ဘက်ပေါင်းစုံမှ မိုးကြိုးခြိမ်းသံ အလား ဆူညံစွာ ထွက်ပေါ် လာလေသည်။ ကျောက်တုံးများက မြေပေါ်ကျလာသည့် အသံများ ဖြစ်ကာ ချိန်စုယင်က မြေပြင်ပေါ် ဝပ်ချလိုက်သည်။ မိုဝူကျီက အလံကို လက်လွတ်ပြီးသည့် နောက်တွင် ဖုံးကွယ်ရေး အစီအရင် ပေါ်မလာဘဲ တစ်ခုတည်းသော ထွက်လမ်းလေး ပိတ်သွား လေချေပြီ။
***