← Chapters

လေလွတ်မြောက်ရေး ပညာရပ်ကို လေ့လာခြင်း

Vol. 22 Ch. 301

လေလွတ်မြောက်ရေး ပညာရပ်ကို လေ့လာခြင်း

Vol. 22 Ch. 301

ချိန်စုယင်က မုန်တိုင်း နည်းစနစ်နှင့် လွတ်မြောက်ရေး ပညာရပ် အမွေအနှစ်များကို လက်ခံဖို့ လိုအပ်နေစဉ် မိုဝူကျီက လွတ်မြောက်လေ မြက်ပင်မှ ဉာဏ်အလင်း ပွင့်ရန် ကြိုးစားပြီး သူ့ကိုယ်ပိုင် လေလွတ်မြောက်ရေး ပညာရပ်ကို ဖန်တီးယူရမည် ဖြစ်သည်။ ထို့ကြောင့် မိုဝူကျီက ကျောက်အခန်းကို နှစ်ပိုင်းခွဲ၍ တစ်ယောက်နှင့် မနှောင့်ယှက်မိ စေရန် တစ်ဝက်စီ နေနေ ကြလေသည်။

မိုဝူကျီက လွတ်မြောက်လေ မြက်ပင် ပါသည့် ကျောက်စိမ်း သေတ္တာကို ဂရုတစိုက် ထုတ်ယူလိုက်ပြီး ထိုမြက်ပင်လေးကို ထုတ်လိုက်သည်။ အဆင့်၇ သားရဲများ တိုက်ခိုက်နေသည့် ပစ္စည်းမှာ သေချာပေါက် မရိုးရှင်းမှန်း မှန်းဆမိသော်လည်း လေသဘာဝ ရတနာ ဖြစ်ကြောင်းတော့ သေချာ၏။ ယခု သူက လွတ်မြောက်လေ အသုံးဝင်ပုံကို သိသွားသည့် အတွက် မှန်းဆထားသည့် အတိုင်း ထိုအရာမှာ အစစ်အမှန် လေသဘာဝ ရတနာ ဖြစ်နေလေ၏။

လွတ်မြောက်လေ မြက်ပင်ကို အထဲတွင် အချိန်အကြာကြီး ထားခဲ့သော်လည်း တစ်စက်လေးမျှ ပြောင်းလဲ မသွားပေ။ မီးခိုးရောင် ဖြူဖျော့ဖျော့ ဖြစ်ကာ မျက်နှာပြင်တွင်လည်း အက္ခရာများ ရှိနေဆဲ ဖြစ်သည်။ ချိန်စုယင်က လွတ်မြောက်လေမှ မည်သို့ ဉာဏ်အလင်း ပွင့်သွားသည့် သတင်း အချက်အလက်များကို မသိရသည်မှာ ကံဆိုး လှပေသည်။ ထို့ကြောင့် သူက သူ့ကိုယ်သူသာ အားကိုး ရပေလိမ့်မည်။

မိုဝူကျီ၏ စိတ်စွမ်းအားက မြက်ပင်လေးပေါ် ကျရောက် သွားသည့်အခါ ဘာမှ ပြောင်းလဲမှု မရှိချေ။ ဤတစ်ကြိမ်တွင် မိုဝူကျီက လက်မလျှော့သေးဘဲ သူ့စိတ်စွမ်းအားကို မြက်ပင်လေးဆီ လှည့်ပတ်လိုက်သည်။

နာရီများစွာ ကြာသည့်နောက်တွင် ထိုမြက်ပင်လေးက တုံ့ပြန်မှု အသေးစားလေး ပြလာလေသည်။ မိုဝူကျီက ပြောင်းပြန် လှည့်ပတ်ခြင်းကို စတင်၍ ကျင့်ကြံ လိုက်လေသည်။ သူ ကျင့်ကြံ လိုက်သည်နှင့် မြက်ပင်လေးမှ စွမ်းအားများကို သူ့ချီသွေးကြောထဲ စုပ်ယူလိုက်ကာ ဤနည်းလမ်းက လေတာအိုကို ခံစားမိစေ မလားဟု စမ်းသပ်ကြည့်ခြင်း ဖြစ်၏။ သို့သော် တစ်ရက်တာ ကုန်ဆုံး သွားသော်လည်း မြက်ပင်လေးတွင် အပြောင်းအလဲ မရှိသေးချေ။

အစပိုင်းတွင် မိုဝူကျီက လေတာအိုကို နားလည်ဖို့ရာ သူ့ကျင့်ကြံရာ၌ လေစွမ်းအားကို စုပ်ယူမိခြင်း ဖြစ်သော်လည်း သုံးရက် အကြာတွင် မိုဝူကျီက လွတ်မြောက်လေ မြက်ပင်လေးမှ ဉာဏ်အလင်း ပွင့်ဖို့ရာ ဂရုမစိုက်တော့ပေ။ သို့သော် သူ့ကိုယ်ပိုင် ကျင့်စဉ်ထဲသာ လုံးဝနှစ်မြှုပ် သွားလေသည်။

မိုဝူကျီက လွတ်မြောက်လေ မြက်ပင်လေးပေါ်တွင် အာရုံမရှိတော့သည့် အခါ ထိုမြက်ပင်လေးက စတင်၍ ကွယ်ပျောက် လာလေသည်။ သုံးရက်အတွင်း မိုဝူကျီလက်ထဲ ရှိသော မြက်လေးမှာ လုံးဝ ပျောက်ကွယ် သွားတော့သည်။

ထိုစဉ် မိုဝူကျီက မျက်လုံးဖွင့်ကြည့် လိုက်သည့်အခါ မြက်ပင်လေး ပျောက်ဆုံး သွားသည်ကို မြင်လိုက်ရ၍ ကြောင်အမိ သွားသည်။ သူက လွတ်မြောက်လေကို ပြန်ပြောင်း မတွေးရသေးခင်  မြက်ပင်လေးက ...

မဟုတ်သေးချေ ... မိုဝူကျီက လေထဲတွင် လေနှင့် တစ်သားတည်း ဖြစ်သွား သကဲ့သို့  ဉာဏ်အလင်း ပွင့်လာသလို ခံစားမိ လိုက်သည်။

မိုဝူကျီက မတ်တတ် ရပ်လိုက်သည်။ သူက ရပ်လိုက်သည့် အခါ လေထုအတွင်း လှိုင်းတွန့်လေးများ ဖြစ်ပေါ် သွားလေသည်။ သူက ထိုလှိုင်းလေးများ အကြားမှ လေလှိုင်းလေး တစ်ခုကို ဆွဲယူဖမ်း လိုက်သည်။ သူ့ခန္ဓာမှာ အနည်းငယ် မူးဝေ သွားပြီးနောက် အခန်းထောင့် တစ်ဖက်တွင် ပြန်ပေါ် လာလေသည်။ အတားအဆီး မရှိသလို ဆူညံသံလည်း မရှိခဲ့ပေ။

ထိုသည်က လေလွတ်မြောက်ရေး ပညာရပ်များလား ...  

မိုဝူကျီက နောက်ဆုံးတွင် နားလည် သွားလေသည်။ စီနီယာ မုန်တိုင်းက လွတ်မြောက်လေ မြက်ပင်မှ ဖြစ်ပေါ်လာသည့် လေလွတ်မြောက်ရေး ပညာရပ်သည် အားအကောင်းဆုံးဟု ညွှန်းဆိုခဲ့ခြင်း အပေါ် သဘောပေါက် သွားသည်။ သူ့လေ လွတ်မြောက်ရေး ပညာရပ်မှာ ခြေရာလက်ရာ မကျန်ရှိသလို သူ့ခန္ဓာကိုယ် လှုပ်ရှားမှုမှ သိမ်မွေ့လှသည့် လေများကို ထုတ်လွှင့် နိုင်လေပြီ။

ညင်သာလှသည့် လေပြေ အလား ဖြစ်ကာ ခြေရာလက်ရာ မကျန်ရှိချေ။ ထိုသည်က အစစ်အမှန် လေလွတ်မြောက်ရေး ပညာရပ် ဖြစ်၏။ သူ ဉာဏ်အလင်း ပွင့်စဉ်နှင့် တူညီလှစွာ တစ်စက်လေးမျှ အရိပ်အယောင် မကျန်ရှိပေ။

မဟုတ်သေးဘူး ... လွတ်မြောက်လေမှ လေလွတ်မြောက်ရေး ပညာရပ်အပေါ် သူ့နားလည် နိုင်စွမ်းက အခြားသူများနှင့် ကွာခြားလှသည်။ အကြောင်းမှာ လေလွတ်မြောက်ရေး ပညာရပ်တွင် ထိုသို့သော ဆွဲဆောင်မှု ရှိလေသည်။ မြက်ပင်တိုင်းတွင် ခြားနားကာ  အထူးသဖြင့် လွတ်မြောက်လေ မြက်ပင် ဖြစ်သည်။ လောကထဲ၌ ဆင်တူသော မြက်ပင် ထပ်မရှိနိုင်တော့ပေ။ ထို့ကြောင့် သူ့ကဲ့သို့ လုံးဝ ဆင်တူနေသည့် လေလွတ်မြောက်ရေး ပညာရပ်က ရှိလာမည် မဟုတ်ပေ။

မိုဝူကျီက ထိုင်ချလိုက်သည့် အခါမှ သူ့ခန္ဓာကိုယ်က သိမ်မွေ့ နူးညံ့ခြင်းများ ပျောက်ကွယ်သွားပြီး ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ဖြစ်တည် လာလေသည်။ အားကောင်းဖို့ရာက အဆင့် တစ်ခုတည်းဖြင့် မပြီးဆုံးချေ။ အချိန်တိုင်း သူက သူ့ထက် အားကောင်းသည့် ကျင့်ကြံသူများနှင့် တွေ့ဆုံနိုင်ပေသည်။ သို့သော် ယခုတွင် ဤလေ လွတ်မြောက်ရေး ပညာရပ်ဖြင့် ရလဒ်ကား ခြားနား သွားလေပြီ။

မိုဝူကျီက သူ့ကိုယ်သူ တည်ငြိမ်အောင် ထားလိုက်ပြီး သူ့လွတ်မြောက်ရေး ပညာရပ်ကို ပြန်လည် သုံးသပ်မိ နေသည်။ လေလွတ်မြောက်ရေး ပညာရပ်က အဆင့် အမျိုးမျိုး ရှိကြောင်း စိတ်ထဲ ပေါ်လာပြီး အရာအားလုံး က ရှင်းလင်း လာလေသည်။

နောက်တစ်ရက် ကုန်ဆုံး သွားပြီးသည့် နောက်တွင် မိုဝူကျီက သူ့လေ လွတ်မြောက်ရေး ပညာရပ်ကို လုံးဝ နားလည် သွားလေသည်။ လေလွတ်မြောက်ရေး ပညာရပ်မှာ ကိုယ်တိုင် ဖန်တီးထားသည့် ကျင့်စဉ် ဖြစ်ပြီး သူက ယခု ပထမအဆင့် ရောက်နေလေ၏။ သူသာ အဆင့်ကိုးဆင့်ကို ချိုးဖျက်နိုင်ပါက လေလွတ်မြောက်ရေး ပညာရပ်၌ အရည်အသွေးပိုင်း ဆိုင်ရာ ပြောင်းလဲ သွားပေလိမ့်မည်။ ထိုသို့ ပြောင်းလဲချိန် တန်လာပါက ထိုအရာက လျှို့ဝှက်ပညာရပ် တစ်ခု ဖြစ်လာ နိုင်သေးသည် မဟုတ်ပါလော ...

လေလွတ်မြောက်ရေး ပညာရပ်ကို ကျင့်ကြံခြင်းက ဆူးနစ်လေဂိတ်ထက် မည်သည့် နေရာက ပိုကောင်းမည်နည်း။

မိုဝူကျီက စိတ်စွမ်းအားကို အပြင်ဘက် ထုတ်လွှင့် လိုက်သည့်အခါ ချိန်စုယင်ကို  လေပွေတစ်ခုက ရစ်ပတ်ထားကြောင်း   မြင်လိုက်ရ၍ ချိန်စုယင်၏ သေရေးတမျှ အခြေအနေ ဖြစ်ကြောင်း သိလိုက်သည်။

မိုဝူကျီက ဆက်တိုက် ကျင့်ကြံ လိုက်လေသည်။ ချိန်စုယင်က အမွေအနှစ်ကို အပြည့်အဝ အောင်မြင်သည့် အခါ သူတို့အတူတူ လေလွတ်မြောက်ရေး နည်းစနစ်ကို လေ့ကျင့်ရန် ထွက်သွား နိုင်လိမ့်မည်။

ထိုစဉ် ချိန်စုယင်က မုန်တိုင်း နည်းစနစ်ကို ကျင့်ကြံနေရုံ သာမက သူမ၏ ကိုယ်ပိုင်ရေခဲ ကျင့်စဉ်ကိုလည်း လက်မလျှော့ပေ။ ပျောက်ဆုံးနယ်မြေ တစ်ခုလုံးတွင် သူမက ကျင့်စဉ်နှစ်မျိုးနှင့် တစ်ဦးတည်းသော ကျင့်ကြံသူ ဖြစ်လိမ့်မည်။

သို့သော် သူမ၏ မုန်တိုင်း နည်းစနစ်ကား သေးနုပ်သည့် ကျင့်စဉ် မဟုတ်ပေ။ ထို့အပြင် သူမက အစစ်အမှန် ရေအဆင့် ၁ တွင် ရှိနေသည့်အ တွက် မုန်တိုင်း နည်းစနစ်နှင့် လေ့ကျင့်သည့် အခါ သူမ၏ ဝိညာဉ်စွမ်းအား စုပ်ယူနှုန်းမှာလည်း မိုဝူကျီထက် အားမလျော့ပေ။

လဝက်အတွင်း သူမ မုန်တိုင်း နည်းစနစ်မှာ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်မှ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်း သွားလေသည်။ သုံးလ အကြာတွင် သူမက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်မှ လူသား အဆင့်လွန်သို့ ရောက်ရှိ သွားလေသည်။ ခြောက်လအတွင်း ချိန်စုယင်က ယွမ်ဒန်အဆင့်သို့ တက်သွားသည်။ နောက်ဆုံး၌ ဆယ်လအကြာတွင် ချိန်စုယင်၏ မုန်တိုင်း နည်းစနစ်မှာ ယွမ်ဒန်အဆင့်မှ အစစ်အမှန်ရေအဆင့် ၁ သို့ ရောက်ရှိလာလေပြီ။ သူမ ခန္ဓာအတွင်း သဘာဝရေကန် နှစ်ခု ဖြစ်ပေါ်နေကာ တစ်ခုက လေသဘာဝ ရေကန် ဖြစ်ပြီး နောက်တစ်ခုမှာ ရေခဲ သဘာဝရေကန် ဖြစ်လေ၏။

ထိုစဉ် ချိန်စုယင်က သူမ စွမ်းအား တိုးပွားလာကြောင်း ခံစားမိ လိုက်သည်။ သူမက အစစ်အမှန် ရေအဆင့် ၁တွင်ရှိနေဆဲ ဖြစ်သော်လည်း ဆယ်လ အကြာက သူမ၏ အစစ်အမှန် ရေအဆင့်နှင့် လုံးလုံး ကွာခြား လှပေသည်။ လေနှင့်ရေခဲ  နှစ်မျိုး ကျင့်ကြံခြင်းက သူမ ကျင့်ကြံနှုန်းမှာ အဟန့်အတား လုံးဝမရှိဘဲ သူမ ရေခဲသဘာဝ ကျင့်စဉ်မှာ အဆင့်တက် သွားသေးသည်။

သူမက အချိန်တိုအတွင်း အစစ်အမှန် ရေအဆင့် ၂သို့ တက်လှမ်း နိုင်လိမ့်မည်ဟု သေချာသည်။ သူမ ရောက်ရှိ ပြီးသည်နှင့် လေလွတ်မြောက်ရေး ပညာရေး အမွေအနှစ်ကို လက်ခံခြင်း စတင်ရလိမ့်မည်။

***

ချိန်စုယင်ကဲ့သို့ မိုဝူကျီ၏ ဝိညာဉ်စွမ်းအား စုပ်ယူနှုန်းမှာ ကြောက်ခမန်း လိလိ ဖြစ်နေဆဲ ဖြစ်သည်။

မိုဝူကျီ၏ ဝိညာဉ်စွမ်းအား စုပ်ယူနှုန်းမှာ ကြောက်ခမန်း လိလိ မြန်ဆန်သော်လည်း သူက အစစ်အမှန် ရေအဆင့် ဝင်ပြီးသည်မှ စ၍ အဆင့် တက်ဖို့က ခက်ခဲ လာပေသည်။

သူက အစစ်အမှန် ရေအဆင့် ၃မှ အဆင့်၄ တက်လှမ်းဖို့ရာ အချိန် ကိုးလသာ လိုခဲ့လေသည်။ သူက အစစ်အမှန် ရေအဆင့်၄ ဖြစ်သည်မှာ သုံးလ ရှိသွားသော်လည်း အဆင့်၅ တက်လှမ်းဖို့က အလှမ်းကွာ နေသေး၏။

ထိုစဉ် မိုဝူကျီက ကျင့်ကြံခြင်းကို ရပ်တန့် လိုက်တော့သည်။ သူက ဝိညာဉ်စွမ်းအား အတက်အကျကို ခံစားမိ၍ စိတ်စွမ်းအား ထုတ်လွှင့် လိုက်သည့်အခါ ချိန်စုယင် သည်လည်း သူမ ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

မိုဝူကျီက အဝတ်အစား လဲကာ သူ့နေရာမှ ထွက်လာလိုက်သည်။

ကိစ္စများက ယခု ခြားနား သွားလေပြီ။ ယခင်က သူသည် လေလွတ်မြောက်ရေး ပညာရပ်ကို မသိသေးပြီး သူက အဝတ်များစွာ ဝတ်ဆင် ထားလျက်ပင် ဆူးနစ်လေဂိတ်မှ လေပြင်းများကြောင့် တစစီ ဆုတ်ဖြဲခံလိုက် ရသေးသည်။ သို့သော် ယခု သူ့လေ လွတ်မြောက်ရေး ပညာရပ်ဖြင့် သူသာ ဂရုစိုက်လျှင် ထိုဆူးနစ်လေဂိတ်၏ လေပြင်းများမှ သက်ရောက်မှု သိပ်မရှိလောက်တော့ပေ။

“ဂျူနီယာ မောင်လေးမို ...” မိုဝူကျီ ပေါ်လာသည်ကို ကြည့်ကာ ချိန်စုယင် မျက်ဝန်းတွင် ပျော်ရွှင်မှု အရိပ်အယောင်များ ဖြတ်ပြေး သွားလေသည်။

“စီနီယာ အစ်မချိန် ... မုန်တိုင်း နည်းစနစ် အောင်မြင်သွားတဲ့ အတွက် ဂုဏ်ပြုပါတယ် ...” မိုဝူကျီက ချိန်စုယင်သည် လေလွတ်မြောက်ရေး ပညာရပ်ကို လက်ခံကြောင်း၊ လက်မခံကြောင်းကို မသိသေးသော်လည်း ချိန်စုယင်သည် မုန်တိုင်း နည်းစနစ်တွင် အောင်မြင် သွားကြောင်းတော့ သေချာပေါက် ပြောနိုင်လေသည်။ ထိုမျှတင်မက ချိန်စုယင် စွမ်းအားမှာ သိသိသာသာ အဆတိုး လာလေ၏။ သူမက သူမအရှိန်အဝါကို ထိန်းထားရန် ကြိုးစား နေသော်လည်း မိုဝူကျီက သူမ စွမ်းအားကို ကောင်းကောင်း ခံစားမိလေသည်။

ချိန်စုယင်က အပျော်ကို မဖုံးမဖိနိုင်ဘဲ

“အမ်း ... ကျွန်မ မုန်တိုင်း နည်းစနစ်ကို အောင်အောင်မြင်မြင် လေ့ကျင့်နိုင် သွားပြီ။ ပြီးတော့ ကျွန်မ လေလွတ်မြောက်ရေး ပညာရပ်ကို သင်ယူပြီး သွားပြီ  ... ဂျူနီယာ မောင်လေးမို  ... ရှင်ရော ဘာ ...”

မိုဝူကျီလည်း ပျော်ရွှင် နေလေသည်။

“ကျုပ်လည်း ကျုပ်ကိုယ်ပိုင် လေလွတ်မြောက်ရေး ပညာရပ်ကို ဉာဏ်အလင်း ပွင့်သွားခဲ့တယ်။ အဲဒါကြောင့် အခု အပြင်ဘက်မှာ ကျုပ် ကျင့်စဉ်ကို အသေအချာ စမ်းသပ်ကြည့်မလို့  ... အတူတူ သွားစမ်းကြည့် ရအောင်လေ ...”

“အင်း  ... လေလွတ်မြောက်ရေး ပညာရပ်ကို နားလည်ဖို့က အချိန် လိုအပ်တယ်။ ပြီးတော့ တည်နေရာကို ထိန်းချုပ်ဖို့က ခက်ခဲသေးတယ်။ ကျွန်မတို့တွေ ဒီနေရာမှာပဲ ပြန်ဆုံကြမယ် မလား ...” ချိန်စုယင်က လေလွတ်မြောက်ရေး ပညာရပ် အမွေအနှစ်ကို လက်ခံလိုက်ပြီး နောက်တွင် သူမနှင့် မိုဝူကျီသည် ဤဆူးနစ်လေဂိတ် ကဲ့သို့ နေရာမျိုးတွင် အခက်အခဲ ကြုံတွေ့တော့မည် မဟုတ်ကြောင်း သိနေသည်။

မိုဝူကျီက ခေါင်းညိတ်ပြကာ

“ကံဆိုးတာက ကျုပ်တို့ အကြောင်းကြားဖို့ နည်းလမ်း မရှိတာပဲ။ ကျုပ်ဆီမှာ သတင်းပို့ ဓားပျံလည်း မရှိဘူး ...”

“သတင်းပို့ ဓားပျံက ဆူးနစ်လေဂိတ်မှာ အသုံးမဝင်ဘူး။ လေပြင်းနဲ့ တစ်ခါတည်း ပါသွားလိမ့်မယ်။ ကျန်းမိုနယ်မြေ မှာတော့ ဆက်သွယ်ရေး ပုတီးစေ့ သုံးကြတယ်တဲ့။ ဒါပေမဲ့ အဲဒီ ပစ္စည်းတွေက အရမ်းရှားတယ်။ အာကာသ တာအိုကို နားလည်နိုင်စွမ်း ရှိတဲ့ လောက အင်မော်တယ် ပန်းပဲဆရာတွေ လောက်ပဲ ပြုလုပ်နိုင်ကြတာ ...” ချိန်စုယင်က သက်ပြင်းချ လိုက်သည်။

ဆက်သွယ်ရေး ပုတီးစေ့မှာ အမှန်ပင် ရရှိဖို့ရာ ခက်ခဲ လှပေသည်။ လောက အင်မော်တယ် ဖြစ်နေလျှင်ပင် သူက ပန်းပဲ ပညာရပ်ကို မသိပါက အသုံးမဝင်သေးချေ။ ထိပ်တန်း ပန်းပဲပညာရှင်နှင့် လောက အင်မော်တယ် အဆင့် တစ်ချိန်တည်း ဖြစ်နေသည့် ကျင့်ကြံသူများက အလွန် ရှားပါးလှပေသည်။

မိုဝူကျီက နောင်တရမိ လာသည်။ သူက ငါးဖမ်း မြေခွေးအိုကြီးဆီမှ ဆက်သွယ်ရေး ပုတီးစေ့တချို့ တောင်းခဲ့ သင့်ပေသည်။ ထိုမြေခွေးအိုကြီးက အားကောင်း လွန်းသည့်အတွက် သူ့တွင် ဆက်သွယ်ရေး ပုတီးစေ့မ ရှိကြောင်း ပြောလာလျှင် မိုဝူကျီက ယုံကြည်နိုင်မည် မဟုတ်ပေ။

***

ထွက်ပေါက်မှာ ပိတ်ထားသော်လည်း မိုဝူကျီနှင့် ချိန်စုယင်ကဲ့သို့ အစစ်အမှန် ရေအဆင့် ကျင့်ကြံသူ နှစ်ယောက်အတွက် လမ်းသစ်တစ်ခု ထပ်ဖောက်ဖို့ရာက မခက်ခဲလှပေ။

နှစ်နာရီ အကြာတွင် နှစ်ယောက်သား ဂူထဲမှ ထွက်လာ ကြလေသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ လေပြင်းများက ပျောက်ကွယ်သွားပြီ ဖြစ်၏။

“စီနီယာ အစ်မချိန်  ... ဒီနေရာမှာ  လမ်းခွဲ ကြတာပေါ့။ ကျုပ်တို့တွေ လေလွတ်မြောက်ရေး ပညာရပ်ကို ကိုယ်စီ လေ့ကျင့်ပြီး သွားရင် ဒီနေရာမှာ ပြန်တွေ့ကြမယ် ...” သူတို့ အပြင်ရောက်သည့် အခိုက်အတန့်တွင် မိုဝူကျီက ပြောလိုက်သည်။

ချိန်စုယင်က အသိမှတ်ပြုကာ လေပြင်းနှင့်အတူ နှစ်ယောက် ဝေးကွာ သွားကြသည်။

မိုဝူကျီပင် ဖြစ်ဖြစ်၊ ချိန်စုယင်ပင် ဖြစ်ဖြစ် မည်သူကမျှ ရုတ်တရက် တိုက်ခတ်လာသည့် လေပြင်းကို ခုခံဖို့ရာ မကြိုးစားကြတော့ပေ။

ကိစ္စများက ယခု ခြားနား နေလေပြီ။ သူ့ကို လေပြင်းက ရစ်ပတ် ထားသော်လည်း မိုဝူကျီက လေထု တစ်ခုလုံးကို ခံစားမိနေသည်။ ခြေရာလက်ရာ မရှိသည့် လေပြင်း သာတင်မက သူက ထိုလေအတွင်းမှ ကျောက်တုံများနှင့် အုတ်ကျိုးအုတ်ပဲ့ များကိုလည်း ရှင်းရှင်းလင်းလင်း ခံစားနိုင် နေသည်။

ထိုသို့ ဆိုလျှင်ပင် သူ့စွမ်းအားက မလုံလောက်သေးချေ။ သူ့လေ လွတ်မြောက်ရေး ပညာရပ်မှာ အဆင့်နိမ့် နေသေးသည့်အတွက် ထို လေကျာပွတ်၏ ရိုက်ချက်များ ကိုတော့ မရှောင်ရှား နိုင်သေးပေ။ သို့သော် အချိန်တစ်ခု ယူပြီးနောက် ထိုလေ ကျာပွတ်များကို အလွယ်တကူ ရှောင်ရှား နိုင်သွားသည်။

ဆူးနစ်လေဂိတ်၏ ကြောက်စရာ အကောင်းဆုံးမှာ ထိုတားမရ ဆီးမရ လေပြင်းများ မဟုတ်ဘဲ လေပြင်းအတွင်းမှ ကျောက်တုံးများနှင့် လေကျာပွတ်များသာ ဖြစ်သည်။ အကယ်၍ သူသာ ထိုအရာများကို ရှောင်ရှားနိုင်ပြီး  မာန်ဖီလေဟုန် သားရဲနှင့် အခြားသော လေသဘာဝ သားရဲများနှင့် မတွေ့ပါက သူ့အတွက် အန္တရာယ် မရှိချေ။

အစပိုင်းတွင် မိုဝူကျီက ထိုလေကျာပွတ် တည်ရှိမှုကို ခံစားနေရ သော်လည်း အပြည့်အဝ မရှောင်နိုင်သေးချေ။ သူက ကျောက်တုံးများကြောင့် နံရိုးအချို့ပင် ကျိုးသွားသေး၏။

သို့သော် အချိန်ကြာလာ သည်နှင့်အမျှ မိုဝူကျီက ဆူးနစ်လေဂိတ်တွင် သက်သောင့်သက်သာ ဖြစ်လာလေသည်။ တစ်ခါတစ်ရံတွင် သူက အရိပ်အယောင် မပြဘဲ လေနှင့် တစ်သားတည်း ဖြစ်သွား သကဲ့သို့  ထိုလေပြင်းများ အကြားမှ လေအလား ခံစားမိ နေသေးသည်။

သုံးလ အကြာတွင် မိုဝူကျီ၏ လေလွတ်မြောက်ရေး ပညာရပ်မှာ အဆင့်၄သို့ ရောက်ရှိ သွားလေသည်။ ခြောက်လအတွင်း မိုဝူကျီ၏ လေလွတ်မြောက်ရေး ပညာရပ်မှာ အဆင့်၆ အထိ တက်သွား၏။ မိုဝူကျီက ဆူးနစ်လေဂိတ်မှ ခြိမ်းခြောက်မှုများကို တစ်ခုလေးမျှ မခံစားရတော့ပြီး သူ့ကို တိုးတက် လာအောင်လည်း မကူညီ နိုင်တော့ချေ။ ထိုသို့ဖြင့် မိုဝူကျီက သူ့လေ လွတ်မြောက်ရေး ပညာရပ်ကို လေ့ကျင့်ခြင်းမှ ရပ်တန့် လိုက်တော့သည်။

မိုဝူကျီက ချိန်စုယင်နှင့် တွေ့ဆုံရန် ပြန်သွားရန် ပြင်ဆင်နေသည့် အချိန် လေပြင်းများကြားမှ တိုက်ပွဲကို ခံစားမိ လိုက်သည်။ တိုက်ပွဲတစ်ခုမှ လေလှုပ်ရှားမှုများက လေပြင်းများနှင့် ကွဲပြားလှသည်။ သဘာဝ စွမ်းအားများ ပေါက်ကွဲမှုကို ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။

***

All Chapters