အားလုံး ထွက်သွားစမ်း
Vol. 22 Ch. 302
သူတို့အထဲမှ တစ်ယောက်မှာ ချိန်စုယင် ဖြစ်ရမည်။ သူက ချိန်စုယင်ဘေးတွင် တစ်နှစ်နီးပါး ကျင့်ကြံလာသည့် အတွက် ချိန်စုယင် ကျင့်စဉ်မှ ဝိညာဉ်စွမ်းအား လှိုင်းများကို အလွယ်တကူ မှတ်မိနေလေပြီ။ ချိန်စုယင်တွင် လေလွတ်မြောက်ရေး ပညာရပ် အမွေအနှစ် ရှိပြီး ရေခဲနှင့်လေ သဘာဝနှစ်မျိုး ကျင့်ကြံသူ ဖြစ်သည့်အတွက် သာမန်အစစ်အမှန် ရေအဆင့် ကျင့်ကြံ သူများထက် သာပေသည်။ မိုဝူကျီက ချိန်စုယင်သည် အစစ်အမှန် ရေအဆင့်၂တွင် ရှိနေကြောင်း ခန့်မှန်းမိသော်လည်း သူမ စွမ်းအား အစစ်အမှန်မှာ အဆင့်၄ သို့မဟုတ် အဆင့်၅ နှင့်ပင် ယှဉ်နိုင်ပေလိမ့်မည်။ ဆူးနစ်လေဂိတ် အတွင်း မိုဝူကျီက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူပင် သူမကို အနိုင်ယူနိုင်မည် မဟုတ်ကြောင်း မှန်းဆမိသည်။
သို့သော်လည်း မိုဝူကျီက ချိန်စုယင်ဘက်မှ အရေး မသာကြောင်း ခံစားမိ လိုက်သည်။
မိုဝူကျီ၏ ပုံရိပ်က လေပြင်း အတွင်း၌ လေဟုန်စီးကာ မျက်စိတစ်မှိတ် အတွင်း ပျောက်သွားလေသည်။
မိနစ် အကြာတွင် မိုဝူကျီက နှစ်ယောက်သား တိုက်ပွဲကို မြင်လိုက် ရလေသည်။ ချိန်စုယင် ဆံပင်များက ရှုပ်ပွနေပြီး ခန္ဓာတွင်လည်း သွေးများ စိုရွဲနေကာ အဝတ်များမှာ အဝတ်စုတ် သဖွယ် ဖြစ်နေကာ သူမခန္ဓာကို လုံအောင် ဖုံးမထားနိုင်တော့ချေ။
ချိန်စုယင်က မျက်နှာဖြူ အမျိုးသားနှင့် ရင်ဆိုင် နေရလေသည်။ လေပြင်းအတွင်း ထိုအမျိုးသားမှာ မည်သို့သော ရတနာမျိုးမှ သုံးမထားပေ။ အကြည့်နှင့်တင် ထိုလူမှာ လေသဘာဝ ဝိညာဉ်ကြော ပိုင်ရှင် မဟုတ်မှန်း သိသာသော်လည်း သူ့တွင် လေလွတ်မြောက်ရေး ပညာရပ်ဖြင့် တူညီသည့် ပညာရပ် တချို့ ရှိနေသည်။
မိုဝူကျီ ခန့်မှန်းချက်အရ ထိုလူမှာ အနည်းဆုံး ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် သို့မဟုတ် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့်တွင် ရှိရမည်။
မိုဝူကျီက ယခု အစစ်အမှန် ရေအဆင့် ၄တွင် ရောက်နေလေပြီ။ အကယ်၍ သူက အပြင်ဘက်တွင် ရှိနေပါက သူက အစစ်အမှန် ရေအဆင့် ကျင့်ကြံသူ တစ်ယောက်ကိုမှ ကြောက်စရာ မလိုပေ။ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ဖြစ်နေလျှင်ပင် သူက အနိုင်မရ နိုင်သော်လည်း အလွယ်တကူ ထွက်ပြေးနိုင်သေး၏။
ယခု ဆူးနစ် လေဂိတ်တွင် ဖြစ်နေသောကြောင့် သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား ပြီးပြည့်စုံခြင် းအဆင့် ကျင့်ကြံသူကိုလည်း ကြောက်ရွံ့နေစရာ မလိုပေ။
မိုဝူကျီ ရောက်ရှိလာစဉ်မှ စ၍ ချိန်စုယင်ပင် သတိမပြုမိရုံ မဟုတ်ဘဲ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူလည်း မိုဝူကျီကို လုံးဝ သတိမပြုမိပေ။ မိုဝူကျီက ခြေရာလက်ရာ မကျန်ရှိဘဲ လေနှင့် တစ်သားတည်း သွားလာနေခြင်း ဖြစ်သည်။
“ရွပ် …” ချိန်စုယင် ပခုံးဆီမှ သွေးများ စီးကျလာ ပြန်သည်။ သူမခန္ဓာမှ အဝတ်အစားများမှာ သဘာဝ စွမ်းအားများကြောင့် ပါသွားလေပြီ။
ချိန်စုယင်က ရှက်ရွံ့ကာ စိုးရိမ် နေမိသည်။ အကယ်၍ သူမသာ ဆက်တိုက်ခိုက် နေပါက သူမ အသက်လေး အန္တရာယ်များလာရုံ သာမက သူမကိုယ်ပေါ်မှ အဝတ် အားလုံးလည်း ပါသွားပေလိမ့်မည်။
မိုဝူကျီ မြင်တွေ့သည်က အဆင် ပြေသေးသည်။ ထို့အပြင် မိုဝူကျီမှာ သူမနှင့် ရင်းနှီးသည့်သူ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ပင် မဟုတ်ပါလား။ အကယ်၍ သူမ ခန္ဓာကိုယ်ကို တခြားလူ မြင်တွေ့သွားပါက သူမ မသေလျှင်ပင် အေးအေးချမ်းချမ်း အနားယူနိုင်မည် မဟုတ်ပေ။
ချိန်စုယင်မှာ နောက်ဆုတ်ဖို့ရာ ဆုံးဖြတ် ထားသော်လည်း သူမ ပြိုင်ဘက်မှာ လေအာရုံခံ ကောင်းကြောင်း သိ၍ နောက်ဆုတ်ဖို့ရာ ခက်ခဲပေလိမ့်မည်။ သို့သော် နောက်မဆုတ်ခြင်းက သူမ အခြေအနေများကို ပိုဆိုးစေ လိမ့်မည်။
“ဘမ်း ဘမ်း ...” လေပြင်းအတွင်း လျှပ်စီးအားများက ဆက်တိုက် ကျရောက်စေ လိုက်ပြီး ချိန်စုယင်က သူမသာ လျှပ်စီးများ ဆက်တိုက် ထုတ်လွှင့်နေလျှင် မိုဝူကျီကို ရောက်လာမည်ကို သိ၏။
ထင်ထားသည့် အတိုင်း အရေးသာနေသည့် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားဆီမှ သွေးများ စီးကျ လာလေသည်။ ထိုစဉ် သူက တစ်ဖက်လူ အသာစီးရရန် မည်သို့ ဆက်နေနေ မည်နည်း။ သူက တည်နေရာ ပြောင်းကာ ထွက်သွားဖို့ရာ ပြင်ဆင်လိုက်သည်။
ချိန်စုယင်က မိုဝူကျီကို ထိုလူအား ထိန်းထားစေချင် သော်လည်း သူမက မိုဝူကျီ တည်နေရာကို မသိပေ။
လက်တွေ့တွင် မိုဝူကျီ တည်နေရာကို မသိသည်က ချိန်စုယင် တစ်ယောက်တည်း မဟုတ်ချေ။ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူပင် မိုဝူကျီနေရာကို မဆုံးဖြတ်နိုင်ပေ။
ထိုအချက်ကြောင့်သာ မဟုတ်လျှင် သူက မိုဝူကျီဆီမှ ချောင်းမြောင်း တိုက်ခိုက်ခံရစဉ် သူက အလွတ်ပေးမည် မဟုတ်ပေ။ သို့သော် သူ့ပြိုင်ဘက် တည်နေရာကို မသိသဖြင့် သူ ဘာလုပ်နိုင်မှာလဲ ...
မိုဝူကျီ လှုပ်ရှားလိုက်သည့် အခိုက်အတန့် သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူကို နောက်ဆုတ် စေနိုင်ခဲ့သည်။ သူက ဆူးနစ်လေဂိတ်မှ လေပြင်းများနှင့် တစ်သားတည်း ကျနေသည့် အတွက် သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူဘေး ရောက်နေလျှင်ပင် သူက သတိထားမိမည် မဟုတ်ပေ။
မိုဝူကျီက ပျောက်ကွယ်ဓား စွမ်းအားများ ပစ်လွတ်ပြီး တျန်းဂျီတုတ်ကိုသာ ယမ်းနေသည့် အတွက် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူမှာ တုန်လှုပ်လာသည်။
ဤဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူမှာ ဆူးနစ်လေဂိတ်၏ လေပြင်းများနှင့် နေသား ကျနေသူ ဖြစ်ကာ လေပြင်း အတွင်းမှ ကျောက်တုံး၊ လေကျာပွတ်များကို အလွယ်တကူ ရှောင်ရှား နိုင်လေသည်။ သူက လေအာရုံခံ ကောင်းသော်လည်း သူ့ပြိုင်ဘက်က လေပြင်းအတွင်း ပုန်းကာ သူ့ကို ချောင်းမြောင်း တိုက်ခိုက်နိုင် လိမ့်မည်ဟု ထင်မထားပေ။ တစ်ဖက်လူမှာ သူ့ထက် များစွာအားကောင်း လှသည် သို့မဟုတ် အတိအကျ ပြောရလျှင် လေနှင့် တစ်သားတည်း ဖြစ်နေခြင်း ဖြစ်သည်။
သူက လေဗုံကို ထုတ်ယူလိုက်ပြီး မိုဝူကျီ၏ ပျောက်ကွယ်ဓား စွမ်းအား တချို့ကို ကာဆီးနိုင် လိုက်သည်။ သူက ပြန်လည် မတိုက်ခိုက်နိုင်ခင် သူ့နောက်ကျောဘက်မှ လေကျာပွတ် ရိုက်ချက်များ ကျရောက်လာပြီး အဝတ်များနှင့်အတူ အသားတချို့ပါ ယူဆောင် သွားလေသည်။ ချိန်စုယင်နှင့် ရင်ဆိုင်သည့် အခါက သူသည် သားစဉ်းဓားကို ကိုင်ထားသည့် သားသတ်သမား သဖွယ် ဖြစ်ကာ ထိုလေပြင်းများက သူ့အား မခြိမ်းခြောက်နိုင်ပေ။
သို့သော် ယခု မိုဝူကျီ တိုက်ခိုက်မှု အောက်တွင် သူက ထိုလေပြင်းများကို မည်သို့ အာရုံစိုက်ထား နိုင်မည်နည်း။
“ဘမ်း ...” လေဗုံနှင့် မိုဝူကျီ၏ တျန်းဂျီတုတ်တို့ တွေ့ဆုံသည့် အခါ နောက်ထပ် လျှပ်စီးများက ပေါက်ကွဲ သွားလေသည်။
ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူ ခြေထောက် တစ်ဖက်ကား လျှပ်စီးကြောင့် ပျက်စီး သွားလေပြီ။ ထိုစဉ် သူက သူ့ဒဏ်ရာများကို ဂရုမစိုက်တော့ဘဲ အလောတကြီး နောက်ပြန် ဆုတ်တော့သည်။
သူက မိုဝူကျီ ကျင့်ကြံဆင့်မှာ သူထက် မမြင့်မှန်း ပြောနိုင်သော်လည်း ခြားနားချက်မှာ အဆင့် တစ်ခုထက် ပိုပေသည်။ မဟုတ်လျှင် မိုဝူကျီ၏ ယခင် ချောင်းမြောင်း တိုက်ခိုက်မှု ပြီးကတည်းမှ လုံးဝ အင်အားမဲ့ သွားပေလိမ့်မည်။
သို့သော် သူက မိုဝူကျီနှင့် ဆက်လက်၍ မတိုက်ခိုက်ရဲပေ။ ဤနေရာတွင် သူက တစ်ဖက်လူ၏ တည်နေရာကို မသိနိုင်၍ ကိစ္စများသာ ပိုဆိုးရွား လာနိုင်ပေသည်။ သူ့ပြိုင်ဘက်မှာ ပျောက်ကွယ်ဓား စွမ်းအားနှင့် မမျှော်လင့်ထားသည့် လျှပ်စီး အားများပါ ရှိနေသေး၏။ မိုဝူကျီ ကျင့်ကြံဆင့်က သူ့ထက် အဆင့်နှစ်ဆင့် နိမ့်နေလျှင်ပင် ဆက်မတိုက်ရဲပေ။
မိုဝူကျီလည်း အလွန် စိုးရိမ်မိ နေသည်။ သူက အမှောင်ထဲမှ ပုန်းကွယ်ရင်း လေနှင့် တစ်သားတည်း ပေါင်းစပ်ကာ တိုက်ခိုက် နေသော်လည်း သူ့ပြိုင်ဘက်မှာ ကောင်းကင်နယ်ပယ် အဆင့်ပင် မရောက်ရှိသေးပေ။ အကယ်၍ သူ့ပြိုင်ဘက်သာ ကောင်းကင်နယ်ပယ် အဆင့်တွင် ဖြစ်နေလျှင်ပင် သူ့တည်နေရာကို ရိပ်စားမိရန် ခက်ခဲပေဦးမည်။ သို့သော်လည်း စွမ်းအား ကွာခြားချက်က ကြီးမားလွန်း လှသည်။ သူက တစ်ဖက်လူကို နှစ်ကြိမ်တိတိ ချောင်းမြောင်း တိုက်ခိုက်ခဲ့ သော်လည်း ဒဏ်ရာ အနည်းအကျဉ်းသာ ပေးနိုင်ခဲ့သည်။ ထိုဒဏ်ရာများက ပြင်းထန်ဟန် ပေါ်သော်လည်း အသက်အန္တရာယ် မရှိချေ။
အကယ်၍ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူသာ နောက်မဆုတ်ပါက သူက ပင်ပန်းနွမ်းနယ် လာကာ ရှုံးသွားပေ လိမ့်မည်။ သို့သော် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူက ထွက်ပြေးသွားလျှင် မိုဝူကျီအနေနှင့် လုပ်နိုင်တာ မရှိချေ။ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူက လေအာရုံခံ ကောင်းကာ မိုဝူကျီနှင့် မရင်ဆိုင်သရွေ့ သူက အဟန့်အတားမရှိ ထွက်ပြေးလွတ်မြောက် နိုင်လိမ့်မည်။
လေပြင်းထဲ ပုန်းကွယ်နေခြင်းက မိုဝူကျီကို ပြိုင်ဘက်အား ချောင်းမြောင်း တိုက်ခွင့်ကို ပေးသော်လည်း လှုပ်ရှားမှုများက အကန့်အသတ်ဖြင့် ဖြစ်၏။
သူက ထိုသို့တွေးလိုက် မိသောကြောင့် သူ့ကိုယ်သူ ဖုံးကွယ်ဖို့ရာ ဂရုမစိုက်တော့ပေ။ လျှပ်စီးအလုံး အချို့ ပစ်လွှတ်လိုက်ပြီး လေထဲမှ ထွက်ပေါ်လာကာ တျန်းဂျီတုတ်ကို အောက်ရိုက်ချ လိုက်သည်။
“ဘမ်း ဘမ်း ...” သူက လျှပ်စီးရိုက်ချက် ခံလိုက် ရသော်လည်း ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်က ပျော်ရွှင် သွားလေသည်။ အကြောင်းမှာ သူက မိုဝူကျီကို တွေ့ရပြီ ဖြစ်ကာ ထိုသူ ပေါ်လာသောကြောင့် သူက မိုဝူကျီကို အဆုံးသတ် နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိသည်။
“ဘမ်း ...” လျှပ်စီး တစ်ချက်က ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူ၏ ခြေထောက်ပေါ် ကျရောက် သွားသော်လည်း အလေး မထားပေ။ သူ့ လေဗုံကို သဘာဝ စွမ်းအားများ လွှမ်းခြုံလာပြီး မိုဝူကျီဆီ ပြေးဝင် သွားလေသည်။
မိုဝူကျီက အံကို ကြိတ်ကာ သူ့တျန်းဂျီတုတ်ကို ကိုင်ဆွဲထားဆဲ ဖြစ်သည်။
ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူက သူ့လေဗုံနှင့် ထိုမျှ ကြောက်မက်ဖွယ် သဘာဝ စွမ်းအားများ ထုတ်လွင့် နိုင်လေသည်။ သို့သော် ဤနေရာကား ဆူးနစ်လေဂိတ် ဖြစ်၏။ အပြင်ဘက်တွင် ဖြစ်ပါက မိုဝူကျီက ခုခံရန် အင်အားရှိမည် မဟုတ်ပေ။
ဤ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူက မိုဝူကျီသည် သူကဲ့သို့ တစ်ဖက်လူ၏ မှော်ရတနာများကို လျစ်လျူရှု ထားကြောင်း တွေ့သည့်အခါ နှုတ်ခမ်းကား တွန့်ချိုး သွားလေသည်။
သူက ခေါင်းနည်းနည်း စောင်းရုံသာ လိုအပ်ပြီး ရှောင်ဖို့ရာပင် မလိုအပ်ပေ။ မိုဝူကျီက သူ့ပခုံးကိုသာ ရိုက်နိုင်လိမ့်မည်။ မိုဝူကျီ ရိုက်ချက်ဖြင့် သူက အသတ်ခံရမည် မဟုတ်ဘဲ ဒဏ်ရာ အနည်းငယ် ရရုံသာ ဖြစ်လိမ့်မည်။ သူက ဒဏ်ရာ အကြီးအကျယ် ရခဲ့လျှင်ပင် သူက ဘေးမှ အမျိုးသမီးကို ကြောက်စရာ မလိုသေးပေ။ တစ်ဖက်တွင် သူ့လေဗုံက မိုဝူကျီ ခါးကို ချိန်ရွယ်ထားသည့် အတွက် မိုဝူကျီခါးကို သေချာပေါက် ပိုင်းပစ်နိုင်လိမ့်မည်ဟု ယုံကြည်နေသည်။
ဟုတ်သား ... ဆူးနစ်လေဂိတ် အတွင်း၌ သူ့ဗုံစွမ်းအားမှာ အပြင်ဘက်ရှိ စွမ်းအားသုံးပုံ တစ်ပုံမျှပင် မရှိချေ။ ဒါပေမဲ့ ဘာအရေးလဲ ... မိုဝူကျီသည် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်ပင် မရောက်သေးကြောင်း ပြောနိုင်လေ၏။
“ဘုန်း ...”
ဆူးနစ်လေဂိတ်မှ လေသံများ အကြားတွင် မိုဝူကျီက အရိုးများ ကွဲအက် သွားသံကို ကြားနိုင်သေး၏။
ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူ၏ လေဗုံ မိုဝူကျီ ခါးဆီ ရောက်လာသည့် အခါ မခုခံနိုင်လိုက်ပေ။ မိုဝူကျီက ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်မှ ကျွမ်းအဆင့်၃ ဖြစ်သည့် သန်းခေါင်ယံ လှည့်ပတ်ခြင်း အဆင့်ကို အသက် သွင်းထားပြီး ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူမှာ သူ့စွမ်းအား အတိုင်း မဟုတ်သော်လည်း မိုဝူကျီက သူ့အရိုးကျိုးသံများ ကြားနေရဆဲ ဖြစ်သည်။ သူ့ခါးမှ ခြေထောက်အထိ ... ထို့နောက် ခြေချင်းဝတ်အထိ ဆင်းသွားလေသည်။ ကြောက်မက်ဖွယ် အားကြီးက သူ့ခြေထောက် အောက်မှ မြေကြီးဆီ ရောက်သွားသည့် အခါမှ ပျောက်ကွယ် သွားတော့သည်။
သို့သော်လည်း ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူမှာ နည်းနည်းလေးမျှ မပျော်ပေ။ သူက မိုဝူကျီ အရိုးကျိုးသံ ကြားသော်လည်း သူ့အရိုးကျိုးသံလည်း ပါဝင်နေပေသည်။
အိပ်စက်မှု လှိုင်းတစ်ခု သို့မဟုတ် သေမင်း အရိပ်အယောင်များက သူ့ကို လွှမ်းခြုံ လာလေသည်။ သူ့ခန္ဓာမှ စွမ်းအားများက သူ့ဆီမှ ထွက်သွားနေကြောင်း ခံစားနေရသည်။
ဤနာကျင်မှုနှင့် အရိုးကျိုးကြေမှုက သူ့ပခုံးမှ မဟုတ်ဘဲ သူ့ဦးခေါင်းဆီမှ အစပြုလာခြင်း ဖြစ်၏။ သူက တျန်းဂျီတုတ်ကို ရှောင်ရှားဖို့ရာ ခေါင်းရွေ့ လိုက်သော်လည်း တစ်ဖက်လူက ကွက်တိ သူ့ဦးခေါင်းကို ရိုက်နိုင်လိုက်သည်။ ထိုသည်က လုံးဝ နားမလည်နိုင်ပေ။
တစ်ဖက်လူက သူ့ရွေ့သည့် ဦးတည်ရာအတိုင်း တျန်းဂျီတုတ်ကို လိုက်ရွေ့ လိုက်သည်လား ... ထိုသို့သော တိုက်ခိုက်မှုမျိုးက သူ မဆိုထားနှင့် စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူပင် ပြုလုပ်နိုင်မည် မဟုတ်ပေ။
သူ့ပြိုင်ဘက်က ဘယ်လို လုပ်နိုင် သွားတာလဲ ...
နောက်အခိုက်အတန့်တွင် သူ့အသိစိတ်ကား အမှောင်ကျ သွားလေသည်။ မိုဝူကျီက သူ့ကို အခွင့်အရေးလေး တစ်ခုပင် မပေးခဲ့ဘဲ သူ့စိတ်ဝိညာဉ် နန်းတော်ဆီ ဓားစွမ်းအား တစ်လှိုင်း ပို့လိုက်သေးသည်။
“ဘုန်း ...” ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူကို သတ်ပြီးသည်နှင့် မိုဝူကျီလည်း လေထဲမှ ကျလာကာ သူလှည့်ပတ် လာသည့် သဘာဝ စွမ်းအားများကြောင့် မြေချိုင့်ကြီး ဖြစ်သွားလေ၏။
သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူကို သူ့ကိုယ်ပိုင် စွမ်းအားနှင့် သတ်လိုက်သည်ဟု ဆိုလို့ရပေသည်။
ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူက သူ့တျန်းဂျီတုတ်ကို မရှောင်ဖို့ရာ ရွေးချယ်စဉ်က မိုဝူကျီသည် တစ်ဖက်လူက သူနှင့် ရင်ဆိုင်ချင်မှန်း သိလိုက်သည်။ ပုံမှန် အခြေအနေမျိုးတွင် သူ့အတွက် အရေး မသာနိုင်ပေ။ သူ့ကျင့်ကြံဆင့်မှာ တစ်ဖက်လူနှင့် အလှမ်း ကွာလှရာ သူ့တိုက်ခိုက်မှုများက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူနှင့် လက်ရည်တူ ဖြစ်မည် မဟုတ်ချေ။
သို့သော်လည်း သူ့တွင် လျှို့ဝှက်ပညာရပ် တစ်ခုဖြစ်သည့် ကြယ်တာရာ လှည့်ပတ် ဖြတ်သန်းခြင်း ပညာရပ် ရှိနေသေး၏။ သူ့အရိုးများက ခါးမှ ခြေချင်းဝတ် အထိ ကျိုးသွားသော်လည်း အောင်မြင် ခဲ့လေသည်။
သူ့တျန်းဂျီတုတ် အတွက် သူက ကြယ်တာရာ လှည့်ပတ် ဖြတ်သန်းခြင်း ပညာရပ်ထဲမှ ကျွမ်းအဆင့်၄ ဖြစ်သည့် ကောင်းကင်မြေကြီး (မိုးမြေ) ဗြောင်းဆန်ခြင်းကို လမ်းကြောင်း သက်ရောက်မှု ရှိစေရန် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူက ရင်ဆိုင် တိုက်ချင်သည်က မိုဝူကျီ၏ တျန်းဂျီတုတ်မှာ အချိန်တိုလေး အတွင်း တည်နေရာ မပြောင်းနိုင်ကြောင်း သေချာနေ၍ ဖြစ်၏။ မိုဝူကျီက ကြယ်တာရာ လှည့်ပတ် ဖြတ်သန်းခြင်း ပညာရပ်ကို လေ့ကျင့် ထားသည့်အတွက် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူ အတွက် ကံဆိုး သွားလေသည်။
မိုးမြေ ဗြောင်းဆန်ခြင်း ပညာရပ်ဖြင့် သူက တျန်းဂျီတုတ်၏ စွမ်းအားကို သက်ရောက်မှု မရှိဘဲ ဦးတည်ရာကို အချိန်တို အတွင်း ပြောင်းလ ဲနိုင်ပေသည်။
ထိုသည်က မိုဝူကျီကို သိသိသာသာ သတိပေးသွားခြင်း ဖြစ်သည်။ တစ်ဖက်လူကို ဘယ်တော့မှ အထင် မသေးသင့်ပေ။ သေရေးရှင်ရေး တိုက်ပွဲ၌ သူက တစ်ဖက်လူ ဘာမှ မလုပ်နိုင်ကြောင်း သေချာ နေလျှင်ပင် သူက အဆိုးရွားဆုံး ယူဆရဦးမည် ဖြစ်သည်။
“ဂျူနီယာမို ...” ချိန်စုယင်က အလောတကြီး ပြေးလာကာ မိုဝူကျီကို ထွေးပွေ့ ထားလေ၏။ သူမ မျက်နှာတွင် စိုးရိမ်မှုများနှင့် ပြည့်နှက် နေလေသည်။ သူမက မိုဝူကျီသည် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူနှင့် တစ်ယောက်ချင်း ရင်ဆိုင်တွေ့ကာ သတ်လိုက် နိုင်ကြောင်းကို ဘယ်တော့မှ နားလည်နိုင်မည် မဟုတ်ပ။
မွှေးပျံ့နေသော ရနံ့လေးနှင့် အတူ နူးနူးညံ့ညံ့ ထိတွေ့မှုများကို ခံစားမိ၍ မိုဝူကျီ၏ နှလုံးသား ကဆုန်ပေါက် လာလေ၏။ နှစ်ယောက်လုံးမှာ ကိုယ်လုံးတီး နီးပါး ဖြစ်နေကြပြီး မိုဝူကျီ၏ ဒဏ်ရာများကြောင့် ချိန်စုယင်မှာ စိုးရိမ်မိ နေသောကြောင့် ညစ်ညစ်ညမ်းညမ်း မတွေးမိပေ။ တစ်ဖက်တွင်မူ နောက်ဆုံး၌ မိုဝူကျီက “ဟော်မုန်း” တည်ရှိမှုကို နားလည် သွားလေသည်။
***