ကျိုးပျက်ဂိုဏ်း
Vol. 22 Ch. 303
မိုဝူကျီက ကြည်လင်ကျောက်စိမ်း ဆေးနှစ်လုံးကို ထုတ်သောက်လိုက်ကာ ညစ်ညစ်ညမ်းညမ်း အတွေးများကို မောင်းထုတ်ပစ် လိုက်ရသည်။ မကြာခင်တွင် သူက အားပြန်ဖြည့်ရေးတွင် နစ်မြုပ်သွားကာ ချိန်စုယင် ပွေ့ထားမှုမှ ခံစားရသည့် အနေခက်မှုပင် မေ့လျော့ သွားလေ၏။ နာလန်ထူ လာစေရန် သူက အရှုပ်အထွေးများ အားလုံးကို လက်လွတ်ထားဖို့ လိုအပ်လေသည်။ မိုဝူကျီက ချိန်စုယင်ကို ယုံကြည်၏။ ထို့အပြင် အကာအကွယ် အတွက် စိတ်စွမ်းအားလေး အနည်းငယ် ချန်ထားပြီးနောက် သူက ပြန်လည် နာလန်ထူဖို့ ရာ၌ပင် အပြည့်အဝ အာရုံစိုက် ထားလေသည်။
ချိန်စုယင်က သူမကဲ့သို့ သူသည်လည်း အဝတ်စုတ်နှင့် ဖြစ်နေသည့် ယောက်ျားသားကို ဆိုမထားနှင့် အခြား ယောက်ျားသားကို တစ်ခါမျှ မပွေ့ဖက်ဖူးပေ။ သူမက မိုဝူကျီ၏ မာန်ပါနေသည့် အင်္ဂါဖြင့် ထိနေသည့် အတွက် သူမ မျက်နှာမှာ နီရဲတက် လာလေ၏။ တခြားတစ်ယောက် ဆိုပါက သူမက တွန်းလွှတ်လိုက်ပြီ ဖြစ်၏။ သူတို့သာ ဆူးနစ်လေဂိတ် အတွင်းမှာသာ မဟုတ်လျှင် မိုဝူကျီကို ဆက်ဖက် ထားပေးမည် မဟုတ်ပေ။ သို့သော် ယခုတွင် သူမက မိုဝူကျီကို ချမထားရက်ပေ။
မိုဝူကျီ၏ ညစ်ညစ်ညမ်းညမ်း အတွေးများက ယာယီမျှသာ ဖြစ်ပြီး ပြန်လည် နာလန်ထူ လာသည်နှင့် တည်ငြိမ် သွားသောကြောင့် ချိန်စုယင်မှာ သက်ပြင်းချမိ လိုက်တော့သည်။
မိုဝူကျီ ပြန်လည် ကောင်းလာသည့် အချိန်တွင် ခုနစ်ရက် ကုန်ဆုံး သွားလေပြီ။
မကြာခင်တွင် သူတို့က ချိန်စုယင် အမွေအနှစ် ရခဲ့သည့် ကျောက်အခန်းဆီ ပြန်ရောက်နေပြီ ဖြစ်ကြောင်း သတိပြုမိ လိုက်သည်။ သူ့စိတ်စွမ်းအားကို အပြင်ထုတ်လွင့် လိုက်သည့်အခါ ချိန်စုယင် ကျင့်ကြံ နေသည်ကို တွေ့လိုက်ရသည်။ ချိန်စုယင်က သူ့ကို ကူညီကာ ဆေးကြောပေး ထားပြီး အဝတ်အသစ်များ လဲလှယ်ပေး ထား၏။
သို့သော်လည်း သူ့အဝတ်များမှာ ယောက်ျားအဝတ်နှင့် မတူဘဲ အမျိုးသမီးဝတ်နှင့် တူသော အင်္ကျီ ဖြစ်နေ၏။ မိုဝူကျီက အင်္ကျီကို ကြည့်ကာ သူ့အဝတ်များကို ချိန်စုယင်က ပုံစံပြုပြင် ထားခြင်း ဖြစ်ကြောင်း သိလိုက်၏။
မိုဝူကျီက ထကာ ကိုယ့်ဘာသာ ဆေးကြော သန့်စင်လိုက်ပြီး အဝတ်များကို လဲကာ အခန်းအတွင်းမှ ထွက်လာလိုက်သည်။
ဤနေရာရှိ ဝိညာဉ် စွမ်းအားများက မိုဝူကျီအတွက် လုံလောက်မှု မရှိတော့သောကြောင့် ထွက်သွားရန် ဆုံးဖြတ်လိုက်လေသည်။
“ဂျူနီယာ မောင်လေးမို ... ပြန်ကောင်း သွားပြီလား ...” ချိန်စုယင်က မိုဝူကျီ လျှောက်လာသည်ကို မြင်၍ ဝမ်းသာတကြီး မေးလိုက်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း သူမ အနေရခက်မှု အားလုံးလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ် သွားလေသည်။
သူမက ရုတ်တရက် အမှတ်ရဟန်ဖြင့် မိုဝူကျီဆီ သိုလှောင်လက်စွပ် တစ်ကွင်း ထုတ်ပေးလိုက်သည်။
“ဒါက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူရဲ့ လက်စွပ်ပဲ။ ကျွန်မတို့တွေ ပြဿနာကြား ရောက်ပြီ ထင်တယ် ...”
“ဘာဖြစ်လို့လဲ ...” မိုဝူကျီက လက်စွပ်ကို လက်ခံလိုက်ပြီး နားမလည်စွာ မေးလိုက်သည်။
ချိန်စုယင်က လက်စွပ်ကို ထိုးပြလိုက်ပြီး ပြောလိုက်သည်။
“လက်စွပ်မှာ ထွင်းထားတဲ့ စကားလုံးကို ကြည့်ရင် ချက်ချင်း သိလိမ့်မယ် ...”
ချိန်စုယင်က ပြောသောကြောင့် မိုဝူကျီက လက်စွပ် အတွင်းဘက်ကို လှည့်ကြည့် လိုက်သည့်အခါ “ကျိုးပျက်ဂိုဏ်း ၇၃၁” ဟု တွေ့လိုက်ရသည်။
“ကျိုးပျက်ဂိုဏ်း၊ ၇၃၁က ဘာအဓိပ္ပာယ်လဲ ...” မိုဝူကျီက မရေရာ မသေချာစွာ ထပ်မေးလိုက်၏။
ချိန်စုယင်က ပြန်ဖြေလိုက်သည်။
“ကျန်းမို နယ်မြေမှာ အားအကောင်းဆုံးနဲ့ လေးစားဖို့ အကောင်းဆုံး နေရာက ကြယ်တာရာ ဘုရင်တောင် ဖြစ်သလိုမျိုး တစ်ချိန်တည်းမှာ လျှို့ဝှက်ပြီးတော့ ကြောက်စရာ ကောင်းတဲ့ အမှောင်ဂိုဏ်းလည်း ရှိသေးတယ်။ အဲဒါက ကျိုးပျက် ဂိုဏ်းပဲ ...”
“ဂိုဏ်းကို ကျိုးပျက်ဂိုဏ်းလို့ အမည်ပေးတဲ့ သူ ရှိသေးတယ်လား ... စိတ်ဝင်စားစရာပဲ ...” မိုဝူကျီက ပြောလိုက်လေ၏။
ချိန်စုယင်က ခေါင်းခါလိုက်ရင်း
“ကျိုးပျက်ဂိုဏ်းက သူတို့ဘာသာ အမည်မပေးတဲ့ တစ်ခုတည်းသော ဂိုဏ်းပဲ။ ကျိုးပျက်ဂိုဏ်းက တစ်ခါက လုပ်ကြံ သတ်ဖြတ်ရေး အဖွဲ့လေ။ ဂိုဏ်းအကြောင်း ပြန့်နေတဲ့ ကောလာဟလတွေ ရှိတယ်။ တကယ်လို့ လူတစ်ယောက်သာ အဲဒီဂိုဏ်းရဲ့ ပစ်မှတ်စာရင်း ဝင်သွားခဲ့ရင် အဲဒီသူက သုံးလထက် အသက် ပိုမရှင်ဘူးတဲ့။ ပြီးတော့ အဲဒီဂိုဏ်းမှာ နောက်ထပ် ဝါသနာတစ်ခု ရှိသေးတယ်။ သူတို့ကို တစ်ယောက်ယောက် သတ်ပေးဖို့ အလုပ်အပ်တဲ့ အခါ သူတို့က အဲဒီသူနားက အားလုံးကိုလည်း သတ်ပစ်ကြတယ်။ ဂိုဏ်းတွေတောင် အမြစ်ဖြတ် အသတ်ခံလိုက် ရတာတွေ ရှိတယ် ... အချိန်ကြာလာတော့ တစ်ယောက်မှ သူတို့ကို အလုပ်မအပ် ရဲကြတော့ဘူး။ သူတို့ နည်းလမ်းတွေက အရမ်း သွေးဆာလွန်းပြီး ရက်စက်တယ်။ သူတို့ သတ်ဖြတ်လိုက်တဲ့ လူအားလုံး နီးပါးလည်း လုံးဝ သေကျေပျက်စီး ကြရတာပဲ။ အဲဒါကြောင့် လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့ကနေ ကျိုးပျက်ဂိုဏ်း ဆိုပြီး ဖြစ်လာတာ။ အဖွဲ့ခေါင်းဆောင်က အဲဒီနာမည်ကို အသိမှတ် ပြုလိုက်တာ။ ကြာလာတော့ သူက ဂိုဏ်းကို တည်ထောင် လိုက်ပြီးတော့ ကျိုးပျက်ဂိုဏ်း ဖြစ်လာတာ ...”
“ကြယ်တာရာ ဘုရင်တောင်က အဲဒီဂိုဏ်းကို ဘာမှ မလုပ်ဖူးလား ...” မိုဝူကျီက မေးလိုက်သည်။
“ကြယ်တာရာ ဘုရင်တောင်က ကျိုးပျက်ဂိုဏ်း တည်ရှိမှုကို အသိမှတ် မပြုဘူး။ အဲဒါကြောင့် ဘာမှ မလုပ်ကြဘူး။ ဒါပေမဲ့ ကြယ်တာရာ ဘုရင်တောင်က အဲကိစ္စကို ဝင်ပါဖို့ ကြိုးစားပေမဲ့ ကျိုးပျက်ဂိုဏ်းက အားကောင်းလွန်းလို့ ဆိုတဲ့ ကောလာဟလတွေလည်း ရှိဖူးတယ်။ ကြယ်တာရာ ဘုရင်တောင်က ကျိုးပျက်ဂိုဏ်းကို အမြစ်ဖြတ် သုတ်သင်ဖို့ ကြိုးစားတယ် ဆိုရင်တောင် သူတို့လည်း ထိချက် ပြင်းလိမ့်မယ် ... ကျိုးပျက်ဂိုဏ်းက လျှို့ဝှက် တည်ရှိနေတာ ကြာပြီဆိုပေမဲ့ ကျွန်မတို့တွေ ဒီနေ့ ကျိုးပျက်ဂိုဏ်းက တစ်ယောက်ကို သတ်လိုက်မိပြီလေ ...” ချိန်စုယင် အသံမှာ တုန်ယင် နေလေသည်။
“ကျုပ်တို့တွေ ဘာမှ မပြောသရွေ့ သူတို့တွေ ကျုပ်တို့ လက်ချက်မှန်း မသိနိုင်ပါဘူး ...” မိုဝူကျီက ချိန်စုယင် စကားများကို ကြားသောအခါ သူ့ခေါင်းပင် ကိုက်လာလေ၏။ သူ့နောက် လိုက်နေသူများစွာ ရှိနေလေပြီ ဖြစ်ရာ ကျိုးပျက်ဂိုဏ်းပါ ပါဝင်လာလျှင် သူက အေးအေးချမ်းချမ်း ကျင့်ကြံ နိုင်ဦးမည်လား ...
“အဲဒါက အသုံးမဝင်ဘူး။ ကျိုးပျက် ဂိုဏ်းသားကို သတ်လိုက်တဲ့ သူတွေမှာ ကောင်းတာ ဖြစ်ပျက်လာတာ တစ်ခါမှ မကြားဖူးသေးဘူး။ အခြား လူတွေလဲ ရှင်နဲ့ အတွေး တူကြမှာပဲ။ ဒါပေမဲ့ ကျိုးပျက်ဂိုဏ်း ကနေ လွတ်မြောက်တဲ့သူ မရှိသေးဘူး ...” ချိန်စုယင်က ညည်းညူ ပြောလိုက်သည်။ ထိုအရာများက ကောလာဟလများသာ ဖြစ်သော်လည်း သူတို့က ကျိုးပျက်ဂိုဏ်းသား တစ်ယောက်ကို အမှန်ပင် သတ်ပစ် ခဲ့သောကြောင့် ထိုဂိုဏ်းတည်ရှ ိနေသည်မှာ သေချာ သွားလေသည်။
မိုဝူကျီ အမူအရာက ပြောင်းလဲလာကာ သူက ကျိုးပျက်ဂိုဏ်း လိုက်ခြင်းမှ လွတ်မြောက်နိုင်မည့် နည်းလမ်းကို စဉ်းစားမရပေ။
ခဏတာ စဉ်းစားကြည့် ပြီးနောက် မိုဝူကျီက လက်စွပ်ကို မြေကြီးပေါ် ချကာ
“ကျုပ် ဒီလက်စွပ်ကို မဖွင့်တော့ဘူး။ ကျုပ်ကို ရက်နည်းနည်းလောက် စောင့်ပေး ...”
ချိန်စုယင်က မိုဝူကျီ လက်လျှော့ လိုက်ရသည့် အကြောင်းအရင်းကို နားလည်လေ၏။ သိုလှောင် လက်စွပ်များတွင် ဝိညာဉ် အမှတ်အသားများ ပါရှိတတ်ကြသည်။ ဖွင့်လိုက်သည်နှင့် ဖွင့်သည့်သူ အပေါ်ကို တွယ်ကပ်သွားပြီး ဖွင့်သူက သတိထားမိမည် မဟုတ်ပေ။ ထိုဝိညာဉ် အမှတ်အသား ထားထားခြင်းက ဖွင့်သည့်သူကို ခြေရာခံနိုင်မည့် နည်းလမ်း ဖြစ်၏။
မိုဝူကျီက လက်စွပ်ကို မဖွင့်လိုသည်မှာ ဝိညာဉ် အမှတ်အသားကြောင့် ဖြစ်နိုင်လောက် လေသည်။
ချိန်စုယင် မှန်းဆချက်သာ တချို့ တစ်ဝက်သာ မှန်ကန်ပေသည်။ မိုဝူကျီက ဝိညာဉ် အမှတ်အသားကို စိုးရိမ်မိသော်လည်း လက်စွပ်ကို ရက်အတော်ကြာ လျစ်လျူရှု ထားဖို့ရာ မလိုအပ်ပေ။
သူက ချိန်စုယင်ကို ရက်အနည်းငယ် စောင့်ခိုင်းသည်က သူ့အပေါ်တွင် ဝိညာဉ် အမှတ်အသား ရှိနေလားဟု စစ်ဆေးလို၍ ဖြစ်သည်။ တစ်ချိန်တည်းတွင် သူက သူ့ကိုယ်ပိုင် အမှတ်အသားကို လုပ်ကြည့်ချင် မိသည်။
ကျိုးပျက်ဂိုဏ်းက ကြောက်မက်ဖွယ် ကောင်းလှ၍ သူတို့က သိုလှောင်လက်စွပ် အပေါ်တွင် ရိုးရိုးရှင်းရှင်း အမှတ်အသား ချန်ထားမည် မဟုတ်ပေ။ ချိန်စုယင် ပြောသည့် အတိုင်းသာ ကြောက်ဖို့ ကောင်းနေလျှင် သူ့ခန္ဓာ၌ အမှတ်အသား ရှိနေပေလိမ့်မည်။
သုံးရက်အကြာတွင် မိုဝူကျီက သူ့ခန္ဓာကို စုန်ချည်ဆန်ချည် စစ်ဆေးပြီး သွားလေ၏။ သူက သူ့ သိုလှောင် လက်စွပ်မှ ပစ္စည်းများကို ရှင်းလင်းကြည့် လိုက်သော်လည်း ထူးခြားသည့် အရာ မတွေ့ပေ။
သူက သူ့ပေါ်တွင် အမှတ်အသား မရှိကြောင်း သို့မဟုတ် ထိုအမှတ်အသားကို သူ စစ်ဆေးမိဖို့ရန် အထိ အားမကောင်း သေးကြောင်း မှန်းဆမိ လိုက်သည်။
ကံကောင်းလှစွာ သူက အမှန်ပင် ကူကယ်ရာမဲ့ နေလေ၏။ သူက သုံးရက်တာ စစ်ဆေး ခဲ့သော်လည်း ဘာမှ မထူးခြားပေ။ ဆက်လုပ်ဆောင် နေပါက အချိန်ဖြုန်းတီး နေခြင်းသာ ဖြစ်ရမည်။ ထို့ကြောင့် သူက စိတ်စွမ်းအားကိုသာ သဲသဲမဲမဲ လေ့ကျင့် ခဲ့သော်လည်း အမှတ်အသားများနှင့် မရင်းနှီးလှပေ။
သို့သော်လည်း သူက သူ့ကိုယ်ပိုင် အမှတ်အသား လုပ်နိုင်ရန် နေဖို့ လိုသေးသည်။ အကယ်၍ ကျိုးပျက်ဂိုဏ်းသာ အမှန်အကန် ကြောက်ဖို့ ကောင်းပါက သူတို့က လက်စွပ်မှ တစ်ဆင့် ဤနေရာကို နောက်ခံ လိုက်နိုင်လိမ့်မည်။ သူ လုပ်ချင်သည်က လက်စွပ် ဝန်းကျင်၌ အစီအရင်တစ်ခု ထားထားရန် ဖြစ်သည်။ ဤအစီအရင်မှ တစ်ဆင့် သူက သူ့နောက် လိုက်သူတွေအပေါ် အမှတ်အသား ချန်ထားနိုင်ခဲ့ လိမ့်မည်။
မိုဝူကျီက အရာအားလုံးကို ခွင့်လွှတ်ကာ အပြစ် မမြင်ကြသည့် သူတော်စင်များကို အမှန်ပင် လေးစား လှသော်လည်း သူက ထိုသို့ လူစာမျိုး မဟုတ်ပေ။ အကယ်၍ ကျိုးပျက်ဂိုဏ်းသာ ရောက်လာပြီး သူ့အတွက် လူများ လွှတ်လိုက်ပါက သူက သေချာပေါက် တိုက်ခိုက်၍ ပြန်သတ်ပစ် ရမည်။
ကျိုးပျက်ဂိုဏ်းမှာ ရှာတွေ့ရ ခက်သော်လည်း သူ့နောက် လိုက်သူများမှ တစ်ဆင့် သူတို့ပုန်းကွယ်ရာ နေရာကို ရှာတွေ့ခဲ့ပါက အတော် ကောင်းပေလိမ့်မည်။ အကယ်၍ ကျိုးပျက်ဂိုဏ်းသာ အလွယ်တကူ ရှာတွေ့ပါက အားလုံးသိရှိ သွားသည်မှာ ကြာမြင့် လောက်လေပြီ ဖြစ်၏။
ထို့ကြောင့် သူက လက်စွပ်ကို အသုံးချ၍ ကျိုးပျက်ဂိုဏ်း တည်နေရာကို ရှာချင်မိသည်။ လက်စွပ်ကို လာရှာသူများမှာ သေချာပေါက် ကျိုးပျက်ဂိုဏ်း ကသာ ဖြစ်လိမ့်မည်။ သူက ကျိုးပျက်ဂိုဏ်း တည်နေရာကို ရှာတွေ့ရန် ထိုလူများအပေါ် အမှတ်အသား ချန်ထားရမည်။ အကယ်၍ ကျိုးပျက်ဂိုဏ်းက သူ့ကို ဂရုမစိုက်လျှင် သူ့ဘက်လည်း ဤအတိုင်း ထားလိုက်မည်။ သို့သော် အကယ်၍ သူတို့က သူ့ကို လာခြိမ်းခြောက်ပါက သူက သေချာပေါက် သွေးကြောင်နေမည် မဟုတ်ချေ။
ရောင်ခြည် အမြောက်များက အဖိုးမဖြတ်နိုင်သော်လည်း သူ့အသက်လေး ထိပါးလာပါက အမြောက် ဆွဲကိုင်ကာ ထိုကျိုးပျက် ဂိုဏ်းသားများကို ပေါက်ခွဲပစ်ဖို့ရာ တွေဝေနေမည် မဟုတ်ရာ။
ချိန်စုယင်က မိုဝူကျီ စိတ်ထဲမှ အရာများကို မည်သို့ သိနိုင်မည်နည်း။ သူမက မိုဝူကျီသည် သူ့ခန္ဓာပေါ်မှ အမှတ်အသားများသာ ရှာဖွေနေကြောင်း တွေးထားလေသည်။ သူမက မိုဝူကျီသည် သူ့စိတ်ဝိညာဉ် အမှတ်အသားကို ထားပြီး ပြင်ဆင်မှုများ ကြိုတင် လုပ်နေလိမ့်မည်ဟု တွေးမိမည် မဟုတ်ပေ။
မိုဝူကျီ၏ ကြိုးစားမှုက လဝက်တာ အချိန်ကြာ သွားလေသည်။ လဝက်အကြာတွင် မိုဝူကျီက ဖုံးကွယ်ရေး အစီအရင်ကို တပ်ဆင်ပြီးရုံ သာမက သူ့စိတ်ဝိညာဉ် အမှတ်အသားကို ထိုအစီအရင်၌ ဝှက်ထားလေသည်။
သူက စိတ်ဝိညာဉ် အမှတ်အသားများ ပြုလုပ်ခြင်းတွင် မတော်သော်လည်း သူက အစီအရင်ပိုင်းတွင် စိတ်စွမ်းအားက သာမန် ကျင့်ကြံသူများထက် အဆများစွာ ပိုအားကောင်း လေသည်။ ထို့အပြင် သူ့၌ လျှို့ဝှက် ပညာရပ်ပင် ရှိနေသေး၏။ ဂြိုဟ်တစ်ခုလုံးတွင် လောက အင်မော်တယ်၌ပင် လျှို့ဝှက်ပညာရပ် ရှိဖို့ရာ မသေချာပေ။
တစ်ယောက်ယောက်သာ လက်စွပ်ကို ယူလိုက်သည်နှင့် သူ့ဖုံးကွယ် အစီအရင်က အသက် ဝင်လာကာ ကြယ်တာရာ လှည့်ပတ် ဖြတ်သန်းခြင်း ပညာရပ်ကို နှိုးဆွလိုက်ပြီး သူ့စိတ်စွမ်းအားကို တစ်ဖက်လူ၏ ချီသွေးကြောဆီ ရောက်ရှိ သွားပေလိမ့်မည်။ မိုဝူကျီက ဝိညာဉ်ကြော မရှိသောကြောင့် ချီသွေးကြောများ အပေါ် မူတည်သည့် ကျင့်စဉ်ကို ဖန်တီးခဲ့ရ၍ လူသားခန္ဓာမှ ချီသွေးကြောများကို သာမန် ကျင့်ကြံသူများထက် ပိုနားလည် လေသည်။ ဖြစ်နိုင်သည်က စစ်မှန်ခြင်း နတ်ဘုရား အဆင့်ပင် ချီသွေးကြောများနှင့် ထိုမျှ အသိပညာ နှံ့စပ်မည် မဟုတ်ပေ။
သူ့အပြင် တခြားသော ကျင့်ကြံသူများမှာ ဝိညာဉ်ကြောများ ရှိကြပြီး ဝိညာဉ် လမ်းကြောင်းများနှင့် ကျင့်ကြံကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့စိတ် စွမ်းအားကို တစ်ဖက်လူ၏ ချီသွေးကြော၌ မှတ်သားထားပါက တစ်ဖက်လူက တွေ့နိုင်မည် မဟုတ်ပေ။ ထို့အပြင် ချီသွေးကြောများမှာ ကျင့်ကြံသူများ အတွက် ဝိညာဉ် လမ်းကြောင်းများလောက် တန်ဖိုးမရှိပေ။ သူတို့ ကျင့်ကြံသည့်အခါ သူတို့က ဝိညာဉ် လမ်းကြောင်းများမှ တစ်ဆင့် ဝိညာဉ် စွမ်းအားများကို လှည့်ပတ် ကြလိမ့်မည်။ ထို့ကြောင့် ချီသွေးကြောကို အာရုံစိုက်မိမည် မဟုတ်။
“ကျုပ်တို့ သွားလို့ရပြီ ...” မိုဝူကျီက အစီအရင် အလံတချို့ နေရာချထား ပြီးသည်နှင့် ချိန်စုယင်ကို ရှာကာ ပြောလိုက်သည်။
သူ့လျှို့ဝှက် ပညာရပ်က အစီအရင်ထဲတွင် နှစ်မြှုပ် ထားသောကြောင့် ထိုအတွင်းမှ သဘာဝ စွမ်းအားများမှာ နှစ်လ၊ သုံးလ ခံပေလိမ့်မည်။ မိုဝူကျီက ထိုအချိန်က လုံလောက်ကြောင်း ခံစားမိသည်။ အကယ်၍ ကျိုးပျက်ဂိုဏ်းမှာ ကောလာဟလအတိုင်း အံ့ဩဖွယ် ကောင်းပါက သူတို့သည် နှစ်လမှ သုံးလအတွင်း ရှာတွေ့နိုင်ကြ လိမ့်မည်။ အကယ်၍ သူတို့ မရှာတွေ့နိုင်လျှင် သူ့ဘက်က ဘာမှ မတတ်နိုင်ပေ။
ချိန်စုယင်က မိုဝူကျီသည် အဘယ်ကြောင့် အစီအရင် တပ်ဆင်လိုမှန်း မသိသော်လည်း သူမက မိုဝူကျီ လုပ်နေသည်များကို အကြမ်းဖျင်း မှန်းဆမိသည်။
ခုနှစ်ရက်အကြာတွင် မိုဝူကျီနှင့် ချိန်စုယင်တို့က ဆူးနစ်လေဂိတ်မှ ထွက်လာကြသည်။ သူတို့နှစ်ယောက်က လေလွတ်မြောက်ရေး ပညာရပ်၏ တန်ဖိုးမှာ အဝတ် တစ်စုံတော့ ပေးချေရမည် ဖြစ်ကြောင်း သိကြ၏။
“ဂျူနီယာ မောင်လေးမိုက အခု ဘယ်သွားမှာလဲ ...” ချိန်စုယင်က မိုဝူကျီသည် ဘောလုံးသဏ္ဌာန် သင်္ဘောပျံကို ထုတ်ယူနေသည်ကို မြင်၍ မေးလိုက်သည်။ ထို့အပြင် ထိုသင်္ဘောပျံမှာ အဆင့်မြင့် ဝိညာဉ်ပစ္စည်း ဖြစ်ကြောင်း ပြောနိုင်လေသည်။
“ကျုပ်က အရင်ဆုံး လောက ခန်းမကို သွားကြည့်ရမယ်။ အဲဒီမှာ မိတ်ဆွေအချို့ ကျန်နေသေးလို့ ... စီနီယာ အစ်မချိန်ရော ကျုပ်နောက် လိုက်ချင်လား ...” မိုဝူကျီက ချိန်စုယင်၏ ယာဉ်ပျံမှ အဆင့်နိမ့်မှန်း သိ၍ သူက ချိန်စုယင်ကို ဖိတ်ကြားလိုက်ခြင်း ဖြစ်သည်။
ချိန်စုယင်က ခေါင်းခါပြကာ
“ရပါတယ်၊ ကျွန်မလည်း တံခါးပိတ် ကျင့်ကြံဖို့ နေရာဆက်ရှာ လိုက်ဦးမယ်။ ကျွန်မ စွမ်းအားက တကယ်ကို အားနည်း နေသေးတယ် ...”
မိုဝူကျီက သက်ပြင်း ချလိုက်ကာ သူက ချိန်စုယင် အပြုအမူနောက်မှ အဓိပ္ပာယ်များကို နားလည်လေသည်။ ချိန်စုယင်က သူတို့အတူတူ လောက ခန်းမတွင် ပေါ်လာပါက ကြယ်တာရာ ဘုရင်တောင် ရှားမျိုးနွယ်စုနှင့် ပတ်သက်ပြီး သူ ပါဝင်ငြိစွန်း သွားမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
သူက သူမကို နေခိုင်းရန် တခြားနည်းလမ်း မရှိတော့ချေ။ ထို့အပြင် နှစ်ယောက်သားတွင် တစ်မူထူးသည့် ဆက်ဆံရေးမျိုး မရှိကြပေ။
ချိန်စုယင်နှင့် လမ်းခွဲပြီး နောက်တွင် မိုဝူကျီက မြန်မြန်ဆန်ဆန် မမောင်းနှင်ပေ။ ယခု သူက ကျိုးပျက်ဂိုဏ်းကို ရန်စမိပြီ ဖြစ်ရာ သတိတကြီး ထားရန် လိုအပ်ပေသည်။
လဝက် အကြာတွင် မိုဝူကျီက လောကခန်းမနှင့် အလှမ်းကွာနေဆဲ ဖြစ်သော်လည်း အံ့ဩ တုန်လှုပ်ဖွယ် မြင်ကွင်းက သူ့ရှေ့ ပေါ်လာလေ၏။
မရေတွက်နိုင်သည့် ကျင့်ကြံသူများက သားရဲများနှင့် ရင်ဆိုင်နေကြခြင်း ဖြစ်သည်။ အာကာသ ကင်းမြီးကောက်များ၊ အာကာသ ကြွက်များ၊ အာကာသာ လိပ်ပြာများ၊ ရွှေရောင် လူဝံကြီးများနှင့် ပျောက်ကြားမီးခိုး အာကာသ ဝံပုလွေများလည်း ပါဝင်ပေရာ အမျိုးအစား စုံလင် လှပေသည်။
***