မင်းက လောကအဆင့် ဇယားမှာ ဝင်တာလား
Vol. 23 Ch. 306
“အဲဒါဆိုတော့ ခင်ဗျားတို့က အလှလေး ဗန်းပြပြီးတော့ လူတွေကို လာလှည့်ဖြားပြီး စွပ်စွဲတတ်တဲ့ ကျင်းမျိုးနွယ်စုတွေလား ...” မိုဝူကျီက သရော်ကာ ပြောလိုက်သည်။
ဖန်းချီ လုပ်သမျှ အရာများက ဦးနှောက် မရှိသော်လည်း သူ့စိတ်ထဲ၌ ဖန်းချီကို သနား သွားမိသည်။ အကြောင်းမှာ သူလုပ်ခဲ့သည့် အရာများကို ကိုယ်တိုင် ပြန်လည် မြင်တွေ့နေရ သကဲ့သို့ ဖြစ်၏။ ယခင်က မိုဝူကျီသည် အရာအားလုံးတွင် ထူးချွန် ခဲ့သော်လည်း အချစ်နှင့် ပတ်သက် လာလျှင်မူ ဖန်းချီကဲ့သို့ အရူးတစ်ယောက်သာ ဖြစ်ခဲ့သည် မဟုတ်ပါလော။
မည်သို့ပင် ဖြစ်စေ သူက ရှားရိုယင်ကို လုံးဝ ခွင့်မလွှတ်နိုင်ပေ။ ရှားရိုယင်တွင် သူ့အား သေစေမည့် အကြောင်းပြချက် ကောင်းကောင်း ရှိနေလျှင် သူ သိရမည် ဖြစ်၏။ သို့သော်လည်း ရှားရိုယင်က သူ့အား ဘာမျှ မပြောခဲ့ပေ။
မိုဝူကျီက သူ့အရှိန်အဝါကို အလွယ်တကူ ဖယ်ရှားနိုင်သည်ကို မြင်၍ ကျင်းကျန်းစန်က ပို၍ ပေါက်ကွဲလာကာ လက်ဖြင့်လှမ်းဆွဲ လိုက်လေသည်။
သူ့အမြင်တွင် မိုဝူကျီက အများဆုံး အစစ်အမှန် ရေအဆင့် ဖြစ်ဟန် ပေါ်သော်လည်း သူ့အား လှည့်စားရန် မိုဝူကျီက တမင်သက်သက် လှုပ်ရှားမှုများကို ဖုံးကွယ် ထားသည်ဟု ခံစားမိနေသည်။ ကျင်းကျန်းစန်က အစစ်အမှန် ရေအဆင့် ကျင့်ကြံသူကို အနိုင် မယူနိုင်ကြောင်း မယုံကြည်ပေ။
မိုဝူကျီက တစ်လက်မှ မရွေ့ဘဲ ကျင်းကျန်းစန်ဆီ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။
သူက သူနှင့် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ၆ ကြား၌ ကွာခြားချက် မည်မျှရှိကြောင်း စမ်းသပ်ချင်မိသည်။
“ဘန်း ...” သဘာဝ စွမ်းအားများက ပေါက်ကွဲသွားပြီး သူ့ဆီ ရောက်လာသော စွမ်းအား များစွာကြောင့် ထိခိုက် သွားလေသည်။ သူက ရင်ဘတ်အောင့် သွားသော်လည်း ခြေဆယ်လှမ်း ဆုတ်ပြီးနောက် တည်ငြိမ် သွားလေသည်။
မိုဝူကျီက မအံ့ဩပေ။ ထို့အစား ကျေနပ်မိ သွားသည်။ သူက တစ်ဖက်လူနှင့် လက်ရည်တူ မဟုတ်သော်လည်း သဘာဝစွမ်းအား အဆင့်တွင် တစ်ဖက်လူက အာကာသ၌ သူ့ကို သတ်ဖို့ရာ မဖြစ်နိုင်ချေ။
ကျင်းကျန်းစန်လည်း တုန်လှုပ်မိ သွားသည်။ ထိုစဉ် သူက မိုဝူကျီသည် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်ဟုပင် သေချာ သွားလေသည်။ သူ့တိုက်ခိုက်နှုန်းက ရာနှုန်းပြည့် မဟုတ်သေးသော်ငြား အစစ်အမှန် ရေအဆင့် ကျင့်ကြံသူက ခုခံနိုင်လိမ့်မည်ဟု မယုံကြည်ပေ။
“လောကတိုင် အတွင်း တိုက်ခိုက်ရဲတာ ဘယ်သူတွေလဲ ...” အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာပြီး အရပ်ရှည်ရှည် အမျိုးသား တစ်ယောက်က မိုဝူကျီနှင့် ကျင်းကျန်းစန်ကြား ထွက်ပေါ်လာ၏။
ထိုလူခါးမှ အမှတ်အသားပြား အရ အားလုံးက ထိုလူမှာ လောကတိုင်၏ စည်းကမ်း ထိန်းသိမ်းရေးမှူးမှန်း သိလိုက်ကြသည်။ ဤနေရာ လောကတိုင်၌ စည်းကမ်း ချိုးဖျက်ရဲသည့် မည်သူမဆို နေရာတွင် သနားညှာတာခြင်း မရှိ အသတ်ခံရမည် ဖြစ်၏။
“မိုဝူကျီက စည်းကမ်း ထိန်းသိမ်းရေးမှူးကို နှုတ်ဆက်ပါတယ်။ ကျုပ်မိတ်ဆွေတွေနဲ့ ကျုပ်က ဒီမှာ စုဆုံနေတာကို ဒီလူနဲ့ သူ့အပေါင်းအပါတွေက ကျုပ်တို့ကို ရန်လာစတာပါ ...” မိုဝူကျီက စည်းကမ်း ထိန်းသိမ်းရေးမှူးကို မြင်၍ အခြေအနေကို ရှင်းပြကာ နှုတ်ဆက်လိုက်သည်။
ဤလူက ကျင်းကျန်းစန်ထက် အနည်းငယ် အားနည်းသော်လည်း မိုဝူကျီက ဤနေရာရှိ စည်းကမ်း ထိန်းသိမ်းရေးမှူးကို ရန်စမိပါက အကျိုးဆက် မကောင်းမှန်း သိထားသည်။
ထို့အပြင် ဖန်းချီနှင့် အခြားလူများ ဖြစ်စေ သူကိုယ်တိုင် ဖြစ်စေ အရင်ဦးဆုံး ရန်စခဲ့သူများ မဟုတ်ပေ။ လောကခန်းမ အတွင်း မိမိက အရင်ဦးဆုံး စ၍ မတိုက်ခိုက်သရွေ့ အမှား မဟုတ်ချေ။
ကျင်းကျန်းစန်က ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
“နေဟုန်ဇောမြို့မှ ကျင်းကျန်းစန်က စည်းကမ်း ထိန်းသိမ်းရေးမှူးကို နှုတ်ဆက်ပါတယ် ...”
နေဟုန်ဇောမြို့မှ ကျင်းမျိုးနွယ်စုဝင် တစ်ယောက် ဖြစ်သည်ကို ကြားပြီး စည်းကမ်း ထိန်းသိမ်းရေးမှူး မျက်နှာတွင် အမူအရာ ပြောင်းသွားလေ၏။ အဆင့်အတန်း အားဖြင့် သိသာလှစွာ ကျင်းမျိုးနွယ်စုမှာ နယ်လှည့်ကျင့်ကြံသူ ထက်တော့ ပိုသာလေသည်။ မိုဝူကျီက သူ့ဇာစ်မြစ်ကို မပြောသဖြင့် စည်းကမ်း ထိန်းသိမ်းရေးမှူးမှာ ထိုသူက နယ်လှည့် ကျင့်ကြံသူ ဖြစ်ကြောင်း မှန်းဆမိပြီးသား ဖြစ်သည်။
“အသေးစိတ် ပြောပြပါဦး ...” စည်းကမ်း ထိန်းသိမ်းရေးမှူးက မတိုးမလျော့ လေသံဖြင့် မေးလိုက်သည်။
မိုဝူကျီက စည်းကမ်း ထိန်းသိမ်းရေးမှူးသည် ကျင်းကျန်းစန်ကို ထိုမျှ အသံလေးဖြင့် မေးကတည်းမှ ကိစ္စများက အဆုံးသတ် မကောင်းတော့မည်မှန်း သိလိုက်သည်။
အမှန်ပင် ကျင်းကျန်းစန်က မိုဝူကျီအား ကြည့်ကာ ပြောလိုက်သည်။
“စည်းကမ်း ထိန်းသိမ်းရေးမှူးကို ပြောပြပါ့မယ်။ ဒီလူတွေက အရင်တုန်းက ကျုပ်တို့ ကျင်းမျိုးနွယ်စု အစောင့်တွေပါ။ သူတို့တွေ ကျုပ်တို့ ကျင်းမျိုးနွယ်စုက ပစ္စည်းကို ခိုးပြီးတော့ ထွက်ပြေး သွားကြတယ်။ ဒီနေ့မှ ပြန်တွေ့လို့ ဖမ်းဖို့ရာ ကိစ္စကိုလည်း ခွင့်တောင်း ထားပါတယ် ...”
ကျင်းကျန်းစန် ပြောစကားများကို ကြားပြီး စည်းကမ်း ထိန်းသိမ်းရေးမှူးက ခေါင်းညိတ်ကာ မိုဝူကျီနှင့် အခြားလူများကို ကြည့်လိုက်ပြီး
“မင်းတို့တွေ ငါ့နောက်ကို လိုက်ခဲ့ကြ ...”
ထိုသို့ပြောပြီး နောက်တွင် ကျင်းကျန်းစန်ဘက် လှည့်ကာ ပြောလိုက်သည်။
“ခင်ဗျားတို့လည်း လိုက်ခဲ့ကြပါ ...”
မိုဝူကျီက သူတို့သာ ထိုသူနောက် လိုက်သွားပါက ပြန်လာ နိုင်တော့မည်မှန်း မဟုတ်ကြောင်း သိနေသည်။
“စည်းကမ်း ထိန်းသိမ်းရေးမှူး ခင်ဗျာ ... ကျုပ်တို့တွေ အမှန်တရားကို လူထုရှေ့မှာ ဖော်ထုတ် သင့်တယ်လို့ ထင်တယ်။ ကျင်းမျိုးနွယ်စုက လူတွေ လိမ်နေတာပဲ။ ကျင်းမျိုးနွယ်စု လူတွေက ကျုပ်မိတ်ဆွေ ဖန်းချီ ပိုင်တဲ့ ရတနာကို လိုချင်နေကြတော့ ကျင်းတန်ဝူဆိုတဲ့ မိန်းမကို သူနဲ့ ရင်းနှီးအောင် တမင် ကြိုးစားခိုင်းခဲ့ သေးတယ် ...”
မိုဝူကျီ စကားမဆုံးခင် စည်းကမ်း ထိန်းသိမ်းရေးမှူးက အေးစက်စွာ ပြောလိုက်သည်။
“ငါ မင်းကို ဒီနေရာမှာ စည်းကမ်း ဘယ်လို လိုက်နာရမယ် ဆိုတာ သင်ပေးရဦး မလား။ ငါ့နောက်လိုက်ခဲ့ မဟုတ်ရင် ဒီမှာတင် သတ်ပစ်မယ် ...”
အစပိုင်းတွင် ချူချင်းလောင်က မိုဝူကျီကို မြင်သည့်အခါ စိတ်အေး သွားသော်လည်း ကိစ္စများက ထိုသို့ ဖြစ်လာလိမ့်မည်ဟု ထင်မထားပေ။ သူမက တစ်ခုခု ပြောဖို့ရာ မြန်မြန် ရှေ့ထွက် လာလိုက်သည်။
သို့သော်လည်း စည်းကမ်း ထိန်းသိမ်းရေးမှူးက ချူချင်းလောင်ကို စကားပြောခွင့် မပေးဘဲ အော်ပြောလိုက်သည်။
“ဒီလူတွေနဲ ပတ်သက်နေတဲ့ လူအားလုံးကိုပါ ခေါ်ခဲ့ကြ ...”
မိုဝူကျီက ထိုလူမှာ ကျင်းမျိုးနွယ်စုကို ရန်မစချင်မှန်း သိသာလှပြီး သူတို့ကိုသာ ဖိမည်းနေသောကြောင့် ကူကယ်ရာမဲ့ ခံစားလိုက်ရသည်။ သို့သော် သူက ငြင်းဆန်ချက် မရှိဘဲ မည်သို့ ထိုသူ့နောက် လိုက်နိုင်မည်နည်း။
“ခင်ဗျားကြီးက လူတွေကို ခြိမ်းခြောက်ဖို့ နည်းလမ်း ရှိတာပဲ။ သတ္တိရှိရင် စမ်းကြည့်စမ်းပါ ...” မိုဝူကျီ အရှိန်အဝါက ရုတ်တရက် ထွက်ပေါ်လာပြီး လျှပ်စီးအားများက သူ့ခန္ဓာ ဝန်းကျင်၌ စတင်၍ ဖြစ်ပေါ် လာကြသည်။
ထိုစဉ် အားလုံးမျက်မြင် ထားသည်မှ လွဲပြီး အခြား ရွေးချယ်စရာ မရှိတော့ပေ။ ထိုသည်က သဘောတရာများဖြင့် ရှင်းပြနိုင်သည့် အရာ မဟုတ်ချေ။ သူက ဆက်လက် အင်အား နည်းနေပါက လောကတိုင်မှ အသက်ရှင်ရက် ထွက်သွားဖို့ရာ မဖြစ်နိုင်ချေ။
ဘေးနားမှ လူများစွာ ရှိနေသော်လည်း မိုဝူကျီက စည်းကမ်း ထိန်းသိမ်းရေးမှူးကို ပေါ်တင် စိန်ခေါ် ခဲ့သောကြောင့် နောက်ထပ် လူများဝိုင်းအုံ လာကြသည်။
ကျင်းကျန်းစန်က မိုဝူကျီသည် သူ့ကျင်းမျိုးနွယ်စုကို ထိပ်တိုက် ရင်ဆိုင်ရဲသည်ကို မယုံကြည်နိုင်သောကြောင့် သရော်ဟန် ပေါ်လာလေ၏။ အကြောင်းမှာ သူက ဘာမှ မစတင်ရ သေးသော်လည်း တစ်ဖက်လူမှာ တောင့်မခံနိုင်တော့ပေ။
“ဟားဟား ... မင်းလိုမျိုး နယ်လှည့် ကျင့်ကြံသူလေးက ငါလို စည်းကမ်း ထိန်းသိမ်းရေးမှူးကို ဘယ်လို ရင်ဆိုင်မှာလဲ သိချင်စမ်းပါဘိ ...”
သူက ပြောလိုက်ရင်း စောစောမှ ကျင်းကျန်းစန် လုပ်သည့်အတိုင်း မိုဝူကျီဆီ ပြေးဝင် သွားလေသည်။
ချူချင်းလောင်က ဘာလုပ်ရမှန်း မသိတော့သောကြောင့် စိတ်လှုပ်ရှားစွာ ချွေးများပင် ထွက်နေသည်။
ကိစ္စများက ထိုသို့ ဖြစ်လာသည့် အတွက် မိုဝူကျီက နောက်မဆုတ်တော့ချေ။ သူ့တစ်ခုတည်းသော နည်းလမ်းကား တတိယ အလွှာထိ သွားကာ အာကာသ ဝင်ပေါက်မှ တစ်ဆင့် ထွက်ပြေးရန် ဖြစ်သည်။
စည်းကမ်း ထိန်းသိမ်းရေးမှူးက မိုဝူကျီကို ဆွဲလိုက်သောကြောင့် မိုဝူကျီက လျှပ်စီးများ ပြန်ထုတ်လိုက်သည်။
“ဘန်း ...” မိုဝူကျီကို ဆွဲထားသည့် လက်မှာ လျှပ်စီးချက် မိသွားလေသည်။ သူက ကျင်းကျန်းစန် လောက်ပင် အားမကောင်းသေးသည့် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ၂သာ ဖြစ်သေး၏။ သို့သော်လည်း သူက စည်းကမ်း ထိန်းသိမ်းရေးမှူး ဖြစ်နေသောကြောင့် မည်သူက ဘာလုပ်ရဲ မည်နည်း။ သူ့ထက် ကျင့်ကြံဆင့် မြင့်သော ပုဂ္ဂိုလ်ရှေ့တွင် အသံနိမ့် ပြောဖို့ရာပင် လိုအပ်၏။
မိုဝူကျီရှေ့တွင် သူက အရှိန်အဝါများ ပြဖို့ရန် ကြိုးစားခြင်း ဖြစ်၏။ သူက ထိုသို့ မပြလျှင်ပင် သူက မိုဝူကျီကဲ့သို့ အရွယ် မရောက်သေးသော သူကို ကြောက်မနေပေ။
သို့သော်လည်း မိုဝူကျီက သူ့လက်ကောက်ဝတ်ကို လျှပ်စီးအားဖြင့် ချိုးလိုက်သည့် နောက်တွင် မိုဝူကျီက သူ့ထက် အားမနည်းကြောင်း သတိပြုမိ လိုက်သည်။ ပို၍ အံ့အားသင့်ဖို့ ကောင်းသည်က မိုဝူကျီက အမှန်ပင် လက်တုံ့ပြန် လိုက်ခြင်း ဖြစ်သည်။
“ဘန်း ...” ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် စည်းကမ်း ထိန်းသိမ်းရေးမှူးက တွေဝေခြင်း မရှိ အလင်းတန်းကို ပစ်လွှတ်လိုက်သည်။ ထိုသည်မှာ စည်းကမ်း ထိန်းသိမ်းရေးမှူးများ အနေနှင့် သူ့ထက် အားကောင်းသော ကျင့်ကြံသူနှင့် ရင်ဆိုင်ရစဉ် အကူအညီအတွက် အချက်ပြခြင်း ဖြစ်သည်။
အားလုံးက မိုဝူကျီနှင့် ကျန်လူများကို သနားစွာ ကြည့်လိုက်ကြသည်။ အကြောင်းမှာ မိုဝူကျီနှင့် ကျန်လူများက သေသည်ထက် ဆိုးရွားခြင်းနှင့် ကြုံတွေ့ ရတော့မည်မှန်း သိကြ၍ ဖြစ်သည်။
“ဘန်း ...” ကြောက်မက်ဖွယ် အရှိန်အဝါက ကျရောက်လာပြီး မိုဝူကျီအတွက် တစ်စုံတစ်ယောက်၏ အရှိန်အဝါကြောင့် ပထမအကြိမ် နောက်ဆုတ် လိုက်ရခြင်း ဖြစ်ကာ ချူချင်းလောင်နှင့် ဝင်တိုက်မိ သွားသည်။ ချူချင်းလောင်က မိုဝူကျီ ထပ်၍ နောက်မဆုတ်လာရန် လုပ်ပေးလိုက်သည်။
ဤလူမှာ သေချာပေါက် စစ်မှန်ခြင်း နတ်ဘုရား နောက်ပိုင်း အဆင့်တွင် ဖြစ်လိမ့်မည်။ မဟုတ်လျှင် မိုဝူကျီက ထိုမျှ ကြောက်မက်ဖွယ် အင်အားကို မကြုံတွေ့ဖူးသေးပေ။ တစ်ဖက်လူ အင်အားကို အတည်ပြုပြီး နောက်အခိုက်အတန့်တွင် မိုဝူကျီက စတင်၍ စိုးရိမ်လာမိသည်။ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ရှေ့မှောက်တွင် သူက သုံးလွှာထိ သွား၍ အာကာသထဲ ထွက်ပြေး လွတ်မြောက် နိုင်မည်လား။ အကယ်၍ သူက လွတ်မြောက်ခဲ့ လျှင်လည်း သူက ထိုနေရာတွင် ဘာလုပ် ရမည်နည်း။
အကယ်၍ အခြားနည်းလမ်း မရှိတော့လျှင် သူက မော့လန်ဟန် ပေးထားသည့် အလံကို အသုံးပြုရမည်။ အရှင်းဆုံး ပြောရလျှင် မိုဝူကျီက ထိုအလံကို အသုံးမပြုချင်ပေ။ အကယ်၍ သူ သုံးလိုက်ပါက နောင်တွင် ထိုသူ့အပေါ် ကျေးဇူးကြွေး တင်သွားပေ လိမ့်မည်။
ထို့နောက် အဝါရောင် မုတ်ဆိတ်နှင့် အမျိုးသားက လောကတိုင် ပထမအထပ်သို့ ရောက်ရှိလာပြီး မိုဝူကျီနှင့် ကျန်လူများ အပါအဝင် ကျင်းမျိုးနွယ်စုဝင် အားလုံးကိုရော ကြည့်လိုက်ပြီးနောက် ဘေးမှ မိုဝူကျီကြောင့် လက်ကျိုးသွားသည့် စည်းကမ်း ထိန်းသိမ်းရေးမှူးကို ကြည့်ကာ မေးလိုက်သည်။
“ပြော ...” အဝါရောင် မုတ်ဆိတ်နှင့် အမျိုးသားက တစ်လုံးတည်း ပြောလိုက်သည်။
စည်းကမ်း ထိန်းသိမ်းရေးမှူးက ချက်ချင်း ဆိုသလို မိုဝူကျီက စည်းကမ်း ထိန်းသိမ်းရေးမှူး ညွှန်ကြားချက်များကို မည်သို့ ကလန်ကဆန် လုပ်ထားကြောင်း စကား အပိုများ ထပ်ပြောရင်း ရှင်းပြလိုက်သည်။
အဝါရောင် မုတ်ဆိတ်နှင့် အမျိုးသားက မိုဝူကျီအား နောက်တစ်ကြိမ် ကြည့်ကာ အေးစက်စက် မေးလိုက်သည်။
“အမှန်လား ...”
အကယ်၍ သာမန် ကျင့်ကြံသူ ဖြစ်နေပါက အဝါရောင်မုတ်ဆိတ် လူကြီးက အဘယ်ကြောင့် စကားပြော နေမည်နည်း။ အကြောင်းမှာ မိုဝူကျီက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် မရောက်သေးသော်လည်း သူက ဟောင်ကျန်းကို ဒဏ်ရာ ရစေခဲ့သည်။ သူ့တာအို အဆင့် မသိသာသည်မှာ သူတို့ ကျင့်ကြံဆင့်ကို အများဆီမှ ဖုံးကွယ်ထားသည့် ကျင့်ကြံသူများစွာ ရှိတတ်ကြ၏။ ဟောင်ကျန်းက တစ်ဖက်လူကို အထင်သေး၍ ဂရုမစိုက်လျှင်ပင် အစစ်အမှန်ရေ ကျင့်ကြံသူ အနေနှင့် ဟောင်ကျန်း လက်ကို ချိုးဖို့ရာ မလွယ်ကူလှချေ။
အကယ်၍ မိုဝူကျီက အစစ်အမှန် ရေအဆင့် ဖြစ်နေလျက်နှင့် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အစောပိုင်း အဆင့်ကို ဒဏ်ရာ ရစေနိုင်ခဲ့လျှင် မိုဝူကျီမှာ သေချာပေါက် ရိုးရှင်းသည့် နယ်လှည့် ကျင့်ကြံသူ မဟုတ်လောက်ချေ။ နောက်ထပ် ကိစ္စရပ် တစ်ခုကား လောကခန်းမမှာ အင်အား ပြန်လည် တည်ဆောက်နေဆဲ ဖြစ်ကာ လူအများကြီး ရှေ့တွင် သူက ဤကိစ္စကို သေချာ မကိုင်တွယ်နိုင်ပါက သတင်းပြန့် သွားသည့်အခါ ကြီးမားသည့် သက်ရောက်မှု ဖြစ်လာပေလိမ့်မည်။
အကယ်၍ သူက ဂရုမစိုက်ဘဲ အမှား လုပ်မိပါက လောက ခန်းမတွင် နောက်တစ်ကြိမ် ခေါင်းမော့ နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် အခြေအနေ ရှင်းရှင်းလင်းလင်း မသိရခင် အရမ်းကာရော မဆောင်ရွက်ရဲချေ။
မိုဝူကျီက လက်သီးဆုပ်ကာ အရိုအသေ ပေးလိုက်ရင်း
“အဲလူက လျှောက်ပြော နေတာပါ။ သူက ကျင်းမျိုးနွယ်စုကို တိတ်တိတ်လေး ကူညီချင်တော့ ကျုပ်တို့ကို လာမည်းတာပါ။ အမှန်တော့ ကျင်းမျိုးနွယ်စုက ကျုပ်မိတ်ဆွေရဲ့ မိသားစု ရတနာကို လုယူဖို့ ကျင်းမျိုးနွယ်စုက မိန်းကလေးကို ရိုးသားဟန် ဆောင်ပြီး ဆွဲဆောင်ဖို့ ချဉ်းကပ် ခိုင်းခဲ့တာပါ။ အခု သူတို့က ပစ္စည်းကို ရသွားတော့ နှုတ်ပိတ်ချင် နေတာပါ ...”
ကျင်းကျန်းစန်က ရှေ့တက်လာကာ ပြောလိုက်သည်။
“စီနီယာယူ အမှန်တော့ ...”
ကျင်းကျန်းစန် စကားများအရ သူက ထိုစစ်မှန်ခြင်း နတ်ဘုရား အဆင့်ကို မှတ်မိနေမှန်း ပြောနိုင်လေသည်။
အဝါရောင် မုတ်ဆိတ်နှင့် အမျိုးသားက ကြိမ်းမောင်းလိုက်ပြီး
“မင်းကို မေးရသေးလို့လား ...”
သူက ထိုသူမှာ ကျင်းမျိုးနွယ်စုမှန်း သိသော်လည်း စိတ်ထဲ ထားဟန် မပေါ်ပေ။ ကျင်းမျိုးနွယ်စုမှာ အောင်မြင်မှု ရရန် ယန်မျိုးနွယ်စုဆီ တွယ်ကပ် နေသောကြောင့်သာ သူက ထိုကျင်းမျိုးနွယ်စုကို အမှန်ပင် ဂရုမစိုက်ပေ။
“မင်းရဲ့ လောက အမှတ်အသားပြားကို ပြ ...” အဝါရောင် မုတ်ဆိတ်နှင့် အမျိုးသားက မိုဝူကျီကို လေးလေးနက်နက် ပြောလိုက်သည်။
မိုဝူကျီက လောက အမှတ်အသားပြား ထုတ်ကာ ပေးလိုက်သည်။
“မိုဝူကျီ၊ လောက ရမှတ် - ၂၆၈၁၁၊ အဆင့် - ၉၉၅၁” ထိုလူက မိုဝူကျီက တအံ့တဩ ကြည့်ကာ မေးလိုက်သည်။
“မင်းက လောကအဆင့် ဇယား ဝင်တာလား ...”
မိုဝူကျီက ထိုအဝါရောင် မုတ်ဆိတ်နှင့် အမျိုးသားလည်း ကျင်းမျိုးနွယ်စုကို ရန်စဖို့ရာ ရည်ရွယ်ချက် မရှိသော်လည်း သူ့အမှတ်အသားပြားမှ လောကအဆင့် ဇယားဝင်နေမှန်း သိသည့်အခါ ဆက်ဆံပုံ ပြောင်းလဲ သွားလေသည်။ ထို့ကြောင့် သူက လက်နှစ်ဖက် ယှက်လျက်
“ဒီဂျူနီယာလေးက လောကအဆင့် ဇယားကို ဝင်ခါစလေးပါ ...”
မိုဝူကျီ စကားများကို ကြားပြီး ကျင်းကျန်းစန် ဦးခေါင်းတွင် တဝီဝီ မြည်လာရင်း တစ်ကိုယ်လုံး မလှုပ်မယှက် ဖြစ်သွားလေသည်။
***