ယန်ယန်ဒေါင်၏ စွမ်းအား
Vol. 23 Ch. 308
ဤနေရာတွင် လူပေါင်းစုံ ရှိသောကြောင့် မိုဝူကျီက ဂူရှောက်ယင်မှာ သူ့တျန်းဂျီတုတ်ကို မှတ်မိ နေနိုင်သဖြင့် သူ့တျန်းဂျီတုတ်ကို ထုတ်မသုံးရဲပေ။ သူ ထုတ်သုံးလိုက်သည့် အခိုက်အတန့်တွင် သတင်း စကားများက ဂူရှောက်ယင်ဆီ ရောက်ရှိ သွားနိုင်၏။
ရှစ်မြှောင့်ထောင့် သံမဏိတူက သူ့ရှိသမျှ အလယ်အလတ် အဆင့် မှော်ရတနာများတွင် အကောင်းဆုံး ပစ္စည်း ဖြစ်ရာ ထိပ်တန်း တစ်ပိုင်းအဆင့် ဝိညာဉ် ပစ္စည်းဖြင့် တူညီ၏။ သူ့တွင် တုတ်နည်းစနစ်များ မရှိသည့် အတွက် သူ့သံမဏိ တူကို အသုံးပြုခြင်းက တျန်းဂျီတုတ်ကို အသုံးပြုခြင်းနှင့် ကွာခြားချက် များစွာ ရှိမည် မဟုတ်ပေ။
“ဘန်း ...” မိုဝူကျီ၏ သံမဏိတူက တစ်ပတ် အပြည့်အဝ မရောက်သေးခင် လက်တစ်ဖက်ဖြင့် ရပ်တန့်ခံ လိုက်ရသည်။
“လောကတိုင်က လောက ခန်းမမှာ အရေးကြီးဆုံး နေရာပဲ ... ဘယ်လိုလုပ် ဒီမှာ တိုက်ရမှာလဲ။ မိုဝူကျီ ဒါက မင်းကို ပထမဆုံး သတိပေးတာ ဆိုတော့ ဘာမှ အရေး မယူတော့ဘူး ...” အဝါရောင် မုတ်ဆိတ်နှင့် အမျိုးသားက မိုဝူကျီ၏ သံမဏိတူကို လွှတ်ကာ ပြောလိုက်သည်။
မိုဝူကျီက စစ်မှန်ခြင်း နတ်ဘုရား အဆင့် စည်းကမ်း ထိန်းသိမ်းသူနှင့် ရင်ဆိုင်ဖို့ရာ ထိုမျှအထိ မလုပ်ဆောင်ပေ။ သူ့ လှုပ်ရှားလိုက်သည့် ပထမဆုံး ရည်ရွယ်ချက်မှာ အကယ်၍ စည်းကမ်း ထိန်းသိမ်းသူသာ ဝင်မတားပါက မိုဝူကျီသည် ချူချင်းလောင်နှင့် အင်အား ပေါင်းစပ်၍ ကျင်းကျန်းစန်ကို တိုက်မည် ဖြစ်သည်။ အကယ်၍ စည်းကမ်း ထိန်းသိမ်းသူက ဝင်တားခဲ့ပါက သူက သေချာပေါက် အပြင်းအထန် တောင်းဆိုမည် မဟုတ်ပေ။
“ဟုတ်ကဲ့ပါ ...” မိုဝူကျီက သူ့သံမဏိ တူလေးကို သိမ်းကာ လက်နှစ်ဖက် ယှက်ကာ ပြောလိုက်သည်။
“စည်းကမ်း ထိန်းသိမ်းရေးမှူး ခင်ဗျာ ... ကျင်းမျိုးနွယ်စုဝင်တွေက ကျုပ်တို့ကို စွပ်စွဲခဲ့ပြီးတော့ အရင် တိုက်ခိုက်ခဲ့တာ ကြတော့ ဘယ်လို လုပ်ပေးမှာလဲ ...”
အဝါရောင် မုတ်ဆိတ်နှင့် အမျိုးသားက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဒီကိစ္စက ခင်ဗျားတို့ကြားက ကိုယ်ရေးကိုယ်တာ ကိစ္စဆိုတော့ ကျုပ်လောက ခန်းမနဲ့ ပတ်သက်မှု မရှိဘူး။ ဒါပေမဲ့ ကျင်းမျိုးနွယ်စုက အရင် စတိုက်ခိုက်ခဲ့တယ် ဆိုတဲ့ အချက်ကိုတော့ စစ်ဆေးပေးမယ်။ နောင်သုံးရက် အကြာကျ အဖြေ ပြန်ပြောပြ ပေးမယ် ...”
“စည်းကမ်း ထိန်းသိမ်းရေးမှူးကို ကျေးဇူး တင်ပါတယ် ...” မိုဝူကျီနှင့် ကျန်လူများက ကျေးဇူးတင်ကြောင်း ဖော်ပြ လိုက်ကြသည်။
ကျင်းကျန်းစန်မှာ ဖန်းချီတို့ အဖွဲ့က ဘာဒဏ်ရာမှ မရရှိစဉ် သူ့လူများနှင့် ကျန်းချီလန်းမှာ ဒဏ်ရာ အပြင်းအထန် ရထား လေသောကြောင့် ဘာမှ မပြောရဲချေ။ မိုဝူကျီနှင့် အခြား လူများကို မတိုက်ခိုက်ခင် သူက အကြောင်း ကြားထားသည့် ကိစ္စကို နှုတ်ပိတ်နေ လိုက်သည်။ ထိုနည်းလမ်းက နယ်လှည့် ကျင့်ကြံသူ အချို့ကို ခြောက်လှန့် နိုင်သော်လည်း စစ်မှန်ခြင်း နတ်ဘုရားအဆင့် စည်းကမ်း ထိန်းသိမ်းရေးမှူး ရှေ့တွင် သွားပြောပါက ထိုသူမှာ ဒေါသထွက် လာနိုင်၏။ ထိုသည်မှာ ဤနေရာတွင် တစ်စုံ တစ်ယောက်၏ ပစ္စည်းကို ခိုးယူခြင်းဟု စွပ်စွဲမိခြင်းက အရမ်းသိသာ သွားပေလိမ့်မည်။
“ကောင်းပြီ ...” ဤစစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူက ခေါင်းညိတ်ပြီးနောက် ‘ ဟောင်’ မျိုးရိုးနာမည်နှင့် စည်းကမ်း ထိန်းသိမ်းသူကို ဆွဲခေါ်ကာ လေအတွင်း ပျောက်ကွယ် သွားလေသည်။
သူက မိုဝူကျီသည် ထိုလူ့ကို ဒဏ်ရာ ရစေသည့် ကိစ္စကို ထည့်ပင် မပြောသွားခဲ့ပေ။
“အစ်ကိုမို ကြောင့်သာ မဟုတ်ရင် ကျွန်မတို့တွေ ...” ရုန်ဟယ် အသံမှာ အနည်းငယ် တုန်ရီ နေလေ၏။ သူမသည် သူတို့သာ ကျင်းမျိုးနွယ်စုဆီ ပြန်လည်ခေါ်ဆောင် ခံသွားရပါက ဆိုးရွားသော ဆက်ဆံမှုများက စောင့်ကြိုနေမည် ဖြစ်ကြောင်း သိ၏။
ဖန်းချီနှင့် ရှုန်းရှင်းထန်က ထပ်၍ ကျေးဇူးတင် စကား မပြောကြတော့ပေ။ သူတို့အတွက် မိုဝူကျီမှာ သူတို့ အသက်များကို ကယ်လိုက်ရုံ သာမက သူတို့ မာနကိုလည်း ကယ်တင်နိုင် လိုက်သည်။ နောင်တစ်ချိန်တွင် တစ်ခုခု ဖြစ်ပျက်လာပါက သူတို့က မိုဝူကျီအတွက် သူတို့ အသက်များ စွန့်လွှတ် ဖို့ရန်ပင် စိတ်ထဲ ပြင်ဆင် ထားကြသည်။ ထို့ကြောင့် စကားလုံးများက ရိုးရိုးရှင်းရှင်း မလိုအပ်တော့ပေ။
မိုဝူကျီက ရယ်မောကာ
“ကျုပ်က အာကာသထဲ ရောက်နေလို့ နောက်ကျသွားတယ်။ တစ်နေရာရာမှာ ထိုင်ပြီးတော့ ဆွေးနွေးကြ ရအောင်လေ ...”
သုံးရက် အကြာတွင် အဝါရောင် မုတ်ဆိတ်နှင့် အမျိုးသားက ဖြေရှင်းချက် ပေးမည်ဟူသော စကားကို မရှင်းလင်းသူမှာ သူတစ်ယောက်တည်း မဟုတ်ပေ။ အားလုံးက စစ်ဆေးမှုမှာ ထိုမျှ မကြာမြင့်ကြောင်းနှင့် နောက်သုံးရက် အကြာ တိုက်ပွဲမှ အနိုင်ရရှိသူပေါ် မူတည်၍ ရှင်းပြလိမ့်မည် ဖြစ်ကြောင်း သိကြသည်။
အကယ်၍ မိုဝူကျီသာ ရှုံးသွားပါက သေခြင်းတရား ဖြစ်ကာ သူ့ကို ပြောပြဖို့ရာ မလိုအပ်တော့ပေ။ အကယ်၍ သူ အနိုင်ရရှိ သွားပါက ယန်ယန်ဒေါင် အတွက် သေခြင်းတရား ဖြစ်ပြီး အဆုံးသတ်တွင် မိုဝူကျီပင် စည်းကမ်း ထိန်းသိမ်းရေးမှူးက မည်သို့ ဖြေရှင်းချက် ပေးမည်ကို ခန့်မှန်းမရပေ။ အဝါရောင် မုတ်ဆိတ်နှင့် လူကြီးက သူ့အား ဖြေရှင်းချက် အပြည့်အစုံ ပေး၍ ယန်မျိုးနွယ်စုနှင့် ရန်ဖက် ဖြစ်လာနိုင်သည့် အကျိုးဆက်ကို ခံရန် ဆန္ဒရှိလိမ့်မည်ဟု မယုံပေ။
အဝါရောင် မုတ်ဆိတ်နှင့် လူကြီးအတွက် မိုဝူကျီက ယန်ယန်ဒေါင် လက်ချက်ဖြင့် သေသွားလျှင် အကောင်းဆုံး အခြေအနေ ဖြစ်၏။
လောကခန်းမ အတွင်း ဟိုတယ်များနှင့် တည်းခိုခန်း များစွာ ရှိလေသည်။
လောကတိုင် ဟိုတယ်မှာ လောကခန်းမ အတွင်း လူသိအများဆုံး ထဲမှ တစ်ခု ဖြစ်သည်။ လေထုက သက်သောင့်သက်သာ ဖြစ်ရုံသာမက သူတို့ ရောင်းချသည့် အရာအားလုံး မှာလည်း အကောင်းဆုံး ဖြစ်၏။ ပုံမှန်အားဖြင့် ဤနေရာတွင် ဈေးအမြင့်ဆုံး ဖြစ်လေ၏။
သို့သော်လည်း မိုဝူကျီက အကြိုက်ဆုံး ဖြစ်နေခြင်းမှာ သူတို့က သေရည်လေး သောက်ပြီး စကားပြောလို့ ရသည့်အပြင် လူရှုပ်ခြင်းလည်း ရှောင်ရှား နိုင်လေသည်။ ဤနေရာရှိ ဝိညာဉ် စွမ်းအားများက ဆူးနစ် လေဂိတ်လောက် မသန့်စင်၊ မသိပ်သည်းပေမဲ့ အခြားသော နေရာများထက် စာလျှင် များစွာ ပိုကောင်းပေသည်။
“အစ်ကိုမို ... ဒီတစ်ကြိမ်တော့ ခင်ဗျားကို ပြဿနာထဲ ဆွဲသွင်းမိတာ ကျုပ်ပါ ...” သူတို့ သီးသန့် အခန်းထဲ ဝင်လာသည့် အခိုက်အတန့် ဖန်းချီက မတ်တတ်ရပ်ကာ ဆိုလိုက်သည်။ ထိုစဉ် သူ့မျက်နှာတွင် ဝမ်းနည်းမှု အရိပ်အယောင်များ ရှိမနေတော့ချေ။
ချူချင်းလောင်က ပြောလိုက်သည်။
“စောစောလေးက သူတို့တွေက လောက ခန်းမကနေ ထွက်သွားမယ် လုပ်နေကြတာ။ ဒါပေမဲ့ ကျွန်မလည်း သူတို့ကို ဘယ်လို ဖျောင်းဖျရမှန်း မသိဘူး ...”
ရုန်ဟယ်က ရှင်းပြ လိုက်လေ၏။
“ကျွန်မက အရမ်း အားနည်းတော့ အစ်မချူရဲ့ ရမှတ်တွေကိုပဲ ဆက်တိုက် သုံးနေရတာ ... ဒီနေရာက ကျွန်မတို့နဲ့ မသင့်တော်ဘူး ထင်ပြီးတော့ အစ်ကိုကြီး ဖန်းချီက ထွက်သွားဖို့ ပြောခဲ့တာပါ ...”
မိုဝူကျီက မပြောခင် အားလုံးကို ထိုင်ဖို့ရာ အချက်ပြ လိုက်သည်။
“ပြဿနာက ရမှတ်တွေ ဆိုရင် ပြဿနာ မဟုတ်တော့ဘူး။ ကျုပ်မှာ ရမှတ်သောင်းကျော် ရှိတယ်ဆိုတော့ ကျုပ်တို့အားလုံး ဒီမှာနေဖို့ လုံလောက်မှာပါ။ ပြီးတော့ အခု ထွက်သွားရင် ကျားဂူထဲ ဝင်သွားတာနဲ့ အတူတူ ဖြစ်နေလိမ့်မယ် ... ဒီနေရာက ကိစ္စတွေ ဖြေရှင်းပြီးတာနဲ့ အာကာသထဲ သွားပြီးတော့ ရမှတ်တွေ ထပ်စုကြတာပေါ့။ ခင်ဗျားတို့အားလုံး အင်အားတိုးလာတဲ့ အချိန်ကျ ဒီနေရာက ထွက်သွား ကြမယ်လေ ... ဘယ်လိုလဲ ...”
မိုဝူကျီ မျက်လုံးထဲ၌ ဤနေရာသို့ လာခြင်းက ရမှတ်များကို စုဆောင်းလိုသည့် ရည်ရွယ်ချက် တစ်ခုသာ ရှိ၏။ လောကအဆင့် ဇယားက ရမှတ်များပေါ် မူတည်၍ ဖြစ်တည်လာခြင်း ဖြစ်ရာ ရမှတ်များကို သုံးစွဲပစ် လိုက်လျှင်ပင် ထိုအမှတ်များဖြင့် အဆင့်ဇယား ဝင်နေဦးမည် ဖြစ်သည်။
အားလုံးက မိုဝူကျီ ပြောသည့် ‘အရာအားလုံး ဖြေရှင်းပြီးနောက်’ ဟူသော နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည် ကြလေသည်။ သူက ယန်ယန်ဒေါင်နှင့် သေမင်း တိုက်ပွဲကို ဆိုလိုခြင်း ဖြစ်သည်။
“ဒီနေ့က စပြီးတော့ ကျုပ်တို့ သုံးယောက်က အစ်ကိုမို ပြောတဲ့ အတိုင်း သေဆိုသေ ရှင်ဆိုရှင် နေကြမယ် ...” ဖန်းချီက တွန့်ဆုတ် တွေဝေနေခြင်း မရှိ ပြောလိုက်သည်။
မိုဝူကျီက လက်မြှောက်ပြကာ
“ညီလေးဖန်းက အလေးနက်ကြီး ထားနေပြန်ပါပြီ ... ဒီနေရာမှာ အားလုံးက မိတ်ဆွေတွေပဲကွာ ... တစ်ယောက်နဲ့ တစ်ယောက် ကြည့်ရှု ရမှာပေါ့ ...”
ချူချင်းလောင်က စိုးရိမ်စွာ ပြောလိုက်သည်။
“ဝူကျီ ... ရှင် ယန်ယန်ဒေါင်ရဲ့ တကယ့် အင်အား အစစ်အမှန်ကိုရော သိလား ...”
မိုဝူကျီက ခေါင်းခါပြရင်း တည်တည်တံ့တံ့ ပြန်မေးလိုက်သည်။
“အစ်မချူက ပြောပြပေးပါဦး ...”
သူက ယန်ယန်ဒေါင်ကို များစွာ မမျှော်မှန်း ထားပေမဲ့ သူ့အတွက် ပြိုင်ဘက်ကို နားလည်ရန် လိုအပ်ပေသည်။ တိုက်ပွဲအတွင်း တစ်ဖက်လူကို အထင်သေးပါက သူ့အသက်လေး အန္တရာယ် များပေလိမ့်မည်။
ချူချင်းလောင်က ဆက်ရှင်းပြ လိုက်သည်။
“ယန်မျိုးနွယ်စုရဲ့ အရည်ချင်းရှိဆုံး ကြယ်ပွင့်က ယန်ယန်းနန်တဲ့။ ယန်ယန်ဒေါင်ရဲ့ ညီလေးပေါ့ ... ယန်ယန်းနန်းက လူသားအဆင့် ဇယားမှာ အဆင့်တစ် ရနေတဲ့အခါမှာ ယန်ယန်ဒေါင်က အဆင့်၇၆ပဲ ရတယ်။ လူသားအဆင့်နဲ့ ဆိုရင်တော့ ယန်ယန်ဒေါင်က သူ့ညီလေးထက် အားမကောင်းဘူး ... ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ယန်ယန်ဒေါင်က သူ့အင်အားကို တိုးသွားစေတဲ့ အံ့မခန်း အမွေအနှစ် တစ်ခုကို ရလိုက်တယ်။ သူက အစစ်အမှန်ရေ အလယ်အလတ် အဆင့် ရောက်တဲ့အခါမှာ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်၁ ကျင့်ကြံသူကို တစ်ယောက်ချင်း ရင်ဆိုင်ပြီး သတ်နိုင်ခဲ့တယ် ... မြေကမ္ဘာ အဆင့်ရ ဆိုရင်တော့ ယန်ယန်ဒေါင်က ယန်ယန်းနန်းထက် ပိုအားကောင်း သွားပြီ။ ကျွန်မ ထင်တာတော့ ယန်ယန်ဒေါင်က အစစ်အမှန်ရေ အဆင့် ၅ မကတော့ဘူး ... အဆင့် ၆ ရောက်နေပြီ။ သူက အရမ်း လျှို့ဝှက်တာ ဆိုတော့ သူ အဆင့် ၇ ရောက်နေတယ် ဆိုရင်တောင် အံ့ဩမိမှာ မဟုတ်ဘူး။ သူက မိန်းမတစ်ယောက် အတွက်နဲ့ ရှင့်ကို စိန်ခေါ်တာက သူနဲ့ မတူဘူး ...”
မိုဝူကျီက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူကို သတ်နိုင်ခဲ့ကာ ထိုသူမှာ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့် ရောက်နေပြီ ဖြစ်သောကြောင့် ခံစားချက် ကင်းမဲ့ သွားလေသည်။ သို့သော်လည်း ထိုအရာမှာ ဆူးနစ်လေဂိတ် အတွင်းတွင် ဖြစ်သည့်အပြင် သူက လေလွတ်မြောက်ရေး ပညာရပ်ကို နားလည်သည့် အတွက် လေနှင့် တစ်သားတည်း ဖြစ်လာ၍ ဆူးနစ်လေဂိတ် ကဲ့သို့သော နယ်ပယ်တွင် သူ့ စွမ်းဆောင်ရည် ကန့်သတ်ချက် မရှိတော့သောကြောင့် ဖြစ်သည်။ ထို့အပြင် သူ့ပြိုင်ဘက်မှာ သူနှင့် ရင်ဆိုင်ရာတွင် အင်အား နည်းသွားပေ၏။
သာမန် အခြေအနေ အောက်တွင် သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့်မှ ကျင့်ကြံသူကို သေချာပေါက် သတ်နိုင်လိမ့်မည် မဟုတ်ပေ။ မိုဝူကျီက သူ့အင်အားကို သတိပြုမိပြီးပြီ ဖြစ်ရာ သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အခြေခံ အဆင့်မှ သူကိုပင် နည်းလမ်းမျိုးစုံ သုံး၍ ဒဏ်ရာရအောင် လုပ်ရမည် ဖြစ်သည်။ တစ်ဖက်လူကို အဆုံးသတ်ပစ် ဖို့ရန်အတွက် သူက အခြေအနေ ကြည့်ရလိမ့်မည်။
သို့သော်လည်း မိုဝူကျီအတွက် ယန်ယန်ဒေါင်သည်လည်း ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ၁ကို သတ်ဖို့ရန် နည်းလမ်းမျိုးစုံ၊ လှည့်ကွက်မျိုးစုံ သုံးရသည်ကို သတိပြုမိဖို့ရာ သိပ်မကြာလိုက်ပေ။ မည်သို့ပင် ဆိုစေကာမူ ယန်ယန်ဒေါင်က သူသည် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ၂မှ ကျင့်ကြံသူ လက်ကို ချိုးလိုက်တာ မြင်တွေ့ ထားသော်လည်း သူ့အား သေမင်းတိုက်ပွဲ စင်မြင့်ကို စိန်ခေါ်ရဲသည့် အတွက် သူ့ကိုယ်သူ အတော်လေး ယုံကြည်ချက် မြင့်နေ၍သာ ဖြစ်ရမည်။
“ကျေးဇူး တင်ပါတယ် အစ်မချူ ... ကျုပ်လည်း ဂရုစိုက်ပါ့မယ် ...” မိုဝူကျီက ပြောလိုက်သည်။
သူက အဝါရောင် မုတ်ဆိတ်နှင့် အမျိုးသားမှာ သူ့ကို မျက်နှာသာ ပေးသွားကြောင်း နားလည်လေ၏။ အကြောင်းမှာ အမှန်တရားက သူသည် မိုဝူကျီက ယန်ယန်ဒေါင်ကို အနိုင်ရလိမ့်မည်ဟု တွေးမထားသောကြောင့် ဖြစ်သည်။
မိုဝူကျီက ထိုလူ လုပ်သည်က မှားယွင်း နေသည်ဟု မထင်သဖြင့် သက်ပြင်းသာ ချလိုက်မိသည်။ အကယ်၍ ယန်မျိုးနွယ်စုသာ ထိုမျှ အင်အား ကောင်းနေပါက သူ့အတွက် ထိုသို့ လုပ်ရဲခြင်းက အမှန်ပင် အံ့ဩဖွယ် ဖြစ်နေလေပြီ။ တခြား တစ်ယောက်၏ စွမ်းအားကို မှီခိုသည်က ခဏတာ ယာယီမျှသာ ဖြစ်ပြီး ကိုကိုယ်တိုင်သာ အားကိုး ရလိမ့်မည်။ မိုဝူကျီက မော့လန်ဟန် အလံကို ထုတ်မသုံးခဲ့ ရသဖြင့် ပျော်ရွှင် နေမိသည်။ အကြောင်းမှာ မော့မျိုးနွယ်စုက သူ့ကဲ့သို့ အစစ်အမှန် ရေအဆင့် ကျင့်ကြံသူလေး အတွက် ယန်မျိုးနွယ်စုနှင့် ထိပ်တိုက် ရင်ဆိုင်ရန် ဆန္ဒရှိမလား ဆိုတာ မည်သို့ သေချာမည်နည်း။
လောကတိုင်မှ အဖြစ်အပျက်များသည် လောကခန်းမ အတွင်းရှိ လူအားလုံးကို စိတ်လှုပ်ရှားစေ သွားသည်။ လောက ခန်းမတွင် အသစ်လေးများ သို့မဟုတ် ပါရမီရှင်များ ပေါ်ထွက်လာလျှင် ရက်အနည်းငယ် ကြာသည့်အထိ ဆွေးနွေးစရာ ခေါင်းစဉ် တစ်ခုမှာ နယ်လှည့် ကျင့်ကြံသူ မိုဝူကျီနှင့် ယန်မျိုးနွယ်စု၏ ပါရမီရှင် ယန်ယန်ဒေါင်တို့ ကြားမှ သေမင်း တိုက်ပွဲအကြောင်း ဖြစ်သည်။
ဤသေမင်းတိုက်ပွဲ အကြောင်း သတင်များက ပို၍ ပျံ့နှံ့ သွားသောကြောင့် စူးရှလေမြို့နှင့် ကိုးမိုမြို့တို့မှ ကျင့်ကြံသူများပင် ကြားသိ ကုန်ကြသည်။ အများစုမှာ လောကခန်းမဆီ လာ၍ ပွဲကြည့်ကြမည် ပြင်ဆင် နေကြသည်။ သူတို့က ဤနယ်လှည့် ကျင့်ကြံသူသည် စည်းကမ်း ထိန်းသိမ်းရေးမှူးကိုပင် ရင်ဆိုင်ရဲပြီး ကြယ်တာရာ ဘုရင်တောင် ယန်မျိုးနွယ်စုမှ သေမင်း တိုက်ပွဲကို ရင်ဆိုင်ရန် လက်ခံရဲသည့်သူ ဖြစ်နေ၍ မည်မျှ ကြမ်းတမ်းကြောင်း သိချင်မိကြသည်။
လောကခန်းမ အတွင်း လူရှုပ် လာလေသည်။ လောက တိုက်ပွဲများအပြင် လောက ခန်းမ၌ လူများရှုပ်ယှက်ခတ် နေလေသည်။
ထိုစဉ် အမျိုးသား နှစ်ယောက်နှင့် အမျိုးသမီး နှစ်ယောက်တို့မှာ ကူးပြောင်းရေး အစီအရင်မှ ထွက်လာ ကြလေသည်။ သူတို့ထဲမှ တစ်ယောက်မှာ သူမ မျက်နှာကို ပဝါဖြင့် ဖုံးအုပ် ထားလေသည်။
“အစ်မစုတင်း ... အဲဒီ မိုဝူကျီက ကောင်းကင်ဖွေရှာ နန်းတော်က ဟုတ်လား ...” မျက်နှာပေါ်တွင် ပဝါဖုံးထားသော အမျိုးသမီးဘေးမှ အမျိုးသားက မေးလိုက်သည်။ ထိုလူ၌ ပိန်ပါးပါး ခန္ဓာကိုယ်ဖြင့် ချောမောသော မျက်နှာပေါက် ရှိ၍ အတော်လေး ခန့်ညားလေသည်။
ဤလေးယောက်မှာ ပျောက်ဆုံး နယ်မြေမှ ရောက်လာကြပြီး အားလုံးမှာ ကောင်းကင်ဖွေရှာ နန်းတော်မှ ဖြစ်ကြလေသည်။ ရှေ့ဆုံးက ရပ်နေပြီး မျက်နှာ ပဝါဖုံးထားသည့် အမျိုသမီးမှာ ကောင်းကင်ဖွေရှာ နန်းတော်၏ ဂိုဏ်းချုပ် ပိုင်စုတင်း ဖြစ်၏။ လတ်တလောတွင် သူမက စစ်မှန်ခြင်း နတ်ဘုရား အဆင့် ၈သို့ ရောက်နေပြီး အစစ်အမှန် ပါရမီရှင် နယ်ပယ်ထဲ လှမ်းရောက် နေလေပြီ။
ပိုင်စုတင်းကို မေးခွန်း မေးလိုက်သည့် ကိုယ်လူချောမှာ ကောင်းကင်ဖွေရှာ နန်းတော် ဒုတိယဂိုဏ်းချုပ် ဖုန်းကျန့်ချိုး၏ တစ်ဦးတည်းသောသား ဖုန်းလောင်ကျန်း ဖြစ်၏။ ယခင်က သူသည် အစစ်အမှန် ရေအဆင့် ၃တွင် ဖြစ်သော်လည်း နှစ်အနည်းငယ် အကြာ၌ သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်၁သို့ တက်လှမ်း ရောက်ရှိလာပြီ ဖြစ်သည်။
ပိုင်စုတင်းဘေးမှ အခြား တစ်ယောက်မှာ ဆေးလုံး ဘုံစေတီ၏ ယန်အာ ဖြစ်ကာ သူမကျင့်ကြံ ဆင့်မှာ အမြန်ဆုံးဟု ယူဆ၍ ရလေသည်။ သူမက အစစ်အမှန်ရေ အဆင့် ၆ သို့ ရောက်ရှိနေပြီ ဖြစ်၏။ နောက်ဆုံး တစ်ယောက်မှာ ကောင်းကင်ဖွေရှာ အဆင့်ဇယားမှာ ယခင် အဆင့်တစ် ဖြစ်သည့် ပိန်ပါးပါး အမျိုးသား ကုန်းကျိဟန် ဖြစ်လေသည်။ သူ့ကျင့်ကြံဆင့်မှာလည်း အစစ်အမှန်ရေ အဆင့် ၇ ရောက်ရှိ နေလေပြီ။
ဖုန်းလောင်ကျန်း စကားများကို ကြားပြီးနောက် ပိုင်စုတင်းက တွေဝေစွာ ပြောလိုက်သည်။
“ငါလည်း သိပ်တော့ မသေချာဘူး။ သူက မိုဝူကျီလို့ ခေါ်တာဆိုတော့ ဟုတ်လား လာကြည့်ကြတာပေါ့ ...”
သူမက ထိုအထိ ပြောပြီးနောက် ရုတ်တရက် ကောက်မေးလိုက်သည်။
“ယန်အာ ... ဒီကိစ္စတွေ ပြီးသွားရင် ငါ့အခန်းကို ခဏလာခဲ့ပါဦး ... ပြောစရာလေး ရှိလို့ ...”
“ဟုတ် အစ်မစုတင်း ...” ယန်အာက လေးစားစွာ ပြန်ဖြေလိုက်သည်။
“မိုဝူကျီ ... လောက ရမှတ် - ၂၆၈၁၁။ အဆင့် - ၉၉၅၁ အရမ်း အားကောင်းတာပဲ ...” ကုန်းကျိဟန်က ထိုအရာကို ဖတ်ရင်း တအံ့တဩ ပြောလိုက်သည်။ ကျန်းမို နယ်မြေ၌ နှစ်အတော်ကြာ နေပြီးနောက်တွင် ကောင်းကင်ဖွေရှာ အဆင့်ဇယားမှ အရင် နံပါတ်တစ် ဖြစ်သည့် သူပင် လောက အဆင့်ဇယားကို ဝင်ရန် မည်မျှ ခက်ခဲကြောင်း ကောင်းကောင်း သိ၏။
ကျန်ရှိနေသော သုံးယောက်လည်း လောက ဆင့်ပွား အဆင့်ဇယားမှ အဆင့် ၉၉၅၁ကို ကြည့်လိုက်သည့် အခါ အမှန်ပင် မိုဝူကျီ ဖြစ်နေလေ၏။
“တကယ်လို့ နယ်လှည့် ကျင့်ကြံသူ အစစ်အမှန်ပဲ ...” စီနီယာ စုတင်းက သူမဘာသာ ရေရွတ် လိုက်လေ၏။
***