← Chapters

လူငယ်တွေက သွေးပူ တတ်ကြတယ်

Vol. 23 Ch. 309

လူငယ်တွေက သွေးပူ တတ်ကြတယ်

Vol. 23 Ch. 309

“မြန်မြန် သွားပြီးတော့ ကြည့်ကြည့်ရအောင် ...” ပိုင်စုတင်းက ခြေလှမ်းများ အရှိန်မြင့်ရင်း လောက ခန်းမဆီ ဦးတည် လိုက်ကြသည်။

စစ်မှန်ခြင်း နတ်ဘုရား အဆင့်၈ ဖြစ်သည့် ပိုင်စုတင်းကို ဤနေရာတွင် အဆင့်မြင့် ကျင့်ကြံသူဟု ယူဆ၍ ရလေသည်။ သို့သော်လည်း ဤနေရာ၌ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူများမှာ ပျောက်ဆုံး နယ်မြေလောက်တော့ မနည်းပါးလှပေ။ အကယ်၍ အဖွဲ့ဖွဲ့ပါက စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ဦးတော့ ပါတတ်ကြသည်။ ထို့ကြောင့် သူတို့ စွမ်းအားများကို ဖော်ပြနိုင်သည့် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူများ ဖြစ်သည့် နမူနာအရ ဆိုရလျှင် မော့လန်ဟန် တို့ကိုသာ လေးစား ကြလေသည်။ လောကအင်မော်တယ် အဆင့် မတက်လှမ်း နိုင်သေးသည့် သာမန် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူများမှာ အာရုံစိုက်ခြင်း မခံရသည့် သူများ ဖြစ်ကြသည်။

လောကတိုင် ဟိုတယ်တွင် လူများဖြင့် ပြည့်နှက်နေပြီး အခန်းများ အားလုံးလည်း ကြိုတင်ငှားရမ်း ထားကြလေသည်။ ပိုင်စုတင်းတို့ ရောက်လာသည်က အနည်းငယ် နောက်ကျနေ၍ သူတို့က အဓိက ခန်းမအတွင်းမှ အနားယူဆောင်သာ ရွေးချယ် နိုင်လေသည်။ အနည်းဆုံးတော့ သူတိုက မိုဝူကျီအကြောင်း ပိုမို စုံစမ်းနိုင်လေ၏။

သူတို့ ရောက်သွားသည့်အခါ သူတို့က လုပ်စရာ ထွေထွေထူးထူး မရှိချေ။ ဤနေရာရှိ ကျင့်ကြံသူ ၉၀ ရာခိုင်နှုန်းမှာ သေမင်းတိုက်ပွဲ အကြောင်း ဆွေးနွေး နေကြခြင်း ဖြစ်သည်။

“မိုဝူကျီဆိုတဲ့ တကယ်ပဲ ... ဟူး ... သူ့ကို ဘယ်လို ပြောရမှန်းကို မသိတော့ဘူး။ လောကအဆင့် ဇယားကို ဝင်ဖို့ လွယ်တယ်များ ထင်နေလား ... အဲဒါကို သူက ကိုယ့်သေတွင်းကို တူးနေတယ်။ ခက်တယ် ... လူငယ်တွေ ဆိုတော့ သွေးပူ တတ်ကြတာပဲ ...” မုတ်ဆိတ်မွေးနှင့် အမျိုးသားက ခေါင်းတခါခါဖြင့် ပြောလိုက်သည်။

“ယန်ယန်ဒေါင်က နိုင်မယ်လို့ ဘာလို့ သေချာ နေရတာတုန်း ... သေမင်းတိုက်ပွဲ ဆိုတော့ တစ်ယောက် အသက်ရှင်ရင် တစ်ယောက်တော့ သေရမှာပဲလေ... မိုဝူကျီက သေမဲ့လူဆိုပြီး သေချာ နေတာလည်း မဟုတ်ဘဲနဲ့ ...”

“မင်းက ဘာသိလို့လဲ ... အဲဒီ ယန်ယန်ဒေါင်က ကြယ်တာရာ ဘုရင်တောင်က ပါရမီရှင်ကွ ... သူက အစစ်အမှန် ရေအဆင့် ၄နဲ့ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်၁ ကျင့်ကြံသူကို သတ်နိုင်ခဲ့တာ ... မိုဝူကျီက အားကောင်းရင်တောင် သူက အဲလို ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်ကို သတ်နိုင်လို့လား ...”

“မိုဝူကျီက စည်းကမ်း ထိန်းသိမ်းရေးမှူး ဟောင်ကို ဒဏ်ရာရစေ နိုင်တယ်လေ ... ပြီးတော့ သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ၂ မဟုတ်ဘူးလား ...”

ထိုလူများ ဆွေးနွေးနေသည့် နေရာသို့ ဝတ်စုံမည်း ပိန်ချုံးချုံး အမျိုးသားက ရုတ်တရက် ရောက်လာလေသည်။ ထိုလူများက လှည့်ကြည့် လိုက်သည့်အခါ ထိုပိန်ပါးပါး အမျိုးသားကို မြင်၍ စကား ရပ်လိုက်ကြ လေသည်။

သူ့ပိန်ပါးပါး ခန္ဓာကိုယ်အပြင် ထိုသူ တစ်ကိုယ်လုံးမှာ ဓားတစ်ချောင်းလို အရှိန်အဝါများ ထွက်ပေါ် နေလေသည်။ သူ့နောက်တွင် အကာမဲ့ ဓားတစ်လက် ရှိသည်။ သူ့ဆံပင်ရှည်ကို ချည်နှောင်ထားပြီး သူ့ညာဘက် လက်ကောက်ဝတ်တွင် ဖဲကြိုးနီ ထုံးကာ ချည်ထားသည်။

“ခင်ဗျားတို့ ပြောနေတဲ့ မိုဝူကျီက တကယ်ပဲ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် စည်းကမ်း ထိန်းသိမ်းရေးမှူးနဲ့ တိုက်ခိုက်ခဲ့ တာလား ... ပြီးတော့ သူက အဲဒီသူရဲ့ လက်ကိုတောင် ချိုးပစ်လိုက် သေးတာလား ...” ထိုလူအသံမှာ တိုးလှသည်။

“ဟုတ်တယ် ... ကျုပ်ကိုယ်တိုင် မြင်ခဲ့တာ ... ပြီးတော့ အဲဒီစည်းကမ်း ထိန်းသိမ်းရေးမှူးက သူ့ကို အရင်တိုက်လို့ သူက ခုခံလိုက်တာ ... ပြီးတော့ သူ့ဝိညာဉ် ပစ္စည်းကိုတောင် ဆတ်ခနဲ ထုတ်ယူ လိုက်သေးတယ် ...” ပိန်ပါးပါး အမျိုးသားက ရန်မလိုတာ သိ၍ ကျင့်ကြံသူ တစ်ယောက်က သေချာ ရှင်းပြလိုက်သည်။

ပိန်ပါးပါး အမျိုးသားက ခေါင်းညိတ်ပြကာ မုတ်ဆိတ်မွေးနှင့် လူကြီးဘက် လှည့်ကာ ပြောလိုက်သည်။

“ခင်ဗျား အမြင်တွေ မှားနေတယ်။ ဒါပေမဲ့ ခင်ဗျား စကားတစ်ခွန်းတော့ မှန်တယ်။ လူငယ်တွေက သွေးပူတတ်ကြတယ် ...”

ထိုသို့ ပြောပြီး ပိန်ပါးပါး အမျိုးသားက လှည့်ထွက်သွားပြီး မကြာခင်တွင် ခန်းမမှ ပျောက်ကွယ်သွား၏။

“အဲလူက ဘယ်သူလဲ ... တော်တော် အထက်စီး ဆန်တာပဲ ...” ပိန်ပါးပါး အမျိုးသား ထွက်သွားသည်ကို စောင့်နေသည့် ကျင့်ကြံသူ တစ်ယောက် ပြောလိုက်သည်။ သူက စကားတစ်ဝက် တစ်ပျက်တွင် မုတ်ဆိတ်မွေးနှင့် လူကြီး မျက်နှာ ဖြူဖျော့ လာသည်ကို တွေ့လိုက်ရ၍ နားမလည်စွာ မေးလိုက်သည်။

“အစ်ကိုကျူ ... သူ့ကို သိလား ... မုတ်ဆိတ်မွေးနှင့် အမျိုးသားက အသက်ပြင်းပြင်း ရှူထုတ် လိုက်ပြီးနောက် ပြောလိုက်သည်။

“မင်းတို့ အားလုံးလည်း သူ့ကို သိကြမှာပါ ... သူ့မှာ နာမည်ပြောင် တစ်ခု ရှိသေးတယ် ... အထီးကျန် ကြိုးနီတဲ့ ...”

လူအုပ်ကြီးက လေအေးများ မှုတ်ထုတ် လိုက်တော့သည်။ အထီးကျန် ကြိုးနီကို မသိသည့်သူမှာ လူအနည်းလေးသာ ရှိ၏။ သူ့ကျင့်ကြံဆင့်က မမြင့်ကာ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်ပင် မရောက်သေးပေ။ သို့သော် ထိုလူမှာ အရူး တစ်ယောက်သာ ဖြစ်၏။ တစ်ခါက သူ့ကို သားရဲများစွာ ဝန်းရံနေပြီး တစ်လအကြာတွင် သွေးလမ်းခင်းကာ ပြန်ထွက် လာခဲ့သည်။

အကယ်၍ တစ်စုံတစ်ယောက်သာ အထီးကျန် ကြိုးနီနှင့် ကြုံတွေ့ခဲ့ပါက ထိုသူက အထီးကျန် ကြိုးနီကို အရင်ဦးစွာ မသတ်ပါက သူသာ အသတ်ခံ ရလိမ့်မည်။ ထိုလူမှာ အရမ်းကို ဒူပေနာပေ ခံနိုင်လှ၍ အသက်ပြင်းသော ပိုးဟပ်နှင့် တူလှသည်။

အရူးမိုက်ဆုံး အရာမှာ သူက လောကတိုင်၌ ထူးခြား ဟင်းလင်းပြင် အသီးကို ရှာရန် တာဝန်ကို လက်ခံလိုက်ခြင်း ဖြစ်သည်။ သူက အဆင့် ၇ သားရဲဂူ အပြင်ဘက်တွင် တိတ်တဆိတ် သုံးလအကြာ စောင့်ဆိုင်းခဲ့ပြီး သားရဲပျံ ထွက်သွားသည့် အချိန်ကို အသုံးချကာ ထိုအသီးကို ခိုးယူခဲ့ခြင်း ဖြစ်သည်။

သူက အခြား သူများနှင့် ကွဲပြားလှ၏။ မည်သည့်အချိန်၊ မည်သည့် နေရာတွင် ဖြစ်နေစေကာမူ သူ့ညာဘက် လက်တွင် ဖဲကြိုးနီ အမြဲပါရှိသည်။

“အဲဒီလူက အမျိုးသမီးနဲ့ တူတယ် ... သူက ကောင်လေး အယောင်ဆောင်ထားတာ များလား ...”

“သူမက မိန်းကလေး ဖြစ်နေနိုင်တယ် ... ပြီးတော့ မိုဝူကျီကို သဘောကျ နေတာများလား ...”

“မဟုတ်တာတွေ လျှောက်ပြော မနေနဲ့ ... မဟုတ်ရင် မင်းတို့ ဘယ်လို သေသွားတာကို မသိဘဲနေမယ် ... မိုဝူကျီက လတ်တလောမှ နာမည်ကြီး လာပေမဲ့ အထီးကျန် ကြိုးနီနဲ့ ယှဉ်ရင် သူက လိုအပ် နေသေးတယ် ...”

“ပြီးတော့ မိုဝူကျီမှာ အလှလေး ရှိပြီး သွားလေပြီ။ အဲဒီ ချူမျိုးနွယ်စုက မုဆိုးမလေ ... အားယို့ ... သူမကို ညှစ်လိုက် ရရင်ဖြင့် ... အားပါးပါး ...”

မနီးမဝေးတွင် ပိုင်စုတင်းက ထိုဆွေးနွေးချက်များကို နားထောင်ရင်း မျက်မှောင်ကြုတ်မိ လိုက်သည်။ သူမက ကိစ္စများကို အပိုတွေ တွေးမိနေတာလား ဟုပင် သံသယ ရှိလာမိသည်။ သူမ သိထားသည့် မိုဝူကျီမှာ မုဆိုးမ တစ်ယောက်နှင့် အတူတူ ရှိမည့်သူ မဟုတ်ချေ။ သူက အမျိုးသမီး အစေခံအတွက် အသက်ပင် လဲလှယ်နိုင်သည့် လူတစ်ယောက်ပြီး အခက်အခဲ အားလုံးလည်း တောင့်ခံ နိုင်လေသည်။ ချန်ယွီ ပြည်နယ်လေးမှ စ၍ ဒြပ်ငါးမျိုး ကင်းမဲ့နယ်အထိ ရောက်လာနိုင်ဖို့ရာ သာမန်လူ တစ်ယောက် လုပ်နိုင်မည့် အရာရော ဟုတ်ရဲ့လား။ အကယ်၍ သူ့တွင် ထိုမျှ ခိုင်မာသည့် စိတ်ဓာတ် ရှိခဲ့လျှင် မုဆိုးမ တစ်ယောက်ဆီမှ ဆွဲဆောင်မှုကို မည်သို့ ခံရမည်နည်း။

သူမက ယန်အာကို တစ်ချက်ကြည့် လိုက်ကာ ယန်အာ မျက်နှာတွင် တည်ငြိမ်နေပြီး ခံစားချက် တစ်ခုမျှ မရှိပေ။

ပိုင်စုတင်းက သက်ပြင်းချရင်း မတ်တတ်ရပ်ကာ

“လာလာ ... နေစရာ ရှာရအောင် ...”

သူမက ချိန်စုယင် အကြောင်း စုံစမ်းနေသော်လည်း အခုထိ ဘာမျှ မကြားရသေးပေ။ တစ်ဖက်ကား ကြယ်တာရာ ဘုရင်တောင် ဖြစ်နေ၍ ပိုင်စုတင်းပင် သူမကိုယ် သူမ မကာကွယ်နိုင်ပေ။

လောက ခန်းမ၌ အခန်းအရေအတွက် နည်းပါးမှုကြောင့် လေးယောက်သား အချိန်အတော်ကြာ ရှာခဲ့သော်လည်း နောက်ဆုံးတွင် နုံစုတ်ကုပ်ချာ နေရာ အသေးလေးသာ ရှာတွေ့လေသည်။ ထို့အပြင် ထိုသည်မှာလည်း ပိုင်စုတင်းမှာ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူ ဖြစ်နေ၍သာ ရရှိခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် သူတို့က ထိုနုံစုတ်ကုပ်စုတ် နေရာလေးပင် ရမည် မဟုတ်ပေ။ အစပိုင်းတွင် သူတို့က သူတို့ကိုယ်ပိုင် အခန်း ရရှိရန် ကြံစည်ထားခြင်း ဖြစ်သည်။ သို့သော် နေရာ အခက်အခဲကြောင့် ပိုင်စုတင်းနှင့် ယန်အာက တစ်ခန်းအတူတူ နေရပြီး ကုန်းကျီဟန်နှင့် ဖန်းလောင်ကျန်းတို့က အတူတူ တစ်ခန်း မျှဝေသုံးရသည်။

“အစ်မစုတင်း ... ညီမဆီက တစ်ခုခုများ လိုလို့လား ...” သူတို့ အခန်းထဲ ရောက်သည့်အခါ ယန်အာက ညင်သာစွာ မေးလိုက်သည်။

ပိုင်စုတင်းက ခေါင်းခါကာ

“အရင်ဆုံး ညီမကို ပြောချင်တဲ့ စကားအချို့ ရှိတယ် ... အခုတော့ ဘာမှ မဟုတ်တော့ပါဘူး။ ထားလိုက်ပါတော့ ... အချိန်ကြာလာရင် ငါတို့လည်း လမ်းခွဲရမှာပဲ။ ယန်အာ ... မင်း ပါရမီက ငါ့ထက် အားမနည်းဘူး။ မင်းသာ ကျင့်ကြံခြင်းမှာ ဆက်ပြီး အားထုတ်ပြီးတော့ လောက အင်မော်တယ် ဖြစ်လာဖို့ ကြိုးစားရမယ် ... တကယ်လို့ လောက အင်မော်တယ် မဖြစ်သေးရင် မင်းကိုယ်မင်း ဘယ်တော့မှ ရပ်တည်နိုင်မှာ မဟုတ်ဘူး ...”

“ဟုတ်ကဲ့ ...” ယန်အာက လေးလေးစားစား ပြန်ဖြေလိုက်သည်။

သုံးရက်က ခဏတာအတွင်း ကုန်ဆုံး သွားလေသည်။ ထိုသုံးရက် အတွင်း မိုဝူကျီက သူ့အခန်းထဲ၌ ကြယ်တာရာ လှည့်ပတ် ဖြတ်သန်းခြင်း ပညာရပ်ကို ဆက်လက် ကျင့်ကြံနေလေ၏။ သူ့ကြယ်တာရာ လှည့်ပတ် ဖြတ်သန်းခြင်း ပညာရပ်မှာ ကျွမ်းအဆင့် ၄ ဖြစ်သည့် မိုးမြေ ဗြောင်းဆန်ခြင်း အဆင့်သို့ ရောက်ရှိ နေလေပြီ။ သို့သော်လည်း ဤအဆင့် ၄မှာ ကျွမ်းအဆင့်မှ အရင် အဆင့်များထက် ပို၍ ရှုပ်ထွေးလှသည်။ သူက ဤအဆင့်အထိ ရောက်လာ သော်လည်း ထိုအရာနှင့် ရင်းနှီးလှသည်တော့ မဟုတ်သေးပေ။

ထိုရက်များက မိုဝူကျီအတွက် အမှန်ပင် တိုတောင်း လှပေသည်။

တံခါးကို ဖွင့်လိုက်သည့် အခါ ချူချင်းလောင်နှင့် အခြားလူများက သူ့ကို စောင့်နေသည်ကို တွေ့လိုက်ရသည်။

“ကျီဟန်ရော ...” မိုဝူကျီက ချူချင်းလောင် ဘေးတွင် အမြဲလိုလို ကပ်နေတတ်သည့် ကျီဟန်ကို မမြင်မိ၍ မေးလိုက်ခြင်း ဖြစ်သည်။

ချူချင်းလောင်က ခေါင်းခါကာ စိတ်မချမ်းမြေ့စွာ ပြောလိုက်သည်။

“သူမက တံခါးပိတ် ကျင့်ကြံချင်တယ် ဆိုလို့ သူမ လုပ်ချင်တာ လုပ်ခွင့် ပေးလိုက်တာ ...”

“အစ်ကိုမို ... ကျွန်မကို ရမှတ်အချို့ ချေးပေးလို့ ရမလား ...” ရုန်ဟယ်က ရုတ်တရက် မေးလိုက်သော်လည်း သူမ စကားအဆုံးတွင် မျက်နှာမှာ ရှက်ရွံ့စွာ နီရဲလာလေသည်။ ဤရက် အနည်းငယ်အတွင်း သူမက မိုဝူကျီ၏ အမှတ်ဖြင့် နေနေခြင်း ဖြစ်ရာ ယခု မိုဝူကျီဆီမှ အမှတ်များကို ထပ်တောင်းမိလေသည်။ ဤသည်က နည်းနည်းတော့ များသွားလေပြီ ...

မိုဝူကျီက ရုန်ဟယ်ကို ကြည့်လိုက်သည်။ ရုန်ဟယ်ကို သူ ကောင်းကောင်းသိ၍ သူမ၌ အရေးကြီး ကိစ္စသာ မရှိလျှင် သူ့ဆီမှ ရမှတ်များကို တောင်းလိမ့်မည် မဟုတ်ပေ။

ဖန်းချီက မြန်မြန် ရှင်းပြလိုက်သည်။

“ဒီလိုပါ ... တိုက်ပွဲမှာ ဘယ်သူ အနိုင်ရမယ် ဆိုတာကို အလောင်းအစား လုပ်ကြတာ ... လောင်းကြေးက တစ်ဆ သုံးဆတဲ့ ...”

မိုဝူကျီက တအံ့တဩ မေးလိုက်သည်။

“ညီလေးဖန်း ... မင်းပြောတာ ငါ အနိုင်ရရင် ငါက သုံးဆ ရမှာလား ...”

သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ၂ လက်ကောက်ဝတ်ကို ဒဏ်ရာ ရစေခဲ့သော်လည်း သူ့ကို နှိမ်ချကြည့်နေဆဲ ဖြစ်သည်။ ထိုသည်က လွန်လွန်းသည် မဟုတ်ပါလော ...

ချူချင်းလောင်က ပြောလိုက်သည်။

“ဝူကျီ ... ဒီလောင်းကြေးတွေက ရှေးရိုးစွဲတွေ။ တကယ်လို့ ရှင်သာ လောက အဆင့်ဇယား မဝင်ခဲ့ပြီးတော့ စည်းကမ်း ထိန်းသိမ်းရေးမှူးကို ဒဏ်ရာ မရစေခဲ့ရင် လောင်းကြေးက တစ်ဆ သုံးဆ မဟုတ်တော့ဘဲ တစ်ဆ အဆသုံးဆယ် ဖြစ်သွားလိမ့်မယ် ...”

“အဲဒါဆို ကျုပ်က လောင်းပြီးတော့ အနိုင်ရရင် အဲဒီ အမှတ်တွေကိုရော လောကအဆင့် ဇယားမှာ ထည့်ပေါင်း ပေးမှာလား ...” မိုဝူကျီက အလောတကြီး မေးလိုက်သည်။ ဤနေရာသို့ လာရသည့် သူ့အဓိက ရည်ရွယ်ချက်မှာ ရမှတ်များကို ရသလောက် စုဆောင်းရန် ဖြစ်သည်။

ချူချင်းလောင်က ခေါင်းခါပြကာ

“မဟုတ်ဘူး။ လောကအဆင့် ဇယားက ကိုယ်တွေ့ ရမှတ်တွေပဲ ထည့်တွက်တာ ... အလုပ်ခန်းမ အထဲက တာဝန်နဲ့ ကြယ်တာရာ တိုက်ပွဲအတွင်းက ရတဲ့ အမှတ်တွေကို ယူတာ။ တခြားနေရာက ရတဲ့ ရမှတ်တွေကို အဆင့်ထဲမှာ ထည့်မတွက်ပေမဲ့ အရောင်းအဝယ် အတွက် သုံးလို့ရတယ်”

မိုဝူကျီက အနည်းငယ် စိတ်ပျက် သွားမိသည်။ ထို့နောက် သူက ရုန်ဟယ်ကို လောက အမှတ်အသားပြား လှမ်းပေးလိုက်ပြီး

“လိုသလောက် သုံးလို့ ရတယ် ...”

ရုန်ဟယ်က မြန်မြန် ပြောလိုက်သည်။

“၃၀၀၀ လောက်ပဲ လိုတာ ...”

“အဲဒါဆို ကျန်တာတွေကို ငါ အနိုင်ရတဲ့ပေါ်မှာ လောင်းကြေးထပ်လိုက် ... အမှတ်အပိုလေး ရလည်း မဆိုးပါဘူး ...” မိုဝူကျီက လက်ယမ်းကာ ပြောလိုက်သည်။

လောက ခန်းမတွင် စင်မြင့်နှစ်ခု ရှိ၏။ တစ်ခုတွင် သေမင်းတိုက်ပွဲ စင်မြင့် ဖြစ်ပြီး အခြားတစ်ခုမှာ စိန်ခေါ်တိုက်ပွဲ စင်မြင့် ဖြစ်သည်။

မိုဝူကျီက သေမင်းတိုက်ပွဲ စင်မြင့်ပေါ် လျှောက်လှမ်း လာသည့်အခါ ကျင့်ကြံသူများဖြင့် ပြည့်နှက် နေလေသည်။ မိုဝူကျီက ပြိုင်ပွဲဝင် ဖြစ်သည့်အတွက် သီးသန့် လမ်းကြောင်းမှ လျှောက်လာရသည်။ မဟုတ်လျှင် သူသာ သေမင်းတိုက်ပွဲ စင်မြင့် သွားဖို့ရာ လူတိုးနေရလျှင် ပြဿနာနည်းနည်း ရှိ၏။

မိုဝူကျီ ရောက်လာသည့် အခါ ယန်ယန်ဒေါင်က လက်နှစ်ဖက် နောက်ပစ်ထားရင်း သေမင်းတိုက်ပွဲ စင်မြင့်သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်း လာသည်ကို တွေ့လိုက်ရသည်။ သူ့အမူအရာမှာ သေရေးရှင်ရေး တိုက်ပွဲ လာခြင်း မဟုတ်သကဲ့သို့ တည်ငြိမ် နေလေသည်။

သေမင်းတိုက်ပွဲ စင်မြင့်တွင် ဆုံးဖြတ်ပေးဖို့ရာ မလိုအပ်သည့် အတွက် ဒိုင်လူကြီးများ မရှိပေ။ တာဝန်ရှိသည့် ကျင့်ကြံသူ တစ်ယောက်ရှိပြီး ထိုသူမှာ စင်မြင့်ဘေးမှ ကြေညာပေးသူ ဖြစ်၏။ ဤကြေညာသူမှာ ယန်ယန်ဒေါင် စင်ပေါ် တက်လာမည့် အချိန်ကို စောင့်ဆိုင်းရင်း ကျယ်လောင်စွာ ကြေညာ လိုက်တော့သည်။

“ကြယ်တာရာ ဘုရင်တောင် ကြယ်တာရာ တိမ်တိုက်မှ ယန်ယန်ဒေါင် ဝင်ရောက်လာပါပြီ ...”

သေမင်းတိုက်ပွဲ စင်မြင့်ကို နှစ်ခြမ်းကွဲ သွားတော့မည့် အလား အားပေးသံများ ဆူညံ သွားလေသည်။

“မင်းတို့တွေ ဒီမှာ စောင့်နေဦး ... ငါ သွားလိုက်ဦးမယ် ...” မိုဝူကျီက ချူချင်းလောင်တို့ကို လှည့်ကာ ပြောလိုက်သည်။

“ဂရုစိုက်ဦး ...” ချူချင်းလောင်နှင့် အခြားလူများမှာ ကိစ္စများက ထိုသို့ ဖြစ်လာကြောင်း သိထားကြသည်။ နောက်ဆုတ်ဖို့ရာ အလွန် နောက်ကျနေပြီ ဖြစ်၏။

မိုဝူကျီက ခေါင်းညိတ်ပြကာ သေမင်းတိုက်ပွဲ စင်မြင့်ကို ဖြည်းဖြည်းချင်း တက်သွားလေသည်။

“လောက အဆင့် ၉၉၅၁ မိုဝူကျီ သေမင်းတိုက်ပွဲ စင်မြင့်ကို ရောက်လာပါပြီ ...” ကြေညာသူက နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။

All Chapters