မူဝမ်နှင့် ထပ်တွေ့ခြင်း
Vol. 10 Ch. 134
မူဝမ်။
သည်လောကသို့ ရောက်လာကတည်းက ဟန်မူယဲ့အား ကောင်းမွန်စွာ ဆက်ဆံသော အမျိုးသမီးကျင့်ကြံသူမှာ မူဝမ် ဖြစ်သည်။
သူတို့သည် အကြိမ်အနည်းငယ်သာ တွေ့ဆုံခဲ့ကြသော်လည်း ထိုခံစားချက်ကား ထူးခြားဆန်းကြယ်သည်။
မူဝမ်အား ထပ်တွေ့သောအခါ ဟန်မူယဲ့သည် ပြန်ဆုံဆည်းရသော ပျော်ရွှင်မှုအား ခံစားရ၏။
သူတို့ အချင်းချင်း မျက်လုံးချင်းဆုံမိကာ ပြုံးမိကြသည်။
ခေါင်းဆောင်တောက်ရင်အား လာကြိုဆိုသောသူသည် မူမိသားစု၏ ဒုတိယမျိုးဆက်ခေါင်းဆောင်တစ်ဦး ဖြစ်သော မူထုံယွမ် ဖြစ်သည်။ သူသည် အဖြူရောင်ဝတ်စုံကို ဝတ်ထားကာ သိမ်မွေ့သော အမူအရာရှိသည်။
ခေါင်းဆောင်တောက်ရင်နှင့် အကြီးအကဲစုလျန့်တို့က သူ့အား ဂျူနီယာမူစန်း ဟု ခေါ်ကြသည်။
“စီနီယာအစ်ကိုတောက်ရင်… ဂိုဏ်းကို ပြန်ရောက်လာတဲ့အပေါ် ဂုဏ်ပြုပါတယ်”
မူထုံယွမ်က လက်နှစ်ဖက်ဆုပ်ကာ ပြုံးလျက် ပြောသည်။
တောက်ရင်က ဟက်ခနဲ ရယ်လိုက်သည်။
မူထုံယွမ်သည် ခေါင်းဆောင်တောက်ရင်နှင့် အကြီးအကဲစုလျန့်တို့အား မူမိသားစုခေါင်းဆောင်ကို သွားတွေ့ကြ၏။ သူတို့ ထွက်သွားသောအခါ မူထုံယွမ်က မူကျီးယွီဟု ခေါ်သော လူငယ်တစ်ဦးအား ဟန်မူယဲ့နှင့် ကျင်းယွမ်တို့ကို ဧည့်ခံစေသည်။
“မိန်းကလေးကျင်း… ဒါက…”
မူကျီးယွီက ကျင်းယွီအား ဦးညွတ်ကာ ဟန်မူယဲ့အား ကြည့်သည်။
“စီနီယာအစ်ကိုဟန်…”
မူဝမ်က ပြုံးလျက် ပြောသည်။
သူမဘေးတွင် မူမိသားစုဂျူနီယာများက သူ့အား လှမ်းကြည့်ကြ၏။
“ဟန်မူယဲ့က အားလုံးကို နှုတ်ခွန်းဆက်ပါတယ်”
ဟန်မူယဲ့က ပြုံးလျက် ပြောသည်။
“အစ်ကိုဟန်…”
မူကျီးယွီက ခေါင်းညိတ်ကာ ပြောသည်။
“ကျုပ်တို့က တာအိုရောင်းရင်း ချန်မင်းကို စောင့်ရဦးမယ်။ ခင်ဗျားတို့နှစ်ယောက် ခဏလောက် စောင့်ပေးနိုင်ဦးမလား”
ချန်မင်း။
ဘယ်သူလဲ။
ဟန်မူယဲ့ သူ့အား မသိပါ။
“အဌမတန်းစားဆေးလုံးကို အသက်ငယ်ငယ်နဲ့ ဖော်စပ်နိုင်တဲ့ ချန်မင်းလား”
ကျင်းယွမ်က မေးသည်။
မူကျီးယွမ်က ပြုံးလျက် ခေါင်းညိတ်သည်။
“တာအိုရောင်းရင်းချန်မင်းဟာ အခုဆိုရင် သတ္တမတန်းစားဆေးလုံးကိုတောင် ဖော်စပ်နိုင်လောက်ပြီ”
သူက သတ္တမတန်းစားဆေးလုံးကို ဖော်စပ်နိုင်လျှင်ကော အဘယ်အရေးနည်း။
သတ္တမတန်းစားဆေးလုံးကို ဖော်စပ်နိုင်သော အာခီမီတပည့်တစ်ဦးက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း တပည့်တစ်ယောက်ကို စောင့်ခိုင်းနိုင်သည့် အဆင့်အတန်းရှိသည်ဟု ဟန်မူယဲ့ မထင်ပါ။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် အဓိက ဓားဂိုဏ်းကြီးလေးဂိုဏ်းဝင် ဖြစ်သည်။
ကျင်းယွမ်က ဟန်မူယဲ့အား ကြည့်ကာ ခေါင်းယမ်းပြသည်။
“သခင်လေးမူ… ကျွန်မတို့က လှေပျံကနေ အခုမှ ဆင်းလာတာ။ အရင်ဆုံးသွားနားရအောင်”
ကျင်းယွမ်က အသာအယာ ပြောသည်။
သူမ၏စကားကို ကြားလျှင် မူကျီးယွမ်၏အမူအရာက အနည်းငယ် ပျက်သွားသည်။ သူက လက်ဝှေ့ယမ်းကာ ပြောသည်။
“ကျီးကျင်း… သူတို့နှစ်ယောက်ကို ရှုကျင်းဥယျာဉ်သို့ ခေါ်ပြီး အနားယူဖို့ စီစဉ်ပေးလိုက်ပါ”
မူမိသားစုတပည့်တစ်ဦး ရှေ့ကို တက်လာကာ လက်နှစ်ဆက်ဆုပ်သည်။
“ကြွပါ…”
“စီနီယာအစ်မကျင်းယွမ်… ကျွန်မ အဖော်လိုက်ပေးမယ်”
ထိုအခိုက်တွင် မူဝမ် ရုတ်တရက် ပြောသည်။
ကျင်းယွင်က ပြုံးလျက် ခေါင်းညိတ်သည်။ မူဝမ် ရှေ့ကို တက်လာကာ ကျင်းယွမ်၏လက်ကို ကိုင်၏။ ထို့နောက် သူမက ဟန်မူယဲ့အား လှည့်ကြည်ကာ ပြုံးလျက် ခေါင်းညိတ်ပြသည်။ ထို့နောက် သူတို့နှစ်ဦး ရှေ့မှ ဦးဆောင်ကာ မူရှန်မြို့ထံသို့ လှမ်းသွားကြ၏။
ဟန်မူယဲ့သည်လည်း လူကျီးကျင်း မည်သော တပည့်နောက်သို့ လိုက်ပါလာ၏။
“မူဝမ်… မင်း…”
မူမိသားစုတပည့်များထဲမှ တစ်ယောက် လှမ်းခေါ်သည်။
“ဟွင်း… မင်းက လင်ဟွားစံအိမ်ရဲ့ ပင်မတပည့်ဖြစ်သွားရင်တောင် လုပ်ချင်သလို လုပ်လို့ ရရောလား”
တစ်ယောက်က မကြေမနပ် ပြောသော်လည်း သူ့အသံက အနည်းငယ် တိုးနေသည်။
“ထားလိုက်တော့… အစ်ကိုကျီးယွီနဲ့အတူ သခင်လေးချန်မင်းကို စောင့်ရအောင်။ သူမက မစောင့်ရင် အဲဒါ သူ့ဆုံးရှုံးမှုပဲ။ သခင်လေးချန်မင်းဟာ အနောက်ဘက်နယ်စပ်ကုန်းမြေမှာ အထွန်းတောက်ဆုံး လူငယ် အာခီမီပညာရှင်ပဲ။”
“အဲဒီ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက နှစ်ယောက်ဟာ သခင်လေးချန်မင်းရဲ့ ဂုဏ်သတင်းကိုတောင် မကြားဖူးဘူး ထင်တယ်”
ဟန်မူယဲ့နှင့် ကျင်းယွမ်တို့သည် မူမိသားစုတပည့်များ ဆွေးနွေးနေသည်ကို ကြားကြသည်။ ကျင်းယွမ်က မူဝမ်၏လက်ကို အသာလေးဖိလိုက်လျှင် မူဝမ်က ခေါင်းယမ်းပြကာ ရှေ့ကိုသာ ဆက်သွားကြသည်။
ဟန်မူယဲ့နှင့် မူကျီးကျင်းတို့လည်း နောက်မှ လိုက်ပါသွားကြသည်။
အမျိုးသမီးကျင့်ကြံသူနှစ်ဦး တွေ့ကြလျှင် ပုံမှန်အားဖြင့် သူတို့အကြား ပြောစရာများ အများအပြား ရှိနေပေသည်။
မည်သို့ဆိုစေ သူတို့နှစ်ဦးလုံးမှာ အာခီမီပညာရှင်များဖြစ်ရာ သေချာပေါက် အာခီမီပညာရပ်များအကြောင်း ဖြစ်ပေလိမ့်မည်။
ဟန်မူယဲ့က သူတို့ပြောနေသည်များကို စိတ်မဝင်စားဘဲ ပတ်ဝန်းကျင်ရှုခင်းများကို လိုက်လံကြည့်ရှုနေသည်။
လမ်းတွင် မူကျီးကျင်းကလည်း မြို့နှင့်ပတ်သက်သော ထုံးတမ်းများ၊ အလေ့အထများနှင့် စိတ်ဝင်စားဖွယ်ရာနေရာများကို ပြောပြသည်။
ဆယ့်ငါးမိနစ်ခန့် လျှောက်ပြီးနောက် သူတို့သည် ဧရာမကြီးမားသော မူမိသားစုခြံဝင်းကို မြင်ရ၏။
ထိုနေရာကား မြို့ငယ်လေးတစ်မြို့အလားပင် ထင်မှတ်ရသည်။
အမှန်တကယ်လည်း မူမိသားစုမရှိဘဲ မူရှန်မြို့မှာ မြို့ဟုပင် မခေါ်နိုင်ပါ။
မူဝမ်က ကျင်းယွမ်နှင့် ဟန်မူယဲ့တို့အား ဘေးတံခါးတစ်ခုမှ ခေါ်သွားကာ သာယာလှပသော ဝင်းငယ်လေးတစ်ခုသို့ ခေါ်လာ၏။
“ဒါက ရှုကျင်းဥယျာဉ်ပါ”
မူဝမ်က ကျင်းယွမ်၏ကို လွှတ်ကာ ပြုံးလျက် ပြောသည်။
“အကြီးအကဲစုလျန့် ပြန်ရောက်တဲ့အခါ ညီမ နောက်တစ်ခါ လာနှုတ်ဆက်ပါဦးမယ်”
မူဝမ်က ပြောပြီးကာ ဟန်မူယဲ့အား ကြည့်သည်။
“စီနီယာအစ်ကိုဟန်… ရှင် နေကောင်းနေတာပဲ။ ဒါက အရမ်းကောင်းတယ်”
သူမ၏စကားတွင် မည်သည့်ခံစားချက်မှ မပါပေ။
ဟန်မူယဲ့က ခေါင်းညိတ်ကာ ပြောသည်။
“ဂျူနီယာညီမလေးမူကော ဂိုဏ်းမှာ အဆင်ပြေရဲ့လား”
မူဝမ်က ပြုံးလျက် ခေါင်းညိတ်ကာ နောက်လှည့်ထွက်ခွာသွားသည်။
မူကျီးကျင်းက ဟန်မူယဲ့အား ကြည့်ကာ မူဝမ်အား လှမ်းကြည့်သည်။ သူက အနည်းငယ် သံသယဝင်ဟန်ရှိနေသော်လည်း လက်နှစ်ဖက်ဆုပ်ကာ ထွက်ခွာသွားသည်။
“စီနီယာအစ်ကိုဟန်… ဂျူနီယာညီမလေးမူနဲ့ အခုမှ ပြန်တွေ့တာ။ ဘာလို့ သူ့ကို ဒီမှာ နေပြီး စကားဆက်မပြောခိုင်းတာလဲ”
ကျင်းယွမ်က နောင်တရစွာ ပြောသည်။
စကားဆက်ပြောရမည်လား။
မင်းရှေ့မှာ ငါတို့က ဘယ်လို စကားပြောရမလဲ။
ဟွမ်လောင်လျှိုသည်သာ ထိုနေရာများတွင် အလိုက်သိပေသည်။
ဟန်မူယဲ့ ခေါင်းယမ်းကာ ဥယျာဉ်ထဲကို ဝင်သွားသည်။
ခြံဝင်းထဲတွင် ရေကန်နှင့် စံအိမ်မှာ အလွန်လှပတင့်တယ်သည်။
ဝင်းထဲတွင် အမျိုးမျိုးသော ဆေးပင်များကို တွေ့နိုင်ပြီး အလှစိုက်ပန်းမင်များလည်း စိုက်ပျိုးထားသည်။ တချို့သော ဆေးပင်များမှာ သက်တမ်းရင့်နေပြီဖြစ်ကာ ဧည့်သည်များ နှုတ်ယူသွားမည်ကို စိုးရိမ်ဟန် မတူပါ။
ဥယျာဉ်ထဲတွင် အစေခံတချို့ရှိကာ သူတို့က ဟန်မူယဲ့နှင့် ကျင်းယွမ်တို့အား နေစရာအခန်းများ၌ နေရာချပေးသည်။
ဟန်မူယဲ့နှင့် ကျင်းယွမ်တို့က အခန်းကိုယ်စီရွေးကာ ခေါင်းဆောင်တောက်ရင်နှင့် အကြီးအကဲစုလျန့်တို့အတွက် မြင်ကွင်းကောင်း ရှုခင်းကောင်းသော အခန်းများအား ဖယ်ပေးထားကြသည်။
“လှေပျံထဲတွင် တနေကုန်ထိုင်နေခြင်းက သိပ်မပင်ပန်းသော်လည်း စိတ်ပိုင်းဆိုင်ရာအားဖြင့်တော့ ထိုင်းမှိုင်းနေခဲ့သည်။
အခန်းထဲတွင် ဟန်မူယဲ့သည် ချီအားများကို စတင်လှည့်ပတ်ကာ သူ၏ဓားချီများအား သန့်စင်၏။
သူ အခန်းအပြင်သို့ ထွက်လာသောအခါ သူ့စိတ်များ လန်းဆန်းနေပြီ ဖြစ်သည်။
ခေါင်းဆောင်တောက်ရင်နှင့် အကြီးအကဲစုလျန့်တို့မှာ ပြန်ရောက်နေပြီ ဖြစ်သည်။
“ဟန်မူယဲ့… ခေါင်းဆောင်မူက မင်းအတွက် အသက်ရှည်ဆေးလုံး ဖော်စပ်ပေးဖို့ သဘောတူပြီးပြီ”
ဟန်မူယဲ့ ရောက်လာလျှင် အကြီးအကဲစုလျန့်က ပြုံးလျက် ပြောသည်။
“ကျေးဇူးပါ အကြီးအကဲ…”
ဟန်မူယဲ့က ခေါင်းညိတ်ကာ ဦးညွှတ်သည်။
သူသည် မူမိသားစုခေါင်းဆောင်အား တောင်းဆိုရန် အဆင့်မမှီပါ။
အကြီးအကဲစုလျန့်သာ မကူညီပါက သူ့တွင် အခွင့်အရေးရှိမည် မဟုတ်ပေ။
သည်တစ်ကြိမ် သူသည် အကြီးအကဲစုလျန့်အပေါ် ကျေးဇူးကြွေး တင်သွားပြီ ဖြစ်သည်။
“ကောင်လေး… ငါတို့ သွေးကြောဖွင့်ဆေးလုံးနဲ့ပတ်သက်ပြီးတော့ အဖိုးကြီးမူနဲ့ ဆွေးနွေးခဲ့ပြီးပြီ”
ခေါင်းဆောင်တောက်ရင်က ပြောသည်။
“အဖိုးကြီးမူ ပြောတာတော့ မင်းပြောတဲ့ နည်းစနစ်အသစ်က ဖြစ်နိုင်တယ်တဲ့”
သူက ဆက်ပြောသည်။
“ဒီနေ့က ဧည့်သည်တွေ အတော်များနေတော့ ငါတို့ အသေးစိတ်ဆွေးနွေးဖို့ အချိန်မရခဲ့ဘူး”
“အဖိုးကြီးက ဒီဆေးဖော်နည်းကို အကြံပေးခဲ့တဲ့ မင်းကိုလည်း အတော်စိတ်ဝင်စားနေတယ်။ အခန်းအနားနေ့ကျရင် သူ့ကို တွေ့ဖို့ မင်းလိုက်ခဲ့လိုက်”
မိမိကို စိတ်ဝင်စားနေသည်လား။
သူ ဝမ်းသာရမည်လား ဝမ်းနည်းရမည်လား မသိပါ။
သူ့ဘေးတွင် ကျင်းယွမ်က အားကျစွာ ကြည့်သည်။
“မင်းလည်း အာခီမီပညာကို ကျင့်ကြံတာပဲ။ ခေါင်းဆောင်မူနဲ့ တွေ့တာက မင်းအတွက် ကောင်းတဲ့အခွင့်အရေးပဲ”
အကြီးအကဲစုလျန့်က ကျီစယ်သည်။
“မင်းနဲ့ အဲဒီမိန်းကလေးမူဝမ်က တစ်ခုခုပတ်သက်နေတာမဟုတ်ဘူးလား။ သူ့မိသားစုခေါင်းဆောင်နဲ့ တွေ့သင့်တာပေါ့”
ဤသည်က မိဘများနှင့် တွေ့သည်နှင့် တူသလော။
ဟန်မူယဲ့ အာရုံထွေပြားနေသည်။
“ဟွင်း… မင်းက အသက်ငယ်ငယ်ပဲ ရှိသေးတယ်။ ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်စမ်းပါ။ အဓိပ္ပာယ်မရှိတာတွေ တနေကုန် တွေးမနေနဲ့”
ခေါင်းဆောင်တောက်ရင်က ပြောကာ ထွက်သွားသည်။
ဟန်မူယဲ့က ခေါင်းဆောင်တောက်ရင်၏နောက်ကျောအား ဒေါသတကြီး ကြည့်သည်။
အဖိုးကြီးကား အမြဲတမ်း သူ့အပေါ် အမြင်စောင်းနေသည်။
ကျင်းယွမ်ကား ရယ်ချင်စိတ်ကို မျိုသိပ်ထားရသည်။
နေ့လည်ပိုင်းတွင် မူဝမ်သည် အကြီးအကဲစုလျန့်ထံသို့ လာရောက်လည်ပတ်သည်။ သူတို့က တစ်ရာရီခန့် စကားပြောပြီးနောက် သူမသည် ဦးညွှတ်နှုတ်ဆက်ကာ ထွက်လာခဲ့သည်။
ထိုအချိန်တွင် ဟန်မူယဲ့သည် ဝင်းထဲတွင် ရေကန်ဘေး၌ ငါးများကို ကြည့်နေ၏။
“စီနီယာအစ်ကိုဟန်…”
ဟန်မူယဲ့ ပြန်ကြည့်သည်။ မူဝမ်ကား အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၌ ရှိစဉ်ကထက် ပိုမို၍ ပိန်ပါးသွားသော်လည်း သူမ၏အရှိန်အဝါမှာ ပိုမိုသိပ်သည်းလာခဲ့သည်။ သူမ၏မျက်လုံးများတွင်လည်း ယုံကြည်မှုရှိသော အငွေ့အသက်များ ရှိနေ၏။
မူဝမ်သည် ပြီးခဲ့သည့်ကာလများအတွင်း အတော်လေးရင့်ကျက်သွားသည်မှာ သေချာသည်။
“မူမိသားစုရဲ့ ရှုခင်းတွေက မဆိုးဘူး။ ဂျူနီယာညီမလေး… မင်း ငါ့ကို အနီးအနား လိုက်ပြပေးမလား”
ဟန်မူယဲ့က ပြုံးလိုက်သည်။
ဓားစံအိမ်တွင် မူဝမ် ရောက်လာတိုင်း ဟွမ်လောင်လျှိုသည် အမျိုးမျိုးသော အကြောင်းပြချက်များဖြင့် ရှောင်ပေးလေ့ရှိသည်။
“သေချာတာပေါ့”
ထို့နောက် မူဝမ်သည် ခေါင်းငုံ့ကာ ဟန်မူယဲ့အား ခေါ်လာသည်။
“စီနီယာအစ်ကို… ရှင့်ရဲ့သက်တမ်းကုန်ခါနီးမှာ ညီမ အရမ်းဝမ်းနည်းခဲ့ရတယ်”
သူတို့ လမ်းလျှောက်လျှင် မူဝမ်က တီးတိုးပြောသည်။
“အာခီမီပညာရှင်တစ်ယောက်အနေနဲ့ ညီမက ရင်းနှီးတဲ့သူတွေကို ဆေးဖော်စပ်ဖို့ အစွမ်းမရှိခဲ့ဘူး။ အဲဒီခံစားချက်က အရမ်းခံစားရခက်တယ်”
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဟာ ဂိုဏ်းကြီးကိုးဂိုဏ်းထဲမှာ ပါပေမဲ့ အာခီမီပညာရပ်မှာတော့ အဆင့်အတန်းနည်းနည်းနိမ့်တယ်”
“လင်ဟွားစံအိမ်ဟာ အာခီမီပညာရပ်မှာ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ထိပ်ဆုံးငါးနေရာထဲ ပါတယ်”
“ညီမက အာခီမီပညာရပ်ကို ပိုတိုးတက်အောင် လေ့လာချင်ခဲ့တယ်”
မူဝမ်က တီးတိုးပြောကာ သူမ၏ခံစားချက်များကို ပြောပြသည်။
သူမက ဟန်မူယဲ့အပေါ် ကူညီနိုင်ခြင်း မရှိခဲ့သည့်အတွက် အလွန်ဝမ်းနည်းခဲ့ရ၏။
ဒီကောင်မလေး…
“ဂျူနီယာညီမလေး… တိမ်မြူချီဆေးလုံးစီးပွားရေးအခြေအနေ ဘယ်လိုလဲ”
မူဝမ်က ပြောပြီးသည်နှင့် ဟန်မူယဲ့က ရယ်မောကာ မေးလိုက်သည်။
ယခင်က သူသည် မူဝမ်နှင့် တွေ့ကာ တိမ်မြူချီဆေးလုံး ဖော်စပ်ခြင်းအား အကြံဉာဏ်များ ပေးခဲ့သည်။
သူ့စကားများကို ကြားကာ မူဝမ်က ပြုံးလျက် ပြန်ကြည့်၏။
“အဲဒါ အရမ်းကောင်းတာပေါ့။ အဲဒီဆေးလုံးကြောင့် ဂိုဏ်းအတွင်းမှာ ညီမရဲ့ ဂုဏ်သတင်းနဲ့ ကြွယ်ဝမှုက…”
မူဝမ်က ပါးစပ်ကို ပိတ်လိုက်ကာ သူမ၏ကြွယ်ဝမှုအား ထုတ်မပြောတော့ပေ။
“ဒါပေမဲ့ အနောက်ဘက်နယ်စပ်ကုန်းမြေမှာ အရည်အသွေးမြင့်တိမ်မြူချီတချို့ ပြန့်နှံ့နေပြီးတော့ တိမ်မြူချီတဲ့စျေးနှုန်းကို မတည်မငြိမ် ဖြစ်စေတယ်”
မူဝမ်က မျက်မှောင်ကြုတ်ကာ ပြောသည်။
“ဘယ်အာခီမီဆရာကြီးကများ ပိုက်ဆံပြတ်လတ်ပြီးတော့ ညီမလို အဆင့်နိမ့်ကျင့်ကြံသူနဲ့ လာယှဉ်ပြိုင်နေတာလဲ မသိဘူး”
ထိုကိစ္စကား အာခီမီအသိုင်းအဝိုင်းထဲတွင် အတော်လေး လူသိများလာသော ကိစ္စဖြစ်သည်။
မူဝမ်က ဟန်မူယဲ့၏ထူးဆန်းသော အမူအရာကို ကြည့်သည်။
“ထားလိုက်ပါတော့… စီနီယာအစ်ကိုဟန်… ရှင်က အာခီမီပညာရှင်မဟုတ်တော့ ဒါတွေ ဘယ်နားလည်ပါ့မလဲ”
“ညီမ ရှင့်ကို ပီအိုနေးဥယျာဉ်သို့ ခေါ်သွားမယ်။ အဲဒီက ပန်းတွေက အရမ်းလှတယ်”
ဟန်မူယဲ့ ခေါင်းညိတ်ကာ နောက်မှ လိုက်ပါသွားသည်။
ပီအိုနေးပန်းဥယျာဉ်သည် အလွန်လှပသည်။ ထိုနေရာတွင် အမျိုးသားနှင့် အမျိုးသမီး ကျင့်ကြံသူများ ရှိနေကြ၏။
ပန်းများမှာ အလွန်လှပသလို မူဝမ်၏အပြုံးမှာလည်း အလွန်လှပရာ အရာအားလုံးမှာ ပနံသင့်သည်။
ဟန်မူယဲ့က သူ့တွင် ကင်မရာမရှိခြင်းအတွက် စိတ်မကောင်း ဖြစ်သွားသည်။
မဟုတ်လျှင် ဓာတ်ပုံရိုက်ရန် အချိန်အခါကောင်း ဖြစ်ပေသည်။
“အားလုံးပဲ… ကျုပ်တို့ မူမိသားစုဆေးဥယျာဉ်နဲ့ပါတ်သက်တဲ့ပုံပြင်ကို ကြားဖူးကြလား”
အနီးအနားမှ အသံတစ်သံကို ကြားရသည်။