← Chapters

ကြုံတွေ့ပြီးမှ နားလည် နိုင်လိမ့်မယ်

Vol. 23 Ch. 310

ကြုံတွေ့ပြီးမှ နားလည် နိုင်လိမ့်မယ်

Vol. 23 Ch. 310

မိုဝူကျီက သေမင်းတိုက်ပွဲ စင်မြင့်ဆီ တက်လှမ်းလာသည့် အခိုက်အတန့်၌ ပိုင်စုတင်းက ယန်အာကို လှည့်ကြည့်လိုက်သည်။ ဤနေရာတွင် မိုဝူကျီကို မှတ်မိနိုင်သည့် တစ်ဦးတည်းသော သူမှာ ယန်အာသာ ဖြစ်၏။ သူမက မိုဝူကျီအကြောင်းကို ဘွားဘွား လင်းလောင်ဆီမှ များစွာ ကြားခဲ့သော်လည်း သူမက ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ဖူးသေးပေ။

ယန်အာက ခေါင်းညိတ်ပြကာ

“အစ်မစုတင်း ... သူက ... သူက ကောင်းကင်ဖွေရှာ နန်းတော်က မိုဝူကျီပဲ ...”

သူတို့တွေ့ခဲ့သည့် မြင်ကွင်းက ယန်ရှေ့မျက်လုံးတွင် ပြန်လည်မြင်ယောင် လာလေ၏။

“ဟုတ်ပါတယ် … ယန်အာ မင်းက တကယ်ပဲ အတိတ်ကို မမှတ်မိတော့ဘူးလား ...”

“အစ်ကိုကြီးမို ကျွန်မက အတိတ်ကို မမှတ်မိပေမဲ့ ဆရာက ရှင့်အကြောင်း အများကြီး ပြောထားပါတယ်။ သူမက ရှင့်ရဲ့ ကြင်နာမှုတွေကို အမြဲတမ်း အမှတ် ရရမယ်လို့ ပြောထားတယ်။ ရှင်သာ ကျွန်မကို မကယ်ရင် ကျွန်မ သေတာ ကြာလောက်ပြီတဲ့ …”

“အစ်ကိုကြီးမိုကို ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်မက ရှင့်ဆီ လာတွေ့ချင်နေတာ ကြာပြီ။ ဒါပေမဲ့ ကျွန်မက အမြဲတမ်း တံခါးပိတ် ကျင့်ကြံနေရတော့ မလာဖြစ်လိုက်ဘူး။ ဒီတစ်ခါက ဆရာလည်း မရှိတော့ စီနီယာအစ်မကို နယ်ခြားတိုက်ပွဲကို ခေါ်သွားဖို့ နားပူနားဆာ တိုက်ထားတာ အဲဒါကြောင့်အခု တွေ့ခွင့်ရတာပဲ …”

“အစ်ကိုကြီးမို ဒါလေးက မပြောပလောက်တဲ့ ကျေးဇူးတင်မှုလေးပါ။ အစ်ကို လုပ်ပေးခဲ့တာနဲ့ ယှဉ်ရင် ဘာမှ မဟုတ်မှန်း သိပါတယ် ဒါပေမဲ့ အထဲက ပစ္စည်းတွေကိုတော့ မကျေမနပ် မဖြစ်ပါနဲ့နော် ...”

“ယန်အာ အတိတ်အကြောင်း သိချင်ရင် ပြောပြပေးလို့ ရတယ် …”

“အစ်ကိုကြီးမို ... စီနီယာ အစ်မက ပြောထားတယ် ကျွန်မ ကျင့်ကြံနှုန်း မြန်တာက ကျွန်မစိတ်က ဖြူစင်ပြီးတော့ အနှောင့်အယှက် မရှိလို့တဲ့။ တကယ်လို့ ကျွန်မသာ အတိတ်အကြောင်း အများကြီး သိသွားရင် ကျွန်မ ကျင့်ကြံဆင့်က မြန်တော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မက အစ်ကိုကြီးမိုကို အရမ်း ကျေးဇူးတင်နေဆဲပါ … ကျေးဇူး တင်ပါတယ်ရှင့် …”

“တကယ်တော့ ကျုပ်လည်း အတိတ်ကို သိပ်မမှတ်မိတော့ဘူး။ တကယ်လို့ မိန်းကလေး ယန်အာက နောင်မှာ အခက်အခဲ တစ်ခုခု တွေ့ရင် ကျုပ်ကို လာရှာလို့ ရပါတယ်။ ကျုပ် မိုဝူကျီက အမြဲတမ်း မင်းရဲ့ အစ်ကိုကြီး ဖြစ်နေမှာပါ ...”

***

သူမနှလုံးသားထဲ ဆူးတစ်ချောင်း စိုက်နေသကဲ့သို့ ပြောမပြတတ်သည့် ခံစားချက် ပေါ်လာလေ၏။ သို့သော်လည်း သူမက မကြာခင်ပင် ပြန်လည် တည်ငြိမ်သွားသည်။

“ယန်အာ အဆင်ပြေရဲ့လား ...” ပိုင်စုတင်းက ယန်အာကို သတိထားမိ လိုက်ပြီး အလောတကြီး မေးလိုက်သည်။

ယန်အာက ခေါင်းခါပြ လိုက်ပြီး

“ဘာမှမဟုတ်ပါဘူး။ ထူးဆန်းတဲ့ ခံစားချက် ရလာလို့ပါ ...”

ပိုင်စုတင်းက တိတ်ဆိတ်သွားပြီး ခဏအကြာ၌ သူမက ပြောလိုက်သည်။

“ယန်အာ ... မင်း မှန်ကောင်း မှန်လိမ့်မယ်။ မင်းကျင့်ကြံဆင့်က တခြား သူတွေထက် မြန်တာက မင်းစိတ်နှလုံးမှာ အချုပ်အနှောင်တွေ မရှိလို့ ဖြစ်ကောင်း ဖြစ်လိမ့်မယ်။ ဒါပေမဲ့လည်း ကျင့်ကြံခြင်းက ကျင့်ကြံဆင့် တက်ဖို့ တစ်ခုတည်း မဟုတ်ဘူး ...”

ယန်အာက ရုတ်တရက် မေးလိုက်သည်။

“အစ်မစုတင်း ... ညီမရဲ့ ဆရာက ပြောဖူးတယ်။ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ရောက်ပြီး ကျင့်ကြံဆင့် မြင့်လာတာနဲ့ မှတ်ဉာဏ်တွေက ဖြည်းဖြည်းချင်း ပျောက်ကွယ် သွားလိမ့်မယ်တဲ့။ အခု ညီမက အစစ်အမှန ရေအဆင့် ၆ ရောက်နေပြီ ဆိုတော့ မှတ်ဉာဏ်တွေ လုံးဝပြန်မရ နိုင်တော့တာ များလား ...”

သူမက အရူးတစ်ယောက် မဟုတ်ပေ။ မနေ့ညက ပိုင်စုတင်း ပြောလိုသည့် အကြောင်းကို သဘောပေါက်၏။ ပိုင်စုတင်းက ငြင်းဆန်သော်လည်း ယန်အာက သူမစိတ်ကို သိ၏။

ပိုင်စုတင်းက ခေါင်းခါကာ

“လောကအဆင့် ဇယားက ကြီးမားပြီးတော့ ကျယ်ပြန့်တယ်။ ငါတို့ မသိတာတွေ အများကြီး ရှိသေးတယ်။ မင်းရဲ့အစစ်အမှန် ရေအဆင့်ကို မပြောနဲ့ဦး ... လောက အင်မော်တယ်အဆင့် ဒါမှမဟုတ် မြေကမ္ဘာ အင်မော်တယ်အထိ ရောက်နေရင်တောင် မင်းသာ စိတ်ဓာတ်ခိုင်မာ နေသရွေ့ သေချာပေါက် မှတ်ဉာဏ် ပြန်ရနိုင်လိမ့်မယ်။ မင်းမှာသာ အဲဒီ စိတ်ဓာတ်ခွန်အား မရှိဘူးဆိုရင် မင်းက စိတ်ဝိညာဉ် မတည်ဆောက် ရသေးရင်တောင် မင်းမှတ်ဉာဏ်ကို ရနိုင်မှာ မဟုတ်ဘူး ...”

“စိတ်ဓာတ်ခွန်အား ...” ယန်အာက ထိုစကားတစ်လုံးသာ ရေရွတ်လိုက်သည်။ သူမက စီနီယာ ကျင်းဝမ်နှင့် ရှိစဉ်က ရှီကျင်းဝမ်သည် သူမကို အတိတ်မှ အနှောင်အဖွဲ့များ အားလုံးကို မေ့လျော့ပြီး ကျင့်ကြံခြင်း အပေါ်၌ အာရုံစိုက်ရန် ပြောခဲ့သည်။ အနှောင်အဖွဲ့ ကင်းကင်းဖြင့် ကျင့်ကြံနိုင်ခြင်း အတွေးကား ရှီကျင်းဝမ် ရိုက်သွင်း ပေးထားသည့် အရာ ဖြစ်သည်။ လက်တွေ့တွင် ထိုအတွေးကြောင့်ပင် သူမ ကျင့်ကြံဆင့်များက အမှန်ပင် တိုးတက် လာလေသည်။

သို့သော်လည်း သူမက အစ်မစုတင်းနှင့် အတူတူ ရှိစဉ်မှ စ၍ ပိုင်စုတင်း၏ အတွေးအမြင်များ သက်ရောက်မှု ရှိဟန် ရသည်။ ကျင့်ကြံခြင်းက အကုန် မဟုတ်သေးပေ။ ကျင့်ကြံခြင်းထက် ပို၍ အရေးကြီးသော အရာများစွာ ရှိသေး၏။

ပိုင်စုတင်း၏ လွှမ်းမိုးမှုကြောင့် သူမအတွေးတွေ တဖြည်းဖြည်း ပြောင်းလဲ လာတာများလား ...

မဟုတ်သေးပါဘူး ...

ယန်အာက ခေါင်းမြန်မြန် ခါလိုက်သည်။ သူမအတွေးများ ပြောင်းလဲလာမှုက ပိုင်စုတင်းနှင့် ပတ်သက်မှု မရှိဘဲ နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ နှင့် တွေ့စဉ် ကတည်းမှ ဖြစ်သည်။

နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က သူ့အသက်ကို စတေးပြီး သူမကို ကာကွယ်ပေးခဲ့သည်။ ထိုသည်က ကျင့်ကြံခြင်း အပြင် တခြားသော အရေးကြီး ကိစ္စများ ရှိသေးကြောင်း သိလာစေသည်။ ထိုအရာက ခံစားချက်များ ဖြစ်၏။

“ကောင်းကောင်း ကျင့်ကြံပြီးတော့ အသက်ရှင်ဖို့ ကြိုးစား ...” သူ့အသံမှာ အက်ရှရှ ဖြစ်ကာ တစ်ယောက်တည်း ကန္တာရထဲ အချိန်အတော်ကြာ သွားလာရသည့်လူ ဖြစ်ဟန်ပေါ်သည်။ တစ်ယောက်တည်း ဖြစ်ကာ အထီးကျန် လွန်းလှသည်။

အကြောင်းပြချက် ရေရေရာရာ မရှိဘဲ ယန်အာ၏ နှာသီးဖျားလေး နီရဲလာပြီး မျက်လုံးထောင့်မှ မျက်ရည်များ စီးကျလာလေသည်။ သူမက ကျင့်ကြံစဉ်မှ စ၍ ထိုသို့ ခံစားချက်မျိုး ဖြစ်တည် လာသည်က ပထမဆုံးအကြိမ် ဖြစ်သည်။ သူမက နယ်လှည့် ကျင့်ကြံသူကို ပြန်လည် အမှတ်ရ မိသည့်အခါ သူမက သူ့ကို မသိသော်လည်း သူက သူ့မအတွက် သူ့အသက်ကို စတေးရန် ဆန္ဒရှိနေလေသည်။ သူ ထွက်မသွားခင် သူက ကောင်းကောင်း ကျင့်ကြံပြီး အသက်ရှင်ဖို့ ကြိုးစားရန် အကြံပေးခဲ့သည်။

အတိတ်တုန်းက သူမက သူ့စကားများကို နားမလည်သော်လည်း သူမကိုယ်တိုင် သေရေး၊ ရှင်ရေး အခြေအနေများကို ကြုံတွေ့ပြီး နောက်တွင် ထိုစကားများက သွေး၊ ချွေးနှင့် မျက်ရည်များ မူတည်၍ ဖြစ်တည်လာမှန်း သိလိုက်သည်။ သူတို့တွေ့စဉ်က သူသည် နယ်ခြား ကျင့်ကြံသူ ရာကျော် အဝိုင်းခံ ထားသည့်ကြားမှ လမ်းဖောက် တိုက်ထွက်လာသည် မဟုတ်ပါလော။ သူ ထွက်လာနိုင်သည့် အခါ သူမကို အသက်စွန့်၍ ကယ်တင်ခဲ့သေးသည် မဟုတ်လား။ သူမက နယ်လှည့် ကျင့်ကြံသူကို မည်မျှကြာအောင် သိနေလဲ ... အချိန်တိုလေး အတွင်း သူက သေခြင်းတရားနှင့် နှစ်ကြိမ် ကြုံတွေ့ပြီး သွားလေပြီ။

သူမ မျက်ရည်များကြောင့် မိုဝူကျီ ပုံရိပ်မှာ ဝေဝါး လာလေ၏။ မရင်းနှီးသည့် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က သူမအတွက် သူ့အသက်ကို လဲလှယ်ဖို့ ဆန္ဒရှိလေသည်။ သူမက ကျင့်ကြံဆင့် မြင့်ဖို့ရာ အတွက် အတိတ်မှ ဖြစ်ရပ်များကို လက်မခံဘဲ စိတ်နှလုံးသား အနှောင်အဖွဲ့ ကင်းလွတ် စေရန်သာ လုပ်ဆောင်ခဲ့ပြီး မိုဝူကျီက မည်သို့ လူစားမျိုး ဖြစ်ကြောင်းပင် ဂရုစိုက်ဖို့ရာ ဝန်လေး နေခဲ့မိသည်။

အနှောင်အဖွဲ့ မရှိဘဲ ကျင့်ကြံနိုင်ခြင်း ထိုအရာက ထိုမျှ အရေးပါရဲ့လား ... ထိုသို့ဆိုလျှင် မိုဝူကျီ၏ သူမအပေါ် ကြင်နာမှု၊ ပေးဆပ်မှုများရော ...

နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ နှင့် နှိုင်းယှဉ်လျှင် သူမက ကျေးဇူး မသိတတ်ပြီး ခံစားချက် မရှိသည့် ကျင့်ကြံခြင်း စက်ရုပ်မျှသာ ဖြစ်နေ၏။

“ယန်အာ အဆင်ပြေရဲ့လား ...” ပိုင်စုတင်းက ယန်အာ၌ တစ်ခုခု မူမမှန်ကြောင်း သိ၍ မေးလိုက်သည်။

ယန်အာက ခေါင်းခါပြကာ

“ညီမ အဆင်ပြေ ပါတယ်။ အစ်မစုတင်း ... ညီမ မှတ်ဉာဏ်တွေ ပြန်ရချင်ရင် ဘာလုပ်ရမလဲ ...”

ပိုင်စုတင်းက နည်းနည်း ဇဝေဇဝါ ဖြစ်သွားမိသော်လည်း မကြာခင် နားလည် သွားလေသည်။ သူမက ယန်အာ ဆံပင်ကို သပ်ကာ

“ယန်အာ ... မင်း မှတ်ဉာဏ်တွေ ပြန်ရချင်တာက မှန်ကန်တဲ့ ရွေးချယ်မှုပဲ ... ဟိုးအရင်ကတည်းက အဆင့်မြင့် ကျင့်ကြံသူတွေက သူတို့အဆင့်တွေ ထိပ်ဆုံးရောက်အောင် မှတ်ဉာဏ်တွေကို ပိတ်လှောင်ပစ် လိုက်တယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူး ... မင်း မှတ်ဉာဏ်တွေက ဆိုးရွားတာပဲ ဖြစ်ဖြစ်၊ ကောင်းတာပဲ ဖြစ်ဖြစ် မင်းရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ။ ငါကတော့ နှလုံးသားကို ကျင့်ကြံခြင်းလို့ ခေါ်ထားတယ်။ တကယ်လို့ မင်းသာ မပြောရင် ငါလည်း ဒီစကားတွေကို ပြောမိမှာ မဟုတ်ဘူး ... အနှောင်အဖွဲ့မရှိဘဲ ကျင့်ကြံတာက မြန်ဆန်ပေမဲ့ အတွင်းစိတ် နတ်ဆိုးမရှိတဲ့ ကျင့်ကြံသူက မြင့်မြင့် သွားနိုင်မယ်လို့ မထင်ဘူး။ အတွင်းစိတ် နတ်ဆိုးတွေက ကျင့်ကြံခြင်း လမ်းစဉ်အတွက် လိုအပ်တယ်။ အဲဒီ စိတ်နတ်ဆိုးတွေကို အောင်မြင်တဲ့ အခါမှ မင်းအမြင်တွေ၊ နားလည် နိုင်စွမ်းတွေက ပိုပြီး တိုးတက်လာမှာ ... အဲဒါမှ ထပ်မြင့်မြင့် ရောက်နိုင်မှာ ...”

“ညီမ နားလည်ပါပြီ ...” ယန်အာက ခေါင်းညိတ်ပြ လိုက်သည်။

အတိတ်တုန်းက သူမသည် နယ်လှည့် ကျင့်ကြံသူ စကားများကို အမှန်နားမလည် နိုင်ခဲ့ပေ။ သို့သော် သေရေး၊ ရှင်ရေး အဖြစ်အပျက်များ ကြုံတွေ့ပြီး နောက်တွင် သူမက အသက်ရှင်ရန် ကြိုးစားဟူသော အဓိပ္ပာယ်ကို ကောင်းကောင်း နားလည် သွားလေ၏။

“တကယ်တော့ မင်းမှတ်ဉာဏ်တွေကို ပြန်ရဖို့က သိပ်မခက်ခဲပါဘူး။ ငါ လောက အင်မော်တယ် အဆင့် ရောက်ပြီးတာနဲ့ မင်းကို အင်မော်တယ် နတ်ဆေးဆရာ တောင်ကြားကို စန်ယီရှန်းကို ရှာဖို့ ခေါ်သွားပေးမယ်။ ကြားတာတော့ သူက ကုမရတဲ့ လူနာတွေကိုတောင် ကုသပေး နိုင်တယ်တဲ့။ ကျန်းမိုနယ်မြေ တစ်ခုလုံးမှာ သူက အားအကောင်းဆုံး ဆေးနတ်ဘုရားပဲ ...” ပိုင်စုတင်းက ပြောလိုက်သည်။

ယန်အာက “အမ်း” ဟု ပြောရင်း အသိအမှတ် ပြုလိုက်ကာ သေမင်းတိုက်ပွဲ စင်မြင့်ဆီသာ ပြန်ကြည့် လိုက်တော့သည်။

***

သေမင်းတိုက်ပွဲ စင်မြင့်

ကြေညာသူက မိုဝူကျီနှင့် ယန်ယန်ဒေါင်တို့ နေရာ ယူပြီးသည်ကို တွေ့သောအခါ သူက နောက်ဆုတ်လိုက်ပြီး လက်ကို မြောက်ကာ လူအုပ်ကြီးဆီ လှည့်၍ ကြေညာ လိုက်တော့သည်။

“ပြိုင်ပွဲ စတင်ပါပြီ ...”

ယန်ယန်ဒေါင်က သူ့လက်ချောင်းမှ လက်စွပ်ကို လှည့်လိုက်သည့်အခါ မိုးကောင်းကင် ပုဆိန်လှံရှည် ပေါ်လာလေ၏။

မိုးကောင်းကင် ပုဆိန်လှံရှည် ပေါ်လာသည့်အခါ လူအုပ်ကြီးက စိတ်လှုပ်ရှားစွာ အော်ဟစ် လိုက်ကြသည်။

အရိုးသားဆုံး ပြောရလျှင် မိုးကောင်းကင် ပုဆိန်လှံရှည် အသုံးပြုသော ကျင့်ကြံသူများက များများစားစား မရှိပေ။ အချူပ်အားဖြင့် သေမျိုးနွယ်ဝင် ဗိုလ်ချုပ်များနှင့် သိုင်းပညာရှင်များသာ ထိုသို့ လက်နက်မျိုးကို သဘော ကျကြသည်။

ယန်ယန်ဒေါင်က မျက်နှာလေးထောင့် ရှိသည့် သာမန်ရုပ်ရည် ဖြစ်သည်။ သို့သော်လည်း စင်ပေါ်၌ သူက ကျင့်ကြံသူ ဝတ်စုံနှင့်အတူ လက်ထဲ၌ မိုးကောင်းကင် ပုဆိန်လှံရှည် ကိုင်ဆွဲထားသည့် အခါ အရှိန်အဝါ ကောင်းများ ထွက်ပေါ် နေလေသည်။

ထို့သည် လူအုပ်ကြီး၏ စိတ်လှုပ်ရှားမှုကို နှိုးဆွနိုင်ပေ လိမ့်မည်။

မိုဝူကျီက လက်တစ်ချက် အဝှေ့တွင် လက်ထဲ၌ ရှစ်မြှောင့်ထောင့် သံမဏိတူ ပေါ်လာလေ၏။ သူက ချက်ချင်း မလှုပ်ရှားသေးဘဲ ယန်ယန်ဒေါင်၏ လှုပ်ရှားကွက်ကို စောင့်နေလေ၏။

ယန်ယန်ဒေါင်က စတင်၍ မတိုက်သေးဘဲ မိုဝူကျီကို ကြည့်ကာ အော်ရယ်မော လိုက်သည်။

“မင်းနဲ့ သေမင်း တိုက်ပွဲကို ဘာလို့ စိန်ခေါ်လဲဆိုတာ သိလား ... ဟိုခွေးမ အတွက်လား ဟားဟား ... မင်းသေခြင်းက ငါ့ကို ကူညီပေးလိမ့်မယ်။ အဲဒါကြောင့် မင်းကို လူဆန်ဆန် သတ်ဖို့ ဆုံးဖြတ်ခဲ့တာပဲ ...”

မိုဝူကျီက သက်ပြင်းသာ ချလိုက်မိသည်။ မျှော်လင့်ထားသည့် အတိုင်း အားလုံးက ဖန်းချီကဲ့သို့ မဟုတ်ကြပေ။

“မင်းက တကယ့် အကြောင်းရင်းကို မပြောမှန်း သိပါတယ်။ မင်း ပြောခဲ့ရင် မင်းသေသွားတဲ့အခါ ငါ သတင်း ဖြန့်ပေးမယ် ...” မိုဝူကျီက အသာ ပြောလိုက်သည်။

ယန်ယန်ဒေါင်က ရယ်မောလိုက်ရင်း တီးတိုး ပြောလိုက်သည်။

“မင်းရဲ့ မခံချိ မခံသာ ပြောတာတွေက မဆိုးပါဘူး။ ငါတောင် အဲထဲ မျောသွားတော့မလို့ ... မင်းကို ဘာလို့ သတ်ချင်တာလဲ ဆိုတာ ပြောပြရဦးမယ် ... မင်းကံက မဆိုးလို့ပဲ ... မင်းက တကယ်ကို လောကအဆင့် ဇယားထဲ ရောက်လာသေးတယ်။ ငါသာ လောကအဆင့် ဇယားက လူကို သတ်နိုင်ခဲ့ရင် ငါ့မျိုးနွယ်စုက ဘာတွေ ချီးမြှင့်မယ်ဆိုတာ မင်း ဘယ်တော့မှ သိမှာ မဟုတ်ဘူး ...”

ထိုသို့ပြောပြီး ယန်ယန်ဒေါင်က ခြားနားလှသည့် ပုံရိပ်ဆယ်ခု အဖြစ် ပြောင်းလဲသွားပြီး အဆုံးမရှိသည့် ပုဆိန်လှံရှည် အရိပ်များစွာက စင်တစ်ခုလုံး အပေါ် နေရာယူ ထားလေသည်။ ထိုအရိပ်များမှ လှိုင်းများ ထွက်ပေါ်လာသည့် အခါ ဆောင်းလေပြည်နှင့် မျောပါသွားသည့် သစ်ရွက်များ အလား အဆုံးမသတ်သည့် လူသတ်ငွေ့များ ပေါ်ထွက်လာ၏။

ကြည့်ရှု နေကြသူများက အော်ဟစ်ကာ အားပေး လိုက်ကြသည်။ ဤမိုးကောင်းကင် ပုဆိန်လှံရှည် နည်းစနစ်မှာ ယန်မျိုးနွယ်စုနှင့် အမှန်ပင် ထိုက်တန်ပေသည်။ သာမန် ကျင့်ကြံသူများက ထိုသို့ ခြိမ်းခြောက်နိုင်စွမ်း ရှိသည့် ပုဆိန်လှံရှည် အရိပ်များကို မည်သို့ ထုတ်လွှင့် နိုင်မည်နည်း။

ယန်ယန်ဒေါင် ပုဆိန်လှံရှည် ပုံရိပ်များ ပေါ်လာသည့်အခါ မိုဝူကျီက ထိုလူ စွမ်းအား အစစ်အမှန်ကို ခံစားမိ လိုက်သည်။ သူ အစစ်အမှန် ရေအဆင့် ၄ မဟုတ်သလို အဆင့် ၅၊ အဆင့် ၆လည်း မဟုတ်တော့ပေ။ ထိုလူမှာ အစစ်အမှန် ရေအဆင့် ၉၏ စွမ်းအားများ ရှိနေလေသည်။

ထိုအရှိန်အဝါများနှင့် အတူ ပုဆိန်လှံရှည် အရိပ်များကြောင့် စင်မြင့်မှာ သေမင်း နေရာအလား ပြောင်းလဲ သွားပေသည်။ သူ့ထက် အဆင့်နိမ့်သော သူများက မခံစားမိကြ သော်လည်း မိုဝူကျီက ထိုစွမ်းအားကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။

ဤလူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်၁ကို သတ်နိုင်ခဲ့ခြင်းက အံ့ဩစရာ မဟုတ်တော့ပေ။ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်၃ ဖြစ်နေလျှင်ပင် ယန်ယန်ဒေါင်၏ ပုဆိန်လှံရှည် အရိပ်များကြားတွင် စွမ်းအား အစစ်အမှန်ကို ထုတ်ဖော် နိုင်တော့မည် မဟုတ်ချေ။

ယန်ယန်ဒေါင်က မိုဝူကျီကို စိန်ခေါ်ရဲသည်မှာ သူက သေချာပေါက် အနိုင်ရမည်မှန်း သိ၍ ဖြစ်သည်။

မိုဝူကျီ နှာခေါင်းရှုံ့ကာ သူ့သံမဏိ တူဖြင့် စွမ်းအားလှိုင်းများ ရစ်ပတ်ရင်း သူ့ကိုယ်သူ ကာကွယ်သည့် သဘာဝစွမ်းအား နံရံကို ဖန်တီးထား လိုက်သည်။ အကယ်၍ ယန်ယန်ဒေါင်က သူ့အား သတ်လိုလျှင် ထိုမျှ လွယ်ကူမည် မဟုတ်ပေ။

“ဘန်းဘန်း ...”ပုဆိန်လှံရှည် အရိပ်လှိုင်းများက မိုဝူကျီ၏ ကာကွယ်ရေး နံရံနှင့် တွေ့ကာ တစ်စစီ ပေါက်ကွဲ သွားကုန်ကြသည်။

ယန်ယန်ဒေါင်၏ နှုတ်ခမ်းမှာ ရက်စက် ယုတ်မာသည့် အပြုံးသွင် တွန့်ချိုး သွားလေသည်။ မိုဝူကျီက အမှန်ပင် နယ်လှည့် ကျင့်ကြံသူ ဖြစ်ကာ သင့်တော်သူ နည်းစနစ် မရှိပေ။ သူ့အရိပ်များကို ကာကွယ်ဖို့ရာ သဘာဝ စွမ်းအားများဖြင့် အကာအကွယ် ဖန်တီး ထားသည်က ရှင်းရှင်း ပြောရလျှင် အကူအညီ ရမည့်အစား ပျက်စီးစေခြင်းသာ ဖြစ်နေ၏။

***

All Chapters