← Chapters

နည်းစနစ် အပြိုင် လျှို့ဝှက်ပညာရပ်

Vol. 23 Ch. 311

နည်းစနစ် အပြိုင် လျှို့ဝှက်ပညာရပ်

Vol. 23 Ch. 311

သေမင်းတိုက်ပွဲ စင်မြင့်ကို လာကြည့်ကြသော ကျင့်ကြံသူတိုင်းမှာ အမြင်အာရုံ ကောင်းကြလေသည်။ မိုဝူကျီက သဘာဝ စွမ်းအားများကို အသုံးပြု၍ ယန်ယန်ဒေါင် တိုက်ကွက်ကို ခုခံကတည်းမှ လူအုပ်ကြီးသည် မိုဝူကျီ ရှုံးတော့မည်မှန်း သိလိုက်ကြသည်။

သဘာဝ စွမ်းအား နံရံမှာ အားကောင်းသော်လည်း စွမ်းအား အသုံးပြုမှုမှာ အတော်လေး မြင့်လေသည်။ ကျင့်ကြံသူများက သဘာဝစွမ်းအား နံရံကို သူတို့ကိုယ် သူတို့ ကာကွယ်ဖို့ရန် ဆက်တိုက် မသုံးနိုင်ချေ။ ထို့ကြောင့် သဘာဝစွမ်းအား နံရံမှာ ငှက်ချေးနှင့် တူလေသည်။ အပြင်ပန်းတွင် မာကျောသော်လည်း အချိန်ကြာကြာယူပြီးနောက်တွင် အတွင်းပိုင်း အလွှာများအထိ နှိုက်နှိုက်ချွတ်ချွတ် စမ်းကြည့်လျှင် အင်မတန် ပျော့ပျောင်းကြောင်း တွေ့ရလိမ့်မည်။

ထို့အပြင် ဤသဘာဝစွမ်းအား နံရံအပြင် မိုဝူကျီ၌ တူနည်းစနစ်များ တစ်ခုမျှ မရှိပေ။ သူက ဧရာမ တူကြီးကို ဟိုယမ်း ဒီယမ်းသာ လုပ်နိုင်သည့် အတွက် ယန်မျိုးနွယ်စု၏ ပုဆိန်လှံရှည် နည်းစနစ်နှင့် ယှဉ်လို့ ရမည်လား ...

“ဘန်း ...” မိုဝူကျီ၏ ရှစ်မြှောင့်ထောင့်တူ ဝှေ့ယမ်း လိုက်သည့်အခါ သေမင်းတိုက်ပွဲ စင်မြင့်ပေါ်ရှိ ပုဆိန်လှံရှည် အရိပ်များနှင့် ထိတွေ့မိပြီး ချက်ချင်းဆိုသလို ထိုအရိပ်များက တစ်စစီ ဖြစ်သွားလေသည်။

ယန်ယန်ဒေါင်၏ ပုံရိပ်မှာ မိုဝူကျီ တူရိုက်ချက် နယ်ပယ်အတွင်း ရှိနေပြီး ကြောင်အမိ နေလေ၏။

သူ့ပုဆိန်လှံရှည် တိုက်ကွက်ကို ခုခံဖို့ရာ သဘာဝ စွမ်းအားများ အသုံးပြု ထားသော်လည်း မိုဝူကျီက တူစွမ်းအားများကို ထိုမျှအထိ ထုတ်သုံး နိုင်သေးသည်လား ... မိုဝူကျီက သူ့လိုမျိုး စွမ်းအားတွေကို ပုန်းလျှိုးကွယ်လျှိုး လျှို့ဝှက် ထားသည်လား ...

မည်သို့ပင် ဖြစ်စေ မိုဝူကျီ၏ ရိုက်ချက်များနှင့် ရင်ဆိုင်ရသည့် အခါ ယန်ယန်ဒေါင်က ခုခံဖို့သာ ရွေးချယ်ခဲ့သည်။

ပြင်းထန်လှသည့် သဘာဝစွမ်းအား လှိုင်းများက တစ်ခုနှင့် တစ်ခု ထိပ်တိုက် တွေ့မိကြပြီး မိုဝူကျီနှင့် ယန်ယန်ဒေါင်တို့က လွင့်စဉ် သွားလေသည်။ နှစ်ယောက်က စင်မှ ကာကွယ်ရေး အတားအဆီးဖြင့် တွေ့ကာ ပြန်ရပ်နိုင် သွားကြသည်။

စင်အောက်က လူများက အံ့ဩတကြီး ကြည့်နေကြ လေသည်။ မိုဝူကျီက သဘာဝ စွမ်းအား နံရံ ပြပြီးနောက်တွင် အများစုက မိုဝူကျီသည် သေချာပေါက် ရှုံးတော့မည် ဟုသာ တွက်ထားကြသည်။ သို့သော်လည်း ရလဒ်က ရုတ်တရက် ပြောင်းလဲ သွားလေ၏။ နှစ်ဦးသား တွေ့သည့်အခါ နှစ်ဖက်လုံးမှာ လွင့်စဉ်သွားသည့် အတွက် မျှနေသည်ဟု ဆိုလိုရသည်။

“မင်းမှာ လောကအဆင့် ဇယားကို တက်နိုင်ဖို့ အရည်အချင်းတော့ ရှိသား ... မင်းကို ငါ့အားအကုန် သုံးသတ်ဖို့ ထိုက်တန်တယ်။ မင်းလဲ ဘာမှ မလျှိုထားဖို့ မျှော်လင့်တယ်။ မဟုတ်ရင် နောင်တ ရသွားလိမ့်မယ် ...” ယန်ယန်ဒေါင်က နှုတ်ခမ်းထောင့်မှ သွေးကို သုတ်ပစ်လိုက်ပြီး သူ့တည်ငြိမ်မှုများလည်း ပျောက်ဆုံးသွားပြီ ဖြစ်၏။

သူက မိုဝူကျီသည် အလွန် အားကောင်းကြောင်း သိ၏။ သို့သော် မိုတူကျီက သူ့အား အံ့ဩစေသည် အထိ အားကောင်း နေလေသည်။ မိုဝူကျီက သဘာဝ စွမ်းအား နံရံကို အသုံးပြု ထားသော်လည်း သူ့နှင့် ရင်ဘောင်တန်း တိုက်ခိုက် နိုင်သေးသည်။ ထိုသည်က မိုဝူကျီ၏ အစစ်အမှန် ရေကန်မှာ သူ့ထက် မသေးငယ်ကြောင်း ပြသနေခြင်း ဖြစ်သည်။

ထိုအတွေးက သူ့ကို မယုံကြည်ဖွယ် ဖြစ်စေကာ သူက မြောက်မြားစွာသော အခွင့်အလမ်းများ ရရှိခဲ့ပြီး အစစ်အမှန်ရေ အဆင့်၉တွင် ဖြစ်၏။ အဆင့်တူအတွင်း တခြား သူများနှင့် ရင်ဆိုင်သည့်အခါ တချို့သာ သူနှင့် သဘာဝ ရေကန်ချင်း နှိုင်းယှဉ်၍ ရလေသည်။ မိုဝူကျီက တောကြိုအုံကြားမှ ဇာစ်မြစ် မသိသည့် လူဖြစ်သော်လည်း သူနှင့် နှိုင်းယှဉ် နိုင်လေသည်။ သူက ဘယ်လိုလုပ် မယုံကြည်နိုင်ဘဲ နေမည်နည်း။

မိုဝူကျီက အစစ်အမှန် ရေအဆင့်၉တွင် ဖြစ်နေလျှင်ပင် ထိုအရာမှာ စိတ်ကူး ကြည့်၍ပင် မရနိုင်။

ယန်ယန်ဒေါင်က ပြောလိုက်ရင်း ရှေ့တက် လာလိုက်သည်။ လက်တစ်ဖက်က ပုဆိန်လှံရှည်ကို ကိုင်ထားရင်း အခြား တစ်ဖက်မှာ ဆက်တိုက် လက်ဟန်များ ပြုလုပ်နေလေ၏။

သူက မိုဝူကျီသည် သူ့စွမ်းအား အပြည့်ပြဖို့ မျှော်လင့် ထားသော်လည်း ထိုသို့ လုပ်ပြီးကြောင်း ယုံကြည် ထားမိပြန်သည်။ မိုဝူကျီက ပို၍အားကောင်း နေလျှင်ပင် သူက သေချာပေါက် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်တော့ မဟုတ်သေးပေ။ ထိုသို့ဆိုလျှင် အစစ်အမှန် ရေအဆင့် ကျင့်ကြံသူက သူနှင့် ထိပ်တိုက် ရင်ဆိုင်ပြီး နောက်တွင် အင်အားများ ကျန်ရှိနေလိမ့်မည်ဟု မယုံကြည်နိုင်သေးပေ။

ယန်ယန်ဒေါင်က သူ့ပုဆိန် လှံရှည်ကို ဝှေ့ယမ်းလိုက်ပြီး သူ့လက်ဟန်များမှာ ပို၍ ရှုပ်ထွေး လာလေသည်။ နဂိုရှင်းလင်း သွားသည့် စင်မြင့်ကား အနည်းငယ် မြူဆိုင်း လာလေသည်။ မြူများက စင်မြင့်ပေါ် ဆင်းသက် လာသော်လည်း ကြည့်ရှုသူများမှာ ပုံရိပ်မည်းမည်း သဏ္ဌာန် နှစ်ခုကို မြင်တွေ့နိုင် သေးလေ၏။

“ဒါက သဘာဝ စွမ်းအား အရည်ပျော်ခြင်း ဟင်းလင်းပြင် ပျော်ဝင်မှုပဲ ...” စင်အောက်မှ တစ်စုံတစ်ယောက်က တအံ့တဩ ပြောလိုက်သည်။

တအံ့တဩ ရေရွတ်သံ နောက်တွင် လူအများက မျက်လုံး တလက်လက် ဖြစ်လာလေသည်။ သူတို့က ဤပြိုင်ပွဲကို လာကြည့်ရသည်မှာ တန်သကဲ့သို့ အစစ်အမှန် ရေအဆင့် ကျင့်ကြံသူက သဘာဝ စွမ်းအားများ အရည်ပျော်လာသည့် အကွက် ဟင်းလင်းပြင် ပျော်ဝင်မှုကို အမှန်တကယ် မြင်တွေ့ရလေသည်။

သဘာဝ စွမ်းအားများ အရည်ပျော်ဝင်ခြင်း ဟင်းလင်းပြင် ပျော်ဝင်မှု ...

ထိုသည်က သဘာဝ စွမ်းအားများ အရည်ပျော် လာသည့်အခါ အင်အားသာ တိုးသွားခြင်း မဟုတ်ပေ။ ပို၍ အရေးကြီးသည်က ထိုပျော်ဝင် စွမ်းအားများက ပတ်ဝန်းကျင် ဟင်းလင်းပြင်နှင့် ပေါင်းစပ်သွားကာ ဟင်းလင်းပြင်ကို ပို၍ သိပ်သည်း လာလေသည်။ ပြောရလျှင် သူက ဤဟင်းလင်းပြင် နယ်ပယ်ကို ထိန်းချုပ်သွားခြင်း ဖြစ်သည်။

ထိုသည်က ဟင်းလင်းပြင် ဖိနှိပ်ခြင်းနှင့် ချုပ်နှောင်ခြင်း အမျိုးအစား ဖြစ်ပြီး ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့် ကျင့်ကြံသူများ ထုတ်လွှင့် နိုင်ရုံမျှသာ ဖြစ်လေ၏။ ဆိုရလျှင် စစ်မှန်ခြင်း နတ်ဘုရားနှင့် လောက အင်မော်တယ်များသာ လုပ်ဆောင်နိုင်သော အတိုင်းအတာ ဖြစ်၏။

စစ်မှန်ခြင်း နတ်ဘုရား အဆင့်၌ ထိုစွမ်းအား အစိတ်အပိုင်းလေးသာ သုံးနိုင်လေသည်။ ထိုနည်းစနစ်ကို အမှန်တကယ် အောင်မြင်နိုင်ဖို့ရာ သူ့သဘာဝ စွမ်းအားများကို ပျော်ဝင်စေပြီး ဟင်းလင်းပြင်နှင့် ပေါင်းစပ် သွားရမည် ဖြစ်၏။

သို့သော် ကျင့်ကြံသူ အများစုမှာ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ရောက်ရှိပြီး နောက်တွင်ပင် ထိုအဆုံးသတ် တိုက်ကွက်ကို မလုပ်ဆောင် နိုင်ကြပေ။

ပုံရိပ်မည်းမည်း နှစ်ခုက ပို၍ မှေးမှိန်လာ၍ အားလုံးက မိုဝူကျီအတွက် ပြီးဆုံးသွားကြောင်း သိလိုက်ကြသည်။

ဟင်းလင်းပြင် ပျော်ဝင်မှု ... အကယ်၍ ထိုသို့ အဆင့်ထိ ရောက်နေပါက အာကာသ ထိန်းချုပ်မှုနှင့်ပင် ယှဉ်လို့ ရလေသည်။ မိုဝူကျီက ဖျက်ဆီး ခံရရုံသာ တတ်နိုင်လိမ့်မည်။

“အိုး ... နှမြောစရာ ကောင်းလိုက်တာ ... ငါတို့တွေ တိုက်ပွဲကို မမြင်ရပေမဲ့ အဲဒါကိုက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းစေတာပဲ ...”

“မိုဝူကျီလို့ ခေါ်တဲ့ နယ်လှည့် ကျင့်ကြံသူက အနည်းဆုံးတော့ ဂုဏ်ရှိရှိ သေသွား ရတာပေါ့။ သူက ယန်ယန်ဒေါင်ကို ဟင်းလင်းပြင် ပျော်ဝင်မှု အကွက်ကို ထုတ်သုံးစေတဲ့ အထိ စွမ်းဆောင် နိုင်ခဲ့တာပဲ ...”

“ဟားဟား ... မင်းက မိုဝူကျီကို သေလိမ့်မယ်လို့ ဘာလို့ သေချာနေတာလဲ ... အခုလေးတင် သူ့ကို ပုဆိန်လှံရှည် အရိပ်တွေ ဝိုင်းရံထား ခံရပြီး သဘာဝစွမ်းအား နံရံ ထုတ်သုံးတုန်း ကလည်း သူ့ကို သေမယ်လို့ ထင်ခဲ့တာပဲ မဟုတ်ဘူးလား ... အဆုံးသတ်ကျ ဘယ်လို ဖြစ်သွားလဲ ...”

“ဟင်းလင်းပြင် ပျော်ဝင်မှုနဲ့ ပုဆိန်လှံရှည် အရိပ်တိုက်ကွက်က လုံးလုံး မတူဘူးလေကွာ ... မင်းသာ ဆိုရင်ရော လွတ်မြောက် နိုင်မှာလား ...”

“ငါက မလုပ်နိုင်လို့ စင်ပေါ် ရှိမနေတာပေါ့ဟ ... ဒါပေမဲ့ စင်ပေါ်က တစ်ဖက်လူက လောကအဆင့် ဇယားတောင် ဝင်ထားတာနော်။ လောကအဆင့် ဇယားမှာ ဝင်ဖို့ရော လွယ်တယ်လို့ ထင်နေလား ...”

“အဲတော့ ဘာဖြစ်လဲ ... မျိုးနွယ်စုကြီး သုံးခုက ပါရမီရှင်တွေက လောကအဆင့် ဇယားတော့ ဝင်ကြတာပဲ။ သူတိုက သူတို့မျိုးနွယ်စု စည်းကမ်းနဲ့ ကန့်သတ် ထားလို့သာ သူတို့ကို သတ်မှတ်ထားတဲ့ ကျင့်ကြံဆင့် မရောက်မချင်း ကြယ်တာရာ တိုက်ပွဲကို ဝင်ခွင့်မပြုဘူး ...”

***

စင်အောက်တွင် ယုန်ထင်ကြောင်ထင် ဆွေးနွေး နေကြသော်လည်း မိုဝူကျီအပေါ် သက်ရောက်မှု မရှိပေ။ ယန်ယန်ဒေါင်၏ ဟင်းလင်းပြင် ပျော်ဝင်မှု အကြောင်းကိုတော့ ပြောဖို့ပင် မလိုပေ။ မိုဝူကျီက အစစ်အမှန် ဟင်းလင်းပြင် ပိတ်လှောင်ရေး နည်းစနစ်ကို တစ်ခါမှမက ကြုံတွေ့ဖူးလေသည်။

ယန်ယန်ဒေါင်က သူသည် အစကတည်းမှ အင်အားများကို ဖုံးကွယ်မထားဘဲ အားကုန် ထုတ်သုံးခဲ့သင့်ကြောင်း တွေးမိလိုက်သည်။ မိုဝူကျီလည်း သူ့အင်အား အကုန်လုံးကို မထုတ်သုံး ရသေးပေ။ ၇၀ ရာခိုင်နှုန်းလောက်သာ ပြသထားခြင်း ဖြစ်ကာ သူက လျှို့ဝှက်တိုက်ကွက် တစ်ကွက်မှ ထုတ်မသုံး ရသေးပေ။

ယန်ယန်ဒေါင်၏ ဟင်းလင်းပြင် ပျော်ဝင်မှုမှာ မိုဝူကျီ အလိုရှိနေသည့် အရာဖြစ်၏။ သူက သဘာဝ စွမ်းအားများကို ဆက်တိုက် အသုံးပြုရင်း သူ့ဝန်းကျင်၌ နံရံအဖြစ် ကာထားကာ အခြားဘာမှ မခုခံပေ။

သူက ယန်ယန်ဒေါင်ကို သေချာပေါက် သတ်မည် ဖြစ်ကာ သူ ဘယ်လို သတ်လိုက်သည့် နည်းလမ်းကို မည်သူမျှ မမြင်လျှင် အကောင်းဆုံး ဖြစ်၏။ ယန်ယန်ဒေါင်က ကိုယ်တိုင်သေတွင်း တူးနေ၍ မိုဝူကျီကို အပြစ်မတင်သင့်ပေ။

ယန်ယန်ဒေါင်က အေးစက်စွာ ရယ်မော လိုက်လေသည်။ ဤသို့သော အခြေအနေမျိုးတွင် သဘာဝစွမ်းအား နံရံကို သူ့ဟင်းလင်းပြင် ပျော်ဝင်မှုနှင့် ရင်ဆိုင်ဖို့ အသုံးပြုခြင်းက ပြက်လုံး တစ်ခုသာ ဖြစ်လိမ့်မည်။

ဟားဟား ...

ထိုစဉ် စင်မြင့် တစ်ခုလုံးမှာ သူ့သဘာဝ စွမ်းအားများ ပျော်ဝင် သွားလေသည်။ ယန်ယန်ဒေါင်မှာ ရေထဲမှာ ငါးမန်းတစ်ကောင် ကဲ့သို့ ဖြစ်နေကာ မိုဝူကျီဆီ ချီတက် လာလေသည်။

သူ့လက်ထဲမှ ပုဆိန်လှံရှည်မှာ အလင်းများ တောက်ပနေပြီး မိုဝူကျီ၏ လည်ပင်းကို ချိန်ရွယ်ထားသည်။ အလင်းတစ်တန်းက နှစ်တန်းအဖြစ် ရုတ်တရက် ကွဲထွက်သွားကာ နှစ်တန်းမှ လေးတန်း ... လေးတန်းမှ ရှစ်တန်း ...

အသက်တစ်ရှိုက်စာ အတွင်း မိုဝူကျီက ထိုအလင်းများ ဝန်းရံခြင်း ခံလိုက်ရသည်။

ယန်ယန်ဒေါင် အမြင်အရ ဤစင်မြင့် တစ်ခုလုံးကို သူအပိုင်စိုးထားသည် ဖြစ်ရာ သူက ရေကန်ထဲမှ ငါးမန်းသဖွယ် ဖြစ်နေလေပြီး မိုဝူကျီမှာ နေအလှန်း ခံထားရသည့် ဘဲတစ်ကောင်သာသာ ဖြစ်၏။

သူ့အကြည့်တွင် မိုဝူကျီက သေလူဖြစ်ပြီး နေလေပြီ။

ထိုအလင်းများ မိုဝူကျီဆီ ဖောက်ဝင် သွားသောအခါ မိုဝူကျီ အင်္ကျီများ အသာထိမိ သွားသောကြောင့် ယန်ယန်ဒေါင်မှာ ရုတ်တရက် တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိသွားသည်။

မိုဝူကျီက မသိကျွမ်းသေးသည့် သူ တစ်ယောက် ဖြစ်နေလျှင်ပင် ဟင်းလင်းပြင် ပျော်ဝင်မှုကြောင့် လုံးဝ မလှုပ်မရှား အထိတော့ ဖြစ်မည် မဟုတ်ပေ။ အများဆုံး သူ့လှုပ်ရှားမှုများမှာ နှေးကွေးသွားရုံသာ ဖြစ်၏။

ထိုစဉ် မိုဝူကျီက လှုပ်ရှားလိုက်သည်။ သူက အနှေးပြကွက် ပြနေသကဲ့သို့ ဖြည်းဖြည်းချင်း သံမဏိတူကို မြှောက်လိုက်သည်။

ယန်ယန်ဒေါင်က ထိုအခါမှ သက်ပြင်း ချလိုက်မိတော့သည်။ ကိစ္စများက သူ မျှော်လင့် ထားသည့်အတိုင်း ...

မဟုတ်သေးပါဘူး ... တစ်ခုခုတော့ မဟုတ်သေးဘူး ...

ယန်ယန်ဒေါင်က သူ့အလင်းတန်းများမှာ သူမျှော်မှန်း ထားသလို ထိုးဖောက် မသွားကြောင်း သိလိုက်မိ၍ တုန်လှုပ်မိ သွားတော့သည်။ တစ်ခုတည်းသော အပျက်အစီးမှာ မိုဝူကျီ၏ အဝတ်များသာ ဖြစ်ပြီး သွေးတစ်စက်ပင် မထွက်ပေ။

မိုဝူကျီဝန်းကျင်မှ သဘာဝစွမ်းအား နံရံက ယခုအခါ မိုဝူကျီ ခေါင်းပေါ်တွင် စုစည်း နေကြသည်။ မိုဝူကျီ ဦးခေါင်းကို ချိန်ရွယ်ထားသည့် ပုဆိန်လှံရှည်မှ အလင်းတန်းသည် သဘာဝစွမ်းအား နံရံကြောင့် မထိုးဖောက်နိုင်ဘဲ ပြန်ကန်ထွက် သွားလေ၏။

ယန်ယန်ဒေါင်က ထိုသဘာဝ စွမ်းအားနံရံ၌ ခရမ်းရောင် စွမ်းအားနှင့် ပြုလုပ်ထားသည့် အလား ခရမ်းဖျော့ဖျော့ ထုတ်လွှင့် နေသည်ကို မြင်လိုက် ရလေ၏။

ယန်ယန်ဒေါင်က လေအေးများ ရှုရှိုက် လိုက်တော့သည်။ သူ့အလင်းတန်းကို ကာကွယ်ထားဖို့ရာ သဘာဝစွမ်းအား နံရံကို ဆက်တိုက် ပြုလုပ်ရန် လိုပေသည်။ လက်ရှိ သို့မဟုတ် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ရောက်လျှင်ပင် သူက မိုဝူကျီနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။

သူတို့က မည်သို့ လက်ရည်တူ ဖြစ်မည်နည်း။ တစ်ဖက်သူက ကျင့်ကြံဆင့််ကို ဖုံးကွယ်ထားရုံ သာမက ရှုပ်ရှုပ်ထွေးထွေးများ ပြုလုပ် နေလေသည်။

ရှစ်မြှောင့်ထောင့် သံမဏိတူမှာ နှေးကွေး သွားသော်လည်း ဆင်းသက် လာနေဆဲ ဖြစ်ရာ ယန်ယန်ဒေါင်က မိုဝူကျီသည် သူ့ကို ရှောင်ခွင့် မပေးမည်မှန်း သိသော်လည်း သူက မရှောင်ဘဲ ဘာလုပ် နိုင်မည်နည်း။

ထင်ထားသည့် အတိုင်း ယန်ယန်ဒေါင်က တူကို ရှောင်လိုက်သည့် အခါ သူ့အား လျှပ်စီးဆယ်ချက် ကျရောက် လာလေသည်။

“ဘုန်း ... ဂျွတ် ...” ပြင်းထန်လှသည့် ပေါက်ကွဲသံများနှင့် အတူ ယန်ယန်ဒေါင် ခန္ဓာတွင် အပေါက်များ ဖြစ်သွားသည်။

တစ်ချိန်တည်းတွင် တုန်ခါမှုကို မြေကြီးမှပင် ကြားနိုင်လိမ့်မည်။ ယန်ယန်ဒေါင်က အဖြစ်အပျက်ကို နားလည် သွားလေသည်။ သူပစ်လွှတ် လိုက်သည့် အလင်းတန်းများမှာ မိုဝူကျီကို ထိပင် မထိပေ။ မိုဝူကျီ ဦးခေါင်းဆီ ချိန်ရွယ်ထားသည့် အလင်းတန်းမှ လွဲလျှင် ကျန်အလင်းတန်းများ အားလုံးမှာ မြေကြီးဆီသာ ရောက်ရှိ သွားလေသည်။

ဒါက ဘယ်လို နည်းစနစ်လဲ ... သူ့ပုဆိန်ရှည် အလင်းတန်းကို ချေဖျက် နိုင်သည်လား ... မဟုတ်သေးဘူး ... ထိုအရာက နည်းစနစ် မဟုတ်ဘဲ လျှို့ဝှက် ပညာရပ်သာ ဖြစ်ရမည် ...

ယန်ယန်ဒေါင်က ထိုအတွေးကို တွေးမိလိုက်ပြီး အားလျော့သွားသလို ခံစားလိုက်ရသည်။ ယန်မျိုးနွယ်စုမှာ ကြယ်တာရာ ဘုရင်တောင်၏ ပင်မမျိုးနွယ်စုကြီး သုံးခုအပါအဝင် ဖြစ်သော်လည်း လျှို့ဝှက် ပညာရပ် တစ်ခုသာ ရှိ၏။ သူက များပြားစွာသော အမွေအနှစ်များ လက်ခံ ရရှိခဲ့သော်လည်း လျှို့ဝှက် ပညာရပ်တော့ မရရှိခဲ့ပေ။

မိုဝူကျီတွင် အမှန်တကယ် ရှိနေသည်လား ...

အကယ်၍ သူသာ မိုဝူကျီက လျှို့ဝှက်ပညာရပ် သိနေမှန်း သိလျှင် ရူးမနေသရွေ့ စိန်ခေါ်မိခဲ့မည် မဟုတ်ပေ။

“ရပ်ပါတော့ ကျုပ် အရှုံး ...” လျှပ်စီးများက လောင်ကျွမ်းသည့် ခံစားချက် ပေးစွမ်းနေပြီး ယန်ယန်ဒေါင်က စကား တစ်လုံးချင်း အားယူပြော လိုက်ရသောကြောင့် သွေးတစ်ပွက် အန်လိုက်လေသည်။

“ကောင်းပြီလေ ...” မိုဝူကျီ၏ စကားတစ်ခွန်းက ယန်ယန်ဒေါင်ကို စိတ်သက်သာရာ ရသွားစေသည်။ အနည်းဆုံးတော့ ယန်မျိုးနွယ်စုတွင် အာဏာ ရှိသေးသည် မဟုတ်ပါလော ...

နောက်ဆုံး အတွေးလေး အဆုံးမသတ်ခင် သူ့ဦးခေါင်းမှာ သံမဏိတူဖြင့် ခြေမွှခံ လိုက်ရသည်။

“မင်း ...” ယန်ယန်ဒေါင်က ဒေါသူပုန် ထသွားလေသည်။ သူက မိုဝူကျီသည် အပြောတခြား အလုပ်တခြား လုပ်လိမ့်မည်ဟု ထင်မထားပေ။

မိုဝူကျီက ခပ်တိုးတိုး ပြောလိုက်သည်။

“မင်းရဲ့ ရှုံးနိမ့်မှု ဝန်ခံတာကို ကောင်းပြီလို့ ပြောတာလေ။ မင်းကို မသတ်ဖူးလို့ ပြောတာမှ မဟုတ်တာ ... သေမင်းတိုက်ပွဲ စင်မြင့်မှာ ငါက မင်းကို မသတ်ဖူးလို့ ထင်နေတာလား ... မင်းလိုမျိုး အရူး မှတ်နေလား။ ရှင်းရှင်းပြောရရင် မင်းရဲ့ ပုဆိန်လှံရှည် တိုက်ကွက်နဲ့ ဟင်းလင်းပြင် ပျော်ဝင်မှု တိုက်ကွက်တွေကို ကြယ်တာရာ တိုက်ပွဲအတွင်း သွားလေ့ကျင့်ရင် မင်းကို သတ်ဖို့ လွယ်မှာ မဟုတ်ဘူး။ မင်းမှာ သေရေး၊ ရှင်ရေး အတွေ့အကြုံတွေ လစ်ဟာ နေသေးတယ် ...”

ယန်ယန်ဒေါင်က မိုဝူကျီ နောက်ဆုံး စကားကို ကြားမသွားတော့ပဲ အမှောင်ထု ကြီးစိုးသွားပြီ ဖြစ်၏။

***

All Chapters