← Chapters

ကြယ်တာရာ ဘုရင်တောင်မှ ယန်မျိုးနွယ်စု

Vol. 23 Ch. 312

ကြယ်တာရာ ဘုရင်တောင်မှ ယန်မျိုးနွယ်စု

Vol. 23 Ch. 312

သူ့လက်ဝါးကို ဖြန့်လိုက်ပြီး မိုဝူကျီက သံမဏိတူကို လက်စွပ်ထဲ သိမ်းဆည်း လိုက်တော့သည်။ တစ်ချိန်တည်းတွင် သူက ယန်ယန်ဒေါင် လက်စွပ်ကိုပါ သိမ်းဆည်း လိုက်လေ၏။ ထိုသည်က အနိုင်ရရှိသူ အတွက် အောင်နိုင်မှု ရလဒ်သာ ဖြစ်၏။

ယန်ယန်ဒေါင်မှာ အစစ်အမှန် ရေအဆင့် ကျင့်ကြံသူများ အနက် အကောင်းဆုံးထဲမှ တစ်ယောက် ဖြစ်လေသည်။ သို့သော်လည်း မိုဝူကျီနှင့် ယှဉ်လျှင် လိုအပ်နေသေး၏။ သူက ဤသို့ သူ့စွမ်းဆောင်ရည်များမှာ တိုက်ပွဲများ နိုင်၍ ရလာခြင်း ဖြစ်ပြီး သူ့ကိုယ်သူ သေချာ လေ့ကျင့်ထားခြင်း မဟုတ်ပေ။ ထိုသည်က ကွာခြား လှပေသည်။ အကယ်၍ ယန်ယန်ဒေါင်သာ အမှန်တကယ် ကြယ်တာရာ တိုက်ပွဲတွင် လေ့ကျင့်ခဲ့ပါက သူ့ ပုဆိန်လှံရှည် တိုက်ကွက်ဖြင့် မိုဝူကျီက လွယ်လွယ်အနိုင် ယူနိုင်မည် မဟုတ်ပေ။

သူက ယန်ယန်ဒေါင်ကို လွှတ်ပေးဖို့ရာ မတွေးမိပေ။ အသက်ရှင်ကျန်သူ တစ်ယောက်သာ သေမင်းတိုက်ပွဲ စင်မြင့်က ထွက်သွားခွင့် ရှိလေသည်။ အကယ်၍ ယန်ယန်ဒေါင်ကို အလွတ်ပေး လိုက်ပါက မိုဝူကျီက စည်းကမ်း ဖောက်ဖျက်မိ၍ အသတ်ခံ ရနိုင်ပေသည်။ သူ အားကောင်း လာသည့်အခါ လောကခန်းမမှ စည်းမျည်းများကို ဂရုစိုက်စရာ မလိုလောက်တော့ပေ။ သို့သော် ယခုတွင် သူက ရူးရူးမိုက်မိုက် မကျူးလွန်ရဲပေ။

ယန်ယန်ဒေါင်က ရှုံးနိမ့်ပြီးပြီ ဖြစ်ရာ သေမင်းတိုက်ပွဲ စင်မြင့်မှာ ရှင်းလင်းလာသည်။ ယန်ယန်ဒေါင်က သေနေပြီး မိုဝူကျီက မတ်တတ်ရပ် ကျန်ရှိနေဆဲ ဖြစ်ကာ လေထုက တိတ်ဆိတ် နေလေသည်။ ထိုအခိုက်အတန့် ပြန်ပေါ် လာသည်နှင့် ဆူဆူညံညံ အားပေး အော်ဟစ်သံများက ထွက်ပေါ် လာလေသည်။

ယခုအခါ မိုဝူကျီက လောကခန်းမ၌ ကျော်ကြား လာလေပြီ။ သူ လောကအဆင့် ဇယား ဝင်စဉ်ကထက် ပို၍ ကျော်ကြားလာခြင်း ဖြစ်သည်။ ယန်ယန်ဒေါင်ကို သတ်ရဲသည့် ကျင့်ကြံသူဟူ၍ မရှိပေ။

မျှော်လင့် မထားသည့် ရလဒ်မှာ လူအုပ်ကြီးက အလိုရှိနေသည့် အရာနှင့် ကွက်တိ ဖြစ်လေ၏။ နောက်ဆုံးတွင် ယန်မျိုးနွယ်စုမှ ပါရမီရှင် ကျင့်ကြံက ရှုံးနိမ့်သွားလေပြီ။

ကြေညာသူ အဖြစ် ဆောင်ရွက်နေသည့် ကျင့်ကြံသူမှာ အချိန် အတော်ကြာမှ ကြေညာ နိုင်လေသည်။

“အနိုင် ရရှိသူမှာ မိုဝူကျီ ဖြစ်ပါတယ် ...”

ရှုံးနိမ့်သူအတွက် မည်သူမျှ သူ့နာမည်ကို မှတ်မိကြတော့မည် မဟုတ်ပေ။

“အစ်ကိုမို ... ခင်ဗျား နိုင်လာပြီ ...” ဖန်းချီက သူတို့ စင်မြင့်ကွင်းမှ ထွက်မသွားခင် စိတ်လှုပ်ရှားစွာ မိုဝူကျီကို ဖက်ထားလိုက်သည်။

“ဝူကျီ ... ရှင့်မှာ မှော်ကျင့်စဉ် နည်းစနစ်တွေ လိုနေတယ် ထင်တယ်။ ရှင် ဘာမှော် ရတနာကိုပဲ အသုံးပြုပြု သင့်တော်တဲ့ ကျင့်စဉ်မရှိရင် တခြား သူတွေထက် ဆိုးနေလိမ့်မယ်။ ဒီတစ်ခါ ယန်ယန်ဒေါင်ကို နိုင်ခဲ့တာက သူတို့ မျိုးနွယ်စုရဲ့ စည်းမျည်းတွေကြောင့်ပဲ ... မဟုတ်ရင် နိုင်ရင်တောင် ဒီလိုလွယ်လွယ်နဲ့ ပြီးမှာ မဟုတ်ဘူး ...” သူတိုက လောကတိုင်ကို ပြန်ရောက်သည်နှင့် ချူချင်းလောင်က မိုဝူကျီ အားနည်းချက်များကို ထောက်ပြလိုက်သည်။

“အစ်မချူ ... ယန်မျိုးနွယ်စုရဲ့ စည်းမျည်းတွေနဲ့ ဘာဆိုင်လို့လဲ ...” ရုန်ဟယ်က နားမလည်စွာ မေးလိုက်သည်။

ချူချင်းလောင်က ရှင်းပြလိုက်သည်။

“ယန်မျိုးနွယ်စုက အစစ်အမှန် ရေအဆင့်၇ မရောက်တဲ့သူကို ကြယ်တာရာ တိုက်ပွဲဆီ သွားခွင့်မပေးဘူး။ ယန်ယန်ဒေါင်က တကယ့်တိုက်ပွဲ အတွေ့အကြုံ လိုအပ်နေတာ ... မဟုတ်ရင် သူက အင်အားအကုန် မထုတ်ရုံတင် မကဘူး တိုက်ပွဲအတွင်း နည်းစနစ် အမှားလည်း အသုံးပြုခဲ့ သေးတယ်။ သာမန် ကျင့်ကြံသူနဲ့ တိုက်ရရင်တော့ ကိစ္စမရှိပေမဲ့ ကြယ်တာရာ တိုက်ပွဲက ပြန်လာခါစ ဝူကျီကို စိန်ခေါ် သွားတာလေ ... ပြီးတော့ ဝူကျီက လောကအဆင့် ဇယားထဲ ဝင်ထားတာ ဆိုတော့ သူက ယန်ယန်ဒေါင်ထက် တိုက်ပွဲအတွေ့အကြုံ ပိုများတယ် ...”

ချူချင်းလောင်က မိုဝူကျီသည် ကြယ်တာရာ တိုက်ပွဲမှ ပြန်ရောက်လာခြင်း မဟုတ်လျှင်ပင် သူ့တိုက်နိုင်စွမ်းမှာ သာမန်လူထက် များစွာ ထူးချွန်ကြောင်း သူမစိတ်ထဲ၌ သိထား၏။ သူမက သူလုပ်နိုင်သည်များကို ကိုယ်တိုင် မြင်တွေ့ဖူးလေသည်။

ချူချင်းလောင်တွင် စူးရှသော မျက်ဝန်းအစုံ ရှိပြီး သူ့ပြဿနာကို လွယ်လွယ်ကူကူ ထောက်ပြ နိုင်လေသည်။

မိုဝူကျီလည်း သူ့အားနည်းချက်များကို သိ၏။ သူမက မပြောလျှင်ပင် သူက သူမကို ကျင့်စဉ်များ ဝယ်ယူနိုင်မည့် နေရာကို မေးမြန်းရန် ကြံစည်နေခြင်း ဖြစ်သည်။ သူ့တွင် တူနည်းစနစ်များ ရှိသော်လည်း တုတ်နည်းစနစ် လိုအပ်နေခြင်း ဖြစ်သည်။

“အစ်မချူ ... ကျုပ် နည်းစနစ်တို့၊ ကျင့်စဉ်တို့ ကောင်းကောင်းလေး ဝယ်ယူလို့ ရမဲ့ နေရာ သိလား ...” မိုဝူကျီက မေးလိုက်သည်။

ချူချင်းလောင်က ရှင်းပြလိုက်သည်။

“ကျွန်မလည်း ရှင်နဲ့ ဆွေးနွေးမလို့ ... မကြာသေးခင်က ကြယ်တာရာ တိုက်ပွဲ ရှိခဲ့တယ်။ ရှင်လဲ အဲမှာ ပါခဲ့မယ်လို့ ထင်ပါတယ်။ အဲဒီတိုက်ပွဲမှာ ရတနာ အများကြီး ပေါ်လာတယ်။ လောက ခန်းမက အဲဒါတွေကို ရောင်းချဖို့ စုစည်းနေပြီ။ အဲဒါကို စောင့်ကြည့်ဖို့ အကြံပေးချင်တယ်။ ရှင်လိုချင်တဲ့ ကျင့်စဉ် ရှာတွေ့နိုင်တယ် ... စောစောကလည်း ရှင့်ကိုယ်ရှင် လောင်းကြေး ထပ်သေးတယ် မလား။ လောင်းကြေးက တစ်ဆ သုံးဆ ဖြစ်ပေမဲ့ အရောင်းအဝယ် တချို့တော့ လုပ်လို့ ရပါတယ် ...”

မိုဝူကျီက ရုန်ဟယ်ကို ကြည့်လိုက်သည်။ ရမှတ်များကို ပြောသည်နှင့် ရုန်ဟယ်က စိတ်လှုပ်ရှားစွာ ဝင်ပြောလိုက်သည်။

“ဟုတ်တယ် ... ဟုတ်တယ် ကျွန်မ သွားပြီးတော့ သွားတောင်း လိုက်ဦးမယ် ...”

“အတူတူ သွားရအောင် ...” ဖန်းချီပါ မတ်တတ်ရပ် လိုက်လေသည်။

“တာအို ရောင်းရင်းမိုများ ရှိလား ... လောကခန်းမက ယူချင်းနီ လာတွေ့တာပါ ...” သူတို့ရှေ့မှ အသံတစ်သံ ထွက်ပေါ်လာလေသည်။

မိုဝူကျီက တံခါးဝကို သွားလိုက်ပြီး

“အကြီးအကဲယူကို နှုတ်ဆက်ပါတယ် ...”

မိုဝူကျီက ထိုအသံ ပိုင်ရှင်မှာ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ရောက်နေသည့် မုတ်ဆိတ်ဝါ စည်းကမ်း ထိန်းသိမ်းရေးမှူးမှန်း သိလိုက်သည်။ ထိုသူက အမှန်ပင် မြန်ဆန်လှသည်။ မိုဝူကျီက ယန်ဒေါင်ဒေါင်ကို သတ်နိုင်ခဲ့၍ သူက ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။ သူက ထိုလူ ပေးမည့် ဖြေရှင်းချက်ကို စိတ်ဝင်စားမိသည်။

“ဖန်းချီနဲ့ အခြား လူတွေနဲ့အတူတူ အရင် သွားနှင့်မယ် ...” ချူချင်းလောင်က မတ်တတ်ရပ်ကာ ပြောလိုက်လေ၏။

မိုဝူကျီက တံခါးကို ဖွင့်လိုက်သည့်အခါ တံခါးဝတွင် မုတ်ဆိတ်ဝါ အမျိုးသားကို တွေ့လိုက် ရလေသည်။ ချူချင်းလောင်နှင့် အခြား လူများကို ထွက်မသွားခင် နှုတ်ဆက် လိုက်ကြသည်။

“အကြီးအကဲယူ ဝင်လာပါ ...” မိုဝူကျီက ယူချင်းနီကို အထဲဖိတ်ကြား လိုက်သည်။

ယူချင်းနီက ဝင်လာပြီး ထိုင်ကာ “မိတ်ဆွေလေးမို ... မင်းက တိုက်ပွဲ တစ်ခုတည်းနဲ့ ကျော်ကြား လာတယ်ဆိုတော့ တော်တော် ကံကောင်းတာပဲ ...”

မိုဝူကျီက စိတ်မရှည်စွာ ပြောလိုက်သည်။

“အကြီးအကဲယူက ကျုပ်ကို လာနောက်နေတာပဲ။ အတိအကျ ပြောရရင် တိုက်ပွဲ တစ်ခုတည်းနဲ့ ပြဿနာတွေ ဆွဲခေါ်မိတာ မဟုတ်ဘူးလား။ ယန်မျိုးနွယ်စုက ကျုပ်နောက် လိုက်မလာဘူးလို့ မယုံဘူး ...”

ယူချင်းနီက အားရပါးရ ရယ်မောကာ ခေါင်းစဉ်ပြောင်းပြော လိုက်သည်။

“မင်းက နောင်ကျ အတော်လေး ထူးချွန်အောင်မြင် လာမယ်ဆိုတာ ယုံတယ်။ ဒီနေ့လာတာက အရင် သုံးရက်တုန်းက စစ်ဆေးမှုကို လာပြောပြတာ ...”

မိုဝူကျီက လက်နှစ်ဖက် ယှက်လျက်

“အကြီးအကဲယူ ပြောပါ ...”

ယူချင်းနီက ခေါင်းညိတ်ကာ

“စစ်ဆေးကြည့်တော့ ကျင်းမျိုးနွယ်စုရဲ့ ကျင်းကျန်စန်က အရင် စတိုက်တာ ဖြစ်နေတယ်။ ဒါပေမဲ့လည်း ကျင်းကျန်းဟစန်က အကြံစည် ချပြီးတော့ လောက ခန်းမကနေ ထွက်သွားပြီ။ ကျင်းကျန်းစန်၊ ကျင်းတန်ဝူနဲ့ ကျင်းချီန်းတိုက အလိုရှိ စာရင်းထဲ ရောက်နေပြီ ...”

“စည်းကမ်း ထိန်းသိမ်းရေးမှူးယူကို ကျေးဇူး တင်ပါတယ် ...” မိုဝူကျီက နောက်တစ်ဖန် လက်သီးဆုပ်ကာ ပြောလိုက်သည်။

သူက စိတ်တွင်းမှ လှောင်ပြောင် လိုက်လေသည်။ ထိုသည်က မျှော်လင့်ထားသည့် အတိုင်း ဖြစ်ကာ စိတ်ထဲမထားပေ။ သူက ယူချင်းနီသည် ဤနေရာကို ရောက်လာသည်မှာ သူက မိုဝူကျီ မည်မျှ အားကောင်းကြောင်း သိ၍ ဖြစ်သည်။ သူက ရန်စမထားချင်၍ လေးစား သမှုဖြင့် ရောက်လာခြင်း ဖြစ်သည်။

လေးစားမှု ရရှိသော်လည်း လောကခန်းမက လူတွေကို ဖမ်းဆီးရန် ဆန္ဒမရှိသည့် အတွက် မိုဝူကျီက ကိုယ်တိုင်ကိုယ်ကျ ဖမ်းဆီးရမည်။ အကယ်၍ ဤစည်းကမ်း ထိန်းသိမ်းရေးမှူးက မိုဝူကျီဆီ ကိုယ်တိုင် လာရောက်ပြီး လေးစားသမှုကို ပြလိုက်သည်နှင့် ပြီးသွားပြီဟု ထင်ထားလျှင် မှားသွားလေပြီ ဖြစ်၏။

“ဒီလိုဆိုမှတော့ ကျုပ် သွားလိုက်ပါဦးမယ် ...” ယူချင်းနီက ပြောကာ လှည့်ထွက် သွားလိုက်သည်။ ဤနေရာကို မိုဝူကျီအား လေးစားသမှု ပြရန် ရောက်လာခြင်းမှာ အမှန်ပင် ဖြစ်လေသည်။ သို့သော်လည်း မိုဝူကျီမှာ သူ့ကြင်နာမှုကို အလေးထားဟန် မပေါ်ပေ။ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ဖြစ်သည့် သူက အစစ်အမှန် ရေအဆင့် ကျင့်ကြံသူဆီ သွား၍ ပြေရာပြေကြောင်းတော့ မဖျောင်းဖျတော့ပေ။

ပထမဦးစွာ သူက မိုဝူကျီသည် သူ့အား “အကြီးအကဲယူ” ဟုခေါ်ခြင်းကို ကျေနပ်မိသည်။ မိုဝူကျီက ထိုအခွင့်အရေးကို အသုံးချ၍ ယူချင်းနီနှင့် ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်ရန် ကြံရွယ် ထားသည်မှာ သိသာလှ၏။ သို့သော်လည်း စစ်ဆေးမှု ရလဒ် ထွက်လာပြီး နောက်တွင် မိုဝူကျီက သူ့အား “စည်းကမ်း ထိန်းသိမ်းရေးမှူးယူ” ဟု ပြောင်းလဲ ခေါ်ဆိုလေသည်။ ထိုသည်မှာ မိုဝူကျီက သူနှင့် ဆက်ဆံရေးကောင်း တည်ဆောက်ဖို့ရန် စိတ်ကူး မရှိကြောင်း ပြသနေခြင်း ဖြစ်သည်။ ထိုသို့ ဆိုမှတော့ သူက အဘယ်ကြောင့် ဤနေရာတွင် ဆက်နေ နေရမည်နည်း။

ထိုသို့သော ကျင့်ကြံသူမျိုးမှာ အလားအလာ မည်မျှပင် ကောင်းစေကာမူ သက်ဆိုးရှည်မည် မဟုတ်ပေ။ သူက ယန်မျိုးနွယ်စုကို ရန်စထားပြီး မည်သို့လွတ်မြောက် လာမည်ကို စောင့်ကြည့် ချင်သေး၏။

မိုဝူကျီက ယူချင်းနီ အမြင်များကို ဂရုမစိုက်ပေ။ သူက ယူချင်းနီသည် ယန်မျိုးနွယ်စုနှင့် ရန်စ မရှိချင်မှန်း နားလည်သည်။ သို့သော်လည်း ယူချင်းနီမှာ သူနှင့်ယန် မျိုးနွယ်စုနှင့် နှစ်ဖက်လုံးနှင့် ပြေလည်ချင်နေသည့် အတွက် လှောင်ပြောင်ခဲ့ခြင်း ဖြစ်သည်။ သူ မလိုအပ်ဆုံး အရာမှာ  ဒုက္ခခံစား နေရချိန်တွင် ကူညီဖို့ရာ စိတ်ကူးမရှိဘဲ အောင်မြင်လာသည့် အခါမှ မျှဝေ ခံစားလိုသော “မိတ်ဆွေ” မျိုး ဖြစ်၏။

သူက ယဉ်ကျေးနေဖို့ရာ စိတ်ကူးပင် မရှိတော့ချေ။

***

ကြယ်တာရာ ဘုရင်တောင်

ကြယ်တာရာ ဘုရင်တောင်ရှိ နက်ဗျူလာ ခန်းမတွင် ခန်းမသခင် ယန်ဖင်းကျီက သူ့ရှေ့တွင် ရှိနေသော လောက မြေပုံကို မျက်မှောင်ကြုတ်ကာ ကြည့်နေလေသည်။

ထိုစဉ် တံခါးဝမှ အစောင့်သည် သူ့ဘေးနားသို့ အဆောတလို ပြေးလာပြီး ဦးညွှတ်ကာ

“ခန်းမသခင် ... ခေါင်းဆောင်က ခန်းမသခင်ကို ယန်မျိုးနွယ်စုဆီ ချက်ချင်း ပြန်လာဖို့ သတင်းပို့ လိုက်ပါတယ် ...”

ယန်ဖင်းကျီက မြေပုံမှ အကြည့်ခွာကာ အသံနိမ့်ကာ မေးလိုက်သည်။

“ဘာအတွက်တဲ့လဲ ...”

အစောင့်က အထိတ်တလန့်ဖြင့် ပြန်ဖြေလိုက်သည်။

“အစေခံက သေချာ မသိပါဘူးဗျ ... ခန်းမသခင်ကို ပြန်လာဖို့ ပြောခိုင်းတဲ့ ညွှန်ကြားချက်ပဲ ရခဲ့တာပါ ...”

ယန်ဖင်းကျီက ခေါင်းညိတ်ပြကာ

“ကောင်းပြီ ... ငါ သိပြီ ...”

အပြင်ပန်း၌ တံခါးဝတွင် ရပ်နေသော အစောင့်မှာ သူ့အလိုကျ အကုန် လုပ်ပေးရမည့် အစေခံနှင့် တူသော်လည်း တကယ်တွင်မူ သူက ယန်မျိုးနွယ်စုဝင် ဖြစ်သည်။ သူက ယန်ဖင်းကျီဆီမှ ညွှန်ကြားချက်များကို မယူရပေ။ ရလဒ်အနေနှင့် သူက ခန်းမသခင်ဆီ အချိန် မလစ်ဟင်းစေဘဲ သတင်းစကား ပို့ပေးရရုံသာ ဖြစ်၏။

ယန်ဖင်းကျီက နက်ဗျူလာ ခန်းမမှ ထွက်လာပြီးနောက် မိနစ်လေးအတွင်း ယန်မျိုးနွယ်စု၏ စုဝေးခန်းမဆီ ရောက်ရှိ လာလေသည်။

မျိုးနွယ်စုကြီး သုံးခုမှာ ကြယ်တာရာ ဘုရင်တောင်မှ တိုက်ရိုက် သွားလာဖို့ရန် ကူးပြောင်းရေး အစီအရင် ကိုယ်စီ ပိုင်ဆိုင် ကြလေသည်။ အချိန်အများစုမှာ သူတို့ ထွက်မလာခင် ကြယ်တာရာ သခင်ဆီ သတင်းပို့ဖို့ရာ မလိုပေ။

ယန်ဖင်းကျီက ယန်စုဝေးခန်းမ အတွင်း ဝင်လိုက်သည်နှင့် ကိစ္စကြီး တစ်ခုခု ဖြစ်ပျက်သွားကြောင်း သိရှိလိုက်သည်။ ယန်ဖင်းကျီက ယန်မျိုးနွယ်စုမှ အကြီးအကဲများ အားလုံး စုစည်းသည့် တစ်ချိန်သာ မြင်တွေ့ဖူးကာ ထိုကိစ္စရပ်မှာ ဘိုးဘေးများဆီ ယဇ်ပူဇော်စဉ်က ဖြစ်သည်။

“ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်။ အကြီးအကဲမှူးကို နှုတ်ဆက်ပါတယ် ...” ယန်ဖင်းကျီက စားပွဲထိပ်မှ လူနှစ်ဦးကို အရိုအသေ ပေးပြီးနောက် စားပွဲ၏ ရှေ့လက်ဝဲဘက်၌ ဝင်ထိုင်လိုက်သည်။

ကြယ်တာရာ ဘုရင်တောင်တွင် ယန်ဖင်းကျီက ခန်းမသခင် ဆယ်ယောက်ထဲမှ တစ်ယောက် ဖြစ်ကာ သူက နယ်ဗျူလာ စစ်တပ် - ဆယ်ပုံခြောက်ပုံ၏ ခေါင်းဆောင်လည်း ဖြစ်ပေသည်။ သို့သော်လည်း ယန်မျိုးနွယ်စုတွင် သူ့နေရာမှာ တတိယ နေရာ၌သာ ရှိ၏။ သူ့ထိပ်မှ လူများမှာ ခေါင်းဆောင် ယန်ချီရန် နှင့် အကြီးအကဲမှူး ယန်ယန်း တို့ ဖြစ်ကြသည်။

“ဖင်းကျီ မင်းရောက်လာပြီ ဆိုတော့ ထိုင်ပါ ...” ခေါင်းဆောင် ယန်ချီရန်က ယန်ဖင်းကျီကို နွေးထွေးစွာ ခေါင်းညိတ်ပြ နှုတ်ဆက်လိုက်သည်။

“ဘာတွေဖြစ် နေတာလဲ ...” ယန်ဖင်းကျီက မေးခွန်း ထုတ်လိုက်သည်။ သူက လောက မြေပုံ လေ့လာခြင်း၌ အာရုံ နှစ်မြှုပ်နေသည် ဖြစ်ရာ ယန်မျိုးနွယ်စုမှ ကိစ္စရပ်များကို အာရုံသိပ် မစိုက်မိပေ။

ယန်ချီရန်က သူ့ညာဘက်မှ ဝတုတ်တုတ် လူကြီးကို လှည့်ပြောကာ

“ကောင်းခိုင် ... ဖင်းကျီကို လက်ရှိ အခြေအနေကို ရှင်းပြလိုက်ဦး ...”

ယန်ကောင်းခိုင်က ယန်ဖင်းကျီကို အရိုအသေပေးကာ စတင် ရှင်းပြလိုက်သည်။

“မကြာသေးခင်က ကျုပ်မျိုးဆက် ယန်ယန်ဒေါင်က လောက ခန်းမမှာ သေမင်း တိုက်ပွဲမှာ သေဆုံးခဲ့တယ် ...”

ယန်ဖင်းကျီက နှလုံခုန် တစ်ချက်မြန် သွားလေသည်။ အကြောင်းမှာ ယန်ယန်ဒေါင်မှာ အရေးကြီး နေသောကြောင့် မဟုတ်ဘဲ ယန်ယန်ဒေါင်မှာ ယန်မျိုးဆက် ဖြစ်သော်လည်း သူ့သေဆုံးခြင်းမှာ လူသိများမည် မဟုတ်ပေ။ မေးခွန်းကား ယန်မျိုးနွယ်စုမှ ပါရမီရှင်ကို မည်သူက သတ်ရဲတာလဲ ...

“ဘယ်သူ သတ်တာလဲ ...” ယန်ဖင်းကျီက ရုတ်တရက် ကောက်မေးလိုက်သည်။

ယန်ချီရန်က ယန်ကောင်းခိုင်ကို ထိုင်ရန် ပြောလိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။

“ယန်ဒေါင်ကို သတ်သွားတဲ့ သူက လောကအဆင့် ဇယားထဲ ဝင်နေတဲ့ နယ်လှည့် ကျင့်ကြံသူပဲ ... သူ့အဆင့်က ၉၉၅၁ ဆိုတော့ နည်းတယ်။ ဒါပေမဲ့ ဒါက အဓိကအချက် မဟုတ်သေးဘူး။ အဓိကက ယန်ယန်ဒေါင်မှာ ဘာရှိနေတယ် ဆိုတာ သိကြလား ...”

***

All Chapters