နိဗ္ဗာန်တုတ်အရိပ် နည်းစနစ်အတွက် လေလံဆွဲခြင်း
Vol. 23 Ch. 316
လောကတိုင် ဟိုတယ်တွင် ခေါင်းဆောင်း ဆောင်းထားသည့် အမျိုးသားက ကြယ်တာရာ ရှာဖွေရေး ကုန်သည်အိမ်တော် လေလံပွဲကို ပူပင်စွာ လိုက်ရှာနေလေသည်။ ရှေ့မှ ကြည့်ကြည့်၊ ဘေးမှ ကြည့်ကြည့် သူ့အရှိန်အဝါတွေအရ ထိုသူမှာ မိုဝူကျီဖြစ်ကြောင်း ပြောနိုင်လေသည်။
မကြာခင်တွင် မိုဝူကျီက မသိသာနေသည့် နေရာထိုင်ခုံတွင် ဝင်ထိုင် လိုက်လေသည်။ သူက သူ့နေရာဝန်းကျင်တွင် အကာအကွယ် ချထားရာ ထိုအရာကို မရုပ်မသိမ်းမချင်း မည်သူကမျှ မိုဝူကျီကို ခံစားမိမည် မဟုတ်ပေ။
ဖန်းကျီမင့်က လေလံ စင်မြင့်သို့ လျှောက်လာရင်း မျက်နှာတွင် အပြုံးပန်း ဝေနေလေသည်။
“ရောင်းရင်းတို့ ... ဒီတစ်ကြိမ် လေလံပွဲအတွက် ရတနာများစွာ ပါရှိပါတယ်။ အဲဒါကြောင့် ကျုပ်ကိုယ်တိုင် လေလံပွဲကို ဦးစီးပေးသွားမှာပါ။ အားလုံးလည်း သဘောကျတဲ့ ရတနာများ ရယူနိုင်ကြပါစေ ... ဒီလေလံပွဲမှာ အာကာသ ရမှတ်တွေကိုပဲ လက်ခံမှာပါ ... ဟုတ်ပြီ ... လေလံပွဲလေး စတင် လိုက်ကြစို့ ... ပထမဆုံး ပစ္စည်းက နည်းစနစ်လဲ မဟုတ်သလို ကျင့်စဉ်လဲ မဟုတ်တဲ့ မှတ်တမ်းစာအုပ်ပါ။ လှန်ကြည့်ပြီးတဲ့ နောက်မှာ စိတ်ဝင်စားစရာ ကောင်းတဲ့ ပုံကြမ်းတွေနဲ့ ရှင်းပြချက်တွေကို မြင်လိုက်ရတယ်။ နမူနာ ဆိုရင်တော့ “ဘာလို့ အင်မော်တယ် လမ်းကြောင်းကို ဖြတ်လိုက်ရတာလဲ”၊“အင်မော်တယ် ဖြစ်ဖို့ ဘာကြောင့် မဖြစ်နိုင်တာလဲ”၊ “လခြမ်းကွေး အင်မော်တယ် နန်းတော်၏ ဇာစ်မြစ် အကြောင်းနဲ့ လခြမ်းကွေးသော့များ အကြောင်း” .
အရှင်းဆုံး ပြောရလျှင် ဖန်းကျီမင့်က ဤစာအုပ် လေလံတင်မည့် ကိစ္စကို အပြင်းအထန် ကန့်ကွက်ထားသည်။ အကြောင်းမှာ ဤစာအုပ်မှာ လေလံဆွဲ ပရိသတ် အတွက် စိတ်ဝင်စားစရာ မကောင်းဘဲ သူတို့အတွက် ပြဿနာ ရှာနေခြင်းသာ ဖြစ်လေသည်။
သို့သော် ယန်မျိုးနွယ်စုက ဤစာအုပ်ကို လေလံတင်ရန် အလိုရှိသည့် အတွက် ရွေးချယ်စရာ မရှိချေ။ ယခုအခါ ယန်မျိုးနွယ်စုက ကြယ်တာရာ ရှာဖွေရေး ကုန်သည် အိမ်တော်ကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိနေလေ၏။
အထီးကျန် ကြိုးထုံးပြောသည့် ကြယ်တာရာ ရှာဖွေရေး ကုန်သည်အိမ်တော်က ယန်မျိုးနွယ်စု အပိုင် ဖြစ်ကြောင်း သတင်းမှာ အတိအကျတော့ မဟုတ်ပေ။ ကြယ်တာရာ ရှာဖွေရေး ကုန်သည်အိမ်တော်က ယန်မျိုးနွယ်စုက ရာနှုန်းပြည့် ပိုင်ဆိုင်ခြင်း မဟုတ်ပေ။ ဖန်းကျီမင့် မိုဝူကျီကို လာရှာသည့် အကြောင်းအရင်းမှာ သူက မိုဝူကျီဆီမှ တစ်ဆင့် ရမှတ်များ အကျိုးခံစားခွင့် ရရန်သာ ဖြစ်၏။
မိုဝူကျီက လခြမ်းကွေး သော့အကြောင်း ကြားသည့်အခါ ဖန်းချီဆီမှ ကျင်းမျိုးနွယ်စု ခိုးယူသွားသော လခြမ်းကွေး သော့အကြောင်း တွေးမိလေသည်။ သူက ထိုအရာကို ဝယ်ရန် စိတ်ကူး မိသော်လည်း ထိုအတွေးကို အမြန်ပင် ပယ်ချလိုက်မိသည်။ သူက လခြမ်းကွေး သော့နှင့် လခြမ်းကွေး အင်မော်တယ် နန်းတော်ကြားမှ ဆက်သွယ်ချက်ကို မသိပေ။ သိလဲ မသိချင်ပေ။ ယန်မျိုးနွယ်စုက ပါဝင်ပတ်သက် နေပြီ ဖြစ်၍ သူ ထိုသို့သွားလျှင် ယန်မျိုးနွယ်စုနှင့် မပတ်သက်မိဖို့ရာ ခက်ခဲသွားလိမ့်မည်။ အရေးတကြီး လိုအပ်နေသည်က မှတ်တမ်းများ မဟုတ်ဘဲ တုတ်နည်းစနစ်သာ ဖြစ်၏။
မိုဝူကျီက စိတ်မဝင်စား သော်လည်း လူတော်တော်များများက စိတ်ဝင်စား ကြလေသည်။ အချိန်တိုအတွင်း စာအုပ်တန်ဖိုးမှာ အမှတ်ပေါင်း ၉၀၀၀ အထိ ထိုးတက် သွားလေသည်။
လေလံပွဲ ဒုတိယအလွှာရှိ အခန်း ၁၇ တွင် မီးခိုးရောင် ဝတ်စုံနှင့် အမျိုးသားက စောင့်ကြည့်ရေး အစီအရင် ပိတ်ကားပေါ်ကို စိုက်ကြည့် နေလေသည်။
ထိုပိတ်ကားမှာ အခြား အခန်းများနှင့် ကွာခြားလှသည်။ အကြောင်းမှာ အခြားသော အခန်းများ၏ စောင့်ကြည့်ရေး ပိတ်ကား၌ လေလံပွဲ ပစ္စည်းများနှင့် မိတ်ဆက်များကို ပြသပေးထားခြင်း ဖြစ်ကာ သူ့ရှေ့မှ စောင့်ကြည့်ရေး ပိတ်ကား၌မူ ဤလေလံပွဲရှိ နေရာစုံကို ပြသပေးထားခြင်း ဖြစ်သည်။
“မှတ်တမ်းစာအုပ် ဘယ်သူ ဝယ်သွားတာလဲ ဆိုတာ စုံစမ်းခဲ့ ...” မီးခိုးရောင် ဝတ်စုံနှင့် အမျိုးသားက မှတ်တမ်းစာအုပ် အောင်မြင်စွာ ရောင်းချပြီးသည်နှင့် အမိန့်ပေး လိုက်သည်။
“ဟုတ် ...” မီးခိုးရောင် ဝတ်စုံနှင့် အမျိုးသားဘေးတွင် ရပ်နေသော ကျင့်ကြံသူက ပြောကာ ချက်ချင်း ထွက်သွားလေသည်။
ခဏအကြာတွင် ထိုကျင့်ကြံသူက ပြန်လည် ရောက်ရှိလာကာ
“မျက်နှာစိမ်း လူအိုကြီး တစ်ယောက် ဝယ်သွားတာပါ။ ကြည့်ရတာ ရုပ်ဖျက်ထားပုံပဲ ...”
မီးခိုးရောင် ဝတ်စုံနှင့် အမျိုးသားက ခေါင်းညိတ်ပြကာ
“သူ့ကိုလည်း စာရင်းထဲ မှတ်ထားလိုက် ... ပြီးတော့ မိုဝူကျီက ဘာမှ မလုပ်သေးဘူးလား ...”
ထိုကျင့်ကြံသူက ချက်ချင်း ပြန်ဖြေလိုက်သည်။
“မိုဝူကျီက အခန်းကြီးထဲ ဝင်ပြီးတော့ အခုထိတော့ ဘာမှ ထူးထူးဆန်းဆန်း မလုပ်သေးပါဘူး ...”
***
ဖန်းကျီမင့်က လေလံပွဲ အတွက် ဒုတိယပစ္စည်းကို ခင်းကျင်းလိုက်ကာ
“လေလံပွဲအတွက် နောက် ပစ္စည်း တစ်ခုကတော့ ထိပ်တန်းအဆင့် ဝိညာဉ် ချပ်ဝတ်ပါ။ ကြမ်းခင်း ဈေးနှုန်းက အမှတ် ၅၀၀၀ ဖြစ်ပြီးတော့ တစ်ခါတိုးရင် အနည်းဆုံး ၁၀၀ တိုးရပါ့မယ် ...”
ချပ်ဝတ်ဟု ကြားသည်နှင့် မိုဝူကျီက မနေနိုင်ဘဲ လေလံ စဆွဲတော့သည်။ သို့သော် သူက အခြေအနေကို မှတ်မိသောအခါ သူ့ဘာသာ ထိန်းချုပ် လိုက်ရသည်။ အကြောင်းမှာ လူအများ အာရုံစိုက်မိ စေရန် ခဏခဏ လေလံ မဆွဲသင့်ပေ။
မကြာခင်တွင် ချပ်ဝတ် ဈေးနှုန်းမှာ အမှတ်ပေါင်း ၁၀၀၀၀၀ကျော် ဖြစ်သွားပြီး တစ်ယောက်က ဝယ်ယူ သွားလေသည်။
“တတိယ ပစ္စည်းကတော့ ကောင်းကင်အဆင့် ကျင့်စဉ် စီးဆင်းတိမ် ကျွန်မ်းစာ ...”
ဖန်းကျီမင့် စကားမဆုံးခင် လူအုပ်ကြီးက ပွက်လောရိုက် သွားကြလေသည်။ အကြောင်းမှာ အားလုံးက သူများနှင့် ကင်းဝေးနေပြီး နေရာ အကာအကွယ် ချထားသည့် မိုဝူကျီကဲ့သို့ မဟုတ်ကြပေ။
ဖန်းကျီမင့်က လူအုပ်ကြီးကို ငြိမ်ဖို့ လက်ပြကာ
“စီးဆင်းတိမ် ကျွန်မ်းစာက ကောင်းကင်အဆင့် ဆိုပေမဲ့ မပြည့်စုံတဲ့ အတွက် ကြမ်းခင်းဈေးက ၅၀ ၀၀၀နဲ့ စပါမယ်။ တစ်ခါတိုးရင် ၁၀၀၀ အနည်းဆုံး တိုးရပါ့မယ် ...”
ဖန်းကျီမင့်က မပြည့်စုံကြောင်း ပြောထားသော်လည်း ခေါ်ဈေးမှာ ၁၀၀၀၀၀ အထိ မြင့်တက် သွားလေရာ လက်ရှိအထိ မြင့်တက်နေဆဲ ဖြစ်သည်။
မိုဝူကျီက ကောင်းကင်အဆင့် ကျင့်စဉ်မှာ ထိုမျှလူအာရုံကို ဆွဲဆောင် နိုင်လိမ့်မည်ဟု ထင်မထားသဖြင့် သက်ပြင်းသာ ချလိုက်မိတော့သည်။ သူ့နိဗ္ဗာန်တုတ် အရိပ်အတွက် ယှဉ်ပြိုင်ရမည့်သူ များပြား နေမလားဟု တွေးတော နေမိသည်။
သူ့တွင် စုစုပေါင်း အမှတ်ပေါင်း ၁၆၀၀၀၀၀ ရှိနေပြီ ဖြစ်ရာ တစ်မီလီယံက ကြယ်တာရာ ရှာဖွေရေး ကုန်သည် အိမ်တော်မှ ချေးထားခြင်း ဖြစ်ရာ အခြား ၅၀၀၀၀၀မှာ ရှားမျိုးနွယ်စု၏ တစ်မူထူး ခရာတိုက်ပွဲ စင်မြင့်မှ ရရှိထားခြင်း ဖြစ်သည်။ ထိုအမှတ်ပေါင်း ၅၀၀၀၀၀ ဝင်ဖို့ရန် သူက တစ်မူထူး ခရာတိုက်ပွဲ စင်မြင့်နှင့် လေလံပွဲပြီးသည်နှင့် တစ်မူထူးခရာ တိုက်ပွဲစင်မြင့်မှ လူကို စိန်ခေါ်ပြီး နောက်ထပ် ဆယ်ရက်တာ တိုက်ပွဲအတွက် စာချုပ်ချုပ်ဆို ထားရသည်။
ထိုစာချုပ်မှာ သူနှင့် တစ်မူထူး ခရာတိုက်ပွဲ စင်မြင့်သာ သိသည့်အရာ ဖြစ်၍ ကြယ်တာရာ ရှာဖွေရေး ကုန်သည်အိမ်တော် အနေနှင့် သတိမထား မိလောက်ပေ။
မိုဝူကျီက ကြယ်တာရာ ရှာဖွေရေး ကုန်သည် အိမ်တော်ကို တစ်မူထူးခရာ တိုက်ပွဲစင်မြင့် အကြောင်း တစ်ခွန်းမှ မဟပေ။
ရှားမျိုးနွယ်စု၏ တစ်မူထူးခရာ တိုက်ပွဲစင်မြင့်သာ ထိုသို့ လုပ်ရဲခြင်း ဖြစ်သည်။ အကယ်၍ အခြားစင်မြင့် ဖြစ်နေပါက မိုဝူကျီက စာချုပ် ချုပ်ဆိုလျှင်ပင် သူတို့က ကြယ်တာရာ ရှာဖွေရေး ကုန်သည် အိမ်တော်နှင့် ရင်ဆိုင်ရဲကြမည် မဟုတ်ပေ။
“၆၅၀ ၀၀၀ ... ကျုပ်နဲ့ ယှဉ်ရဲတဲ့သူ ရှိရင် စိတ်ကြိုက် ဈေးခေါ်ပါ ...” အသံကျယ်ကျယ် တစ်ခုက ဒုတိယအလွှာ အခန်းတစ်ခုမှ ထွက်ပေါ် လာလေသည်။ မကြာခင်တွင် ပြသရေး ပိတ်ကားပေါ်တွင် ဈေးနှုန်းက ၆၅၀၀၀၀ ဖြစ်သွားလေ၏။
ဖန်းကျီမင့်က သူ့လက်ထဲမှ တူကို မြှောက်ကာ
“၆၅၀၀၀၀ ထက် ပိုပေးမဲ့သူ ရှိသေးလား။ တစ်ကြိမ် ...”
ဖန်းကျီမင့်က သုံးကြိမ် ခေါ်လိုက်သော်လည်း မည်သူကမျှ ၆၅၀၀၀၀ထက် ပိုမပေးကြတော့ပေ။ ရမှတ်များနှင့် စိတ်စွမ်းအင် ကျောက်တုံးများမှာ ကွာခြားလှရာ ရမှတ်များက မြေကမ္ဘာ အဆင့် စိတ်စွမ်းအင် ကျောက်တုံးများ ထက်ပင် အဖိုးတန် လှသည်။
ဆေးလုံးများ၊ ဆေးပင်များနှင့် ဝိညာဉ် ပစ္စည်းများ၊ ကျင့်စဉ်များ၊ မှော်နည်းစနစ်များ အလှည့်ကျ လာသော်လည်း မိုဝူကျီက စိတ်မဝင်စားပေ။
သူက ထိပ်တန်းအဆင့် ချပ်ဝတ် အတွက်ပင် လေလံမဆွဲ ခဲ့သောကြောင့် သာမန် ပစ္စည်းများ အတွက် လေလံ မဆွဲသည်က ပုံမှန် ဖြစ်လေသည်။
လေလံပွဲ၌ နေ့တစ်ဝက် ကြာသွားသော်လည်း ပစ္စည်းများကို ဆက်တိုက် လေလံချနေဆဲ ဖြစ်ကာ လေထုမှာလည်း ထိပ်ဆုံးအမြင့်ဆုံး အခြေအနေသို့ ရောက်ရှိ နေလေ၏။
“နောက်တစ်ခုက မှော်နည်းစနစ် တစ်ခု ဖြစ်တဲ့ နိဗ္ဗာန်တုတ် အရိပ်ပါ ... ကောင်းကင်အဆင့် ဖြစ်ပြီးတော့ နည်းစနစ်က ပြည့်စုံပါတယ် ...”
ဖန်းကျင့်မီကြောင့် လူအုပ်ကြီးမှာ ထပ်မံ ပွက်လောရိုက် သွားပြန်လေသည်။ အကြောင်းမှာ မှော်ရတနာက ဘယ်လိုပင် လိုအပ်နေပါစေ ကောင်းကင်အဆင့် နည်းစနစ်မှာ လူများစွာ လိုချင်နေကြသည့် အရာ ဖြစ်လေသည်။ လူကြိုက် မများသော တုတ်နည်း စနစ်ဟု ပြောလျှင်ပင် ကောင်းကင်အဆင့် ဖြစ်နေသရွေ့ အလွန်အမင်း အဖိုးတန်နေဆဲ ဖြစ်သည်။
“ကြမ်းခင်းဈေးက ၄၀၀၀၀၀နဲ့ စပါ့မယ်။ တစ်ခါစီတိုးတိုင်း အနည်းဆုံး ၅၀၀၀ တိုးရပါ့မယ် ...” ဖန်းကျီမင့်က ကြေညာလိုက်သည်။
မိုဝူကျီက နောက်ဆုံးတွင် သူစောင့်မျှော် နေသည့်အရာ ရောက်လာပြီ ဖြစ်၍ စိတ်ဓာတ် တက်ကြွ လာလေသည်။ ကြမ်းခင်းဈေးနှုန်း ၄၀၀၀၀၀မှာ များသော်လည်း သူက ရှားမျိုးနွယ်စု တိုက်ပွဲ စင်မြင့်သာ မသွားခဲ့ပါက သူက လေလံယှဉ်ဆွဲ နိုင်လိမ့်မည် မဟုတ်ပေ။
စက္ကန့်ပိုင်းလေး အတွင်း နိဗ္ဗာန်တုတ် အရိပ်၏ ဈေးနှုန်းမှာ ၅၀၀၀၀၀ ဖြစ်သွား လေသော်လည်း မိုဝူကျီက စိတ်ရှည်စွာ စောင့်ဆိုင်းနေဆဲ ဖြစ်သည်။
အမွှေးတိုင် တစ်ဝက် အကြာတွင် နိဗ္ဗာန်တုတ် အရိပ် ဈေးနှုန်းမှာ ၉၀၀၀၀၀အထိ ရောက်ရှိ သွားလေသည်။
မိုဝူကျီက နောက်တစ်ဖက် ရှိနေ၍သာ ဤလေလံကို ဝင်ဆွဲနိုင်ခြင်း ဖြစ်လေသည်။ အကယ်၍ သူသာ ဖန်းကျီမင့် စကားသာ နားထောင်လိုက်ပါက ယနေ့ လက်ဗလာနှင့် ပြန်သွား ရလိမ့်မည်။
“၉၆၀၀၀၀” မိုဝူကျီက တစ်ခါတည်း ၆၀၀၀၀ တိုးကာ လေလံဆွဲ ပြသရေး ပိတ်ကားတွင် ချရေးလိုက်သည်။
မိုဝူကျီ၏ လေးလံဈေးမှာ အကျော်တက် ခံလိုက်ရပြီး ၁၀၀၀၀၀၀ အထိ ဖြစ်သွားလေသည်။
“၁၀၆၀၀၀၀” မိုဝူကျီက နောက်ထပ် ၆၀၀၀၀ ထပ်တိုးလိုက်သည်။
အားလုံးက နိဗ္ဗာန်တုတ် အရိပ်ကို လိုချင်ကြသော်လည်း ဈေးနှုန်းမှာ ၁၀၀၀၀၀၀ ကျော်လာသည့် အတွက် ထိုဈေးမှာ သာမန်လူများ တတ်နိုင်သည့် အရာ မဟုတ်တော့ပေ။
“၁၁၀၀၀၀၀” အခန်းမှ လေလံဈေးက နောက်တစ်ကြိမ် ထပ်တိုး သွားပြန်သည်။
မိုဝူကျီက သက်ပြင်းချကာ တစ်ခါတည်း ၁၃၅၀၀၀၀ ခေါ်ကာ ၂၅၀၀၀၀ တိုးပေး လိုက်တော့သည်။
ဤနေရာရှိ ကျင့်ကြံသူများက လေအေးများ မှုတ်ထုတ် လိုက်ကြသည်။ တစ်ခါတိုးလျှင် ၆၀၀၀၀ တိုးပေးသည်ကိုက များလွန်းလှနေပြီ ဖြစ်၏။ ထိုအမှတ်များမှာ စိတ်စွမ်းအင် ကျောက်တုံးများ မဟုတ်သည့် အတွက် ရရှိဖို့ရာ ခက်ခဲလှပြီး တစ်ယောက်မှာ ၁၃၅၀၀၀၀ ဖြင့် လေလံ စွဲခဲ့လေသည်။
သူ့မှာ အမှတ်တွေ အဲဒီလောက်တောင် ပေါများနေတာလား...
သဘောတရားအရ ဆိုရလျှင် ၁၁၀၀၀၀၀မှ နောက်ထပ် ၅၀၀၀၀ တိုးနိုင်ခြင်းကပင် အခန်းထဲရှိ လူများကို လက်လျှော့စေနေပြီ ဖြစ်သော်လည်း ထိုအရူးမှာ ၂၅၀၀၀၀ ထိ တိုးပေး လိုက်သေး၏။
လေလံပွဲ စီစဉ်သည့် ဖန်းကျီမင့်ပင် အမှတ်များကို မယုံကြည်နိုင်ဖွယ် ကြည့်နေမိလေ၏။ ထိုသည်က သူ့အတွက် ပထမဆုံးအကြိမ် လေလံပွဲ စီစဉ်ခြင်း မဟုတ်သော်လည်း ထိုသို့ စိတ်ဓာတ် တက်ကြွနေသည့် လူကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ ထိုသည်က ချမ်းသာရုံဖြင့် ပြီးသွားသည့် ကိစ္စ မဟုတ်ဘဲ ရူးမိုက်မှု သပ်သပ်သာ ဖြစ်လေ၏။
မိုဝူကျီက ၁၃၅၀၀၀၀ ခေါ်ပြီးနောက်တွင် မည်သူကမျှ ဆက်လက် မယှဉ်ပြိုင် ရဲကြတော့ပေ။
သို့သော်လည်း မိုဝူကျီက ၁၃၅၀၀၀၀ ပေးပြီးနောက်တွင် သူနှင့် ယှဉ်ပြိုင်နေသူ အတွက် သေချာပေါက် အများကြီး ဖြစ်သွားမည်မှန်း သိထားသဖြင့် မအံ့ဩသွားပေ။
သူ့အမှတ်များကို ပြာချပစ်နိုင် လောက်အောင်အထိ များပြားနေ၍ မဟုတ်ဘဲ သူက လိုအပ်နေ၍ ဖြစ်သည်။ သူ့ခန့်မှန်းချက်အရ ၁၃၅၀၀၀၀ အမှတ်နှင့် ဆိုလျှင် ထိုတုတ် နည်းစနစ်ကို ဝယ်ယူနိုင် လိမ့်မည်မှန်း သိ၏။
ဒုတိယအလွှာမှ အခန်း ၁၇ ထဲရှိ မီးခိုးရောင် ဝတ်စုံနှင့် အမျိုးသားက လေလံဈေး ၁၃၅၀၀၀၀ မြင်သည့်အခါ မေးလိုက်သည်။
“မိုဝူကျီက ငြိမ်နေတုန်းလား ...”
သူ့ဘေးမှ ကျင့်ကြံသူက မြန်မြန် ပြောလိုက်သည်။
“သူ့မှာ အမှတ် တစ်မီလီယံ ကျော်လေးပဲ ရှိတာဆိုတော့ နိဗ္ဗာန်တုတ် အရိပ်ကို ဝင်လေလံဆွဲလို့ ရမှာ မဟုတ်ဘူး။ ကြားတာတော့ သူက အတွေးမဲ့ တောက်ပအလင်းကို စိတ်ဝင်စား နေတယ်တဲ့ ...”
“ဟုတ်ပြီ။ သူက အတွေးမဲ့ တောက်ပအလင်း ထွက်လာတဲ့ အခါကျ သေချာ စောင့်ကြည့်ထား ... ငါသာ မမှားရင် သူက အတွေးမဲ့ တောက်ပအလင်း ရပြီးတာနဲ့ ချက်ချင်း ထွက်သွားလိမ့်မယ် ...” မီးခိုးရောင် ဝတ်စုံနှင့် အမျိုးသားက အသံဩဩဖြင့် ပြောလိုက်သည်။
“ဟုတ် ...” ဘေးမှ ကျင့်ကြံသူက ပြန်ဖြေလိုက်သည်။
မိုဝူကျီက သူ့ထိုင်ခုံရှေ့ ကူးပြောင်းရေး နေရာမှ ၁၃၅၀၀၀၀ အမှတ်ကို လွှဲပေး လိုက်ပြီးနောက် နိဗ္ဗာန်တုတ် အရိပ်ကို ဆက်တိုက်ဆိုသလို လက်ခံရရှိ သွားလေသည်။
***