← Chapters

ကာကွယ်နိုင်စွမ်း မရှိသော သွေးဓား

Vol. 24 Ch. 320

ကာကွယ်နိုင်စွမ်း မရှိသော သွေးဓား

Vol. 24 Ch. 320

“အာ  ...  ကြောင်သူတော် အုပ်စုပါ့လား ...” ချီထုံက သက်ပြင်းချရင်း ခန်းမ အဝင်ပေါက် လှည့်ကာ ပြောလိုက်သည်။ နည်းနည်း မျှော်လင့်ချက် ကင်းမဲ့နေယောင် ပေါ်နေ၏။

အကြီးအကဲက ဦးညွှတ်ပြကာ

“ကြယ်တာရာ သခင် ကျွန်တော်တို့ ဘာလုပ်သင့်လဲ ...”

ချီထုံက အကြီးအကဲ မေးခွန်းကို မဖြေဘဲ လုံးဝတိတ်ဆိတ် နေလေသည်။ အချိန် တချို့အကြာတွင် သူက အကြည့် ပြန်ရုပ်သိမ်းရင်း ပြောလိုက်သည်

“ငါလည်း ကြောင်သူတော်ပါပဲ။ ကြယ်တာရာ ဘုရင်တောင်ကနေ ဝရမ်း ထုတ်ထားလိုက် ... ”

“ဟုတ်ကဲ့” အကြီးအကဲက ခေါင်းညိတ်ပြရင်း ခန်းမက စတင် ထွက်လိုက်တော့သည်။

“ခဏနေဦး” အကြီးအကဲ အပေါက်နား ရောက်ခါနီးဆဲဆဲတွင် ချီထုံက ရုတ်တရက် ပြန်ခေါ်လိုက်သည်။

“ကြယ်တာရာ ဘုရင်တောင် နာမည်နဲ့ မထုတ်နဲ့။ ကိုးခုမြောက် ခန်းမ ကြယ်တာရာ စူးစိုက်ခန်းမကနေ ထုတ်လိုက် ... တကယ်လို့ မိုဝူကျီကို ရှာတွေ့ရင် ဒါမှမဟုတ် လခြမ်းကွေးသော့ကို ရခဲ့ရင် သူ့အသက်ကို အာမခံပေးရမယ်။ လောက အဆင့်ဇယားမှာ အစစ်အမှန် ရေအဆင့်နဲ့  ဝင်နိုင်တာ သူက သေချာပေါက် ကျန်းမိုနယ်မြေရဲ့ ပါရမီရှင်ပဲ ...” ချီထုံက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ ကြယ်တာရာသခင် ...” အကြီးအကဲက မေးခွန်း ပြန်မထုတ်ဘဲ တုံ့ပြန် လိုက်လေသည်။

***

“ဒီအရှက်မရှိတဲ့ ခွေးကောင်တွေ ...” လောကတိုင် ဟိုတယ်အတွင်းရှိ အခန်းတစ်ခုအတွင်း ရိုးရိုးအေးအေး ရုန်ဟယ်ပင် ဒေါသတကြီးဖြင့်  စားပွဲကို ရိုက်ချ လိုက်လေသည်။

ဖန်းချီနှင့် ရှင်းထန်တို့အပြင် ချူချင်းလောင်ပါ ရှိနေလေသည်။

ဖန်းချီက ရေရွတ်လိုက်လေသည်  “လခြမ်းကွေးသော့က လခြမ်းကွေး အင်မော်တယ် နန်းတော် တံခါးကို ဖွင့်ဖို့ ရတနာ ဖြစ်နေလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး။ ဒီတစ်ခါတော့ အစ်ကိုမိုကို တကယ် ဆွဲသွင်းမိပြီ  ... တကယ်ကြီး ဆွဲသွင်းမိပြီ ...”

ချူချင်းလောင်က ပြောလိုက်လေ၏  “မင်းကိုယ်မင်း အပြစ်မတင်ပါနဲ့ ... မိုဝူကျီက အခုထိ  အဲဒီလခြမ်းကွေး သော့တွေကို ဘာအတွက် သုံးမှန်း မသိမှာကို စိုးရိမ်မိတယ်။  သူက သူ့ကို ဝရမ်းထုတ်ထားတဲ့ အင်အားစုတွေ အကြောင်း သိဦးမှာ မဟုတ်ဘူး။  အဲဒါကြောင့် ကျွန်မတို့တွေ အမြန် လှုပ်ရှားပြီးတော့ သူ့ဆီ သတင်းပို့ပေးရမယ် ... ”

ဖန်းချီတို့ အားလုံးက တိတ်ဆိတ် သွားကြသည်။ အကယ်၍ ယန်မျိုးနွယ်စုသာ လူသိမခံပါက လခြမ်းကွေးသော့နှင့် လခြမ်းကွေး အင်မော်တယ်နန်းတော် ကိစ္စမှာ သူတို့နားထဲထိ ရောက်လာမည် မဟုတ်ပေ။ လခြမ်းကွေးသော့မှာ ဖန်းမျိုးနွယ်စုအတွင်း တဝဲလည်လည် ဖြစ်နေသည်မှာ ကြာမြင့်လှပြီ ဖြစ်သော်လည်း သူ တစ်ယောက်သာ လုပ်ဆောင်ချက်များကို ယနေ့ သိလိုက်ရခြင်း ဖြစ်ပေသည်။

“အဲဆို အစ်ကိုမိုကို ရှာဖို့ အာကာသထဲ ထွက်ကြမလား ...” ရှင်းထန်က ပြောလိုက်သည်။

ချူချင်းလောင်က ခေါင်းခါကာ

“ငါတို့တွေ လုပ်လို့ မဖြစ်သေးဘူး။ ငါတို့ကို တစ်ယောက်မှ ရှာမနေဘူးလို့ ထင်ရပေမဲ့ ငါတို့သာ ကြယ်တာရာ တိုက်ပွဲ ကွင်းပြင်ဆီ ဝင်သွားတာနဲ့ ငါတို့ကို ချက်ချင်း စောင့်ကြည့် ကြလိမ့်မယ်။  ငါတို့ မိုဝူကျီကို ရှာတာက တခြားသူတွေကို ကူညီပေးနေသလို ဖြစ်နေလိမ့်မယ်။ ငါတို့ သူ့ကို မရှာရင်လည်း ငါတို့တွေ အလောင်းတောင် ခြေလက် မပြည့်စုံဘဲနဲ့ သေရလိမ့်မယ် ...”

ချူချင်းလောင်က စကား ခဏရပ်ကာ  “အရင်ဆုံး ငါတို့တွေ မြောက်ဘက် ကြယ်တာရာ စစ်တပ်ကို ဝင်ကြမယ် ...”

“ဒါပေမဲ့ မော့မျိုးနွယ်စုကလည်း အစ်ကိုမိုကို ရှာနေတာပဲ မလား” ဖန်းချီက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

ချူချင်းလောင်က အေးစက်စွာ ပြောလိုက်သည်  “သူတို့တွေက မိုဝူကျီကို မရှာနိုင်ရင် ထူးဆန်း နေလိမ့်မယ်။ ပြီးတော့ မြောက်ဘက် ကြယ်တာရာ စစ်တပ်က မော့မျိုးနွယ်စု လက်အောက် အပြည့်အဝတော့ မဟုတ်သေးဘူး။ ကြယ်တာရာ လမ်းကြောင်း စစ်တပ်ကိုပဲ မော့မျိုးနွယ်စုက ထိန်းချုပ်နိုင်တာ။ ငါတို့တွေ မြောက်ဘက် ကြယ်တာရာ စစ်တပ်ထဲ နေရမယ်။ မဟုတ်ရင် အရေးကြီး ကိစ္စတွေ လွတ်သွားပြီးတော့ ငါတို့အပေါ် သက်ရောက်မှုလည်း ဖြစ်လာနိုင်သေးတယ် ...”

***

လောကတိုင်နှင့် အနည်းငယ် လှမ်းကွာသည့် နေရာတွင် ယန်အာက စိတ်မသက်မသာဖြင့် ထိုင်နေလေသည်။

“အစ်မစုတင်း  ... ညီမတို့တွေ မိုဝူကျီကို အဲဒီအကြောင်း ပြောပြသင့်လား ...” ယန်အာက နောက်ဆုံးတွင် တွေးမိသွားကာ မေးလိုက်သည်။

ပိုင်စုတင်းက ခေါင်းခါကာ  “ကလေးဆန်တာတွေ မလုပ်မိစေနဲ့။ ငါတို့တွေ သူ့ကို ရှာမတွေ့နိုင်ပေမဲ့  ... ရှာတွေ့ခဲ့ရင်တောင် သဲထဲရေသွန် ဖြစ်သွားလိမ့်မယ်။ ငါလည်း မကြာခင် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ၉ ရောက်တော့မှာ ဆိုတော့ လောက အင်မော်တယ် အဆင့်အထိ ရောက်အောင် တံခါးပိတ် ကျင့်ကြံဖို့ တွေးထားတယ်။  မင်းလည်း အချိန်ယူပြီးတော့ ကျင့်ကြံသင့်တယ်။ ငါ လောက အင်မော်တယ် ဖြစ်လာရင်တော့ သူ့ကို ကူညီနိုင်လောက်မှာပါ ...”

“စီနီယာ အစ်မစုတင်း ပြောတာ မှန်တယ်။ စွမ်းအားမရှိဘဲနဲ့ စကားပြောခွင့် မရှိဘူး။ ကုန်းကျီဟန်နဲ့ ငါလည်း ကြယ်တာရာ တိုက်ပွဲမှာ ပါဖို့ ဆုံးဖြတ်ထားတယ်။ ကြယ်တာရာ တိုက်ပွဲကို ဖြတ်သန်းပြီးတာနဲ့ ငါတို့တွေ သိသိသာသာ တိုးတက် လာလိမ့်မယ် ...” ဖုန်းလောင်ကျန်း အသံက တံခါးမှ ထွက်ပေါ် လာလေသည်။ ကုန်းကျီဟန်က သူ့နောက်တွင် ရပ်နေပြီး ပိုင်စုတင်းကို မျှော်လင့်တကြီး ကြည့်နေလေ၏။

နာမည်အားဖြင့် ပိုင်စုတင်းက သူတို့၏ စီနီယာအစ်မ ဖြစ်နေသော်လည်း လက်တွေ့၌ သူမက ကောင်းကင်ဖွေရှာ နန်းတော်၏ ဂိုဏ်းချုပ် ဖြစ်နေဆဲ ဖြစ်၏။ သူတို့ ကျင့်ကြံဆင့်များမှာ မြင့်မားသည်ဟု ယူဆ၍ မရသော်လည်း သူတို့သာ ကြယ်တာရာ တိုက်ပွဲကို သွားချင်ပါက ပိုင်စုတင်းထံမှ ခွင့်ပြုချက် လိုအပ်လေသည်။

ပိုင်စုတင်းက မတ်တတ်ရပ်ကာ ခေါင်းညိတ် ပြလိုက်သည်။

“ငါ သဘောတူပါတယ်။  ဒီနေ့က စပြီးတော့ ငါတို့တွေ အားလုံး ကျင့်ကြံ ဆင့်မြင့်ဖို့ ကြိုးစားရမယ်။ ငါတို့ အတွက် ဖြစ်စေ ဒါမှမဟုတ် ပျောက်ဆုံးနယ်မြေ အတွက်ပဲ ဖြစ်စေ ဒါက လိုအပ်တယ် ...”

***

အစပိုင်းတွင် မိုဝူကျီက သူ့သင်္ဘောပျံ ပျံသန်းရာ တည်နေရာကို မှတ်မိသေးသော်လည်း လဝက်အကြာတွင် မိုဝူကျီက သူ့နိဗာနတုတ်အရိပ် တိုက်ကွက် အတွင်း၌ လုံးဝမျောပါ သွားလေသည်။

ယခင် အစောပိုင်း ရိုက်စား လုပ်ခံရသည့် ခံစားချက်မှ နောက်ပိုင်း ပျော်ရွှင်မှုမှတစ်ဆင့် သူ့လက်ရှိ နစ်မျောနေမှုအထိ မိုဝူကျီက လဝက်ကြာ ကုန်ဆုံးခဲ့ရသည်။

သူ့မျက်လုံးထဲ၌ နိဗာနတုတ်အရိပ် တိုက်ကွက်မှာ ရိုးရိုးရှင်းရှင်း တိုက်ကွက် မဟုတ်သလို သဘာဝ စွမ်းအားများကို စုစည်း တိုက်ခိုက်သည့် နည်းလမ်းလည်း မဟုတ်ချေ။ ထိုအရာက ကျယ်ပြန့်လွန်းပြီး နက်နဲ သိမ်မွေ့လှပေသည်။

ဤစာစောင်က သူ့အား သဘာဝစွမ်းအားများ မည်သို့ စုစည်းရမည်ကို သင်ပေးရုံသာမက သူ့တိုက်ကွက်များနှင့် ပေါင်းစပ် သွားစေသည်။

သူ့အသိစိတ် ပင်လယ်ထဲတွင် ခရမ်းရေကန်ကို ပိုင်ဆိုင်ထားပြီး သူတိုက်ခိုက်သည်နှင့် သူက ထိုသဘာဝ စွမ်းအားများ မည်သို့ ထွက်ပေါ် လာအောင် လုပ်ရမည်ကိုသာ သိလေသည်။

ထို့ကြောင့် သူတုတ်ဖြင် ရိုက်သည့် အချိန်တိုင်း သူ့သဘာဝစွမ်းအား များများသုံးလေလေ သူ့ရိုက်ချက်က ပိုအားပြင်းလေ ဖြစ်၏။

သို့သော် ယခုတွင် အစစ်အမှန် စွမ်းအားမှာ သူ့ရိုက်ချက် မည်မျှ အားကောင်းကြောင်း မဟုတ်ဘဲ သူ့တုတ်က ရန်သူအပေါ် မည်မျှ သက်ရောက်မှု ရှိကြောင်း သိလိုက်ရသည်။

အကယ်၍ သူ့ ပြောင်းပြန် အင်မော်တယ် မော်တယ် ကျင့်စဉ်က ပိုက်ဆံဝင်သည့် နည်းလမ်းဆိုပါက ဤနိဗာနတုတ် အရိပ်မှာ ပိုက်ဆံ သုံးရန် အကောင်းဆုံး နည်းလမ်း ဖြစ်ပေသည်။

တစ်လတာ ကုန်ဆုံး သွားလေသည်။ ဤရက်၌ မိုဝူကျီက ရုတ်တရက် မတ်တတ် ရပ်လိုက်ပြီး လက်ကို မြှောက်ကာ သင်္ဘောပျံကို သိမ်းဆည်း ထားလိုက်သည်။ ခြေတစ်လှမ်းဖြင့် သူက ကြယ်တာရာ ဟင်းလင်းပြင်ထဲ ဝင်သွားလိုက်ပြီး လက်ထဲမှ တျန်းဂျီတုတ် သည်လည်း ပေါ်ထွက် လာလေသည်။

“ဘုန်း” ခရမ်းရောင် သဘာဝ စွမ်းအားများက ဟင်းလင်းပြင်ကို တစ်စစီ ဖြစ်သွားစေသည်။ အဆုံးမဲ့ တုတ်အရိပ်များက ဟင်းလင်းပြင် တစ်ခုလုံးကို ပြည့်နှက် သွားသော်လည်း မိုဝူကျီက တုတ်အရိပ်များ နောက်မှ ဟင်းလင်းပြင်ကို ငေးကြည့်နေဆဲ ဖြစ်လေသည်။

ရုတ်တရက်ဆိုသလို နောက်ထပ် သဘာဝ စွမ်းအားများက ပေါက်ကွဲ လာလေသည်။ ဤရုတ်တရက် ပေါက်ကွဲမှုက မိုဝူကျီ ကြည့်နေသည့် နေရာနှင့် ကွက်တိ ဖြစ်လေသည်။

မိုဝူကျီက သူ့တျန်းဂျီတုတ်ကို တုန်လှုပ်တကြီး ဝှေ့ယမ်းလိုက်သည်။ သူ့ပြိုင်ဘက်က သူ့ထက် အားများစွာ မသာမချင်း သူ့နောက်ဆင့်ကဲ ရိုက်ချက်မှာ မည်သည့်နေရာက ပေါ်လာမည်မှန်း သိနေမည်ဟု မယုံပေ။

မိုဝူကျီနှင့် မနီးမဝေးတွင် သင်္ဘောပျံတစ်စင်း ဖြတ်သန်း သွားလေသည်။ မိုဝူကျီက ထိုသင်္ဘောပျံကို မြင်သောအခါ စိတ်လှုပ်ရှား လာမိသည်။ အကယ်၍ သူသာ ဆူးနစ်လေဂိတ်လို နေရာမျိုးသာ ရှာနိုင်ပြီး စစ်မှန်ခြင်း နတ်ဘုရား အဆင့်ထိ ကျင့်ကြံနိုင်ပါက မည်သူက သူ့အား စိမ်ခေါ်ရဲမည်နည်း။

မိုဝူကျီက ဘယ်သွားရမှန်း မဆုံးဖြတ်ရသေးခင် ပျံသန်းသွားပြီးသော ထိုသင်္ဘောပျံက ပြန်လှည့် လာလေသည်။

သင်္ဘောပျံက မိုဝူကျီနှင့် မနီးမဝေးတွင် ရပ်လိုက်လေသည်။ တံခါးကို ဖွင့်လိုက်ပြီး အမျိုးသား တစ်ယောက်နှင့် အမျိုးသမီး နှစ်ယောက်တို့ ထွက်လာလေသည်။ အမျိုးသမီး တစ်ယောက်မှာ သေးကွေးပြီး ချစ်စရာ ကောင်းသည့် ကလေးမလေး ဖြစ်နေသည်။ နောက် လူနှစ်ယောက်မှာ အတွဲ ဖြစ်ဟန် ပေါ်၏။ အမျိုးသားက အရပ်ရှည်ရှည်နှင့် ခန့်ညားပြီး အမျိုးသမီးမှာ နူးညံ့ သိမ်မွေ့လေသည်။ မိုဝူကျီ အမြင်အရ ထိုအမျိုးသားနှင့် အမျိုးသမီးတို့မှာ အစစ်အမှန်ရေ အဆင့် အထက် ရှိကာ သူတို့က စစ်မှန်ခြင်း နတ်ဘုရား အဆင့်သို့ နီးကပ်နေပြီ ဖြစ်သည်။

“အစ်ကိုကြီး လမ်းပျောက်နေတာ များလား။ ဘာလို့  သမီးတို့နဲ့ အတူတူ မလိုက်တာလဲ။ သမီးတို့လည်း လောကခန်းမကို သွားမလို့လေ ...” ကလေးမလေးက သင်္ဘောပျံမှ ထွက်လာပြီး ခြေလှမ်း အနည်းငယ်ဖြင့် မိုဝူကျီဘေးနား ရောက်လာကာ အပြစ်ကင်းစင်စွာ မေးလိုက်သည်။

မိုဝူကျီက ထိုကလေးမလေး စကားကြောင့် သတိမလျော့ရဲပေ။ ထိုမျှတင်မကပေ။ သူ့စိတ်ထဲ၌ အချက်ပေးသံများ ပလုံစီနေပေသည်။ သူက သတိထားမိဖို့ရာ အတွက်  အဆိပ်နတ်သမီး ဥပမာ ရှိဖူးသည်။ အဆိပ်နတ်သမီးမှာ ထိုကလေးမလေးထက် ပို၍ ဖြူစင်ပြီး ရိုးသားဟန် ပေါ်သေးသည်။ သို့သော်လည်း သူမက သူ့ကို အဆိပ်ခတ်ခဲ့သည် မဟုတ်ပါလော။

ထို့အပြင် ဤကလေးမလေး ကျင့်ကြံဆင့်က အစစ်အမှန်ရေ နောက်ပိုင်းအဆင့် ဖြစ်ဟန်‌ ပေါ်သည်။ ကလေးမလေးမှာ ဆယ်နှစ်ထက် အသက်ကြီးမည့်ပုံ မပေါ်သော်လည်း အစစ်အမှန်ရေ အဆင့် ရောက်နေလေပြီ။ ထိုအရာက အရမ်း မြန်ဆန်လွန်း မနေပေဘူးလား ...

“ကျေးဇူးပါ ... ကျုပ်က ဒီအနား လျှောက်ကြည့် နေတာပါ။ မင်းတို့တွေပဲ  ဆက်သွားကြပါ ...”  မိုဝူကျီက စိတ်စွမ်းအားဖြင့် ထိုနှစ်ယောက်ကို ကြည့်လိုက်သည့်အခါ ထိုနှစ်ယောက်မှာ ကလေးမလေးကို ချစ်ရည်ရွှန်းသော မျက်လုံးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သို့သော် မိုဝူကျီက အရူးနှစ်ယောက်ကို ကြည့်မိသည်ဟုသာ ခံစားမိလေသည်။

“အွန်း အဲဒါဆို အရင် သွားလိုက်ပါ့မယ် ...” ကလေးကလေးက မလှည့်သွားခင် ချစ်စဖွယ် အပြုံးလေး ပြုံးပြခဲ့သေးသည်။

ထိုကလေးမလေး လှည့်လိုက်သည့် အခိုက်အတန့်တွင် မိုဝူကျီက တျန်းဂျီတုတ်ကို ထုတ်ယူ လိုက်ရသည်။ ထို့နောက် တုတ်ရိုက်ချက်က ကလေးမလေး ခေါင်းသို့ တည့်တည့် ကျရောက်သွားကာ သွေးများ မြူစိုင်အလား ထွက်ပေါ် လာလေသည်။ တျန်းဂျီတုတ် ပေါ်လာသည့် အခိုက်အတန့် ထိုစုံတွဲမှာ မိုဝူကျီဆီ ဘယ်နှင့်ညာမှ ချီတက် လာတော့သည်။

မိုဝူကျီက နှာခေါင်းရှုံ့ကာ ခန္ဓာတစ်ပတ် လှည့်လိုက်သည်။

သူ့ရင်ဘတ်တွင် ဓားကျိုး စိုက်နေသောကြောင့်  သွေးများ ပန်းထွက် လာလေသည်။ နည်းနည်းလေးသာ တိုးသွားရင် နှလုံးကို ထိုးဖောက် သွားပေလိမ့်မည်။ သူ့မျက်လုံးနှင့် စိတ်စွမ်းအားတို့က ထိုဓားကျိုးကို အာရုံမခံမိပေ။ သူက ဓားကျိုးတည်ရှိမှုကို ခံစားမိသော်လည်း ယခုအခါ ဖြည်းဖြည်းချင်း ပျောက်ကွယ် သွားနေသည်။

ကလေးမလေးကို သတ်ပြီးသော်လည်း သူမ ဘယ်လို လုပ်လိုက်သည်ကို  သူ နားမလည် နိုင်သေးပေ။ အကယ်၍ သူသာ လျှို့ဝှက်တုတ်တံ ဆင့်ကဲရိုက်ချက် အကွက်သာ မလေ့ကျင့်ထားပါက  သူ နောက်ဆုတ်သည့်အချိန် ထိုကလေးမလေးကို သတ်နိုင်မည် မဟုတ်ပေ။ ထိုကလေးမလေးမှာ အစစ်အမှန်ရေ အဆင့် ၉ ဖြစ်နိုင်သလို၊ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား တစ်ပိုင်းအဆင့်လည်း ဖြစ်နိုင်ပေသည်။

ထိုကလေးမလေး မသေခင် သူမလည်း မိုဝူကျီ တုတ်က မည်သည့်နေရာမှ ရောက်ရှိလာသည်ကို မသိသလို သူမကို မည်သို့ ရိုက်မိသွားကြောင်း ကိုလည်း နားမလည်လိုက်ပေ။ သူမက မိုဝူကျီ တုတ် ဝှေ့ယမ်းလိုက်သည်ကိုပင် မမြင်လိုက်ရသော်လည်း ထိုတုတ်မှာ သူမ ဦးခေါင်းပေါ် ကျရောက် လာလေသည်။

အမှောင်ထုထဲ မနစ်မြုပ်သွားခင် ကလေးမလေးက ထိုကိစ္စကို ဆက်လက်၍ မတွေးတော နိုင်တော့ချေ။ သူမ သွေးဓားကျိုးကရော  ရန်သူဆီ စိုက်သွားတယ်မလား။ ဤလောကတွင် အရာအားလုံးက ဖြစ်ပျက် နိုင်လေသည်။ တုတ် ရုတ်တရက် ရောက်ရှိ လာသလိုမျိုး သို့မဟုတ် သူမသွေးဓားကျိုးလိုမျိုး ဖြစ်၏။

မိုဝူကျီက ရပ်ကာ ဆေးလုံးကို မျိုချ လိုက်လေသည်။ သူက သူ့ရင်ဘတ်ထဲ စိုက်ဝင်နေသော ဓားကျိုးမှာ သွေးဓားကျိုး ဖြစ်ကြောင်း တွေ့လိုက်ရသည်။

ဤသွေးဓားကျိုးမှာ အဆိပ်ဟုပင် ဆိုလို့ ရလေသည်။ အသုံးပြုသူက ဤတိုက်ကွက် အတွက် တစ်ဘဝလုံး ကျင့်ကြံထားရုံသာမက ထိုတိုက်ကွက်နှင့် သွေးစွမ်းအားကို ပေါင်းစပ်ထားခြင်း ဖြစ်ပေသည်။

သွေးစွမ်းအားများက တစ်ဖက်လူ ခန္ဓာထဲ ရောက်သွားသည့် အခိုက်အတန့်၌ ချက်ချင်းဆိုသလို သွေးဓားကျိုး ဖြစ်တည် လာလေသည်။ ဤဓားမှာ အပြင်မှ ရောက်လာခြင်း မဟုတ်ဘဲ အထဲမှ ဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။

မိုဝူကျီ၏ ၁၀၃ ခုမြောက် ချီသွေးကြောကို ပြောင်းပြန် လှည့်ပတ် စေလိုက်သည်။ ထိုသွေးစွမ်းအားများမှာ အဆိပ် ဖြစ်နေသောကြောင့် သူ့အဆိပ်ဖြေ ချီသွေးကြောက ကိုင်တွယ် ဖြေရှင်း နိုင်ပေလိမ့်မည်။

“မင်းက အကူအညီပေးတဲ့ ကလေးမလေးကိုတောင် သတ်ရဲတယ်ပေါ့ ... ခံစားချက်မဲ့နေတဲ့ ခွေးကောင် ...  ငါတို့ ဒီနေ့ မင်းကို မသတ်ရရင် ငါတို့ လူမဟုတ်တော့ဘူး ...” နူးညံ့သည့် အမျိုးသမီးက သူမလက်ကို မြှောက်လိုက်သည့်အခါ မိုဝူကျီထံ အရိုးဇီးပွင့်များ ပျံသန်း ရောက်လာ လေသည်။

အမျိုးသားက ဘာမှမပြောဘဲ မိုဝူကျီဆီ မှော်ရတနာကိုင်ဆွဲ၍ ရောက်လာ လေသည်။

မိုဝူကျီက ထိုနှစ်ယောက်မှာ အဆိပ်နတ်သမီးကဲ့သို့ ကျိုးပျက်ဂိုဏ်းမှ ရောက်လာခြင်းလား ဆိုတာ သေချာမသိပေ။ သို့သော် သူ ဒဏ်ရာရပြီးသည့် နောက်တွင် သူက သူတို့နှင့် တိုက်ရန် ဆန္ဒမရှိပေ။ သူ့ခန္ဓာကို လေပြင်းညင်းလေး တိုက်ခတ်သွား ပြီးသည့်နောက် အခိုက်အတန့်၌ မိုဝူကျီက ပျောက်ကွယ် သွားလေသည်။

“ဒါက အဆင့်မြင့် လေလွတ်မြောက်ရေး နည်းစနစ်ပဲ ...” အမျိုးသားက အမျိုးသမီးကို အံ့ဩတကြီး ပြောလိုက်သည်။

အမျိုးသမီးက မိုဝူကျီ ပျောက်ကွယ်သွားသည့် နေရာကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်  “အဲနည်းစနစ်နဲ့ဆိုရင် ကျွန်မတို့ နှစ်ယောက်က သူ့ကို ဖမ်းနိုင်မှာ မဟုတ်ဘူး။ သူ့ကို ခြေရာခံမိကြောင်း သတင်းပို့ရအောင် ... အနည်းဆုံးတော့ ကျွန်မတို့တွေ ရမှတ် ၁၀၀၀၀၀၀ တော့ ရသေးတာပေါ့ ...”

“ကောင်းပြီ” အမျိုးသားက ခေါင်းညိတ် ပြလိုက်သည်။ ထို့နောက် မှိတ်တုတ် မှိတ်တုတ် အလင်းက ကျယ်ပြန့်လွန်းသည့် အာကာသထဲ ရွက်လွှင့် သွားလေသည်။

***

All Chapters