မိုဝူကျီကို လိုက်ဖမ်းဆီးခြင်း
Vol. 24 Ch. 321
အမွှေးတိုင် တစ်ဝက်အကြာတွင် မိုဝူကျီက သူ့စိတ်စွမ်းအားဖြင် ထိုစုံတွဲကို အာရုံမခံမိတော့သည့်အခါ လမ်းတွင် ရပ်လိုက်လေသည်။
သူကိုယ်တိုင်ပင် အံ့ဩတကြီး သက်ပြင်းမချမိဘဲ မနေနိုင်ပေ။ သူ့ လေလွတ်မြောက်ရေး နည်းစနစ်မှာ အမှန်ပင် အံ့ဖွယ် ဖြစ်၏။
ဤလွတ်မြောက်ရေး နည်းစနစ်က စွမ်းအားများစွာ သုံးရသော်လည်း မိုဝူကျီက ဂရုမစိုက်ပေ။ သူ့တွင် ခရမ်းရေကန် ရှိရုံသာမက သဘာဝစွမ်းအား သိုလှောင်ရေ လမ်းကြောင်းများ သုံးခုအပါအဝင် ဖြစ်သည့် ချီသွေးကြော ၁၀၃ ခုလည်း ရှိသေး၏။ ထိုများပြားလှသည့် သဘာဝစွမ်းအားများကို သိုလှောင်ထား နိုင်သည့်အတွက် သူက လေလွတ်မြောက်ရေး နည်းစနစ်ကို ဆက်တိုက် အသုံးပြုလျှင်ပင် သူ့အပေါ် များစွာ သက်ရောက်မှု မရှိပေ။
မိုဝူကျီကို စိတ်ရှုပ်စေသည်က ထိုလူများက ကျိုးပျက်ဂိုဏ်းမှလားဟု တွေးစရာ ကျန်ရစ်နေခြင်း ဖြစ်သည်။ သူက သူ့ခန္ဓာမှ ဝိညာဉ် အမှတ်အသားကို ဖယ်ရှားပြီးပြီ ဖြစ်ရာ ကျိုးပျက်ဂိုဏ်းက သူ့ကို နောက်ယောင်ခံနိုင်မည် မဟုတ်တော့ပေ။
မိုဝူကျီက ထိုအတွေးကို ဘေးဖယ်ထားလိုက်သည်။ သူတို့က ကျိုးပျက်ဂိုဏ်းမှ ရောက်လာခြင်း၊ မရောက်လာခြင်းက ကိစ္စမရှိပေ။ ယခု သူ့လုပ်ရန် လိုအပ်နေသော အရာမှာ ကျင့်ကြံဖို့ နေရာရှာတွေ့ရန် ဖြစ်ပေသည်။
သူ့လုံးဝန်းသင်္ဘောပျံကို ထုတ်ပြီးသည်နှင့် မိုဝူကျီက အာကာသ တည်နေရာပြ အလုံးကို ထုတ်ယူလိုက်သည်။ သူက လက်ရှိတည်နေရာကို ချင့်ချိန်ရန် လိုအပ်ပေသည်။
သူက နှစ်နာရီကြာ ရှာဖွေခဲ့သော်လည်း မိုဝူကျီက သူ့တည်နေရာကို မဆုံးဖြတ်နိုင်သေးပေ။ လောကခန်းမအတွင်း အာကာသတည် တည်နေရာပြ အလုံးများက ပြီးပြည့်စုံလေသည်။ သို့သော်လည်း အဆင့်မြင့် အာကာသ တည်နေရာပြ အလုံးကို ဗျူဟာ အရင်းအမြစ်ဟုပင် ယူဆ၍ ရပြီး ရရှိဖို့ရန် ခက်ခဲလှပေသည်။ ရရှိနိင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ လေလံပွဲမှ တဆင့် ဖြစ်ကာ ဈေးနှုန်းများစွာ ပေးချေရသည်။ မိုဝူကျီ၏ အာကာသ တည်နေရာပြ အလုံးမှာ အဆင့်မနိမ့်သော်လည်း ဂြိုဟ်အမျိုးမျိုး၏ အကြမ်းဖျင်း အနေအထားသာ ပါရှိလေသည်။ သူက တစ်လကျော် စူးစမ်းခဲ့သော်လည်း သူ့တည်နေရာကိုပင် မခန့်မှန်းနိုင်သေးပေ။
ထိုစဉ် သင်္ဘောပျံနှစ်စင်းက မိုဝူကျီဆီ ချဉ်းကပ်လာလေသည်။ မိုဝူကျီက အာကာသ တည်နေရာပြ အလုံးအတွင်း ရှာဖွေဖို့ရာ လက်လျှော့လိုက်ပြီး ထိုသင်္ဘောပျံနှစ်စင်းကို အာရုံစိုက်ထား လိုက်လေသည်။ မကြာခင်တွင် ထိုသင်္ဘောပျံများက သူ့ဆီ ချဉ်းကပ်လာနေကြောင်း သတိထားမိလိုက်သည်။ ယခင် သင်္ဘောပျံနှင့် မတူသည်က သင်္ဘောပျံ တစ်စင်းစီတွင် လူတစ်ယောက်သာ ပါရှိလေ၏။
မိုဝူကျီက စိတ်စွမ်းအားကို သူတို့ဆီ ထုတ်လွှင့် လိုက်သည့်အခါ ထိုသူတို့မှာ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့်တွင် ရှိနေကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူက ထွက်မပြေးရန် ဆုံးဖြတ် လိုက်တော့သည်။ သူက သူ့နောက်လိုက်နေသူများမှာ ကျိုးပျက်ဂိုဏ်းလား ဒါမှမဟုတ် ယန်မျိုးနွယ်စုကလား ဆိုတာ အမှန်တကယ် သိချင်မိသည်။ ပုံမှန်အားဖြင့်ဆိုရလျှင် ယန်မျိုးနွယ်စုမှာ ထိုမျှ အားမကောင်းလောက်ပေ။ သို့သော် ကျိုးပျက်ဂိုဏ်းကရော ပွင့်လင်းမြင်သာ လုပ်မည်လား ....
ထိုအခိုက်အတန့်တွင် ရှေ့မှ သင်္ဘောပျံက သူ့ရှေ့ရောက်လာကာ နောက် သင်္ဘောပျံမှာ သူ့သင်္ဘောပျံနှင့် တိုက်ရိုက်ဝင်တိုက်ချင်နေဟန် ပေါ်သည်။
မိုဝူကျီက သူ့သင်္ဘောပျံကို အလျင်အမြန် နေရာရွှေ့လိုက်ရသည်။ သူက ထိုဝင်တိုက်မှုကို ရှောင်လိုက်သည်နှင့် ပထမ သင်္ဘောပျံမှ လူတစ်ယောက် ထွက်လာလေသည်။ ထိုလူမှာ သူ့သင်္ဘောပျံကိုပင် မသိမ်းဆည်းဘဲ လက်ထဲမှ အလင်းဓားကို ထုတ်ကာ မိုဝူကျီ၏ သင်္ဘောပျံဆီသို့ ပစ်လွှတ်လိုက်သည်။
သူက ဘာမှမပြောဘဲ တိုက်တာလား
မိုဝူကျီက စိတ်လေးလံသွားမိသည်။ မည်သည့် အင်အားစုက ထိုသို့ လုပ်နိုင်တာလဲ .... အာကာသထဲကို လူများစွာ လိုက်ပိတ်နိုင်သည်လား .....
မိုဝူကျီ၏ လုံးဝန်း သင်္ဘောပျံမှာ မဆိုးသော်လည်း ခုခံနှုန်းမှာ သာမန်မျှသာ ရှိ၏။ မိုဝူကျီက ဤသင်္ဘောပျံလေးကို မှီခိုနေရသည့်အတွက် တခြားလူ၏ ဓားအလင်းက သူ့သင်္ဘောပျံလေး ထိခိုက်သွားမည်ကို ခွင့်မပြုနိုင်ပေ။
တစ်ဖက်လူ၏ ဓားအလင်းက အာကာသကို ခွင်း၍ သွားနိုင်သည့်အတွက် မိုဝူကျီက သင်္ဘောပျံကို သိမ်းကာ လျှပ်စီးအလုံးများ ပြန်ထုတ်လွှင့် လိုက်သည်။
မိုဝူကျီ အမြင်အရ ထိုလူမှာ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ၂ သို့မဟုတ် အဆင့် ၃ သာရှိသေးလေသည်။ ဖြစ်တည်ခြင်းမဲ့ အစောပိုင်းအဆင့် ကလေးအရွယ်လောက်ဖြင့် သူ့အား တိုက်ခိုက်ရဲသည်လား .....
ထိုကလေးကို မိုဝူကျီက မျက်လုံးထဲတွင် မထည့်ပေ။ မိုဝူကျီက တခြားသင်္ဘောပျံမှ လူကိုသာ အာရုံစိုက်မနေရလျှင် ထိုကလေးဆီ ခုန်ဝင်သွားပြီး တိုက်ခိုက် ပစ်လိုက်လေပြီ။
“ဘုန်း ဘုန်း” လျှပ်စီးအလုံးများ ဆက်တိုက် ပေါက်ကွဲ သွားသော်လည်း ထိုဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူက ရှောင်ရှား လိုက်လေသည်။
ဤဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အစောပိုင်းအဆင့် ကျင့်ကြံသူက မိုဝူကျီတွင် ရှောင်ရှားရန် ခက်သည့် လျှပ်စီးအလုံးများ ရှိသည်ကို သိဟန်ပေါ်သည်။ ထို့ကြောင့် မိုဝူကျီက ထိုလျှပ်စီးများ သူက အဝေးသို့ ရှောင်ရှားပြီးသား ဖြစ်သွားလေသည်။
မိုဝူကျီက ထိုလူမှာ ကျိုးပျက်ဂိုဏ်းမှ မဟုတ်ကြောင်း ချက်ချင်း သိလိုက်သည်။ ကျိုးပျက်ဂိုဏ်းက သူ့ကို ခြေရာခံနိုင်သော်လည်း သူတို့က သူ့လျှပ်စီးအလုံးများကို မသိကြပေ။ ထိုလူများမှာ ယန်မျိုးနွယ်စုကသာ ဖြစ်ရမည်။ သူက ယန်မျိုးနွယ်စုကို အမှန်ပင် အထင်သေးမိခဲ့ရာ သူတို့အင်အားများက အာကာသအထိ လိုက်၍ သူ့အား တားဆီးနိုင်သည်လား ...။
“ဘမ်း ဘမ်း” မိုဝူကျီက ဓားရှည်ကို ထုတ်ကာ တစ်ဖက်လူ၏ ဓားအလင်းကို ခုခံလိုက်သည်။ သို့သော်လည်း ဓားအလင်းမှာ လုံးဝ ပျောက်ကွယ် မသွားသေးဘဲ နောက်တစ်နေရာမှ ပြန်လည် ဖြစ်တည်လာကာ မိုဝူကျီ ခါးနေရာဆီ တစ်ဟုန်ထိုး ဝင်လာလေသည်။
ဓားအလင်း ဖြတ်သွားသည့်အခါ မိုဝူကျီ ခန္ဓာကိုယ်မှာ လေထဲမှ သစ်ရွက်လေးအလား လွင့်ပါသွားပြီး ဓားအလင်းနှင့် ပွတ်တိုက် မိသွားရုံမျှသာ ဖြစ်သည်။ သူက ဓားစွမ်းအားကြောင့် လွင့်ထွက်သားဟန် ပေါ်နေသည်။
ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အစောပိုင်းအဆင့် ကျင့်ကြံသူက မိုဝူကျီ အပြုအမူကြောင့် ကြောင်သွားလေသည်။ သူသာလျှင် မိုဝူကျီ လုပ်လိုက်သည့် အရာကို သိ၏။ မိုဝူကျီက လေလွတ်မြောက်ရေး နည်းစနစ်ကို အသုံးပြု၍ သူ့ဓားအလင်းကို ရှောင်ရှားလိုက်ခြင်း ဖြစ်သော်လည်း သူ့အနေဖြင့် တစ်ယောက်ယောက် ထိုသို့ အသုံးပြုသည်ကို ပထမဆုံး မြင်တွေ့ဖူးခြင်း ဖြစ်ပေသည်။ သူ့အနေဖြင့် တစ်စုံတစ်ယောက်က လေလွတ်မြောက်ရေး နည်းစနစ်ကို ထိုမျှအထိ ကျွမ်းကျင်နေသည်ကို မတွေ့ဖူးပေ။ ထို့အပြင် ထိုသူမှာ တိုက်ပွဲအတွင်း ရှောင်ရှားကွက်အဖြစ် အသုံးပြု သွားသေးသည်။
ထိုစဉ် သူ့နှလုံးသားမှာ မီးဟုန်းဟုန်း တောက်လောင် နေသည့်အလား ခံစားနေရသည်။ သူက ထိုလေလွတ်မြောက်ရေး နည်းစနစ်ကို သေချာပေါက် ရယူရမည်။ သူက မိုဝူကျီတွင် ဤသို့ လေလွတ်မြောက်ရေး နည်းစနစ် ရှိသော်လည်း မိုဝူကျီကို များများစားစား မတွေးထားပေ။
မိုဝူကျီက သူ့ဓားအလင်းကို အလွယ်တကူ ရှောင်နိုင်လိုက်သော်လည်း ဘာဆက်ဖြစ် လာမည်နည်း။ မိုဝူကျီက လက်ဦးမှု ပျောက်ဆုံးသွားသည့် အတွက် သူက မိုဝူကျီကို နိုင်နိုင်လိမ့်မည်။
မိုဝူကျီက ယန်ယန်ဒေါင်ကို သတ်နိုင်ထားသည့် အတွက် သူက မိုဝူကျီကို တိုက်ကွက် တစ်ကွက်တည်းဖြင့် ဖယ်ရှားနိုင်လိမ့်မည်ဟု မထင်ပေ။
မိုဝူကျီက အလင်းဓားမှ ရှောင်လိုက်သည့် အချိန် ချက်ချင်းဆိုသလို ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူလက်မှ နောက်တစ်ခု ဖြစ်ပေါ် လာပြန်သည်။ ထို့နောက် မီတာ ၃၀ ရှည်လျားသည့် သက်တန့်ဓားအဖြစ် ပြောင်းလဲ သွားလေသည်။ ထိုသက်တံဓားအတွင်းမှ လူသတ်ငွေ့များက အာကာသအတွင်း ပျံ့နှံ့နေပြီး မိုဝူကျီက ထိုဓားချက်အောက်တွင် ရောက်ရှိနေသည့်အလား ဖြစ်၏။
မိုဝူကျီက တစ်ဖက်လူ၏ ဓားအစွမ်းကို မအံ့ဩဘဲ မနေနိုင်ပေ။ ထိုအရာက သာမန် ကျင့်ကြံသူများထက် များစွာ သာလွန်နေပေသည်။ ကျင့်ကြံခြင်း လောကတွင် လက်သည်းဝှက် ထားသည့်ကျားနှင့် ဖုံးကွယ်နေသည့် နဂါးများစွာ ရှိသောကြောင့် သူ ရေတွက်နိုင်သည့်ထက် ပါရမီရှင်များစွာ ရှိပေမည်။ အကယ်၍ သူ့တွင် လျှို့ဝှက်တုတ်တံ ဆင့်ကဲရိုက်ချက်သာ မရှိလျှင် သူက နောက်ဆုတ်ဖို့သာ ရွေးချယ်ရလိမ့်မည်။ ဤဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူနှင် ပါဝင် ပတ်နေလျှင်လည်း လုံးဝ အသုံးမဝင်ပေ။ အကြောင်းမှာ သူက ထိုသူ့ကို မသတ်နိုင်၍ ဖြစ်သည်။
သက်တံဓားက ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခွင်ကို ပိတ်ဆို့ ထားလေသည်။ နောက်ထပ် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူပင် ပြောစရာ ပျောက်ဆုံး သွားလေသည်။ ထိုသို့ တိုက်ခိုက်မှုမျိုးကို မြင်သည့်အခါ မရှက်ရွံ့မိဘဲ မနေနိုင်တော့ချေ။
သက်တံဓားက စတင် ကျုံ့လာပြီးနောက် စုစည်းလာကာ မိုဝူကျီဆီ မရောက်ခင် ဤဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူက တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလိုက်သည်။ ပေါက်ကွဲတော့မည့် ခံစားချက်က သူ့အပေါ် ကြီးစိုး လာလေသည်။
မဖြစ်နိုင်တာ .....
မိုဝူကျီက သူ့လက်ထဲတွင် ရှိနေပြီ ဖြစ်ရာ မိုဝူကျီက သူ့အား ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လျှင် သူက ချက်ချင်း သိပေလိမ့်မည်။ သို့သော်လည်း သူက မိုဝူကျီ တစ်ခုခု လုပ်လိုက်သည်ဟု မခံစားမိလိုက်ပေ။ သူခံစားမိသည့် တစ်ခုတည်းသော အရာမှာ ပေါက်ကွဲတော့မည့် ခံစားချက် ဖြစ်၏။
မိုဝူကျီက သေချာပေါက် သူ ထိန်းချုပ်မှုအတွင်း ရှိနေ၍ သူ ပို့လွှတ်လိုက်သည့် သက်တံဓားက ကျရောက် လာသည်ကို ရှင်းရှင်းလင်းလင်း သိသော်လည်း ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူက သူ့အသက်နှင့် အလောင်းအစား မလုပ်ရဲပေ။ သူ့အသက် ဆုံးရှုံးသွားလျှင် လောကအတွင်းမှ ချမ်းသာကြွယ်ဝမှုများ ရရှိထားလျှင်ပင် သူက သုံးဖြုန်းနိုင်တော့မည် မဟုတ်ပေ။
အာကာသတစ်ခွင် ထိုးဖောက်တော့မည့် သက်တံဓားမှာ ချက်ချင်းဆိုသလို ကွယ်ပျောက် သွားလေသည်။ သို့သော် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူက ဓားမှ စွမ်းအားဖြင့် သူ့ကိုယ်သူ မကာကွယ်နိုင်လိုက်ခင် ပြင်းထန်သော ပေါက်ကွဲမှုက သူ့ဦးခေါင်းခွံနောက်မှ ဖြစ်ပေါ်လာသည်။
“ဘုန်း”
အသက်တစ်ရှိုက်စာ အတွင်း သူက အမှောင်ထုထဲ ကျရောက် သွားလေသည်။ သူ မသေခင် တုတ်ရှည်တစ်ချောင်း ကျရောက်လာမှန်းသာ သိလိုက်ရပြီး မည်သည့် ထောင့်နေရာမှ ရောက်လာကြောင်း မသိလိုက်ပေ။ သူ့ဝန်းကျင်တွင် လှုပ်ရှားမှု သေးသေးလေးပင် မရှိသည့်အတွက် သူ့အတွက် မသိနိုင်ပေ။ သူ့သက်တံဓားမှာ လုံးဝ မပျောက်ကွယ် သေးသောကြောင့် သွေးမြူများဖြင့် ရောနှော သွားသည့်အခါ ပိုမို၍ပင် လှပသွားလေသည်။
အခြားကျင့်ကြံသူက လမ်းမှာတင် ရပ်တန့် လိုက်တော့သည်။ သူက သင်္ဘောပျံကို လှည့်ပြီး မီတာ အနည်းငယ် အကွာမှ မိုဝူကျီကို အကြောက်တလန့် ငေးကြည့် နေလေသည်။
အသက်တစ်ရှိုက်စာ အတွင်း သူက လက်ကိုမြှောက်ကာ အလင်းတန်း ပစ်လွှတ်လိုက်သည်။ ထိုအလင်းတန်းက အာကာသကို ဖြတ်ခွင်း၍ မျက်စိပသာဒ ဖြစ်စရာ ကောင်းလှလေသည်။ သူက မိုဝူကျီကို တိုက်ခိုက်ဖို့ရာ မရွေးချယ်ပေ။ မိုဝူကျီ၏ စွမ်းအားက သူ့အား ကြောက်လန့်စေသည်။ သူက မိုဝူကျီသည် အစစ်အမှန်ရေအဆင့် ကျင့်ကြံသူမှန်း သိကာ သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်တွင် ရှိသော်လည်း မတိုက်ခိုက်ရဲပေ။
မိုဝူကျီက ထိုအလင်းကို မြင်သည့်အချိန်တွင် နှလုံးသားမှာ အေးစက် သွားလေသည်။ ထိုအလင်းမှာ စုံတွဲ ပစ်လွှတ်လိုက်သည့် အလင်းနှင့် အတူတူပင် ဖြစ်နေသည်။
မိုဝူကျီက သူ့သင်္ဘောပျံထဲ ဝင်လိုက်တော့သည်။ ဤဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူမှာ သူ့ကို မတိုက်သည့်အတွက် သူလည်း ပြန်တိုက်ခိုက်ဖို့ရာ စိတ်ကူးမရှိပေ။ ယခင် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူကို သတ်နိုင်လိုက်သည့် အကြောင်းအရင်းမှာ လျှို့ဝှက်တုတ်တံ ဆင့်ကဲရိုက်ချက်က မမျှော်လင့်ထားဘဲ ရောက်ရှိ လာခြင်းကြောင့် ဖြစ်သည်။ သို့သော်လည်း ဤကျင့်ကြံသူက အဖြစ်အပျက်ကို မြင်လိုက်ရသည့် အတွက် သူသာ ဂရုစိုက်ပါက မိုဝူကျီက သူ့ကို အချိန်တိုအတွင်း သတ်နိုင်မည် မဟုတ်ပေ။
သူက မလုပ်နိုင်မှတော့ မိမိဘာသာ လွတ်မြောက်ရန်က ပိုအရေးကြီးပေသည်။
မိုဝူကျီက သင်္ဘောပျံကို စတင် အသက်သွင်း လိုက်သည့်အခါ အဝေးတစ်နေရာမှ များစွာသော သင်္ဘောပျံများက တဟုန်ထိုး လာနေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် ထိုသင်္ဘောပျံများ အနက်မှ တစင်းက အလင်းတန်း ပစ်လွှတ် လိုက်လေသည်။ ထိုအရာမှာ မိုဝူကျီ မြင်ဖူးသည့် အရာနှင့် အတူတူ ဖြစ်လေသည်။
မိုဝူကျီက သူ့သင်္ဘောပျံ အမြန်နှုန်းကို အမြင့်ဆုံးထိ တင်လိုက်သောလည်း ဘက်ပေါင်းစုံမှ သင်္ဘောပျံများနှင့် အာကာသထဲ ဆက်တိုက် ပစ်လွှတ်နေသည့် အလင်းတန်းများကို မြင်တွေ့နေရဆဲ ဖြစ်သည်။
မျှော်မှန်းထားသည်နှင့် ကွဲလွဲစွာ မိုဝူကျီက တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက မည်သူတွင် ထိုသို့သော အာဏာမျိုး ရှိကြောင်း မသိပေ။ သူ့ကို တားဆီးပိတ်ဆို့ရန် အတွက် ထိုမျှ များပြားလှသော ကျင့်ကြံသူများကို ထိန်းချုပ်နိုင်စွမ်း ရှိသည့်သူမှာ မည်သူနည်း။ သို့သော် ထိုသူမှာ ယန်မျိုးနွယ်စု မဟုတ်မှန်း သိပေသည်။ အကယ်၍ ယန်မျိုးနွယ်စုသာ ထိုသို့ အံ့ဩဖွယ် ကောင်းပါက လောကခန်းမ အတွင်း၌ ဘာကိုမျှ ဂရုမစိုက်ဘဲ သူ့ကို ဖမ်းဆီးကြလိမ့်မည်။ နောက်တစ်ခု သေချာနေသည့် ကိစ္စရပ်မှာ သူသာ အဝိုင်းခံရပါက သူ့အတွက် ပြီးဆုံး သွားပေလိမ့်မည်။
လောကတိုင်အတွင်း ပထမအလွှာတွင် ဝတ်စုံနက်နှင့် ညာဘက်လက်တွင် ဖဲကြိုးနီ ပတ်ထားသော အမျိုးသားက စကားတစ်ခွန်းမျှ မဆိုဘဲ ရပ်နေလေသည်။ သူ့ရှေ့တွင် များပြားစွာသော ကျင့်ကြံသူများက အာကာသထဲ မသွားခင် အချက်ပြ အလင်းဓား ရရန် တန်းစီနေကြသည်။ သူ့နှလုံးသားပင် အေးခဲလုမတတ် ဖြစ်သွားလေသည်။ ထိုမျ ကြောက်မက်ဖွယ် အလိုက်ခံရမှုမှ ထွက်ပြေး လွတ်မြောက်မည့်သူ ရှိနိုင်ပါ့မလား ....
ခန်းမ ဆယ်ခုအနက်မှ ငါးခုနှင့် ကြယ်တာရာ ဘုရင်တောင်မှ မျိုးနွယ်စုကြီး သုံးခု၊ ကျန်းမိုနယ်မြေ အတွင်းမှ များပြားစွာသော ဂိုဏ်းများနှင့် လောကခန်းမပင် ပါဝင်နေသေးသည်။ ဤအချက်ပြ အလင်းဓားမှာ ထိုအင်အားစုများ ပေါင်းထားသည့် မဟာမိတ်မှ ဖြန့်ဝေထားခြင်း ဖြစ်လေသည်။ မည်သူမဆို မိုဝူကျီကို မဖမ်းဆီးနိုင်လျှင်ပင် မိုဝူကျီ ပေါ်လာသည့် နေရာ၌ ထိုအလင်း လွှတ်လိုက်သည်နှင့် သူတို့က ဆုလာဘ်များစွာ ရပေလိမ့်မည်။ ဤဆုလာဘ်မှာ မည်သူက အရင်ဦးစွာ ထုတ်လွှတ်သည့် အပေါ် မူတည်၍ ပေးအပ်ခြင်း ဖြစ်သည်။
မိုဝူကျီကို တွေ့ပါက မိုဝူကျီ၏ တည်နေရာကို မှတ်သားကာ ဤအချက်ပြ အလင်းကို ထုတ်လွှတ် လိုက်ရုံမျှသာ ဖြစ်ကာ ဆုလာဘ်များစွာ ရပေလိမ့်မည်။ စောစောမှ ထုတ်လွှတ်လိုက်သည့် သူလည်း ဆုလာဘ်များစွာ ရသွားပေလိမ့်မည်။
မိုဝူကျီက အားမည်မျှ ကောင်းနေစေကာမူ ထိုသို့သော လိုက်ဖမ်းမှုအောက်တွင် အသက်ရှင်နိုင်ခြေ လုံးဝမရှိချေ။
ဤနယ်လှည့် .... အင်အားစုများစွာက မိုဝူကျီကို အတူတကွ လိုက်ဖမ်းဆီးသည့် အကြောင်းအရင်းကို အလွန် အံ့ဩဖွယ်ကောင်းသည့် အကြောင်းပြချက် ပေးထားလေသည်။ မိုဝူကျီက ရှားမျိုးနွယ်စုမှ ရမှတ် ၅၀၀ ၀၀၀ကို အလွဲသုံးစား လုပ်၍ဟု ခေါင်းစဉ် တပ်ထားကြသည်။ အရှက်မဲ့သော လူများက ဘာမဆို လုပ်နိုင်ကြ၏။
***