← Chapters

သူ့ရင်ဘတ်ထဲမှ ဒေါသမီး

Vol. 24 Ch. 325

သူ့ရင်ဘတ်ထဲမှ ဒေါသမီး

Vol. 24 Ch. 325

မိုဝူကျီက ခေါင်းငုံ့ကာ ချိန်စုယင်၏ ဖြူဖျော့နေသည့် မျက်နှာလေးကို ကြည့်လိုက်မိသည်။ သူမ အသက်ဓာတ်များက ကုန်ဆုံး သွားသော်လည်း သူမ၏ မှင်တက် လောက်စရာ အလှတရားကို ဖုံးကွယ် ထားနိုင်ရန် မလုံလောက်ပေ။

သူ ချစ်မြတ်နိုးရသည့် အမျိုးသမီး၏ သစ္စာဖောက် ခံပြီးသည့် နောက်တွင် မိုဝူကျီက နောက်တစ်ကြိမ် ချစ်မြတ်နိုးဖို့ အင်မတန် ခက်ခဲလိမ့်မည်ဟု တွေးခဲ့မိသည်။

ယန်အာဆိုပါက သူက လက်တွဲဖော် အနေနှင့် ချစ်မြတ်နိုးခြင်း မဟုတ်သည်မှာ သေချာလေ၏။ မိသားစုသဖွယ် ရင်းနှီးမှုနှင့် ယုံကြည်မှုမျိုးသာ ဖြစ်၏။ ယန်အာက သူ့အပေါ် လက်မလျှော့ဘဲ အခြေအနေ အဆိုးရွားဆုံး ဖြစ်စဉ်က သူ့အတွက် အရာအားလုံးကို ပေးဆပ်ဖို့ရာ ဆန္ဒရှိသည့် တစ်ဦးတည်းသော မိန်းကလေး ဖြစ်လေ၏။

သူက ကျင့်ကြံနိုင်စွမ်း ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ ယန်အာနှင့် အတူတူ ရှိနေသရွေ့ ဖြည်းဖြည်းချင်း ချစ်ကျွမ်းဝင် သွားလိမ့်မည်ဟု တစ်ခါက တွေးခဲ့ဖူးသည်။ ယန်အာကို ကယ်တင်ဖို့ရာ ဘွားဘွား လင်းလောင်ကို အဆုံးမဲ့ ဝိညာဉ် တာရှည်ခံပန်းကို ပေးဖို့ရာ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲ ဝင်ဖို့ ဆုံးဖြတ်ချက် မချခင်အထိ ဖြစ်လေသည်။

ထိုနေ့မှ စ၍ ယန်အာသည် သူ့မှတ်ဉာဏ်၏ ရတနာ တစ်ခု ဖြစ်လာပြီး သူ့နှလုံးသားနှင့် အရင်းနှီးဆုံးလူ ဖြစ်လာမှန်း သိခဲ့သည်။ သူ ယန်အာကို လက်လွတ်လိုက်သည့် အခိုက်အတန့် ယန်အာသည် သူနှင့် မသက်ဆိုင်တော့မှန်း သိလိုက်သည်။ သူက ယန်အာသည် မိုဝူကျီအတွက် မဟုတ်ဘဲ သူမအတွက်သာ အသက်ရှင် နေထိုင်နိုင်ရန် ကျိန်ဆိုခဲ့လေသည်။

သူက မနေနိုင်၍ ယန်အာကို အတိတ် ပြောပြဖို့ရာ ကြိုးစားသော်လည်း သူမ ငြင်းပယ် လိုက်သည့်အခါ သူက အမှန်တရားကို ဖြည်းဖြည်းချင်း လက်ခံလာ လိုက်ရသည်။ သို့သော် ယနေ့တွင် သူ့နှလုံးသားမှာ ချိန်စုယင်ကြောင့် အမှန်တကယ် လှုပ်ရှား သွားမိသည်။

ခြောက်နှစ် အရွယ်၌ မိဘနှစ်ပါးလုံးကို ဆုံးရှုံးခဲ့ရပြီး မိခင်ဖြစ်သူက သူမ ရှေ့တွင် သတ်သေသွားကာ ဖခင်က သူမကို ချန်ထားခဲ့လေသည်။ သူမ ကလေး ဘဝက မည်သို့ ထပ်ဆိုးရွား နိုင်ဦးမည်နည်း။ သူမက ဤသို့ အဆုံးမဲ့ သင်ယူခြင်း နန်းတော်ကို မည်သို့ ရောက်လာသည်ကို မသိသော်လည်း မိုဝူကျီက ခြောက်နှစ်အရွယ် ကလေးမလေး၏ နှလုံးသား၌ သူမမိခင် စကားများက မည်မျှ နက်ရှိုင်းစွာ စွဲကျန်နေမည် ကိုတော့ တွေးကြည့် နိုင်လေသည်။ သူမ စိတ်အတွင်း၌ သူမမှာ ပြင်ပန်းသွင်ပြင် ကဲ့သို့ အေးစက်စက်နှင့် တည်တည်ငြိမ်ငြိမ် မဟုတ်လောက်ပေ။

သူ မည်သည့် ကမ္ဘာတွင် ရှိနေစေကာမူ ပြန်လည် ပြင်လို့ မရသည့် နောင်တတရား ရှိလေသည်။ အကယ်၍ သူသာ အချိန်နောက်ပြန် ဆုတ်၍ ရပါက ချိန်စုယင်သာ လျှပ်တစ်ပြက် လျှပ်စီး လိုချင်သည် ဆိုလျှင် သူက ချက်ချင်း ထုတ်ပေးလိုက်မည် ဖြစ်၏။ အဘယ်ကြောင့် သူမ၏ ယာဉ်ပျံကို တောင်းနေမည်နည်း။

မိုဝူကျီက သဘာဝ စွမ်းအားများ ဆက်တိုက် ပို့လွှတ် နေသော်လည်း ချိန်စုယင် ခန္ဓာကိုယ်မှာ အေးထသက် ပို၍ အေးစက် လာနေသည်။ မိုဝူကျီက ပညာရှင် နှလုံးသား ရှိပြည့်နေသည့် သူ့ခန္ဓာနားသို့ ချိန်စုယင်ကို တင်းတင်းကျပ်ကျပ် ထွေးပွေ့ထား လိုက်သည်။

ထိုသို့ ကြောက်မက်ဖွယ် အအေးဓာတ် ထုတ်လွှင့်နေသည့် နေရာ၌ သူသာ လက်လွှတ် လိုက်ပါက ချိန်စုယင်မှာ အအေးဓာတ်ကြောင့် တစ်စစီ ကွဲကြေ သွားလိမ့်မည်။

မည်သို့ပင် ဖြစ်စေ သူက ချိန်စုယင် ခန္ဓာကို ပျောက်ကွယ်ခွင့် မပြုနိုင်ပေ။ သူမကို ကျေးဇူး တင်နေသည်က သူ့အသက်တင် မကဘဲ သူမပေးဆပ် လိုက်ရသည့် အချစ် တစ်ခုပါ ပါရှိလေသည်။

မိုဝူကျီက ချိန်စုယင်ကို တင်းတင်းကျပ်ကျပ် ဖက်ထားရင်း ဖြည်းဖြည်းချင်း မတ်တတ် ရပ်လိုက်သည်။ သူ့သဘာဝ စွမ်းအားများ စီးဆင်းနေမှုကြောင့် ခန္ဓာကိုယ်မှ အက်ကြောင်းများက ပြန်လည် သက်သာ လာနေပြီ ဖြစ်၏။

သူက ခေါင်းကိုမော့ကာ ကျယ်ပြန့်ကာ အဆုံးမရှိသည့် အအေးဇုံကို ကြည့်လိုက်သည်။ ထိုနေရာမှာ ပင်လယ် လှိုင်းလုံးများက တစ်လှိုင်းပြီး တစ်လှိုင်း တက်လာသည့် အလား ရေခဲလှိုင်းများ ပေါ်လာသည်က မှင်တက်စရာ လှပစရာ ကောင်းပေ၏။

မိုဝူကျီက ထိုလှိုင်းလုံးများ နောက်၌ ပို၍ ကြောက်စရာ ကောင်းသည့် အအေးဓာတ်‌ စောင့်ကြိုနေကြောင်း သိ၏။ အကယ်၍ သူ့ပညာရှင် နှလုံးသားကြောင့်သာ မဟုတ်လျှင် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူပင် သေခြင်းတရားနှင့် ဆုံရမည်မှန်း သေချာသည်။ လောကအင်မော်တယ် အဆင့်ပင် နှင်းခါးပင်လယ် အနက်ပိုင်း၌ အသက်ရှင်နိုင်မည် မဟုတ်ပေ။

မိုဝူကျီက သက်ပြင်း အရှည်ကြီး ချကာ ချိန်စုယင်ကို ဖက်ထားရင်း နှင်းခါးပင်လယ် အတွင်းပိုင်းသို့ ဝင်သွား လိုက်တော့သည်။

အကယ်၍ သူ မလွတ်မြောက်နိုင်ပါက သူက ချိန်စုယင်နှင့် အတူ နှင်းခါး ပင်လယ်ထဲ၌ သေသည်အထိ အတူတူ နေပေးမည် ဖြစ်၏။

အကယ်၍ သူ လွတ်မြောက် သွားခဲ့လျှင် သူ့သွေးကြွေး အတွက် ထိုလူများက သေချာပေါက် ပေးဆပ် ရလိမ့်မည်။

***

မိုဝူကျီက နှင်းခါးပင်လယ် အနက်ပိုင်းထဲ အရူး တစ်ယောက်လို ပြေးလွှား သွားနေသည်။ သူ့ကို လွှမ်းခြုံထားသည့် ပညာရှင် နှလုံးသားမှာ အကာအရံ တစ်ခု ဖြစ်လာလေသည်။ ထိုသို့ဆိုလျှင်ပင် သူက အရိုးခိုက်လု မတတ် အအေးဓာတ်ကို ခံစားနေမိဆဲ ဖြစ်သည်။

မိုဝူကျီက ပညာရှင် နှလုံးသား၏ ၈၀ရာခိုင်နှုန်း လောက်ကို အသုံးပြုပြီး ချိန်စုယင် ခန္ဓာကိုယ်ကို ကာကွယ် ပေးထားရင်း သူ့ချီသွေးကြော ၁၀၃ခုလုံး၌ သဘာဝ စွမ်းအားများကို ဆက်တိုက် လှည့်ပတ် နေလေသည်။ သူက ပြေးရင်း တစ်ချိန်တည်း ဆိုသလို ကျင့်ကြံနေခြင်း ဖြစ်၏။

ဆက်တိုက် ပြေးလွှား နေခြင်းက သွားရမည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပေသည်။

နှင်းခါး ပင်လယ်ထဲ၌ ကြောက်မက်ဖွယ် အအေးဓာတ်သာ ကြီးစိုး နေလေသည်။

ငါက အဆုံးမဲ့ ဆက်တိုက် ကျင့်ကြံနိုင်တယ် ...

ထိုအတွေးများ ကသာ သူ့ဒေါသမီးကို ငြိမ်းသက် နိုင်လေရာ သူ့ကိုယ်သူ မထိန်းချုပ် နိုင်သည်နှင့် အားလုံးကို သွားသတ်တော့မည်မှန်း သိ၏။ သို့သော် ထိုအရာက မဖြစ်နိုင်မှန်းလည်း သိထားသည်။

သူ့တွင် ရောင်ခြည် အမြောက်များ ရှိနေလျှင်ပင် သူ ထွက်လာသည့် အခိုက်အတန့်၌ သူက အမြောက် မထုတ်နိုင်ခင် အဆင့်မြင့် ကျင့်ကြံသူများ လက်ချက်ဖြင့် သေဆုံး သွားပေလိမ့်မည်။

ထိုသည်က စွမ်းအား ကွာခြားချက် ဖြစ်ကာ ထိုကွာခြားချက်ကို မည်သို့မျှ မလုပ်နိုင်ပေ။

“ဘုန်း” ဝိညာဉ် စွမ်းအားများက ထွက်ပေါ်လာပြီး မိုဝူကျီ၏ လှည့်ပတ်ခြင်း နည်းလမ်းနှင့် ပေါင်းစပ်သွားကာ သူ့ဘေးနားမှ သဘာဝ စွမ်းအားများက အဆများစွာ တိုးပွား လာလေသည်။ မိုဝူကျီက အစစ်အမှန် ရေအဆင့် ၅သို့ တက်လှမ်း သွားသောကြောင့် ခုခံမှု မရှိလုနီးပါး ဖြစ်သွားလေသည်။

“အား ...”

နှင်းခါးပင်လယ်မှ အဆုံမဲ့ ရေခဲမြူများကြား မိုဝူကျီက ရပ်တန့်ကာ အထီးကျန် ဝံပုလွေတစ်ကောင် ကဲ့သို့ အဆုတ် ကွဲလုမတတ် အော်ဟစ် လိုက်တော့သည်။

ထိုသည်က သူ့နှလုံးသားမှ အအေးဓာတ်နှင့် မီးတောက်မှ အပူဓာတ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မိုဝူကျီက အော်ဟစ်မြည်ကြွေး ပြီးနောက်တွင် ခေါင်းကို ငုံ့၍ ခြေထောက်ကို ကြည့်လိုက်လေသည်။ အကြောင်းမှာ ဤနေရာမှာ သူ့ကို အစစ်အမှန်ရေ အဆင့်၅သို့ တက်လှမ်း သွားစေနိုင်သည့် နေရာ ဖြစ်ပြီး သိပ်သည်းလှသည့် ဝိညာဉ် စွမ်းအားများကို ခံစားမိလေသည်။

မိုဝူကျီက တျန်းဂျီတုတ်ကို ထုတ်ယူကာ မြေပြင်‌ပေါ် ရိုက်ချ လိုက်တော့သည်။

ဖိနှိပ်ထားသော အသံကို ကြားနိုင်ပြီး သူ့ခြေထောက် အောက်မှ ရေခဲပြင်မှာ အက်ကွဲကြောင်း တစ်ခုလေးပင် ပေါ်မလာပေ။ နှစ်ထောင်ချီ အကြာတွင် ဤအအေးဓာတ်ကြောင့် နူးညံ့သော အရာများပင် တစ်စစီ ဖြစ်သွားပေလိမ့်မည်။ ကျန်ရှိနေသည့် အရာများမှာ ရေခဲများ စုပုံလာခြင်းသာ ဖြစ်၏။

သူ့ ပညာရှင် နှလုံးသားကို လောင်ကျွမ်း လိုက်ပါက ဤနေရာတွင် အပေါက် တစ်ခု ဖြစ်လာ နိုင်ပေလိမ့်မည်။

သို့သော်လည်း မိုဝူကျီက ဤပညာရှင် နှလုံးသားကို သေချာပေါက် မထိရဲပေ။ အကြောင်းမှာ ထိုအရာက ချိန်စုယင် ခန္ဓာကို ကာကွယ် ပေးထားခြင်း ဖြစ်ပေသည်။ သူက ပညာရှင် နှလုံးသားကို အဝေးထုတ်ယူ လိုက်ပါက ချိန်စုယင် ခန္ဓာမှာ ဤအအေးဓာတ်ကြောင့် ပျောက်ကွယ် သွားပေလိမ့်မည်။

မိုဝူကျီက တျန်းဂျီတုတ်ကို သိမ်းထားကာ ဤနေရာ တစ်ဝိုက်၌ ကာကွယ်ရေး အစီအရင်ကို တပ်ဆင်လိုက်သည်။ ကာကွယ်ရေး အစီအရင်မှာ သူ့အတွက် မဟုတ်ဘဲ ချိန်စုယင် ခန္ဓာကိုယ် အတွက် ဖြစ်၏။ သူက ပညာရှင် နှလုံးသား ကို ချီသွေးကြော ၁၀၃ ခုလုံးဖြင့် လှည့်ပတ်နေ သရွေ့ သူက အသက် အန္တရာယ် ရှိမည် မဟုတ်ပေ။ အများဆုံး အသား အက်ကွဲရုံမျှသာ ဖြစ်လိမ့်မည်။ သို့သော်လည်း မိုဝူကျီက ထိုသို့ နာကျင်မှုမျိုးမှာ ထုံနေလေပြီ။

ဤနေရာကား နှင်းခါးပင်လယ် အတွင်းပိုင်း ဖြစ်သည့်အတွက် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူပင် ပညာရှင် နှလုံးသားနှင့် ချီသွေးကြော ရာကျော် လှည့်ပတ်မှု မပါရှိဘဲ ဤမျှအထိ ရောက်လာနိုင်မည် မဟုတ်ပေ။

ကာကွယ်ရေး အစီအရင်ကို တပ်ဆင်ပြီးသည်နှင့် မိုဝူကျီက ကျောက်စိမ်း အပုံလိုက် ထုတ်ကာ ချိန်စုယင်အတွက် ကျောက်စိမ်း ခေါင်းတလား ပြုလုပ်ပေး လိုက်သည်။ ထို့နောက်တွင် မိုဝူကျီက ချိန်စုယင်ကို ကာကွယ်ရေး အစီအရင် အလယ်တွင် ထားပြီး ထိုခေါင်းတလား အပေါ်၌ပင် ကာကွယ်ရေး အတားအဆီးများ အသက်သွင်း လိုက်သေးသည်။ ပညာရှင် နှလုံးသားကို ကျောက်စိမ်း ခေါင်းတလား၏ ထိပ်ဆုံး၌ ထားလိုက်သည်။

ထိုအရာများကို ပြင်ဆင်ပြီးနောက် ကျောက်စိမ်း ခေါင်းတလားပေါ်၌

“ဇနီး ချိန်စုယင်၏ ခေါင်းတလား စိုက်ထူပေးသူ မိုဝူကျီ ...” ဟူ၍ ထွင်းထားလိုက်သည်။

***

တစ်ခါက အင်မတန် လူရှုပ်လှသည့် လောကခန်းမပင် မိုဝူကျီကို လိုက်ဖမ်းဆီးသည့် ဖြစ်ရပ်အပြီး တစ်နှစ် အကြာတွင် နဂို အခြေအနေသို့ ပြန်လည်ရောက်ရှိ သွားလေသည်။

လက်မလျှော့နိုင်သည့် လူများလည်း ရှိနေကာ အသာလွန်ဆုံး နယ်ပယ် ကိုးခုမှ တစ်ခု အပါအဝင် ဖြစ်သည့် နှင်းခါး ပင်လယ်သို့ သွားကြည့်ကြသူများ ရှိသေး၏။ သို့သော်လည်း အားလုံးက မိုဝူကျီမှာ သေချာပေါက် အသက် မရှင်နိုင်မှန်း သိကြလေသည်။

အစစ်အမှန် ရေအဆင့် ကျင့်ကြံသူ တစ်ယောက်က နှင်းခါး ပင်လယ်ထဲ ဝင်သွားပြီး အသက်ရှင်လျက် ပြန်ထွက်လာ နိုင်သည့် ဖြစ်ရပ် မရှိသေးပေ။ မိုဝူကျီက လောကအဆင့် ဇယား ဝင်လောက်သည့် အထိ မည်မျှပင် အရည်အချင်း ရှိနေစေကာမူ မဖြစ်နိုင်ပေ။ အမှန်တရားမှာ မိုဝူကျီ နှင်းခါး ပင်လယ်ထဲ ဝင်သွားပြီး တစ်လအကြာတွင် သူ့နာမည်မှာ လောကအဆင့် ဇယားမှ ပြုတ်ကျ လာလေသည်။

မိုဝူကျီက လောကအဆင့် ဇယားတွင် မရှိတော့ပေ။ တစ်ခါက အုတ်အော်သောင်းနင်း ဖြစ်လာစေသည့် ပါရမီရှင်မှာ လူအုပ်ကြီး၏ ဆွေးနွေးမှုများမှ ပျောက်ကွယ် သွားသည်မှာ ကြာမြင့်လှလေပြီ။

***

ကြယ်တာရာ ဘုရင်တောင် ယန်မျိုးနွယ်စု

ယန်ယန်ဒေါင် အသတ်ခံရ ပြီးစဉ်မှ စ၍ တစ်နှစ်ပင် ကြာမြင့်လှပြီ ဖြစ်ရာ ယန်မျိုးနွယ်စုက ဒုတိယအကြိမ် အစည်းအဝေး ပြုလုပ် နေကြလေသည်။ အတိအကျ ပြောရလျှင် ယန်မျိုးနွယ်စု မဟာ အကြီးအကဲက တံခါးပိတ် ကျင့်ကြံရာမှ ထွက်ပေါ်လာ၍ ကြိုဆိုကြခြင်း ဖြစ်ပေသည်။

ယန်ထုံချွီက ယန်မျိုးနွယ်စု၏ ပထမမျိုးဆက် ပါရမီရှင် ဖြစ်ပြီး လောက အင်မော်တယ် အဆင့် ၂ ဖြစ်လေ၏။

ယန်ထုံချွီက ယန်မျိုးနွယ်စုတွင် အားမကောင်းဆုံး မဟုတ်သေးပေ။ ယန်ဖင်းကျီထက် အနည်းငယ် အားနည်းလေ၏။ ယန်ထုံချွီမှာ ယန်မျိုးနွယ်စု၏ တစ်ဦးတည်းသော ရေဝိညာဉ် ကြောရှင် လောက အင်မော်တယ် အဆင့် ကျင့်ကြံသူ ဖြစ်လေသည်။

“ဘမ်း ဘမ်း” ယန်မျိုးနွယ်စု၏ ဝိညာဉ်စွမ်းအား အားအကောင်းဆုံး နေရာ၌ အင်မော်တယ်ဂူက ပွင့်လာလေသည်။

အမွှေးတိုင် တစ်တိုင် အကြာတွင် ပိန်ပါးပါး အမျိုးသားက လျှောက်လှမ်း လာလေသည်။ သူက အင်မော်တယ် ဂူအဝမှ ကျင့်ကြံသူ နှစ်ယောက်ကို ခေါင်းညိတ်ပြ လိုက်ပြီး ခြေတစ်လှမ်းတည်းဖြင့် ယန်မျိုးနွယ်စု၏ ဆွေးနွေးခန်းမ အဝင်ဝသို့ ရောက်ရှိ သွားလေသည်။

ခန်းမထဲမှ အကြီးအကဲချုပ် ယန်ယန်း အပါအဝင် အားလုံးက မတ်တတ်ရပ် လိုက်ကြသည်။

ယန်ထုံချွီက အားလုံးကို ခေါင်းညိတ်ပြပြီး ဒုတိယခုံကို သွားကာ ထိုင်ချလိုက်သည်

“ကျုပ်လည်း ကိစ္စတွေကို သိပြီးပါပြီ။ ပြီးတော့ ကျုပ်က နှင်းခါး ပင်လယ်ထဲ သွားဖို့ ဆန္ဒရှိတယ် ...”

ယန်ချီရန်က သက်ပြင်းချကာ ပြောလိုက်လေ၏

“နှင်းခါး ပင်လယ်ထဲက အအေးဓာတ်က ကြောက်ခမန်း လိလိပဲ ... မိုဝူကျီ အလောင်းလည်း တစ်စစီ ဖြစ်သွားလောက်ပြီ။ လခြမ်းကွေးသော့ကို ရှာနိုင်ဖို့က အဲဒီလောက် မရိုးရှင်းဘူး။ အကြီးအကဲ ထုံချွီရဲ့ တံခါးပိတ် ကျင့်ကြံတာက ပြီးသွားပေမဲ့ လောက အင်မော်တယ် အဆင့် ၄တော့ မရောက်သေးဘူးလေ။ အဲဒါကြောင့် နှင်းခါး ပင်လယ်ထဲကို အကြီးအကဲထုံချွီ တစ်ယောက်တည်း သွားမှာကိုတော့ ကျုပ် ဆန့်ကျင်တယ် ...”

အားလုံးက ရေဝိညာဉ်ကြောနှင့် ရေခဲ ဝိညာဉ်ကြောတို့မှာ တူညီသည့် အရင်းအမြစ်မှန်း သိကာ သူတို့ ခြားနားချက်မှာ မိုးနှင့်မြေမှ ကွာခြားချက်လို ကြီးမားဆဲ ဖြစ်သည်။ အခြား ဝိညာဉ်ကြောများနှင့် ယှဉ်လျှင် ရေဝိညာဉ်ကြော ပိုင်ရှင်များက နှင်းခါး ပင်လယ်ထဲ ဝင်ဖို့ရာ ပိုမို သင့်တော်သော်ငြား အအေးဓာတ် မည်မျှ ခံနိုင်ရည် ရှိကြောင်းပေါ် မူတည် သေးလေသည်။

“အမ်း ... ကျုပ်ယန် မျိုးနွယ်စုမှာ ရေဝိညာဉ်ကြော ပါရမီရှင်တွေ မရှိတာ နှမြောစရာပဲ။ မဟုတ်ရင် အကြီးအကဲ ထုံချွီက သူ့အသက်ကို စတေးစရာ လိုမှာ မဟုတ်ဘူး ...” နောက်ထပ် အကြီးအကဲ တစ်ယောက်က ဝင်ပြောလိုက်သည်။

ဘေးမှာ ရှိနေသည့် ယန်ဖင်းကျီက ဝင်ပြော လိုက်လေ၏။

“ကျုပ်တို့က အကြီးအကဲထုံချွီ အတွက် နှင်းခါး ပင်လယ်ထဲ သွားဖို့ အရမ်း စွန့်စားရာ ဖြစ်နေပေမဲ့လည်း ကျုပ်တို့ ယန်မျိုးနွယ်စု အတွက် အခွင့်အရေးလဲ ဖြစ်နေနိုင်တယ်။ ကျုပ်တို့ ယန်မျိုးနွယ်စုက လခြမ်းကွေးသော့ သုံးချောင်းသာ ရသွားရင် မဟုတ်သေးဘူး တစ်ချောင်းသာ ရသွားမယ် ဆိုရင် ကျုပ်တို့ ယန်မျိုးနွယ်စုက ကျုပ်တို့ မျိုးဆက်တွေ နှစ်ထောင်ချီတဲ့ အထိ ကျဆင်း သွားတော့မှာ မဟုတ်ဘူး။ တကယ်လို့ ကျုပ်တို့ ယန်မျိုးနွယ်စုက မြေကမ္ဘာ အင်မော်တယ် မွေးထုတ်ပေးနိုင်မယ် ဆိုရင် ကျုပ်တို့အတွက် ကြယ်တာရာ ဘုရင်တောင်မှာ နေဖို့က မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ဘူး ...”

နောက်ထပ် ယန်မျိုးနွယ်စုမှ အကြီးအကဲက မတ်တတ်ရပ်ကာ ပြောလိုက်သည်။

“ရှားမျိုးနွယ်စု၊ မော့မျိုးနွယ်စုနဲ့ တခြား ဂိုဏ်းတွေက နှင်းခါး ပင်လယ်ထဲ လူတွေလွှတ် ထားကြတယ်။ သူတို့ ရည်ရွယ်ချက်က လခြမ်းကွေးသော့တွေ ရှာဖို့ပဲ ... အဲဒီလခြမ်းကွေး သော့တွေက ငါတို့ ယန်မျိုးနွယ်စု အပိုင်ဆိုတော့ ငါတို့တွေက မဝင်ရင် တခြား သူတွေအတွက် အကျိုးဆောင် ပေးလိုက်သလို ဖြစ်နေမှာပေါ့ ...”

လူအုပ်ကြီးက မျိုးစုံဆွေးနွေး နေကြပြီး ရွေးချယ်ရ ခက်နေသည့် အတွက် အကြီးအကဲချုပ် ယန်ယန်းက လက်ကို ဝေ့ကာ တားလိုက်သည်။

“ထုံချွီရဲ့ ကျင့်ကြံခြင်းက နည်းနည်း နိမ့်နေတာ ဆိုတော့ ကျုပ် သွားပါ့မယ် ...”

ယန်ထုံချွီမှာ နှစ်၂၀၀ကြာ တံခါးပိတ် ကျင့်ကြံနေခဲ့၍ ယန်မျိုးနွယ်စုမှာ သူ့ကို လောက အင်မော်တယ် အဆင့် ၄ ဖြစ်ဖို့ရာ မျှော်လင့် ထားကြလေသည်။ ရေဝိညာဉ်ကြောနှင့် လောက အင်မော်တယ် အဆင့် ၄သာ ဖြစ်နေလျှင် သူက နှင်းခါးပင်လယ်ထဲ ဝင်ဖို့ရာ အရည်အချင်း ပြည့်မီသည်ဟု ယူဆ၍ ရလေသည်။ ယန်ထုံချွီမှာ နှစ်များစွာ တံခါးပိတ် ကျင့်ကြံသော်လည်း ထွက်လာသည့် အခါ လောကအင်မော်တယ် အဆင့် ၂ သာ ဖြစ်နေမည်ဟု မည်သူက ထင်ထား မည်နည်း။

ယန်ထုံချွီက အရင်ဦးစွာ ပြောလိုက်သည်။

“ဘယ်လိုပဲ ဖြစ်ဖြစ် အကြီးအကဲချုပ်က နှင်းခါး ပင်လယ်ထဲ မသွားသင့်ပါဘူး။ အကြီးအကဲချုပ်က ယန်မျိုးနွယ်စုရဲ့ ပင်မအားလေ တစ်ခုခုသာ ဖြစ်သွားခဲ့ရင် နောက်ထပ် ဘာဖြစ်လာမယ် ဆိုတာ မှန်းဖို့ ခက်ခဲ သွားလိမ့်မယ်။ ကျုပ်က သွားဖို့ အသင့်တော်ဆုံးပါပဲ ...”

***

All Chapters