← Chapters

ထိပ်တိုက်ရင်ဆိုင်လျှင် အနိုင်ရသူ ထွက်ပေါ်လာလိမ့်မည်

Vol. 69 Ch. 955

ထိပ်တိုက်ရင်ဆိုင်လျှင် အနိုင်ရသူ ထွက်ပေါ်လာလိမ့်မည်

Vol. 69 Ch. 955

ကျန်းရီက ဝူနီနှင့် ကျီထင်ယွီတို့ကို လိုက်ဖမ်းလိုနေပြီး ကျီထင်ယွီနှင့် ဝူနီတို့က ထွက်ပြေးလိုနေသည်။ ထို့ကြောင့် အခြေအနေက စိန်ပြေးလိုက်သလို ဖြစ်နေပြီး နှစ်ဘက်စလုံး အပြိုင်အဆိုင် ဖြစ်နေသည်။ ကျီထင်ယွီပြောခဲ့သလိုပင် သူမတို့သာ အောင်အောင်မြင်မြင် ထွက်ပြေးနိုင်လျှင် သူမတို့ နိုင်မည်ဖြစ်သည်။

ကျန်းရီသည် အချိန်အကြာကြီး ပြင်ဆင်ခဲ့ရ၏။ တိုက်ပွဲစသည်နှင့် သူမည်သူဖြစ်ကြောင်း ပေါ်သွားကာ ရန်သူများ၏ လိုက်လံသတ်ဖြတ်မှုကို ခံရမည်ကို သူ ကောင်းစွာသိထားသည်။ အကယ်၍ သူသာ ဝူနီနှင့် ကျီထင်ယွီတို့ကို ဤတစ်ကြိမ်တွင် မဖမ်းနိုင်လျှင် နောင်တွင် အခွင့်အရေး ထပ်ရတော့မည် မဟုတ်ပေ။

ကျန်းရီက အရှေ့ဘက် တော်ဝင်နေမြေသို့ ရောက်နေကြောင်း ပေါ်သွားပြီဖြစ်ပြီး စုလောရွှယ်ကလည်း ကျီထင်ယွီ၏ လက်ထဲတွင် ရှိနေပေသည်။ သို့ဖြစ်၍ ကျန်းရီက ဧကရာဇ်ကိုးပါးမျိုးနွယ်စု၏ လိုက်လံသတ်ဖြတ်မှုကို ခံရမည်သာမက စုလောရွှယ်ကလည်း ထိုကိစ္စထဲတွင် ကြားညပ်သွားနိုင်ပေသည်။ အကယ်၍ ကျီထင်ယွီကသာ စုလောရွှယ်ကို မြောက်ဘက်ဧကရာဇ်မြို့၏ အပြင်တွင် ကြိုးပေးသတ်မည်ဆိုပါက ကျန်းရီ သူမကို သွားကယ်နိုင်ပါမည်လော။

ထို့ကြောင့် ကျန်းရီသည် ဝူနီနှင့် ကျီထင်ယွီတို့ကို မြောက်ဘက်ဧကရာဇ်မြို့သို့ လုံးဝပြန်ခွင့်မပြုနိုင်ဟု ဆုံးဖြတ်လိုက်သည်။ မဟုတ်လျှင် စုလောရွှယ်က အန္တရာယ်နှင့်ကြုံရပေလိမ့်မည်။

အဘိုးရူသည် အလွန်စွမ်းအားကြီးပြီး ဝူနီ၏လူများအကြားတွင် အသန်မာဆုံး ဖြစ်နိုင်သည်။ မဟုတ်လျှင် သူသည် ဝူနီကို အမြဲတစေ အနီးကပ်စောင့်ရှောက်ရမည် မဟုတ်ပေ။ ထိုသို့သော လူတစ်ယောက်က ကျန်းရီကို လိုက်မဖမ်းဘဲ တစ်ယောက်တည်း ထွက်ပြေးနေသဖြင့် အကြောင်းတစ်ခုခု ရှိနေကြောင်း သေချာပေသည်။ ကျန်းရီသည် အဘိုးရူကို အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိသော်လည်း တုံ့ဆိုင်းမနေပေ။ သူသည် ချက်ချင်း ကောင်းကင်‌ရှောင်တိမ်းခြင်းကို သုံးလိုက်ပြီး အရှေ့ဘက် မိုင်(၁၀,၀၀၀)အကွာသို့ သွားလိုက်လေသည်။

“ထောက်လှမ်း...”

ကျန်းရီသည် ကောင်းကင်စိတ်အာရုံဖြင့် ထောက်လှမ်းလိုက်ရာ အင်အားနည်းသော ဓားပြတပ်မဟာတစ်ခုက ထွက်ပြေးနေသည်ကို တွေ့လိုက်၏။ သို့သော် သူ ထိုဓားပြများကို အရေးမစိုက်လိုက်ပေ။ ထို့နောက် သူက ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လိုက်ပြီး အဘိုးရူကို ရှာလိုက်လေသည်။ အဘိုးရူက သူ့အရှေ့ မိုင်တစ်ရာအကွာရှိ မြေကြီးအောက် ကီလိုမီတာသုံးဆယ်တွင် ရှိနေသည်။

“သွားမယ်...”

ကျန်းရီ၏ ခန္ဓာကိုယ်က အဖြူရောင်အလင်း လင်းလက်သွား၏။ သူ၏ပုံစံက အဘိုးထူအဖြစ် ပြောင်းလဲသွားသည်။ သူ၏စိတ်ဝိညာဉ်အရှိန်အဝါကလည်း အဘိုးထူနှင့် တစ်ပုံစံတည်း တူညီနေသည်။ ထို့နောက် သူ ကောင်းကင်ရှောင်တိမ်းခြင်းကို ထပ်ထုတ်သုံးလိုက်သည်။ ဤတစ်ကြိမ်တွင် သူက မြေကြီးထဲတွင် ပြန်ထွက်ပေါ်လာသည်။ သူသည် ကောင်းကင်ရှောင်တိမ်းခြင်းကို ပို၍ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်လာပြီဖြစ်၍ အဘိုးရူ၏ အ‌ရှေ့ မိုင်နှစ်ဆယ်ကျော်အကွာသို့ ရောက်သွားသည်။ ထို့နောက် သူက ကောင်းကင်စိတ်အာရုံကိုထုတ်၍ အဘိုးရူ၏တည်နေရာ အတိအကျကို ထောက်လှမ်းလိုက်သည်။ အဘိုးရူ၏ ကောင်းကင်စိတ်အာရုံကလည်း စွမ်းအားကြီး၍ တစ်ခဏအတွင်းမှာပင် ကျန်းရီကို တွေ့သွားသည်။

“အန်...”

အဘိုးရူ အတန်ငယ် အံ့အားသင့်သွား၏။ ကျန်းရီ၏ ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်က အလွန်အစွမ်းထက်ပေသည်။ လက်ရှိတွင် ကျန်းရီက အဘိုးထူနှင့် တစ်ပုံစံတည်း တူညီနေသည်။ ထို့ပြင် စိတ်ဝိညာဉ်အရှိန်အဝါကလည်း အတူတူပင်ဖြစ်သည်။ တစ်ခုတည်းသော ကွာခြားမှုမှာ ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသော ချပ်ဝတ်သာ။

ကျန်းရီ၏ ခန္ဓာကိုယ်က အတွင်းအား ထုတ်လွှတ်နေပြီး ပတ်ဝန်းကျင်ရှိ မြေကြီးများကို ဖယ်ရှားနေသည်။ သူသည် လက်ကို လျင်မြန်စွာ လှုပ်ရှားနေပြီး မြေကြီးများကို ဘေးသို့ တွန်းထုတ်ကာ မြေနဂါးတစ်ကောင်ကဲ့သို့ အဘိုးရူထံ သွားနေလေသည်။ ကျန်းရီကဲ့သို့ လူတစ်ယောက်အတွက် မိုင်နှစ်ဆယ်ကျော်ဆိုသော အကွာအဝေးမှာ မပြောပလောက်ပေ။ သူသည် ဆယ်မိုင်အကွာအဝေးကို တစ်ခဏအတွင်း သွားလိုက်သည်။ ထိုစဉ် အဘိုးရူ၏ အသံပို့လွှတ်မှုက သူ့ထံသို့ ရောက်လာလေသည်။

“အဘိုးထူ... ခင်ဗျားကဘာလို့ ဒီမှာ ရှိနေရတာလဲ။ တခြားသူတွေကရော ဘယ်မှာလဲ”

‘သူက ငါ့ကို သံသယမဝင်ဘူးလား’

ကျန်းရီ စိတ်လှုပ်ရှားသွား၏။ အကယ်၍ အဘိုးရူက သူ့ကို သံသယမဝင်လျှင် သူ အနီးသို့ အလွယ်တကူ ကပ်သွားနိုင်ပေလိမ့်မည်။ သို့ဆိုလျှင် သူ၏ဝိညာဉ်လေများက အလစ်တိုက်ခိုက်နိုင်မည်ဖြစ်သည်။

‘တစ်ခုခုတော့ မှားနေပြီ...’

ကျန်းရီသည် အဘိုးရူက လက်လှုပ်ယမ်း၍ တိုက်ခိုက်မှုတစ်ခုကို ထုတ်နေကြောင်း အာရုံခံမိလိုက်သည်။ အဘိုးရူသည် ထိုအဘိုးထူက အတုဖြစ်ကြောင်း သိပေသည်။ သူ ယုံကြည်ဟန်ဖြင့် ပြောလိုက်ခြင်းမှာ အတုကို အနီးသို့ မျှားခေါ်ရန် ဖြစ်သည်။ အတုက အနီးသို့ ကပ်လာမှ သူ အလစ်တိုက်ခိုက်လိုက်မည်ဟု ကြံရွယ်ထားခြင်းပင်။

‘အသက်ကြီးလာလေလေ၊ အမြော်အမြင်ကြီးလာလေလေပဲ’

ကျန်းရီ စိတ်ထဲမှ သက်ပြင်းချလိုက်၏။ သူသည် ပြီးခဲ့သော လပိုင်းအတွင်း၌ အခြားသူများပုံစံ ဟန်ဆောင်နေခဲ့ရ၍ သတိကြီးကြီး ထားတတ်နေပြီဖြစ်သည်။ ထိုသို့မဟုတ်ဘဲ အဘိုးရူက သူ့ကို သံသယမဖြစ်ဟု ယုံကြည်မိပြီး အနားသို့ ကပ်သွားမိလျှင် သူ အဘိုးရူ၏ အလစ်တိုက်ခိုက်မှုကြောင့် ထိုနေရာတွင်ပင် သေသွားရပေလိမ့်မည်။

‘ခင်ဗျားက ဟန်‌ဆောင်ချင်နေမှတော့ ကျွန်တော်လည်း ဟန်ဆောင်ပေးရတာ‌ပေါ့’

ကျန်းရီသည် အဘိုးရူက သူက အတုဖြစ်ကြောင်း သိနေသည်ကို သတိမပြုမိဟန်ဆောင်၍ အလောသုံးဆယ်လေသံဖြင့် အသံပို့လွှတ်လိုက်သည်။

“တခြားသူတွေ အကုန်လုံးကို ကျန်းရီက သတ်ပစ်လိုက်ပြီ”

“ဘာ...”

အဘိုးရူသည် အံ့အားသင့်သော မျက်ဝန်းများဖြင့် ရပ်တန့်လိုက်၏။ သို့သော် သူသည် သူ့လက်ထဲတွင် အတွင်းအား ဆက်စုနေပြီး ကျန်းရီ အနားသို့ ကပ်လာမည်ကို စောင့်ဆိုင်းနေလေသည်။

ကျန်းရီ၏ လက်များကလည်း မြေကြီးများကို ဖယ်ရှားရင်း ဝိညာဉ်လေများကို တိတ်တဆိတ် ထုတ်နေပေသည်။ ကျန်းရီသည် ဝိညာဉ်လေနတ်ဘုရားဒိုင်း တစ်ခုကို ဖန်တီးလိုက်ပြီး ဝိညာဉ်လေဓားအနည်းငယ်ကို ပြုလုပ်လိုက်သည်။ သူ၏စိတ်ဝိညာဉ်အတွင်းရှိ ဝိညာဉ်ဓားဆယ့်နှစ်ချောင်းကလည်း သူ့ခန္ဓာကိုယ်အတွင်းမှ တိတ်တဆိတ် ထွက်သွားပြီး မြေကြီးအတွင်းသို့ ဝင်သွားလေသည်။

ဆယ်မိုင်၊ ငါးမိုင်၊ တစ်မိုင်...

“သတ်...”

“မျိုးမစစ်လေး သေပေတော့”

ကျန်းရီနှင့် အဘိုးရူတို့က ပြိုင်တူနီးပါး အော်လိုက်၏။ အဘိုးရူက အလင်းပျောက်ထောင်ကျော် ပစ်လွှတ်လိုက်သည်။ ၎င်းတို့က လက်နက်ပုန်းများဟု ထင်ရပေသည်။ ထိုအလင်းပျောက်များသည် မြေကြီးကို ဖြတ်ကာ ကျန်းရီထံသို့ ကြောက်မက်ဖွယ်အရှိန်ဖြင့် ပျံဝင်သွားကြသည်။

ရွှီ...ရွှီ...

ကျန်းရီ၏ ဝိညာဉ်လေဓားများနှင့် ဝိညာဉ်ဓားများကလည်း တိတ်တဆိတ် ပျံသန်းသွားသည်။ တစ်ချိန်တည်းမှာပင် ကျန်းရီသည် ဓားပျော့ကို လှုပ်ယမ်း၍ နတ်ဘုရားအသံကောင်းကင်အတတ်ကို ထုတ်လွှတ်လိုက်လေသည်။

နတ်ဘုရားအသံကောင်းကင်အတတ်က အလွန်အစွမ်းထက်၏။ နတ်ဘုရားတစ်ပိုင်းအဆင့်မှ လူအားလုံးသည် ထိုအတတ်၏ သက်ရောက်မှုကို ခံရပေသည်။ မိမိ၏အင်အားအရ မည်မျှသက်ရောက်ခံရသည်သာ ကွာခြားသွားပေလိမ့်မည်။ ပညာရှင်များ တိုက်ခိုက်ရာတွင် အတန်ငယ် နှောင့်ယှက်ခံရလိုက်လျှင်ပင် အနိုင်၊ အရှုံး ကွဲပြားသွားနိုင်ပေသည်။

‘အဲ့တိုက်ခိုက်မှုက တကယ်ကို ကြောက်စရာကောင်းတာပဲ။ ဝိညာဉ်လေနတ်ဘုရားဒိုင်းက အဲ့ဒါကို မကာနိုင်လောက်ဘူး။ မီးတိမ်သံချပ်ကာကိုပဲ အားကိုးရတော့မှာပဲ’

ထောင်ချီသော အလင်းပျောက်များက မြားများကဲ့သို့ ပျံသန်းလာသည်။ ၎င်းတို့၏ အမြန်နှုန်းက ဝိညာဉ်လေဓားများထက် များစွာပိုမြန်ပေသည်။ ကျန်းရီသည် ထိုအလင်းပျောက်များကို ရှောင်လိုလျှင်ပင် ရှောင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ဝိညာဉ်လေနတ်ဘုရားဒိုင်းနှင့် မီးတပ်သံချပ်ကာတို့ကိုသာ အားကိုးရတော့မည်ဖြစ်သည်။ သူ၏ လက်ရှိဝိညာဉ်လေနတ်ဘုရားဒိုင်းက ယခင်ကထက် ပိုခိုင်မာလာပြီဖြစ်သည်။ သို့သော် သူသည် အလင်းပျောက်များကို မြင်လိုက်သောအခါ ဝိညာဉ်လေနတ်ဘုရားဒိုင်းက ၎င်းတို့ကို ခုခံနိုင်လောက်မည်မဟုတ်ဟု တွေးမိသွားခဲ့သည်။

ဝုန်း...ဝုန်း...ဝုန်း...

စိတ်မကောင်းစရာပင် ကျန်းရီ၏ အတွေးက မှန်ခဲ့ပေသည်။ ထောင်ချီသော အလင်းပျောက်များက ဝိညာဉ်လေနတ်ဘုရားဒိုင်းကို မိုးစက်မိုးပျောက်များကဲ့သို့ လာရောက်ထိမှန်သည်။ ဒိုင်းထဲရှိ ဝိညာဉ်လေစွမ်းအင်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ တစ်ခဏအတွင်းမှာပင် ဝိညာဉ်လေစွမ်းအင် တစ်ဝက်ခန့် ကုန်သွားပေပြီ။

“ကျွန်တော် ဆက်မတောင့်ခံနိုင်တော့ဘူး။ ထိပ်တိုက် ရင်ဆိုင်ရင် အနိုင်ရတဲ့သူ ထွက်ပေါ်လာမှာပဲ။ ခွေးအိုကြီး... သေပေတော့”

ကျန်းရီသည် အော်ပြောလိုက်ပြီး အဘိုးရူ၏ တိုက်ခိုက်မှုကို လျစ်လျူရှုကာ ဝိညာဉ်လေဓားများကိုသာ အာရုံအပြည့်စိုက်၍ အဘိုးရူထံ ပျံသွားစေလိုက်သည်။ ဝိညာဉ်ဓားဆယ့်နှစ်ချောင်းကလည်း အဘိုးရူဆီသို့ အောက်ဘက်မှနေ၍ ပျံသွားသည်။

အကွာအဝေးက နီးကပ်သဖြင့် ဝိညာဉ်လေဓားများက အဘိုးရူထံသို့ လျင်မြန်စွာ ရောက်ရှိသွားပြီး သူ့၏နတ်ဘုရားဒိုင်းကို ပြင်းထန်စွာ တိုက်ခိုက်လိုက်လေသည်။ သို့သော် ကျန်းရီ အံ့အားသင့်သွား၏။ အဘယ်ကြောင့်ဆိုသော အဘိုးရူ၏ နတ်ဘုရားဒိုင်းက မယုံနိုင်လောက်အောင် ခိုင်မာနေ၍ပင်။ အရင်ဆုံး ထိခတ်သွားသည့် ဝိညာဉ်လေဓားနှစ်‌ချောင်းက အဘိုးရူ၏ နတ်ဘုရားဒိုင်းကို မဖျက်ဆီးနိုင်ခဲ့ပေ။ သူ၏ ဝိညာဉ်လေနတ်ဘုရားဒိုင်းကမူ ပျက်စီးတော့မည်ဖြစ်သည်။

“သေပေတော့...”

ကျန်းရီက ဒေါသတကြီး အော်လိုက်သည်။ အောက်ဘက်မှ လာနေသော ဝိညာဉ်ဓားဆယ့်နှစ်ချောင်းက သက်တန့်များကဲ့သို့ အဘိုးရူ၏ နတ်ဘုရားဒိုင်းကို ဖြတ်ကျော်ကာ အဘိုးရူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်၍ စိတ်ဝိညာဉ်ထံသို့ လျင်မြန်စွာ သွားလိုက်လေသည်။

“စိတ်ဝိညာဉ်တိုက်ခိုက်မှုလား...”

အဘိုးရူ မျက်မှောင်ကြုတ်သွား၏။ ထိုစိတ်ဝိညာဉ်တိုက်ခိုက်မှုက စွမ်းအားမကြီးလျှင် သူသည် အပြင်ဘက်ရှိ ဝိညာဉ်လေတိုက်ခိုက်မှုများကိုသာ အာရုံစိုက်နေနိုင်သည်။ သို့သော် ထိုစိတ်ဝိညာဉ်တိုက်ခိုက်မှုက စွမ်းအားကြီး၏။ သူ ထိုစိတ်ဝိညာဉ်တိုက်ခိုက်မှုကို မကာလိုက်လျှင် သူ၏ စိတ်ဝိညာဉ်က သေချာပေါက် ပျက်စီးသွားပေလိမ့်မည်။ သို့သော် သူ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ကာကွယ်လိုက်လျှင်လည်း သူ၏နတ်ဘုရားဒိုင်းက သေချာ‌ပေါက် ပျက်စီးသွားမည်ဖြစ်သည်။

ဝိညာဉ်ဓားများက အလွန်လျင်မြန်ကြသည်။ အဘိုးရူ ချီတုံချတုံဖြစ်နေ၏။ ဝိညာဉ်ဓားဆယ့်နှစ်ချောင်းက သူ၏စိတ်ဝိညာဉ်ပင်လယ်အတွင်းသို့ ရောက်နေပြီဖြစ်ပြီး သူ၏စိတ်ဝိညာဉ်ကို ပြင်းထန်စွာ တိုက်ခိုက်နေပေပြီ။ ထို့ကြောင့် အဘိုးရူသည် ရွေးချယ်စရာ မရှိတော့ဘဲ သူ့စိတ်ဝိညာဉ်ပင်လယ်အတွင်းရှိ စိတ်ဝိညာဉ်ကာကွယ်ရတနာကို ထိန်းချုပ်ကာ ကာကွယ်လိုက်ရလေတော့သည်။

ရွှက်...ရွှက်....

နောက်မှပါလာသော ဝိညာဉ်လေဓားများက အဘိုးရူ၏ နတ်ဘုရားဒိုင်းနှင့် သူ့ကိုယ်ပေါ်ရှိ အတုအယောင် နတ်ဘုရား အသုံးအဆောင် ချပ်ဝတ်ကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်ကြသည်။ နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်က အပိုင်းပိုင်း ပြတ်သွားပေပြီ။

ဝုန်း...ဝုန်း...ဝုန်း...

တစ်ချိန်တည်းလိုလိုမှာပင် ကျန်းရီ၏ ဝိညာဉ်လေနတ်ဘုရားဒိုင်းလည်း ပျက်စီးသွားသည်။ မီးတိမ်သံချပ်ကာ၏ အလွှာများလည်း စုတ်ပြဲသွားသည်။ တော်သေးသည်မှာ အဘိုးရူက သူ့ထက် အတန်ငယ်စောကာ သေသွား၍ပင်။ အလင်းပျောက်များသည် ထိန်းချုပ်သူ မရှိတော့သောအခါ လေထဲတွင် လွင့်ပျယ်သွားကြသည်။

“ဖွီး...”

ကျန်းရီသည် အတန်ငယ် ထိခိုက်သွား၍ သွေးအန်လိုက်၏။ သူ ပြုံးလိုက်သော်လည်း နာကျင်မှုကြောင့် သူ့မျက်နှာက ရှုံ့တွနေရာ သူ့အပြုံးက ကြောက်မက်ဖွယ်ကောင်းနေပေသည်။

အစောမှ အခြေအနေက အလွန်အန္တရာယ်များခဲ့သည်။ သူ တစ်ခဏမျှ တုံ့ဆိုင်းခဲ့လျှင် သို့မဟုတ် သေရမည်ကို ကြောက်ရွံ့၍ ခုခံရန်၊ ရှောင်တိမ်းရန်၊ ထွက်ပြေးရန် ဆုံးဖြတ်ခဲ့လျှင် သေချာပေါက် သေသွားမည်ဖြစ်သည်။ သူသည် အရာအားလုံးကို လျစ်လျူရှု၍ ရန်သူကို သတ်ရန် ကြိုးစားခဲ့၍သာ အနိုင်ရခဲ့ခြင်းပင်။

“အသက်ရှင်ရတာ ကောင်းလိုက်တာ”

ကျန်းရီသည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး သူ၏အပြင်းအထန် ဒဏ်ရာရထားသော ခန္ဓာကိုယ်ကို တရွတ်ဆွဲကာ အဘိုးရူဆီသို့ သွားလိုက်လေသည်။ ထို့နောက် သူသည် အဘိုးရူ၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်ကို ယူကာ လက်စွပ်အတွင်းသို့ ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံကြည့်လိုက်သည်။ အဘိုးရူသာ ဝူနီနှင့် ကျီထင်ယွီတို့ကို ခေါ်ဆောင်ထွက်ပြေးလာခြင်း ဖြစ်လျှင် သူတို့က သေချာ‌ပေါက် လေဟာနယ် နတ်ဘုရားအသုံးအဆောင်ထဲတွင် ရှိနေပေလိမ့်မည်။

***

All Chapters