မြောက်ဘက်သို့ ခရီးသွားခြင်း
Vol. 70 Ch. 977
မြောက်ဘက်ဧကရာဇ်က လူတိုင်းကို စိတ်ပျက်စေခဲ့သည်။ သူသည် စေတီတောင်ကို တစ်ပတ်ပတ်၍သာ မြောက်ဘက်ဧကရာဇ်မြို့သို့ ပြန်သွားခဲ့၏။ ဝူမျိုးနွယ်ကလည်း သူတို့၏ မျိုးနွယ်ဝင်များကို မြို့များမှ ပြန်ခေါ်ခဲ့ကြသည်။ ယဲ့နှင့် ရွှမ်မျိုးနွယ်ဝင်များကိုလည်း ပြန်လည်ပို့ပေးခဲ့သည်။ ထို့ပြင် ကျန်းရီကလည်း ရက်ပေါင်းများစွာကြာပြီးသည်ပင် ထပ်မံ ထွက်ပေါ်မလာတော့သဖြင့် အားလုံး အံ့အားသင့်နေကြသည်။
ကျန်းရီက မြောက်ဘက်ဧကရာဇ်၏ သတ်ဖြတ်မှုကို ခံခဲ့ရခြင်းလော။
လူများစွာက သံသယဖြစ်နေပေသည်။ ဝူမျိုးနွယ်သည် မည်သည့်ကြေညာချက်မှ မထုတ်ပြန်ခဲ့ဘဲ ထိုကိစ္စက မဖြစ်ပျက်ခဲ့သကဲ့သို့ ပြုမူနေကြလေသည်။ ပုံမှန်ဆိုလျှင် ကျန်းရီသာ အသတ်ခံလိုက်ရပါက ဝူမျိုးနွယ်က သူတို့၏ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ရန် လောကကြီးအား သေချာပေါက် ကြေညာမည်ဖြစ်သည်။ သို့သော် သူတို့ ကျန်းရီကို မသတ်နိုင်ခဲ့လျှင်လည်း ဤကဲ့သို့ သူတို့၏ ပညာရှင်များကို ပြန်ခေါ်ပါမည်လော။ ထို့ပြင် ကျန်းရီကလည်း ခြေရာလက်ရာတစ်ခုပင် မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။
လူအားလုံးသည် ဝူမျိုးနွယ်မှ ကြေညာချက်နှင့် ကျန်းရီ ထပ်မံထွက်ပေါ်လာမည်ကို စောင့်မျှော်နေကြသည်။
ထိုသတင်းများက ရှန်းစီမျိုးနွယ်စုသို့လည်း လျင်မြန်စွာ ရောက်ရှိသွားသည်။ ထို့ကြောင့် မျိုးနွယ်စုတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့သည်။ သို့သော် ငါးရက်ကြာပြီးနောက်တွင်ပင် ကျန်းရီ ထွက်ပေါ်မလာသေးသဖြင့် အားလုံး စိုးရိမ်လာကြသည်။
အရိပ်ဧကရာဇ်က ကျန်းရီကိုရှာရန် အမိန့်ပေးခဲ့သည်။ သို့သော် လျှို့ဝှက်ထောက်လှမ်းရေးအားလုံးက မည်သည့်သတင်းမှ မရခဲ့ပေ။ သူတို့သည် ကျန်းရီထံမှ အစိမ်းရောင်ပုလဲလုံးကို မဆက်သွယ်နိုင်တော့ချေ။
***
ကျန်းရီက အရှေ့ဘက် တော်ဝင်နယ်မြေ၏ မြောက်ဘက်စွန်းအပိုင်းသို့ သွားနေခြင်းပင်။ ထိုဒေသတွင် လူသူလေးပါး ကင်းရှင်းပြီး မည်သည့်မြို့မှလည်း မရှိပေ။ ထို့ကြောင့် အရိပ်ဧကရာဇ်၏လူများက သူ့ကို ရှာမတွေ့ခြင်းမှာ သဘာဝကျပေသည်။ ကျန်းရီက မြောက်ဘက်စွန်းဒေသသို့ သွားကြောင်းကို ဆန်းကြယ်သော အဘိုးအိုတစ်ယောက်ကသာ သိထားပေသည်။ အခြားမည်သူကမှ မသိပေ။
“အရမ်းအေးတာပဲ”
ကျန်းရီသည် မြောက်ဘက်ဧကရာဇ်မြို့နှင့် မိုင်သန်းသုံးဆယ်အကွာတွင် ရှိနေ၏။ သူသည် ကောင်းကင်ရှောင်တိမ်းခြင်းကို အဆက်မပြတ် သုံးခဲ့သဖြင့် ဆက်တောင့်မခံနိုင်တော့ပေ။ ထို့ကြောင့် သူက ဟင်းလင်းပြင်ထဲမှ ထွက်ကာ မြေအောက်လိုဏ်ဂူတစ်ခုတူး၍ အနားယူရန် ပြင်ဆင်လိုက်သည်။ သူသည် ဟင်းလင်းပြင် အပြင်ဘက်သို့ ရောက်လျှင်ရောက်ချင်း အေးခဲသွားတော့မတတ် ခံစားလိုက်ရ၏။ ထိုနေရာက အလွန်အေးသဖြင့် သူ့သွေးများပင် ခဲသွားနိုင်ပေသည်။
ကောင်းကင်မှနေ၍လည်း နှင်းပွင့်များ ကျဆင်းနေသည်။ မြင်ကွင်းတစ်ခုလုံးတွင် နှင်းဖုံးနေသော ကုန်းမြေကျယ်ကြီးတစ်ခုသာ ရှိနေသည်။ မည်သည့်အပင်မှလည်း မရှိဘဲ နှင်းဖုံးတောင်တန်းများသာ ရှိသည်။
ကျန်းရီသည် အတွင်းအား လှည့်ပတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲမှ အအေးဓာတ်ကို တိုက်ထုတ်လိုက်၏။ ထို့နောက် သူက ဓားပျော့ဖြင့် မြေအောက်လိုဏ်ဂူတစ်ခုကို တူးလိုက်သည်။ သို့သော် သတ္တုချင်း ထိခတ်သည့် အသံများသာ ပဲ့တင်ထပ်လာလေသည်။ သူ၏ဓားပျော့က အမှန်ပင် ပြန်ကန်ထွက်လာလေသည်။ မြေပြင်ပေါ်တွင် ဖုံးလွှမ်းနေသော နှင်းများကို ဖယ်လိုက်သောအခါ အနက်ရောင်မြေပြင် ထွက်ပေါ်လာသည်။ ထိုမြေပြင်ပေါ်တွင် သူ့ဓားပျော့ကြောင့် တွင်းငယ်လေးတစ်ခုသာ ဖြစ်ပေါ်နေသည်။
‘ဒီမြေကို သံမဏိနဲ့ လုပ်ထားတာလားဟ’
ကျန်းရီ မျက်တောင်ပုတ်ခတ်လိုက်၏။ ထို့နောက် သူသည် သံနက်ဓားကို ထုတ်ကာ အတွင်းအားထည့်သွင်း၍ ခုတ်ပိုင်းလိုက်၏။ သို့ရာတွင်လည်း အစောကထက် ပို၍နက်သော တွင်းလေးတစ်တွင်းကိုသာ ပြုလုပ်လိုက်နိုင်ပေသည်။ ကျန်းရီ ခေါင်းခါလိုက်၏။ ဤနှုန်းနှင့်သာဆိုလျှင် ကီလိုမီတာသုံးဆယ်ကျော်နက်သော မြေအောက်လိုဏ်ဂူကို တူးနိုင်ရန် အနည်းဆုံး တစ်နာရီကြာ လိုအပ်ပေလိမ့်မည်။ ယင်းက အလွန်ပင်ပန်းမည်ဖြစ်သည်။
ကျန်းရီသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ မြောက်ဘက်ဧကရာဇ်က သူ့အနောက်သို့ လိုက်မလာကြောင်း အတည်ပြုပြီးသောအခါ သူစိတ်အေးသွား၏။ ထို့ကြောင့် သူသည် အနားယူနိုင်မည့် နေရာတစ်ခုကို ဆက်ရှာလိုက်၏။ သို့သော် တစ်စုံတစ်ခု ဖြစ်ပျက်လာ၍ သူ တုန်လှုပ်သွားလေသည်။
ကျန်းရီ၏ ကောင်းကင်နားလည်သိမြင်ခြင်းက မိုင်တစ်ထောင်အထိသာ ဆန့်တန်းနိုင်နေသည်။ သူ ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်လိုက်သောအခါ ဤနေရာက အပြစ်ဆေးကြောဒေသကဲ့သို့ဖြစ်ကြောင်း သဘောပေါက်သွားလေသည်။ ဆန်းကြယ်သော သဘာဝအစီအရင်တစ်ခုက ကောင်းကင်စိတ်အာရုံများကို ကန့်သတ်ထားပုံပင်။
ဟူး...ဟူး...
ကျန်းရီ၏ စိတ်ဝိညာဉ်က အလွန်ပင်ပန်းနွမ်းနယ်နေ၏။ ထို့ကြောင့် သူသည် ထိုကိစ္စကို အာရုံမစိုက်သေးရန် ဆုံးဖြတ်လိုက်ပြီး တောင်ကြားလေးတစ်ခုကို ရှာကာ ၎င်းထံသို့ ပျံသန်းသွားလိုက်သည်။ ထို့နောက် သူသည် ဧကရာဇ်နန်းတော်ကို ထုတ်၍ အထဲတွင် ဝင်နေလိုက်၏။ အပြင်ဘက်မှ ရာသီဥတုက အလွန်အေးပေသည်။ အကယ်၍ သူသာ အပြင်ဘက်တွင် အိပ်လိုက်လျှင် အေးခဲ၍ သေသွားမည်ဖြစ်သည်။
ကျန်းရီသည် သုံးရက်၊ သုံးညကြာအောင် အိပ်လိုက်၏။
မြောက်ဘက်ဧကရာဇ်က အနောက်မှလိုက်မလာသလို အနီးပတ်ဝန်းကျင်တွင်လည်း မည်သူမှ ရှိမနေပေ။ ကျန်းရီသည် နိုးထလာသောအခါ ချက်ချင်း အပြင်ဘက်သို့ အာရုံခံလိုက်ရာ ဧကရာဇ်နန်းတော်က နှင်းဖုံးတောင်လေးတစ်ခုကဲ့သို့ ဖြစ်နေပြီဖြစ်ကြောင်း သိလိုက်ရလေသည်။
ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်းကို ထပ်မံထုတ်လိုက်၏။ ၎င်းကို မိုင်တစ်ထောင်အထိသာ ဆန့်တန်းနိုင်ကြောင်း အတည်ပြုပြီးသောအခါ သူ အတန်ငယ် ခေါင်းကိုက်သွားသည်။ ထို့နောက် သူ နှင်းကြမ်းဒေသ၏ မြေပုံကို ထုတ်ကာ ကြည့်လိုက်သည်။ ထိုဒေသက အလွန်ကြီးမားလွန်း၏။ ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်၍မရလျှင် သူ ကောင်းကင်လျှို့ဝှက်ဂိုဏ်းကို မည်သို့ရှာရမည်နည်း။
ကျန်းရီသည် ဧကရာဇ်နန်းတော်၏ ပင်မခန်းမထဲတွင် စိုးရိမ်တကြီး ထိုင်နေ၏။ သူသည် ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ နောက်ပြန်လှည့်ရန်ပင် တွေးမိသွားသည်။ သို့သော် သူ ဆန်းကြယ်သော အဘိုးအို၏ သတိပေးစကားကို အမှတ်ရသွားသောအခါ အရှေ့ဘက် တော်ဝင်နယ်မြေအတွင်းသို့ ပြန်ခြေမချဝံ့တော့ချေ။ လက်ရှိတွင် မြောက်ဘက်ဧကရာဇ်က ဒေါသထွက်နေပြီး သူ့ကို ခြေရာခံနေပေသည်။ မြောက်ဘက်ဧကရာဇ်သာ အလိုရှိလျှင် သူ့ကို ကမ္ဘာဆုံးအထိ လိုက်လံသတ်ဖြတ်နိုင်ကြောင်း သူသိပေသည်။
‘ငါ အရင်ဆုံး လျှောက်ပတ်ကြည့်ရမလား။ ဘယ်လိုမှ ရှာမတွေ့ဘူးဆိုမှ ငါ အပြစ်သားကျွန်းကို ပြန်ပြီး ကောင်းကင်လျှို့ဝှက်ဂိုဏ်းအကြောင်းကို စုံစမ်းရမှာပဲ’
ကျန်းရီသည် တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်၏။ ချီထျန်းယွီတို့ သေဆုံးသွားခဲ့သဖြင့် သူသည် အရိပ်ဧကရာဇ်၏ လူများကို သွားရှာရန် လိပ်ပြာမလုံပေ။ သူသည် ပင်မခန်းမထဲမှာပင် ရိက္ခာခြောက်များနှင့် ရေကိုထုတ်ကာ ဝမ်းဖြည့်လိုက်သည်။ စားသောက်ပြီးနောက်တွင် သူသည် အကည်ကျိုနတ်ဘုရားမီးဖိုကို ထုတ်၍ စိတ်ပျက်စွာ ရေရွတ်လိုက်၏။
“ဒီရှေးဟောင်းအသုံးအဆောင်က မူလရတနာတစ်ခုပဲ။ နှမြောစရာက ငါ့ရဲ့ ကြယ်တာရာစွမ်းအားက ကုန်သွားပြီဆိုတော့ ဒါကို ထပ်သုံးနိုင်တော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက်ကို သတ်နိုင်ခဲ့တာဆိုတော့ တန်ပါတယ်”
ကျန်းရီသည် အရည်ကျို နတ်ဘုရားမီးဖို၏ စွမ်အားကို ကျေနပ်နေ၏။ သူ ပို၍ပင် စိတ်အားတက်ကြွလာသည်။ သူ၏ အတွင်းအားအဆင့်ကို အထွတ်အထိပ် ကောင်းကင်ဧကရာဇ်အဆင့်၊ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်အောင် ကျင့်ကြံပြီးသွားလျှင် သူသည် ထိုမီးဖိုကို စိတိကြိုက်နှိုးနိုင်လာလောက်၏။ ထိုအချိန်ကျလျှင် သူက နတ်ဘုရားတစ်ပိုင်းများကို သတ်နိုင်လာမည်ဟု တွေးကာ သူ စိတ်လှုပ်ရှားလာလေသည်။
“ဟားဟား... ငါ နတ်ဘုရားတစ်ပိုင်းအဆင့်ကို ရောက်တဲ့အချိန်ကို စောင့်နေကြ။ ငါ သေချာပေါက် အရှေ့ဘက် တော်ဝင်နယ်မြေကို ပြန်လာပြီး ဝူမျိုးနွယ်ရဲ့ နတ်ဘုရားတစ်ပိုင်းတွေ အကုန်လုံးကို သတ်ပစ်မယ်”
ကျန်းရီက ရေရွတ်လိုက်ပြီး ခါးသက်သက်ပြုံးလိုက်သည်။ ကျင့်ကြံနှုန်းကို အဆတစ်ရာ၊ အဆတစ်ထောင် မြှင့်တင်ပေးနိုင်သော ကျင့်ကြံခြင်းအခန်းများ မရှိလျှင် သူ အထွတ်အထိပ် ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်အောင် ကျင့်ကြံရန် အချိန်မည်မျှလိုမည်ကို မသိနိုင်ပေ။ ဤနှင်းကြမ်းဒေသတွင် သေချာပေါက် ကျင့်ကြံခြင်းအခန်းများ ရှိမည်မဟုတ်ပေ။
“အရင်ဆုံး အပြင်ကိုထွက်ပြီး လောရွှယ်ကို သွားရှာတာပေါ့”
ကျန်းရီသည် ဧကရာဇ်နန်းတော် အပြင်ဘက်သို့ ထွက်လိုက်ပြီး နန်းတော်ကို ပြန်သိမ်းကာ ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးရန် ဟန်ပြင်လိုက်လေသည်။ အဘယ်ကြောင့် စုလောရွှယ်က ကောင်းကင်လျှို့ဝှက်ဂိုဏ်းတွင် ရှိနေကြောင်း သူမသိပေ။ သို့သော် သူသည် ဆန်းကြယ်သော အဘိုးအို၏ စကားများကို သံသယမရှိ ယုံကြည်ပေသည်။ ကျီထင်ယွီက စုလောရွှယ်အတုက ရှာဖွေအသုံးပြုခဲ့ခြင်းမှာ အတော်လေးစွန့်စားခဲ့ခြင်းဖြစ်သည်။ အကယ်၍ ကျန်းရီသာ အစကတည်းက ထိုစုလောရွှယ်က အတုဖြစ်ကြောင်း သိသွားလျှင် သူမတို့၏ အကြံအစည်များ ပျက်သွားနိုင်ပေသည်။ ထို့ကြောင့် စုလောရွှယ်က သေချာပေါက် ဝူမျိုးနွယ်တွင် မရှိလောက်ပေ။
ရွှက်...ရွှက်...
ကျန်းရီသည် ဟင်းလင်းပြင်ကို စုတ်ဖြဲကာ ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးလိုက်၏။ သူ၏စိတ်ဝိညာဉ်က မိုင်သန်းသုံးဆယ်အကွာအထိ သွားနိုင်လောက်အောင် သန်မာနေပြီဖြစ်ပြီး အလွန်ပင်ပန်းလာမည် မဟုတ်ပေ။ အကယ်၍ သူသာ အလျင်လိုလျှင် ကောင်းကင်ရှောင်တိမ်းခြင်းကို နှစ်ကြိမ်ဆက်တိုက် သုံးနိုင်ပေသည်။
“သေစမ်း...”
သို့သော် ကျန်းရီသည် မိုင်ဆယ်သန်းကျော် သွားပြီးနောက်တွင် ရုတ်တရက် ဟင်းလင်းပြင်ထဲမှ ပြန်ထွက်လိုက်ရလေသည်။ သူ့မျက်နှာထားက မောဟိုက်နေပုံပေါ်သည်။ ဤနေရာမှ အာကာဟင်းလင်းပြင်က အလွန်ခိုင်မာ၏။ ထို့ကြောင့် မိုင်ဆယ်သန်းကျော်သာ သွားရသေးသော်လည်း သူ၏စိတ်ဝိညာဉ်က အလွန်မောဟိုက်လာခြင်းပင်။
ကျန်းရီသည် ပတ်ဝန်းကျင်ကို ထောက်လှမ်းလိုက်ပြီး နေ့ဝက်ခန့် အနားယူပြီးမှ ကောင်းကင်ရှောင်တိမ်းခြင်းကို ထပ်သုံးလိုက်သည်။ မြောက်ဘက်သို့ ပိုရောက်လာလေလေ၊ သူ၏အရှိန်က ပိုနှေးလာလေလေပင်။ ဤတစ်ကြိမ်တွင် သူသည် မိုင်ငါးသန်းသာ သွားနိုင်လိုက်ပြီး သူ့စိတ်ဝိညာဉ်က အလွန်ပင်ပန်းလာသဖြင့် ထပ်မံရပ်လိုက်ရသည်။
ပတ်ဝန်းကျင်က မျက်စိတစ်ဆုံးအထိ နှင်းဖုံးလွင်ပြင်ကြီး ဖြစ်နေသေးသည်။ ကျန်းရီသည် နှင်းများ သည်းထန်စွာ ကျဆင်းနေသော ကောင်းကင်ကို မော့ကြည့်လိုက်၏။ သူက တောင်ထွတ်တစ်ခုပေါ်တွင် ရပ်ကာ ခပ်တွေတွေဖြင့် ငေးကြည့်နေခြင်းပင်။ ဤကျယ်ပြောသောနှင်းကြမ်းဒေသထဲတွင် သူသည် စုလောရွှယ်ကို မည်သည့်နေရာတွင် သွားရှာရမည်နည်း။
ကျန်းရီသည် ဧကရာဇ်နန်းတော်ကို ထုတ်လိုက်ပြီး နှစ်ရက်ကြာ အိပ်စက်အနားယူလိုက်၏။ ပြီးနောက်မှ သူ မြောက်ဘက်သို့ ဆက်သွားလိုက်သည်။
ကောင်းကင်လျှို့ဝှက်ဂိုဏ်းတွင် ‘လျှို့ဝှက်’ ဟူသော စကားလုံး ပါဝင်၍ ထိုဂိုဏ်းက လျှို့ဝှက်သောနေရာတစ်ခုတွင် ရှိနေနိုင်ပေသည်။ ရာသီဥတုက ပို၍အေးစက်လာ၏။ ဗာဂျရာအဆင့် သိုင်းသမားများဆိုလျှင် ထိုအအေးဒဏ်ကို ခံနိုင်မည် မဟုတ်ပေ။ ကျန်းရီ မြောက်ဘက်သို့ ပိုရောက်လာလေလေ၊ ပိုအေးလာလေလေပင်။ ထို့ပြင် ပို၍လည်း အန္တရာယ်များလာသည်။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက မြောက်ဘက်အကျဆုံးနေရာတွင် ရှိနေရမည်ဟု သူ ခံစားနေရသည်။
ယခုတွင် ကျန်းရီသည် ကောင်းကင်ရှောင်တိမ်းခြင်းနှင့် မိုင်ငါးသိန်းအကွာအထိသာ သွားနိုင်တော့သည်။ အာကာဟင်းလင်းပြင်က အလွန်ခိုင်မာလာပေပြီ။ သူ၏ ကောင်းကင်နားလည်သိမြင်ခြင်းကလည်း မိုင်ဒါဇင်အနည်းငယ်သာ ထောက်လှမ်းနိုင်တော့သည်။
‘ဒီပုံနဲ့ ငါ အဲ့ဂိုဏ်းကို ဘယ်လိုရှာနိုင်မှာလဲ’
ကျန်းရီ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်၏။ ဤဒေသရှိ ညအချိန်အတွင်းမှ ဝိညာဉ်လေများက ပိုသိပ်သည်းကြောင်းကိုလည်း သူ သတိပြုမိလိုက်သည်။ မြေပြင်အထက် ဆယ်မီတာအကွာတွင်ပင် ဝိညာဉ်လေများ ရှိနေသည်။ ထိုဝိညာဉ်လေးများက အရှေ့ဘက် တော်ဝင်နယ်မြေမှ ဝိညာဉ်လေများထက် ဆယ်ဆပို၍ သိပ်သည်းပေသည်။
ဒုန်း...ဒုန်း...
ကျန်းရီသည် ဧကရာဇ်နန်းတော်ထဲသို့ ဝင်ကာ အနားယူရန် ဟန်ပြင်လိုက်၏။ သို့သော် ထိုအခိုက်တွင် မြေပြင်က အတန်ငယ် တုန်ခါသွားသည်။ ထို့နောက်ချက်ချင်းပင် အရိပ်နက်တစ်ခုက သူ့၏အကာအရံကို ဖောက်ဝင်လာပြီး သူ့ကိုယ်အတွင်းသို့ လျင်မြန်စွာ ဝင်သွားလေသည်။ ကျန်းရီသည် လက်ရှိအင်အားဖြင့်ပင် အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။
‘ဒါက ဘာမိစ္ဆာလဲ။ အဲ့ဒါက တကယ်ပဲ စိတ်ဝိညာဉ်ကို တိုက်ရိုက်တိုက်ခိုက်နိုင်တာလား’
ကျန်းရီသည် အရိပ်နက်က သူ့စိတ်ဝိညာဉ်ထံသို့ တိုက်ရိုက် ဦးတည်သွားနေကြောင်း သတိပြုမိလိုက်၏။ သူ အလွန်တုန်လှုပ်သွားပြီး တစ်ကိုယ်လုံးတုန်ယင်သွားသည်။ ထို့နောက် သူသည် ချက်ချင်းပင် ဝိညာဉ်ဓားများကို ထိန်းချုပ်၍ အရိပ်နက်ကို တိုက်ခိုက်လိုက်လေသည်။
***