← Chapters

ရှင်က ကျွန်မ ဘဝပါ

Vol. 24 Ch. 328

ရှင်က ကျွန်မ ဘဝပါ

Vol. 24 Ch. 328

နှင်းခါး ပင်လယ်ထဲတွင် လောကအင်မော်တယ် ခြောက်ယောက် ပျောက်ဆုံးသွားသည့် ကိစ္စရပ်မှာ ကျင့်ကြံသူ အုပ်စုကြားမှ ဆွေးနွေးစရာ စကားများ အဖြစ်မှ မကြာခင်တွင် လူသိများသည့် လျှို့ဝှက်ချက် ဖြစ်လာလေသည်။

အားလုံးနီးပါးက လောက အင်မော်တယ် ခြောက်ယောက်လုံး သေဆုံးသွားကြောင်း သိကြသည်။ ထိုသူထဲမှ တစ်ယောက်မှာ လောက အင်မော်တယ် အဆင့် ၅ အဆင့်မြင့် ကျင့်ကြံသူ ဖြစ်လေ၏။

တချို့လူများက ထိုလောက အင်မော်တယ် ခြောက်ယောက်မှာ မိုဝူကျီဟု အမည်ရှိ နယ်လှည့် ကျင့်ကြံသူကို ရှာရန် သွားကြသည်ဟု သတင်းများ လွှင့်ကြသေး၏။

မိုဝူကျီကို ရှာဖွေချင်ကြသည့် အကြောင်းအရင်းကို တော်တော်များများ သိကြလေ၏။ လောကခန်းမ အတွင်းမှ လူများမှာ သေချာပေါက် အရူးများ မဟုတ်ပေ။

***

ပိုင်စုတင်းနှင့် ယန်အာတို့က သူတို့ရှေ့မှ တောင်ခေါင်းတုံးကို ကြည့်ကာ ထိုအရာမှာ အင်မော်တယ် နတ်ဆေးဆရာ တောင်ကြားလားဟုပင် သံသယ ဝင်မိလာလေသည်။

နယ်လှည့်ကျင့်ကြံသူ ဖြစ်နေလျှင်ပင် သူက ဤနေရာတွင် သူ့အင်မော်တယ် အိမ်နေရာကို ဆောက်လုပ်သင့်တယ် မဟုတ်ပါလော။ ဤနေရာတွင် အဝါရောင် ကျတ်တီးမြေ အပြင် ကျောက်တုံးများသာ ရှိလေသည်။ တောင်ကြားထက် ဂိုဘီသဲကန္တာရနှင့် ပိုဆင်တူပေသည်။

“ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ ပိုင်စုတင်းက လာရောက် နှုတ်ဆက်တာပါရှင့်။ အင်မော်တယ် နတ်ဆေးဆရာ စန်များ ရှိလားရှင့် ...” ပိုင်စုတင်းက နတ်ဆေးဆရာ တောင်ကြားသို့ မျက်နှာမူကာ လက်နှစ်ဖက် ဆုပ်ရင်း ပြောလိုက်သည်။

စန်ယီရှန်းက လောက အင်မော်တယ် အဆင့် မဟုတ်သော်လည်း ကျန်းမိုနယ်မြေ တစ်ခုလုံးတွင် လေးစား ကြည်ညိုရသော တည်ရှိမှုမျိုး ဖြစ်ပေ၏။

တချို့က သူ့စိတ်က ထူးဆန်းသည်ဟု ဆိုကြရာ သူက တစ်ခါတစ်ရံ သေမျိုး၏ အသက်ကိုပင် ကယ်တင်လေသည်။ တခြား သူများက သူသည် ကြင်နာတတ်ပြီး ကရုဏာ ကြီးသည်ဟု ဆိုကြသော်လည်း သူက သူတို့သည် သူ့ကို အပြင်မှာ တွေ့ဆုံခြင်း မဟုတ်သရွေ့ သူ့တောင်ကြားဆီ လာရောက်ကြသော သူများမှာ လောက အင်မော်တယ်များ ဖြစ်ရမည်ဟု စည်းကမ်း သတ်မှတ် ထားသေးသည်။

ကျန်းမို နယ်မြေက ကြီးမား ကျယ်ပြန့်လှပြီး စန်ယီရှန်းမှာ သူ့တောင်ကြားက ရံဖန်ရံခါသာ ထွက်လေ့ ရှိသဖြင့် သူ့အား အပြင်တွင် တွေ့ရန် မည်မျှ ခက်ခဲမည်နည်း။ လောက အင်မော်တယ်များ အတွက် ကျန်းမို နယ်မြေ၌ မည်မျှသာ ထိုအဆင့်ထိ ရောက်ရှိကြ သနည်း။ ထို့အပြင် သူ့ဆီ လာရောက်သော လောက အင်မော်တယ်များကိုပင် တစ်ကြိမ်သာ ကူညီပေးမည် ဖြစ်၏။

ဆိုလိုခြင်းက စန်ယီရှန်းသည် ဤတစ်ကြိမ် ယန်အာကို ကယ်ဖို့ရာ သဘော တူညီခဲ့ပါက ပိုင်စုတင်းက နောက်တစ်ခါ လာရောက် တွေ့ဆုံလျှင် ကူညီတော့မည် မဟုတ်ပေ။

“ဆရာက ကြိုဆိုပါတယ်တဲ့ ... တာအို ရောင်းရင်းတို့ နှစ်ယောက် ကျေးဇူးပြုပြီး ဝင်ပါရှင့် ...” ကလေးငယ်လေးက ထွက်လာပြီး နှုတ်ဆက်ကာ လေးလေးစားစား ဖိတ်ကြားလိုက်သည်။

“ကျေးဇူးပါပဲနော် ...” ပိုင်စုတင်းက ယန်အာကို ခေါ်ကာ ထိုကလေးငယ်လေး နောက်မှ လိုက်ပြီး တောင်ကြားဆီ ဝင်သွားကြသည်။

အပြင်ဘက်တွင် ကျတ်တီးမြေ ဖြစ်နေပြီ ဖြစ်ကာ အတွင်းပိုင်း၌ ကျတ်တီးမြေ ထက်ပင် ပိုဆိုးရွား နေ၏။ အကယ်၍ စန်ယီရှန်းသာ ဤနေရာတွင် ရှိနေကြောင်းသာ မသိလျှင် ပိုင်စုတင်းနှင့် ယန်အာတို့က ကျတ်တီးမြေထဲ ခရီးထွက် လာသည်ဟုပင် တွေးမိကြတော့မည်။

အမွှေးတိုင် တစ်တိုင်စာလောက် လမ်းလျှောက်ပြီး နောက်တွင် ပိုင်စုတင်းနှင့် ယန်အာတို့က ဧရာမဂိတ်ပေါက် နှစ်ခုကို မြင်လိုက်ရသည်။ ထိုဂိတ်ပေါက်များမှာ တစ်ခုက အနက်ရောင် ကျောက်ဂိတ်ပေါက် ဖြစ်ကာ နောက်တစ်ခုမှာ အဖြူရောင် ကျောက်ဂိတ် ဖြစ်လေသည်။

ပိုင်စုတင်းက ယန်အာကို အနက်ရောင် ကျောက်ဂိတ်ပေါက်ဆီ ခေါ်ဆောင် မသွားခင်အထိ ခဏတာ တွေဝေမိ သွားသည်။

အထဲတွင် မီတာအနည်းငယ် ကျယ်ဝန်းသော ကျောက်သား အခန်း ရှိလေသည်။ ထိုအခန်းအတွင်း မုတ်ဆိတ်ရှည် လူကြီးက အဝါရောင် ကျောက်ထိုင်ခုံ ပေါ်တွင် ထိုင်နေရင်း စာအုပ် ဖတ်နေလေ၏။ သူ့ထိုင်ခုံရှေ့တွင် ကျောက်စားပွဲ တစ်လုံး ရှိနေ၏။ ကျောက်စားပွဲ အလွန်တွင် နောက်ထပ် ထိုင်ခုံတစ်လုံး ရှိနေသည်။

သူမက စန်ယီရှန်း ကျင့်ကြံဆင့်မှ သူမထက် နိမ့်မှန်း သိသော်လည်း ပိုင်စုတင်းက ရပ်ကာ လက်နှစ်ဖက်ဆုပ်လျှက်

“ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ ပိုင်စုတင်းက အင်မော်တယ် နတ်ဆေးဆရာစန်ကို ဂါရဝ ပြုပါတယ် ...”

မုတ်ဆိတ်ရှည် အမျိုးသားက သူ့လက်ထဲမှ စာအုပ်ကို ချကာ ရေရွတ်လိုက်သည်

“လာရောက်တဲ့ သူတွေက ကျုပ်ရဲ့ ဧည့်သည်တော်တွေပါပဲ။ လာလာ ထိုင်ကြပါ ...”

သူက ပြောပြီးနောက် ယန်အာကို ကြည့်ကာ

“မင်းက လာရောက် ကုသမှု ခံယူဖို့ ရောက်လာတာ မလား။ ကျုပ်ရှေ့ ထိုင်ပါ ...”

အခြေအနေများ မပါရှိဘဲ မေးခွန်းများ မမေးဘဲ သူက ယန်အာ၏ လက္ခဏာများကို တိုက်ရိုက် သိလေသည်။ ထို့ကြောင့် ယန်အာနှင့် ပိုင်စုတင်းတို့ နှစ်ယောက်လုံး သက်ပြင်းကိုယ်စီ ချလိုက်မိကြသည်။ စန်ယီရှန်းက သူတို့ မတတ်နိုင်သည့် အခြေအနေများ တောင်းဆိုမလားဟု စိုးထိတ် နေမိကြခြင်း ဖြစ်သည်။

“ဟုတ်” ယန်အာက ဦးညွှတ်လိုက်ပြီး စန်ယီရှင်းနှင့် မျက်နှာချင်းဆိုင် ကျောက်ထိုင်ခုံ၌ ထိုင်လိုက်လေ၏။

“မင်းရဲ့ လက်ကောက်ဝတ်ကို စားပွဲပေါ် ထားပေးပါ” စန်ယီရှန်းက သူ့ရှေ့မှ စားပွဲကို လက်ဟန်ပြ လိုက်သည်။

ယန်အာက သူမ လက်ကို မြှောက်ကာ စားပွဲပေါ် တင်ပေးလိုက်သည်။ စန်ယီရှန်းက သူမ သွေးကြောကို မစမ်းသပ်ဘဲ သူ့လက်နှစ်ဖက်ကို ကျောက်စားပွဲကို တင်းကျပ်စွာ ကိုင်ထားလိုက်ပြီး မျက်လုံးမှိတ် လိုက်လေ၏။

အချိန်ခဏ အကြာတွင် စန်ယီရှန်းက မျက်လုံးဖွင့်ကာ ယန်အာကို ခေါင်းညိတ်ပြ လိုက်သည်။

“မင်းက ကပ်ဘေးကနေ ကံကောင်းခဲ့ပြီးတော့ သန္ဓေပြောင်း သစ်သား ဝိညာဉ်ကြောကို ရရှိခဲ့တာပဲ။ ဒီလို ဝိညာဉ်ကြောမျိုးက ထူးခြား ဝိညာဉ်ကြောတွေ ဖြစ်တဲ့ လေတို့၊ ရေခဲတို့၊ လျှပ်စီးတို့ ထက်တောင် ရှားပါးတယ်။ ကျုပ်သာ မမှားရင် မင်းလည်း ဆေးလုံးဆရာပဲ မလား ...”

ယန်အာက မြန်မြန်ဆန်ဆန် ဖြေလိုက်လေ၏။

“ဟုတ်ပါတယ်။ ဂျူနီယာက ဆရာနောက်ကနေ ကျင့်ကြံခြင်းနဲ့ ဆေးလုံးပညာကို သင်ယူခဲ့တာပါ။ ဒါပေမဲ့ ဂျူနီယာလေးက အရည်အချင်း မရှိလို့ အဆင့် ၄ ဆေးလုံးဆရာ အဆင့်သာ ရှိပါသေးတယ် ...”

စန်ယီရှန်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်ကာ

“မင်းက မင်းရဲ့ အချိန်တွေကို ကျင့်ကြံခြင်းပေါ်မှာ ၉၀ ရာခိုင်နှုန်းနဲ့ ဆေးလုံးပညာမှာ ၁၀ရာခိုင်နှုန်းလောက်ပဲ သုံးထားတာကို အချိန်တိုအတွင်း အဆင့်လေး ဆေးလုံးဆရာ ဖြစ်လာတယ်။ ဆေးပညာအရ ပြောရရင် မင်းအရည်အချင်းက ငါမြင်ဖူးသမျှထဲ အကောင်းဆုံးပဲ။ မင်းနာမည် ဘာများလဲ ...”

“ဂျူနီယာမှာ နာမည် မရှိပါဘူး။ ယန်အာလို့ပဲ ခေါ်ကြပါတယ် ...” ယန်အာက လေးလေးစားစား ပြန်ဖြေလိုက်သည်။

စန်ယီရှန်းက ရုတ်တရက် မေးလိုက်သည်။

“မင်းက ကျုပ် တပည့် ဖြစ်ဖို့ စိတ်ဝင်စားလား ...”

ယန်အာက မတ်တတ်ရပ်ကာ နောက်တစ်ကြိမ် ထပ်ဦးညွှတ် လိုက်ပြီး

“ဂျူနီယာလေးမှာ ဆရာ ရှိပြီးသားပါ အဲဒါကြောင့် နောက်ဆရာ တစ်ယောက် မထားဝံ့ပါဘူး ...”

“အာ နှမြောစရာပဲ ...” စန်ယီရှန်းက သက်ပြင်းချကာ ဆက်ပြော လိုက်လေသည်။

“မင်းကို ကုပေးတဲ့လူမှာ စွမ်းဆောင်ရည် ကန့်သတ်ချက် ရှိတော့ မကျင့်ကြံ ရသေးခင် မင်းရဲ့ မှတ်ဉာဏ်တွေက လုံးဝ ပျောက်ကွယ် သွားတာပဲ။ မင်းက ကျုပ်ဆီကို လာတာက မှတ်ဉာဏ်တွေကို ပြန်လိုချင်လို့ မလား ...”

ယန်အာက စိတ်အား ထက်သန်စွာ ပြောလိုက်၏။

“ဟုတ်ပါတယ်။ ဂျူနီယာလေးက မှတ်ဉာဏ်တွေကို ပြန်လိုချင် ပါတယ်။ စီနီယာက ကျေးဇူးပြုပြီး ဒီဆန္ဒလေးကို ဖြည့်ဆည်းပေးပါ ...”

စန်ယီရှန်းက ခေါင်းခါ လိုက်လေ၏။

ယန်အာ စိတ်နှလုံးသားမှာ တင်းကျပ်သွားပြီး

“စီနီယာ နတ်ဆေးဆရာ ... ကျွန်မ မှတ်ဉာဏ်တွေက လုံးဝ ပြန်မရနိုင်တော့ တာလား ...”

စန်ယီရှန်းက ထည်ဝါစွာ ပြောလိုက်လေသည်။

“သမားတော် အတုအယောင်တွေ အတွက်တော့ မင်းရဲ့ မှတ်ဉာဏ်တွေကို ပြန်ရဖို့က မြူထဲ ပန်းရှာနေရ သလို ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ ကျုပ် စန်ယီရှန်း အတွက်တော့ ထမင်းစား ရေသောက်လိုမျိုး ရိုးရှင်းတယ် ...“

ယန်အာ မျက်လုံးထဲတွင် ပျော်ရွှင်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး သူမက ပြန်မမေးခင် စန်ယီရှန်းက ဆက်ပြော လိုက်လေ၏။

“တကယ်လို့ မင်းသာ ကျုပ်စကားကို နားထောင်မယ် ဆိုရင်တော့ မင်းရဲ့ မှတ်ဉာဏ်တွေကို ပြန်မရှာဖို့ အကြံပေးချင်တယ်။ မင်းရဲ့ မှတ်ဉာဏ်တွေ ပြန်ရတာက မင်းအတွက် မကောင်းဘူး ...”

ယန်အာက ဆုံးဖြတ်ချက် ပြတ်သားစွာ ပြောလိုက်လေ၏

“ဂျူနီယာလေးက ဆုံးဖြတ်ပြီး သွားပါပြီ။ တကယ်လို့ စီနီယာက ဂျူနီယာလေးကို ကူညီနိုင်တယ် ဆိုရင် ကူညီပေးပါ။ ဂျူနီယာလေးက အမြဲကျေးဇူး တင်နေမှာပါ ...”

စန်ယီရှန်းက ညင်ညင်သာသာ ပြောလိုက်သည်

“ဆေးလုံးဆရာ တစ်ယောက်အတွက် ဆေးလုံးတာအိုမှာ သူ့အောင်မြင်မှုတွေက မြင့်မား နေရင်တောင် မင်းရဲ့ မှတ်ဉာဏ်တွေကို ပြန်ရဖို့ ခက်လိမ့်မယ်။ ဒါပေမဲ့ ငါက ဆေးလုံး တာအိုကိုပဲ လေ့လာတာ မဟုတ်ဘူး။ ဆေးပညာ တာအိုကိုပါ လေ့လာနေတာ။ အဲဒါကြောင့် မင်း တစ်ခေါက် ထပ်စဉ်းစား ကြည့်ပါဦး ... ကျုပ်ရဲ့ တပည့် မဖြစ်ချင်ဘူးလား ...”

ယန်အာက ဆုံးဖြတ်ချက် ခိုင်မာစွာ ပြန်ဖြေလိုက်သည်

“စီနီယာရဲ့ ကြင်နာမှု အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ဒါပေမဲ့ ဂျူနီယာ စိတ်က ခိုင်မာပါတယ်။ နောက်ထပ် ဆရာ လက်မခံဝံ့ပါဘူး ...”

စန်ယီရှန်း၏ အကြံပြုချက်ကား နှစ်ခါတိတိ အငြင်းခံ လိုက်ရ၍ ထပ်၍ မဖျောင်းဖျတော့ဘဲ ပြောလိုက်သည်။

“မင်းရဲ့ သွေးကြောတွေ ကနေ မင်းမှတ်ဉာဏ်ထဲမှာ အရေးကြီးတဲ့ လူတစ်ယောက် ရှိနေတာကို ခံစားမိတယ်။ အဲဒီလူက မင်းရဲ့ ဘဝလို့တောင် ပြောလို့ ရတယ် ... မင်းရဲ့ မှတ်ဉာဏ်တွေ ပြန်ကောင်း လာတာနဲ့ မင်းရဲ့ ကျင့်ကြံခြင်း အပေါ် သက်ရောက်မှု ဖြစ်လာလိမ့်မယ်။ တကယ်လို့ အဲဒီသူက ကြင်နာတတ်ပြီး ဂရုဏာ ကြီးမားတယ် ဆိုရင်တော့ အဆင်ပြေပေမဲ့ အဲဒီလူက မင်းကို နာကျင် ခံစားရအောင် လုပ်ရင် မင်းက အတိတ်မှာပဲ ပိတ်မိနေပြီး ရုန်းထွက်နိုင်မှာ မဟုတ်ဘူး ... နောက်ထပ် ဘယ်တော့မှ အဆင့် မတက်တော့တာ ဖြစ်နိုင်တယ်။ မင်းဘဝလည်း အဆုံးသတ် သွားနိုင်တယ်။ ဒါတွေ ကြားပြီးတာတောင် မင်းအတွေးကို ပြန်မရုပ်သိမ်း တော့ဘူးလား ...”

ယန်အာက ခပ်ယဲ့ယဲ့ ပြုံးမိလိုက်သည်။ စန်ယီရှန်း ပြောနေသည့်လူကို သူမ သိ၏။ သူမက သူသည် သူမ မှတ်ဉာဏ်ထဲ၌ အလွန် အရေးကြီးမှန်း သိသော်လည်း အပြစ်ကင်းစင်သည့် ကလေးမလေးကို သတ်ဖြတ်သည့် ရက်စက်တတ်သူက သူမ ဘဝ မည်သို့ ဖြစ်မည်နည်း။

ပိုင်စုတင်းက ယန်အာ၏ ခပ်ယဲ့ယဲ့ အပြုံးကို မြင်လိုက်ကာ ဘေးမှ ပြောလိုက်သည်။

“နတ်ဆေးဆရာစန် ... ဆက်ပြောပြပါ။ သူမ အဆင်ပြေမှာပါ ...”

ထိုမှတ်တမ်းကို မမြင်ခင် သူမက စန်ယီရှန်း စကားများကို ယုံကြည်မိလိမ့်မည်။ အကြောင်းမှာ မိုဝူကျီက သူ့ဘေးကင်းမှုကို လျစ်လျူရှုပြီး အစေခံ မိန်းကလေးအတွက် ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲ သွားခဲ့သည် မဟုတ်ပါလော။ သူမက သူ့အပြုအမူကို လက်ခံရရှိသူ မဟုတ်သော်ငြား သူမက မှတ်မိနေဆဲ ဖြစ်သည်။ ထိုသို့သော အရာမျိုးမှာ လက်တွေ့ထက် ပုံပြင် ဆန်လှပေသည်။

သို့သော်လည်း ထိုမှတ်တမ်းကြောင့် သူတို့၏ စိတ်နှလုံးများက ဒေါသတရားများ ပြည့်နှက် လာကြသည်။ ပိုင်စုတင်းနှင့် ယန်အာတို့မှာ တချို့သော အရာများသည် ကောလာဟလ တစ်ဆင့် စကားများဖြစ်ကြောင်း သိပေ၏။ ဘွားဘွား လင်းလောင်၏ မိုဝူကျီအ‌ပေါ် အမြင်များမှာလည်း တစ်ဆင့် စကားသာ ဖြစ်ပေသည်။ မိုဝူကျီက သူ့ကို ဖိတ်ကြားသော အပြစ်ကင်းသော ကလေးမလေးကို အမှန်ပင် ရက်ရက်စက်စက် သတ်ပစ်ခဲ့သည်။ သူမက မိုဝူကျီကို အကောင်း မြင်သော်လည်း ဤအပြုအမူကြောင့် မိုဝူကျီပေါ် ဒေါသမထွက်ဘဲ မနေနိုင်ချေ။

ထို့ကြောင့် ယန်အာ ကဲ့သို့ပင် သူမက စန်ယီရှန်း ပြောလိုက်သည့် ယန်အာ၏ ဘဝဖြစ်နေသူမှာ ထိုသို့လူမျိုး ဖြစ်လိမ့်မည်ဟု မယုံကြည်ပေ။

သို့သော် သူတို့ မြင်သည့် အရာများက အမှန်တကယ် ဖြစ်ပျက်ခဲ့ခြင်း မဟုတ်ပေ။ သို့သော်လည်း ယန်အာတို့၊ ပိုင်စုတင်းတို့မှာ အထီးကျန် ကြိုးနီကဲ့သို့ အတွေ့အကြုံမျိုး မကြုံတွေ့ဖူးကြပေ။

စန်ယီရှန်းက ယန်အာကို ကြည့်ကာ ယန်အာသာ သဘောတူပါက ဆက်ပြောမည် ဖြစ်၏။

ယန်အာက ခေါင်းညိတ်ပြကာ

“စီနီယာ ကျေးဇူးပြုပြီးတော့ ကျွန်မကို ကုသပေးပါ”

“ကောင်းပြီ”

စန်ယီရှန်းက ယန်အာ တုံ့ပြန်မှု ရရှိပြီးသည်နှင့် သူက စကားတစ်ခွန်းသာ ပြောလိုက်သည်။ သူက လက်ကို မြှောက်လိုက်သည့်အခါ အဖြူရောင် ကြိုးမျှင်များ ထွက်ပေါ် လာလေသည်။ ထိုကြိုးမျှင်များက ယန်အာ၏ ဦးနှောက်ကို ဖောက်ထွင်းဟန် ပေါ်သော်လည်း ယန်အာ ခေါင်းတစ်ဝိုက်တွင် လှည့်ပတ် နေကြလေသည်။

စန်ယီရှန်းက လက်ဟန်များ ပြုလုပ်ကာ အမွှေးတိုင် တစ်တိုင် အကြာတွင် အေးစက်စွာ အမိန့်ပေး လိုက်သည်။

“မင်း ပါးစပ်ကို ဖွင့်လိုက်”

ယန်အာက ပါးစပ်ကို ဖွင့်လိုက်သည့်အခါ အစိမ်းရောင် ဆေးလုံးက ဝင်သွားလေ၏။ ဆေးလုံး ဝင်သွားသည်နှင့် ရေခဲပြားကဲ့သို့ အရည်ပျော် သွားကာ သူမ ဦးနှောက်ကို ချက်ချင်းဆိုသလို အေးခဲ သွားစေသည်။

နောက်ထပ် တစ်နာရီ ကုန်ဆုံး သွားလေသည်။ စန်ယီရှန်း၏ လက်နှစ်ဖက်က ဆက်တိုက်လှုပ်ရှားရင်း ရှုပ်ထွေးလှသည့် လက်ဟန်များစွာ ပြုလုပ်နေလေ၏။

ယန်အာက ရှိုက်ကြီး တငင် ငိုကြွေး လိုက်လေသည်။

ပိုင်စုတင်းပင် မသိစိတ်ဖြင့် မတ်တတ်ရပ်မိ သွားသည်။ ထို့နောက် ယန်အာ ဦးခေါင်းမှာ အဖြူရောင် ကြိုးမျှင်များက အနက်ရောင်အဖြစ် ပြောင်းလဲ သွားသည်ကို တွေ့လိုက်ရပြီး သူတို့ကို စန်ယီရှန်းက ဘေးတစ်ဖက်သို့ ထားလိုက်သည်။

ယန်အာက အိပ်မက်ရှည်ကြီးထဲ ကျရောက်သွားဟန် ပေါ်သည်။

သူမက သခင်ကြီး သေဆုံးမှုနှင့် အတူ သခင်လေး၏ မှတ်ဉာဏ် တဖြည်းဖြည်း ချို့ယွင်းလာသည့် အကြောင်းကို အိပ်မက် မက်နေလေ၏။ ညတိုင်း သူမက သခင်လေး အတွက် စားစရာ ဝယ်နိုင်ရန် အတွက် ကြေးပြားတချို့ ရဖို့ ညဘက် အလုပ် ထွက်လုပ်လေ့ ရှိသည်။ အကယ်၍ သူမတွင် ကြေးပြား အပိုလေးများ ရလျှင် သခင်လေး၏ ကစားနည်း အတွက် မုန့်ချိုလေးများ ဝယ်ပေးတတ်၏။

သူမက သခင်လေး အိပ်စက်ဖို့ရာ အချိန်ကို စောင့်နေပြီးမှ သခင်လေး စားထားသော ပန်းကန်ကို ရေထည့်သောက်သည့် အကြောင်းကို အိပ်မက် မက်နေသည်။ သူမက အစားအစာ တစ်စက်လေးမျှ မဖြုန်းတီးရက်ပေ။

သခင်လေး နေပြန်ကောင်း လာတာကို မြင်တွေ့ခဲ့ ရသည်။ ထို့နေ့တွင် သူမ သခင်လေးက ပုံမှန်လို ထမင်းမစားတော့ဘဲ ပန်းကန်ကို ချထားပြီး သူမ ခေါင်းအုံးအောက်တွင် ဝှက်ထားသော ပုပ်ကာ အနက်ရောင် သန်းနေသည့် ပေါင်မုန့်လေးကို တွေ့ခဲ့သည်။

ထိုနေ့၌ သူမ သခင်လေးက သူမလက် ကြမ်းကြမ်းလေးကို ဆွဲယူကာ ပြောခဲ့သည်။

“ယန်အာ နောင်ကျ အစ်ကိုကြီးက စားနေရရင် မင်းလည်း ဗိုက်ဆာ မခံရဘူး။ အစ်ကိုကြီး စကား နားထောင်နော် အခုက စပြီးတော့ အစ်ကိုကြီးက မင်းကို စောင့်ရှောက်ပေးမယ် ...”

သူမ သခင်လေး မျက်လုံးမှာ အနည်းငယ် နီရဲနေလေသည်။

ထိုရက်မှ စ၍ သူမက ကမ္ဘာပေါ်တွင် ကံအကောင်းဆုံး မိန်းကလေး ဖြစ်ခဲ့သည်။ သူမ သခင်လေးက ဈေးဝယ် ခေါ်သွားပြီး အလုပ် ရှာဖို့ရန်လည်း အတူတူ သွားခဲ့ကြသည်။ သူမကို ရက်စက်သည့် အမျိုးသမီး ခေါ်မသွားခင် အထိ ဖြစ်ပေသည် ...

သူမကို ရှာဖို့ရန် အတွက် သူမ သခင်လေးမှာ သေမျိုးဖြစ်သော်လည်း တျန်းလောင် ပင်လယ်ကို ရွက်လွှင့်ကာ လိုက်လာခဲ့သည်။ နောက်ဆုံး၌ သူမကို ချန်လောင်မြို့တွင် ပြန်ရှာတွေ့လေသည်။

သူမကို ကုသရန်အတွက် သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းသို့ ဝင်ကာ နည်းလမ်းများ ကြိုးစား ရှာဖွေခဲ့ကာ အပြင်စည်း တပည့် ဖြစ်လာလေသည်။ ထို့နောက် သူက သူ့ကျင့်ကြံဆင့်ကို လုံးဝလျစ်လျူရှု ထားပြီး ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲကို ဝင်သွားသေးသည်။ ထိုအရာမှာလည်း ကောင်းကင်ဖွေရှာ နန်းတော်မှ ဘွားဘွား လင်းလောင်ဆီ သူမကို ကုသပေးရန် တောင်းဆိုဖို့ အတွက် အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ ကျောက်ကို သွားရှာခြင်း ဖြစ်ပေသည်။ အရာအားလုံးမှာ သူမကို ကယ်ဖို့ အတွက်သာ ဖြစ်နေသည်။

ကောင်းကင်က သူ့ဆုံးဖြတ်ချက်ကို သနား၍ အခွင့်အရေး ပေးခဲ့ဟန် တူကာ သူ့ကို အဆုံးမဲ့ ဝိညာဉ် တာရှည်ခံပန်းကို ရှာတွေ့စေကာ ဘွားဘွား လင်းလောင်နှင့် တွေ့ဆုံ စေခဲ့သည်။ ထို့နောက် သူမကို ကယ်တင်ဖို့ရန် အတွက် အသနားခံခဲ့  လေသည်။

“ယန်အာက ကျတော်ရဲ့ အစေခံလေး ဆိုပေမဲ့ ကျွန်တော့် စိတ်ထဲမှာ သူမက အရင်းနှီးဆုံး သူပါ ...”

ထိုစကားများမှာ ဘွားဘွား လင်းလောင်ကို ပြောပြခဲ့သည်များ ဖြစ်ပေသည်။ သို့သော် ယခုတွင် သူတို့က သူမ မျက်စိရှေ့တွင် နောက်တစ်ဖန် ပြန်ပေါ် လာလေသည်။ ပျောက်ဆုံးနယ်မြေ တစ်ခုလုံးတွင် အစေခံ တစ်ယောက် အတွက် ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲ အသက်စွန့် ဝင်ရဲသူမှာ သူ တစ်ဦးတည်းသာ ရှိပေလိမ့်မည်။

“ဘယ်လိုပဲ ဖြစ်ဖြစ် မင်း သူ့ကို မေ့မသွား သင့်ဘူးနော်။ သူ့ကို မှတ်ထား ... သူမက မိုဝူကျီတဲ့ သူ့မှာ သာမန် ဝိညာဉ်ကြောလေး ရှိပေမဲ့ မင်းကို ကယ်ဖို့ အသက်ကိုတောင် စတေးခဲ့တာ။ ပြီးတော့ မင်းက သူ့ကို မမှတ်မိလဲ ရတယ်တဲ့။ မင်းအသက် ဆက်ရှင်ဖို့ပဲ သူမျှော်လင့်နေတာ ...”

ဘွားဘွား လင်းလောင်၏ စကားများလည်း နားထဲ တစ်ဖန် ကြားယောင် လာပြန်သည်။ သို့သော် သူမက မိုဝူကျီကို လုံးဝ မေ့သွားခဲ့၏။ သူ့အသက်ကို စွန့်၍ သူမကို ကယ်တင်ရန် ဆန္ဒရှိသော သူကို မေ့သွားခဲ့လေသည်။

“ငါ့စိတ်ထဲမှာ ငါက မင်းရဲ့ အမြဲတမ်း အစ်ကိုကြီး ဖြစ်နေမှာပါ ...” ထိုစကားများမှာ သူမက သူ့ကို ငြင်းပယ် လိုက်သည့်အခါက ထိုသူ ရေရွတ်သွားသော စကားများ ဖြစ်၏။ ထိုလူမှာလည်း သူမ ဆရာက လုံးဝ မေ့မပစ်သင့်သူ ဖြစ်ကြောင်း ပြောထားသည့်သူ ဖြစ်နေ၏။

ယန်အာက နောက်ဆုံးတွင် သူမ မျက်ရည်များကို တောင့်မထား နိုင်တော့ပေ။

“အစ်ကိုကြီး” ဟူသော စကားနှစ်လုံးမှာ စိတ်နှလုံးကို ဆွဲစုပ်ထားပြီး တောင်သဖွယ် လေးလံ လှပေသည်။

ကျွန်မ သေချာပေါက် ရှင့်ကို ရှာမယ်။ ပြန်လည် အဖတ်ဆယ်လို့ မရတော့ရင်လည်း ရှင်က ကျွန်မရဲ့ တစ်ဦးတည်းသော သခင်လေးပါ ...

ကျွန်မ စိတ်ထဲမှာ ရှင်က ကျွန်မ ဘဝပါ ...

All Chapters