အချစ်ပြိုင်ဘက်
Vol. 67 Ch. 927
လက်ရှိနွေရာသီက ပူပြင်းလှသော်လည်း သုခဘုံစံအိမ်နယ်မြေလုပ်ငန်းက ၎င်း၏လှပသောရှုခင်းများကြောင့် စည်ကားနေ၏။ ဤမနက်လျှင်ပင် ဧည်သည့်များစွာက နေရာတိုင်း၌ ပြန့်နေသည်ကို ထန်ရှုက တွေ့၏။ အများစုက ဤနေရာ၏လှပသောရှုခင်းနှင့်နေရောင်အား လာရောက်ခံစားနေသည့် မိသားစုများသို့မဟုတ်စုံတွဲများပင် ဖြစ်ကြသည်။
"ဒါက အတော်လေးစိတ်ဝင်စားစရာပဲ"
မြေတူးစက်များနှင့်ကရိန်းများက သူ့မြင်ကွင်းထဲ ဝင်ရောက်လာသောအခါ ထန်ရှုက ပြုံးကာ မှတ်ချက်ချလိုက်၏။ သူမက ဤနေရာ၌ အပန်းဖြေနေရာတစ်ခု ဆောက်လုပ်မည်၊ အကောင်းဆုံးအပန်းဖြေဟိုတယ်တစ်ခုဖြစ်စေရမည်ဟု အိုးရန်လုလုက သူ့အား ပြောခဲ့သည်။ ထိုဆောက်လုပ်ရေးယာဉ်များက ဤနေရာတွင် ရှိသောကြောင့် သူမ၏အစီအစဉ်က လှုပ်ရှားနေပြီဖြစ်ရမည်။
ဒေါက်၊ ဒေါက်.....
ထန်ရှုက ကားရပ်ပြီး အဝေးရှိဆောက်လုပ်ရေးအား ကြည့်နေစဉ် ကားတံခါးအား အပြင်ဘက်မှ ခေါက်လာသည်။ သူက အပြင်ဘက်သို့ ကြည့်လိုက်ရာ သူမ၏ရင်နှစ်မွှာနှင့်အကွဲကြောင်းအား ဖွင့်လှစ်ပြလျက် ခါးထောက်ရပ်နေသော အိုးရန်လုလုအား ချက်ချင်းမြင်လိုက်ရသည်။ ထို့နောက် အနက်ရောင်ဆံပင်ရှည်နှင့်နီရဲရဲဝတ်စုံအားဝတ်ဆင်ထားသောသူမအား သူက တစ်ချက်ကြည့်၏။ ပြုံးလျက် ထန်ရှုက မေးမြန်းလိုက်သည်"ဒါဆို အပန်းဖြေဟိုတယ်ကို မင်း စဆောက်လုပ်နေပြီပေါ့"
"ဟုတ်တယ်၊ ဒါကြောင့် ငါ မင်းအပြန်အလာကို စောင့်မျှော်နေရတာပဲ"အိုးရန်လုလုက ပြုံးလျက် ဖြေ၏။
"ဟမ်၊ ငါ့အပြန်အလာကို စောင့်နေတာလား"ထန်ရှုက သူမအား စိုက်ကြည့်ရင်း ရယ်မိသွား၏"ဟားဟား၊ မင်း ငါနဲ့ ဘာလုပ်စရာရှိလို့လဲ။ မင်း မြင်တဲ့အတိုင်းပဲ၊ အပန်းဖြေဟိုတယ်တစ်ခု ဘယ်လိုဆောက်လုပ်မရလဲဆိုတာကိုတောင် ငါ မသိတာ။ ငါ မင်းအတွက် ကူညီပေးနိုင်တာက ဒီဇိုင်းဆွဲပေးတာပဲ"
အိုးရန်လုလုက မျက်ခုံးပင့်လိုက်သည်။ ထို့နောက် သူမက သူ့နောက်ကျောအား ပွတ်ကာ နောင်တရသောအမူအရာနှင့် ပြောလာ၏"အာ။ ငါ ဘာလို့ ဒါကို မေ့သွားတာလဲ။ ရှင် အဆောက်အဦးဒီဇိုင်းဆွဲနိုင်တာကို မေ့သွားတယ်။ အဲဒါဆို ပိုက်ဆံကုန်စရာမရှိတော့ဘူး။ အပန်းဖြေနေရာအတွက် ဒီဇိုင်းဆွဲပေးဖို့ ငါ တစ်ယောက်ယောက်ကို ပိုက်ဆံပေးခဲ့ရတယ်။ ဒါပေမယ့် ဒီအပေါ် တနုံ့နုံ့တွေးနေဖို့ မလိုပါဘူး။ အခြားကိစ္စအချို့အပြင် ငါတို့ရဲ့သီးသန့်ဟိုတယ်အတွက် ရှင် ငါ့ကို ဒီဇိုင်းဆွဲဖို့ ကူညီပေးရမယ်"
"ဒါ အဆင်ပြေပါတယ်။ ဒါပေမယ့် မင်း စောစောက ပြောတဲ့ အခြားကိစ္စက ဘာလဲ"ထန်ရှုက ပြုံးကာ မေး၏။
သူမက ပြုံးလိုက်သည်"ကောင်းပြီ။ ငါ ပိုက်ဆံနည်းနေတယ်၊ ဒါကြောင့် ငါ ပိုက်ဆံလိုချင်တယ်"
အဟွတ်၊ အဟွတ်.....
ထန်ရှုက ငိုရမလားရယ်ရမလား မသိတော့ပေ"နေပါအုံး၊ နေပါအုံး။ ငါ ထင်တာ မှန်ရင် သုခံဘုံစံအိမ်နယ်မြေလုပ်ငန်းနဲ့၎င်းရဲ့ဝင်ငွေက ကြီးမားတယ်လို့ လွန်ခဲ့တဲ့ရက်အနည်းငယ်က မင်း ငါ့ကို ထပ်ခါတလဲလဲ ပြောခဲ့တယ်မလား။ နှစ်ဝက်လောက် ရှိနေပြီလေ၊ ဒါကို မင်းက ပိုက်ဆံနည်းနေသေးတာလား"
"ဟီးဟီး"အိုးရန်လုလုက ရယ်ကာ ပြော၏"ရှင် ဘာသိလို့လဲ။ ရှင် အိမ်ထောင်စုတစ်ခုကို တစ်ခါမှ မစီမံမခန့်ခွဲရတော့ ယနေ့ခေတ်ရဲ့နေ့စဉ်လိုအပ်ချက်တွေက အတော်လေးဈေးကြီးတယ်ဆိုတာ ရှင် မသိဘူး။ ရှင်က အများကြီးရပေမယ့် ရှင် ပြန်ရင်းနှီးရတဲ့အခါ အဆအများအပြားရှိတယ်လေ။ ပြီးတော့ ငါ ဆောက်လုပ်ရမယ့်အပန်းဖြေနေရာက ကြယ်ငါးလုံးလေ၊ ဒါကြောင့် ခြောက်လဝင်ငွေက မလုံလောက်တာ သဘာဝပဲ"
ထန်ရှုက လျင်မြန်စွာ ခေါင်းညိတ်ကာ ခဏစဉ်းစားပြီးနောက် ပြော၏"ကောင်းပြီ၊ ငါ့အကောင့်ထဲမှာ ပိုက်ဆံဘယ်လောက်ကျန်နေသလဲဆိုတာ ငါ တစ်ချက် ကြည့်ရမယ်။ ဒါပေမယ့် မင်းက ကြယ်ငါးလုံးအဆင့်ကို ဆောက်ချင်မှတော့ ဆောက်ပေါ့"
"အမ်၊ ပြီးတော့ ငါ နင်နဲ့ဆွေးနွေးစရာ နောက်တစ်ခုရှိတယ်"အိုးရန်လုလုက ပြုံးကာ ပြော၏။
"နောက်တစ်ခုရှိသေးတာလား"ထန်ရှုက ပဟေဠိမျက်နှာနှင့် ရေရွတ်လိုက်သည်။
အိုရန်းလုလုက မျက်စိတစ်ဖက်မှိတ်ပြကာ တီးတိုးပြော၏"ဟုတ်တယ်။ ငါ ထာဝရခန်းမမှာ အကြွေးဝယ်လို့ရလား"
"ထာဝရခန်းမမှာ အကြွေးဝယ်ဖို့လား"ထန်ရှုက ခေါင်းရှုပ်သွားပြီး မေး၏"ဘာအတွက်လဲ"
"ငါ ကျင့်ကြံဖို့ လိုတယ်၊ ကျင့်ကြံခြင်းက အရင်းအမြစ်တွေ အများကြီး လိုတယ်ဆိုတာ ရှင်လဲ သိပါတယ်၊ ဒါပေမယ့် ထာဝရခန်းမထောက်ပံ့တဲ့ဆေးလုံးတွေက ဈေးကြီးလွန်းတယ်"အိုးရန်လုလုက ပြော၏"သုခံဘုံစံအိမ်နယ်မြေကို ချဲ့ထွင်တာက ငါ့ကို အချိန်အကြာကြီး ဆင်းရဲမွဲတေစေမှာလေ"
ထန်ရှုက ငိုရမလားရယ်ရမလား မသိတော့ပြန်ပေ"မင်းက ဆေးလုံးတွေ လိုချင်ရင် ငါ့ကို တိုက်ရိုက်ပြောလို့ရပါတယ်။ ဒါနဲ့ အထဲကို သွားကြရအောင်။ ငါ ယွဲ့လီရဲ့အမေကို အရင် ကုပေးမယ်။ ပြီးရင် ငါ မင်းကို ဆေးလုံးအချို့ပေးမယ်၊ ဒါကြောင့် နောက်နှစ်အနည်းငယ်အထိ မင်းရဲ့ကျင့်ကြံခြင်းရင်းမြစ်အတွက် စိုးရိမ်စရာမလိုဘူး"
"အရမ်းကောင်းတယ်"အိုးရန်လုလုက ဝမ်းသာပီတီဖြာသွားပြီး ထန်ရှုလည်ပင်းအား ဖက်ကာ သူ့အား နမ်းလိုက်ချေသည်။
သူတို့နှင့်မနီးမဝေးတွင် ချောမောခန့်ညားသောလူငယ်နှစ်ယောက်က ပါကင်ဆီ ဦးတည်လာနေသည်။ သူတို့ထဲကတစ်ယောက်က အိုးရန်လုလု၏အပြုအမူအား တွေ့သွားပြီး သူ့မျက်လုံးအား မယုံကြည်နိုင်ခဲ့ပေ။ သူ့မျက်လုံးများက ထန်ရှုအပေါ် ကျရောက်သွားသောအခါ သူ့မျက်နှာက မနှစ်မြို့ဖွယ်ဖြစ်လာခဲ့သည်။
"ကောင်းတယ်၊ ကောင်းတယ်။ မင်းရဲ့အချစ်ပြိုင်ဘက်က ထွက်ပေါ်လာပြီပဲ၊ ယန်ယန်"
သူ့ပါးစပ်ထောင့်တွင် ပြုံးလျက် ဝမ့်ဝေ့က ယန်ယန်အား တစ်ချက်ကြည့်ကာ စီးကရက်တစ်လိပ်အား ထုတ်ကာ မီးညှိလျက် မှတ်ချက်ချလိုက်၏။
ယန်ယန်က သူ့မှတ်ချက်အား လစ်လျူရှုကာ အိုးရန်လုလုနှင့်ထန်ရှုတို့ဆီ သုတ်ခြေတင်လျက်လာ၏။ သူက သူတို့အရှေ့၌ ရပ်ကာ ကြမ်းတမ်းစွာ မေးလိုက်သည်"သူက ဘယ်သူလဲ၊ လုလု"
သူတို့နှစ်ယောက်အား မြင်ပြီး အိုးရန်လုလု၏အပြုံးမျက်နှာက ချက်ချင်းပြန်လျှောကျသွား၏။ စိတ်ဆိုးသောအကြည့်တစ်ခုက အစားထိုးလာပြီး သူမက အေးစက်စွာ ပြောလိုက်၏"ဟမ်၊ ငါ နင့်ကို အကြိမ်ပေါင်းများစွာ ပြောပြီးပြီ၊ ယန်ယန်။ လုလုက နင်ဆန္ဒရှိသလို ခေါ်လို့ရမယ့် နာမည်မဟုတ်ဘူး- ငါ့ရဲ့နာမည်အပြည့်အစုံကိုပဲ ခေါ်ပါ။ ပြီးတော့ သူ ဘယ်သူလဲဆိုတာ နင့်မလုပ်မဟုတ်ဘူး။ ငါ့ရဲ့အဝေးကို ထွက်သွားစမ်းပါ၊ မဟုတ်လို့ကတော့ နင့်ကို မောင်းထုတ်တဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့"
ယန်ယန်က မွန်းကျပ်သလို ခံစားလာရသည်။ သူ့ဒေါသအား ထွက်ပေါက်ရှာရန် သူက ထန်ရှုအား ဒေါသတကြီးစိုက်ကြည့်ကာ ဟိန်းဟောက်လိုက်၏"မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ လုလုကို ငါကြိုက်နေတာ၊ ဒါကြောင့် မင်း သူမနဲ့ ဝေးဝေးနေပါ"
"မင်းက ဘယ်သူမို့လို့လဲ"ထန်ရှုက မေး၏။
"ငါ ဘယ်သူလဲ"ယန်ယန်က နှာခေါင်းရှုံ့လိုက်၏"ငါက မင်း ဘယ်တော့မှ ရန်စလို့မရတဲ့ သူပဲ။ မင်း ကိုယ့်အခြေအနေကိုယ်သိပြီး ထွက်သွားတာ ပိုကောင်းမယ်၊ မဟုတ်ရင် မင်း အရမ်းဆိုးရွားတဲ့အကျိုးဆက်တစ်ခုကို ရင်ဆိုင်ရလိမ့်မယ်"
သူ၏စကားအပေါ် ထန်ရှုက ရယ်လိုက်မိတော့၏။ သူက ခေါင်းခါလျက် အိုးရန်လုလုအား မေးလိုက်သည်"ဒီအကောင်က ဘယ်ဥက ပေါက်လာတာလဲ။ သူက မင်းကို လိုက်နေတာလား"
"သူက စစ်ချွမ်က၊ ရှေးဟောင်းသိုင်းကလန်တစ်ခုဖြစ်တဲ့ယန်အိမ်က"အိုးရန်လုလုက ပြန်ဖြေ၏"သူ့အမေနဲ့ငါ့အမေက သူငယ်ချင်းအရင်းကြီးတွေ၊ ဒါကြောင့် ငါ သူ့ကို မျက်နှာသာအချို့ပေးထားတာ။ မဟုတ်ရင် ငါ သူ့ကို မောင်းထုတ်ပြီးနေပြီ"
သို့သော် ထိုအိမ်က ထန်ရှုက တစ်ခါမှ မကြားဖူးပေ၊ သူက ယန်ယန်အား ပြောလိုက်၏"လူငယ်လေး၊ လူငယ်တွေက အလှလေးတွေကို ချစ်တာ ဘာမှမမှားပါဘူး။ ဒါပေမယ့် မင်းမှာ စွမ်းရည်ရှိရင် မင်းကိုယ်တိုင် ရအောင်လိုက်ပေါ့။ အခြားသူတွေကို ဒီလိုလေသံနဲ့ လာမခြိမ်းခြောက်နေစမ်းပါနဲ့။ ဒါက မင်းကို ကလေးတစ်ယောက်လို ဖြစ်စေတယ်။ ပြီးတော့ မင်းအနေနဲ့ မင်းခြိမ်းခြောက်မယ့်သူရဲ့အဆင့်အတန်းကို အရင်ဆုံးသိအောင် လုပ်ရင် အကောင်းဆုံးပဲ။ မဟုတ်ရင် မင်းမိသားစုအပေါ် မင်းက ကပ်ဘေးတစ်ခု ဖိတ်ခေါ်သလို ဖြစ်သွားလိမ့်မယ်"
ယန်ယန်၏အမူအရာက ပိုဒေါပွသွား၏။ အိုးရန်လုလု၏စကားက သူ့အား ဒေါသထွက်စေပြီး ထန်ရှု၏သဘောထားက သူ့အား လောင်စာထည့်ပေးလိုက်သလိုပင်။ သူက အပြင်းအထန်ခြိမ်းခြောက်လိုက်တော့၏"မင်းက ဘယ်လိုတောင် မျက်စိကန်းနေသလဲဆိုတာ မင်း သိလား"
"စိတ်ထိန်း....."
ဘေးတွင် ရပ်နေသော ဝမ့်ဝေ့က ယန်ယန်၏ပခုံးအား ကိုင်လိုက်သည်။ သူက ထန်ရှုအား သတိထားကြည့်ကာ ပြော၏"သူငယ်ချင်း၊ မင်း ပြောတာက မှန်ပါတယ်။ သူက မောက်မာချင်ရင် မင်းရဲ့အဆင့်အတန်းကို အရင်စစ်ဆေးသင့်တယ်။ ဒါပေမယ့် မင်း မြင်ပါတယ်၊ ငါတို့အားလုံးက လူငယ်တွေပဲလေ၊ ဒါကြောင့် ဟန်လုပ်နေဖို့မလိုပါဘူး။ မင်း ဘယ်သူလဲဆိုတာ ငါတို့ကို ပြောစမ်းပါ"
ဖြေသည့်အနေနှင့် ထန်ရှုက အိုးရန်လုလု၏ခါးအား ဖက်ကာ ပြုံးလိုက်သည်"ကောင်းပြီလေ၊ ငါက သူ့လူပဲ။ ဒါက အဆင့်အတန်းတစ်ခုအနေနဲ့ လုံလောက်ရဲ့လား"
"ဟူး"ဝမ့်ဝေ့က ခေါင်းခါရမ်းကာ သက်ပြင်းချ၏"မင်းကိုယ်တိုင်က လူငယ်တစ်ယောက်ဖြစ်ပြီး ၂၁လောက်ပဲ ရှိအုံးမှာမလား။ ဒါပေမယ့် မင်းက ယန်ယန်ကို လူငယ်လေးလို့ ခေါ်ခဲ့တယ်၊ ဒါက ငါ့ကို အတော်လေးရယ်ရစေတယ်။ ပြီးတော့ မင်းကိုယ်တိုင်က မင်း ဘယ်သူလဲဆိုတာ မပြောရဲတာကတော့ သဘာဝမကျသလို ခံစားရတယ်"
"ဒါဆို မင်းကရော"ထန်ရှုက မေး၏။
"စင်ကာပူက ဝမ့်မိသားစု"ဝမ့်ဝေ့က ဖြေ၏။
"အာ၊ စင်ကာပူတရုတ်လား။ မင်းတို့အိမ်ရဲ့လက်တံက တရုတ်ပြည်အထိ ရောက်နိုင်တာလား"ထန်ရှုက သိလိုစိတ်နှင့် မေး၏။
"ဒါနဲ့ပတ်သက်ပြီး မင်း စိုးရိမ်စရာမလိုပါဘူးလို့ ငါ ထင်တယ်"ဝမ့်ဝေ့က ယုံကြည်ချက်ရှိစွာ ပြော၏"ဒါပေမယ့် ငါက မင်းလို ငါ့ခေါင်းကို ဖုံးကွယ်စရာမလိုဘူး၊ မင်းလို ငါ့အဆင့်အတန်းကို ပြောဖို့ ကြောက်နေစရာမလိုဘူး။ မကြာခင်မှာ ငါ့မိသားစုက တရုတ်မှာ ရင်းနှီးမှုကြီးကြီးလုပ်ပြီး ငါတို့ရဲ့စက်ရုံတွေကို တဖြည်းဖြည်းပြောင်းရွှေ့ဖို့ စီစဉ်ထားတယ်။ မကြာခင်တရုတ်ရဲ့စီးပွားရေးလောကမှာ ငါ့နာမည်ထွက်ပေါ်လာတာကို မင်း တွေ့ရလိမ့်မယ်"
"ဟုတ်လား၊ ဒါဆို ဂုဏ်ပြုပါတယ်"ထန်ရှုက ပြုံးလျက် ပြော၏"မင်းရဲ့အဆိုးမြင်မှုအတွက် ကျေးဇူးတင်လိုက်ပါ၊ မင်းတို့ဝမ့်မိသားစုရဲ့စက်ရုံတွေက ပြည်မကြီးကို ဘယ်တော့မှ ပြန်မလာစေရဘူးလို့ ငါ အာမခံတယ်။ ငါ့ကို မယုံဘူးဆိုရင် မင်း စောင့်ကြည့်နေပါ"
ဝမ့်ဝေ့က လှောင်ပြောင်လာတော့၏"ထွီး၊ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။ ပိုက်ဆံဝင်လာတာကို တွန်းထုတ်ရအောင် တိုင်းပြည်တစ်ခုရဲ့ပေါ်လစီကို မင်းက ကိုယ်စားပြုတယ်လို့ မင်း ထင်လား။ တကယ် အရူးပဲ...."
အိုးရန်လုလုက သူ့အား စာနာသနားစွာ ကြည့်လျက် ပြော၏"သူပြောသမျှအရာအားလုံးက မှန်တယ်။ ဒီနေရာမှာ မင်းမိသားစုရဲ့စီးပွားရေးလုပ်ငန်းက ကျဆုံးရလိမ့်မယ်။ အရင်က မင်းက ယန်ယန်ထက် ပိုကောင်းတယ်လို့ ငါ ထင်ခဲ့တာ။ မင်းက သူ့ကို အနိုင်ယူချင်တာကြောင့်နဲ့ မင်းမိသားစု ပြည်မကြီးကို ပြန်မယ့်အခွင့်အရေးကို ဖျက်ဆီးမယ်လို့ ငါ တကယ်မထင်ထားခဲ့ဘူး"
ဝမ့်ဝေ့က အနည်းငယ်မှင်တက်သွား၏။ သူ့မျက်နှာက တည်ကြည်သွားပြီး သူက ထန်ရှုအား ထပ်မေးလာသည်"ငါ မင်းကို ထပ်မေးရလိမ့်မယ်၊ မိတ်ဆွေ။ မင်းက တကယ်ပဲ ဘယ်သူလဲ"
ထန်ရှုက ဤငတိနှစ်ကောင်နှင့် ထပ်စကားများလိုစိတ် မရှိတော့ဘဲ သူက သူ့မိသားစုနာမည်အား တိုက်ရိုက်ထည့်ပြောလိုက်၏"ပေကျင်းရဲ့ထန်မိသားစုကထန်ရှု"
"ဟမ့်၊ ဒါဆို မင်းက အဲဒီအစိုးရအရာရှိတွေထဲကတစ်ခုရဲ့မျိုးဆက်ပေါ့"ယန်ယန်က နှာခေါင်းရှုံ့လျက် ပြောလာ၏"မင်းက ဒီလိုလေကြီးပြီး ငါတို့ကို ခြိမ်းခြောက်ရဲတာ အံ့ဩစရာမရှိဘူးပဲ။ ဒါပေမယ့် ငါ့အိမ်က မင်းဘယ်တော့မှမယှဉ်နိုင်တဲ့အမွေအနှစ်ရှိတဲ့ရှေးဟောင်းသိုင်းကလန်တစ်ခုပဲ။ ငါ မင်းကို အကြံပြန်ပေးချင်တယ်၊ မင်းမိသားစုအပေါ် ကပ်ဘေးတွေ မဖိတ်ခေါ်စမ်းပါနဲ့၊ မဟုတ်ရင်...."
ထန်ရှုက မျက်နှာကြောတင်းမာသွားပြီး သူက အေးစက်သောလေသံနှင့် မေးလိုက်၏"မဟုတ်ရင် ဘာဖြစ်လဲ"
"မင်းတို့ထန်မိသားစုက ကြီးလေးသောဆုံးရှုံးမှုကို ခံစားရပြီး မင်းရဲ့ဆွေမျိုးတွေက လက်တုံ့ပြန်ဖို့အတွက် ပစ်မှတ်တွေ ဖြစ်လာလိမ့်မယ်"ယန်ယန်က အေးစက်စွာ ဆို၏"ငါ မင်းကို ခြိမ်းခြောက်ရုံပဲလို့တော့ မတွေးလိုက်နဲ့နော်။ ငါ့မိသားစုက ဘယ်လောက်ထိ နက်ရှိုင်းသလဲဆိုတာ မင်း မသိပါဘူး။ ပြီးတော့ လုလု- မင်းအနေနဲ့ သူ့ကို အကောင်းဆုံးဖြစ်စေချင်ရင် သူ့ကို မင်းနားက ထွက်ခွာခိုင်းတာ ပိုကောင်းမယ်။ ငါ့မိသားစု ဘယ်လောက်အားကောင်းလဲဆိုတာ မင်း ကောင်းကောင်းသိပါတယ်"
"ငတုံးတစ်ကောင်ပဲ"လုလုက ရေရွတ်ရင်း ထန်ရှုအား လှည့်ကြည့်လိုက်သည်"ကောင်းပြီ၊ ငါတို့ အရင်ပြောရအောင်။ ငါ့အမေက သူ့အမေနဲ့ ညီမလိုပဲ၊ ဒါကြောင့် ယန်တွေ ပျက်ဆီးသွားရင် သူ့အမေက ငါ့အမေဆီ ခိုလှုံဖို့ လာရှာလိမ့်မယ်။ ဟန်နီ၊ ငါ့မျက်နှာထောက်ပြီး မင်းတစ်ခုခုလုပ်ဖို့ဆုံးဖြတ်တဲ့အခါ သူမကို အသက်ရှင်လျက် ထားရမယ်၊ အဆင်ပြေလား"
သူမ၏တောင်းဆိုမှုက ထန်ရှုအား မျက်ရည်ထွက်ကျမတတ် ရယ်ချင်စေမိသွား၏"ဟေး၊ မင်း ပြောတာက ငါကပဲ စိတ္တဇလူသတ်သမားတစ်ယောက်နဲ့ တူနေသလိုလို။ ဒီအသေးအဖွဲလောက်နဲ့ သူ့မိသားစုတစ်ခုလုံးကို ငါ မသုတ်သင်ပါဘူး"
ထိုသို့ပြောရင်း သူက ဟန်းဆက်ထုတ်ကာ ကူးရှောင်ရွှယ်၏နံပါတ်အား ခေါ်လိုက်၏။ သူ့ဖုန်းအခေါကိုင်ပြီးနောက် ထန်ရှုက ပြောသည်"ငါ့အတွက် စစ်ချွမ်မှာရှိတဲ့ယန်အိမ်ကို စုံစမ်းပါ။ ငါ ဒီမိသားစုနဲ့ပတ်သက်ပြီး အသေးစိတ် ဘာတစ်ခုမှ မသိဘူး၊ ဒါကြောင့် နောက်ကျရင် လုလုက မင်းကို ပြောပြလိမ့်မယ်"
"ကောင်းပါပြီ၊ ဆရာအဘိုး"ကူးရှောင်ရွှယ်က လေးစားစွာ ပြောလာ၏။ သို့သော် သူမက တုံ့ဆိုင်းနေပုံရကာ ဆက်ပြောလာသည်"အမ်၊ ဆရာအဘိုး၊ မင်းက.....မင်းက ဆရာကို မင်းရဲ့အမျိုးသမီးအနေနဲ့....အသိအမှတ်ပြုလိုက်ပြီလား....မစ္စရွှယ်လိုမျိုးလေ"
ထန်ရှုက အံ့ဩလွန်း၍ စကားမပြောနိုင်ရှာပေ။ သူက ခါးသီးစွာ ပြုံးလျက် ပြောလိုက်သည်"မင်း၊ ကောင်မလေး။ မင်းက ကလေးတစ်ယောက်ပဲ ရှိသေးတာ၊ ဒီလိုကိစ္စတစ်ခုနဲ့ပတ်သက်ပြီး ငါ့ကို မေးတယ်ပေါ့လေ၊ မင်းရဲ့ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်စမ်းပါ"
ကူးရှောင်ရွှယ်၏စိတ်တိုသောအသံက ပြန်ဖြေလာ၏"ငါက ကလေးတစ်ယောက်မဟုတ်တော့ဘူး၊ ဆရာအဘိုး။ ငါက ရှင့်ထက် အများကြီးအသက်ကြီးတယ်"
"မင်းက ငါ့မျက်လုံးထဲမှာတော့ ကလေးတစ်ယောက်ပါပဲ"ထန်ရှုက ပြန်ပြော၏။ ထို့နောက် သူက ဖုန်းချလိုက်သည်။
ယန်ယန်နှင့်ဝမ့်ဝေ့တို့က အကြည့်များ ဖလှယ်လိုက်ကြ၏၊ ထန်ရှု၏စကားမှ' ကျင့်ကြံခြင်း'ဆိုသောအသုံးအနှုန်းက သူတို့အား အာရုံဖမ်းစားဖို့ လုံလောက်သည်။
ဖြစ်နိုင်တာက.....သူလဲ ကျင့်ကြံခြင်းပညာရပ်ကို လေ့ကျင့်နေတာလား။
ယန်ယန်က အသက်ပြင်းပြင်းရှုကာ နှာခေါင်းရှုံ့လိုက်သည်"ဒါဆို ငါ ထင်တာ မှန်ရင် မင်းလဲ သိုင်းပညာလေ့ကျင့်နေတဲ့သူပေါ့။ ငါ့မိသားစုမှာ ငါ့ကို ကျင့်ကြံခြင်းပါရမီအရှိဆုံး၊ လူငယ်မျိုးဆက်ရဲ့အသန်မာဆုံးအဖြစ် သတ်မှတ်ထားကြတယ်။ ငါတို့ တိုက်ခိုက်ရင် ဘယ်လိုလဲ။ ငါ မင်းကို အနိုင်မကျင့်ပါဘူး၊ ငါ မင်းကို တစ်ကွက်ဦးစားပေးနိုင်ပါတယ်"
"ဟင့်၊ စိတ်မဝင်စားဘူး"ထန်ရှုက ခေါင်းခါလိုက်၏။
ယန်ယန်၏မျက်လုံးများက အေးစက်သွားခဲ့သည်။ သူ့ပုံရိပ်က ထန်ရှုအရှေ့သို့ ချက်ချင်း ပြေးလာပြီး လေနှင့်အတူ လက်သီးအတွဲလိုက်အား ပို့လွှတ်လာ၏။
ထန်ရှု၏အမူအရာက အနည်းငယ်ပြောင်းသွား၏၊ ဤငနဲက သူ့အား တိုက်ရိုက်တိုက်ခိုက်လာမည်ဟု သူ မထင်ထားခဲ့ပေ။ အိုးရန်လုလုက သူ့လက်မောင်း၌ ရှိနေသည်ကိုပင် ဒင်းက ဂရုမစိုက်ခဲ့ပေ။
***