← Chapters

စည်းမျဉ်းကို မချိုးဖြတ်ရဘူး

Vol. 67 Ch. 929

စည်းမျဉ်းကို မချိုးဖြတ်ရဘူး

Vol. 67 Ch. 929

လောလောဆယ် တစ္ဆေက အလွန်ပျင်း‌ရိနေသည်၊ ဤအရူးနှစ်ယောက်အား စလျှင် ရယ်စရာကောင်းမည်ဟု သူ တွေးထားသည်။ သူတို့ ကြောက်ရွံ့ တုန်လှုပ်နေသည့်အမူအရာကို မြင်ပြီး သူက ရယ်ချင်မတတ်ဖြစ်သွား၏။

သူ သေလုမတတ် မွန်းကျပ်စရာ‌ကောင်းသော စိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုတွင် အကျဉ်းကျနေသည်မှာ ဆယ့်သုံးနှစ်ရှိပါပြီ။ ထို့ကြောင့် ကျင်းမန်ကျွန်းမှ ရှန်းဟိုင်သို့ လာသည့်အချိန်တွင် သူက အပြောသမားတစ်ယောက်အဖြစ် ပြောင်းလဲသွားရသည်ဟု ဆိုနိုင်သည်။ သူက လက်မှတ်ရောင်းသောမိန်းကလေးများနှင့် စကားပြောသည်၊ ကားပေါ်ရှိခရီးသည်များနှင့် စကားပြောသည်၊ တက္ကစီဒရိုင်ဘာနှင့် စကားပြောသည်၊ ယုတ်စွအဆုံး သူက ဂိတ်လုံခြုံရေးအစောင့်များနှင့်ပင် စကားပြောခဲ့သည်။ အတိုချုပ်ဆိုလျှင် သူက စိတ်ထဲရှိသမျှအရာအားလုံးအား ဖွင့်ဟခဲ့သည်။

"ကောင်းကင်မှာ တစ်ရက်၊ ကမ္ဘာမြေမှာ တစ်နှစ်"ဟူသော စကားစုကြောင့်ပင်။

ဤစာကြောင်း ဘာဆိုလိုသည်ကို သူ အခုမှ နားလည်လာသည်။ အတိတ်တွင် သူ ကျင်းမန်ကျွန်းရှိထာဝရခန်းမသို့ ရောက်သွားသောအခါ ကောင်းကင်ဘုံနတ်သမီးနှင့်တူသောအမျိုးသမီးတစ်ယောက်က သူ့အား ထူးဆန်းသောအစီအရင်တစ်ခုထဲသို့ ပစ်ချခဲ့သည်။ မယုံနိုင်စရာကောင်းလှသည့်အထိ အထဲတွင် သူ နှစ်များစွာ နေထိုင်ခဲ့ရသည်။ သူ အစီအရင်မှ ထွက်လာသည့်အခါမှ ထိုအရာက အချိန်မြှင့်တင်ရေးအစီအရင်တစ်ခုဖြစ်ပြီး သူ ပြောခဲ့သည့်အမျိုးသမီးက ထန်ရှုတပည့်ဂူယန်အာဖြစ်၏။

"ဒါ ဟုတ်တယ်။ အခုမှ ငါ တစ်ခုခုကို သတိရသွားတာ"

တစ္ဆေက မျက်တောင်ခတ်လျက် ကြောက်လန့်နေသောမျက်နှာနှစ်ခုအား ရုတ်တရက် ပြောလိုက်၏။

"ဝမ့်ဝေ့က တံတွေးမျိုချရင်း ထစ်ထစ်ငေါ့ငေါ့ ပြန်မေးလာသည်"ဘာ-ဘာ....မင်း ဘာကို အမှတ်ရလာတာလဲ"

တစ္ဆေက ခဏတွေးပြီး စပ်ဖြဲဖြဲပြော၏"ဒီလိုပါ၊ ငါ လုပ်ကြံသူသတ်ဖြတ်သူလောကထဲကို ခြေချပြီးကတည်းက ငါ့ကိုမြင်တဲ့သူ‌တွေရဲ့ခေါင်းကို အမြဲတမ်းရိတ်သိမ်းလေ့ရှိတယ်။ ငါ သူတို့ရဲ့နှလုံးကို ဖောက်၊ ခြေလက်တွေကို ဖြတ်တယ်။ ငါ လူသတ်တာကို မြင်ဖူးတယ်လို့ မင်း ပြောခဲ့တယ်နော်။ ကဲ....အခု ငါ ဘာလုပ်ရမလဲ။ ခေါင်းဖြတ်ရမလား၊ နှလုံးပဲ ဖောက်ရမလား ဒါမှမဟုတ် ခြေလက်တွေပဲ ဖြတ်ရမလား။ အာ....ဒီလိုရွေးရတဲ့မေးခွန်းကို ငါ့ကို တကယ်ခေါင်းကိုက်စေတာပဲ"

"မဟုတ်တာ၊ အဲလို မလုပ်ပါနဲ့"ဝမ့်ဝေ့က ကြောက်လန့်တကြားအော်၏"ငါ့ကို ခွင့်လွှတ်ပေးပါ၊ အားလုံးက ငါ့အမှားပါပဲ။ ငါ မင်းရဲ့သူဌေးကို ရန်မစသင့်ပါဘူး။ ကျေးဇူးပြုပြီး ငါ တောင်းပန်ပါတယ်။ ငါ သူ့ကို သွားတောင်းပန်ပါ့မယ်၊ သူ့ကို ဒူးထောက်ဦးညွှတ်အရိုအသေပေးပြီးတော့ကို တောင်းပန်ပါ့မယ်"

သူက တကယ်ကြောက်နေသည်။ ထိုကြောက်ရွံ့မှုက တစ္ဆေထံမှ လာသလို ထန်ရှုထံမှလည်း လာသည်။ တ‌စ္ဆေက ဘယ်သူလဲ။ သူက ကမ္ဘာအကောင်းဆုံးလုပ်ကြံသတ်ဖြတ်သူလေ။ သို့သော် သူ့လိုလူတစ်ယောက်က ထန်ရှု၏နောက်လိုက်ဖြစ်နေ၏။ ဤအရာက လုံးဝစဉ်းစားမတတ်နိုင်လောက်အောင်ပင်။

ဤအချိန်တွင် သူက ထန်ရှုပိုင်ဆိုင်ထားသောစွမ်းအားအကြောင်း ကြားရမှာကိုတောင် ကြောက်နေသည်၊ မစဉ်းစားနိုင်မခန့်မှန်းနိုင်လောက်သောအဆင့်တစ်ခုသို့ ရောက်ရှိနေမှာ သေချာ၏။ သူက ငယ်သေး၏၊ သေရန် အများကြီးလိုသေး၏၊ သို့ကြောင့် သူက မာနကို ခဝါချရရင်ချရပါစေ၊ သူက ဒူးထောက်ကာ သူ့အသက်အား ချမ်းသာပေးရန် တောင်းပန်ရလိမ့်မည်။

တစ္ဆေက ပြုံးစိစိလုပ်ကာ ပြန်ဖြေလိုက်သည်"ကောင်းပြီလေ၊ ငါ့သူဌေးက ပိုက်ဆံတွေ အရမ်းချစ်တာ။ ပိုက်ဆံကို အညစ်အကြေးလို သဘောထားတဲ့ ငါ့လို မဟုတ်ဘူး။ မင်းအသက် ဘယ်လောက်တန်လဲ ငါ မသိဘူး၊ ဒါကြောင့် ဘယ်လောက်တန်လဲ ငါ့ကို ပြော၊ ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်"

ထိုအခါမှ ဝမ့်ဝေ့၏မျက်နှာက စိတ်သက်သာရာရသွားပြီး သူက တုံ့ဆိုင်းခြင်းမရှိပြော၏"သန်း၂၄၀၊ ဒါက ငါ့မှာရှိသမျှအကုန်ပဲ။ မင်း ငါ့ကို မသတ်သရွေ့ ငါ မင်းကို လွှဲပေးမယ်....မဟုတ်ဘူး....မင်းသူဌေးအကောင့်ကို လွှဲပေးမယ်"

ယခု ယန်ယန်သာ ကျန်တော့သည်။ သူက လူချမ်းသာတစ်‌‌ယောက်ဖြစ်သော်လည်း သူ့ဘဝတစ်လျှောက် သိုင်းပညာလေ့ကျင့်ခြင်းကိုသာ အာရုံစိုက်ခဲ့သည်။ သန်း၂၄၀မဆိုနှင့်၊ ဆယ်ပုံတစ်ပုံပင် သူ့မှာ မရှိပေ။

"မင်း....မင်း ငါ့ကို အချိန်အချို့ပေးနိုင်မလား။ ငါ့မှာ လော‌လောဆယ်ပိုက်ဆံမရှိပေမယ့် ငါ့မိသားစုမှာ ရှိတယ်။ ငါ အိမ်ကို ချက်ချင်း ဖုန်းခေါ်မယ်....ငါ့ကို အချိန်အနည်းငယ်ပဲပေး။ ငါ လိုအပ်တဲ့ပမာဏကို ပေးမှာပါ"ယန်ယန်က ခါးသီးစွာ ပြော၏။

သူ၏အဖြေအပေါ်  တစ္ဆေက ခေါင်းညိတ်ကာ ပြော၏"ဒါဆို မင်းလဲ သန်း၂၄၀ပဲ။ တစ်ပြားတစ်ချပ်လျော့ရင် မင်းအသက်က ဒီကောင်ထက် ပိုဈေးပေါတယ်လို့ ဆိုလိုတာပဲ။ ဈေးပေါတဲ့အသက်ဆိုရင် ငါ ဂရုမစိုက်ဘူးနော်"

ယန်ယန်က ပြင်းပြင်းထန်ထန်တုန်လှုပ်သွား၏။ သူက ဖုန်းအား ချက်ချင်းကိုင်ကာ နံပါတ်တစ်ခုအား ခေါ်လျက် ကမန်းကတန်းပြော၏"အမေ၊ ငါ ပိုက်ဆံသန်း၂၄၀လိုတယ်။ ဘာကြောင့်လဲ၊ ဘာအတွက်လဲဆိုတာ အခု မမေးနဲ့အုံး။ ဒါက ငါ့ဘဝ၊ ငါ့အသက်နဲ့ သက်ဆိုင်တယ်လို့ မင်းကို ပြောနိုင်တယ်။ အဲလူကို အခုပဲ လွှဲပေးလိုက်ပါ၊ မဟုတ်ရင် ငါ့ရဲ့အလောင်းကိုပဲ မြင်ရလိမ့်မယ်"

"မင်း ဘာဖြစ်တာလဲ၊ သား"စိုးရိမ်တကြီးအသံတစ်ခုက ဖုန်းမှ ပြန်မေးလာ၏။

ယန်ယန်အသံက မြင့်သွားပြီး သူက အော်ပြောလိုက်သည်"ကျေးဇူးပြုပြီး လောလောဆယ် ငါ့ကို မမေးပါနဲ့၊ အမေ။ မြန်မြန်ပိုက်ဆံလွှဲပေးလိုက်။ အဲပိုက်ဆံကပဲ ငါ့ကို ကယ်နိုင်မှာ"

"ကောင်းပြီ၊ ကောင်းပြီ၊ မစိုးရိမ်ပါနဲ့။ ငါ အဲဒါကို ချက်ချင်းလွှဲပေးမယ်" ထိတ်လန့်တုန်လှုပ်နေသောအသံတစ်ခုက ပြန်ဖြေလာသည်။

ယန်ယန်က ဖုန်းချကာ တစ္ဆေအား သတိထားကြည့်လျက် ပြော၏"ပိုက်ဆံ....မကြခင် လွှဲလာလိမ့်မယ်။ ကျေးဇူးပြုပြီး.....စောင့်ပေးပါ"

"ဟီးဟီး"ယန်ယန်က ထူးဆန်းစွာ ရယ်လျက် ပြော၏"ကောင်းတယ်၊ ကောင်းတယ်၊ မင်းတို့နှစ်ယောက်လုံးက မင်းတို့ရဲ့အသက်ကို တန်ဖိုးထားတာပဲ။ မင်းတို့ အခုလို ရိုးသားတာကို မြင်မှတော့ ငါ မင်းတို့ကို ခွင့်လွှတ်ပေးရမှာပေါ့၊ ဒါပေမယ့် ငါ့ရဲ့စည်းမျဉ်းတစ်ခု ကျန်သေးတယ်။ မင်းတို့နှစ်ယောက်နောက်မှာ ဘယ်လောက်အားကောင်းတဲ့အင်အားတွေ ရှိ‌ပါစေ၊ ငါ ဂရုမစိုက်ဘူး။ မင်းတို့ ငါနဲ့ပတ်သက်ပြီး တစ်လုံးဟရဲရင် မင်းတို့ရဲ့မိသားစုအပါအဝင်မင်းတို့အားလုံး မင်းတို့ရဲ့ဖန်တီးရှင်ဘုရားနဲ့ တွေ့သွားရလိမ့်မယ်....."

"စိတ်ချပါ၊ စိတ်ချပါ။ ငါတို့ သေချာပေါက် ပါးစပ်ပိတ်ထားမှာပါ"

"ငါတို့ဘာတစ်ခုမှ မလုပ်ရဲပါဘူး"

ဝမ့်ဝေ့နှင့်ယန်ယန်က ကြောက်လန့်တကြား ကတိပေးလိုက်သည်။

"ပိုက်ဆံပေးပြီးရင် မင်းတို့ကိုယ်တိုင် သူ့ကို လာတောင်းပန်ပါ"တစ္ဆေက ပြုံးလျက် ပြော၏။

ပြောပြီးနောက် သူ့ပုံရိပ်က ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

ယန်ယန်နှင့်ဝမ့်ဝေ့တို့က အကြည့်များ ဖလှယ်လိုက်ကြ၏။ အချိန်တစ်ခုကြာပြီးနောက် ဝမ့်ဝေ့က ရေရွတ်လိုက်သည်"သူက ‌တစ္တေလားလူလား။ သူ ဘယ်လိုလုပ်ပြီး အခုလို ပျောက်သွားတာလဲ"

"သူက ပျောက်သွားတာမဟုတ်ဘူး။ သူက မြန်လွန်းပြီး ငါတို့ရဲ့ပကတိမျက်စိနဲ့ သူ့ကို မမြင်နိုင်ဘူး"ဝမ့်ဝေ့က ခါးသီးစွာ ပြော၏"တစ္ဆေက အကောင်းဆုံးလုပ်ကြံသတ်ဖြတ်သူပဲ။ ဒီလိုကြောက်စရာကောင်းတဲ့အရှိန်ကို သူတစ်ယောက်ပဲ ပိုင်ဆိုင်တာ ဖြစ်လောက်တယ်။ မင်း ပြောတာ မှန်တယ်၊ ယန်ယန်။ ငါတို့ ကြောက်စရာကောင်းတဲ့တည်ရှိမှုတစ်ခုကို ရန်စခဲ့တာ၊ ဒါကြောင့် ငါတို့ ဒါနဲ့ တကယ် ထိုက်တန်တယ်"

"ဟုတ်တယ်"ယန်ယန်က ခေါင်းညိတ်ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

****

သုခဘုံစံအိမ်နယ်‌မြေအတွင်းပိုင်း၊ သစ်တောအနီးတွင် ဥရောပစတိုင်အဆောက်အဦးတစ်ခုရှိ၏။ ယန်ဖမ်းချောင်နှင့်ယွဲ့လီတို့က ပြတင်းပေါက်ရှေ့တွင် ရပ်လျက် ထန်ရှုအား စောင့်နေကြသည်။ သူတို့အနောက်တွင် မျက်နှာဖြူဖတ်ဖြူရော်နှင့်အကြမ်းမခံထိလွယ်ခိုက်လွယ်‌သောသက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်က ခုတင်ဘေးတွင် မှီလျက်နေ၏။ သို့သော် သူမမျက်လုံးများတွင် အသက်ရှင်သန်ချင်စိတ်က အပြည့်ရှိသည်။

လွန်ခဲ့သောရက်အနည်းငယ်အတွင်း သူမက နတ်ဆေးဆရာဝန်ထန်နှင့်ပတ်သက်သမျှအရာအားလုံးအား စုံစမ်းမေးမြန်းခဲ့သည်။ ထို့နောက် ခြောက်သွေ့ညှိုးနွမ်းနေသောသူမ၏စိတ်ဝိညာဉ်က အလင်းမီးတိုင်တစ်ခုအား မြင်လိုက်ရသည့်အလား ဆက်လက်အသက်ရှင်ချင်စိတ်တို့ နိုးထလာခဲ့သည်။

"ဖမ်းချောင်၊ လီလီ။ နတ်ဆေးဆရာဝန်ထန် မလာသေးဘူးလား" စွေ့ယန်ရူက ကလေးနှစ်ယောက်၏နောက်ကျောအား ကြည့်လျက် မေးလိုက်သည်။

နှစ်ယောက်လုံး ပြန်လှည့်လာပြီး ယွဲ့လီက ဖြေလိုက်၏သူ တစ်နာရီအတွင်း အရောက်လာမယ်လို့ နတ်ဆေးဆရာဝန်ထန်က ပြောတယ်၊ အမေ။ သူက စကားတည်တဲ့လူတစ်ယောက်ဖြစ်တာကြောင့် သူ ဒီကို လာမှာ သေချာပါတယ်"

"ဟုတ်တယ်၊ အန်တီ။ လီလီက အမှန်တရားကို ပြောတာပဲ" ယန်ဖမ်းချောင်ကလဲ ခေါင်းညိတ်ကာ ပြော၏"နတ်ဆေးဆရာဝန်ထန်က ကတိတည်သူတစ်ယောက်ပဲ။ သူ သေချာပေါက် သူ့ကတိအတိုင်း လာလိမ့်မယ်။ သူ မကြာခင်ရောက်လာမှာမို့လို့ စိတ်အေး‌အေးထားပါ"

"ဟုတ်ပါတယ်လေ။ ငါကပဲ စိတ်မရှည်ဖြစ်နေတာ"စွေ့ယန်ရူက ခေါင်းညိတ်ကာ‌ ပြော၏"ဒါပေမယ့် နတ်ဆေးဆရာဝန်မရောက်လာခင် မင်းတို့နှစ်ယောက်နဲ့ ငါ ဆွေးနွေးချင်တာ တစ်ခုရှိတယ်"

"ကျေးဇူးပြုပြီး ပြောပါ၊ အန်တီ"ယန်ဖမ်းချောင်က ပြော၏။

"ဖမ်းချောင်၊ ငါ ဘယ်လိုရောဂါမျိုးရနေတာလဲဆိုတာ မင်းလဲ သိပါတယ်။ ငါ အသက်ရှင်ဖို့အခွင့်အရေးက သေးလွန်းတယ်။ ငါက နတ်ဆေးဆရာဝန်ထန်ရဲ့ကျွမ်းကျင်မှုကို သံသယရှိတာမဟုတ်ပေမယ့် သွေးကင်‌ဆာကို ကုသနိုင်တဲ့အခွင့်အရေးက မဖြစ်နိုင်လုနီးပါးပဲ။ ငါ ဆိုလိုတာက နတ်ဆေးဆရာဝန်ထန်က ငါ့ကို မကုသနိုင်ရင် အနာဂတ်မှာ မင်း ယွဲ့လီကို ကောင်းကောင်းဂရုစိုက်ဖို့ မျှော်လင့်တယ်။ ငါ့သမီးအကြောင်း ငါသိတယ်။ သူမကို မင်းကို ရွေးချယ်မှတော့ မင်းနောက် အဆုံးထိ လိုက်မှာပါ"

"နတ်ဆေးဆရာဝန်ထန်က မင်းကို ကုသနိုင်လိမ့်မယ်လို့ ငါ ယုံတယ်၊ အန်တီ"ယန်ဖမ်းချောင်က ပြန်ဖြေ၏"ဒါပေမယ့် မင်း စိတ်ချပါ၊ မင်းဆန္ဒအတိုင်း သေချာပေါက် ဖြစ်စေရမှာပါ။ အနာဂတ်မှာ ဘာပဲဖြစ်ဖြစ် လီလီကို ငါ စွန့်လွှတ်မှာ မဟုတ်ဘူး။ ငါ သူမကို ကောင်းကောင်းဂရုစိုက်မှာပါ"

စွေ့ယန်ရူက ကျေနပ်စွာ ခေါင်းညိတ်လျက် ဆိုသည်"လီလီက တကယ် ကံကောင်းတာပဲ......"

ယွဲ့လီက သူမဘေးသို့ သွားကာ ကုတင်ဘေးတွင် ထိုင်လျက် ပြော၏" အမေ သေချာပေါက် အချိန်အကြာကြီး အသက်ရှင်‌လျက်နေနိုင်မှာပါ။ ငါ ယုံတယ်။ ဖမ်းချောင်ရဲ့မိဘတွေက မရှိ‌တော့သလို ဆွေမျိုးသားချင်း‌တွေကလဲ မရှိဘူး၊ ဒါကြောင့် သူ့မှာ အမေတစ်ယောက်ပဲ ရှိတော့တယ်။ အနာဂတ်မှာ ငါတို့နှစ်ယောက် အမေ့ကို ကောင်းကောင်းဂရုစိုက်မှာပါ။ ဒါကြောင့် အမေအားတင်းထားရမယ်၊ နတ်ဆေးဆရာဝန်ထန်ကို ယုံကြည်ရမယ်"

"ကောင်းပါပြီ...."

ပြတင်းပေါက်အနားတွင် ယန်ဖမ်းချောင်က အပြင်ဘက်သို့ လှည့်ကြည့်လိုက်၏။ ထို့နောက် သူက ရုတ်တရက် ‌အော်ပြော၏"ဒါက နတ်ဆေးဆရာဝန်ထန်ပဲ။ သူ လာနေပြီ။ လီလီ၊ အန်တီကို ဒီကို ခေါ်လာ။ ငါ သူ့ကို သွားကြိုလိုက်အုံးမယ်"

"အဲတာတွေ မလိုဘူး"

ထန်ရှုအသံက ယန်ဖမ်းချောင်၏နားထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

စက္ကန့်အနည်းငယ်အတွင်း တံခါးက ပွင့်သွားပြီး ထန်ရှုနှင့်အိုးရန်လုလုတို့က အထဲသို့ ဝင်လာခဲ့၏။

"မင်းတို့၊ မင်းတို့....."

ယန်ဖမ်းချောင်က လုံးဝအံ့ဩသွားသည်။ လွန်ခဲ့သောအခိုက်အတန့်က ထန်ရှုနှင့်အိုးရန်လုလုတို့ လမ်းပေါ်တွင်သာ ရှိသေးသည်ကို သူက ကောင်းကင်ဘုံကို တိုင်းတည်ကာ ကျိန်ရဲ၏။ ဆယ်မီတာအကွာတွင် ရှိနေသေးသည်။ ဒါဆို စက္ကန့်အနည်းငယ်အတွင်း သူတို့ ဒီနေရာကို ဘယ်လိုရောက်လာတာလဲ။ ကမ္ဘာအမြန်ဆုံးအပြေးသမားကတောင် ထိုသို့ပြုလုပ်နိုင်မည်မဟုတ်ပေ။

ထန်ရှုက သူ့အား မျက်တောင်ခတ်လျက် ပြုံးပြ၏။ ထို့နောက် သူက လူနာကုတင်ပေါ်ရှိ စွေ့ယန်ရူအားကြည့်ကာ ပြောလိုက်၏"အန်တီက ယွဲ့လီရဲ့အမေပဲ ဖြစ်ရမယ်။ ငါက ထန်ရှု၊ ဒါက အိုးရန်လုလုပါ"

စွေ့ယန်ရူက ထချင်သော်လည်း ထန်ရှုက သူမအား တားကာ ခုတင်ခေါင်းရင်းအား မှီနေ‌စေသည်။ ထို့နောက် သူမက ပြော၏"ငါ မင်းနာမည်ကို ကြားဖူးတာ ကြာပါပြီ၊ နတ်ဆေးဆရာဝန်ထန်။ ပြီးတော့ ပိုင်ရှင်လုလုကလဲ ငါတို့ကို ကောင်းကောင်းဂရုစိုက်ပေးတယ်။ မင်းတို့နှစ်ယောက်က လူကောင်းတွေပဲ၊ ကျေးဇူးတင်ပါတယ်"

"ငါတို့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး"ထန်ရှုက ပြုံးလျက် ပြန်ဖြေ၏"အန်တီ ကျေးဇူးတင်ချင်ရင် ဖမ်းချောင်ကို ကျေးဇူးတင်ပါ။ သူက အရှေ့မှာ အနာဂတ်ကောင်းတစ်ခုရှိတဲ့လူငယ်တစ်ယောက်ပဲ"

"ငါ သူတို့နှစ်ယောက်လုံးကို သဘောတူထားပြီးပြီ" စွေ့ယန်ရူက ပြော၏"ဖမ်းချောင်က လူကောင်းတစ်ယောက်ဆိုတာ ငါ သိပါတယ်၊ ဒါကြောင့် ငါ ဒီကမ္ဘာက ထွက်သွားရရင်တောင် လီလီကို သူ့လက်ထဲမှာ စိတ်ချလက်ချထားခဲ့တာပေါ့"

ထန်ရှုက ကုတင်သို့ လျှောက်လာပြီး သူမလက်အား ကိုင်ကာ သွေးခုန်နှုန်းအား စမ်းသပ်၏"ကျွန်တော်ရှိ‌ရင် ကိုယ့်ကိုယ်ကိုယ်မသတ်သေသရွေ့ အန်တီမသေနိုင်ပါဘူး။ ပြီးတော့ သွေးကင်ဆာက ကုသလို့မရတဲ့ရောဂါတစ်ခုမဟုတ်ပါဘူး"

မိနစ်ဝက်ကြာပြီးနောက် ထန်ရှုက ကြွေထည်ပစ္စည်းတစ်ခုအား ယူထုတ်ကာ ယွဲ့လီအား ကမ်းပေး၏"ဒီဆေးရည်တစ်စက်ကို ရေနွေးထဲ လောင်းထည့်ပြီး မင်းအမေကို အထဲမှာ ရေချိုးခိုင်းပါ။ မှတ်ထားပါ၊ ဖြစ်စဉ်က နာကျင်ပေမယ့် သူမက ခံနိုင်ရည်ရှိရမယ်။ သူမက ဆယ်မိနစ်လောက် တောင့်ခံရမယ်။ သူမ ရေချိုးကန်မှ ထွက်လာပြီးရင် မင်းလဲ ရေချိုးနိုင်တယ်။ အဲဒါက မင်းအတွက် အကျိုးအများကြီး ရှိစေလိမ့်မယ်"

"အာ"ယွဲ့လီက မျက်တောင်တချက်ခတ်လျက် မေးလိုက်၏"ငါလဲ ရေချိုးဖို့ လိုတာလား"

"ဒီဆေးရည်က မင်းအမေပေါ်မှာပဲ သက်ရောက်မှုရှိတာမဟုတ်ဘူး၊ မင်းအတွက်လဲ ကောင်းတယ်"ထန်ရှုက ရှင်းပြ၏"မင်း ရေထဲမှာ ဆယ်မိနစ်လောက် စိမ်နိုင်သရွေ့ မင်းရဲ့ရုပ်ပိုင်းဆိုင်ရာက အကြီးအကျယ်တိုးတက်လာလိမ့်မယ်"

***

All Chapters