← Chapters

ပိုက်ဆံပေးရန် အလည်တစ်ခေါက်လာခြင်း

Vol. 67 Ch. 930

ပိုက်ဆံပေးရန် အလည်တစ်ခေါက်လာခြင်း

Vol. 67 Ch. 930

ထန်ရှုပေးခဲ့သောဆေးက ခန္ဓာကိုယ်သန့်စင်ရန်အတွက် အသုံးပြုသော ခန္ဓာကိုယ်သန့်စင်ဆေးရည်ဖြစ်သည်။ ဆေးရည်အား ရောဂါကုသမှုတစ်ခုအနေဖြင့်လည်း အသုံးပြုနိုင်သည်။ ဤဆေးရည်က စွေ့ယန်ရူ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံထဲသို့ ဝင်ရောက်သွားသည်နှင့် ၎င်းက ကင်ဆာဖြစ်စေသည့်သွေးဖြူဥများအား သတ်ဖြတ်ကာ သူမအား ကယ်‌တင်ပေးလိမ့်မည်။ ယွဲ့လီအား ရေစိမ်ခိုင်းရသည့်အကြောင်းပြချက်က ဆေးအာနိသင်အား အလဟဿမရှုံးဆုံးစေရန် ဖြစ်၏။

ကြွေပုလင်းအား လက်ခံပြီးနောက် ယွဲ့လီက ‌မေး၏"မင်း ပြောတဲ့အတိုင်း ငါ သေချာပေါက် လုပ်မှာပါ၊ ဆရာထန်။ ဒါပေမယ့် မင်း ဘယ်အချိန်ကျမှ ငါ့အမေကို ကုသမှာလဲ"

"ငါ မင်းကို အဲ့ဆေးပေးပြီးပြီလေ၊ ဒါက သူမကို ကုသတာပဲမဟုတ်လား"ထန်ရှုက ပြုံးလျက် မေး၏။

"မင်း ဘာဆိုလိုတာလဲ"ယွဲ့လီက ခေါင်းရှုပ်သွားပြီး ပြန်မေးလိုက်သည်"ရေချိုးတာက သူမကို ကုသတာလား"

"ကဲ၊ အခုပဲ မင်းရဲ့အမေကို ရေချိုးဖို့ လုပ်ပေးလိုက်"ထန်ရှုက ပြော၏"ရေချိုးပြီးရင် အကျိုးသက်ရောက်မှုကို မင်း သိလာမှာပါ။ ပြီးတော့ လောလောဆယ် ငါ သုခဘုံစံအိမ်နယ်မြေမှာပဲ ရှိမှာ။ နောက်နှစ်နာရီကျရင် ငါ ပြန်လာမယ်"

ယွဲ့လီအနေနှင့် ထန်ရှု၏ရှင်းပြချက်အား နားလည်ရန် ခက်ခဲသော်လည်း သူမက ခေါင်းညိတ်ကာ ထန်ရှုနှင့်အိုးရန်လုလုတို့ ထွက်သွားသည်အား ကြည့်နေခဲ့သည်။ ထို့နောက် သူမက ယန်ဖမ်းချောင်အား ကြည့်ကာ တီးတိုးပြောလိုက်၏"နတ်ဆေးဆရာဝန်ထန်ဘာဆိုလိုတယ်ဆိုတာ မင်း နားလည်လား။ ဆေးတစ်စက်က သွေးကင်ဆာလူနာကို ကုသနိုင်မယ်လို့ ငါ ဘယ်တော့မှ မကြားဖူးဘူး။ သူ ငါတို့ကို ဟာသလုပ်နေတာတော့ မဟုတ်ဘူးမလား....."

"အကြောင်းပြချက်မရှိဘဲ သူ ငါတို့ကို ဟာသလုပ်မှာမဟုတ်ဘူး"ယန်‌ဖမ်းချောင်က အခိုင်အမာပြန်ဖြေ၏"သူက အံ့ဖွယ်ဆရာဝန်တစ်ယောက်ပဲ၊ သူက သေချာပေါက် ကျွမ်းကျင်မှုထိပ်တန်းပဲ။ သူနဲ့ပတ်သက်ပြီး ဘာမှ မမေးနဲ့အုံး၊ လီလီ။ အန်တီကို ခေါ်ပြီး အရင်ကုသကြည့်ရအောင်။ အဆင်မပြေဘူးဆိုရင် သူ့ကို နောက်ထပ်နည်းလမ်းတစ်ခုထပ်ရှာခိုင်းကြတာပေါ့"

"ကောင်းပြီ"ယွဲ့လီက ခေါင်းညိတ်ပြလိုက်သည်။

ထန်ရှုနှင့်အိုးရန်လုလုတို့ ဥရောပစတိုင်စံအိမ်မှ ထွက်လာပြီးနောက် အိုးရန်လုလုက သိချင်စိတ်အပြည့်မျက်နှာနှင့် မေးလာသည်"ဟေး၊ ထန်ရှု။ အဲဒီဆေးအရည်တစ်စက်က သွေးကင်ဆာလူနာတစ်ယောက်ကို ကုသနိုင်တာလား။ အဲဒါက နည်းနည်းတရားလွန်မနေဘူးလား"

"ဆေးကို ငါကိုယ်တိုင် ဖော်စပ်ခဲ့တာ။ သာမန်လူတွေရဲ့ရောဂါကိုတောင် မကုသနိုင်မှတော့ အဲဒါက အမှိုက်ပေါ့ " ထန်ရှုက ပြုံးလျက်‌ ပြော၏"ကောင်းပြီ၊ မစိုးရိမ်ပါနဲ့။ ထိုခန္ဓာကိုယ်သန့်စင်ခြင်းဆေးရည်တစ်စက်က သူမအပေါ်မှာ သက်ရောက်မှုရှိရုံတင်မက သူမရဲ့ခန္ဓာကိုယ်အဖွဲ့အစည်းမှာရှိတဲ့ အန္တရာယ်ပေးတတ်တဲ့သွေးဖြူဥတွေကို အပြီးတိုင် ရှင်းလင်းပေးလိမ့်မယ်၊ ပြီးရင် သူမရဲ့ခန္ဓာကိုယ်အတွက် ကြီးမားသောအကျိုးကျေးဇူး‌တွေ ရှိလာလိမ့်မယ်။ သူမက ဘဝသက်တမ်းတစ်လျှောက် ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေနိုင်မှာ သေချာတယ်၊ မတော်တဆမှုတွေ မဖြစ်ခဲ့ရင်ပေါ့"

ယုံတစ်ဝက်မယုံတစ်ဝက်နှင့် အိုးရန်လုလုက ခေါင်းညိတ်ကာ ထိုကိစ္စနှင့်ပတ်သက်ပြီး ထပ်မစဉ်းစားတော့ပေ။ ထိုအစား သူမက ပြုံးကာ မေးလိုက်သည်"ရှင် ဒီမနက် မနက်စာစားပြီးပြီလား။ ကျွန်မ ရှင့်အတွက် ပြင်ပေးရမလား"

"ဒါ ငါ့ကို သတိပေးလိုက်တာပဲ။ ငါ တစ်လုတ်တောင် မစားရသေးဘူး" ထန်ရှုက ပြုံးလျက် ပြန်ဖြေသည်။

ထို့နောက် သူတို့စုံတွဲက ထမင်းစားခန်းမ၌ ထွက်ပေါ်လာ၏။ ထမင်းစားခန်းမက လူအတော်လေးပြည့်နေသည်။ သို့သော် ထမင်းစားခန်းမ၏တစ်နေရာ၌ မိုယင်က စားသောက်‌နေသည်ကို မြင်ပြီး ထန်ရှက အတော်လေးအံ့အားသင့်သွားသည်။

"ဟယ်လို၊ မစ္စတာမို"လျှောက်လာပြီးနောက် ထန်ရှုက နှုတ်ဆက်ကာ မိုယင်၏မျက်နှာချင်းဆိုင်၌ ထိုင်လိုက်၏။

မိုယင်က ကြည့်လိုက်ပြီး ထန်ရှုအား တွေ့လိုက်ရပြီးနောက် ပျော်ရွှင်စွာ တုံ့ပြန်လိုက်သည်"ဟေး၊ မင်း အချိန်တုန်းက ပြန်ရောက်လာတာလဲ၊ ဘာလို့ ငါ့ကို ကြိုမပြောတာလဲ။ ငါ မင်းကို အရေးတကြီးပြောစရာတစ်ခုရှိတယ်"

ထန်ရှု၏စိတ်ဝင်စားမှုက မြင့်တက်သွားပြီး သူက မေး၏"သုတေသနရလဒ်က ဘယ်လိုလဲ"

မိုယင်က ခေါင်းညိတ်ကာ ပြော၏"ဟုတ်တယ်။ နတ်ဆေးသမားတော်ကွေ့ကျန်းချိုးရဲ့အကူအညီကို ကျေးဇူးတင်ရမယ်၊ ဒါကြောင့် သုတေသနာက ရုပ်လုံးပေါ်လာခဲ့တာပဲ။ လူခန္ဓာကိုယ်မှာ မစမ်းသပ်ရသေးပေမယ့် စမ်းသပ်စစ်ဆေးမှုအချို့တော့ လုပ်ပြီးပြီ။ စမ်းသပ်စစ်ဆေးချက်ရလဒ်အားလုံးက ‌ကျေနပ်စရာပဲ။ လွန်ခဲ့တဲ့နှစ်ရက်ကပဲ လူနာတွေအပေါ် အသုံးပြုဖို့အတွက် နမူနာအချို့ကို ရှန်းဟိုင်ပြည်သူ့ဆေးရုံကို ပို့ခဲ့တယ်"

"ရောဂါဝေဒနာတွေကို ကုသဖို့အတွက်လဲ အသုံးပြုနိုင်တာလား"ထန်ရှုက အံ့အားသင့်စွာ မေးလိုက်သည်။

"ဒါပေါ့"မိုယင်က ပြုံးလျက် အခိုင်အမာပြောလိုက်သည်"အဲဒါက ရောဂါဝေဒနာတွေကို ကုသပေးနိုင်တယ်။ ပြီးတော့ ကျန်းမာတဲ့လူတွေအပေါ်မှာ အသုံးပြုပြီး စမ်းသပ်ချက်အချို့ ပြလုပ်ဖို့ အစီအစဉ်တစ်ခုရှိခဲ့တယ်။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာမှာ ကြောက်လို့ ငါ ပယ်ဖျက်ခဲ့တယ်။ ငါတို့ စောင့်ရင်းနဲ့ ထပ်လေ့လာရမယ်၊ လူနာတွေအပေါ် ဆိုးကျိုးမရှိမှ ကျန်းမာတဲ့သာမန်လူတွေအပေါ် စမ်းသပ်ကြမယ်"

ထန်ရှုက ငြိမ်သွားပြီးနောက် ရုတ်တရက် မေးလိုက်၏"တစ်ယောက်ယောက်ကို ချက်ချင်းလွှတ်ပြီး ရှန်းဟိုင်ပြည်သူဆေးရုံးကနေ နမူနာတွေကို ပြန်ယူလာခိုင်းပါ။ စမ်းသပ်ဖို့အတွက် မင်းကို ငါလူအချို့ ပေးမယ်"

"ဒါပေမယ့် ဘေးထွက်ဆိုးကျိုးအတွက်က....."မိုယုက လျင်မြန်စွာ ပြောလိုက်သည်။

ထန်ရှုက လက်မြှောက်ကာ ကြားဖြတ်ပြော၏"အဲဒါနဲ့ပတ်သက်ပြီး စိုးရိမ်မနေနဲ့၊ နမူနာတွေမှာ ဘေးထွက်ဆိုးကျိုးတစ်ခုခုရှိရင်တောင် ဖယ်ရှားဖို့နည်းလမ်း ငါ့မှာ ရှိတယ်။ ပြီးတော့ ပါမောက္ခမို၊ မင်းအနေနဲ့ မင်းရဲ့သုတေသနရလဒ်ကို မထုတ်ပြန်နဲ့အုံး"

"ဒါက ဘာလို့လဲ"မိုယင်က ခေါင်းရှုပ်စွာ ပြန်မေးလိုက်၏"ဒါက ကောင်းတဲ့အရာတစ်ခုပဲ၊ လူသားမျိုးနွယ်အားလုံးကို အကျိုးရှိစေမှာပဲလေ"

"ပျံ့နှံ့သွားတာနဲ့ မင်းရဲ့သုတေသနရလဒ်က သေချာပေါက် ကမ္ဘာတစ်ဝှမ်း ဂယက်ရိုက်သွားမယ်"ထန်ရှုက ပြော၏"အဲအချိန်ကျရင် လောဘမျက်လုံးတွေက ဒီသုခဘုံစံအိမ်နယ်‌မြေနဲ့မင်းအပေါ် ကျရောက်လာလိမ့်မယ်။ ဒါကြောင့် အစောပိုင်းအခြေအနေမှာ ငါတို့ အဲဒါကို လျှို့ဝှက်ထိန်းသိမ်းထားရမယ်၊ တစ်ချိန်တည်းမှာ မင်းရဲ့‌ဘေးကင်းမှုကို အာမခံရမယ်"

မိုယူက ခဏတွေးပြီးနောက် ထန်ရှုပြောတာ မှန်သည်ဟု ခံစားမိကာ ခေါင်းညိတ်လျက် ပြောလိုက်၏"ကောင်းပြီ၊ ငါ မင်းစကား နားထောင်မယ်။ ပြောရရင် ဒီသုတေသနရဲ့နောက်ပိုင်းအဆင့်တွေနဲ့ပတ်သက်ပြီး ငါတို့ စိုးရိမ်စရာမလိုဘူး။ ရက်အနည်းငယ်ကြာရင် ကြယ်တာရာမြို့ကို ပြန်သွားဖို့ ငါလဲ စီစဉ်နေတယ်။ ထိုနေရာမှာ သုတေသနကို ငါ ပြန်ဆန်းစစ်ကြည့်အုံးမယ်"

"ဒါ အဆင်ပြေတယ်။ မင်း ပြန်နိုင်ပါတယ်"ထန်ရှုက ပြောလိုက်၏။

ထို့နောက် သူက အိုးရန်လုလုအား ဤနေရာတွင်နေရာချထားသောထာဝရခန်းမမှကျွမ်းကျင်သူများအား ခေါ်စေသည်။ သူတို့အား အလုပ်တာဝန်အချို့ပေးပြီးနောက် သူက အိုးရန်လုလုသူ့အတွက်ပြင်ပေးထားသောအစားအစာ အား စတင်သုံးဆောင်ခဲ့သည်။ သို့သော် မိုယင်က သူ၏တူအား ချကာ ထွက်သွားတော့မည့်ဆဲဆဲတွင် တစ္ဆေက အပြင်မှ ဝင်ရောက်လာ၏။

"ဟယ်လို၊ သူဌေး....."

ထန်ရှုအား မြင်ပြီး တစ္ဆေ၏ပျင်းရိနေသောအမူအရာက ချက်ချင်းပျောက်သွားပြီး သူက စိတ်ဝိညာဉ်အားမာန်အပြည့်နှင့် ခေါ်လိုက်၏။

ထန်ရှုက သူ့အား ခေါင်းညိတ်တုံ့ပြန်ကာ မေးလိုက်သည်"ဒါဆို မင်းရဲ့အင်မော်တယ်ကျင့်ကြံခြင်းက တိုးတက်မှုဘယ်လိုရှိလဲ။ အခု မင်း ကျင်းမန်ကျွန်းမှာရှိတဲ့ ထာဝရခန်းမရဲ့ဌာနချုပ်နဲ့  ရင်းနှီးကျွမ်းဝင်နေပြီလား"

တစ္ဆေက အားတင်ပြုံးလျက် တုံ့ပြန်ပြီး ခေါင်းခါပြလိုက်သည်"ဘယ်လိုပြောရမလဲ၊ ငါ စတင်ကတည်းက တစ်ရက်အတွေ့အကြုံက တစ်နှစ်လိုပါပဲ.....ဒါပေမယ့် ငါ့ရဲ့စိတ်စွမ်းအားက မြင့်တက်လာသလို ကျင့်ကြံခြင်းကလဲ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းစဦးအဆင့်ကို ရောက်ရှိ‌နေပြီ"

ကျေနပ်သောအမူအရာနှင့် ထန်ရှုက ခေါင်းညိတ်ကာ ပြော၏"အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို မင်း ရောက်မယ်ဆိုတာ ငါ သိပြီးသား။ တကယ်တော့ မင်းက အလွန်ခိုင်မာတဲ့အခြေခံအုတ်မြစ်တစ်ခုရှိ‌ထားတယ်လေ။ ဒါပေမယ့် မင်းပြောတဲ့ တစ်ရက်က တစ်နှစ်ကျင့်ကြံခြင်းနဲ့ ညီတယ်ဆိုတာ ငါ မသိဘူး။ လုပ်ငန်းစဉ်မှာ မင်း ဘယ်လို ကိစ္စရပ်မျိုး ရှိခဲ့လို့လဲ"

"ကိစ္စရပ်မျှမကဘူး၊ သူဌေး"တ‌စ္ဆေက သက်ပြင်းချလိုက်၏"ပြဿနာကြီးပဲ....ပြီးတော့ သူဌေး၊ မင်းရဲ့တပည့်က အားကောင်းလွန်းတယ်။ သူမ စီရင်ထားတဲ့အစီအရင်က တကယ်ကိုပဲ....."

ထန်ရှုက လက်မြှောက်ကာ ကြားဖြတ်ပြောလိုက်၏"သူမက အရမ်းသန်မာပြီး အစီအရင်မှာ ကြီးကျယ်ခမ်းနားသောအောင်မြင်မှုရှိတယ်ဆိုတာ ငါ သိတယ်၊ မင်း ထပ်ပြောစရာမလိုဘူး။ ဒါပေမယ့် မင်း ရှန်းဟိုင်ကို ရောက်လာမှတော့ ငါ့နောက် လိုက်ရမယ်။ အားဝူနဲ့ကျန်တဲ့လူတွေက နင်မြို့မှာ ကိစ္စတစ်ခု ဖြေရှင်းနေတယ်၊ ဒါကြောင့် မင်းက ငါ့ရဲ့ဒရိုင်ဘာနဲ့ကိုယ်ရံတော်လုပ်ပေါ့"

"ကောင်းပါပြီ"

တစ္ဆေက ချက်ချင်းခေါင်းညိတ်လိုက်၏။

ထို့နောက် ထန်ရှုက သူ့အာရုံအား မိုယင်ထံ ပြောင်းရွှေ့ကာ ပြော၏"မင်း အရင် ပြန်ချင်ပြန်လို့ရပြီ၊ ပါမောက္ခမို။ ငါ မစားရတာ နှစ်ရက်ကျော်ပြီ၊ ဒါကြောင့် ငါ ဗိုက်အရင်ဖြည့်လိုက်အုံးမယ်"

"ကောင်းပါပြီ။ ငါ အရင်သွားတော့မယ်"

သို့သော် မိုယင်က တစ္ဆေအား တစ်ချက်ကြည့်၏။ ထန်ရှုနှင့်တစ္ဆေတို့၏စကားမှ 'ကျင့်ကြံခြင်း'အသုံးအနှုန်းအား ကြားခဲ့သည်။ ယခင်က ကျင့်ကြံခြင်းဆိုသောစကားလုံးက ဘာဆိုလိုသလဲကို နားမလည်ခဲ့သော်လည်း ဒဏ္ဍာရီထဲရှိ ကောင်းကင်ဘုံအင်မော်တယ်များကဲ့သို့ဖြစ်လာရန် ကျင့်ကြံနေသည်ဟု ဆိုလိုမှန်း ယခု သူ နားလည်ခဲ့လေပြီ။

"မစ္စတာထန်"

မိုယင်က ထမင်းစားခန်းမမှ ထွက်သွားပြီးနောက် ဝမ့်ဝေ့က ကမန်းကတန်း ပြေးဝင်လာသည်။ ထန်ရှုဘေးသို့ ရောက်လာပြီးနောက် ဘဏ်ကတ်တစ်ခုအား တရိုတသေကမ်းပေးကာ သူက ပြောလိုက်၏"မစ္စတာထန်၊ ငါတို့ရဲ့လူငယ်စိတ်သဘာဝ‌ကြောင့် ငါတို့ မိုက်မှားမိပါတယ်။ ကျေးဇူးပြုပြီး ငါတို့ရဲ့မသိနားမလည်မှုကို ‌ဗွေမယူပါနဲ့။ ပြောရရင် ဒီဘဏ်ကတ်ထဲမှာ သန်း၂၄၀ရှိတယ်၊ မင်းကို ရန်စမိတဲ့အတွက် ငါ့ရဲ့‌တောင်းပန်ခြင်းလက်မှတ်တစ်ခုအဖြစ် မှတ်ယူပေးပါ။ ဒါက ငါ့မှာရှိသမျှ အကုန်ဖြစ်တာကြောင့် သေးငယ်တဲ့ပမဏတစ်ခုလို့တော့ မမှတ်ယူပါနဲ့"

"အာ"ထန်ရှုက မျက်မှောင်ကြုတ်ကာ မေးလိုက်၏"ဘယ်သူက မင်းပိုက်ဆံလိုချင်လို့လဲ"

ဝမ့်ဝေ့က မသိစိတ်အရ တစ္ဆေအား တစ်ချက်ခိုးကြည့်ကာ ပြန်ဖြေ၏"မင်းက ပိုက်ဆံချစ်တာ ငါသိတယ်၊ မစ္စတာထန်၊ ဒါကြောင့် ဒီဘဏ်ကတ်ထဲကပိုက်ဆံက မင်းအတွက် ငါ့ရဲ့တောင်းပန်ခြင်းလက်မှတ်ပါပဲ။ အနာဂတ်မှာ ဒီလိုအမှားမျိုးထပ်မလုပ်တော့ဘူးလို့ ငါ ကတိပေးပါတယ်၊ မိသားစုအပေါ်မှာ မှီခိုပြီးတော့ အနိုင်ကျင့်တာမျိုးလဲ ထပ်မလုပ်တော့ပါဘူး"

ဤအကောင်၏အမူအရာမှတစ်ဆင့် ဝမ့်ဝေ့၏ပိုက်ဆံပေးသည့်ရည်ရွယ်ချက်ကို ထန်ရှုက သိသည်။ တစ္ဆေက တစ်ခုခုလုပ်ခဲ့သည်မှာ သေချာ၏။ သို့သော် သူ့မျက်စိရှေ့မှောက်လာရောက်ကမ်းလှမ်းပေးသည့်ပိုက်ဆံအား ငြင်းပယ်ရလောက်အောင် သူ မတုံးပေ၊ ထို့ကြောင့် ဘဏ်ကတ်အား ယူကာ အိုးရန်လုလုအား ပစ်ပေးလိုက်သည်။"မင်း ဒါကို ယူလိုက်။ မင်း ဘယ်ဒါမျိုး ဆောက်လုပ်ချင်တယ်ဆိုတာ ဆောက်လုပ်ရေးကုမ္ပဏီကို တိုက်ရိုက်ပြောလိုက်။ အကောင်းဆုံးသာ လုပ်၊ ပိုက်ဆံအတွက် ပူစရာမလိုဘူးလို့ သူတို့ကို ပြောလိုက်"

အိုးရန်လုလုက ဘဏ်ကတ်အား ပျော်ရွှင်စွာ လက်ခံခဲ့သည်။"ကောင်းပြီ၊ သန်း၂၄၀က တော်တော်လေးများပေမယ့် စီမံကိန်းတစ်ခုလုံးအတွက် လိုအပ်တဲ့အရေအတွက်ထက် အများကြီးနည်းသေးတယ်"

ထိုအချိန်တွင် တစ္ဆေက ကြားဖြတ်ပြောလိုက်၏"မပူနဲ့၊ နောက်တစ်ယောက် သန်း၂၄၀ လာပို့အုံးမယ်"

ဝမ့်ဝေ့အား ထွက်သွားခိုင်းပြီးနောက် ထန်ရှုက တစ္ဆေအား ကြည့်ကာ ‌မေးလိုက်သည်"မင်း ဘာလုပ်ခဲ့တာလဲ။ မင်းက ပိုက်ဆံပြတ်နေလို့လား"

"ငါက ပိုက်ဆံမပြတ်ပေမယ့် ကံကြမ္မာကောင်းတစ်ခုက သူ့ရာသူ တံခါးလာခေါက်မှတော့ ငြင်းပယ်ရင် မှားသွားမှာပေါ့၊ မဟုတ်ဘူးလား"တ‌စ္ဆေက ပြုံးစပ်စပ်နှင့် ပြော၏။

ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလျက် ကျောက်စိမ်းပုလင်းတစ်လုံးအား ထုတ်ကာ တစ္ဆေအား ပစ်ပေးလိုက်ပြီးနောက် ပြော၏"အထဲမှာရှိတဲ့အရာက မင်းအတွက် ကြီးမားတဲ့အကျိုးကျေးဇူး ပေးလိမ့်မယ်။ မင်းရဲ့စိတ်အခြေအနေက တိုးတက်လာပြီးဆိုတော့ နောက်ထပ်တိုးတက်မယ့်အခွင့်အရေးကို ဆုပ်ကိုင်တာ အကောင်းဆုံးပဲ"

မကြာခင် ယန်ယန်လည်း ရောက်လာပြီး ဘဏ်ကတ်တစ်ခုအား ပေးလာသည်။ ဤတစ်ခါတွင် သူက အိုးရန်လုလုအား တစ်ခါတောင် လှည့်မကြည့်ဘဲ တစ္ဆေကိုသာ အကြိမ်အနည်းငယ် ခိုးကြည့်ခဲ့သည်။

"မင်းက ငါ့ကို တကယ်ပဲ ဒါ ပေးချင်တာလား"ထန်ရှုက ပြုံးလျက် မေး၏။

"သူဌေးထန်၊ ငါတို့က တကယ်ကို ရေတွင်းအောက်ကနေ ကောင်းကင်ကို မော့ကြည့်နေတဲ့ဖားတွေလိုပါပဲ"ယန်ယန်က ခါးသီးစွာ ပြောလာ၏"မင်းက ဒီလောက်အားကောင်းမယ်ဆိုတာ ငါ မသိခဲ့ဘူး။ ပြီးတော့ လုလု......မဟုတ်ဘူး၊ အိုးရန်လုလုက မင်းရဲ့အမျိိုးသမီးဆိုမှတော့ ငါ သူမအပေါ် ဘာအတွေးမှ မရှိရဲတော့ပါဘူး။ ကျေးဇူးပြုပြီး ဒီပိုက်ဆံကို လက်ခံပေးပါ။ မင်းအနေနဲ့ အနာဂတ်မှာ ငါ့အပေါ် ခက်ခဲတာတွေ မလုပ်ဘူးလို့ ငါ မျှော်လင့်ပါတယ်"

"မျက်မြင်ကိုယ်တွေ့မကြုံရရင် လူတွေက မယုံကြည်ဘူးဆိုတာ မင်း သိပါတယ်။ ဒီတော့ အဆုံးမှာ ရှိသင့်တာထက်ပိုတဲ့ ဆုံးရှုံးမှုနဲ့ အဆုံးသတ်ကြရတာပေါ့"ထန်ရှုက ပြုံးကာ ပြော၏"မင်းနာမည်က ယန်ယန်မလား။ အရူးလို ဆောင်ရွက်ဖို့အတွက်နဲ့ သိုင်းပညာကို မလေ့ကျင့်ဖို့ ငါ မင်းကို အကြံပေးချင်တယ်။ မင်းရဲ့ဝင့်ကြွားတတ်တဲ့သဘာဝကို အမြန်ဆုံးဖျောက်စေချင်တယ်"

"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ မင်း ပြောတာ မှန်ပါတယ်၊ ငါ သေချာပေါက် ငါ့ကိုယ်ငါ အမှားပြင်ပါ့မယ်"ယန်ယန်က ကမန်းကတန်း ‌ပြန်ဖြေ၏။

ထန်ရှုက သူနှင့် ထပ်ပြောလိုစိတ် မရှိတော့ပေ။ ဘဏ်ကတ်အား အိုးရန်လုလုလုထံ ပစ်ပေးပြီးနောက် သူက ပြော၏"ကောင်းပြီ၊ မင်း အခု သွားလို့ရပြီ။ ဒါပေမယ့် မင်းတွေ့ခဲ့တဲ့အရာတွေနဲ့ ပတ်သက်ပြီး မင်း ပါးစပ်ပိတ်ထားဖို့ ငါ မျှော်လင့်တယ်၊ မဟုတ်ရင် မင်းရဲ့ကံကြမ္မာက ဆိုးဆိုးဝါးဝါးအဆုံးသတ်သွားရလိမ့်မယ်"

***

All Chapters