အခွင့်အလမ်းဖွင့်ပေးခြင်း
Vol. 67 Ch. 932
ထန်ရှုက ဒါကို တွေးလိုက်ပြီး အိုးရန်လုလုပြောသည်မှာ မှန်သည်ဟု သိလိုက်သည်။ သူတို့နှစ်ယောက်၏ဆက်ဆံရေးစတင်ကတည်းက သူမနှင့် တရားဝင်မချိန်းတွေ့ရသေးပေ၊ ထို့ကြောင့် သူက ပြုံးကာ ပြောလိုက်သည်"ကောင်းပြီလေ၊ ငါ ဒီကိစ္စပြီးတဲ့အထိ စောင့်နေပါ၊ ပြီးရင် ငါ မင်းနှင့်အတူ အချိန်အချို့ပေးမယ်။ ဘယ်လိုလဲ"
"အရမ်းကောင်းတယ်"အိုးရန်လုလုက ကျေနပ်စွာ ပြန်ဖြေ၏။
ထို့နောက် ထန်ရှုက သူ၏ထိုးထွင်းသိမြင်မှုကို ထုတ်လွှတ်လိုက်သည်။ တစ္ဆေအောက်ထပ်၌ ရှိသည်ကို တွေ့ပြီးနောက် သူက ချက်ချင်းပြောလိုက်၏"လုလု၊ ငါ ဖြစ်နိုင်သမျှ အမြန်သွားချင်တယ်။ ဒါကြောင့် မင်း ငါနဲ့တစ္ဆေအတွက် လေယာဉ်လက်မှတ်တွေ ဘိုကင်ယူထားပေးနိုင်မလား"
"ထိုင်းကို တိုက်ရိုက်သွားဖို့လား" အိုးရန်လုလုက မေး၏"ဘယ်မြို့ကို ရှင် သွားမှာလဲ"
"ငါတို့ ကျင်းမန်ကျွန်းကို အရင်သွားမယ်၊ အဲမှာ လုပ်စရာကိစ္စအချို့ရှိတယ်"ထန်ရှုက ဖြေ၏"ပြီးရင် ငါတို့ ထိုင်းကို သွားမယ်"
"ကျင်းမန်ကျွန်းမှာ ရှင် ဘာလုပ်မလို့လဲ"အိုးရန်လုလုက ပဟေဠိဖြစ်သောအမူအရာနှင့် မေးလာသည်။
"လွန်ခဲ့တဲ့ရက်အနည်းငယ်က ချန်မြို့မှာ ကိစ္စအချို့ တွေ့ဆုံကြုံကြိုက်ခဲ့တယ်။ အဲနေရာကမိတ်ဆွေအချို့ ဒုက္ခရောက်လာဖို့ရှိလို့ သူတို့ကို ကျင်းမန်ကျွန်းကို သွားခိုင်းထားတယ်"ထန်ရှုက ပြန်ဖြေလိုက်သည်"ငါ သူတို့ကို တစ်ချက် သွားကြည့်မလို့"
အိုးရန်လုလုက နားလည်သော်လည်း သူမမျက်နှာက စိုးရိမ်ပူပန်မှု အုပ်ဆိုင်းလာ၏။"ရှင်က အရေးကြီးတဲ့လူတစ်ယောက်ဆိုတာ ငါ သိတယ်၊ထန်ရှု၊ ရှင်က အရမ်းသန်မာတယ်ဆိုလဲ သိတယ်။ ဒါပေမယ့် ရှင်က အန္တရာယ်နေရာတွေကို မကြာခဏ သွားနေရတော့ ဘာပဲဖြစ်ဖြစ် ဘေးကင်းအောင် ဂရုစိုက်ပါ"
"မစိုးရိမ်ပါနဲ့။ ငါ သိပါတယ်"ထန်ရှုက သူမအား ညင်သာစွာ ပွေ့ဖက်ရင်း ပြုံးလိုက်၏။
****
နေဝင်ရီတရောအချိန်ဖြစ်ပြီး ထန်ရှုနှင့်တစ္ဆေတို့က ကျင်းမန်ကျွန်းသို့ ရောက်ရှိလာသည်။ ဆိုက်ရောက်သည်နှင့် ထာဝရခန်းမမှတစ်ယောက်တစ်လေပင် မတွေ့ရသောကြောင့် သူက တက္ကစီတစ်စီးငှားကာ ဌာနချုပ်သို့ သွားလိုက်သည်။
"ဒါနဲ့၊ သူဌေး။ ငါ့မှာသာ ရွေးချယ်စရာတစ်ခုရှိရင် ငါ့တစ်ဘဝလုံး ဒီနေရာမှာ ထပ်ခြေချဖို့ ရွေးချယ်မှာ မဟုတ်ဘူး"ပြတင်းပေါက်မှတစ်ဆင့် ရှုခင်းများအား ကြည့်ရင်း တစ္ဆေက သက်ပြင်းချကာ ရေရွတ်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့မှုအရိပ်အမြွက်တစ်ခုက ထင်ဟပ်နေသည်။
"အာ"အပြုံးတစ်ခုက ထန်ရှုနှုတ်ခမ်းသားပေါ်တွင် ရေးခြယ်သွား၏။ ထို့နောက် သူက ပြော၏"ကောင်းပြီ၊ ကောင်းပြီ။ ကမ္ဘာမှာ မင်းကို ကြောက်ရွံ့စေတဲ့နေရာတစ်ခုရှိမယ်လို့ ငါ မထင်ထားဘူး၊ တစ္ဆေရေ။ ဒါပေမယ့် အဲဒီလိုကြောက်ရွံ့စေတဲ့တစ်ခုခုရှိတာကလဲ ကောင်းတဲ့အရာတစ်ခုပါပဲ"
တစ္ဆေမျက်နှာက ရှုံ့မဲ့သွားပြီး ပြောလိုက်သည်"မင်း ငါ့ကို ဟာသလုပ်လို့မရဘူးလား၊ သူဌေး။ ငါ ဒီနေရာမှာ ဆင်းနေပြီး မင်းတစ်ယောက်တည်း အဲကို သွားလိုက်ရင် မကောင်းဘူးလား။ မင်း သွားမယ့်အချိန်ကျရင် ငါ့ကို ခေါ်လိုက်လေ"
"အဟားဟား....."ထန်ရှုက ရယ်လိုက်မိလေသည်။"ငါ တကယ် အံ့ဩမိတယ်။ မင်း ဒီလောက် ကြောက်နေရအောင် ဘာများဖြစ်ခဲ့လို့လဲ"
တစ္ဆေက နှာခေါင်းပွတ်ကာ ခြောက်ကပ်ကပ်ပြုံးလိုက်သည်"ငါက....ငါက မင်းရဲ့တပည့်ကို ကြောက်တာ၊ သူဌေး။ ငါ အဲဒီအစီအရင်ထဲမှာ ဘယ်တော့မှ ထပ်မနေချင်ဘူး။ အဲနေရာမှာ ဆယ့်သုံးနှစ်လောက်အထိ ကိုယ့်ကိုကိုယ်တိုးတက်အောင် လုပ်ခဲ့ရတာ။ အခု ငါက အသက်၃၂လားဒါမှမဟုတ်၄၅လားဆိုတာ မသေချာတော့ဘူး"
"ဘာပြောတာ" ထန်ရှုက မျက်တောင်ပုတ်ခတ်လျက် မေးလိုက်သည်။
"ဘာပြောရမှာလဲ။ ငါ မင်းရဲ့တပည့်ကို ကြောက်တယ်လို့ ပြောတာ"တစ္ဆေက ထပ်ပြော၏။
"မဟုတ်ဘူးနော်"ထန်ရှုက ခေါင်းခါယမ်းကာ ဆက်ပြော၏"ဆယ့်သုံးနှစ်ခန့်ဆိုတော့ အဲဒါက အတိအကျဘာများလဲ။ ခရိုနိုအချိန်အစီအရင်များလား"
တစ္ဆေက ခေါင်းညိတ်ပြလိုက်သည်"ဟုတ်တယ်၊ အဲဒါ ခရိုနိုအချိန်အစီအရင်ပဲ။ အထဲမှာ အချိန်ကို ၁:၃၆၅စကေးနဲ့ မြှင်တင်ပေးတယ်၊ တစ်ရက်က တစ်နှစ်နဲ့ ညီတယ်။ စဉ်းစားကြည့်လိုက်ပေါ့၊ ဘယ်သူမဆို အထဲမှာ တစ်ရက်၊ ဆယ်ရက်ဒါမှမဟုတ် ရက်တစ်ရာအထိ တစ်ယောက်တည်း နေနိုင်ပါတယ်။ ဒါပေမယ့် ငါက အထဲမှာ ဆယ့်သုံးနှစ်အထိ နေခဲ့ရတာ။ ဒါက ရက်ပေါင်း၄၇၄၅ရက်ပဲ။ အဲဒီလိုနှိပ်စက်မှုမျိုးနဲ့ ထပ်မကျချင်ဘူးပြောတာကတောင် လျှော့ပြောထားတာ"
ဂူယန်အာက အရိပ်နတ်ဆိုးကျူးဝူရှို့၏တပည့်တစ်ယောက်အဖြစ် အလွန်ဆန်းကြယ်သောလျှို့ဝှက်ပညာရပ်တစ်ခုအား သင်ယူခဲ့သည်ကို ထန်ရှုက ရုတ်တရက် အမှတ်ရလိုက်သည်။ ထိုသို့အချိန်မြှင့်တင်ခြင်းအစီအရင်တစ်ခုအား တပ်ဆင်ရန်ဆိုသည်မှာ အခြားသူများအတွက် မဖြစ်နိုင်သော်လည်း ဂူယန်အာအတွက် ဖြစ်နိုင်သည်။ ထို့ပြင် လက်ရှိ သူ အလိုအပ်ဆုံးက ဘယ်အရာနည်း။ အချိန်ပင် ဖြစ်၏။
များမကြာမီ တက္ကစီက အိမ်ရာတစ်ခု၏ကားပါကင်၌ ရပ်ခဲ့သည်။ ဂူရှောင်ရွှယ်က သတင်းကြိုတင်ရထားပြီး စောင့်နေ၏။
ထန်ရှု ကားမှ ထွက်လာသည့်အခိုက်တွင် သူက သူမအား မေးလိုက်သည်"ယန်အာ ဘယ်မှာလဲ"
"ဆရာက အဂ္ဂိရတ်အခန်းမှာ ရှိတယ်"ဂူရှောင်ရွှယ်က ပြန်ဖြေ၏"မစ္စရွှယ်အတွက် ဆေးအချို့ ဖော်စပ်နေတယ်လို့ ပြောတယ်"
ထန်ရှုမျက်ခုံးများက တွန့်သွားသည်။ သူက အဂ္ဂိရတ်ခန်းသို့ သုတ်ခြေတင်လာ၏။ ရောက်သောအခါ ဂူယန်အာက မီးပြင်းဖိုဘေးတွင် ရပ်လျက် ဆေးပင်အချို့အား ပစ်ထည့်နေသည်ကို သူက တွေ့လိုက်ရသည်။ သူမဘေးနားတွင် ကျီချိီမိန်က ဆေးပင်နှင့်ပတ်သက်သည့်စာအုပ်တစ်အုပ်အား တိတ်တဆိတ်ဖတ်နေ၏။
"သခင်....."
သူရောက်လာသည်ကို မြင်ပြီး ကျီချီမိန်က ရိုသေလေးစားစွာ နှုတ်ဆက်လာသည်။
ထန်ရှုက သူမအား ဘာမှမပြောရန် လက်မြှောက်ပြလိုက်၏။ ဂူယန်အာက ဆေးဖော်စပ်ခြင်းဖြစ်စဉ်၏အရေးကြီးသောအခြေအနေတွင် ရှိသည်၊ ထို့ကြောင့် သူက သူမအား မနှောင့်ယှက်ချင်ပေ။
နာရီဝက်ကြာပြီးနောက် မီးပြင်းဖိုနှုတ်ခမ်းက ဟသွားပြီး ကြွယ်ဝသောဆေးရနံများက ပျံ့လွင့်လာသည်။ ဂူယန်အာက လေထဲတွင် လွင့်မျောနေသော ဆေးလုံးအား ဆုပ်ကိုင်လိုက်၏။ ရွှေရောင်အလင်းတောက်ပနေသောဆေးလုံးက သူမလက်ထဲတွင် ထွက်ပေါ်လာပြီး သူမက လျှို့ဝှက်ပညာရပ်တစ်ခုအား ထုတ်ဖော်ကာ ချိတ်ပိတ်ပြီး ကျောက်စိမ်းပုလင်းရှည်ထဲသို့ ထည့်လိုက်သည်။
"ဘာလို့ ရောက်လာတာလဲ၊ ဆရာ"
ဂူယန်အာက ပျော်ရွှင်သွားပြီး ထန်ရှုအား နှုတ်ဆက်လိုက်၏။
"ငါ ဒီနေရာက အနေအထားကို တွေ့ချင်လို့၊ ပြီးတော့ မင်းကို အရေးတကြိီးမေးစရာတစ်ခုခုရှိတယ်"ထန်ရှုက ပြန်ဖြေ၏။
"ကျေးဇူးပြုပြီး မေးပါ၊ ဆရာ"ဂူယန်အာက ပြန်ပြောလိုက်၏။
"မင်း သူ့ကို ခရိုနိုအချိန်အစီအရင်ထဲ ပစ်ထည့်ခဲ့တယ်လို့ တစ္ဆေက ငါ့ကို ပြောတယ်၊ မင်း အရိပ်နတ်ဆိုးကျူးဝူရှို့ရဲ့တပည့်အဖြစ်နဲ့ အချိန်နဲ့ဆက်စပ်တဲ့လျှို့ဝှက်ပညာရပ်တွေ၊ ခရိုနိုအချိန်အစီရင်အတွေ သင်ယူခဲ့တယ်ဆိုတာ ငါ့ကို သတိရသွားစေတယ်"ထန်ရှုက ပြောလိုက်၏"ငါ မေးချင်တာ တစ်ခုရှိတယ်- အထဲမှာ တစ်ယောက်ယောက် ကျင့်ကြံနိုင်လား"
"ရပါတယ်၊ ဘာလို့လဲ"ဂူယန်အာက ခေါင်းညိတ်ပြလိုက်သည်။
အဖြေက ထန်ရှုအား အလွန်ပျော်သွားစေသည်။"ဒါဆို မင်းနဲ့ငါ ယောက်သွားကျွန်းကို သွားရအောင်။ ခရိုနိုအချိန်အစီအရင်ထဲမှာ ကျင့်ကြံတာက အဲမှာရှိနေတဲ့ကလေးအတွက် ကြီးမားတဲ့အခွင့်အရေးတစ်ခုပဲ။ သူတို့က အလျင်အမြန်တိုးတက်လာမှာ သေချာတယ်"
"အာ၊ ဒါက....."ဂူယန်အာက ရယ်ကာ ပြော၏"ငါ့အနေနဲ့ အဲကို သွားဖို့က ပြဿနာတစ်ခုမဟုတ်ဘူး၊ ဒါပေမယ့်......."
"ဒါပေမယ့် ဘာဖြစ်လဲ"ထန်ရှုက မေးလိုက်၏။
"ငါ့ရဲ့ခရိုနိုအချိန်အစီအရင်က စိတ်အခြေအနေကိုလေ့ကျင့်ပေးဖို့စွမ်းရည်ပဲ ရှိတယ်။ ခရိုနိုသလင်းကျောက်နဲ့အစစ်အမှန်စိတ်ဝိညာဉ်မရရင် ကျင့်ကြံခြင်းအရှိန်မြှင့်တင်ဖို့ မဖြစ်နိုင်ဘူး"ဂူယန်အာက ပြန်ဖြေ၏"ဒီရတနာနှစ်ခုရှိရင် ငါ နေရာလပ်-အချိန်အစီအရင်အထူးဒိုင်မန်းရှင်းတစ်ခုကို တည်ဆောက်နိုင်တယ်၊ ပြီးရင် ဘယ်သူမဆို အထဲမှာ နေထိုင်ပြီး ခန္ဓာကိုယ်ရောစိတ်အခြေအနေရော ကျင့်ကြံနိုင်မယ်"
"ရှိတဲ့ခရိုနိုသလင်းကျောက်ကို မင်းအတွက် အသုံးပြုခဲ့တာ၊ လောလောဆယ် ငါ့မှာ တစ်ခုတောင် မရှိဘူး"ထန်ရှုက မျက်မှောင်ကြုတ်လိုက်သည်။"ပြီးတော့ အစစ်အမှန်စိတ်ဝိညာဉ်ကို ရဖို့ဆိုရင် အင်မော်တယ်ကမ္ဘာမှာ ရွှေအင်မော်တယ်ကျွမ်းကျင်သူတွေ နှလုံးသားရှာဖွေရာကျောင်းကို သွားပြီး ကောင်းကင်ဘုံအတိဒုက္ခ၄၉ခုကို ဖြတ်ကျော်ပြီးမှပဲ ရနိုင်တာ။ ဒါ့အပြင် သူတို့က အမှန်အမှား၊ အနှစ်သာရနဲ့ အတွင်းမှအပတို့ကို နားလည်ပြီးရှင်းပြနိုင်ဖို့ လိုအပ်တယ်- ဒီလိုမှ သူတို့က အစစ်အမှန်စိတ်ဝိညာဉ်ကို ရနိုင်တာ။ အင်မော်တယ်ကမ္ဘာဆိုရင်တော့ ဘယ်လောက်ပဲခက်ခက်ခဲခဲ နည်းလမ်းတစ်ခု ရှာလို့ရတယ်။ ဒါပေမယ့် ဒီနေရာက ကမ္ဘာမြေဆိုတော့ ရနိုင်ဖို့ နည်းလမ်းမရှိဘူး"
"ဒီတော့ ငါ ပုံရိပ်ယောင်ခရိုနိုအချိန်အစီအရင်ကိုပဲ ဆင်ပေးနိုင်တယ်။ ဒါရဲ့အသုံးပြုပုံက စိတ်ကို လေ့ကျင့်ပေးတာပဲ။ ဒါက သူတို့ရဲ့အသက်အကန့်အသတ်ကို ကျော်လွန်တဲ့အထိ သူတို့ရဲ့စိတ်အခြေအနေကို တိုးမြှင့်စေလိမ့်မယ်"
ထန်ရှုက တွေးဆပြီးနောက် ပြော၏"စိတ်အခြေအနေတိုးတက်နိုင်ရင်လဲ အဆင်ပြေပါတယ်။ ဒါပေမယ့် ယောက်သွားကျွန်းကို သွားဖို့ အလျင်မလိုဘူး။ မင်း ကောင်းကောင်းကျင့်ကြံထား။ မင်းရဲ့ခန္ဓာကိုယ်ပြဿနာမရှိတော့တာ သေချာရင် သွားလို့ရပြီ"
"ကောင်းပါပြီ။ ငါ အဲအတိုင်း လုပ်ပါ့မယ်"
သူမအဖြေတွင် တောက်ပသောအပြုံးတစ်ခုက ကပ်လျက်ပါရှိလာသည်၊ ထန်ရှု၏စကားများထဲ၌ စိုးရိမ်ပူပန်မှုကို ခံစားမိသောကြောင့်ပင်။ ဒါက သူမအား အတွင်းအပြင်နွေးထွေးစေ၏။
"ဟုတ်ပြီ။ ငါ ချန်မြို့ကလူအချို့ကို ဒိီကို လွှတ်ခဲ့တယ်။ အခု သူတို့ ဘယ်မှာလဲ"ထန်ရှုက မေးလိုက်သည်။
"ချန်မြို့ကလူအချို့ကို လွှတ်ခဲ့တာလား"ဂူယန်အာက ပဟေဠိဖြစ်သောအမူအရာနှင့် မေး၏"ငါ အဲဒါကို မသိဘူးရော်....."
"ငါပဲ သူတို့ကို နေရာချပေးခဲ့တာ၊ ဆရာအဘိုး"ဂူရှောင်ရွှယ်က ကြားဖြတ်ပြောလိုက်၏"ဒါက အသေးအဖွဲကိစ္စတစ်ခုဖြစ်လို့ ဆရာကို မပြောခဲ့ဘူး။ သူတို့ အခု ထာဝရခန်းမမှာ ရှိတယ်။ မင်း သူတို့ကို တွေ့ချင်ရင် ငါ အခုချက်ချင်း သူတို့ကို ခေါ်လိုက်မယ်"
ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်"မလိုဘူး။ ငါ့ကို သူတို့ဆီ ခေါ်သွား။ သူတို့ကို တွေ့ပြီးတာနဲ့ ငါ ထိုင်းကို သွားမယ်"
မျမကြာမီ ထန်ရှုက ဂူရှောင်ရွှယ်နှင့်အတူ ထွက်လာပြီး ဂူယန်အာက ဆေးလုံးကို ယူလျက် ရွှယ်ယုအား ရှာရန် ထွက်သွား၏။
စားသောက်ဆိုင်ဧည့်ခန်းထဲတွင်။
ထန်ရှုက စုန့်တုံလိုင်နှင့်အောင်းဝေတို့အား တွေ့ဆုံခဲ့သည်။ သူတို့အား ထိုင်ခုံတစ်ခုံယူရန် လက်ဝှေ့ယမ်းပြပြီးနောက် သူက ပြော၏"ငါ လျန်မိသားစုထဲကတိုက်ခိုက်ရေးစွမ်းအားမရှိတဲ့သူတိုင်းကို သတ်ပြီးပြိ။ အားနည်းသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေပဲ ကျန်တော့တယ်၊ ဒါကြောင့် မင်းတို့ ဒီနေရာမှာ ပုန်းဖို့ မလိုတော့ဘူး။ ငါတို့စကားပြောပြီးရင် မင်းတို့ ပြန်လို့ရပြီ"
စုန့်တုံလိုင်နှင့်အောင်းဝေ့တို့က အကြည့်များ ဖလှယ်လိုက်ကြသည်။ သူတို့နှစ်ယောက်က ထရပ်ကာ လက်သီးဆုပ်လျက် ထန်ရှုအား ပြော၏"ငါတို့က ကျင့်ကြံပြီး မင်းနောက်လိုက်ချင်တယ်၊ စီနီယာထန်"
"ဟုတ်ပါတယ်။ ကျေးဇူးပြုပြီး ငါတို့ကို လက်ခံပေးပါ၊ မစ္စတာထန်"
အံ့အားသင့်ရင်း သူတို့အား ခဏလေ့လာခဲ့ပြီးနောက် ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်၏"မင်းတို့နှစ်ယောက်လုံးက ဟန်စမ်နဲ့ မတူဘူး။ သူက ငါ သူ့ကို မကယ်ရင် လူသေတစ်ယောက်ဖြစ်နေပြီ။ ဒါပေမယ့်....မင်းတို့နှစ်ယောက်လုံး....မင်းတို့မှာက မိသားစုနဲ့မိတ်ဆွေတွေ ရှိတယ်။ သာမန်ဘဝရဲ့သံယောဇဉ်စိတ်အစွဲအလမ်းတွေက မင်းတို့ကို အနှောင့်အယှက်ပေးလိမ့်မယ်၊ ဒါကြောင့် မင်းတို့နှစ်ယောက်က ငါ့နောက်လိုက်ပြီး အလုပ်လုပ်ဖို့အတွက် မသင့်လျော်ဘူး"
စိတ်ဓာတ်ကျခြင်းက သူတို့နှစ်ယောက်၏မျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။ သို့သော် စုန့်တုံလိုင်က လက်မလျော့ဘဲ အလေးအနက်ပြောလာ၏"ဒါဆို ငါတို့ကို မင်းရဲ့အမည်ခံတပည့်အဖြစ် လက်ခံပေးပါ၊ စီနီယာထန်။ ငါတို့က မင်းထက် အသက်ကြီးပုံပေါ်ပေမယ့် ကျင့်ကြံခြင်းလမ်းကြောင်းမှာ နယ်ပယ်အဆင့်ပိုမြင့်မားတဲ့သူတွေက ဆရာခေါ်ခံရဖို့ ထိုက်တန်ပါတယ်။ ကျေးဇူးပြုပြီး ဒီတံခါးကိုတော့ မပိတ်လိုက်ပါနဲ့။ ငါတို့က မင်းနောက်ကို ရိုးသားစစ်မှန်တဲ့ဆန္ဒနဲ့ လိုက်ချင်တာပါ"
"ငါ လက်မခံနိုင်ဘူး။ ငါ လျှောက်လမ်းနေတဲ့လမ်းကြောင်းက မင်းတို့နဲ့ လုံးဝမတူဘူး"ထန်ရှုက ခေါင်းခါကာ ပြော၏"ငါ မင်းတို့ကို အမည်ခံတပည့်တွေအဖြစ် လက်ခံလိုက်မယ်ဆိုရင် ငါတို့ကြားမှာ ကံကြမ္မာချည်နှောင်မှုဖြစ်သွားလိမ့်မယ်၊ မင်းတို့ကြောင့် ငါ့ရဲ့ကျင့်ကြံခြင်းအပေါ် သက်ရောက်မခံနိုင်ဘူး။ ဒါကြောင့် မင်းတို့နှစ်ယောက်လုံး ဒီကိစ္စကို ထပ်ပြောဖို့ မလိုတော့ဘူး"
ပြောပြီးနောက် သူက ခဏတုံ့ဆိုင်းသွားပြီး အတွေးတစ်ခုက သူ့စိတ်ထဲတွင် ဝင်ရောက်လာကာ ပြောလိုက်၏"ဒါပေမယ့် ငါက မင်းတို့ကို ကျင့်ကြံခြင်းလမ်းကြောင်းပေါ် အခြေချဖို့ လမ်းညွှန်းပေးခဲ့တာဆိုတော့ မင်းတို့ရဲ့ကျင့်ကြံခြင်းလမ်းကြောင်း ရှေ့ဆက်သွားချင်တယ်ဆိုရင် ငါ မင်းတို့ကို ကျင့်ကြံခြင်းအရင်းအမြစ်အချို့ ပေးနိုင်တယ်။ ဒါပေမယ့် မင်းတို့ အဲဒါတွေကို ဝယ်ရမှာနော်"
"ဘာကျင့်ကြံခြင်းအရင်းအမြစ်တွေလဲ"စုန့်တုံလိုင်က ကမန်းကတန်းမေး၏။
"ဥပမာ၊ ဆေးလုံးတွေပေါ့"ထန်ရှုက ပြန်ဖြေ၏။
မျက်လုံးပြူးကျယ်သွားပြီး စုန့်တုံလိုင်က အံ့အားသင့်စွာ မေးလိုက်၏"မင်းက ဆေးလုံးတွေ ဖော်စပ်တာလား"
"ဟုတ်တယ်၊ ငါ အချို့ဖော်စပ်တယ်"ထန်ရှုက ခေါင်းညိတ်ကာ ပြော၏"ဆေးလုံးသန့်စင်တာက အရမ်းခက်ခဲတဲ့ဖြစ်စဉ်တစ်ခုပဲ။ တစ်ကြိမ်မှာငါသန့်စင်နိုင်တဲ့အရေအတွက်က နည်းနည်းပဲ၊ ဒါကြောင့် တန်ဖိုးက အရမ်းဈေးကြီးတယ်"
"ဘယ်လောက်ပဲဖြစ်ဖြစ် ငါတို့ ဝယ်ပါ့မယ်"စုန့်တုံလိုင်က အလျင်စလိုမေး၏"ဒါပေမယ့် တန်ဖိုးက အတိအကျဘယ်လောက်လဲ၊ ဘယ်လိုဆေးမျိုးလဲ"
"မင်း အဲဒါနဲ့ပတ်သက်ပြီး ရှောင်ရွှယ်ကို မေးနိုင်တယ်"ထန်ရှုက ပြုံးကာ ပြော၏"သူမက ထာဝရခန်းမရဲ့လက်ရှိမန်နေဂျာပဲ၊ ပြီးတော့ ငါ့ရဲ့မြေးတပည့်ပဲ။ မင်းတို့ဆေးဝယ်ချင်ရင် သူမနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်တယ်"
***