← Chapters

အကျိုးအမြတ်ရရှိခြင်း

Vol. 67 Ch. 933

အကျိုးအမြတ်ရရှိခြင်း

Vol. 67 Ch. 933

ပင်လယ်‌ရေငံရနံက အပူလှိုင်းနှင့်အတူ ရိုက်ခတ်သင်းပျံ့လာပြီး လှိုင်းသံများက ကမ်းခြေအား တဒုန်းဒုန်းထုနေ၏။ အနက်ရောင်မာစီးဒီးဘင့်ဇ်SUVကားတစ်စီးက ကမ်းခြေလမ်းတစ်လျှောက် အရှိန်တင်လျက် မောင်းနှင်လာနေသည်။

သို့သော် လန်ရိုဗာSUVကား‌လေးစီးက အနောက်မှ  လိုက်လာနေသည်ကို မြင်ပြီး ကားနောက်ခန်းတွင် ထိုင်နေသောထန်ရှုက ပဟေဠိဖြစ်သွား၏။

"ဒီကားတွေကို ဖြေရှင်းပေးရမလား၊ သူဌေး"

တစ္ဆေက ပြောင်းချောသေနတ်အား အသင့်ပြင်ထား၏။ ခရိုနိုအချိန်အစီအရင်မှ ထွက်လာပြီးနောက် သူက လုံးဝကွဲပြားသောလူတစ်ယောက်အဖြစ် ပြောင်းလဲသွားပုံရသည်။ သူက စိတ်လိုက်မာန်ပါနှင့်မဆင်မခြင်လုပ်တတ်သောကလေကချေလူငယ်တစ်ယောက်နှင့် တူလာသည်။

ထန်ရှုက သူ့အား တစ်ချက်ကြည့်ကာ သာမန်မျှစွာ ပြော၏"အချိန်ရရင် မင်း မိန်းမအချို့ရှာပြီး ချစ်တမ်းကစားသင့်တယ်။ မင်းရဲ့အတွင်းထဲမှာ တွန်းအားမာန်အားတွေ များနေတယ်၊ ဒါကြောင့် မင်း ပေါက်ကွဲထုတ်သင့်တယ်"

"အာ"

တစ္ဆေ၏ရှက်‌ကြောက်တတ်သောအမူရာက ရေခဲရေနှင့်ပက်လိုက်သည့်အလား ချက်ချင်းအေးခဲသွားပြီး သူက ထန်ရှုအား ခြောက်ကပ်ကပ်ပြုံးလျက် ပြော၏"ငါ အမျိုးသမီးတွေကို မရှာခဲ့ဘူးလို့ ဘယ်သူပြောလဲ။ လွန်ခဲ့တဲ့သုံးရက်ကပဲ ငါ အလှလေး‌ခြောက်ယောက်နဲ့ ဘဝအကြောင်းစကားပြောခဲ့ပြီး သူတို့နဲ့အတူ အိပ်ရာဝင်ခဲ့တာပဲ"

ကားမောင်းနေရင်း ဂူထို့၏မျက်လုံးများက တောက်ပနေသည်။ သူက ကားအရှိန်အား တင်လိုက်ပြီးနောက် ဘေးသို့ ကြည့်ကာ ပြောလိုက်၏"သူဌေး၊ အနောက်ကကားတွေလိုပဲ ငါတို့အရှေ့မှာ ကားလေးစီးရှိတယ်"

"ရပ်လိုက်...."ထန်ရှုက အမိန့်ပေးလိုက်သည်။

ဂူထို့က ခေါင်းညိတ်ကာ ကားအရှိန်‌လျော့လျက် လမ်းဘေးတွင် ရပ်လိုက်၏။ ထန်ရှုဘေးနားတွင် ထိုင်နေသော ကျန်းကြွယ်က အမြန်ဆင်းပြီး ထန်ရှုအတွက် တံခါးဖွင့်ပေးကာ အသံနှိမ့်လျက် ပြော၏"ကားရှစ်စီးမှာ လူဆယ့်ခြောက်‌‌ယောက်ရှိပါတယ်၊ သူဌေး။ သူတို့ရဲ့အသွင်အပြင်အရ သိုင်းပညာရှင်တွေ ဖြစ်မယ်"

ထန်ရှုက ကားပေါ်မှ ဆင်းပြီး စီးကရက်တစ်လိပ်အား သောက်ရင်း အရှေ့အနောက်သုတ်ခြေတင်လာနေသောလူဆယ့်ခြောက်ယောက်အား ကြည့်‌နေသည်။ ထို့နောက် သူ့မျက်လုံးများက အရှေ့လူရှစ်‌‌ယောက်၏ခေါင်းဆောင်အပေါ်သို့ ကျရောက်သွား၏။

"ဟယ်လို၊ မစ္စတာထန်"

အနှီလူက ငယ်ရွယ်ပြီးလူကြီးလူကောင်းဆန်ပုံရကာ ရွှေရောင်မျက်မှန်ကို ဝတ်ဆင်ထားလျက် လက်ဆွဲအိတ်တစ်ခုအား သယ်ဆောင်ထား၏၊ နာမည်ကြီးအမှတ်တံဆိပ်ဝတ်စုံက သူနှင့် ပနံသင့်လှသည်။ ထန်ရှုအ‌ပေါ် သူ့အမူအရာက ရိုသေလေးစားသဖွယ် ရှိ၏။

သူ့အား ခဏလေ့လာပြီးနောက် အကြည့်အား အဝေးရှိ ပင်လယ်ပြင်သို့ ပြောင်းလိုက်ပြီး ထန်ရှုက သာမန်ဆန်စွာ ပြော၏"ကမ်းခြေလမ်းပေါ်မှာ မင်းက ဒီလိုလူအုပ်ကြီးနဲ့ ငါ့ကို လာတားတာပဲ။ မင်း ဒုက္ခအချို့ရှာနေတာလားဒါမှမဟုတ်အကူအညီတောင်းချင်တာလား။ ပထမ၊ ငါ မင်းကို ပြောမယ်။ ဒုက္ခရှာတာပဲဖြစ်ဖြစ်၊ အကူအညီတောင်းတာပဲဖြစ်ဖြစ် ငါ့မှာ အချိန်မရှိဘူး။ ဒီတော့ မင်း အခုပဲ ထွက်သွားလို့ရပြီ"

ထိုလူက ပြောလိုက်၏"ငါတို့က ဒုက္ခရှာနေတာလဲ မဟုတ်သလို အကူအညီလာတောင်းတာလဲ မဟုတ်ပါဘူး၊ မစ္စတာထန်။ ငါ့သခင်မက မင်းကို တွေ့ချင်တာကြောင့်ပဲ"

"အချိန်မရှိဘူး"

သူက ထိုင်းသို့ သွားရန် အလျင်လို‌နေသည်၊ ထိုအမျိုးသမီးအတွက် သူ့တွင် ဘယ်လိုလုပ် အချိန်ရှိနိုင်မည်နည်း။

မျက်နှာက တင်းမာသွားပြီး ထိုလူက ခြောက်ကပ်ကပ်ပြုံးလျက် ပြောလိုက်၏"ငါက အိုးရန်အုပ်စုရဲ့ဒုစီအီးအိုစွန်းပါပါ၊ သူဌေးထန်။ ငါ့သခင်မက အရှေ့ကီလိုမီတာအနည်းငယ်က ကမ်းခြေမှာ ရှိတယ်။ မင်း သူမကို မတွေ့ချင်ဘူးဆိုရင် ငါ မင်းကို မတားရဲပါဘူး၊ ဒါကြောင့် ငါ သခင်မကို ချက်ချင်းတင်ပြလိုက်ပါမယ်"

အိုးရန်အုပ်စုက သခင်မလား။

သူ့မျက်နှာက ထူးဆန်းသောအမူအရာဖြစ်သွားပြီး ထန်ရှုက မေးလိုက်၏"သူမက အိုးရန်လုလုရဲ့အမေလား"

"သူမက သခင်မလေးရဲ့အမေပါ"ထိုလူက ပြုံးလျက် ပြန်ဖြေသည်။

"အား....ချီး...."

T

ထန်ရှုက စိတ်ထဲ၌ ဆဲမိသွားသည်။ အခြားတစ်ယောက်သာဆိုလျှင် သူက ဂရုမစိုက်သော်လည်း ဤအမျိုးသမီးက အိုးရန်လုလု၏အမေ၊ သူ၏အနာဂတ်ယောက္ခမဖြစ်သည်။ သူက ဘယ်လောက်ပင် ဝင့်ကြွားနေပါစေ၊ ဤအမျိုးသမီးအား ရိုသေလေးစားရပေမည်။ ထန်ရှုက စီးကရက်အား ပစ်ထုတ်ကာ အားတင်စွာ ပြုံးလျက် ပြောလိုက်၏"သူမဘယ်သူလဲဆိုတာ ဘာလို့ စောစောမပြောခဲ့တာလဲ။ သူမကို မတွေ့ဘူးလို့ ငါ မပြောရဲပါဘူး။ ဒါနဲ့ ဘာလို့ သူမက ငါ့ကို ရှာရတာလဲ"

"ကျွန်တော်က တောက်တိုမည်ရအစေခံကောင်လေးတစ်ယောက်သာသာပါပဲ၊ မစ္စတာထန်။ အဲဒါကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။ သိခဲ့ရင်တောင် မင်းက အိုးရန်တွေရဲ့အနာဂတ်သမက်လေ၊ ငါက ပြောပိုင်ခွင့်မရှိပါဘူး"

အဟွတ်၊ အဟွတ်.....

အဖြေက ထန်ရှုအား ချောင်းဆိုးစေသည်။ သူက လက်ဝှေ့ယမ်းကာ ပြောလိုက်၏"ကောင်းပြီလေ။ ဒါဆို ငါ့ကို လမ်းပြပေးပါ"

မိနစ်အနည်းငယ်ကြာပြီးနောက် ကားတန်းက ကီလိုမီတာအနည်းငယ်ရှိကမ်းခြေလမ်းတစ်နေရာ၌ ရပ်ခဲ့သည်။ ထန်ရှုက ကားပေါ်မှ ဆင်းပြီး အနီးနားရှိကမ်းခြေပေါ်တွင် အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက်ရပ်နေသည်ကို တွေလိုက်ရ၏။ သူမက ‌လက်နောက်ပစ်လျက် ရပ်နေသည်၊ ထို့ကြောင့် သူမ၏အသက်အရွယ်အား သူ မခန့်မှန်းနိုင်ပေ။ သို့သော် သူမက ကမ္ဘာကြီးနှင့်သဟဇာတဖြစ်သည့်အလား ပြီးပြည့်စုံစွာ ပေါင်းစပ်နေသလို ခံစားရစေ၏။

"ကျွမ်းကျင်သူတစ်ယောက်"ထန်ရှုက စိတ်ထဲ၌ ချီးကျူးလိုက်သည်။ သူမအ‌နောက်သို့ တစ်ယောက်တည်း လာရင်း သူက နှုတ်ဆက်လိုက်၏"ခင်ဗျားက....ကျွန်တော်ကို တွေ့ချင်တာလား"

မူချင်ရှင်းက လှည့်လာပြီး သူမ၏အပြုံးနှင့်အတူ ကျက်‌သရေအသွင်အား ထန်ရှုအား ပြသလိုက်ချေသည်။ သူမက လုလုနှင့် ဆင်တူကာ ပိုရင့်ကျက်သောဗားရှင်းတစ်ခုဖြစ်၏။ သူမလက်ကောက်ဝတ်ရှိခေါင်းလောင်းလေးများ မြည်နေရင်း သူမက ညှို့ဓာတ်ပါသောအသံနှင့် ဆိုလာ၏"ဒါက ငါတို့ရဲ့ပထမဆုံးတွေ့ဆုံမှုမလား၊ ထန်ရှု"

"ဒါက တကယ်ကို ပထမဆုံးတွေ့ဆုံမှုပါပဲ၊ အန်တီ"ထန်ရှုက ပြုံးလျက် ဖြေ၏"ဒါပေမယ့် အဒေါ်က ကျွန်တော်ထင်တာထက် ပိုငယ်ရွယ်ပုံပေါ်နေတာပဲ"

မူချင်ရှင်းက ပြုံးကာ သူမလက်အား ရုတ်တရက် မြှေက်လိုက်၏။ သူမက ပင်လယ်အား လက်ညှိုးထိုးကာ မေးလိုက်သည်"ဒါနဲ့ပတ်သက်ပြီး မင်း ဘာခံစားရလဲ"

မေးခွန်းကို ကြားပြီး ထန်ရှုက ခေါင်းရှုပ်သွား၏၊ မူချင်ရှင်း၏စိတ်ထဲ၌ မည်သည့်အတွေးမျိုးရှိသည်ကို သူက မဖော်ထုတ်နိုင်ပေ။ သို့သော် ‌သူက ဖြေလိုက်ပါသေးသည်"မြစ်ချောင်းတွေက ပင်လယ်ကို ဦးတည်နေတယ်။ ပင်လယ်က ကျယ်ပြန့်ပြီး အဆုံးမဲ့တယ်"

"‌နောက်ရော"မူချင်ရှင်းက မေး၏။

"နောက်ထပ်လား"သူမ ဘာစဉ်းစားနေသည်ကို မဖော်ထုတ်နိုင်သောကြောင့် ထန်ရှုက ခဏတွေးကာ ‌မေးလိုက်၏"ဘယ်လိုရှုထောင့်မျိုးကို ရည်ညွှန်းချင်တာလဲ"

"မင်းရဲ့အမြင်ထဲမှာ အဲဒါက ဘယ်လိုရှိလဲ။ ကြီးမားသလားဒါမှမဟုတ်အရေးမပါဘူးလား"မူချင်ရှင်းက ပြုံးလျက် မေးလာ၏။

"လူက ရေကနေ စတင်ဖြစ်ပေါ်တယ်၊ ပင်လယ်က ဒီရေရဲ့သွေးကြောပဲ"ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏"ပင်လယ်ရဲ့ခန္ဓာကိုယ်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကမ္ဘာ‌မြေပေါ်ရှိသမုဒ္ဒရာတစ်ခုလုံးပဲဖြစ်ဖြစ်၊ ကျွန်တော့်မျက်လုံးထဲမှာတော့ အစက်တစ်တစ်စက်မျှ၊ အသေးအဖွဲမျှပဲ"

"အသေးအဖွဲလား။ ဒါဆို မင်းက အဲဒါကို သိမ်းပိုက်စိုးမိုးနိုင်လား"မူချင်ရှင်းက မေးလိုက်၏။

ဂုဏ်ယူသောမျက်နှာနှင့် ထန်ရှုက ပြန်ဖြေ၏"ငါ လိုအပ်တာ အချိန်ပဲ။ ငါ့ကို အချိန်အချို့ပေးပါ၊ ငါ့ရှေ့ကပင်လယ်အသာထား၊ ကမ္ဘာတစ်ခုလုံးကတောင် ငါ့အတွက် ဘာမှမဟုတ်ဘူး"

သူမက ခေါင်းညိတ်ကာ ထပ်မေး၏"ငါက ကမ္ဘာတစ်ခုလုံးကို မင်းလို အသေးအဖွဲ့တစ်ခုအဖြစ် ပြောင်းလဲချင်တယ်ဆိုရင် အောင်မြင်ဖို့အတွက် ဘာနည်းလမ်းတွေ ငါ လိုအပ်မလဲ"

သူမစိတ်ထဲ၌ ဘာရှိသည်ကို ထန်ရှုက ချက်ချင်းစဘောပေါက်သွားသည်။ မူချင်ရှင်း၏ပြုံးယောင်သမ်းနေသောမျက်နှာအား ကြည့်ရင်း သူ၏သိုလှောင်လက်စွပ်မှ ကျောက်စိမ်းပုလင်းနှစ်လုံးနှင့်ကျင့်ကြံခြင်းကျမ်းစာတစ်အုပ်အား ယူထုတ်လိုက်သည်။ ထို့နောက် သူက ပြော၏"ဒီစာအုပ်ထဲမှာပါတဲ့ကျင့်ကြံခြင်းနည်းစနစ်ကို ဆုပ်ကိုင်နိုင်ပြီး ကောင်းကင်ဘုံတာအိုရဲ့အတားအဆီးကို ချိုးဖြတ်နိုင်ရင် အင်မော်တယ်ကမ္ဘာကို တက်လှမ်းနိုင်လိမ့်မယ်။ ပြီးတော့ ဒီပုလင်းနှစ်လုံးထဲမှာ အဆီအနှစ်စုဆောင်းခြင်းဆေးအလုံးနှစ်ဆယ်ပါတယ်။ ဒီ‌ဆေးလုံးကို ကိုယ်တိုင်ခက်ခက်ခဲခဲသန့်စင်ထားတာ၊ ဒါကြောင့် သာမန်ပစ္စည်းတွေလို့ မမှတ်ယူပါနဲ့"

မူချင်ရှင်း၏မျက်လုံးများက တောက်ပသွား၏။ လက်ခုပ်တီးပြီးနောက် သူမက ထန်ရှုအား ကြည့်ကာ ညင်သာစွာ ပြော၏"လုလုက မျက်လုံးကောင်းတွေ ရှိတာပဲ။ သူမက ငါ့ရဲ့အဖိုးတန်သမီးလေးပဲ၊ ဒီနေ့ သူမကြောင့် ငါ အကျိုးအမြတ်ရမယ်လို့ မထင်ထားခဲ့ဘူး။ မျိုးဆက်တိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်ကံကြမ္မာနဲ့ကောင်းချီးတွေ ရှိတာ အမှန်ပါပဲ။ ဒါပေမယ့် ငါ မင်းရဲ့ကတိကို လိုချင်တယ်"

ထန်ရှုက ခဏနှူတ်ဆိတ်သွားပြီး သူက ဖြေလိုက်၏"သူမ ငါ့ကို မစွန့်လွှတ်သရွေ့ ငါ သူမကို ထာဝရဂရုစိုက်မှာပါ"

"မင်း စမ်းသပ်ချက်အောင်မြင်သွားပြီ"မူချင်ရှင်းက ကျေနပ်မှုအပြည့်နှင့် ပြော၏"ဒါပေမယ့် ငါ မင်းကို မေးချင်တာ တစ်ခုရှိတယ်။ မင်း ငါ့ကို အဲဒါပေးနိုင်မယ်ဆိုရင် အခုကစပြီး မင်းက အိုးရန်အိမ်ရဲ့သမက် ဖြစ်လာလိမ့်မယ်"

"ဒါဆို အဲဒါက ဘာများလဲ"ထန်ရှုက မေး၏။

"၁၂ရာသီခွင်ကျောက်စိမ်းရုပ်ထဲကတစ်ခုခု" မူချင်ရှင်းက ဖြေလိုက်သည်။

ထန်ရှု၏အမူအရာက ပြောင်းလဲသွား၏။ တုံ့ဆိုင်းခြင်းမရှိဘဲ သူက ငြင်းပယ်လိုက်သည်"မလိုက်လျောနိုင်တဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်။ ကျောက်စိမ်းရုပ်တစ်စုံလုံးက ၁၂ရုပ်ရှိတယ်။ တစ်ခုဒါမှမဟုတ်ဆယ့်တစ်ခုပဲရှိတာက အသုံးမဝင်ဘူး၊ တစ်စုံလုံးကပဲ ကျွန်တော်အတွက် အသုံးဝင်တယ်။ အန်တီမူ၊ ၁၂ရာသီခွင်ကျောက်စိမ်းအရုပ်တွေက အရေးကြီးလွန်းတယ်- ‌ခဏက ကျွန်တော်ပေးခဲ့တဲ့ဆေးလုံးနဲ့ကျင့်ကြံခြင်းနည်းစနစ်တွေထက် အဆသန်းချီ ပိုအရေးကြီးတယ်"

ထန်ရှုအား ပြင်းပြင်းရှရှတစ်ချက်ကြည့်ပြီးနောက် မူချင်ရှင်းက သူမပခုံးပေါ်ရှိ အိတ်အား ယူကာ အထဲမှ အသက်ရှ်ိသလိုထင်ရသောအနီရောင်ကျောက်စိမ်းခွေးရုပ်တစ်ရုပ်အား ယူထုတ်၏။ ထို့နောက် သူမက ထန်ရှုအား ကမ်းပေးကာ ပြုံး၍ ပြောလိုက်သည်"ကြွယ်ဝမှုအကြောင်းပြောရရင် အိုးရန်အိမ်က မင်းနဲ့ မယှဉ်နိုင်မှာကို ငါ ကြောက်တယ်။ မင်းရဲ့မျက်လုံးထဲဝင်နိုင်လောက်မယ့်ခန်းဝင်ပစ္စည်းက မရှိမှာ သေချာတယ်၊ ဒါကြောင့် ဒိီကျောက်စိမ်းရုပ်ကို လုလုရဲ့ခန်းဝင်ပစ္စည်းအတွက် ငါ ပေးမယ်။ မင်း ဘယ်လိုထင်လဲ"

ကျောက်စိမ်းခွေးရုပ်လား။

ပီတီဖြစ်သလိုအကြည့်က ထန်ရှု၏မျက်လုံးများထဲ၌ ထွက်ပေါ်လာ၏။ ၁၂ရာသီခွင်ကျောက်စိမ်းရုပ်၁၂ရုပ်ထဲကတစ်ခုဖြစ်သည်ကို အတည်ပြုပြီးနောက် သူက မူချင်ရှင်း၏အပြုံးပန်းမျက်နှာအား ကြည့်ကာ အလေးအနက်ပြောလိုက်တော့၏"ဒါက လုံလောက်တာထက် ပိုပါတယ်။ အန်တီ၊ ကျေးဇူးတင်ပါတယ်"

"ငါ မင်းကို လုလုအတွက် ခန်းဝင်ပစ္စည်းပေးပြီးပြီဆိုတော့ ငါ မင်းဆီက တစ်ခုခု လိုချင်သေးတယ်"မူချင်ရှင်းက ပြုံးကာ ပြော၏"ဒါပေမယ့် ငါ့အတွက်တော့ ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်။ လုလုရဲ့အဖေက အမွေအနှစ်တွေ၊ ရှေးဟောင်းပစ္စည်းတွေ ကြိုက်တယ်။ အသိအမှတ်ပြုပစ္စည်းအနေနဲ့ မင်းမှာ သင့်လျော်တာ တစ်ခုခုရှိလား"

ထန်ရှုက ခဏစဉ်းစားပြီး သူ့လက်ကို ညင်သာစွာ ဖြန့်လိုက်၏။ ကြီးမားသောရွှေရောင်နဂါးခေါင်းတစ်လုံးက သူ့လက်ထဲ၌ ထွက်ပေါ်လာသည်။ ပစ္စည်းက အလွန်လေးလံသော်လည်း သူ့အပေါ် ဖိအားအများကြီးမရှိပေ။ ထို့နောက် သူက ပြော၏"ဒီရွှေနဂါးခေါင်းဆိုရင် ဘယ်လိုလဲ၊ အန်တီ"

"ဒါက....."

မူချင်ရှင်းရဲ့နှလုံးက ခုန်ကသွားသည်။ သူမက ဤရွှေနဂါးခေါင်း၏မူလဇာစ်မြစ်နှင့်ပတ်သက်ပြီး ကြားဖူးသည်၊ ၎င်းက နိုင်ငံရတနာတစ်ခုဖြစ်သည်။ အတိတ်တွင် ဤပစ္စည်းကြောင့် ‌သွေးမုန်တိုင်းထန်ခဲ့ဖူးသည်။ သူမက ရုတ်တရက် လက်မခံရဲပေ။

သူမအမူအရာအရ မူချင်ရှင်းက ကျေနပ်ခြင်းမရှိသည်ဟု ထင်ကာ ထန်ရှုက ချက်ချင်းပြောလိုက်၏‌"ဒါကို အန်ကယ် မကြိုက်လောက်ဘူးထင်ရင် ကျွန်တော်....."

မူချင်ရှင်းက သူမလက်အား ကပျာကယာမြှောက်ကာ အားတင်ပြုံးလျက် ကြားဖြတ်ပြောလိုက်သည်"ဒါ လုံ‌လောက်ပါတယ်။ ငါ တုံ့ဆိုင်းနေတယ်ဆိုတာက ဒါက တန်ဖိုးရှိလွန်းပြီး သိမ်းထားရမှာ ပူလောင်လွန်းလို့ပါ"

"ဟားဟား"ထန်ရှုက ရယ်လိုက်သည်"ဒီရွှေနဂါးခေါင်းက တန်ဖိုးရှိတယ်ဆိုပေမယ့် လုလုနဲ့ နည်းနည်းလေးမှ မယှဉ်နိုင်ပါဘူး။ ငါက ဒီပစ္စည်းကို ဦးလေးကို ပေးဖို့ ရည်ရွယ်ထားမှတော့ အိုးရန်အိမ်ကို ပြဿနာရှာရဲတဲ့သူ တစ်ယောက်မှ မရှိဘူးလို့ ငါ ယုံတယ်။ ပြီးတော့ အန်တီက ကျင့်ကြံခြင်းနည်းစနစ်စာအုပ်တစ်အုပ်ကို ရထားတာပဲ၊ အနာဂတ်မှာ အိုးရန်အိမ်ရဲ့စွမ်းအားက အကြီးအကျယ်တိုးလာမှာပါ၊ အန်တီ စိတ်ပူစရာမလိုလောက်ဘူး ထင်ပါတယ်"

သူမက ခဏတွေးပြီး ထန်ရှုပြောတာ မှန်သည်ဟု ခံစားမိသည်။ ဤရွှေနဂါးခေါင်းက အလွန်တန်ဖိုးရှိသော်လည်း ရှေးဟောင်းကျင့်ကြံခြင်းနည်းစနစ်စာအုပ်နှင့်ယှဉ်လျှင် အများကြီးနိမ့်သည်။ သူမက စာအုပ်တောင် လက်ခံရမှတော့ ဤပစ္စည်းအား လက်ခံရန် ဘာကြောင့် ကြောက်ရွံ့နေရမည်နည်း။

"ဒါဆို ငါ ဒီပစ္စည်းကို ယူပြီ၊ ထန်ရှု"

ထို့နောက် မူချင်ရှင်းက တစ်ခုခုအား ယူထုတ်လာပြီး ထန်ရှုအား ကမ်းပေးလိုက်သည်။ သူမက ပြော၏"ဒါက မြေပုံအပိုင်းအစတစ်ခုပဲ၊ ဒဏ္ဍာရီရတနာတွေကို မြှုပ်နှံထားတဲ့ရတနာမြေပုံတစ်ခုလို့ ပြောကြတယ်၊ ဘာလဲဆိုတာ ငါကိုယ်တိုင်တောင် မရှင်းလင်းဘူး။ ငါ အိမ်ပြန်ပြီး သီးခြားကျင့်ကြံအုံးမယ်။ ဒါကြောင့် ငါ မင်းကို ဒါ လက်ဆောင်ပေးတာ၊ မင်းစိတ်ဝင်စားရင် သွားရှာကြည့်ပေါ့"

ရတနာမြေပုံအပိုင်းအစတစ်ခုလား။

သိုးရေနှင့်လုပ်ထားသောမြေပုံအား ထန်ရှုက ဂရုတစိုက်စစ်ဆေးခဲ့သည်။ မြေပုံပေါ်တွင် သင်္ကေတများစွာ ရှိသည်။ သူ့အမူအရာက ပြောင်းလဲသွား၏၊ မြေပုံပေါ်တွင် မှတ်သားထားသောမြေအနေအထားက သူ့အတွက် အတော်လေးရင်းနှီးနေသောကြောင့်ပင်။

***

All Chapters