← Chapters

ငါ့ကိုသတ်နိုင်တဲ့သူ မမွေးသေးဘူး

Vol. 67 Ch. 934

ငါ့ကိုသတ်နိုင်တဲ့သူ မမွေးသေးဘူး

Vol. 67 Ch. 934

နွေဦးနေပြင်းက ချစ်ချစ်တောက်ပူသော်လည်း ထန်ရှုအတွက် မသက်မသာဖြစ်ခြင်းအလျဉ်းမရှိပေ။ တစ်ဖက်တွင် ပင်လယ်လေပြေလေညှင်းကို ရှုရှိုက်ရင်း ငြိမ်းချမ်းမှုကို ခံစား‌နေရသည်။ သူက ရှေးဟောင်းကျင့်ကြံခြင်းကျမ်းစာ၊ ဆေးနှစ်ပုလင်းနှင့် ရွှေနဂါးခေါင်းတို့အား ပေးလိုက်ရသော်လည်း လုံးဝစိတ်ကျေနပ်ခဲ့သည်။

ကျောက်စိမ်းခွေးက သူ အပူတပြင်းရှာနေသောပစ္စည်းဖြစ်သည်။ လက်ရှိတွင် သူက ကျောက်စိမ်းနွား၊ ကျား၊ နဂါး၊ ယုန်၊ မျောက်နှင့် ကြက်တို့အား ရရှိထားသည်။ သူက ကျောက်စိမ်းဝက်၏တည်‌နေရာအား သိထားပြီဖြစ်၏၊ ၎င်းက အမှောင်နတ်ဆရာမျိုးနွယ်စုမှစင်းလုအန်၏အကိုစင်းခေါထံတွင် ရှိ၏။ ထို့အပြင် မြောင်ဝမ်ထန်က နောက်ထပ်၁၂ရာသီခွင်ကျောက်စိမ်းရုပ်တုတစ်ခု၏သတင်းအား ရရှိထားပုံရသည်။

"အချိန်ကျပြီ၊ သူဌေး"

ကျန်းကြွယ်က အနီးသို့ ရောက်ရှိလာပြီး တင်ပြလာခဲ့သည်။

သူ့အား ခေါင်းညိတ်တုံ့ပြန်ပြီးနောက် ထန်ရှုက ကျောက်စိမ်းခွေးရုပ်အား သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်၏။ ထို့နောက် သူက မူချင်ရှင်းထွက်သွားရာဘက်သို့ ကြည့်ကာ ပြုံးလျက် ဆိုလေသည်"မင်း သိလား၊ အိုးရန်အိမ်က အတော်လေးစိတ်ဝင်စားစရာကောင်းတယ်၊ ငါ့ရဲ့အနာဂတ်ယောက္ခမကတော့ ပိုတောင် လေးစားစရာကောင်းတယ်။ သူမက ကျင့်ကြံသူတစ်ယောက်မဟုတ်ပေမယ့် ကောင်းကင်ဘုံနှင့်လူတစ်သားတည်းဖြစ်ခြင်းအဆင့်ကို ရောက်ရှိထားပြီး ချီသန့်စင်ခြင်းအထွတ်အထိပ်အဆင့်ရှိတယ်။ သူမက ငါတွေ့ဖူးသမျှ‌ရှေးဟောင်းသိုင်းပညာအသိုင်းအဝိုင်းထဲမှာ အထင်ကြီးစရာအကောင်း‌ဆုံးကျွမ်းကျင်သူပဲ။ အိုးရန်အိမ်က ကျင်းမန်ကျွန်းမှာ အကြီးမားဆုံးမိသားစုဖြစ်တာ အံ့ဩစရာမရှိဘူးပဲ"

"အိုးရန်အိမ်နဲ့ပတ်သက်ပြီး ငါ အတော်လေးသိတယ်"ကျန်းကြွယ်က ပြော၏"ခေါင်းဆောင်ရဲ့အမျိုးသမီးက အထူးခြားဆုံးပုံရိပ်ပဲ။ သူမက အရမ်းဆန်းကြယ်တယ်။ အတိတ်မှာ ဒီမိသားစုက ကပ်ဘေးအချို့ရင်ဆိုင်ခဲ့ရပြီး သူမကပဲ အားလုံးဖြေရှင်းပေးခဲ့တယ်"

ထန်ရှုက သူ့အား လှည့်ကြည့်ကာ ပြုံးလျက် မေး၏"သူမရဲ့နောက်ခံက ဘာလဲ"

"ငါ အဲဒါနဲ့ပတ်သက်ပြီး မသိဘူး"ကျန်းကြွယ်က ပြော၏"ငါ စုံစမ်းလို့မရနိုင်ခဲ့ဘူး"

"မင်း မစုံစမ်းနိုင်ခဲ့ဘူးလား"ထန်ရှုက မျက်မှောင်ကြုတ်ကာ ပြော၏"ဒါက အတော်လေးစိတ်ဝင်စားစရာကောင်းတယ်။ ကောင်းပြီ၊ ထိုင်းကို ရောက်တဲ့အခါကျရင် ငါ ပုံတစ်ပုံ ဆွဲပေးမယ်။ ပြီးရင် မင်းရဲ့ဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး ရှောင်ရွှယ်ကို ပို့လိုက်။ သူမကို အဲပုံရဲ့ဒီဇိုင်းကို စစ်ဆေးပေးဖို့ပြော"

"ဘာပုံလဲ"ကျန်းကြွယ်က မေးလိုက်သည်။

"ငါ့ယောက္ခမရဲ့ခါးတစ်ဝိုက်မှာဝတ်ထားတဲ့ရှေးဟောင်းကျောက်စိမ်းအဆင်တန်ဆာကို မင်း သတိမပြုမိဘူးလား"ထန်ရှုက မေး၏"အဲဒီကျောက်စိမ်းအဆင်တန်ဆာက ထူးခြားတဲ့လူအချို့ ဝတ်တဲ့အရာပဲ၊ ပုံမှန်အားဖြင့် သူတို့ရဲ့အထောက်အထားကို ဖုံးကွယ်ဖို့အတွက်ပဲ"

ရုတ်တရက် ထန်ရှုက တစ်ခုခုအား သတိရကာ သူ့ဟန်းဆက်အား ထုတ်လိုက်၏။ သူက ရွှယ်ယု၏ဖုန်းနံပါတ်အား ခေါ်ကာ မေးလိုက်သည်"ကျင်းမန်ကျွန်းကအိုးရန်မိသားစုနဲ့ပတ်သက်ပြီး ငါ မေးချင်တာ တစ်ခုခုရှိတယ်။ ခေါင်းဆောင်ရဲ့ဇနီးမူချင်ရှင်းရဲ့‌နောက်ခံနဲ့ပတ်သက်ပြီးတော့ပဲ။ မင်း သူမအကြောင်း ဘယ်လောက်သိလဲ"

"တော်တော်လေးသိတယ်"ရွှယ်ယုက ပြန်ဖြေ၏။

"ငါ့ကို ပြောပြ။ သူမရဲ့ဇာစ်မြစ်က ဘာလဲ"ထန်ရှုက မေးလိုက်သည်။

"မူချင်ရှင်းက ရသေ့ကလန်တွေထဲကတစ်ခုပဲ။ အဲဒီကလန်ရဲ့အဖွဲ့ဝင်တွေက လောကီကမ္ဘာနဲ့ ထိတွေ့ခဲတယ်။ လူမှုအဖွဲ့အစည်းက အလျင်အမြန်တိုးတက်ဖွံ့ဖြိုးလာပေမယ့် သူတို့က အပြင်ကမ္ဘာမှသာမန်ပစ္စည်းတွေကို အသုံးမပြုကြဘူး။ သူတို့က အပြင်ကမ္ဘာနဲ့ သီးခြားထားပြီး ရှေးခေတ်က လူတွေလိုပဲ နေထိုင်တယ်။ သူတို့က အနှောင်အဖွဲ့မရှိ၊ လောကီစိုးရိမ်ပူပန်မှုတွေမရှိတဲ့အပူအပင်မဲ့ဘဝကို လိုက်စားတယ်။ ဒါပေမယ့် မူချင်ရှင်းက သူမကလန်ရဲ့ထူးခြားတဲ့မျိုးဆက်တစ်ယောက်ပဲ။ ငါ ဘိုးဘေးနဲ့အတူ အဲဒိီရသေ့ကလန်တွေဆီ သွားလည်ဖူးတယ်၊ ဒါကြောင့် ငါ သိနေတာ"

"ဒီ‌ရသေ့ကလန်က ဘယ်မှာနေတာလဲ"ထန်ရှုက မေး၏။

"ယူနန်စီရင်စုရဲ့တောင်တန်းအချို့မှာ" ရွှယ်ယုက ပြန်ဖြေလိုက်သည်။

"ဒီကလန်ရဲ့အဖွဲ့ဝင်တစ်ယောက်က ချီသန့်စင်ခြင်းအထွတ်အထိပ်ကို ရောက်နိုင်တယ်ဆိုတော့ ဒီကလန်က မရိုးရှင်းဘူးပဲ"ထန်ရှုက ခေါင်းညိတ်ကာ ဆက်ပြော၏"ဒီကလန်ရဲ့အကြီးအကဲတွေက ပိုတောင်အထင်ကြီးစရာကောင်းမယ်လို့ ငါ ယူဆတယ်။ အရေးကြီးဆုံးကတော့ သူတို့က ကျင့်ကြံသူတွေ မဟုတ်သလို သိုင်းပညာရှင်တွေလဲ မဟုတ်ဘူး။ အခြားတစ်ဖက်မှာ သူတို့က အခြားကျင့်ကြံခြင်းလမ်းကြောင်းမှာ ရှိနေတာပဲ"

"သူတို့ကျင့်ကြံတာက သူတို့ရဲ့စိတ်ဝိညာဉ်နဲ့နှလုံးသားပဲ"ရွှယ်ယုက ပြော၏။

"အာ၊ မင်းက ဒါလဲ သိတာပဲလား"ထန်ရှုက ပြုံးကာ ပြောလိုက်၏"ကောင်းပြီလေ။ ငါ ထိုင်းကို သွားရတော့မှာဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်မှပဲ မင်းကို ပြန်ခေါ်တော့မယ်။ ငါ ပြန်ရောက်တာနဲ့ မင်းကို လာ‌တွေ့မယ်"

"ကောင်းပြီ။ ဘေးကင်းအောင်ဂရုစိုက်ပါ"

ထန်ရှုသွားသည့်နေရာတိုင်းတွင် အန္တရာယ်အချို့အား အမြဲတမ်း ကြုံတွေ့ရသည်ကို ရွှယ်ယုက သိသည်၊ ထို့ကြောင့် သူ့အား ဂရုစိုက်ဖို့ သူမက သတိပေးမိသည်။

"မစိုးရိမ်ပါနဲ့"ထန်ရှုက ပြုံးလျက် ပြန်ဖြေ၏"ငါ့ကိုသတ်နိုင်တဲ့သူတွေက ဒီကမ္ဘာမှာ မမွေးသေးဘူး၊ ဒါကြောင့် ငါ့ကို ခြိမ်းခြောက်နိုင်တာ ဘာမှမရှိဘူး။  မင်းကိုယ်မင်းပဲ ဂရစိုက်။ မင်းရဲ့ကျင့်ကြံခြင်းက မြန်မြန်ဆန်ဆန်တိုးတက်ခဲ့တယ်၊ ဒါက မင်းအတွက် အကောင်းကြီးပဲ မဟုတ်ဘူး၊ မင်းရဲ့လက်ရှိအဆင့်ရဲ့အခြေခံအုတ်မြစ်ကို တည်ငြိမ်အောင် လုပ်ရမယ်၊ မင်းရဲ့စွမ်းအားကို အမြန်ဆုံးထိန်းချုပ်နိုင်ဖို့ ကြိုးစား"

"ဟုတ်ပါပြီ၊ ငါ ကြိုးစားမှာပါ"

****

ညသန်းခေါင်ယံအချိန်တွင် ထန်ရှုက ထိုင်းနိုင်ငံ၏မြို့‌တော်ဘန်ကောက်သို့ ရောက်ရှိလာ၏၊ သူနှင့်အတူ တစ္ဆေ၊ ကျန်းကြွယ်နှင့်ဂူထောင်တို့သုံးယောက်လုံး ပါလာသည်။ ဘန်ကောက်က ထိုင်းနိုင်ငံ၏အကြီးဆုံးမြို့ဖြစ်သည်၊ နတ်သမီးမြို့ဟု အမည်တွင်ပြီး အရှေ့တောင်အာရှတွင် ဒုတိယအကြီးဆုံးမြို့ဖြစ်၏။ ဤမြို့က ထိုင်းနိုင်ငံ၏နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ သိပ္ပံနှင့်နည်းပညာတို့စုဝေးရာ ဗဟိုချက်ဖြစ်သည်။

ဘန်ကောက်က အဖိုးတန်ကျောက်မျက်ရတနာများရောင်းဝယ်ရာဗဟိုတစ်ခုဖြစ်ပြီး တိုင်းပြည်စီးပွားရေး၏၄၄ရာခိုင်နှုန်းကို ရယူထားသည်။ ထို့ပြင် ၎င်း၏ခရီးသွားလုပ်ငန်းက အလွန်တိုးတက်ပြီး ကမ္ဘာတွင် လူသိအများဆုံးခရီးသွားမြို့တစ်ခုအဖြစ် တစ်နှစ်ရရှိခဲ့သည်။

လေဆိပ်က ထွက်လာသည်နှင့် ကျန်းကြွယ်က ထန်ရှုဘေးနားသို့ လျှောက်လာကာ တင်ပြ၏"ငါ  သတင်းရလာတယ်၊ သူဌေး။ မစ္စကျန်းက ကျောက်ဖယားမြစ်အနီးနားကကြယ်ငါးပွင့်အမန်ဒါဟိုတယ်မှာ နေတယ်။ လောလောဆယ် သူမ ဟိုတယ်မှာ မရှိဘူး၊ မဲခေါင်မြစ်ပေါ်က ဓာတ်ပုံရှုတင်တစ်ခုကို ရောက်နေတယ်။ ပြီးတော့ မနေ့က သူမ ပြဿနာအချို့ ကြုံတွေ့ခဲ့ရတယ်လို့ ပြောတယ်။ လုယက်ခံရပြီး သူမရဲ့နိုင်ငံကူးလက်မှတ်၊ ပိုက်ဆံအိတ်နဲ့ အခြားပါလာတဲ့ပစ္စည်းတွေ ပါသွားတယ်၊ ပြီး‌တော့ လူအချို့ရဲ့ခြိမ်းခြောက်ဖုန်းခေါ်မှုတွေလဲ ရှိတယ်"

ထန်ရှုက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏"ဒါဆို သူမရဲ့ဓာတ်ပုံရှုတင်နေရာကို သွားကြတာပေါ့၊ ပြီးတော့ ကျော်ကြားတဲ့ကျောက်ဖယားမြစ်အကြောင်းကို ငါ ကြားဖူးတယ်"

"ဟုတ်တယ်၊ ဒီကျောက်ဖယားမြစ်ကို မေနမ်ကျောက်ဖယားမြစ်လို့လဲ ခေါ်တယ်၊ ဒီတိုင်းပြည်ရဲ့အရှည်ဆုံးနဲ့အကြီးဆုံးမြစ်ပဲ၊ ဒီနေရာမှာ မြစ်တွေရဲ့မိခင်လို့ ခေါ်ကြတယ်"ကျန်းကြွယ်က ဆက်ပြော၏"၎င်းရဲ့အလွန်အဆင်ပြေတဲ့ရေလမ်းပို့ဆောင်ရေးကြောင့် အရှေ့ဗီးနစ်မြို့လို့လဲ ခေါ်ကြတယ်။ ဒါနဲ့ ငါတို့ အဲကို ကားနဲ့ အရင်သွားရမယ်၊ ပြီးရင် အနီးနားက ရပ်ကွက်ကို ခြေကျင်သွားရမယ်။ ပြီးမှ ကျောက်ဖယားလှေသင်္ဘောတွေနဲ့ မစ္စကျန်းရှိတဲ့နေရာကို ဆက်သွားရမယ်"

"မင်း ဒီနေရာနဲ့ ပတ်သက်ပြီး အားလုံးသိနေမှတော့ မင်းပဲ ဒီခရီးကို သေချာဂရုစိုက်လိုက်ပါ" ထန်ရှုက ပြောလိုက်၏။

"နားလည်ပါပြီ"ကျန်းကြွယ်က ‌ရိုသေလေးစားစွာ ခေါင်းညိတ်ပြလိုက်သည်။

တစ္ဆေက ကားတစ်စီးခေါ်ရန် ထွက်သွားသည်။ များမကြာမီ ဟောင်းနွမ်းစုတ်ပြတ်နေသောကားတစ်စီးကို မောင်းလျက် ရောက်ရှိလာသည်။ သူက ဒရိုင်ဘာခုံမှ ခုန်ဆင်းပြီး ရှက်ကိုးရှက်ကန်းမျက်နှာထားနှင့် ပြုံးဖြဲဖြဲပြော၏"ဒီကောင်လေးက ကောင်းတယ်၊ သူဌေး။ စီးရင်းနဲ့ လေညှင်းခံရသလို ခံစားချက်က တကယ်မိုက်တယ်"

ဘယ်နေရာမှ၊ ဘယ်လို ကားရလာသည်အား မမေးတော့ဘဲ ထန်ရှုက နောက်ခုံတွင် တိုက်ရိုက်‌နေရာယူကာ ပြောလိုက်၏"ငါ ကားမောင်းသမားမဖြစ်ချင်ဘူး၊ မင်း ကြိုက်ရင် မင်းပဲ လုပ်"

ထန်ရှု၏စိတ်ဝင်မစားသောတုံ့ပြန်ချက်ကို မြင်ပြီး တစ္ဆေက ရယ်လိုက်လေတော့သည်။ သူက ကားမောင်းသမားလုပ်မည့်အတွေးအား လက်လျော့ကာ အရှေ့ထိုင်ခုံသို့ တက်ပြီး ပြောလိုက်၏"ဒါနဲ့ ကျောက်ဖယားမြစ်မှာ လည်ဖို့ထိုက်တန်တဲ့ နေရာတစ်ခုရှိတယ်။ သိမ်မွေ့ကြွေကျပွင့်ဖတ်လို့ ခေါ်တယ်။ ဒါပေမယ့်......"

"ဒါဆို အဲဒီသိမ်မွေ့ကြွေကျပွင့်ဖတ်က ဘယ်နေရာမှာလဲ"ထန်ရှုက မေးလိုက်သည်။

ထန်ရှုဘေးတွင်ထိုင်နေသောကျန်းကြွယ်က ရှင်းပြလိုက်၏"သိမ်မွေ့ကြွေကျပွင့်ဖတ်က အပျော်စီးသင်္ဘောတစ်စင်းပဲ၊ သူဌေး။ လက်မှတ်ရှိသူတွေပဲ တက်လို့ရတယ်။ ဒီသင်္ဘောကို ထိုင်းနိုင်ငံမြေအောက်လောကရဲ့မူလီကြီးဖြစ်တဲ့ခါနာဂျာပိုင်ဆိုင်တယ်။ အခြားအပျော်စီးသင်္ဘောတွေမှာမရနိုင်တဲ့အရာတွေကို ဒီသင်္ဘောမှာ ရနိုင်တယ်။ မင်းမှာ ပိုက်ဆံရှိသရွေ့ မိန်းမလိုချင်လား၊ လူသတ်ခိုင်းချင်လား အကုန်ရတယ်....."

ဒါက ထန်ရှုအား မျက်မှောင်ကြုတ်သွားစေပြီး သူက မေး၏"ဒီခါနာဂျာဆိုတဲ့ကောင်က ဒီနေရာမှာ တော်တော်လေးအားကောင်းတာလား"

"အရမ်းအားကောင်းတယ်။ သူက အဖြူကို အမဲလုပ်လို့ရသလို အမဲကို အဖြူလုပ်လို့ရတယ်"ကျန်းကြွယ်က ပြန်ဖြေ၏။

"သူနဲ့ အမှောင်နတ်ဆရာကလန်နဲ့ ယှဉ်ရင် ဘယ်သူ ပိုအားကောင်းလဲ" ထန်ရှုက မေး၏။

ကျန်းကြွယ်က အနည်းငယ်တုံ့ဆိုင်းသွားပြီး အားတင်းပြုံးလျက် ပြောလိုက်၏"ဒါတော့ ငါ မသိဘူး၊ သူဌေး။ အမှောင်နတ်ဆရာကလန်က အပြင်ကမ္ဘာနဲ့ ထိတွေ့ဆက်ဆံတာ ရှားတယ်။ သူတို့ကို နှိုင်းယှဉ်ဖို့ ခက်ခဲတယ်"

ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည်"ဟုတ်ပါပြီ။ ကျန်းရှင်ယာရှိတဲ့ရှုတင်ကို သွားကြတာပေါ့။ ထိုင်းကိုလာတဲ့ငါ့ရဲ့အဓိကရည်ရွယ်ချက်က အမှောင်နတ်ဆရာကလန်ရဲ့သခင်လေးစင်းခေါလက်ထဲမှာရှိတဲ့ကျောက်စိမ်းဝက်အတွက်ပဲ၊ ဒါကြောင့် ဒီ‌နေရာမှာ ပြဿနာအရှုပ်အထွေး‌တွေ ငါ မလုပ်ချင်ဘူး"

ညရောက်လာပြီးဖြစ်၏၊ ကျောက်ဖယားမြစ်၏ညမြင်ကွင်းက နေ့မြင်ကွင်းနှင့် လုံးဝမတူပေ။ ခရီးသွားအပျော်စီးသင်္ဘောများက မြစ်ကြောင်းတစ်လျှောက် လွန်းပြန်သွားလာနေပြီး ရောင်စုံအလင်းများက တဖျပ်ဖျပ်လက်ကာ အိမ်မက်ဆန်သောညရှုခင်းအား အဆင်တန်ဆာဆင်နေလျက်ရှိ၏။ ညနက်နေပြီးဖြစ်သော်လည်း ပျာပန်းခတ်လှုပ်ရှားနေသေးသည်။

ယခု ထန်ရှုတို့လေး‌ယောက်သားအဖွဲ့က ကျောက်ဖယားအမြန်‌လှေဖြစ်သည့်ရိုးရှင်းသောလှေတစ်စင်းပေါ်သို့ တက်ခဲ့သည်။ လှေက လေညင်းနှင့်အတူ လှမ်းရင်းသွားရင်း မကြာခင် ဆိပ်ကမ်းငယ်တစ်ခုသို့ ချဉ်းကပ်သွား၏။ ကျောက်ချပြီး ကမ်းကပ်ပြီးနောက် သူတို့လေးယောက်က ဆင်းကာ မြစ်နံဘေးလမ်းအား ဖြတ်လျက် ဆန်းပြားသောအဆောက်အဦးတစ်ခုဆီသို့ ဦးတည်လာခဲ့၏။

ကရင်း၊ ကရင်း၊ ကရင်း....

ဖုန်းသံ မြည်လာပြီး ကျန်းကြွယ်က ကိုင်ကာ ပြော၏။ ထို့နောက် သူက ထန်ရှုဘေးသို့ လျှောက်လာကာ ပြောလိုက်၏"မစ္စကျန်းက ပြဿနာတချို့‌ တွေ့နေပုံရတယ်၊ သူဌေး။ ဒါပေမယ့် သူမရဲ့ကိုယ်ရံတော်တွေက ဖြေရှင်းပြီးပြီ။ ဒါပေမယ့် ခဏကကျွန်တော်ရတဲ့သတင်းအရဆိုရင် ပြဿနာလုပ်တဲ့လူတွေရဲ့နောက်ခံက နည်းနည်းခက်ခဲဖွယ်ရှိတယ်။ ကျန်းရှင်းယာရဲ့နောက်လာမယ့်ရှုတင်က ချောမွေလောက်မှာ မဟုတ်ဘူး"

"အတိအကျ ဘာဖြစ်ခဲ့တာလဲ"ထန်ရှုက မေး၏။

"တစ်ယောက်ယောက်က မစ္စကျန်းကို ညစာစားဖို့ဒါမှမဟုတ်တစ်ခုခုအတွက် ဖိတ်ခေါ်ခဲ့တယ်"ကျန်းကြွယ်က ရှင်းပြလိုက်၏"သူမက ဖိတ်ခေါ်တာကို ငြင်းခဲ့လို့ တစ်ဖက်လူက သူမကို ပြဿနာရှာခဲ့တယ်၊ ဒါကြောင့် သူတို့ကို သူမရဲ့ကိုယ်ရံတော်တွေက ရိုက်နှက်ခဲ့တယ်"

ကရင်း၊ ကရင်း၊ ကရင်း.....

ဤတစ်ကြိမ်တွင် ထန်ရှု၏ဖုန်းက ရုတ်တရက် မြည်လာသည်။ ဖုန်းစခရင်အား ကြည့်လိုက်ပြီးနောက် သူက ဖုန်းကိုင်ကာ ပြောလိုက်၏"ဟေး၊ ဝမ်းကွဲ။ မင်း ငါ့ကို ကျန်းရှင်းယာရဲ့ကိစ္စနဲ့ပတ်သက်ပြီး ရှာနေတာလား"

"ဟုတ်တယ်၊ မင်း ထိုင်းသွားတယ်လို့ ငါ ကြားတယ်"ချူရီက ပြောလာသည်"သူမ အဲမှာ ပြဿနာအချို့ ကြုံနေပုံပဲ၊ မင်း သွားရင်းနဲ့ သူမကို တစ်ချက်ကြည့်ပေးနိုင်မလား"

"ငါ ဒီကို လာတဲ့ ရည်ရွယ်ချက်တစ်ခုက သူမနဲ့ တွေ့ဖို့ပဲ"ထန်ရှုက ဖြေလိုက်သည်"ပြီးတော့ ငါ မင်းကို ပြောစရာတစ်ခုရှိတယ်။ သူမရဲ့အချိန်ဇယားမှာ နောက်ထပ်အလုပ်တွေ ထပ်မထည့်နဲ့တော့။ အချို့ကိစ္စတွေ ပယ်ဖျက်လို့ရရင် ပယ်ဖျက်လိုက်.....။ သူမက လက်ရှိမှာ စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခု ခံစားနေရတယ်။ ဒီအခြေအနေမှာ သူမ အလုပ်တွေပဲဆက်လုပ်ရင် ဒုက္ခများသွားလိမ့်မယ်"

"သူမက အလုပ်စွဲလမ်းသူတစ်ယောက်ဖြစ်သွားတယ်လို့ ငါလဲ ကြားတယ်"ချူရီက အားတင်ပြုံးလျက် ပြန်ဖြေ၏"ကောင်းပြီ၊ မင်း သူမနဲ့သူငယ်ချင်းဆိုမှတော့ မင်းပဲ ဒီကိစ္စကို ကူညီဖြေရှင်းပေး။ ငါ သူမရဲ့အလုပ်အားလုံး ရပ်ထားလိုက်မယ်"

"ငါ သိပြီ...."

ထန်ရှုက ပြန်ဖြေကာ ဖုန်းချလိုက်သည်။ သူက ကျန်းကြွယ်ဘက်လှည့်ကာ စကားပြောလိုက်သည်"မင်း ‌နေရာအတိအကျစုံစမ်းထားတယ်မလား။ မင်းပဲ ရှေ့က ဥိီးဆောင်သွားတော့"

ကျန်းကြွယ်က အမိန့်အား လိုက်နာကာ ရှေ့မှ ဦးဆောင်လျက် သူတို့က မိနစ်အနည်းငယ်ခြေကျင်လျှောက်လာခဲ့ကြသည်။ ကျောက်ဖယားမြစ်ကမ်းပါးပေါ်ရှိ မီးအိမ်အလင်းများ‌အောက်၌ ကျန်းရှင်းယာ၏ပုံရိပ်အား မြင်တွေ့လိုက်ရသည်။ လက်ရှိအချိန်တွင် သူမက ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်လျက် စာရွက်စာတမ်းတစ်ခုအား ဖတ်နေသည်။ အမျိုးသားနှစ်ယောက်နှင့်အမျိုးသမီးနှစ်ယောက်ကလည်း သူမဘေးပတ်လည်တွင် ရှိ၏၊ ကိုယ်ရံ‌တော်လေး‌ယောက်က အနီးနားတွင် ရှိကာ ပတ်ပတ်လည်အား သေသေချာ‌ချာစောင့်ကြည့်နေကြသည်။

***

All Chapters