အချစ်က ဒီလောက်တောင် နက်ရှိုင်းတာလား
Vol. 67 Ch. 935
နေ့ဖြစ်စေသို့မဟုတ်ညဖြစ်စေ၊ တစ်ယောက်ယောက်နှင့်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ၊ ဆိုးရွားသောခံစားချက်တစ်ခုက ကျန်းရှင်းယာအား လွှမ်းခြုံထားလျက်ရှိ၏။ အသက်ရှုလိုက်တိုင်း စိတ်ဓာတ်ကျနေသည်၊ အသက်ရှုလိုက်တိုင်း နာကျင်မှုများက လေနှင့်အတူ တိုးဝှေ့ပါလာသည်။ သူမ၏စွမ်းအင်အားလုံးကို အလုပ်ပေါ်တွင် ပုံအပ်ထားခြင်းဖြင့် သူမက ထိုနာကျင်မှုအား ယာယီမေ့နိုင်မည်ဟု တွေးထားခဲ့သည်။
ဘန်ကောက်က အလွန်လှပသောနေရာတစ်ခုဖြစ်ပြီး ကျောက်ဖယားမြစ်၏ညမြင်ကွင်းက ပိုတောင်စွဲမက်စရာကောင်းလှသည်။ သင်္ဘောများ၊ အဆောက်အဦးများက ရောင်စုံအလင်းများအား ထုတ်လွှတ်နေကာ သံလျှပ်တစ်ခုအလား လှပလွန်းနေ၏၊ သို့သော် သူတို့အားလုံးက ကျန်းရှင်ယာ၏စိတ်အာရုံအား မဖမ်းစားနိုင်သလို သူမရင်ထဲရှိဆိုးရွားသောခံစားချက်ကိုလည်း မမောင်းထုတ်နိုင်ပေ။
"ညီမလေးရှင်းယာ။ ငါ ပြောတာ နားထောင်ပါ။ ဒီနေရာမှာ ရှုတင်မလုပ်တော့ဘဲ ထွက်သွားကြရအောင်။ ပြီးရင် ငါတို့တွေ အခြားနေရာတစ်ခုကို ရွေးကြမယ်လေ။ လူမိုက်တွေက ငါတို့ဆီ ပြဿနာပြန်လာရှာအုံးမယ်လို့ ငါ စိတ်ထင်နေတယ်"ကျန်းရှောင်ယုက တိုက်တွန်းလိုက်သည်။ သူမမျက်နှာပေါ်တွင် စိုးရိမ်သောအကြည့်တို့ တည်ရှိနေပြီး သူမက ကျန်းရှင်းယာရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်တော့၏။
"သူက ရုတ်ရုတ်ရုတ်ရုတ်လာလုပ်ရင်တောင် ငါတို့တွေ ကြောက်စရာမလိုဘူး၊ ရှောင်ယု။ ပြီးတော့ ကုမ္ပဏီက စိတ်ချရတဲ့ကိုယ်ရံတော်တွေ စီစဉ်ပေးထားတာပဲ"ကျန်းရှင်းယာက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေ၏"ပြီးတော့ ငါတို့က ဒေသခံရဲတွေကို တင်ပြထားပြီးပြီမလား။ ဒါက ဘန်ကောက်လေ၊ ရဲတွေက ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေမှာ မဟုတ်ဘူး"
"မင်း နည်းနည်းလောက် ရင့်ကျက်စမ်းပါ၊ ကောင်မလေး"ကျန်းရှောင်ယုက အားတင်းပြုံးလျက် ပြော၏"ဘန်ကောက်မကလို့ဘာပဲဖြစ်ဖြစ်၊ ဒီနေရာက သူ့ရဲ့ပိုင်နက်ပဲ။ လက်ပါးစေတွေက သူဌေးထက် ပိုရင်ဆိုင်ရခက်တယ်လို့ လူတွေက ပြောကြတယ်။ ပြီးတော့ ငါတို့က ဒေသခံတွေ မဟုတ်ဘူး၊ နဂါးတစ်ကောင်ဘယ်လောက်အားကောင်းကောင်း ဒေသခံမြွေတစ်ကောင်ကို မဖိနှိပ်နိုင်ပါဘူး။ ဒီလူ ဆိုးဝါးတာ တစ်ခုခုလုပ်လာရင် ငါတို့ မကာကွယ်နိုင်လောက်ဘူး"
ကျန်းရှင်းယာက ခဏနှုတ်ဆိတ်သွား၏။ သို့သော် သူမက ခေါင်းခါယမ်းကာ ပြော၏"ငါတို့ရဲ့မားကတ်တင်းဗီဒိီယိုရှုတင်က မပြီးသေးဘူး။ ဒီကိုလာဖို့ဆိုတာ ခက်တယ်၊ ဒါကြောင့် လမ်းတစ်ဝက်လောက်မှာ ငါတို့ လက်လျော့လို့မရဘူး။ ငါ့ကို ထပ်ဖျောင်းဖျဖို့မလိုတော့ဘူး၊ ရှောင်ယု"
"မင်း...မင်းက တကယ်ပဲ.....နွားတစ်ကောင်လို ထုံထိုင်းသွားပြီဆိုတာ မင်း သိရဲ့လား"ကျန်းရှောင်ယုက အကူအညီမဲ့စွာ ညည်းလိုက်တော့၏"ဟူး၊ ထားလိုက်တော့။ မင်း နေချင်လဲ နေတော့။ ဒါပေမယ့် ငါတို့က အန္တရာယ်နဲ့ ထပ်တွေ့ရင် မင်း ငါ့စကားနားထောင်ပြီး ချက်ချင်းထွက်သွားရမယ်"
"ကောင်းပါပြီ"
သူမ၏ညည်းသံက ကျန်းရှင်းယာ၏ထိုင်းမှိုင်းသောတုံ့ပြန်ချက်ကိုသာ ရရှိသွားသည်။ ဤအချိန်တွင် သူမအား လုံခြုံသောခံစားချက်တစ်ခု ပေးစွမ်းသည့် မျက်နှာက ကျန်းရှင်းယာ၏စိတ်ထဲတွင် ထင်ဟပ်လာ၏။ စိတ်လှုပ်ရှားသောအကြည့်တစ်ခုက သူမမျက်နှာပေါ်တွင် ပေါ်ထွက်လာသည်။ သူမက စာတမ်းအား မဖတ်နိုင်တော့၊ သူမမျက်လုံးက အဝေးသို့ ရွေ့လျားသွားလေတော့၏။
"အာ....ငါ....ငါ မြင်လိုက်ရတယ်မလား"
သူမမျက်နှာအမူအရာက အေးခဲသွားသည်။ အလွန်ချောမောခန့်ညားသောလူတစ်ယောက်လျှောက်လာနေသည်ကို မြင်ပြီး သူမက ကုလားထိုင်မှ ခုန်ချကာ အဝေးသို့ စိုက်ကြည့်လိုက်၏။ သူမ၏နှလုံးသားက မြန်မြန်ဆန်ဆန်ခုန်ပေါက်လာတော့သည်။
"မင်း ဘာဖြစ်တာလဲ၊ ညီမရှင်းယာ"ကျန်းရှောင်ယုက အံ့အားသင့်သွားပြီး မေး၏။ သူမလည်း ထရပ်ကာ အနောက်သို့ လှည့်ကြည့်လိုက်လေသည်။
ကျန်းရှင်းယာက ရုတ်တရက် မျက်လုံးမှိတ်ချ၏။ သူမခန္ဓာကိုယ်ထဲရှိမီးလျှံနှင့်တူသောစိတ်လှုပ်ရှားမှုက ရေခဲရေနှင့် လောင်းချလိုက်သည့်မလား လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ သူမက ခေါင်းခါယမ်းကာ ကုလားထိုင်ပေါ်တွင် ပြန်ထိုင်ရင်း ရေရွတ်လိုက်သည်"အတွေးများရင် အာရုံအမှားတွေ ထွက်ပေါ်လာတတ်တာ တကယ်ပဲ"
ကျန်းရှောင်ယုလည်း ထန်ရှုအား မြင်လိုက်ရကာ ချက်ချင်းအံ့အားသင့်သွားပြီး ကျန်းရှင်းယာ၏လက်မောင်းအား ဆုပ်ကိုင်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်ချေသည်"မင်း အမြင်မမှားဘူး၊ ညီမရှင်းယာ။ တကယ်ပဲ....တကယ်ကို မစ္စတာထန်ပဲ။ သူ ဒီကို လာနေတာ...."
သူမမျက်လုံးအား ထပ်ဖွင့်လိုက်ပြီး ကျန်းရှင်းယာက ထန်ရှုလာရာဦးတည်ဘက်သို့ ထပ်ကြည့်လိုက်လေသည်။ သူမအိမ်မက်ထဲ၌အမြဲထွက်ပေါ်လာသည့်မျက်နှာအား မြင်သောအခါ သူမက အမြင်မမှားသည်ကို သိသွား၏။ သူ....သူ တကယ် လာနေတာပဲ.....
လက်နှစ်ဖက်ကို အိပ်ကပ်ထဲတွင် ထည့်ထားလျက် ထန်ရှုက ကျန်းရှင်းယာအရှေ့သို့ ရောက်ရှိလာပြီး ပြုံးကာ နှုတ်ဆက်၏"ဒါ တိုက်ဆိုင်တာ မဟုတ်ဘူးမလား။ ငါ ဒီနေရာမှာ ပေါ်လာမယ်လို့ မင်း မထင်ထားဘူးမလား"
မျက်ရည်စီးကြောင်းများက သူမမျက်လုံးများမှ လျှောဆင်းလာပြီး ပါးပြင်အထိ ရောက်ရှိလာသည်။ အံ့အားသင့်မှုကြောင့် သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ပေ။ သူမက ရှေ့သို့ အပြေးလှမ်းကာ ထန်ရှုအား ပွေ့ဖက်လိုက်တော့သည်၊ သူမလက်များက သူ့အား တင်းကျပ်စွာ ရစ်ပတ်ထားလျက်ရှိ၏။
တွေ့ဆုံခဲ့သည့်မတော်တဆမှုများကြောင့် သူမက ကြောက်ရွံ့ထိတ်လန့်နေသည်ဟု သူက တွေးထားသည်၊ထို့ကြောင့် သူမအား မတွန်းထုတ်ပေ။ သူက သူမပခုံးအား ညင်သာစွာ ပုတ်လျက် ပြုံးကာ ပြောလိုက်သည်"မစိုးရိမ်ပါနဲ့။ မင်း ဒီနေရာမှာဖြစ်ပျက်တာတွေနဲ့ပတ်သက်ပြီး ငါ ကြားပြီးပြီ။ ဒါ လူရမ်းကားအချို့လောက်ပဲ။ ငါ ရှိနေမှတော့ မင်း ဘာမှစိုးရိမ်စရာမလိုတော့ဘူး"
"ကျွန်မ ရှင့်ကို သတိရတယ်....."မျက်ရည်စိုဆွတ်နေသောမျက်လုံးများနှင့်အတူ ကျန်းရှင်းယာက ရှိုက်ငိုကာ ပြော၏။
ထိုစကားက ထန်ရှုအား လေးလံသွားစေသည်။ သူ့ရင်ခွင်ထဲရှိ သူမ၏တုန်ယင်နေသောခန္ဓာကိုယ်အား ခံစားနိုင်သည်။ သူမနှလုံးသားအောက်ခြေမှ ခံစားချက်များ တဟုန်ဟုန်ထွက်လာနေသည်ကို သူက အာရုံခံနိုင်သည်။ သူ ကျန်းရှင်းယာအပေါ် ခံစားချက်မရှိဟု ပြောလျှင် လိမ်ရာကျပေမည်။ အချိန်သာ နောက်ပြန်ဆုတ်ရလျှင် သူက သူမအား လက်ခံမည်သာဖြစ်၏။ သူ့အား နက်နက်ရှိုင်းရှိုင်းချစ်သောအမျိုးသမီးတစ်ယောက်အား မြင်တွေ့ဖို့က သူ့အတွက် အလွန်ခက်ခဲသည်။
ဒါပေမယ့် ဒါဆိုရင်.....ကျန်းရှင်းယွဲ့က ဘယ်လိုလုပ်မလဲ။
သူက မိန်းမတစ်ယောက်သာရှိသော လူတစ်ယောက် မဟုတ်ပေ။ သူက ကျန်းရှင်းယာအား နှစ်သက်သော်လည်း ကျန်းရှင်းယွဲ့နှင့်ပတ်သက်သည့်ပြဿနာအချို့ရှိသေး၏။ သူနှင့်သူမက အရေပြားချင်းဂဟေဆက်ထားပြီဖြစ်ပြီး ယခု သူက ကျန်းရှင်းယာအား ကတိပေးလိုက်ပါက ကျန်းရှင်းယွဲ့အား မည်သို့လုပ်ရမည်နည်း။ သူ ညီမနှစ်ယောက်လုံးကို တစ်ပြိုင်နက်တည်း သိမ်းပိုက်ရမည်လား။
ပွေ့ဖက်ကာ ရှိုက်ငိုရင်း အချိန်က ကုန်လွန်လာလေသည်၊ နောက်ဆုံးတွင် ကျန်းရှင်းယာက သူမ၏ခံစားချက်အား ထိန်းချုပ်နိုင်သွား၏။ သူမက မျက်ရည်လဲ့လဲ့မျက်လုံးများနှင့် ကြည့်ကာ မေးလိုက်ချေသည်"ရှင်....ဘယ်လို...ဘာလို့ ဒီနေရာကို လာရတာလဲ"
"ထိုင်းမှာ အရေးတကြီးလုပ်စရာကိစ္စတစ်ခုရှိလို့ ငါ လာခဲ့တာ"ထန်ရှုက ဖြေ၏"ဒါပေမယ့် ချူယီက ဖုန်းခေါ်ပြိီး မင်းလဲ ထိုင်းမှာ ရှိတယ်လို့ ငါ့ကို ပြောတယ်၊ ပြီးတော့ မင်း ပြဿနာအချို့ကြုံနေရတယ်တဲ့၊ ဒါကြောင့် ငါ ဒီနေရာကို တိုက်ရိုက်လာတာ။ ဒါပေမယ့် မင်းရဲ့အလေးချိန်က တော်တော်လေးကျသွားတာပဲ"
ကျန်းရှင်းယာ၏ခံစားချက်များက ပွင့်ထွက်လာပြန်သည်။ သူမက ထန်ရှုအား မျက်ရည်လဲ့လဲ့မျက်လုံးများနှင့် ကြည့်ရင်း စကားလုံးတစ်လုံးချင်းစီအား ဆို့နင်စွာ ပြောလာသည်"ကျွန်မ ရှင့်ကို သတိရတယ်။ ဘယ်အချိန်ပဲစားစား၊ ဘာပဲလုပ်လုပ်၊ အိမ်နေတာတောင် ရှင့်ကို အမြဲသတိရနေတာ။ ရှင့်ကို မမြင်ရတော့ကတည်းက အရာအားလုံးအတွက် ကျွန်မအတွက် ဗလာပဲ...."
ငါ.....
ထန်ရှု၏ပါးစပ်က ပွင့်လာသော်လည်း သူက ပြန်ပြောရန် စကားလုံး ရှာမတွေ့နိုင်ပေ။
သူမလက်က ထန်ရှုနှုတ်ခမ်းအား ညင်သာစွာ ဖိလျက် ကျန်းရှင်းယာက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြော၏"ကျေးဇူးပြုပြီး မပြောပါနဲ့။ ဘာတစ်ခုမှ မပြောပါနဲ့။ ရှင့်ကို ဒီလိုမြင်ရရုံနဲ့ ကျွန်မ ပျော်နေပါပြီ။ ကျေးဇူးပြုပြီး ငါ့ကို ခဏလောက် ပျော်အောင် ထားပေးပါ။ ရှင် ကျွန်မကို စိုးရိမ်နေတာ သိရတဲ့အတွက် ကျွန်မ အရမ်းပျော်တယ်....."
ထန်ရှုက နှုတ်ဆိတ်သွား၏။ သူမနှလုံးသားမှပေါက်ကွဲထွက်လာသောခံစားချက်နှင့်အသနားခံမှုအား သူက ခံစားနိုင်သည်။ ဤအမျိုးသမီး ဘယ်လောက်စိတ်ဓာတ်ကျအားငယ်နေသလဲကို သူက ခံစားမိပြီး သူမအား အလွန်ချစ်မြတ်နိုးလာသည်။ ခန်းရှ၊ အိုးရန်လုလု၊ ရွှယ်ယု သို့မဟုတ် မုဝမ်ရင်တို့ကလည်း သူ့အပေါ် ဒီလိုနက်ရှိုင်းသောခံစားချက်ရှိ၏။ ကျန်းရှင်းယာ၏ခံစားချက်က သူတို့ထက် မလျော့နည်းပေ၊ ပိုတောင် နက်ရှိုင်းပေသည်။
အရိုးနှင့်စိတ်ဝိညာဉ်ထဲထိနက်နက်ရှိုင်းရှိုင်းထွင်းထုထားသည့်ဒီလိုအချစ်မျိုးအား ထန်ရှုကိုယ်တိုင် ကြုံတွေ့ခံစားဖူးသည်။ အင်မော်တယ်ကမ္ဘာ၌ ရွှဲ့ချင်းချန်အပေါ်ထားရှိသော သူ၏အချစ်မျိုးပင်။ သူမက သူ့အတွက် အရေးကြီးဆုံး၊ သူ၏ကမ္ဘာငယ်လေး၊ သူ့၏အရာအားလုံးဟု တွေးထားခဲ့သည်။
သို့သော် လက်ရှိအချိန်တွင် သူက စိတ်ထဲ၌ ဆုံးဖြတ်ချက်ချနိုင်ခဲ့သည်။ သူက သူမအား ညင်သာစွာ ပွေ့ဖက်ကာ သူမ၏လှပသောဆံသားများအား ပွတ်သပ်ပေးရင်း ပြော၏"ငါနဲ့လိုက်လာ။ ငါ မင်းကို တစ်ခုခု ပြောဖို့လိုတယ်...."
ထိုသို့ ပြောပြီးနောက် သူက ကျန်းရှောင်ယုအား ကြည့်လိုက်၏"ရုပ်ရှင်ရိုက်နေတဲ့အလုပ်တွေကို ရပ်ဖို့ သူတို့ကို ပြောလိုက်။ ငါ မင်းတို့ကို အထုတ်အပိုးပြင်ဖို့ ဆယ်မိနစ်အချိန်ပေးမယ်၊ ပြီးရင် ငါတို့ ဒီနေရာက ထွက်သွားမယ်"
ကျန်းရှောင်ယုက စိတ်လှုပ်ရှားသွားသည်၊ ထန်ရှုက သူမ၏ညီမကျန်းရှင်းယာအပေါ် နက်ရှိုင်းသောချစ်မေတ္တာရှိသည်ဟု သူမက ပြောနိုင်သည်။ အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်အား ဒီလောက်ချစ်မြတ်နိုးပါက ထိုအမျိုးသမီးက ထိုလူ၏ရင်ထဲ၌ ရှိမည်မှာ သေချာ၏။
"ကောင်းပြီ၊ အားလုံးပဲ။ ငါတို့ပြန်ကြမယ်"ကျန်းရှောင်ယုက ကမန်းကတန်း အော်လိုက်၏။
ထိုအချိန်တွင် တစ္ဆေက ထန်ရှုဘေးနားသို့ ရောက်ရှ်ိလာပြီး တိုးတိုးလေးပြော၏"အနီးနားမှာ လူအချို့ရှိတယ်၊ သူတို့ ဒီနေရာကို စောင့်ကြည့်နေကြတယ်၊ သူဌေး။ သူတို့ နှစ်ဖွဲ့ရှိတယ်၊ တစ်ဖွဲ့က ဆယ်နာရီလက်တံဘက်ခြမ်းမှာ ရှိပြီး တစ်ဖွဲ့က လေးနာရီလက်တံဘက်ခြမ်းမှာ ရှိတယ်။ ပထမတစ်ဖွဲ့က လမ်းဘေးလူမိုက်တစ်အုပ်ပဲ၊ နောက်တစ်ဖွဲ့ကတော့ နည်းနည်းလေးဝန်ပိုမယ်။ သူတို့ရဲ့ဖုံးကွယ်စကေးတွေက အတော်လေးကောင်းတယ်၊ ပြီးတော့ သူတို့မှာ စစ်တပ်အဆင့် လက်နက်ကိရိယာတွေ ရှိတယ်"
ထန်ရှုက မျက်ခုံးတွန့်ကာ သူ၏ထိုးထွင်းသိမြင်မှုအား မီတာသုံးရာမှလေးရာအကွာအထိ ဖုံးလွှမ်းစေ၏။ တင်ပြလာသည့်အတိုင်း သူက လူနှစ်ဖွဲ့အား တွေ့ခဲ့သည်။ လေးနာရီလက်တံအတိုင်းလာနေသောတစ်ဖွဲ့က အတော်လေးထူးခြားသည်။ အဖွဲ့တွင် သာမန်မျှဝတ်စားထားသောလူနှစ်ယောက် ပါရှိသည်။ ထင်းထင်းဖြစ်နေသည့်တစ်ယောက်က ထောင်ထားသောဆိုင်းဘုတ်တစ်ခုနောက်တွင် ပုန်းနေ၏၊ သူက ဆိုင်းဘုတ်ပေါ်တွင် အပေါက်တစ်ခုဖောက်လျက် သူတို့ဘက်အား စောင့်ကြည့်နေသည်။
"ဆယ်နာရီလက်တံက လူတွေကို ရင်ဆိုင်ပြီး သူတို့ကို စစ်ဆေး။ လေးနာရီလက်တံကလူတွေကိုတော့ ငါ ကိုယ်တိုင် တွေ့မယ်"ထန်ရှုက အမိန့်ပေးလိုက်သည်။ ပြောပြီးနောက် သူက ကျန်းရှင်းယာ၏လက်အား ကိုင်ကာ နေရာမှ ထွက်သွား၏။
ကြယ်ငါးပွင့်အမန်ဒါဟိုတယ်။
ထန်ရှုက ကျန်းရှင်းယာ၏အလုပ်ခန်းသို့ လိုက်လာကာ သူမလက်ဖက်ရည်ဖျော်သည်အား ကြည့်နေ၏။ သူမ၏ပြုံးနေသာမျက်နှာက သူမအား ဖူးပွင့်စပန်းတစ်ပွင့်နှင့် တူသွားစေသည်။ ထို့နောက် သူမအိတ်မှ အဝါရောင်ကြိုးကြာစီးကရက်တစ်ဘူးအား ယူထုတ်ကာ ထန်ရှုအား ကမ်းပေး၏။ ထန်ရှုက အားတင်းပြုံးလျက် မေးသည်"မင်း စီးကရက်မသောက်ဘူးမလား၊ ဘာလို့ မင်းရဲ့အိတ်ထဲမှာ စီးကရက်တွေ သယ်လာရတာလဲ"
သူမက ရှက်သွေးဖြာသွားပြီး အသံနိမ့်နိမ့်လေးနှင့် ဖြေ၏"ရှင် ဆေးလိပ်သောက်တာ ကျွန်မသိတယ်၊၊ ကျွန်မ ရှင့်ကို မြင်ချင်တဲ့အခါတိုင်း ရှင်ဆေးလိပ်ဖွာနေတဲ့ပုံကို အမြဲစိတ်ကူးယဉ်တယ်"
"ဒါက......."
ထန်ရှုက ဟာတာတာဖြစ်သွားသည်၊ ထို့နောက် သူက စီးကရက်တစ်လိပ်အား ယူထုတ်ကာ သူမအား မီးညှိစေသည်။ သူက ဆေးလိပ်တစ်ဖွာရှိုက်ကာ ပြတင်းပေါက်သို့ လျှောက်သွား၏။ ကျန်းရှင်းယာအား နောက်ကျောပစ်လျက် အပြင်ဘက်သို့ ငေးကြည့်နေရင်း သူက မေးလိုက်သည်"မင်း တကယ်ပဲ....ငါ့ကို အဲလောက်တောင် ကြိုက်တာလား"
မေးခွန်းက ကျန်းရှင်းယာ၏ခန္ဓာကိုယ်အား တုန်ယင်သွားစေသည်။ သို့သော် သူမက ချက်ချင်းခေါင်းမော့ကာ ထန်ရှုဘေးသို့ လျှောက်လာ၏။ သူမက တုံ့ဆိုင်းခြင်းမရှိပြောလာသည်"ကျွန်မရှင်အပေါ်ဘယ်လိုခံစားရတာကို 'ကြိုက်တယ်'လို့ ဖော်ပြလို့မရနိုင်ဘူး။ အဲဒါ ချစ်တာ။ ကျွန်မ ရှင့်ကို တစ်ကယ်ချစ်တာပါ။ အရမ်းအရမ်းကို....."
ထန်ရှုက လှည့်ကြည့်ရာ သူမမျက်နှာပေါ်ရှိခိုင်မာပြတ်သားသောအကြည့်အား မြင်တွေ့ရ၏။ သူက အားတင်းပြုံးလျက် ခေါင်းခါယမ်းလိုက်သည်"တကယ်တော့ ငါ မထိုက်တန်ပါဘူး။ ငါ မင်းချစ်ဖို့ထိုက်တန်တဲ့သူတစ်ယောက် လုံးဝမဟုတ်ပါဘူး။ လူတွေရဲ့မျက်လုံးထဲမှာ ငါက အပြောင်းအလဲလွယ်တဲ့လူတစ်ယောက်လို့ ပြောနိုင်တယ်။ ငါ့မှာ မိန်းမတွေ အများကြီးရှိတယ်၊ ရေတွက်ဖို့တောင် များလွန်းတယ်။ ငါ မင်းကို ငြင်းပယ်ရတာက မင်းကို ပျော်ရွှင်တဲ့လက်ထပ်မှုတစ်ခု ငါ မပေးနိုင်လို့ပဲ၊ ငါ မင်းကို ငါ့ရဲ့နှလုံးသားတစ်ခုလုံး ပေးလို့မရနိုင်ဘူး"
"ငါ သိပြီးသားပါ၊ ဒါပေမယ့် ငါ ဂရုမစိုက်ဘူး"ကျန်းရှင်းယာက ပြန်ဖြေ၏။
ထို့နောက် ထန်ရှုက အားတင်းပြုံးလျက် ပြော၏"ပြီးတော့ အခြားတစ်ခုရှိသေးတယ်၊ ငါ ဘယ်လိုပြောရမလဲ မသိတော့ဘူး။ အဲဒါက အမှားတစ်ခုပါ....ဒါပေမယ့်....အဲဒါက အလွန်ခိုင်လုံသောကိစ္စရပ်တစ်ခုပဲ....."
"ဘာကိစ္စလဲ"ကျန်းရှင်းယာက ပဟေဠိဖြစ်သောမျက်နှာအမူအရာနှင့် မေး၏။
"အဲဒါက ငါနဲ့မင်းညီမကျန်းရှင်းယွဲ့နဲ့ ပတ်သက်တယ်"ထန်ရှုက ပြောလိုက်သည်"ငါတို့က ခန္ဓာကိုယ်ချင်းနီးစပ်သွားပြီးပြီ"
"ရှင် ဘာပြောတာလဲ"
ကျန်းရှင်းယာက မျက်လုံးကျုံ့သွားပြီး သူမ၏အသားအရောင်က ဖြူဖတ်ဖြူရော်လာသည်။ သူမက ထန်ရှုအား မယုံသင်္ကာကြည့်ကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီး သူမညာလက်က သူမရင်ဘက်အား လျင်မြန်စွာ ဖုံးထားမိ၏။
"ရှင်တို့.....ရှင်တို့က...."
"ဟူး.....ကျေးဇူးပြုပြီး နားလည်မှုမလွဲပါနဲ့"ထန်ရှုက သက်ပြင်းချလိုက်သည်"ငါတို့က ခန္ဓာကိုယ်ထိတွေ့ခဲ့ပေမယ့် အဲဒါကလဲ အခြေအနေတစ်ခုကြောင့်ပါ။ ငါတို့ချင်းချန်တောင်မှာရှိတုန်းက မင်း မှတ်မိသေးလား။ အဲချိန်တုန်းက မင်းကို လိုက်ပို့ဖို့ ငါ တစ်ယောက်ယောက်ကို လွှတ်ခဲ့ပြီး မင်းညီမကတော့ မင်းနေရာယူပြီး စံအိမ်ဖွင့်လှစ်ပွဲတော်ကို တက်ရောက်ခဲ့တယ်။ အဲအချိန်မှာ တစ်ခုခု ဖြစ်လာခဲ့တယ်...."
ထန်ရှုက ကျန်းရှင်းယာအား ယခင်အဖြစ်အပျက်အားလုံး ပြန်ပြောပြခဲ့ပြီး နောက်ဆုံးတွင် သူက ပြောလိုက်သည်"ငါ အဆိပ်မိသွားတယ်၊ အဆိပ်က အရမ်းပြင်းတယ်။ အဆိပ်ဖြေဖို့ အမျိုးသမီးတစ်ယောက်ကပဲ ငါ့ကို သူမခန္ဓာကိုယ်နဲ့ ကူညီနိုင်တယ်၊ မဟုတ်ရင် ငါ သေသွားမှာ သံသယရှိစရာမလိုဘူး"
***