သံမဏိလူသားများ
Vol. 67 Ch. 936
မျက်ရည်များက စီးလို့ကာကျနေပြီး ကျန်းရှင်းယာက ထန်ရှုအား တုန်လှုပ်ချောက်ခြားစွာ ကြည့်၏။ နာကျင်သောနောင်တရခြင်းက သူမနှလုံးသားအား တစစ်စစ်ကိုက်ခဲစေသည်၊ ဧကရာဇ်စံအိမ်ဖွင့်ပွဲတွင် သူမနေရာအား အစားထိုးရန် ညီမဖြစ်သူကျန်းရှင်းယွဲ့အား ပြောခဲ့မိသည်။ သူမသာ ဖြစ်ခဲ့မည်ဆိုလျှင် ကျန်းရှင်းယွဲ့နှင့်ထန်ရှုကြားမတော်တဆက ဖြစ်လာမည်မဟုတ်ပေ။
"အမ်၊ ပြီးတော့ရော"
အချက်အလက်အား ဘယ်တော့မှ မပြောင်းလဲနိုင်သော်လည်း သူမက နောက်ဘာဆက်ဖြစ်မည်ကို သိချင်ခဲ့သည်။
"ငါ အသိဆုံးရှုံးသွားတဲ့အချိန်မှာ ဘာဆက်ဖြစ်ခဲ့လဲ ငါ မသိတော့ဘူး"ထန်ရှုက ဆက်ပြော၏"ငါ နိုးလာတော့မှ ကျန်းရှင်းယွဲ့က သူမခန္ဓာကိုယ်ကို သုံးပြီး ငါ့အဆိပ်ချေဖျက်ပေးခဲ့မှန်း ငါ သိလိုက်ရတယ်။ သူမ ငါ့အသက်ကယ်ခဲ့တယ်၊ အဲအတွက် ငါ သူမကို ကျေးဇူးတင်တယ်၊ ဒါပေမယ့် ငါ သူမကို မချစ်ဘူး။ ဒါကို ဘယ်လိုတာဝန်ယူရမလဲ ငါ စဉ်းစားနေတုန်းမှာ ငါတို့ကြားဘာတစ်ခုမှမဖြစ်ပျက်ခဲ့ဘူးလို့ သူမ ငါ့ကို ပြောခဲ့တယ်။ အားလုံးကို လျှို့ဝှက်ချက်အဖြစ် ထာဝရထိန်းသိမ်းထားဖို့၊ ချင်းချန်တောင်ကထွက်သွားတာနဲ့ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ ထပ်မတွေ့ဖို့ သူမ ငါ့ကို ပြောခဲ့တယ်"
ကျန်းရှင်းယာ၏နှလုံးသားထဲရှိဝန်လေးခြင်းက ချက်ချင်း တော်တော်လျော့သွားခဲ့သည်။ မတော်တဆမှုအတွက် အကြောင်းပြချက်အမျိုးမျိုးက သူမစိတ်ထဲ၌ ဝဲလည်နေသော်လည်း တစ်ခုမှ ထန်ရှု၏ရှင်းပြချက်လောက် ပိုမကောင်းပေ။
ဤအချိန်တွင် သူမညီမက မှန်ကန်သောအရာတစ်ခုအား ပြုလုပ်ခဲ့သည်ဟု သူမက တွေးမိသည်။ တကယ်တမ်းတော့ အဓိကအချက်က ထန်ရှုအသက်ကိုကယ်ရန်အတွက် သူမ ပြုလုပ်ခဲ့သည်ပင်။ ထန်ရှုအပေါ် ခံစားချက်မရှိသော်လည်း သူသေသည်အား စောင့်ကြည့်ဖို့က ခက်ခဲမှာ သေချာသည်။ ထပ်ပြောရလျှင် ထန်ရှုက သူမညီမအား အသက်အကြွေးတင်သည်ဟု ဆိုလို၏။
ကျန်းရှင်းယာ၏မျက်နှာက အမူအရာအဆက်မပြတ်ပြောင်းလဲနေသည်ကို မြင်ပြီး ထန်ရှုက ခါးသီးစွာ ပြုံးလျက် ပြော၏"ဒီကိစ္စကို ငါ့စိတ်ထဲမှာ မြုပ်နှံထားမလိုပဲ။ ဒီတစ်သက် ဘယ်သူကိုမှ မပြောဖို့ ငါ တွေးထားတယ်။ ဒါပေမယ့် ငါ မင်းကို မဖုံးကွယ်ချင်တော့ဘူး။ ရှင်းယွဲ့ကို အပြစ်မတင်ပါနဲ့။ ငါ့ကိုပဲ အပြစ်တင်ပါ၊ ငါ့ကိုပဲ အပြစ်တင်ပါ။ တကယ်တော့ သူမ ငါ့အသက်ကို ကယ်ခဲ့တာလေ"
ကျန်းရှင်းယာက သူမနှုတ်ခမ်းအား ကိုက်ကာ ခေါင်းခါယမ်းလိုက်၏"ငါ အပြစ်တင်မတင်ပါဘူး၊ ငါ သူမကို ဘယ်တော့မှ အပြစ်မတင်ပါဘူး။ အဲအစား ငါ သူမကို အရမ်းကျေးဇူးတင်တယ်....ငါ ချစ်တဲ့သူကို ကယ်ပေးခဲ့အတွက်ပေါ့"
ထန်ရှုက အားတင်းပြုံးလျက် ပြော၏"ငါနဲ့ရှင်းယွဲ့ကြားမှာ ဒီလိုအရာတစ်ခုဖြစ်ပျက်ခဲ့တာတောင် မင်းက ငါ့ကို ချစ်သေးတာလား။ တကယ်တော့...... "
"ကျွန်မ ဂရုမစိုက်ဘူး"ကျန်းရှင်းယာက လက်ဝှေ့ယမ်းကာ ကြားဖြတ်ပြော၏"အဲနေရာမှာ ရှင်းယွဲ့ပဲဖြစ်ဖြစ်အခြားအမျိုးသမီးပဲဖြစ်ဖြစ် ကျွန်မ ဂရုမစိုက်ဘူး။ ရှင် ဘေးကင်းပြီးအဆင်ပြေသရွေ့ နေရောင်အောက်ကမိန်းမအားလုံး ရှင် လိုချင်ရင်တောင် ကျွန်မ ဂရုမစိုက်ဘူး။ ကျွန်မအချစ်က အစွန်းရောက်လွန်းတယ်လို့ ရှင် ပြောနိုင်တယ်။ ကျွန်မက အချစ်ရူးလို့ ရှင် ထင်နိုင်တယ်။ ရှင် လက်ခံသရွေ့၊ ရှင့်နှလုံးသားထဲမှာ ကျွန်မအတွက် နေရာတစ်ခု ရှိနေသရွေ့ ဘယ်လောက်ပဲသေးသေး ကျွန်မ ရှင့်ကို ချစ်အုံးမှာပဲ။ ကျွန်မ အမြဲတမ်း ရှင့်နောက်လိုက်နေမှာ"
"ဟူး.....ဒါပေမယ့် ဘာကြောင့်လဲ"ထန်ရှုက အကူအညီမဲ့စွာ သက်ပြင်းချ၏။
"အချစ်ဆိုတာ ဘာလဲ၊ တစ်ယောက်ယောက်ကို ချစ်တယ်ဆိုတာ ဘယ်လိုမျိုးလဲ ကျွန်မ အရင်က မသိခဲ့ဘူး"ကျန်းရှင်းယာက ပြော၏"ထိုခံစားချက်ကို ရှင်နဲ့တွေ့မှပဲ သိလာတာ။ ရှင် ကျွန်မကို မလိုချင်ရင် သေတဲ့အထိ ကျွန်မတစ်ယောက်တည်း နေမှာပဲ ဒါမှမဟုတ် ရှင် ကျွန်မကို လိုချင်ရင် ကျွန်မရဲ့အချစ်ကို ရှင့်ကို တစ်သက်လုံး ပေးနိုင်တယ်။ အဲအချစ်က ရှင် ကျွန်မကို ပေးနိုင်တဲ့အချစ်ထက် အဆတစ်ရာ၊ အဆတစ်ထောင် ပိုတယ်"
ထန်ရှုက ကျန်းရှင်းယာအရှေ့သို့ တိုးလာ၏။ သူမမျက်နှာပေါ်ရှ်ိ စွဲမြဲခိုင်မာသောအမူအရာအား သူ မြင်ရသည်။ သူက သူမအား သူ၏လက်မောင်းအတွင်းသို့ ဆွဲသွင်းကာ တိုးတိုးလေးပြောလိုက်၏"တစ်ချိန်က အင်မော်တယ်ကမ္ဘာမှာတုန်းက ငါက အန္တိမအရှင်ဖြစ်ခဲ့တယ်။ ငါ့ဘဝတစ်လျှောက်လုံး သူမကိုပဲ ချစ်နိုင်တယ်လို့ ငါ တွေးခဲ့တယ်။ ချစ်စိတ်ပြင်းပြတဲ့နှလုံးသားရှိသူတစ်ယောက်လို့ မင်း ငါ့ကို ပြောနိုင်တယ်။ ငါ့နှလုံးသားရိုက်နှက်ဖျက်ဆီးခံရပြီးနောက် ငါ့ရဲ့စိတ်၊ ငါ့ရဲ့နှလုံးသားပြောင်းလဲသွားတယ်လို့ မင်း ငြင်းခုံနိုင်တယ်။ မင်းက မင်းရဲ့နှလုံးသားတံခါးကို ငါ့အတွက် ဖွင့်ပေးတယ်၊ ငါလဲ မင်းကို ငါ့အမျိုးသမီးအဖြစ် ငါ့ဘေးနားမှာ နှစ်ထောင်ချီ ခေါ်သွားမှာပါ"
သူမခေါင်းအား ထန်ရှုရင်ဘက်ပေါ်တွင် မှီရင်း ကျန်းရှင်ယာက သူမဘဝတစ်ခုလုံးနှင့် ပြောလာ၏"နှစ်သန်းချီဒါမှမဟုတ်ကပ်ကမ္ဘာပေါင်းများစွာ ကြာတဲ့အထိ၊ ပင်လယ်ရေခန်းခြောက်ပြီး ကျောက်တုံးတွေ ဆွေးမြေ့သွားရင်တောင်၊ ကမ္ဘာကြီးက အဆုံးသတ်သို့ ရောက်လာရင်တောင် ကျွန်မ ရှင့်ကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူး။ ကျွန်မ ရှင့်ကို ဘယ်တော့မှ ချန်ထားမှာ မဟုတ်ဘူး"
ထန်ရှုက သူမအား လွှတ်လိုက်သော်လည်း သူ့လက်များက သူမပခုံးအား ကိုင်ထားလျက်ပင်။ သူက သူမအား တည်ငြိမ်စွာ ကြည့်ကာ လေးလေးနက်နက်ဆို၏"မင်း၊ ကျန်းရှင်းယာက အခုကစပြီး ငါထန်ရှုရဲ့မိန်းမပဲ။ ပြီးတော့ ဒိီညကျော်ရင် မင်းအနေနဲ့ မင်းရဲ့စကားကို ပြန်ရုတ်သိမ်းဖို့ အခွင့်အရေးမရှိတော့ဘူး"
"ငါ ဒါကို ဘယ်တော့မှ နောင်တမရဘူး"ကျန်းရှင်းယာက မြဲမြံစွာ ပြော၏။
"မင်းက အရူးမလေးပဲ"
ထန်ရှုက သူမအား ထပ်ပွေ့ဖက်လိုက်ပြီး သူ့မျက်လုံးများက ကျေနပ်ပျော်ရွှင်သောခံစားချက်များနှင့်အတူ ချစ်မေတ္တာလွှမ်းလျက် အပြင်ဘက်ရှိ ညမြင်ကွင်းအား စိုက်ကြည့်နေလေသည်။
ဆယ်မိနစ်ရှိလေပြီ။
ဒေါက်၊ ဒေါက်
အပြင်ဘက်မှ တံခါးခေါက်သံကို ကြားရပြီး ထန်ရှုက ရှင်းယာအား သူ့ရင်ခွင်မှ လွှတ်လိုက်၏။ သူက လက်ဝှေ့ယမ်းကာ တံခါးဖွင့်လိုက်သည်။ ကျန်းရှင်းယာအား စောင့်ကြည့်နေသော လူနှစ်ယောက်အား ဒရွတ်တိုက်ဆွဲလာလျက် တစ္ဆေက ဝင်လာသည်။ ထို့နောက် ထန်ရှုက ကောထောင်နှင့်ကျန်းကြွယ်တို့အား အမိန့်ပေးလိုက်၏"မင်းတို့နှစ်ယောက် အပြင်မှာ စောင့်နေ၊ အနီးနားမှာ သံသယရှိဖွယ်လူတစ်ယောက်ရှိသလား မျက်လုံးဒေါက်ထောက်ကြည့်ထား။ တစ်ခုခုတွေ့တာနဲ့ ငါ့ကို ချက်ချင်း အကြောင်းကြား"
"နားလည်ပါပြီ"
နှစ်ယောက်သား ပြန်ဖြေကာ ထွက်သွားခဲ့သည်။
ထန်ရှုက ဆိုဖာသို့ လျှောက်လာသည်။ သူက ထိုင်ခုံတစ်ခုယူကာ မေးလိုက်၏"မင်း စစ်ဆေးမေးမြန်းတာ ဘာရလဲ"
"ဒီအကောင်တွေက အရိုးမရှိတဲ့လူတစ်အုပ်ပဲ၊ သူဌေး။ ငါ အားတောင် အများကြီးမထုတ်လိုက်ရဘူး၊ သူတို့သိသသမျှ အားလုံး ဖွင့်ချလာတာပဲ"တစ္ဆေက ပြော၏"မစ္စကျန်းကို စောင့်ကြည့်ဖို့ သူတို့ကို လွှတ်လိုက်တဲ့တရားခံက အလိုဝေ၊ မဲခေါင်မြစ်တစ်လျှောက်ကျော်ကြားတဲ့ဂိုဏ်းစတားတစ်ယောက်ပဲ။ သူငှားထားတဲ့လူရမ်းကားတစ်ရာကျော်နဲ့ ဆယ်ကီလိုမီတာအတွင်းမှာရှိတဲ့ဖျော်ဖြေရေးနေရာများစွာကို ထိန်းချုပ်ထားတယ်။ ထပ်ပြောရရင် သူက ဘန်ကောက်မှာ အတော်လေးကျော်ကြားတဲ့ ကလိန်ကကျစ်စီးပွားရေးသမားစုန့်ဇမ်ရဲ့အောက်ဆွဲပဲ"
ထန်ရှုက မျက်ခုံးတွန့်သွားပြီး တစ္ဆေဆွဲလာသောလူနှစ်ယောက်အား ကြည့်ကာ မေးလိုက်သည်"ဒါဆို အဲဒီလမ်းဘေလူမိုက်တွေက ရှင်းယာရဲ့ကိုယ်ရံတော်တွေရိုက်နှက်ခဲ့တဲ့အကောင်အလိုဝေရဲ့ကြေးစားလူမိုက်တွေပေါ့။ ဒါဆို ဒီနှစ်ယောက်ကရော။ မင်းတို့ကို ဘယ်သူ လွှတ်လိုက်တာလဲ"
လူလတ်ပိုင်းနှစ်ယောက်က အကြည့်များဖလှယ်လိုက်ကြ၏။ သူတို့၏ရောင်ရမ်းနေသောမျက်နှာ၊ သွေးထွက်နေသောနှာခေါင်းများအရ ဆိုးဆိုးရွားရွားအရိုက်အနှက်ခံထားရမှန်း သိသာသည်။ တစ်ယောက်က နှာခေါင်းရှုံ့လိုက်၏"ဟမ့်၊ မင်းက ဒီနေရာက မဟုတ်ဘူးလား၊ မစ္စတာ။ မင်းရဲ့အင်္ဂလိပ်စကားက အတော်လေးကောင်းတာပဲ၊ မင်း ဘယ်သူလဲဆိုတာ ငါတို့ကို ပြောနိုင်မလား"
"မလိုဘူး"ထန်ရှုက ပြောလိုက်၏။
"မင်းနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ ငါတို့ကို မပြောချင်ရင် ငါတို့က ဘာလို့ မင်းကို ငါတို့အကြောင်း ပြောပြရမှာလဲ။ ဟမ့်"သက်လတ်ပိုင်းလူကြီးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
ဓားတစ်လက်က ထန်ရှု၏လက်ထဲ၌ ထွက်ပေါ်လာ၏။ သူက ထိုလူ၏လက်မောင်းအား ဓားဖြင့် ထိုးစိုက်လိုက်သည်၊ သို့သော် ဤလူက နှာခေါင်းပင် မတွန့်၊ အံကို ကြိတ်ထား၏။ ထန်ရှုက ပြုံးလျက် ပြောလိုက်၏"မင်းက အတော်လေးအရိုးမာတယ်ထင်တယ်။ ငါ့အကြောင်း မင်းတို့က သိချင်တာလား။ မင်းတို့ရဲ့အသက်က ငါ့လက်ထဲမှာ ရှိတယ်၊ ငါ မင်းတို့ကို အချိန်မရွေး သတ်နိုင်တယ်။ ပြီးရင် မင်းတို့ရဲ့အလောင်းတွေကို ကျောက်ဖယားမြစ်ထဲ ပစ်ချလိုက်လို့ရတယ်"
အနှီလူက ထန်ရှုအား မုန်းတီးစွာ ကြည့်ကာ ပြောလာ၏"မင်း နိုင်ပါတယ်။ စုန့်ဇမ်က ငါတို့ရဲ့သူဌေးပဲ၊ သူက ဘန်ကောက်မှာ လူထောင်ကျော်ရဲ့ကံကြမ္မာကို ထိန်းချုပ်ထားတဲ့သူပဲ။ မင်းရဲ့လူတွေက အလိုဝေနဲ့သူလွှတ်ထားတဲ့သူတွေကို ဒဏ်ရာရစေခဲ့တယ်။ ငါတို့သူဌေး သူ့လူတွေကို မင်းတို့ဆီ လွှတ်မှာကို စောင့်နေပါ"
"ဒါဆို မင်းရဲ့သူဌေးက သူ့လူတွေအတွက် ရပ်တည်ပေးမယ်ပေါ့၊ ဟုတ်လား"ထန်ရှုက ထူးဆန်းသောအမူအရာနှင့် ပြော၏"သူက ငါတို့ကို သွားခွင့်မပြုဘူးပေါ့လေ"
"မင်းတို့ ဘန်ကောက်ကနေ အေးအေးဆေးဆေးထွက်သွားနိုင်တယ်၊ ဒါပေမယ့် မစ္စကျန်းက ငါတို့သူဌေးကို အရင် တောင်းပန်မယ်ဆိုရင်ပေါ့" သက်လတ်ပိုင်းလူက နှာခေါင်းရှုံ့လိုက်သည်။
"ဒါဆို ဒီစုန်ဇမ်ဆိုတဲ့အကောင်က လူကောင်းမဟုတ်ဘူးပေါ့"ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏"ဒီလိုဆိုမှတော့ လူမှုအဖွဲ့အစည်းကို ခြိမ်းခြောက်နေတဲ့ အသားပိုတစ်ခုကို ငါ ဖယ်ရှားပေးရမှာပေါ့။ တစ္ဆေ၊ သူတို့ကို သတ်ပြီး အလောင်းတွေကို ကျောက်ဖယားမြစ်ထဲ ပစ်ချလိုက်။ ဒါပေမယ့် မှတ်ထားပါ၊ ဒီလိုနတ်ဆိုးတွေကို သတ်ခွင့်ပြုထားပေမယ့် မင်းက လူကောင်းတွေကို သတ်လို့မရဘူး"
"ဟီးဟီး၊ ငါ သိပါတယ်၊ သူဌေး" တစ္ဆေက ပြုံးဖြဲကာ ပြော၏။
ထန်ရှုက လက်ဝှေ့ယမ်းလိုက်သည်။ တစ္ဆေက လူနှစ်ယောက်အား တိုက်ရိုက်သတ်ကာ သူတို့၏ခန္ဓာကိုယ်အား ယူထုတ်သွားပြီးနောက် သူက ကျန်းရှင်းယာဘက်သို့ လှည့်ပြောလိုက်၏"မင်းကို အသတ်အဖြတ်တွေ မြင်တွေ့စေမိတဲ့အတွက် ငါ တောင်းပန်ပါတယ်၊ ဒါပေမယ့် အချို့လူတွေက သေသင့်တယ်၊ မဟုတ်ရင် သူတို့က ငါတို့ကို ဒုက္ခပေးလိမ့်မယ်။ ပြီးတော့ မင်းက ငါ့ဘေးနားမှာ နေဖို့ ရွေးချယ်ထားပြီဆိုတော့ မင်းက သတ်ဖြတ်မှုတွေအတွက် ပြင်ဆင်ထားရမယ်။ တကယ်တော့ ငါ လျှောက်နေတဲ့လမ်းကြောင်းက သတ်ဖြတ်မှုတွေနဲ့အတူ လျှောက်လမ်းဖို့ ကံကြမ္မာသတ်မှတ်ထားတာပဲ"
ထန်ရှုက လူဒါဇင်ကျော်အား ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည်ကို ကျန်းရှင်ယာက မြင်ဖူးသည်။ သို့သော် သူမက မကြောက်ရွံ့ပေ။ ထန်ရှုနှင့်အတူရှိနိုင်သရွေ့ သူမအား လုံခြုံသည့်ခံစားချက်ပေးဖို့ လုံလောက်၏။
"ငါ သင်ယူပါ့မယ်"
သူမအား သူ့ဘေးနားသို့ ထိုင်စေ၏။ ထို့နောက် ထန်ရှုက အားတင်းပြုံးလျက် ပြော၏"ငါက အင်မော်တယ်ကျင့်ကြံသူတစ်ယောက်ပဲ၊ ကမ္ဘာမြေပေါ်မှာ အကြာကြီးနေမှာမဟုတ်ဘူး။ မင်းက သတ်ဖြတ်တာကို ရွံ့ရှာစက်ဆုပ်နိုင်ပေမယ့် မင်းက မသတ်ချင်ဘူးဆိုရင်တောင် လူအချို့က ငါတို့ကို သတ်ဖို့ ကြိုးစားနေမှာပဲဆိုတာ မင်း နောက်ကျရင် သိလာမှာပါ။ အင်မော်တယ်တစ်ယောက်ရဲ့လမ်းကြောင်းက တိုက်ပွဲတွေနဲ့ ပြည့်နေမှာပဲ၊ သန်မာသူကပဲ အသက်ရှင်နိုင်မှာ။ အခြားကမ္ဘာမှာ မင်းမြင်ရမယ့် လူမဆန်ရက်စက်သတ်ဖြတ်မှုက ဒိကမ္ဘာထက် အဆတစ်သန်းပိုကြမ်းတမ်းတယ်"
အံ့အားသင့်လျက် ကျန်းရှင်းယာက မေး၏"မင်း အခြားကမ္ဘာကို အမြဲတမ်း ပြောနေတာ၊ ဒါပေမယ့် အဲဒါ ဘယ်နေရာမှာလဲ။ အင်မော်တယ်ကျင့်ကြံခြင်းက အတိအကျဘာလဲ။ ကောင်းကင်ဘုံသားတွေ ဖြစ်လာတာမျိုးလား"
"ဒါက ကောင်းကင်ဘုံသားတစ်ယောက်ဖြစ်လာတာမျိုးလို့ ပြောနိုင်တယ်"ထန်ရှုက ပြော၏"အဲဒီအခြားကမ္ဘာကို အင်မော်တယ်ကမ္ဘာလို့ ခေါ်တယ်။ လောလောဆယ် ငါ မင်းကို မပြောပြနိုင်တဲ့အရာတွေ ရှိပေမယ့် မင်းကို အင်မော်တယ်ကျင့်ကြံခြင်းပညာရပ်တစ်ခု သင်ကြားပေးမယ်။ မင်းဆန္ဒရှိရင် ငါ မင်းကို အင်မော်တယ်ကမ္ဘာကို ခေါ်သွားမယ်"
ကျန်းရှင်ယာက ခေါင်းညိတ်ကာ ထပ်ခါတလဲလဲပြော၏"ရှင် ဘယ်ပဲသွားသွား ကျွန်မ ရှင့်နောက်လိုက်မယ်။ ရှင် ကျွန်မကို လက်မလွှတ်သရွေ့ ရှင် သွားတဲ့နေရာတိုင်းကို အမြီးလို တကောက်ကောက်လိုက်နေမှာပဲ"
"ဟားဟား။ ဒါဆို အခု ငါ့ရဲ့အမြီးလေးက မောပန်းနေပြီးမလား"ထန်ရှုက ရယ်ကာ ပြော၏"ရေချိုးပြီး ကောင်းကောင်းအိပ်စက်လိုက်တော့။ စီးပွားရေးဗီဒီယိုရိုက်တာကို လောလောဆယ် ရပ်နားထားတယ်၊ ပြီးရင် မင်းရဲ့ဝန်ထမ်းတွေနဲ့ ပြည်မကြီးကို ပြန်။ နောက်ကျရင် ငါ မင်းနဲ့အတူ ထိုင်းနိုင်ငံကို ခရီးတစ်ခေါက် ထွက်မယ်"
"ကောင်းပါပြီ"ကျန်းရှင်းယာက ပျော်ရွှင်စွာ ပြန်ဖြေ၏။ ဒါက သူမအတွက် ကျေနပ်စရာကောင်းတဲ့အံ့အားသင့်မှုတစ်ခုပင်။
ဤညတွင် သူမ အိပ်ပျော်သည်အထိ ထန်ရှုက သူမအား သူ၏ရင်ထဲ၌ ထွေးပိုက်ထားသည်။ သူမက အိမ်မက်ကမ္ဘာသို့ စီးမျောသွားပြီးနောက် သူ၏မူလဖရိုဖရဲစွမ်းအားအား သူမ၏ခန္ဓာကိုယ်ထဲသို့ တိတ်တဆိတ်အားဖြည့်ပေးကာ သူမ၏ခန္ဓာကိုယ်အဖွဲ့အစည်းလုပ်ဆောင်ချက်များအား ပြုပြင်ထိန်းညှိပေးခဲ့သည်။
နောက်တစ်နေ့သို့ ရောက်လာပြီး နေအလင်းရောင်က ပြတင်းခန်းဆီးများအား ထိုးဖောက်လာခဲ့သည်။ ထန်ရှုက အိပ်ရာမှ နိုးလာပြီး ကောင်တာပေါ်တွင်တုန်ခါနေသောဖုန်းအား ကြည့်လိုက်၏။ သူက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောကျန်းရှင်းယာအား ကြည့်ကာ တိတ်တဆိတ်ထပြီး ဖုန်းအား ကောက်ကိုင်ကာ ဧည့်ခန်းထဲသို့ လျှောက်သွား၏။
"ငါပဲ"ထန်ရှုက အသံနှိမ့်ကာ ပြော၏။
"သူဌေး၊ ငါ ညက စုံစမ်းခဲ့တယ်၊ အဲဒီစုန့်ဇမ်နဲ့ပတ်သက်ပြီး သတင်းအချို့ ရလာတယ်"တစ္ဆေ၏အသံက တင်ပြလာ၏"သူ့လူတွေက အဲဒီအလောင်းနှစ်လောင်းကို တွေ့သွားပြီ၊ လက်ရှိ ငါတို့နေတဲ့ဟိုတယ်နားမှာ လူမိုက်တွေ အများကြီးရှိတယ်။ သူတို့ကို အလိုဝေနဲ့စုန့်ဇမ်တို့လွှတ်လိုက်တာလို့ ငါ ယူဆတယ်"
"ကောထောင်နဲ့ကျန်းကြွယ်တို့ကို ခေါ်ပြီး စုန့်ဇမ်ဆီ ခေါင်းနှစ်လုံးပို့ပေးလိုက်"ထန်ရှုက ပြော၏"သူ့လည်ပင်းကို သန့်ရှင်းအောင် ဆေးထားပြီး ငါ့ကို စောင့်နေလို့ သူ့ကို ပြော။ ငါ နှစ်ရက်အတွင်း သူ့ဆီ လူကိုယ်တိုင် လာမယ်"
"အာ။ မင်းက ပြဿနာရှာရတာ မုန်းတယ်လို့ မင်း ပြောခဲ့တယ်မလား"တစ္ဆေက ရယ်လိုက်၏"ငါ့ကို သူတို့ကို တိုက်ရိုက်သတ်ဖြတ်ခိုင်းတာက ပိုကောင်းမယ်လို့ ငါ ထင်တယ်"
"ငါ တကယ် ပြဿနာရှာရတာ မကြိုက်ပါဘူး။ ဒါပေမယ့် ပြဿနာကို နောက်တစ်နည်းနဲ့ ဖြေရှင်းခြင်းဖြင့် ငါတို့ အကျိုးအမြတ် ရနိုင်တယ်လေ"ထန်ရှုက ပြော၏"ငါ ဒီစုန့်ဇမ်ကို သွားတွေ့ရမယ်၊ သူ့ထံကနေ ငါတို့ပျော်စရာတစ်ခု ရလာနိုင်တယ်။ ကောင်းပြီ၊ ငါ မင်းကို ပြောခဲ့တဲ့အတိုင်း လုပ်ပါ"
"ကောင်းပါပြီ"တစ္ဆေက ပြန်ဖြေကာ ဖုန်းချလိုက်သည်။
***