ခမ်းနားထည်ဝါသောလက်ဆောင်
Vol. 67 Ch. 937
ဘန်ကောက်က ပူပြင်းလှပြီး ချွေးရနံ့များက နေရာအနှံ့ ဝင့်ဝဲလွင့်မျောသင်းပျံနေ၏။ ချစ်ချစ်တောက်နေမင်းကြီးက သက်ရှိများအား ချက်လုပ်ရန်အတွက် ကမ္ဘာအား ဒယ်အိုးတစ်ခုအဖြစ် ပြောင်းလဲနေသလိုလို။ သို့သော် ဒေသခံများနှင့်ခရီးသွားများက အပူကို အံတုလျက် ဂလိုအစ်ခရိုင်၏လူစည်ကားသောနေရာများ၌ သွားလာလှုပ်ရှားနေကြသည်။
သဲကြာကလပ်။
ဂလိုအစ်ခရိုင်ရှိထိပ်တန်းဖျော်ဖြေရေးကလပ်ဖြစ်သည်။ စီးပွားရေးက အမြဲမပြတ်ထိုးတက်နေပြီး ဧည့်သည်များနှင့် နှစ်တိုင်းပြည့်နေလျက် ရှိသည်။ ဖျော်ဖြေရေးမျိုးစုံနှင့်အတူ အိတ်ကပ်ဖောင်းပွနေသူများအတွက် သုခဘုံတစ်ခုပင်။ ထို့ပြင် ၎င်းက ဂလိုအစ်ခရိုင်၏မြေအောက်လောကတစ်ခုလုံးကို ထိန်းချုပ်ထားသည့် စုန့်ဇမ်၏အသိုက်လည်း ဖြစ်၏။
အတွင်းပိုင်းအကျဆုံးအဆောက်အဦးများအလယ်တွင် နှစ်ထပ်တိုက်ပုနှစ်လုံးရှိပြီး စိမ်းလန်းသောသစ်ပင်ကြီးများကြားတွင် တည်ဆောက်ထား၏။ ချစ်ချစ်တောက်နေမင်းကြီးလျှင်ပင် ၎င်း၏အလင်းတန်းများအား အိမ်နှစ်လုံးနှင့်အနီးရှိသစ်တောလမ်းပေါ်၌ တောက်ပရန် မစွမ်းဆောင်နိုင်ပေ။
"သူဌေး"
အနက်ရောင်ဝတ်စုံနှင့်အနက်ရောင်နေကာမျက်မှန်တို့ကို ဝတ်ဆင်လျက် ရုပ်ဆိုးကြမ်းကြုတ်သောအသွင်အပြင်ရှိသည့်တုတ်ခိုင်ခိုင်လူတစ်ယောက်က သစ်တောကို ဖြတ်ကာ အိမ်ရှေ့ရှိခြံဝင်းသို့ တည့်တည့်မတ်မတ်လျှောက်လာ၏။ သူက ရေကန်အရှေ့ရှိ ဆိုဖာပေါ်တွင် ထိုင်နေသော အဖြူရောင်ဝတ်လူတစ်ယောက်အား ရိုသေလေးစားမှုအပြည့်မျက်လုံးများနှင့် ကြည့်ကာ တိုးတိုးလေးအော်ခေါ်လိုက်သည်။
ထိုလူက စုန့်ဇမ်ပင်။ သူက မော့ကြည့်ကာ တည်ငြိမ်စွာ မေး၏"ဘာကိစ္စလဲ"
"တစ်ယောက်ယောက်က သူဌေးကို တွေ့ချင်နေတယ်။ သူ့မှာ သူဌေးကို ပေးဖို့ ခမ်းနားထည်ဝါတဲ့လက်ဆောင်တွေ ရှိတယ်လို့ ပြောတယ်"သန်မာသောလူက ဆက်ပြော၏"သူက အရမ်းသန်မာတယ်၊ သူ့ကြောင့် တာဝန်ကျနေတဲ့အစောင့်ခြောက်ယောက် ဒဏ်ရာအပြင်းအထန်ရသွားတယ်။ ပြီးတော့ သူ့ကိုယ်ကနေ သွေးရနံ့လှိုင်လှိုင်ရတယ်"
သူ ဘယ်ကလာလဲ မင်း သိလား"စုန့်ဇမ်က မေးလိုက်သည်။
"သူက မျက်နှာသစ်ပဲ။ သူ့ကို မြင်တာ ပထမဆုံးအကြိမ်ပဲ"သန်မာသောသူက ခေါင်းခါယမ်းလိုက်၏။
"ဒီအကောင်က ငါ့ဆီ မဆင်မခြင်တိုက်ရိုက်လာရဲတယ်ပေါ့လေ"စုန့်ဇမ်က ခေါင်းခါယမ်းကာ ပြုံးလျက် ပြော၏"သူ့ကို ခေါ်လာခဲ့။ ဘယ်သူကများ လက်ဆောင်အကြောင်းပြပြီး ငါ့ဆီကို လာရဲလဲ သိချင်တယ်"
"ဟုတ်ကဲ့ပါ"သန်မာသောလူက ပြန်ဖြေပြီး ဖုန်းထုတ်ကာ နံပါတ်တစ်ခုအား ခေါ်လျက် ပြော၏"သူ့ကို ဒီအထိ ခေါ်လာခဲ့"
မိနစ်အနည်းငယ်ကြာပြီးနောက် နေကာဦးထုပ်၊ နေကာမျက်မှန်နှင့် အနက်ရောင်ဝတ်စုံတို့ကို ဝတ်ဆင်ထားသောတစ္ဆေက လက်ဆွဲအိတ်နှစ်လုံးကို ကိုင်လျက် လျှောက်လာသည်။ သူက ဆိုဖာအရှေ့သို့ လျှောက်သွားပြီး အနက်ရောင်လက်ဆွဲအိတ်နှစ်လုံးအား စုန့်ဇမ်ရှေ့သို့ တိုက်ရိုက်ပစ်ချကာ ဘေးနားရှိ ဆိုဖာပေါ်တွင် ခြေချိတ်ထိုင်လျက် ပြော၏"ဒီလို ပွင့်ပွင့်လင်းလင်း၊ လူကြီးလူကောင်းဆန်ဆန်နဲ့ တစ်ယောက်ယောက်ဆီ လာလည်တာ ငါ့ရဲ့ပထမဆုံးအကြိမ်ပဲ။ ဘာပဲဖြစ်ဖြစ် အေးချမ်းတယ်လို့တော့ ခံစားမိပါတယ်"
"မင်းက မောက်မာပြီးဂရုမစိုက်နေပုံထောက်ရင် မင်းပေးမယ့်လက်ဆောင်က ငါ့ကို စိတ်မပျက်စေဖို့ ငါ မျှော်လင့်ပါတယ်"စုန့်ဇမ်က တစ္ဆေအား တစ်ချက်ကြည့်ကာ ပြော၏။ "မင်းရဲ့လက်ဆောင်ကို ငါ မကြည့်ခင် ဘာလို့ မင်းကိုယ်မင်း အရင်မိတ်ဆက်မပေးတာလဲ၊ မစ္စတာ။ ငါ က သူစိမ်းတွေနဲ့ ဘယ်တော့မှ စကားမပြောဘူး...."
"ကောင်းပါပြီ၊ ကောင်းပါပြီ။ မင်းအနေနဲ့ ငါ ပေးမယ့်လက်ဆောင်ကို တစ်ချက်ကြည့်တာ အကောင်းဆုံးလို့ ငါ ထင်တယ်"တစ္တေက ပြုံးဖြဲကာ ပြော၏"အဲဒါရဲ့အသွင်အပြင်ကြောင့် လှည့်စားတယ်လို့တော့ မထင်ပါနဲ့။ ငါ မင်းကို ပေးတဲ့လက်ဆောင်ကို မြင်တာနဲ့ မင်း အလွန်စိတ်ဝင်စားသွားမယ်လို့ ငါ အာမခံတယ်"
စန့်ဇမ်က ခဏနှုတ်ဆိတ်သွား၏။ သူက သူ့နောက်ရှိ တုတ်ခိုင်သောသူအား လက်ပြလိုက်သည်။ ထိုလူက ခေါင်းညိတ်ကာ အနက်ရောင်လက်ဆွဲအိတ်နှစ်လုံးအရှေ့သို့ လျှောက်လာ၏။ သူက ထိုင်ချကာ ဇစ်ဆွဲချ၏၊ သွေးများစိုရွှဲနေသောခေါင်းနှစ်လုံးက သူ့ရှေ့၌ ထွက်ပေါ်လာသည်။ သူ ရင်းနှီးနေသော မျက်နှာနှစ်ခုပင်။
"သူဌေး....."
တုတ်ခိုင်သူ၏မျက်နှာက အရောင်မဲ့ကာ အနီရောင်သာ ထင်းထင်းကျန်သွား၏။ သူက ခါးမှ ပစ္စတိုအား ချက်ချင်းထုတ်ကာ ပြောင်းဝအား တစ္ဆေသို့ ချိန်ထားလိုက်သည်။
သူ့လူခေါင်းနှစ်လုံးကို မြင်ပြီး သတ်ဖြတ်ခြင်းဆန္ဒက စုန့်ဇမ်၏မျက်လုံးများထဲ၌ လင်းလက်သွား၏။ သူက တစ္ဆေအား ပြန်လှည့်ကြည့်ကာ အေးစက်စွာ ခြိမ်းခြောက်လိုက်၏"သူတို့က ငါ့ရဲ့သစ္စာရှိလူတွေ၊ ငါ့ရဲ့အားကောင်းတဲ့လက်ထောက်တွေပဲ၊ မင်းက သူတို့ကို သတ်နိုင်တယ်ပေါ့။ စိတ်ချပါ၊ မစ္စတာ။ ကျေနပ်တဲ့ဖော်ပြချက်တစ်ခု မပေးနိုင်ရင် မင်း ဒီခြံဝင်းကနေ ခြေတစ်လှမ်းတောင် မထွက်စေရဘူး"
"ဟမ်။ ဒီအမှိုက်နှစ်ကောင်က မင်းရဲ့လက်ထောက်တွေလား။ ကြည့်ရတာတော့ ကျော်ကြားတဲ့မြေအောက်သူဌေးစုန့်ဇမ်မှာ သုံးစားမရတဲ့နောက်လိုက်တွေပဲ ရှိပုံပဲ"တစ္ဆေက နှာခေါင်းရှုံ့ကာ ပမာမခန့်ပြော၏။
ထို့နောက် သူက ဆေးလိပ်တစ်လိပ်အား ယူထုတ်ကာ မီးညှိပြီးနောက် တစ်ဖွာရှိုက်၏။ ဆေးလိပ်ငွေ့များအား မှုတ်ထုတ်ပြီးနောက် သူက ထပ်ပြောသည်"ကောင်းပါပြီ၊ ဒါက ငါ့သူဌေး မင်းကို ပေးခိုင်းတဲ့ လက်ဆောင်ပဲ။ သူက နှစ်ရက်အတွင်း မင်းဆီ လူကိုယ်တိုင်လာမယ်လို့ ပြောတယ်၊ ဒါကြောင့် မင်းရဲ့လူတွေကို လွှတ်ပြီး သူ့ကို အနှောင့်အယှက်မပေးဖို့ ပြောခိုင်းလိုက်တယ်။ မင်းရဲ့အသက်ကို အကောင်းပတိဆက်ထားနိုင်ဖို့ လုံလောက်တဲ့အကြောင်းပြချက် မင်းမှာ ရှိမယ်လို့ သူ မျှော်လင့်ထားတယ်တဲ့"
"မင်းရဲ့သူဌေးက ဘယ်သူလဲ"စုန့်ဇမ်က တင်းမာစွာ မေးလိုက်၏။
တစ္ဆေက ဖြေဖို့ အလျင်မလို၊ သူက ဆေးလိပ်တစ်ဝက်အား ဆက်ဖွာပြီးနောက် ဆေးလိပ်ဖင်အား ရေကန်ထဲသို့ တောက်ထုတ်လိုက်၏။ ထို့နောက် သူက ထရပ်ကာ ပေါ့ပေါးပါးပါးပြော၏"ငါ့သူဌေးရဲ့နာမည်ကို မင်း သိနိုင်မယ်လို့ ထင်နေတာလား။ ဒီမှာ...ငါ့ရဲ့အကြံပြချက်ကိုသာ နားထောင်စမ်းပါ။ မင်းရဲ့အသက်ကို ဘယ်လိုဆက်ထိန်းရမလဲဆိုတာကိုပဲ စဉ်းစားနေတာ ပိုကောင်းမယ်။ လောလောဆယ် အဲဒါက မင်းအတွက် အရေးကြီးဆုံးပဲ"
ထိုသို့ ပြောပြီးနောက် အနက်ရောင်ရွှေကတ်ပြားတစ်ခုအား သူ့အိတ်ထဲမှ ယူထုတ်၏။ ထို့နောက် သူက စားပွဲပေါ်တွင် တင်ကာ ပြော၏"မင်း သိလား၊ ဒီကတ်ကို လူသေတွေမှာ ချန်ထားဖို့ပဲ ငါ အသုံးပြုခဲ့တာ။ မင်က ဒုတိယအကြိမ်မြောက်ချွင်းချက်ပဲ"
သူ့အသံက ပျောက်ကွယ်သွားပြီး ရွှေရောင်ချည်မျှင်တစ်ခုက သူ့လက်ချောင်းများကြား၌ ရုတ်ခြည်းထွက်ပေါ်လာသည်။ ၎င်းအား သန်မာသူ၏လည်ပင်းရှိရာသို့ လွှဲယမ်းပြီးနောက် သူက ကျယ်လောင်စွာ ရယ်လျက် ရှေ့ဂိတ်ဆီသို့ ဦးတည်လိုက်တော့၏။
သန်မာသူ၏ကုတ်ပိုးပေါ်တွင် သေးငယ်သည့်အနီရောင်အမှတ်အသားတစ်ခုက ထွက်ပေါ်လာသည်။ တစ္ဆေထွက်သွားသည့်အလျင်အတိုင်း အကွဲရာမှ သွေးများ စိမ့်ထွက်လာနေပြီး သူ့ဦးခေါင်းက လည်ပင်းမှ ပြုတ်ထွက်သွားကာ စုန့်ဇမ်၏ခြေထောက်အနီးမြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့၏။
"ခွေးမသား......."
စုန့်ဇမ်က ချက်ချင်းထရပ်လိုက်သည်၊ သူ့ဘေးပတ်လည်ရှိတုတ်ခိုင်သန်မာသောလူဒါဇင်ကျော်က သူတို့၏သေနတ်များအား ချက်ချင်းဆွဲထုတ်လိုက်ကြ၏။ သူ့မျက်လုံးများက စားပွဲပေါ်ရှိအနက်ရောင်ရွှေကတ်ပြားပေါ်သို့ အမူမဲ့အမှတ်မဲ့ ရောက်ရှိသွားသည်။ ကတ်ပြားပေါ်တွင် မီးတောက်နေသောအနက်ရောင်မြူတံဆိပ်တစ်ခုအား ထွင်းထုထားပြီး နတ်ဆိုးမီးတောက်တစ်ခုနှင့်တူကာ သူ့မျက်လုံးများအား နာကျင်စေသောအထိအတွေ့တစ်ခုအား ထုတ်လွှတ်နေသည်။
ထိုအချိန်တွင် စုန့်ဇမ်က ရုတ်တရက်တုန်ယင်သွားပြီး သူ့မျက်လုံးများက ကျဉ်းမြောင်းသွား၏။ သူက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
"မပစ်နဲ့"
သေနတ်ခလုတ်နှိပ်ကာ ပစ်မည့်ဆဲဆဲတွင် သူ့လူဆယ်ယောက်က ရုတ်ခြည်းရပ်လိုက်ပြီး စုန့်ဇမ်အား ရှုပ်ထွေးသောမျက်နှာများနှင့် ကြည့်လိုက်ကြသည်။
တစ္ဆေအား စူးစိုက်ကြည့်လျက် စုန့်ဇမ်က မေးလိုက်၏"မင်းက တစ္ဆေလား။ ကမ္ဘာ့နံပါတ်တစ်လုပ်ကြံသတ်ဖြတ်သူတစ္ဆေလား"
တစ္ဆေ၏ခြေလှမ်းက ရပ်သွား၏။ သူက ပြန်လှည့်ကာ အနည်းငယ်နောင်တရသောမျက်နှာထားနှင့် သက်ပြင်းချလိုက်သည်"မင်း သိလား၊ ငါ ဘယ်သူလဲဆိုတာ ဖော်ထုတ်နိုင်တာက မင်းအတွက် အတော်လေးသနားစရာကောင်းတယ်။ မင်းရဲ့အမှိုက်ကောင်တွေ ငါ့ကို ပစ်ဖို့ ငါ မျှော်လင့်တယ်။ မင်းကို အလျင်စလိုမသတ်ဖို့ ငါ့သူဌေးက မှာခဲ့ပေမယ့် ပြန်မတိုက်ခိုက်ဖို့တော့ မပြောခဲ့ဘူး။ ငါ ဘာပြောခဲ့သလဲဆိုတာ မင်း မှတ်မိလား၊ စုန့်ဇမ်။ မင်းက ငါ ပွင့်ပွင့်လင်းလာလည်ခဲ့တဲ့ပထမဆုံးလူပဲ၊ မင်းက တစ္ဆေရဲ့ဝိညာဉ်ဖမ်းတံဆိပ်ကို ရပြီးနောက် အသက်ရှင်နိုင်တဲ့ပထမဆုံးလူပဲ"
စုန့်ဇမ်က စိတ်ထဲ၌ တုန်လှုပ်သွားပြီး အော်လိုက်၏"ကမ္ဘာ့အကောင်းဆုံးလူသတ်သမားက ဘယ်လိုလုပ်ပြီး တစ်စုံတစ်ယောက်ရဲ့လက်ပါးစေဖြစ်သွားရတာလဲ။ ငါ့ကို ပြောပါ၊ မင်းရဲ့သူဌေးက အတိအကျဘယ်သူလဲ"
သူ့အား တိုက်ရိုက်ဖြေမည့်အစား တစ္ဆေက အပြင်ဘက်သို့ လျှောက်သွားရင်း စုန့်ဇမ်အား နောက်ကျောပစ်လျက် ပြော၏"မင်း သိလား၊ တရုတ်မှာ ဆိုရိုးစကားတစ်ခုရှိတယ်၊ 'ပူနေလွန်းရင် တို့ဖူးမစားနဲ့အုံး'တဲ့-အလျင်လိုရင် အနှေးဖြစ်သွားလိမ့်မယ်။ နောက်နှစ်ရက်ကျရင် ငါ့သူဌေးက မင်းဆီ ကိုယ်တိုင်လာမယ်လို့ ပြောထားပြီးသား။ အဲအချိန်ကျရင် မင်း သူ့ကို သိပါလိမ့်မယ်"
လက်သီးတင်းတင်းဆုပ်လျက် စုန့်ဇမ်က တစ္ဆေထွက်ခွာသွားသည်အား ပြင်းထန်စွာ စိုက်ကြည့်၏။ သို့သော် ရှုပ်ထွေးသောခံစားချက်တစ်ခုက သူ့စိတ်ထဲ၌ ထွက်ပေါ်လာသည်။ သူ့ထံ လာရောက်သူ ဘယ်သူပဲဖြစ်ဖြစ် သူ့လူများအား ပစ်ခိုင်းရန် သူ ဘယ်တော့မှ မတုံ့ဆိုင်းခဲ့ပေ။ သို့သော် ဤလူက တစ္ဆေဖြစ်သည်-သူ အရမ်းကြောက်ရသောလူဖြစ်၏။ ကမ္ဘာ့နံပါတ်တစ်လုပ်ကြံသတ်ဖြတ်သူက ကြောက်စရာအကောင်းဆုံးတည်ရှ်ိမှုတစ်ခုဖြစ်ပြီး ပစ်ခတ်ရန် သူ့လူများအား ယုံကြည်ချက်ရှိရှိ အမိန့်မပေးနိုင်ခဲ့ပေ။
"သူဌေး"လူတစ်ယောက်က အလျင်စလိုခေါ်လိုက်သည်။
"ပိတ်ထားစမ်း"စုန့်ဇမ်က ဒေါသတကြီးအော်လိုက်၏။
မကြာခင် တစ္ဆေပုံရိပ်က သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားပြီးနောက် သူက ဆိုဖာပေါ်သို့ ထိုင်ချလိုက်သည်။ သူက သူ့ရှေ့ရှိ ခေါင်းသုံးလုံးအား ကြည့်ရင်း အချိန်အတော်ကြာ နှုတ်ဆိတ်နေ၏။ ထို့နောက် သူက ဖုန်းထုတ်ကာ နံပါတ်တစ်ခုအား ခေါ်လိုက်သည်။
"တစ်ခုခုဖြစ်လို့လား၊ စုန့်ဇမ်"အက်ကွဲသံတစ်ခုက ဖုန်းမှ ထွက်လာ၏။
သူ့မျက်နှာပေါ်တွင် ရိုသေလေးစားမှုက ထွက်ပေါ်လာပြီး စုန့်ဇမ်က ပြန်ဖြေ၏"ငါ ဒုက္ခကြီးကြီးရောက်ပြီထင်တယ်၊ ခေါင်းဆောင်"
"ပြော"
"တစ္ဆေ၊ ကမ္ဘာနံပါတ်တစ်လူသတ်သမား၊ ခုပဲ ငါ့ဆီ လာသွားတယ်။ သူက ငါ့လူသုံးယောက်ကို သတ်ပြီး ခြောက်ယောက်ကို ဒဏ်ရာရသွားစေတယ်"စုန့်ဇမ်က ပြန်ဖြေလိုက်သည်။
"မင်း ဘာပြောတာလဲ။ သူက တစ္ဆေဆိုတာ မင်း သေချာလား"အသံက ဖုန်းမှ ပြန်တုံ့ပြန်လာ၏။ အသံက အနည်းငယ်အလျင်စလိုဖြစ်နေသည်။
"ငါ့မှာ သူ့ရဲ့အထောက်အထားအစစ်အမှန်ကို သက်သေပြဖို့ နည်းလမ်းမရှိပေမယ့် သူက ဝိညာဉ်ဖမ်းတံဆိပ်ကို ချန်ထားခဲ့တယ်။ ငါ အရင်က သူ့ရဲ့တံဆိပ်ပါတဲ့ဓာတ်ပုံတစ်ပုံကို မြင်ဖူးတယ်၊ လုံးဝအတိအကျတူနေတယ်"စုန့်ဇမ်က ပြန်ဖြေလိုက်သည်။
တစ်ဖက်လူက အချိန်အတော်ကြာ နှုတ်ဆိတ်သွားပြီးနောက် လေးနက်စွာ ပြောလာ၏"ငါ့ကို အဲမှာ စောင့်နေ"
ဖုန်းချပြီးနောက် စုန့်ဇမ်က ဖြစ်ပျက်ခဲ့သည်များအား တွေးပြီး သူ့တပည့်အလိုဝေအား ဖုန်းခေါ်ကာ ချက်ချင်းလာခိုင်းခဲ့သည်။
ကြယ်ငါးပွင့်အမန်ဒါဟိုတယ်။
ကျန်းရှင်းယာအား လူ့ခန္ဓာကိုယ်၏သွေးကြောအမှတ်ပုံစံအား သင်ကြားပေးပြီးနောက် အခန်းတံခါးခေါက်သံအား ကြားလိုက်ရသည်။ ထန်ရှုက တံခါးဖွင့်လိုက်သောအခါ တစ္ဆေက ချက်ချင်းဝင်လာပြီး တင်ပြခဲ့သည်"ငါ မင်းအမိန့်အတိုင်း စုန့်ဇမ်ဆီ သွားပြီးပြီ၊ သူဌေး"
"ငါ့ကို အသေးစိတ်ပြော"ထန်ရှုက ပြော၏။
တစ္ဆေက အသေးစိတ်တင်ပြကာ ပြောလိုက်သည်"သူက ငါ့ကို ကြောက်နေတာ ငါ သိတယ်၊ ငါ ထွက်သွားပြီးနောင် ငါ့အကြောင်း စုံစမ်းဖို့ သူ့လူတွေကို အမိန့်ပေးမှာကို ငါ စိတ်ပူတယ်၊ သူဌေး"
"ဒေသခံမြေအောက်သူဌေးဆိုတဲ့သူ့အနေအထားရ ငါတို့အကြောင်းမစုံစမ်းမှ အံ့ဩစရာကောင်းနေမှာ"ထန်ရှုက တည်ငြိမ်စွာ ပြန်ပြောသည်"ကောင်းပြီ၊ ဒီနှစ်ရက်အတွင်း ငါ့ကို မနှောင့်ယှက်သရွေ့ ငါတို့ကို စုံစမ်းခွင့်ပေးလိုက်။ ပြီးတော့ ငါ မင်းကို တစ်ခု စုံစမ်းစေချင်တယ်"
"ဘာများလဲ"
"ဘန်ကောက်မြေအောက်လောကရဲ့ဘုရင်အစစ်က ဘာ်သူလဲဆိုတာ ငါ သိချင်တယ်။ ဖြစ်နိုင်ရင်း မနက်ဖြန်ညမတိုင်ခင် ငါ အသေးစိတ် သိချင်တယ်"
"ဟုတ်ကဲ့ပါ"တစ္ဆေက ပြော၏"ဒိီနေရာက ငါ့အဆက်အသွယ်တွေနဲ့ ချိတ်ဆက်လိုက်ရမလား"
"ထိုင်းမှာ မင်းရဲ့အဆက်အသွယ်အချို့ရှိတာလား"ထန်ရှုက မေးလိုက်သည်။
"ငါ့ရဲ့သတင်းကွန်ရက်က တိုင်းပြည်တိုင်းမှာ တွေ့နိုင်တယ်၊ သူဌေး"တစ္ဆေက ရှင်းပြလိုက်သည်"သူတို့က အမှောင်လေအဖွဲ့အစည်းရဲ့လူတွေပဲ။ ငါ့ရဲ့ကိုယ်ရေးကိုယ်တာအလုပ်အတွက်ဆိုရင် သူတို့ဆီက သတင်းအချက်အလက်ဝယ်ဖို့ပဲ လိုတယ်"
"အမှောင်လေအဖွဲ့အစည်းလား"အေးစက်စက်အလင်းတစ်ခုက ထန်ရှု၏မျက်လုံးထဲတွင် လက်သွားပြီး သူက ပြော၏"သူတို့ကို ဘယ်လိုဆက်သွယ်ရမလဲဆိုတာ ငါ့ကိုပြော။ ငါကိုယ်တိုင်ပဲ သူတို့ဆီကနေ သတင်းအချက်အလက်ဝယ်မယ်။ မင်းအတွက်ကတော့ လောလောဆယ် မင်းကို တစ်ယောက်မှ သတိမပြုမိစေချင်ဘူး။ အခု မင်းက ငါ့နောက်လိုက်ဖြစ်နေပြီ"
"ငါက မင်းလူဆိုတာ အချို့လူတွေ အနံ့အသက်ရသွားလောက်ပြီ"တစ္တေက ပြန်ဖြေ၏။
"မင်းဆိုလိုတာ စုန့်ဇမ်မလား"ထန်ရှုက ပြော၏"ပူစရာမလိုဘူး။ အပြောင်းအလဲအချို့မဖြစ်ရင် သူ့မှာ သုံးရက်ပဲ ကျန်တယ်"
"ဘာအပြောင်းအလဲလဲ"တစ္ဆေက မေးလိုက်သည်။
ဖြေမည့်အစား ထန်ရှုက ဖြည်းဖြည်းချင်းပြော၏"၁၃၁၉အကျဉ်းစခန်းကနေ ငါ ခေါ်ထုတ်လာတဲ့သူတွေထဲမှာ မင်းကိုပဲ ငါနဲ့အတူ အပြင်ခေါ်ထုတ်လာတာ။ ကျန်တဲ့သူတွေအားလုံးက ယောက်သွားကျွန်းမှာပဲ။ မင်း လွတ်လာပြီးဆိုတာ အပြင်ကမ္ဘာက သိလောက်ပြီ၊ ဒါကြောင့် အင်အားအချို့ရဲ့ပစ်မှတ်ထားတာကို မခံရဖို့ ငါတို့တွေ တိုးတိုးတိတ်တိတ်နှိမ့်နှိမ့်ချချနေရမယ်"
***