အာဏာပြခြင်း
Vol. 67 Ch. 938
သဲကြာကလပ်။
မျက်ခုံးအား တင်းကျပ်စွာ ဖိနှိပ်ထားလျက် စုန့်ဇမ်က စီးကရက်တစ်လိပ်ပြီးတစ်လိပ်သောက်ကာ စီးကရက်တိုများအား ကြမ်းပြင်ပေါ်သို့ ပစ်ထုတ်နေ၏။ ကမ္ဘာ့နံပါတ်တစ်လူသတ်သမားတစ္ဆေက သူ့စိတ်ထဲ၌ အဆုံးမဲ့ထိတ်လန့်မှုတို့ကို မွေးဖွားစေခဲ့သည်။ အလိုဝေက ရောက်ရှိလာပြီး သူ့ဘေး၌ တိတ်တဆိတ်ရပ်နေ၏။ ကြမ်းပြင်ပေါ်ရှိ သွေးခြောက်များအား မြင်လိုက်ပြီး ကြောက်ရွံ့မှုကြောင့် သူက တုန်ယင်သွားသည်။
"သူဌေး၊ သူဌေးခန်ရောက်လာပြီ"
ပိန်ပိန်ပါးပါးလူရွယ်တစ်ယောက်က အထဲသို့ သုတ်ခြေတင်ဝင်လာသည်။
စုန့်ဇမ်က ခေါင်းမော့ကာ ထရပ်ပြီး ခြံဝင်းဂိတ်သို့ ဦးတည်လျှောက်သွားသည်။ အနက်ရောင်ယူနီဖောင်းဝတ်လူဆယ်ယောက်နှင့်အတူ ခန်နာဂျာအား မြင်သောအခါ နှုတ်ဆက်ရန် ရှေ့သို့ အရှိန်တင်လိုက်ပြီး အော်ခေါ်လိုက်၏"အကိုကြီး"
ခန်အဂျာက သူ့အား သာမန်မျှစွာ တစ်ချက်ကြည့်၏။ ခြံဝင်းထဲသို့ ဝင်လာပြီးနောက် သူက ဆိုဖာပေါ်တွင် ထိုင်ကာ မေးလိုက်သည်"အဲဒီတစ္ဆေက ဘယ်မှာလဲ"
"သူ ထွက်သွားပြီ"စုန့်ဇမ်က ပြန်ဖြေ၏။
"ငါ့ကို အားလုံးပြောပြ"ခန်အဂျာက ပြော၏"မင်းတို့က သူ့ကို ဘယ်လို အနှောင့်အယှက်ပေးခဲ့တာလဲ ဒါမှမဟုတ် သူ့နောက်ကသူဌေးကို ဘယ်လိုရန်စခဲ့တာလဲ"
"သိပ်တော့ မသေချာဘူး"စုန့်ဇမ်က ခေါင်းခါယမ်းကာ ပြော၏"ဒါပေမယ့် တရုတ်က အမျိုးသမီးကြယ်ပွင့်နဲ့ ဆက်စပ်မယ်လို့တော့ ငါ ထင်တယ်"
"ငါ့ကို အသေးစိတ်ပြော"ခန်အဂျာက မျက်ခုံးဖိနှ်ိပ်လိုက်သည်။
"ဒါတွေအားလုံးဖြစ်စေတာ အလိုဝေပဲ၊ အကိုကြီး"အလိုဝေအား ညွှန်ပြလျက် စုန့်ဇမ်က ပြော၏"သူက အဲဒီတရုတ်အမျိုးသမီးကြယ်ပွင့်ကို ကြိုက်တယ်။ သူမနာမည်က ကျန်းရှင်းယာ၊ စီးပွားရေးရုပ်ရှင်အချို့ရိုက်ဖို့ ဒီနေရာကို လာတာ။ သူက သူမကို လိုချင်ပြီး မရပ်မနားအနှောင့်အယှက်ပေးတာ၊ ငြင်းခံလိုက်ရပြီး သူကိုယ်တိုင်လဲ ကျန်းရှင်းယာရဲ့အစောင့်တွေ သင်ခန်းစာပေးတာ ခံလိုက်ရတယ်။ သူမရဲ့အစောင့်တွေက ကျွမ်းကျင်သူတွေဆိုတာ သိပြီးနောက် စုံစမ်းဖို့ ငါ့လူတွေ လွှတ်ခဲ့တယ်။ ဒါပေမယ့် ငါ လွှတ်လိုက်တဲ့လူနှစ်ယောက်က သတ်ဖြတ်ခံလိုက်ရပြီး သူတို့ရဲ့အလောင်းတွေကို ကျောက်ဖယားမြစ်ဝှမ်းမှာ တွေ့လိုက်ရတယ်။ တစ်ဖက်လူအကြောင်း အသေးစိတ်စုံစမ်းဖို့ လူအချို့ တာဝန်ပေးထားခဲ့ပေမယ့် တစ္ဆေက ငါ့လူနှစ်ယောက်ရဲ့ဦးခေါင်းကို ယူပြီး ဒီနေရာကို ရောက်လာတာပဲ"
"ကျန်းရှင်းယာလား"ခန်အဂျာက ထပ်မေးလိုက်သည်"ဒါက မင်း ဖြစ်နေရတဲ့ ပြဿနာလား"
"အတိအကျပြောရရင် ဒါကို ဖြစ်စေတာ အလိုဝေပဲ၊ အကိုကြီး"စုန့်ဇမ်က ရှုံ့မဲ့စွာ ပြုံးလျက် အမှန်ပြောလိုက်သည်။
အသားအရောင်က ဖြူရော်သွားပြီး အလိုဝေက ခန်အဂျာရှေ့ ဒူးထောက်ကာ တုန်တုန်ယင်ယင်နှင့် ပြော၏"ခေါင်းဆောင်၊ ငါ ကျန်းရှင်းယာရဲ့နောက်ခံနဲ့ ပတ်သက်ပြီး စုံစမ်းခဲ့တယ်၊ သူမက တရုတ်ကအဆိုတော်တစ်ယောက်မျှပဲ။ သူမက ကိုယ်ရံတော်အချို့ခေါ်လာပေမယ့် ကမ္ဘာနံပါတ်တစ်လူသတ်သမားတစ္ဆေနဲ့ဆက်စပ်မှုရှိဖို့က မဖြစ်နိုင်ဘူး။ ဖြစ်....ဖြစ်နိုင်တာက....ဒီနေရာမှာ တစ္ဆေ ထွက်ပေါ်လာတာက....ဒီကိစ္စနဲ့ မဆက်စပ်ဘူး"
"ဒါဆို အဲဒီကျန်းရှင်းယာက အခု ဘယ်မှာရှိလဲ"ခန်အဂျာက မေးလိုက်သည်။
"သူမက ကြယ်ငါးလုံးအမန်ဒါဟိုတယ်မှာ နေတယ်။ အဲဒီဟိုတယ်မှာ ငါ့ရဲ့ရှယ်ယာတွေရှိတယ်၊ ဒါကြောင့် ငါ့လူတွေ လွှတ်ပြီး အဲနေရာက စောင့်ကြည့်ဗီဒီယိုတွေကို စုဆောင်းခိုင်းထားတယ်"အလိုဝေက ဆို၏။
"ဟမ့်"ခန်အဂျာက အေးစက်စွာ နှာခေါင်းရှုံ့လျက် ပြော၏"မင်းက ထင်ထားသလောက် မတုံးဘူးပဲ။ ရတာနဲ့ ဒီနေရာကို ပို့ဖို့ မင်းလူတွေကို ပြောလိုက်"
"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့"
အလိုဝေက သူ့ဖုန်းအား ကမန်းကတန်းထုတ်ကာ ဖုန်းခေါ်လိုက်သည်။
****
နေဝင်ရီတရောအချိန်ရှိလာပြီး ထန်ရှုက ကျန်းရှင်းယာနှင့်အတူ အမန်ဒါဟိုတယ်၏စားသောက်ဆိုင်သို့ ရောက်ရှိလာ၏။ ပြတင်းပေါက်ဘေးနားရှိ ညစာစားပွဲတစ်လုံးတွင် နေရာယူပြီးနောက် စင်းလုအန်က ရောက်ရှိလာသည်။ ထိုအကောင်က သူနှင့်အတူ သက်ကြားအိုငါးယောက်အား မခေါ်လာတော့ဘဲ လှပသောအမျိုးသမီးတစ်ယောက်ကိုသာ ခေါ်လာခဲ့၏။
"ဟယ်လို၊ မစ္စတာထန်"သူက ထန်ရှုရှေ့သို့ ပြုံးလျက် ရောက်လာသည်။
ပြုံးကာ တုံ့ပြန်လျက် ထန်ရှုက ပြောလိုက်၏"မင်းအကို အခုထိပြန်မလာသေးဘူးလား၊ စင်းလုအန်"
"မလာသေးဘူး"စင်းလုအန်က ခေါင်းခါယမ်းကာ ပြော၏"ဒါပေမယ့် နှစ်ရက်အတွင်း သူ ပြန်လာမယ်လို့တော့ ငါ သတင်းကောင်းအချို့ ရထားတယ်။ ဒါပေမယ့် ဒီတစ်ခေါက် သူ ထွက်သွားတဲ့အချိန်မှာ ကျွမ်းကျင်သူအချို့ စုဆောင်းထားပုံပဲ။ သတင်းအရ သူတို့ထဲကတစ်ယောက်ကို ဟာဒီလို့ခေါ်တယ်၊ သူက ရွှေမီးလျှံကြေးစားအဖွဲ့ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ကျွမ်းကျင်သူတစ်ယောက်ပဲ"
ထန်ရှုက လက်ဝှေ့ယမ်းကာ သူ့အား ထိုင်ခိုင်းလိုက်သည်။ ထို့နောက် သူက ပေါ့ပေါ့ပါးပါးပြုံးကာ ပြော၏"စင်းခေါ ကျွမ်းကျင်သူ ဘယ်လောက်ခေါ်တာ ငါ စိတ်မဝင်စားဘူး။ သူ မကြာခင် ရောက်လာဖို့ပဲ ငါ မျှော်နေတာ"
"ဟီးဟီး"စင်းလုအန်က ရယ်ကာ ပြော၏"သူ ပြန်လာတာနဲ့ ငါ မင်းကို ချက်ချင်းအကြောင်းကြားပါ့မယ်၊ မစ္စတာထန်။ ပြီးတော့ မင်း ထိုင်းကို လာတာ ဘာလို့ ငါ့ကို ကြိုတင်မပြောတာလဲ။ ဒီဟိုတယ်က ကောင်းပေမယ့် ငါ့နေရာနဲ့ အတော်ဝေးတယ်။ ငါ့မှာ မြင်ကွင်းလှလှလေးတွေရှိတဲ့ကမ်းခြေစံအိမ်တစ်ခုရှိတယ်။ အဲနေရာမှာ ဆိုရင် မင်းနေရတာ ပိုသက်သောင့်သက်သာ ရှိမှာ သေချာတယ်"
"လောလောဆယ် အဲဒါကို ထားလိုက်တော့"ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည်"ဘန်ကောက်မှာ ငါ ရင်ဆိုင်ရမယ့် အသေးအဖွဲကိစ္စတစ်ခုရှိတယ်"
ဒါကို ကြားပြီး စင်းလုအန်၏မျက်နှာပေါ်တွင် ဒေါသထွက်သောအကြည့်တစ်ခု ထွက်ပေါ်လာ၏"မင်းက ငါ့ရဲ့ဧည့်သည်ပဲ၊ မစ္စတာထန်။ ငါ့ပိုက်နက်မှာ ဘယ်သူကများ မင်းကို နှောင့်ယှက်ရဲတာလဲ။ သူတို့ဘယ်သူဆိုတာ ငါ့ကို ပြော။ ငါ့လူတွေကို လွှတ်ပြီး ဖြေရှင်းခိုင်းလိုက်မယ်"
ထန်ရှုက ပြန်ဖြေခါနီးတွင် တစ္ဆေက ချဉ်းကပ်လာပြီး အနီးနားတွင်စောင့်ကြပ်နေသောဂူထောင်နှင့်ကျန်းကြွယ်တို့ကလည်း လာနေသည်ကို သူက ရုတ်တရက် မြင်လိုက်ရသည်။
တစ်ခုခုဖြစ်လာတာပဲ.....
အနေအထားကို ချက်ချင်း အကဲဖြတ်ပြီးနောက် ထန်ရှု၏မျက်လုံးများက ထမင်းစားခန်းမထဲသို့ ဝင်လာနေသော လူတစ်စုအား မျက်မှန်းတမ်းမိသွားသည်။ သူ့ဓာတ်ပုံအား တစ္ဆေထံမှ မြင်ဖူးတာကြောင့် တစ်ချက်ကြည့်ရုံနှင့် စုန့်ဇမ်က သူတို့အထဲတွင် ရှိသည်ကို သိလိုက်ရ၏။
စင်းခုအန်သည်လည်း ရောက်ရှိလာသူများအား မြင်လိုက်ရသည်။ သူ့အမူအရာက ရုတ်ခြည်းပြောင်းလဲသွား၏။ အမှောင်နတ်ဆရာကလန်၏သခင်လေးတစ်ယောက်အနေနှင့် သူက ကလန်၏လုပ်ငန်းများအား စီမံခန့်ခွဲခဲသော်လည်း သူ့တွင် ကိုယ်ပိုင်သတင်းကွန်ရက်နှင့်အချိတ်အဆက်ရှိသည်။ ဤလူများအား သူ့အဖေပင် လစ်လျူမရှုရဲသည့် ခန်အဂျာဆိုသူက ဦးဆောင်လာ၏။
"သူတို့က မစ္စထန်ပြောခဲ့တဲ့ သူ့ကို နှောင့်ယှက်တဲ့သူတွေလား"
သူက ထန်ရှုဘယ်လောက်ကြောက်စရာကောင်းသလဲကို အမှတ်ရလိုက်ပြီး ခန်အဂျာနှင့်စုန့်ဇမ်တို့အားကြည့်သောသူ့အမူအရာက အရုပ်ဆိုးသွား၏။
ထန်ရှုနှင့်စင်းလုအန်တို့ထိုင်နေသောထမင်းစားစာပွဲသို့ တည့်တည့်မတ်မတ်လျှောက်လာရင်း ခန်အဂျာက ထန်ရှုအား တစ်ချက်ကြည့်ပြီးနောက် သူ့မျက်လုံးများက စင်းလုအန်အပေါ်သို့ ကျရောက်သွားခဲ့သည်။ သူ၏အနည်းငယ်ဝဖိုင်းဖိုင်းခန္ဓာကိုယ်က ရပ်တန့်သွားပြီး ပြုံးကာ နှုတ်ဆက်လိုက်၏"အာ၊ သခင်လေးစင်းလုအန်လဲ ဒီနေရာမှာ ရှိနေမယ်လို့ ငါ မထင်ထားဘူး။ မင်းအဖေနဲ့နောက်ဆုံးတွေ့တာ ခြောက်လကျော်ပြီ။ သူ နေကောင်းလား"
"သူ အဆင်ပြေပါတယ်"စင်းလုအန်က တိုတိုတုတ်တုတ်နှင့် စိတ်မပါစွာ ဖြေလိုက်သည်။
စင်းလုအန်ထံမှရန်လိုမှုက ခန်အဂျာအား ပြင်းပြင်းထန်ထန်ခံစားသွားစေသည်။ ဘယ်သူမှသတိမပြုမိလိုက်ဘဲ သူ့မျက်ခုံးများက အနည်းငယ်တွန့်သွား၏။ ထို့နောက် သူ့မျက်လုံးများက ထန်ရှအပေါ် ထပ်မံကျရောက်လာပြီး ပြုံး၍ မေးလိုက်သည်"မင်းက မစ္စတာထန်လား"
ထန်ရှုက ထိုင်ရာမှမထပေ၊ သူ့မျက်လုံးများက ခန်အဂျာမှတစ်ဆင့် စုန့်ဇမ်ပေါ်သို့ ကျရောက်သွား၏"ငါ့ကို နှစ်ရက်အတွင်း မနှောင့်ယှက်ဖို့ တစ္ဆေကနေတစ်ဆင့် မင်းကို သတိပေးခဲ့တာကို ငါ မှတ်မိပါသေးတယ်။ ဒါကို မင်းက နားမထောင်ဘူးပဲ။ ဖြစ်လာမယ့်အကျိုးဆက်တွေနဲ့ပတ်သက်ပြီး မင်း ရှင်းရှင်းလင်းလင်းသိထားသင့်တယ်"
စုန့်ဇမ်၏နှလုံးက ခုန်ပေါက်သွားပြီး သူက သူ၏အကိုကြီးခန်အဂျာအား ကမန်းကတန်း ကြည့်ပြီးနောက် သူ့ခေါင်းအား လျင်မြန်စွာ နှိမ့်ချလိုက်တော့သည်။
ပြောပြီးနောက် ထန်ရှုက ခန်အဂျာအား တစ်ချက်ထပ်ကြည့်ကာ ပြောလိုက်၏"မင်းရဲ့အဆင့်အတန်းက သူ့ထက် ပိုမြင့်ပုံရတယ်။ စုန့်ဇမ်ကိုတောင် ခေါင်းငုံ့စေတဲ့သူက ဘန်ကောက်မြေအောက်လောကအင်အားစုတွေရဲ့ခေါင်းဆောင်ပဲ ဖြစ်ရမယ်။ ခင်ဗျားက ခန်အဂျာမလား"
"ဟုတ်ပါတယ်"ခန့်အဂျာက ပြုံးလျက် ပြန်ဖြေသည်။
"ငါ သိသလောက် ဒီဟိုတယ်ရဲ့စတုတ္ထအထပ်မှာ ဧည့်ခန်းတစ်ခုရှိတယ်။ ငါ ဒီမှာ ညစာစားရအုံးမှာဆိုတော့ မင်းရဲ့လူတွေကို အဲကို ခေါ်သွားပါ"ထန်ရှုက ပြောလိုက်သည်။
ခန်အဂျာ၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ အတွေ့အကြုံများသူတစ်ယောက်အနေနှင့် ထန်ရှု၏အထောက်အထားအား မဖော်ထုတ်ရသေးခင် သူက မဆင်မခြင်မလုပ်ရဲပေ၊ ထို့ကြောင့် သူက ခေါင်းညိတ်ကာ ပြော၏"ကောင်းပါပြီ။ ငါ မင်းကို အဲမှာ စောင့်နေမယ်၊ မစ္စတာထန်"
ခန်အဂျာနှင့်သူ့လူများ ထွက်သွားပြီးနောက် စစ်လုအန်က လက်မထောင်ကာ ချီးကျူးလိုက်သည်"ဘယ်လိုတောင် ခန့်ညားပြီးလွှမ်းမိုးနိုင်လိုက်သလဲ၊ မစ္စတာထန်။ မင်း သိလား၊ ခန်အဂျာက ဘန်ကောက်မြေအောက်လောကရဲ့အရှင်သခင်ပဲ။ သူ့စွမ်းအားက ငါ့ရဲ့အမှောင်နတ်ဆရာကလန်ထက် လျော့နည်းပေမယ့် သူက လှောင်ရယ်လို့ရမယ့်သူမျိုးမဟုတ်ဘူး။ ဒါပေမယ့် မင်းရှေ့မှာတော့ သူ သတိထားနေရမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး"
ထန်ရှုက တစ္ဆေအား လက်ညှိုးထိုးကာ ပေါ့ပေါ့ပါးပါးပြော၏"ဟဲဟဲ၊ သူက ငါ့ကို ကြောက်တာမဟုတ်ဘူး၊ သူ့ကို ကြောက်တာ"
ထိုစကားက စစ်လုအန်အား အံ့အားသင့်စေခဲ့ပြီး သူက တစ္ဆေအား ဂရုတစိုက်ကြည့်ကာ ပဟေဠိဖြစ်သောမျက်နှာနှင့် မေး၏"ဒါဆို သူက......"
"ငါတို့က မိတ်ဆွေတွေဆိုတော့ မင်းကို မဖုံးကွယ်တော့ဘူး။ သူက တစ္ဆေ၊ ငါ့လူပဲ"ထန်ရှုက ပြုံးကာ ရှင်းပြလိုက်သည်။
"တစ္ဆေလား"
စစ်လုအန်က ပဟေဠိဖြစ်နေသေးသည်။ ထိုနာမည်အား ရင်းနှီးသလို ခံစားရသော်လည်း ဘယ်နေရာတွင် ကြားဖူးသလဲအား ပြန်အမှတ်မရနိုင်ပေ။
ဤအချိန်တွင် မျက်မှန်နှင့်ပိန်ပိန်ပါးပါးလူလတ်ပိုင်းတစ်ယောက်က ဝိုင်နှစ်ပုလင်းကိုင်လျက် ရောက်လာသည်။ သူက ပုလင်းများအား သေချာချကာ ပြောလိုက်သည်"မစ္စ၊ မစ္စတာတို့၊ ငါက ခန်းလုံ၊ ဒီဟိုတယ်ရဲ့မန်နေဂျာပဲ။ ငါ့သူဌေးက မင်းတို့ကို ဒီဝိုင်နှစ်ပုလင်း ချပေးဖို့ ပြောလိုက်တယ်။ သူက ဒီဝိုင်တွေကို တရုတ်ကနေ ခက်ခက်ခဲခဲဝယ်လာခဲ့ရတာ၊ မင်းတို့ ကျေနပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
"နတ်ဘုရားဝတ်ရည်ဝိုင်လား"ထန်ရှုဘေးနားတွင်ထိုင်နေသောကျန်းရှင်းယာ၏မျက်နှာပေါ်၌ အပြုံးတစ်ခုက ထွက်ပေါ်လာ၏။
"ငါ့သူဌေးက စုန့်ဇမ်၊ ဟိုတယ်ရဲ့အဓိကရှယ်ယာရှင်ပဲ"ခန်းလုံက ပြန်ဖြေ၏။
"အာ။ ဟားဟားဟား......"ထန်ရှုက ရယ်မောမိသွားပြီး မှတ်ချက်ပြုလိုက်၏"ဒီအကောင်က ငါ့ဖိနပ်ကို နမ်းချင်တာလား ဒါမှမဟုတ် တစ်ခုခုလား၊ ဒါမှမဟုတ် သူက ငါ့ကို စမ်းသပ်ချင်တာလား။ ဟီးဟီး......စိတ်ဝင်စားစရာတော့ ကောင်းနေပြီ။ ကောင်းပြီလေ၊ ပုလင်းကို ထားခဲ့ပြီး မင်းအလုပ် မင်း ဆက်လုပ်လို့ရပြီ"
ခန်းလုံက မျက်မှောင်ကြုတ်လိုက်သော်လည်း သူက ခေါင်းညိတ်ကာ ထွက်ခွာသွားခဲ့သည်။
"ထန်ရှု၊ သူတို့က ပြဿနာထပ်မရှာချင်တော့ရင် ဒီအတိုင်းထားလိုက်ရအောင်"ကျန်းရှင်းယာက တိုးတိုးပြော၏"ရှင်က အားကောင်းပြီး ဒီလူတွေကို မကြောက်ဖူးဆိုတာ ကျွန်မသိတယ်။ ဒါပေမယ့် ဒီနေရာက သူတို့ရဲ့ပိုင်နက်ပဲ။ ဒုက္ခနည်းလေ၊ ငါတို့အတွက် ပိုကောင်းလေပဲ"
"ငါ သိပါတယ်၊ မင်း စိတ်အေးအေးထားပါ"ထန်ရှုက ပြုံးလိုက်သည်။
အမန်ဒါဟိုတယ်၏ဒုတိယအထပ်ကို ခန်းမခြောက်ခုပိုင်းခြားထားပြီး အကောင်းဆုံးက တစ်ရာစတုရန်းမီတာအရွယ်အစားရှိသည့်ဧည့်ခန်းတစ်ခုဖြစ်၏။ ထိုနေရာတွင် ခန်အဂျာက သားရေဆိုဖာတစ်ခုပေါ်၌ တိတ်တဆိတ်ထိုင်နေသည်၊ လက်ချောင်းများက ခူဘမ်စီးကရက်တစ်လိပ်အား ညှပ်ထားရင်း ပြဿနာအား တိတ်တဆိတ်တွေးနေ၏။
ကရင်း၊ ကရင်း.....
ရုတ်တရက် သူ့ဖုန်းက နှစ်ကြိမ်တိတိမြည်လာသည်။
သူက ဖုန်းထုတ်လိုက်သည်။ စာပို့သူနာမည်ကို ဖတ်ပြီးနောက် ပိုင်ထောင်ဖြစ်သည်ကို တွေ့လိုက်ရသည်။ သူက ဖုန်းစာအုပ်အား ဖွင့်ကာ သူ့နံပါတ်အား ခေါ်လိုက်၏။
"တစ်ခုခုဖြစ်လို့လား၊ ခန်အဂျာ"လူရွယ်တစ်ယောက်၏အသံက ဖုန်းမှ ထွက်လာသည်။
"ငါတို့ မတွေ့ရတာ လအနည်းငယ်ရှိပြီနော်၊ သခင်လေးပိုင်ထောင်"ခန်အဂျာက ပြုံးကာ ပြောလိုက်သည်"မင်း အချိန်အားရင် ဘန်ကောက်ကို လာလည်လေ။ မင်း သိလား၊ ဒီနေရာမှာ ဥရောပနဲ့အမေရိကကလာတဲ့စာဝါငှက်အချို့ရောက်နေတယ်။ မင်း သူတို့ကို အကြိုက်တွေ့မယ်လို့ ငါ ထင်တယ်"
"ငါတို့ဆီမှာ 'အကြောင်းပြချက်မရှိဘဲနဲ့ တစ်ယောက်မှ ဘုန်းကြီးကျောင်းမသွားဘူး'လို့ ဆိုရိုးတစ်ခုရှိတယ်။ ခန်အဂျာ"ပိုင်ထောင်က ရယ်ကာ ပြော၏"မင်း ငါ့ကို ဘန်ကောက်လာဖို့ ဖိတ်ခေါ်ချင်ရုံတင်မဟုတ်ဘူး၊ အခြားကိစ္စတစ်ခုလဲ ရှိသေးတယ်မလား"
"အရမ်းတော်တယ်၊ သခင်လေးပိုင်"ခန်အဂျာက ပြုံးကာ ပြောလိုက်၏"ငါ မင်းကို မေးစရာတစ်ခုရှိလို့ ခေါ်လိုက်တာ။ အဲဒါက လူတစ်ယောက်ရဲ့အထောက်အထားနဲ့ ပတ်သက်တယ်"
"ဘယ်သူလဲ"
"ငါ သိသလောက် မင်းရဲ့တိုင်းပြည်မှာ ကျန်းရှင်းယာလို့ခေါ်တဲ့ အဆိုတော်တစ်ယောက်ရှိတယ်မလား"ခန်အဂျာက ပြော၏"သူမက တရုတ်ကဖျော်ဖြေရေးကုမ္ပဏီကြိီးတစ်ခုနဲ့ ပူးပေါင်းထားတယ်။ ပြီးတော့ သူမဘေးနားမှာ ထန်ရှုလို့ခေါ်တဲ့လူငယ်တစ်ယောက်ကို တွေ့ခဲ့တယ်။ အမှန်အတိုင်းပြောရရင် ထန်ရှုက ငါ့လူတွေထဲကတစ်ယောက်နဲ့ နားလည်မှုလွဲတာ တစ်ခုခုရှိပုံရတယ်။ အချိန်က ဒီလူငယ်ရဲ့နောက်ခံနဲ့အထောက်အထားကို အပြည့်အဝစုံစမ်းခွင့်မပြုဘူး၊ ဒါကြောင့် မင်း ဒီလူငယ်နဲ့ပတ်သက်ပြီး တစ်ခုခု သိထားတာ ရှိလား"
***