← Chapters

အရှိန်အဝါကြီးမားသောဗိသုကာပညာရှင်

Vol. 54 Ch. 750

အရှိန်အဝါကြီးမားသောဗိသုကာပညာရှင်

Vol. 54 Ch. 750

ဗိသုကာ ပညာရှင်များအားလုံးမှာ ထိုစကားကြောင့် ဒေါသထွက်သွားကြရသည်။

ဂိုဏ်းဆောက်လုပ်ရေး တစ်ခုလုံးကို သူမတစ်ယောက်တည်း တာဝန်ယူမယ်ပေါ့လေ...... အဲ့ဒါ လူတိုင်းရဲ့ အလုပ်ကို ခိုးရုံတင်မကဘူး..... ဒီမှာရှိနေတဲ့ ဗိသုကာ ပညာရှင်တွေကိုပါ အထင်သေးနေတာပဲ........

အန်လင်းလည်း အံ့အားသင့်ကာ လှမ်းကြည့်လိုက်မိသည်။

သူသည် လူအုပ်ကြီးနှင့် ကွဲထွက်နေသော ရင်သားကြီးကြီးနှင့် မာန်ချီနေသည့် အမျိုးသမီး တစ်ဦးကို တွေ့လိုက်ရလေသည်။

သူမ၏ စကားလုံးကသာ ကြီးကျယ်နေရုံသာမက ရင်သားများမှာလည်း အန်လင်း တွေ့ဖူးသမျှထဲ အကြီးမားဆုံး ဖြစ်သည်။

ဒါက F-cupပဲ........

(F-cupက ရင်သားဆိုဒ်ပါ။)

တပိုင်သည် မည်သည့်စကားမှ မပြောပါသော်လည်း ထိုအမျိုးသမီးအား ကြည့်ရုံနှင့်ပင် နှာခေါင်းမှ သွေးများစီးကျလာသည်။

အမျိုးသမီးသည် ခပ်ဖွဖွပြုံးကာ အန်လင်းရှေ့သို့ ရောက်လာပြီးနောက် ယဉ်ကျေးစွာ လက်ဆန့်ထုတ်လိုက်သည်။

"မင်္ဂလာပါ..... သခင်လေးအန်လင်း ကျွန်မက လီရှင်းယွီပါ။ ကျွန်မရဲ့ တာအိုနာမည်က အဆင့်အမြင့်ဆုံး ဗိသုကာပညာရှင်ပါ။"

အဆင့်အမြင့်ဆုံး ဗိသုကာပညာရှင်လား.......

တော်တော်တင်စီးတဲ့ နာမည်ပဲ........

အန်လင်းသည် အမျိုးသမီးနှင့် လက်ဆွဲနှုတ်ဆက်ရင်း မရည်ရွယ်ပဲ သူမ၏ အနီရောင်အင်္ကျီမှတဆင့် ရင်သားများကို ကြည့်ရှုနေမိသည်။

ဘုရားရေ.........

လီရှင်းယွီ၏ အဝတ်အစားမှာ အတော်ပင် ပေါ်လွင်လွန်းလှသည်။ ခန္ဓာကိုယ်နှင့် ကွက်တိဖြစ်နေသော အနီရောင်ဝတ်စုံသည် သေးသွယ်သောခါးနေရာတွင် လစ်ဟာနေသလို ရင်ဘတ်တွင်လည်း Vသဏ္ဍာန် ခွဲထားသောကြောင့် ရစ်မူးချင်စဖွယ် ရင်သားများကို အတိုင်းသား မြင်နေရသည်။ ထို့အပြင် အနီရောင် စကပ်တိုလေးကိုသာ ဝတ်ဆင်ထားသဖြင့် အချိုးအစားကျကျ လှပနေသော ခြေတံရှည်များမှာ ငေးမောချင်စရာ ဖြစ်နေလေသည်။

အန်လင်းထံတွင်သာ စစ်နတ်ဘုရားခန္ဓာ ရှိမနေပါက တပိုင်ကဲ့သို့ပင် နှာခေါင်းသွေးလျှံနေလောက်ပြီ ဖြစ်သည်။

"မင်္ဂလာပါ လီရှင်းယွီ..... ဂိုဏ်းတစ်ခုလုံးကို မင်းတစ်ယောက်တည်း ဆောက်နိုင်လိမ့်မယ်လို့ ဘာလို့ထင်ရတာလဲ။"

အန်လင်း သိချင်စိတ်ပြင်းစွာ မေးလိုက်သည်။

သူသည် အလှပဂေးလေးများနှင့်ဆိုလျှင် အမြဲလိုလို စိတ်ရှည်တတ်ပေသည်။

"ဘာလို့လဲဆိုတော့ ကျွန်မနာမည်က အဆင့်အမြင့်ဆုံး ဗိသုကာပညာရှင် ဖြစ်နေလို့လေ။"

လီရှင်းယွီသည် မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် အန်လင်းအားကြည့်ကာ ပြောလိုက်သည်။

အန်လင်း ကြောင်တောင်တောင် ဖြစ်သွားလေသည်။

သို့သော် လီရှင်းယွီ၏နောက်တွင် ရှိနေသူများမှာ ငြိမ်သက်နေကြပြီ ဖြစ်သည်။

"အဆင့်အမြင့်ဆုံး ဗိသုကာပညာရှင်.........."

ပူပူနွေးနွေး စကားဝိုင်းတစ်ခု ဖြစ်ပေါ်လာတော့သည်။

"အဆင့်အမြင့်ဆုံး ဗိသုကာပညာရှင်....... ဒီမိန်းကလေးက အဆင့်အမြင့်ဆုံး ဗိသုကာပညာရှင်လား။"

"ဘုရားရေ......ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကို တစ်လုံးတခဲကြီး အဲလေ အရှင်လတ်လတ်ကြီး တွေ့ခွင့်ရတာ ကံကောင်းလိုက်တာ။"

"သူမက ဒီမှာဆိုတော့ မြင့်မြတ်သောအရှင်ထျန်းဝိုရော ပါလာမှာမလား။"

"စုကျိုးအင်မော်တယ်ဂိုဏ်းက အဆင့်အမြင့်ဆုံး ဗိသုကာပညာရှင်ကိုတောင် ဖိတ်ခေါ်နိုင်တာပဲ။ ဂိုဏ်းကြီးလေးဂိုဏ်းရဲ့ ဖိတ်ခေါ်မှုကိုတောင် သူမက အရေးမလုပ်ခဲ့ဘူးလို့ကြားတယ်။"

"သူမ ရှိနေပြီဆိုမှတော့ ငါတို့လည်း ပြန်တာပဲ ကောင်းမယ်ထင်တယ်။ အရွေးခံရမှာမှ မဟုတ်တာ။"

"ငါတော့ မသွားသေးဘူး။ အဆင့်အမြင့်ဆုံး ဗိသုကာပညာရှင်ကို အကြာကြီး ငေးကြည့်ချင်သေးတယ်။"

"ဟုတ်တယ်။ အဆင့်အမြင့်ဆုံး ဗိသုကာပညာရှင်နဲ့ မြင့်မြတ်သောအရှင်ထျန်းဝိုတို့ အတူတူ တည်ဆောက်တာကိုသာ မြင်ခွင့်ရရင် ငါ့ဘဝက ပြီးပြည့်စုံသွားမှာပဲ။"

ထောင်နှင့်ချီသော ကျင့်ကြံသူများမှာ ငွားငွားစွင့်စွင့် လှပနေသော အမျိုးသမီးအား ငေးမောကြည့်ရှုနေကြသည်။

ဆောက်လုပ်ရေးလောကသည် ကျဉ်းမြောင်းသောကြောင့် အားလုံးမှာ အဆင့်အမြင့်ဆုံး ဗိသုကာပညာရှင်အား သိရှိနေကြသည်။ ၎င်းတို့အတွက် သူမသည် နတ်ဘုရားမတစ်ပါးလိုပင်။

အန်လင်းမှာလည်း ထိုစကားများကို ကြားနေရလေသည်။

ယီးထဲမှ...... ဗိသုကာ နတ်ဘုရားမကိုယ်တိုင် ငါ့ရှေ့ရောက်နေတာပါလား.......

ထိုအတွေးနှင့်အတူ အန်လင်း၏ အပြုံးများ ပျော့ပြောင်းနူးညံ့သွားသည်။

"ကျေးဇူးပြုပြီး ဆွေးနွေးဖို့အတွက် ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ။"

"တပိုင်..... တခြားဧည့်သည်တွေကို ဧည့်ခံထားလိုက်။"

အန်လင်း အမိန့်ပေးလိုက်သည်။

တပိုင်မှာ အသေအလဲ ခေါင်းခါပြလာသည်။

"ဟင့်အင်း........... ကျွန်တော် အစ်ကိုကြီးအန်နဲ့ပဲ နေချင်တယ်...... ဝုတ်။"

သူသည် အန်လင်းအနားတွင် ကော်လိုကပ်နေပါသော်လည်း ဝိုင်းစက်နေသော မျက်ဝန်းကြီးများမှာ လီရှင်းယွီ၏ ဝိုင်းစက်သော စနေနံထံတွင်သာ ရှိနေပြီး သတိပင် မထားမိပဲ နှာခေါင်းသွေးများ လျှံကျနေသည်။

ဗိသုကာ ပညာရှင်များအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ အန်လင်းသည် ၎င်းတို့အား ဧည့်ခံရန် ခွေးတစ်ကောင်ကို ပြောခဲ့ပါသော်လည်း ထိုခွေးမှာ တာဝန်အား ငြင်းပယ်ခဲ့လေသည်။

မည်သို့ပင်ဆိုစေကာမူ အဆင့်အမြင့်ဆုံး ဗိသုကာပညာရှင်အား တွေ့နေရသောကြောင့် ၎င်းတို့အားလုံး စိတ်အားထက်သန်နေသည်။

"သခင်လေးအန်လင်း...... ကျွန်မအတွက် တိတ်တိတ်ဆိတ်ဆိတ်ရှိမယ့် ပတ်ဝန်းကျင်ကို လိုအပ်တယ်။"

လီရှင်းယွီ စကားဆိုလိုက်သည်။

အန်လင်းသည် ထိုစကား အဓိပ္ပါယ်အား နားလည်သဘောပေါက်ကာ ဘေးတွင်ရှိနေသော မိန်းမငယ်လေးအား ပြောလိုက်သည်။

"စုချန်းရန် ဧည့်သည်တွေကို သွားဧည့်ခံပေးပါဦး။"

စုချန်းရန် ခေါင်းညိတ်ပြလိုက်ပြီးနောက် ဗိသုကာပညာရှင် တစ်ဦးလျှင် စိတ်ဝိဉာဉ်ကျောက်တုံး တစ်ရာစီပေးကာ အေးအေးဆေးဆေး အနားယူခိုင်းလိုက်သည်။

သို့သော် မည်သူကမှ ထွက်မသွားပဲ အန်လင်းနှင့် လီရှင်းယွီတို့အား လိုက်လံကြည့်ရှုနေလေသည်။

"တစ်စိတ်လောက်......"

ပိုင်လင်မှာ ၎င်းတို့ထံ ရောက်ရှိလာသည်။

ဝုန်း.........

ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ၏ ကြောက်မက်ဖွယ် အရှိန်မှာလည်းများ ဖြာထွက်လာသောကြောင့် အားလုံးမှာ အသက်ရှူရန်ပင် ခက်ခဲလာရသည်။

"ငါ့မျက်စိအောက်က ပျောက်ကွယ်သွားဖို့ အချိန်တစ်မိနစ်ပေးမယ်။ မဟုတ်ရင်တော့ နင်တို့ အသက်တွေ ပျောက်သွားမှ လာပြီးအပြစ်မတင်ကြနဲ့။"

ပိုင်လင်၏ စကားသံတွင် ဖော်ပြမရသော သြဇာအာဏာများ ပါဝင်နေသောကြောင့် အားလုံးမှာ အသက်လုကာ ထွက်ပြေးလိုက်ကြသည်။

အန်လင်း: "........."

စုချန်းရန်မှာ မျက်လုံးအပြူးသား ဖြစ်သွားပြီးနောက် အစ်မကြီးပိုင်သည် မှီခိုအားထားနိုင်ကြောင်း ထပ်တွေးမိသွားသည်။

ပိုင်လင်၏ ဧည့်ခံသော နည်းလမ်းအား လျှိုချင်းဟွမ်မှ အားပါးတရ ထောက်ခံလာသည်။ အစ်မကြီးပိုင်၏ ယခုကဲ့သို့ ပုံစံအား သူမ မမြင်ခဲ့ဖူးပေ။

အန်လင်းမှာ လီရှင်းယွီအား ဇာမဏီဥ ပေါ်ခဲ့ဖူးသော နေရာသို့ ခေါ်ဆောင်လာသည်။

လီရှင်းယွီ လိုရင်းပြောလိုက်သည်။

"နင်ငါ့ကို အရင်တည်းက သိနေမယ်ဆိုတာ သေချာတယ်။ အဲ့ဒါကြောင့် ရှည်ရှည်ဝေးဝေး မိတ်မဆက်နေတော့ဘူး။"

သူမ၏ စကားများမှာ အစောပိုင်းကလို ယုံကြည်မှု လွန်ကဲနေဆဲပင်။

အန်လင်း ချက်ချင်းပင် သဘောတူလိုက်သည်။

"ခင်ဗျားကို သိနေတာ ကြာပါပြီ။ ကျေးဇူးပြုပြီး ခင်ဗျားဘက်က သဘောတူညီချက်လေးတွေ ပြောပေးပါ။"

"ကောင်းပြီလေ။ နင်က ဒီဆယ်ကီလိုမီတာပတ်လည်ကို အဓိကနန်းတော်တစ်ခု၊ နန်းတော်ခွဲ သုံးဆယ့်ငါးခု၊ အဓိကနန်းဆောင်ဆယ်ခု၊ ဗိမာန်တစ်ထောင်၊ ဂူနန်းနှစ်ဆယ်နဲ့ အရမ်းလှတဲ့ ရှုမျှော်ခင်းတွေကိုပါ လိုချင်တာပေါ့....ဟုတ်လား။"

"နင်လိုချင်တာနဲ့ ငါ့အရည်အချင်းကိုပေါင်းပြီး စဉ်းစားစရာ သုံးခုလုပ်ပေးမယ်။ ပထမတစ်ခုက ရိုးရိုးဆောက်လုပ်ရေးပေါ့ ကျသင့်ငွေက စိတ်ဝိဉာဉ်ကျောက်တုံး သုံးသန်း..... ညှိုနှိုင်းခွင့် မရှိဘူး။ အဲ့စျေးနှုန်းနဲ့ဆိုရင် ပထမအဆင့် ဂိုဏ်းတွေနဲ့ ယှဉ်လို့ရတဲ့ အဆောက်အဦးပဲရမယ်။ ကျက်သရေရှိပြီး တင့်တယ်နေလိမ့်မယ်။ သက်ရှိစွမ်းအင် လည်ပတ်ပုံကလည်း ကြည့်လို့ကောင်းနေလိမ့်မယ်။"

အန်လင်း အံ့အားသင့်သွားသည်။

သာမန်ဆောက်လုပ်ရေးတောင် အဲ့လောက်မိုက်တာလား......

"ဒုတိယတစ်ခုက သာမန်ဆောက်လုပ်ရေး ဖြစ်ပြီးတော့ စိတ်ဝိဉာဉ်ကျောက်တုံး သန်းသုံးဆယ် ကျသင့်မယ်။ စျေးညှိုနှိုင်းခွင့် မရှိဘူး။ ဂိုဏ်းကို နန်းဆောင်ကိုးသွယ်နဲ့ ယှဉ်လို့ရတဲ့ထိ ဆောက်ပေးလို့ရမယ်။ သာမန်ဆောက်လုပ်ရေးက ဟာတွေအပြင် ကမ္ဘာကြီးထဲမှာရှိတဲ့ စွမ်းအင်သွေးကြောတွေကိုပါ စုစည်းပေးလို့ရတယ်။ အဲ့ဒါဆို အချိန်ကြာလာတာနဲ့အမျှ မှော်နယ်မြေတွေ ဖြစ်လာနိုင်တယ်။"

"ပြီးတော့ ကောင်းကင်နဲ့မြေပြင်ရဲ့ အဆီအနှစ်တွေ ပါနေတဲ့ ပစ္စည်းကိုပဲသုံးမှာ။ ဆောက်လုပ်ရေးမှာလည်း ကောင်းကင်တာအို ပါနေမှာဆိုတော့ ဂိုဏ်းမှာနေတဲ့ ကျင့်ကြံသူတွေအတွက် တာအိုလေ့လာရာမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်။"

"တတိယတစ်ခုက အကောင်းဆုံးဆောက်လုပ်ရေးလို့ ခေါ်တယ်။ စျေးနှုန်းက စိတ်ဝိဉာဉ်ကျောက်တုံး သန်းသုံးရာ ညှိုနှိုင်းခွင့် မရှိဘူး။ ဂိုဏ်းကြီးလေးဂိုဏ်းနဲ့ ယှဉ်လို့ရအောင် ဆောက်ပေးနိုင်တယ်။ ခုနက ပြောပြထားခဲ့တဲ့ ဟာတွေအပြင် ကြယ်တွေရဲ့ စွမ်းအင်ကိုပါ ဂိုဏ်းဆီလွှဲပေးလို့ရတယ်။"

"အဲ့ဒါက ကျင့်ကြံရေးကို တိုးတက်စေရုံတင် မကဘူး။ ပတ်ဝန်းကျင်ကပါ ထူးခြားကောင်းမွန်လာပြီး အင်မော်တယ်စိတ်ဝိဉာဉ်တွေ ဖြစ်တည်လာစေလိမ့်မယ်။ ပြီးတော့ အချိန်အကန့်အသတ်ရှိတဲ့ လက်ဆောင်အရ မှော်နယ်မြေ ခြောက်ခုကိုပါ ထည့်ပေးနိုင်တယ်။"

အန်လင်း အမှန်တကယ် ပါးစပ်အဟောင်းသား ဖြစ်နေသည်။

သူမ၏ စျေးနှုန်းများမှာ မြင့်မားလွန်းရုံသာမက သူမပြောသော အကြောင်းအရာများကပါ မြင့်မားလွန်းနေသည်။

သူလီရှင်းယွီအား အချိန်ကြာမြင့်စွာ ငေးကြည့်နေပြီးမှ စကားပြောနိုင်တော့သည်။

"အဲ့ဒါတွေက တကယ်ရော ဖြစ်နိုင်လို့လား။ ခင်ဗျားက အဲ့လောက်တောင် ကြမ်းတာလား။"

ဂိုဏ်းကြီးလေးဂိုဏ်းရဲ့ ပတ်ဝန်းကျင် အတိုင်းတောင် ဖန်တီးပေးနိုင်တယ်ပေါ့...... အဲ့ဒါက သဘာဝကို ကျော်လွန်နေတာမလား......

လီရှင်းယွီ ဒေါသထွက်စွာ မျက်မှောင်ကျုံ့လိုက်သည်။

"ငါ့ကို အလုပ်မအပ်ချင် မအပ်နဲ့။ ဒါပေမယ့် သံသယတော့ ဝင်ခွင့်မရှိဘူး။"

"တုန်းရွှယ်နန်းတော်ကိုသိလား။"

"အဲ့ဒါ ငါဆောက်ထားတာ။"

"လနန်းတော်ကိုရောသိလား။"

"အဲ့ဒါလည်း ငါ့လက်ရာပဲ။"

"........"

လီရှင်းယွီမှာ ဥပမာများ ပြသနေပြီး အန်လင်းမှာ နားထောင်နေရင်း အလန့်တကြားပင် ဖြစ်မိလာသည်။

"ရပါပြီ။ ခင်ဗျားကို ယုံကြည်ပါပြီ။"

အန်လင်း လက်ကာပြကာ တွေဝေစွာ ပြောလိုက်သည်။

"အကြံနည်းနည်း ပေးလို့ရလား။ ခင်ဗျားက ဆောက်လုပ်ရေးလောကမှာ အထွဋ်အထိပ် ရောက်နေတာကို ဘာလို့နာမည်ကောင်းကောင်းလေး မပေးတာလဲ။ ရိုးရိုး၊ သာမန်နဲ့ အကောင်းဆုံး ဆောက်လုပ်ရေးဆိုတဲ့ နာမည်တွေက ဧည့်သည်တွေကို အထင်မကြီးစေလောက်ဘူး။ ရိုးရိုးဆောက်လုပ်ရေးကိုတောင် မငှားနိုင်လို့ ဧည့်သည်တွေ ဝမ်းနည်းပက်လက် ဖြစ်နေရတာက မမိုက်ဘူးလေ။ ရွှေဆောက်လုပ်ရေး၊ ရွှေဖြူဆောက်လုပ်ရေးနဲ့ စိန်ဆောက်လုပ်ရေးဆိုပြီး အဲ့လိုနာမည်မျိုး ပေးသင့်တယ်။"

"ငါက မလိမ်တတ်တဲ့သူပဲ။ ဘွင်းဘွင်းရှင်းရှင်း ပြောရတာပဲ ကြိုက်တယ်။ ရိုးရိုးဆောက်လုပ်ရေးဆိုတာ တကယ်ပဲ ရိုးရိုးဆောက်လုပ်ရေးလေ။ ငါက အလုပ်ကို အလေးအနက် ထားပါတယ်။ ပြီးတော့ အလုပ်အပေါ် ရိုးသားတယ်။"

လီရှင်းယွီ ရယ်မောကာပြောရင်း အန်လင်း၏ အကြံကို ငြင်းဆန်လိုက်သည်။

ရိုးသားတယ်ဆိုတာ စားလို့ရလို့လား....... ရိုးရိုးဆောက်လုပ်ရေးဆိုတဲ့ နာမည်က တကယ်မမိုက်ဘူးလေ.......

ရိုးသားတယ်ဆိုတဲ့ စကားလုံးကို အဓိပ္ပါယ်ကောက် လွဲနေတာများလား.......

အန်လင်းမှာ ထိုမေးခွန်းများအား အမှန်တကယ် မေးချင်မိသည်။

"ကောင်းကင်ဘုံခုံရုံးလောက်ဆိုရင်ရော ဘယ်လောက်ကျမလဲ။"

အန်လင်း သိလိုစိတ်ပြင်းစွာ မေးလိုက်သည်။

လီရှင်းယွီ အန်လင်းအား တစ်ချက်မျှ ကြည့်ရှုလာသည်။

"နင့်ကို အထင်သေးတာတော့ မဟုတ်ပေမယ့် နင်ဘယ်လိုမှ တတ်နိုင်မှာ မဟုတ်တဲ့ ပမာဏပဲ။ အဲ့ဒါကြောင့် ငါပေးတဲ့ထဲကသာရွေးလိုက်။"

အန်လင်း ခေါင်းကုတ်လိုက်သည်။

လီရှင်းယွီ ခပ်ဖွဖွ ပြုံးကာပြောလိုက်သည်။

"ဆုံးဖြတ်ပြီးပြီလား။ ဘာကိုပဲရွေးရွေး ငါ့လက်ရာက တစ်ရာရာဆယ်နှုန်း စိတ်ကျေနပ်စေမှာပါ။ ကိုးပြည်ထောင် တစ်ခုလုံးမှာ အကောင်းဆုံး ဖြစ်စေရမယ်။"

"အင်း......ရိုးရိုးဆောက်လုပ်ရေးပဲ ရွေးလိုက်မယ်။"

အန်လင်း တိုးညင်းစွာ တုံ့ပြန်သည်။

လီရှင်းယွီ: "........."

All Chapters