← Chapters

ကြောက်မက်ဖွယ်ဗိသုကာပညာ

Vol. 54 Ch. 752

ကြောက်မက်ဖွယ်ဗိသုကာပညာ

Vol. 54 Ch. 752

လီရှင်းယွီ မျက်လုံးပိတ်လိုက်သည်နှင့်အတူ ကောင်းကင်နှင့်မြေပြင်မှာလည်း တိတ်ဆိတ်ငြိမ်သက်သွားသည်။

လေစီးဆင်းမှုများ ရပ်တန့်သွားသလို ပတ်ဝန်းကျင်ရှိ အပင်များမှာလည်း လှုပ်ရှားခြင်း မရှိတော့ပေ။

အရာအားလုံးမှာ ပန်းချီကားတစ်ချပ်သဖွယ် ဖြစ်နေသည်။

အန်လင်း ပါးစပ်အဟောင်းသားဖြစ်ကာ ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းသွားရသည်။

အခြားသူများသည်လည်း သူ့ကဲ့သို့ပင် ကြောင်တောင်တောင် ဖြစ်နေကြသည်။

"အမ်...... ငါတို့ ထူးဆန်းတဲ့ နယ်ပယ်တစ်ခုထဲ ရောက်လာတာလား။"

အန်လင်း လီရှင်းယွီအား လှမ်းကြည့်လိုက်မိသည်။

လီရှင်းယွီမှာ တည်ငြိမ်နေသော အမူအရာနှင့် မျက်ဝန်းများ မှိတ်ထားလေသည်။

"နင်တို့ ဂိုဏ်းအတွက် လိုချင်တဲ့ပုံစံကို စဉ်းစားလိုက်။ နင်တို့ဆန္ဒတွေ စုပေါင်းပြီးတော့ စိတ်ကျေနပ်အောင် ဆောက်ပေးမယ်။"

လီရှင်းယွီ၏ စကားသံမှာ ကောင်းကင်နှင့်မြေပြင်တခွင် ပဲ့တင်ထပ်သွားသည်။

အားလုံး မျက်လုံးအပြူးသား ဖြစ်သွားရပြန်သည်။

ကြောက်စရာကောင်းတဲ့ စိတ်ဖတ်စွမ်းရည်ပါလား.........

လူတိုင်း၏ စိတ်ဆန္ဒများ ပေါင်းစည်းကာ ဂိုဏ်းတည်ဆောက်ခြင်း ပြုလုပ်မည် ဖြစ်သောကြောင့် အားလုံးအား စိတ်ကျေနပ်စေလိမ့်မည်ပင်။

"အမ်.....ကျွန်တော့်မှာ မေးစရာရှိတယ်။ ဂိုဏ်းရဲ့ ဗဟိုအဖွဲ့ဝင်တွေထဲက တချို့ရှိမနေဘူး။ အဲ့ဒါ ဘာလုပ်ရမလဲ။"

အန်လင်း မေးမြန်းလိုက်သည်။

ရွှမ်းယွမ်ချန်၊ စုရှောင်လန်နှင့် ရွှယ်ကျန်ထျန်းတို့ ရှိမနေသောကြောင့် ၎င်းတို့၏ အတွေးအမြင်များ ပါဝင်နိုင်ကြမည် မဟုတ်ပေ။

"ငါဂရုမစိုက်ဘူး။"

လီရှင်းယွီ ခပ်ပြတ်ပြတ် တုံ့ပြန်သည်။

"ရိုးရိုးဆောက်လုပ်ရေးကို လာပြီးတော့ ဟိုမေးဒီမေး လုပ်မနေနဲ့။"

အန်လင်း : "............"

အားလုံး : ".........."

ကမ္ဘာပေါ်ရှိ ဆောက်လုပ်ရေးအဖွဲ့သည် ရိုးရိုးဆောက်လုပ်ရေးကိုသာ ပြုလုပ်ပေးလာပါက အလုပ်အပ်သူများမှာ ထိုအိမ်ပေါ်တွင် နေရန်ပင် သတ္တိရှိလိမ့်မည် မဟုတ်ပေ။

သို့သော် ကိုးပြည်ထောင်တွင် လီရှင်းယွီ၏ ရိုးရိုးဆောက်လုပ်ရေးကိုပင် မက်မောနေသူများစွာ ရှိပေသည်။

ဂိုဏ်းပေါင်းများစွာသည် သူမ၏ ရိုးရိုးဆောက်လုပ်ရေးအား ရရှိနိုင်ရန် ဖိတ်ခေါ်မှုပေါင်းများစွာ ပြုလုပ်ကြပါသော်လည်း လီရှင်းယွီမှာ အများအားဖြင့် ငြင်းပယ်လေ့ ရှိသည်။

အန်လင်း၊ ပိုင်လင်၊ ရှောင်ဇယ်၊ လျှိုချင်းဟွမ်၊ စုချန်းရန်၊ တပိုင်နှင့် ယခုလေးတင်မှ နိုးလာသော တီနာတို့သည် မျက်ဝန်းများပိတ်ကာ စိတ်ကူးထဲမှ ဂိုဏ်းပုံစံအား ပုံဖော်ကြည့်လိုက်သည်။

အဆောက်အဦးများ၏ပုံစံ၊ ရှုမျှော်ခင်းများ၏ပုံစံ စသဖြင့် အရာအားလုံးကို စိတ်ကူးယဉ်ကြလေသည်။

၎င်းတို့သည် ကြီးကျယ်ခမ်းနားသော နေရာမျိုးစုံကို ရောက်ရှိဖူးသောကြောင့် စိတ်ကူးယဉ်ခြင်းတွင်လည်း အကန့်အသတ် မရှိပေ။ ယခုရှိနေသူများထဲတွင် ခရမ်းကြယ်စင် လူမျိုးစုမှ အဆင့်မြင့် ကျင့်ကြံသူတစ်ဦး၊ ဂိုဏ်းကြီးလေးဂိုဏ်းမှ ပါရမီရှင်များ၊ အင်ပါယာမိသားစု၏ မင်းသမီးတစ်ပါး၊ ရှေးဟောင်းနဂါးမျိုးနွယ်စုမှ အရှိန်အဝါ ကြီးမားသူတစ်ဦး အစရှိသဖြင့် ပါဝင်ကြသည်။

အချိန်အနည်းငယ် ကြာမြင့်သွားပြီးနောက် လီရှင်းယွီမှာ မျက်ဝန်းများကိုဖွင့်ကာ အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။

သူမ မယုံကြည်နိုင်ဟန်ဖြင့် အန်လင်းတို့အားကြည့်ကာ ပြောလိုက်သည်။

"နင်..... နင်တို့တွေ သောက်ဆံကြ မရှိဘူး။ အိပ်မက်ကြ ကြီးကြီးကျယ်ကျယ်တွေ မက်ရဲတယ်။ ဘာတွေစိတ်ကူးယဉ်နေတာလဲ သူတောင်းစားတွေရဲ့။"

"စိတ်ကူးယဉ်တာကလည်း အကန့်အသတ်တော့ ရှိသင့်တယ်မလား။ ပေးတဲ့ငွေက စိတ်ဝိဉာဉ်ကျောက်တုံး သုံးသန်းလောက်နဲ့ နင်တို့စိတ်ကူးတွေက အာကာသကိုတောင် ကျော်နေပြီ။"

လီရှင်းယွီမှာ ဒေါသထွက်လွန်းသောကြောင့် အသက်ရှူသံများမြန်ကာ ပါးနှစ်ဖက်ပင် နီရဲလာသည်။

သူမ အမှန်တကယ် စိတ်တိုနေခြင်းဖြစ်ပြီး ပထမဦးစွာ ပိုင်လင်အား လက်ညှိုးထိုးလိုက်သည်။

"နင်က ကောင်းကင်ပေါ် ပျံနေတဲ့ ခံတပ်တစ်ခု လိုချင်တယ်ပေါ့လေ။ အဲ့လိုမျိုးဆောက်ဖို့ ဘယ်လောက်ကုန်မလဲ သိရဲ့လား။"

"ပြီးတော့နင်......"

လီရှင်းယွီ တပိုင်အား စိမ်းစိမ်းဝါးဝါး ကြည့်ရှုလိုက်သည်။

"နင်က ဒဏ္ဍာရီသားရဲဂိုဏ်းလိုမျိုး လိုချင်တယ်ဟုတ်လား။ နင့်မှာ ပိုက်ဆံရှိရင်တောင် နေရာမလောက်ဘူးဟဲ့။"

"နင်ရောပဲ။"

လီရှင်းယွီ စုချန်းရန်အားကြည့်ကာ ပြောလိုက်သည်။

"နင်လနန်းတော်ကို ရောက်ဖူးတာ ငါသိပါတယ်။ ဒါပေမယ့် နင်စိတ်ကူးယဉ်နေတဲ့ဟာက လနန်းတော်ထက်တောင်မှ ပြီးပြည့်စုံနေပြီလေ..... ဘုရား ဘုရား....."

"ပြီးတော့ နင်..... နင်...... နင်......"

"နင်တို့ စိတ်ကူးယဉ်တာ လွန်လွန်းတယ်။ ငါမလုပ်ပေးနိုင်ဘူး။"

"ဖြစ်နိုင်တာကို တွေးကြစမ်းပါ။ နင်တို့ ပေးထားတဲ့ငွေက သုံးသန်းနော်။ ကုဋေသုံးဆယ် မဟုတ်ဘူး။"

လီရှင်းယွီမှာ စိတ်ထဲရှိသမျှ ပြောဆိုပစ်လိုက်သည်။

ဘယ်လိုငကြောင်တွေလဲ မသိဘူး...... လူကဖြင့် ဖွတ်ကအဖေခေါ်ရလောက်အောင် မွဲနေပြီး ငါတောင် အိပ်မက်မမက်ဖူးတဲ့ ဂိုဏ်းကို လိုချင်နေသေးတယ်.......

"ပြန်စရအောင်။"

လီရှင်းယွီ စကားဆိုလိုက်သည်။

အားလုံးမှာ လီရှင်းယွီ၏ ဆဲဆိုမှုများကြောင့် အနည်းငယ် ရှက်ရွံ့နေကြလေပြီ။

၎င်းတို့သည် မျက်ဝန်းများကိုပိတ်ကာ အကန့်အသတ်နှင့်သာ စိတ်ကူးကြတော့သည်။

အင်း....... ဒါကမှ လက်တွေ့ဆန်သေးတယ်.......

လီရှင်းယွီ စိတ်ပြေသွားကာ မျက်လုံးပြန်ဖွင့်လာသည်။

ကောင်းကင်နှင့်မြေပြင် ပုံမှန်ပြန်ဖြစ်သွားကာ လေပြေများလည်း တိုက်ခတ်နေလေသည်။

"ကောင်းကင်မြူနှင်းသလင်းကျောက် သုံးတန်......"

သူမ၏ သိုလှောင်လက်စွပ် လင်းလက်သွားကာ ကြီးမားလှသော မြူနှင်းသလင်းကျောက်ကြီး ထွက်ပေါ်လာသည်။

လီရှင်းယွီ လက်တစ်ချက် ဝေ့လိုက်သည်နှင့် ထိုသလင်းကျောက်မှာ ခရုကြီးထံ ပျံဝဲသွားလေသည်။

ခရုကြီးသည် ပါးစပ်အားဟကာ ကောင်းကင်မြူနှင်းသလင်းကျောက် သုံးတန်အား လေဟာနယ် ဝဲဂယက်တစ်ခုထဲ စုပ်ယူပစ်လိုက်သည်။

"ကျောက်စိမ်းဖြူ ဆယ်တန်၊ ဘိလပ်မြေ တန်တစ်ထောင်၊ ရွှေတန်ငါးဆယ်၊ မဟူရာမိစ္ဆာသတ္ထု တန်နှစ်ရာ၊ ရောင်စဉ်ငါးသွယ်ကျောက် သုံးရာကီလိုဂရမ်၊ မိုးရေနီကျောက် တန်တစ်ရာ....."

လီရှင်းယွီသည် လျင်မြန်စွာ တွက်ချက်နေသည့်အလား မျက်ဝန်းများတွင် သင်္ကေတများစွာ ထင်ဟပ်နေသလို သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများ ထွက်လာကာ ခရုကြီး၏ ပါးစပ်ထဲ ဝင်ရောက်သွားသည်။

"ဒီပစ္စည်းတွေနဲ့တင် စိတ်ဝိဉာဉ်ကျောက်တုံး သုံးသန်းကျော် တန်နေပြီမလား။"

အန်လင်း ပါးစပ်အဟောင်းသား ဖြစ်နေသည်။

"အဆင့်အမြင့်ဆုံး ဗိသုကာပညာရှင်အကြောင်း အဖေပြောပြတာ ကြားဖူးတယ်။"

လျှိုချင်းဟွမ် ပေါ့ပါးစွာ ပြောလိုက်သည်။

"သူမနဲ့ မြင့်မြတ်သောအရှင်ထျန်းဝိုက ကိုးပြည်ထောင်မှာ အတော်ဆုံး ဗိသုကာပညာရှင်တွေပဲ။ ထိုက်ချူကုန်းမြေ တစ်ခုလုံးမှာ သူတို့ကို ယှဉ်နိုင်မယ့်သူ မရှိဘူး။"

"သူမဆီမှာ ပစ္စည်းတွေ တိုက်ရိုက်ယူနိုင်တဲ့ ကမ္ဘာငယ်လေးတွေ အများကြီး ရှိတယ်တဲ့။ အဲ့ဒါကြောင့် စျေးပေါပေါနဲ့ လုပ်ပေးနိုင်တာလေ။ ပြီးတော့ သူမဆီမှာ စိတ်ဝိဉာဉ်ကျောက်တုံး မိုင်းတွင်းငါးခု၊ ကျင့်ကြံရေး မှော်လောကသုံးခုနဲ့ တခြားအသုံးဝင်တဲ့ မှော်နယ်မြေတွေ ရှိနေသေးတယ်။ ပြောရရင် ကျင့်ကြံရေးလောကမှာ သူမက ဆရာမကြီးပဲ။"

"ဝါး....."

သူမ၏ ကြွယ်ဝချမ်းသာမှုအပေါ် အန်လင်း အံ့သြသွားရသည်။

သူ့အား ငမွဲအဖြစ် စော်ကားပြောဆိုလာသည်မှာ မထူးဆန်းတော့ပေ။ သူမသည် အမှန်တကယ် အလွန်ချမ်းသာသော သူဋ္ဌေးမကြီး ဖြစ်နေသည် မဟုတ်လော။

ခရုကြီးမှာ ဆောက်လုပ်ရေးအတွက် လိုအပ်သော ပစ္စည်းများအားလုံးကို ဝါးမြိုလိုက်လေပြီ။

မြင့်မြတ်သောအရှင်ထျန်းဝို၏ လှုပ်ရှားမှုအား အားလုံးမှ စိတ်ဝင်စားစွာ ကြည့်ရှုနေကြသည်။

"ပုံကြမ်းကို လွှဲပေးလိုက်မယ်။"

လီရှင်းယွီသည် ခရုကြီးထံ ပျံဝဲလာကာ ၎င်း၏ခေါင်းအား လက်ဖြင့်ထိလိုက်သည်။

ခရုကြီးမှာ အနည်းငယ် ရှက်သွေးဖြာလာလေသည်။

"တချို့အရာတွေက တကယ်ကို စိတ်အားတက်ကြွစေတာပဲ။"

သူတိုးညင်းစွာ ရေရွတ်လိုက်ပြီးနောက် ၎င်း၏ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါလာတော့သည်။

လီရှင်းယွီသည် မြေပြင်အား ခြေထောက်ဖြင့် ဆောင့်နင်းလိုက်သည်။

"စိတ်ကူးမှဖန်ဆင်းခြင်း........."

ခရုကြီးထံမှ အကန့်အသတ်မဲ့သော ရွှေရောင်အလင်းများ ဖြာထွက်လာကာ ပတ်ဝန်းကျင် တခွင်လုံးကို လွှမ်းမိုးသွားသည်။

"ကမ္ဘာနှစ်ခုကြား လွှဲပြောင်းခြင်း......"

ဝုန်း........

ပြင်းထန်လှသော စွမ်းအင်များကြောင့် အန်လင်းတို့သည်ပင် လေပေါ်မြောက်ကုန်သည်။

ခရုကြီး စိတ်ကျေနပ်စွာ ပြောလိုက်သည်။

"အိုး....... ဒါပဲလေ။"

အဆောက်အဦးများမှာ ဖျတ်ခနဲ ပေါ်ထွက်လာသည်။

လှပသော အပင်များစွာလည်း မြေပြင်မှ တိုးထွက်လာကြသည်။

ကြေးမုံပြင်အလား ကြည်လင်သော ရေပြင်တစ်ခုလည်း ဖြစ်ပေါ်လာသည်။

အန်လင်း မျက်လုံးအပြူးသား ဖြစ်နေမိသည်။

"ဂိုဏ်းတစ်ခုလုံးကို တစ်ခါတည်း ဆောက်နိုင်တာလား။"

ဝုန်း........

ကမ္ဘာမြေတစ်ခုလုံး တုန်ခါကာ ပေသောင်းချီသော တောင်တန်းများ ဖြစ်တည်လာသည်။

တောင်တန်းများသည် သက်ရှိစွမ်းအင် ကြွယ်ဝကာ စမ်းချောင်းများ၊ မြူခိုးများနှင့် လှပလွန်းသည့်အပြင် ကြိုးကြာဖြူများကိုပါ တွေ့နိုင်သေးသည်။

အန်လင်း : ".........."

အရာအားလုံး တခဏအတွင်း ဆောက်လုပ်ပြီးစီးသွားသည်။

အဆင့်အမြင့်ဆုံး ဗိသုကာပညာရှင်ဆိုတာ ဒီလိုပါလား....... ပိုက်ဆံပေးလိုက်ရုံနဲ့ လိုအပ်တာ မှန်သမျှ ချက်ချင်းရတယ်ပေါ့........

အဆောက်အဦးတင်မကဘူး...... တောင်တန်းတွေပါ ရနိုင်သေးတယ်.......

All Chapters