← Chapters

ရှုပ်ထွေးလာသောပဋိပက္ခ

Vol. 54 Ch. 759

ရှုပ်ထွေးလာသောပဋိပက္ခ

Vol. 54 Ch. 759

ကျူးရှန် မျက်နှာပျက်သွားသည်။

"သူမက ငါ့သားကို ခဲနဲ့ပေါက်နေတာလေ။ ငါသာ လာတာနောက်ကျရင် သားလေး နာသွားလောက်ပြီ။"

"အဲ့ဒါနဲ့ပဲ သူမကို သတ်ဖို့လုပ်တယ်ပေါ့။"

အဖြူရောင်ဝတ်စုံနှင့်သူသည် အန်လင်းဖြစ်ပြီး ကြောက်ရွံ့တုန်လှုပ်နေသော ကလေးမရှေ့တွင် မားမားမတ်မတ် နေရာယူကာ မောက်မာလွန်းသော ကျူးရှန်အား အေးစက်ခက်ထန်စွာ စကားဆိုလိုက်သည်။

ကျူးရှန် မျက်မှောင်ကျုံ့ကာ ဘာမှမပြောနိုင်သေးခင်မှာပင် သူမ၏နောက်တွင်ရှိသော ကလေးငယ်လေးမှ ဒေါသထွက်စွာ အော်ဟစ်လိုက်သည်။

"သေမျိုးလူသားတစ်ယောက်က ကောင်းကင်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်သားကို ခဲနဲ့ပေါက်တာလေ။ သူမ မသေသင့်ဘူးလား။"

ဝုန်း.........

အန်လင်း၏ မျက်ဝန်းများတွင် ရွှေရောင်အလင်းများ ဖျတ်ခနဲ လက်သွားပြီး ရွှေရောင်စွမ်းအင်လှိုင်းများ ဖြာထွက်နေသည်။ သူ၏အရှိန်အဝါမှာလည်း ဟိန်းထွက်နေကာ ဒေါသထွက်နေသော နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရလေသည်။

ကျူးရှန် အမူအရာ ပြောင်းလဲကာ သူမ၏ အရှိန်အဝါများကို ထွက်ပေါ်စေလိုက်သည်။ သို့သော် အန်လင်း၏ စိတ်ဝိဉာဉ်စွမ်းအင်သည် သာမန် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများထက်ပင် သာလွန်နေသောကြောင့် ဟင်းလင်းပြင်သို့အပြန် စဦးအဆင့်သာ ရှိသေးသော သူမအဖို့ ယှဉ်နိုင်သောအရာ မဟုတ်ပေ။

သူမ၏ နှလုံးသားထဲတွင် ကူကယ်ရာမဲ့သလို ခံစားရကာ အကြောက်တရားများ ဖြစ်ပေါ်လာသည်။

ကလေးငယ်လေးမှာလည်း သေးထွက်ကျမတက် လန့်ဖြန့်ကာ မြေပြင်ပေါ် လဲကျသွားရသည်။

"မင်းလို သောက်ကလေးက လူကြီးတွေ စကားပြောနေရင် ပါးစပ်ပေါက် ပိတ်ထားသင့်တယ်။"

အန်လင်း အေးစက်ခက်ထန်စွာ ပြောလိုက်သည်။

"သူ..... သူက ဖွားဖွားကို ဝင်တိုက်ပြီး ကယ်လည်းမကယ်ပေးဘူး။ ပြီးတော့ သမီးကိုလည်း တွန်းပစ်မယ်။ ကို..... ကိုကြီး ကျေးဇူးပြုပြီး ဖွားဖွားကို ကယ်ပေးပါနော်။"

ကလေးမလေးသည် အန်လင်း၏ ခြေထောက်အားဖက်ကာ မျက်ရည်အဝဲသားဖြင့် တောင်းပန်လာသည်။

အန်လင်းသည် မြေပြင်ပေါ်တွင် လဲကျနေသော အဖွားအိုအားကြည့်ကာ အတော်ပင် အခြေအနေ ဆိုးနေကြောင်း သတိပြုမိလိုက်သည်။

သူမ၏ ဘဝသက်တမ်းသည် အဆုံးသတ်တော့မည်ဖြစ်ပြီး ယခု အတွင်းအင်္ဂါများပါ ထိခိုက်သွားသောကြောင့် အချိန်မရွေး ဘဝကူးသွားတော့မလို ဖြစ်နေသည်။

ရောက်ရှိနေသော ဂိုဏ်းအသီးသီး၏ ကိုယ်စားလှယ်များမှာလည်း ကြောင်အမ်းအမ်း ဖြစ်နေကြလေသည်။ ဖြစ်ပျက်သွားသော အကြောင်းအရာများမှာ မြန်ဆန်လွန်းလှသောကြောင့် ၎င်းတို့သည် မည်သည့်ဘက်သို့ လိုက်ရမည်ကိုပင် မသိတော့ပေ။ တစ်ဖက်သည် စုကျိုးအင်မော်တယ်ဂိုဏ်းဖြစ်ပြီး ကျန်တစ်ဖက်မှာ ကောင်းကင်ဓားဂိုဏ်း ဖြစ်နေသဖြင့် ၎င်းတို့မှာ နေမြဲတိုင်း ဆက်နေရန်သာ ဆုံးဖြတ်လိုက်ကြသည်။

"တီနာ...... သူမကို သွားကူညီပေးလိုက်။"

အန်လင်း စကားဆိုလိုက်သည်။

တီနာသည် အဖွားအိုနားသို့ ချက်ချင်းပျံဝဲလာကာ အားကောင်းသော ကုသရေးမန္တာန်တစ်ခု ရွတ်ဆိုပေးလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ။"

လျှိုမင်ရွှမ်းလည်း ရောက်ရှိလာသည်။ သူသည် မြေပြင်ပေါ်တွင် ကြောက်လန့်တကြား လဲကျနေသော သားဖြစ်သူကို တွေ့လိုက်ရပါသော်လည်း အမူအရာ ပြောင်းလဲမသွားပေ။

"မင်ရွှမ်း....."

ကျူးရှန်မှာ မျက်ရည်အဝဲသားဖြင့် ကလေးငယ်အား ကောက်ချီလိုက်သည်။

"ဝမ်ပင်းက အရမ်းလန့်နေပြီ။ သူ့ကို သေချာမကာကွယ်နိုင်တာ ကျွန်မ အပြစ်တွေပါ။ ကျွန်မသာ နည်းနည်းလောက် နောက်ကျခဲ့ရင် သူ...... သူ......"

အန်လင်းမှာ ထိုအမျိုးသမီးအား အေးစက်စက် ကြည့်ရှုလိုက်သည်။ လျှိုချင်းဟွမ်သည် မိထွေးဖြစ်သူအား အလွန်အမင်း မုန်းတီးနေသည်မှာ မထူးဆန်းတော့ပေ။

လျှိုချင်းဟွမ်သည်လည်း အန်လင်းဘေးနား ရောက်ရှိလာပြီးနောက် အဖွားအိုနှင့် ကလေးမလေးအား ကြည့်ရှုလိုက်သည်။ ထို့နောက် မလှမ်းမကမ်းတွင် ရှိနေသော ကလေးငယ်အားကြည့်ကာ သူမ၏ မျက်ဝန်းများ အေးစက်လာလေသည်။

ကောင်းကင်ဓားဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ပုံရသော အမျိုးသားမှာ ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။

"ဖြစ်သွားတာက ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ လျှိုဝမ်ပင်းက အဲ့အဖွားကို ဝင်တိုက်ပြီး တောင်းလည်းမတောင်းပန်ဘူး။ ကလေးမက အကူအညီတောင်းတော့လည်း တွန်းထုတ်ပစ်တယ်။ အဲ့ဒါကြောင့် ကလေးမက ဒေါသထွက်ပြီး ခဲနဲ့ပေါက်တော့ ကျူးရှန်ရောက်လာပြီး ကလေးမကို သတ်ဖို့လုပ်တော့တာပဲ။ အဲ့အချိန်မှာ ဂိုဏ်းချုပ်အန်လင်း ရောက်လာပြီး လျှိုဝမ်ပင်းကို ဆုံးမလိုက်တာ။"

ထိုသူသည် တစ်ချိန်လုံး ဖုန်းကိုသာ အာရုံစိုက်ထားသည်။

၎င်းသည် ဂိမ်းဆော့နေခြင်းပင် ဖြစ်သည်။

အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။

သူက လျှိုချင်းဟွမ်ရဲ့ ဆရာများလား.........

ကျူးရှန်မှာ မျက်စိပျက်၊ မျက်နှာပျက် ဖြစ်သွားရသည်။

လျှိုဝမ်ပင်းသည် ထိတ်လန့်နေရာမှ အသိစိတ် ပြန်ဝင်လာကာ တရှုံ့ရှုံ့ ငိုကြွေးတော့သည်။

သူသည် အန်လင်းအား လက်ညှိုးထိုးကာ ပြောလိုက်သည်။

"ဖေဖေ...... သူသားကို အနိုင်ကျင့်တယ်။ အနိုင်ကျင့်တယ်လို့...... ဝါး...... အဲ့လိုလူမျိုးက အကြိမ်တစ်ထောင်လောက် သေသင့်......"

စကားမဆုံးသေးခင်မှာပင် ကျူးရှန်မှာ ကလေးငယ်အား ဗိုက်ခေါက်လိမ်ဆွဲလိုက်သည်။

"ရှူး....... နင့်ကိုတကယ် ဆုံးမရတော့မယ်။"

လျှိုမင်ရွှမ်းမှာ ချက်ချင်းဆိုသလို အဆင့်မြင့် စိတ်ဝိဉာဉ်ဆေးလုံးအား ထုတ်ယူလိုက်သည်။

"အန်လင်း.... ဒါက ဝမ်ပင်းအမှားပါ။ ဒီဆေးကို သူမတို့ကိုပေးပြီး ဒီကိစ္စကို ရပ်လိုက်ကြရအောင်လေ။"

လျှိုဝမ်ပင်း မကျေမနပ် ဖြစ်သွားသည်။

"ဖေဖေ..... ဒီလူက သားအပေါ် မကောင်းဘူး။ အဲ့သေမျိုးလူသားကလည်း သားကိုခဲနဲ့ပေါက်တယ်။ အဲ့ဒါကို ဘာလို့ သားအမှား ဖြစ်ရမှာလဲ။"

"ဆေးပေးစရာ မလိုပါဘူး။"

အန်လင်းမှာ အေးစက်နေသော မျက်ဝန်းများဖြင့် ကျူးရှန် ပွေ့ချီထားသော ကလေးငယ်အား ကြည့်ရှုလိုက်သည်။

"ခင်ဗျားရဲ့သားကိုသာ တောင်းပန်ခိုင်းလိုက်ပါ။"

"ခင်ဗျား ရူးနေတာလား...... ကျွန်တော်က ဘာလို့တောင်းပန်ရမှာလဲ။ ခင်ဗျားကသာ တောင်းပန်သင့်တာ။"

လျှိုဝမ်ပင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

လျှိုမင်ရွှမ်းလည်း မျက်မှောင်ကျုံ့သွားလေသည်။

"သူက ဘာမှမသိသေးတဲ့ ကလေးပါ။ ဒီကိစ္စကို တော်လိုက်လို့ မရဘူးလား။"

"ကျုပ်ဂိုဏ်းမှာ ဒီလိုပြဿနာမျိုး ဖြစ်သွားတာကို ဒီတိုင်းထားလိုက်လို့ မရဘူး။"

အန်လင်းမှာ အနည်းငယ်ပင် အလျှော့မပေးပေ။

စောင့်ကြည့်နေသူများအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ လျှိုမင်ရွှမ်းသည် ထိုကိစ္စအပေါ် တာဝန်ယူသည့်အနေဖြင့် အဆင့်မြင့် စိတ်ဝိဉာဉ်ဆေးလုံးအားပေးကာ ညှိနှိုင်းခဲ့ပါသော်လည်း အန်လင်းမှာ ခေါင်းမာစွာဖြင့် ငြင်းဆန်ခဲ့သည့်အပြင် ကလေးငယ်ကိုသာ တောင်းပန်ခိုင်းနေသည်။

"ဒါ.... ဒါက နည်းနည်းမများဘူးလား။"

"အေးလေ..... ကလေးတွေကြားက မတော်တဆပဲကို ဒီလောက်ဖြစ်စရာ လိုလို့လား။"

"ဘာမဟုတ်တဲ့ ကိစ္စလေးကို ပုံကြီးချဲ့နေတယ်။ အန်လင်းဆိုတဲ့လူက အဲ့လိုပုံစံလား။"

"ကောင်းကင်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကိုယ်တိုင် စုကျိုးအင်မော်တယ်ဂိုဏ်းဖွင့်ပွဲကို လာရောက်ချီးမြှင့်ပေးနေတာနဲ့တင် သူ့ကိုယ်သူ ဆရာကြီး ထင်သွားတာလား။"

"ဘယ်အချိန်မှာ နောက်ဆုတ်သင့်တယ်ဆိုတာ သိဖို့အရေးကြီးတယ်။ အဲ့ကောင်က တော်တော်ခေါင်းမာတာပဲ။"

အားလုံးမှာ တီတိုးဝေဖန်နေကြပြီး မည်သူကမှ အန်လင်းအား နားမလည်နိုင်ကြပေ။ ၎င်းတို့၏အမြင်တွင် အန်လင်းသည် အရာမရောက်သော ပြဿနာအား ရေးကြီးခွင်ကျယ်လုပ်ပြီး အခြေအနေ၊ အချိန်အခါကို မကြည့်တတ်သူသာ ဖြစ်သည်။

အန်လင်းသည် အခြားသူများ၏ ဝေဖန်မှုများကို အရေးပင်မစိုက်ပဲ ကလေးမလေး၏ရှေ့တွင် တည်တည်ငြိမ်ငြိမ် ရှိနေလေသည်။

ကျူရှန်းမှာလည်း ဒေါသထွက်သွားသည်။

"အန်လင်း..... နင်အရမ်းလွန်သွားပြီနော်။ သူတို့က သေမျိုးတွေပဲကို..... ငါ့ယောက်ျားက အဆင့်မြင့် စိတ်ဝိဉာဉ်ဆေးလုံး ပေးနေပြီပဲ။ တော်လိုက်တော့ပေါ့။ ဘာတွေထပ်ပြီး လိုချင်နေသေးတာလဲ။ ငါတို့ ကောင်းကင်ဓားဂိုဏ်းကို လွယ်လွယ်ကူကူ စော်ကားလို့ရမယ် ထင်နေလား။"

အန်လင်း မထီမဲ့မြင် ပြုံးလိုက်သည်။

"အော်..... ဟုတ်သားပဲ။ ခင်ဗျားကလည်း ကလေးမလေးကိုသတ်ဖို့ လုပ်ခဲ့သေးတယ်နော်။ ခင်ဗျားပါ တောင်းပန်ရမယ်။"

လျှိုမင်ရွှမ်း : "..........."

ကျူးရှန်မှာ သွေးများဆောင့်တက်လာသောကြောင့် မျက်နှာတစ်ခုလုံး ခရမ်းရောင် သမ်းနေလေပြီ။

"နင်အတင့်ရဲလှချည်လား...... နင်..... နင်......"

"သောက်ပေါက်ကိုပိတ်ထား....."

အန်လင်း ဟိန်းဟောက်လိုက်သည်။

ဝုန်း......

အံ့ဖွယ်ခွန်အားနည်းစနစ်မှာ အသက်ဝင်လာပြန်သည်။

သို့သော် လျှိုမင်ရွှမ်း လက်တစ်ချက် ယမ်းလိုက်သည်နှင့် ထိုအရှိန်အဝါများ ပျောက်ကွယ်သွားလေသည်။

အန်လင်းမှာ သိုလှောင်လက်စွပ်ထဲမှ တော်ဝင်သရဖူအား ထုတ်ယူလိုက်သည်။

တော်ဝင်သရဖူအား ရှောင်တုသည် သွေးအဆီအနှစ်နှင့် နဂါးကျောရိုးကိုသုံးကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အကန့်အသတ်မဲ့သော နဂါးအရှိန်အဝါများ ဖော်ထုတ်နိုင်ကာ ကြွားဝါခြင်းအတွက် သင့်တော်သော ရတနာ ဖြစ်သည်။

ဝုန်း.......

တော်ဝင်သရဖူ အသက်ဝင်လာသည်။

"ဝေါင်း......."

နားကွဲမတက် ကျယ်လောင်သော နဂါးဟိန်းသံ ထွက်ပေါ်လာလေသည်။

ထိုသည်မှာ ကြောက်မက်ဖွယ် အရှိန်အဝါများ ပိုင်ဆိုင်ထားသော အံ့ဖွယ်နဂါးတစ်ကောင် ကောင်းကင်ထက်သို့ ရောက်ရှိလာသလိုပင်။ ထိုအရှိန်အဝါများသည် ကျူးရှန်အား ပစ်မှတ်ထားနေပါသော်လည်း ဘေးတွင်ရှိနေသူများသည်ပင် နဂါးနတ်ဘုရားနှင့် ရင်ဆိုင်နေရသည့်နှယ် ဖိအားများ ခံစားလိုက်ရသည်။

အံ့ဖွယ်တာအိုအစွမ်းများ ပါဝင်နေသော အရှိန်အဝါသည် လျှိုမင်ရွှမ်းထံမှ လွတ်မြောက်ကာ ကျူးရှန်၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားသောကြောင့် သူမ ခန္ဓာကိုယ် တစ်ခုလုံး ဖြူဖျော့ကာ တုန်ရီသွားရလေသည်။

"အန်လင်း..... မင်းက ကောင်းကင်ဓားဂိုဏ်းကို ဒီလိုဧည့်ခံလိုက်တာပေါ့လေ။"

လျှိုမင်ရွှမ်း ဒေါသထွက်သွားသည်။ သူ၏စကားသံသည် ကောင်းကင်အား ထိုးခွဲမည့် နတ်ဓားတစ်လက်လို ထက်ရှလှ၏။

"ခင်ဗျား ကလေးကို တောင်းပန်ခိုင်းလိုက်ရင် ပြဿနာက ပြီးနေပြီ။ တောင်းပန်ရတာ တော်တော်များ ခက်နေလို့လား။ ပြောရရင် ခင်ဗျားတို့က သေမျိုးမို့လို့ကို အရေးမစိုက်တာမလား။"

"ကျင့်ကြံရေးအခြေခံ မရှိတဲ့ ကလေးမနဲ့ သူမ အဖွားကို ခင်ဗျားသားက တွန်းတယ်။ ခင်ဗျား မိန်းမက သတ်ဖို့အထိလုပ်တယ်။ ဒါကိုတောင်မှ မတောင်းပန်နိုင်ဘူး ဟုတ်လား။ ကျုပ်တို့ စုကျိုးအင်မော်တယ်ဂိုဏ်းက အဲ့လိုသောက်ဆင့်မရှိတဲ့ ဧည့်သည်တွေကို မကြိုဆိုနိုင်ဘူး။"

အန်လင်းမှာ လျှိုမင်ရွှမ်း၏ ဒေါသကိုပင် ကြောက်ရွံ့ပုံ မပြပေ။

အားလုံးမှာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။

အများစုသည် အန်လင်း၏ စကားအား မယုံကြည်နိုင် ဖြစ်နေကြသည်။

ကောင်းကင်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကိုတောင် မကြိုဆိုဘူးပေါ့လေ........ သူရူးများရူးသွားတာလား.......

လူတိုင်းသည် အန်လင်းထံ အသံဖြင့် ဆက်သွယ်ကာ ဖြောင်းဖြကြသည်။ သေမျိုးလူသား နှစ်ဦးအတွက် ကောင်းကင်ဓားဂိုဏ်းနှင့် ပဋိပက္ခ ဖြစ်ရသည်မှာ မကောင်းလှပေ။

လျှိုချင်းဟွမ် တိုးညင်းစွာ မေးလိုက်သည်။

"သူတို့နှစ်ယောက်ကို နင်သိလို့လား။"

အန်လင်း ခေါင်းခါပြလိုက်သည်။

"ဟင့်အင်း....."

လျှိုချင်းဟွမ် မျက်လုံးအပြူးသား ဖြစ်သွားလေသည်။

"အမ်......."

အန်လင်းသည် အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် လျှိုမင်ရွှမ်းအား ကြည့်ရှုနေသည်။ သူသည် ယုံကြည်ရာကို စွန့်လွှတ်တတ်သူ မဟုတ်သောကြောင့် ကောင်းကျိုးဆိုးပြစ်များ လာပြောနေလျှင်လည်း ထူးမည်မဟုတ်ပေ။

စုကျိုးအင်မော်တယ်ဂိုဏ်းတွင် သူ၏စကားတစ်ခွန်းကသာ အတည်ဖြစ်ရမည်။

လျှိုမင်ရွှမ်းကိုပင် သူမှုနေမည် မဟုတ်ပေ။

သူသည် ဧကရာဇ်ဇီဝေးကိုပင် မြေကြီးနှင့် မျက်ခွက် မိတ်ဆက်ပေးခဲ့သူ ဖြစ်သောကြောင့် လျှိုမင်ရွှမ်းကိုလည်း ကြောက်နေစရာ မရှိပေ။

All Chapters