← Chapters

ကောင်းကင် စမ်းသပ်ချက် ကျောက်တုံး

Vol. 25 Ch. 333

ကောင်းကင် စမ်းသပ်ချက် ကျောက်တုံး

Vol. 25 Ch. 333

မိုဝူကျီက သူ့နောက်၌ တျန်းဂျီတုတ်ကို ထားရင်း ကျောက်စိမ်း ခေါင်းတလားကို ဖက်ကာ နှင်းခါး ပင်လယ်မှ ထွက်လာလေ၏။

ထိုမြင်ကွင်းမှာ ချိန်စုယင်က သူ့ကို နှင်းခါး ပင်လယ်ထဲ ခေါ်ဆောင်လာရင်း သူမ ငယ်ဘဝကို ပြန်ပြောပြသည့် အခိုက်အတန့်ကို ပြန်လည် အမှတ်ရ စေသည်။

ဤနှစ်တွေ အတွင်း ချိန်စုယင်နှင့် သူတို့က နောက်တစ်ကြိမ် ပြန်ထွက် နိုင်ခဲ့ကြပြီ ဖြစ်၏။ ဤတစ်ကြိမ်တွင် တစ်ခုတည်းသော ခြားနားချက်မှာ ချိန်စုယင်က ကျောက်စိမ်း ခေါင်းတလား အတွင်း ရှိနေခြင်း ဖြစ်ပေသည်။

“စုယင် ... ကိုယ် မင်းကို ကမ္ဘာ အသေးလေး ရှာပြီးတော့ ပန်းတွေ အများကြီးနဲ့အတူ မြှုပ်နှံ ပေးမယ်နော်။ နောင်ကျ မင်းကို မင်းအမေ အနား ခေါ်သွားပေးမယ်။ အဲဒီလိုဆို မင်း ဘယ်တော့မှ အထီးကျန် ရတော့မှာ မဟုတ်ဘူး  ... ”

မိုဝူကျီက ကျောက်စိမ်း ခေါင်းတလား ဘေးနားမှ သူ့ကိုယ်သူ ရေရွတ်သည့် အလား ညင်ညင်သာသာ ပြောလိုက်သည်။

ခဏအကြာတွင် မိုဝူကျီက ကျောက်စိမ်း ခေါင်းတလားကို သိုလှောင် လက်စွပ်ထဲ သိမ်းလိုက်သည်။ အာကာသအတွင်း အာကာသ သားရဲများစွာ ရှိသည့်အတွက် ကျောက်စိမ်း ခေါင်းတလားကို သယ်ဆောင် ထားဖို့ရာ အဆင်မပြေပေ။ သိုလှောင် လက်စွပ်အတွင်း သက်ရှိ ပစ္စည်းများ မရှိသလို သစ်ပင် ပန်းမန်များ မရှိသည့် အတွက် သူက အစကတည်းမှ ခေါင်းတလားကို သိမ်းမထားလိုခြင်း ဖြစ်သည်။

သက်ပြင်းချ ပြီးနောက် မိုဝူကျီက လုံးဝန်း သင်္ဘောပျံကို ထုတ်ယူ လိုက်လေသည်။ ရွိုက်ကောက မိုဝူကျီ စိတ်မပျော်မှန်း ခံစားမိသည့် အတွက် စကား မပြောတော့ဘဲ သင်္ဘောပျံ၏ ထောင့်တစ်နေရာ၌ ကပ်နေလေသည်။ မိုဝူကျီက ရွိုက်ကောကို စိတ်ထဲ မထားဘဲ အာကာသ တည်နေရာပြ အလုံးကို ထုတ်ယူကာ နှင်းခါးပင်လယ် ထွက်ပေါ်သို့ ဦးတည် လိုက်သည်။

သူ့အာကာသ တည်နေရာပြ အလုံးမှာ အဆင့်မြင့် မဟုတ်သည့် အတွက် နေရာတိုင်းကို မပြသနိုင် သေးချေ။

ယခင် သူက လောက အင်မော်တယ် ၆ ယောက်ကို သတ်ဖြတ် ခဲ့စဉ်က သူတို့တွင် ပစ္စည်းကောင်း များစွာ ပါနိုင်သော်လည်း ရောင်ခြည် အမြောက် ပစ်လိုက်သည်နှင့် ထိုစွမ်းအားကို သူ မထိန်းချုပ် နိုင်ခြင်းက နှမြောစရာ ကောင်းလှပေသည်။ လောက အင်မော်တယ် ၆ ယောက်လုံးမှာ ပြာအဖြစ် ပြောင်းလဲသွားသည့် အတွက် သူတို့ ကိုယ်ပေါ်မှ လက်စွပ်ကို မဆိုထားနှင့် အရိုးပင် မကျန်ပေ။

နှစ်ရက်တာ ခရီးနှင် ပြီးနောက် မိုဝူကျီက နောက်ဆုံး၌ ရပ်တန့် လိုက်တော့သည်။ အကယ်၍ သူက စစ်မှန်ခြင်း နတ်ဘုရား အဆင့်သို့ တက်လှမ်းလိုလျှင် ကျန်းမို နယ်မြေကို ပြန်ခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်၏။ အာကာသမှာ ကျယ်ပြန့်လွန်း သော်လည်း ဤနေရာရှိ တာအိုစည်းမျည်း များက ဝေဝါးနေသည့် အတွက် စစ်မှန်ခြင်း နတ်ဘုရား အဆင့် တက်လှမ်း လိုလျှင် လွယ်ကူမည် မဟုတ်ပေ။

သို့သော်လည်း ကျန်းမို နယ်မြေကို ပြန်သွားခြင်းက သေချာပေါက် တိုက်ပွဲကြီး ဖြစ်လာလိမ့်မည်။ သူ့ကို မှတ်မိ သွားသည်နှင့် တစ်ယောက်ယောက်က သူ့အား ပြဿနာ လာရှာပေ လိမ့်မည်။ လက်ရှိ သူ့ခွန်အားဖြင့် အလိုက်ဖမ်း ခံရစဉ်နှင့် ယှဉ်လျှင် များစွာ အားကောင်း လာသော်လည်း အဆင့်မြင့် ကျင့်ကြံသူ ပါလာပါက သူ့အင်အားမှာ အလှမ်းကွာလွန်း လှပေသည်။ ထို့အပြင် မိုဝူကျီက စစ်မှန်ခြင်း နတ်ဘုရား အဆင့်ကိုပင် မတက်လှမ်း ရသေးပေ။

သူက အစစ်အမှန် ရေအဆင့်တွင် ရှိစဉ်က သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူကို သတ်နိုင်သည်က နှစ်ဆင့်လုံးမှာ မြေကမ္ဘာ နယ်ပယ် အဆင့်တွင် ရှိလေသည်။ သူ ကိုယ်တိုင် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ဖြစ်လာသည့် အခါ စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူကို သတ်နိုင် လိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ သူက စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူကို အနိုင်ယူရ ခဲ့လျှင်ပင် သူ့အတွက် လက်ရှိ အဆင့်ဖြင့် သတ်ဖို့ရာ အလွန်ခက်ခဲ ပေလိမ့်မည်။ စစ်မှန်ခြင်း နတ်ဘုရား အဆင့်မှာ ကောင်းကင် နယ်ပယ် အဆင့်တွင် ရှိပြီး ထိုအဆင့်သို့ ရောက်ရှိဖို့ရာ ကောင်းကင်ဘုံ စမ်းသပ်ချက် မိုးကြိုးလျှပ်စီး ၆၉ ချက် ခံယူရလေသည်။

မိုဝူကျီက ပိုမိုပြီး ပြည့်စုံသည့် အာကာသ တည်နေရာပြ အလုံး ရဖို့ရန် တစ်ယောက်ယောက်ကို ရှာဖွေနေစဉ် အလင်း တောက်တောက်က အဝေး တစ်နေရာမှ ထွန်းတောက် နေလေ၏။ ကြည့်ရသည်မှာ ဘောလုံးနှင့် တူသလိုလို ဧရာမ အလင်း ကျောက်တုံးကြီးနှင့် တူသလိုလို ရှိလှသည်။ မိုဝူကျီကို အံ့ဩသွား စေသည်က အာကာသ တစ်ခွင် ထွန်းလင်း နေသော ထိုအလင်း၌ တာအို အငွေ့အသက်များ ပါဝင်ခြင်း ဖြစ်သည်။

မိုဝူကျီက အာကာသ အဝေး တစ်နေရာမှ တရွေ့ရွေ့ ပျောက်ကွယ် သွားသော အလုံးကြီးကို ကြည့်ကာ ထိုအရာကာ ဘာများ ဖြစ်နေမလဲဟု တွေးတောကြည့် နေမိသည်။ ဥက္ကာခဲပျံ များတွင် အလင်းရှိလျှင်ပင် တာအို အငွေ့အသက်တော့ မထုတ်လွှင့် နိုင်ချေ။ သူက လက်ဆုပ် လက်ကိုင် မပြနိုင် သော်လည်း ရရှိဖို့ရာ တောင့်တမိသည့် အငွေ့အသက်မျိုး ဖြစ်၏။

မိုဝူကျီက စိတ်စွမ်းအားဖြင့် သင်္ဘောပျံများကို ခံစားမိပြီး ထိုသင်္ဘောပျံ များမှာ အာကာသကို ဖြတ်၍ ထိုအလင်းရောင်ဆီ သွားနေသည်မှာ သေချာလှသည်။

ထိုအရာက ရတနာ ဖြစ်ရမယ်   ...

မိုဝူကျီက ချက်ချင်း ဆိုသလို အတည်ပြု လိုက်လေ၏။ ရတနာ မဟုတ်လျှင် အခြားသူများက သင်္ဘောပျံများဖြင့် အလျင်စလို ပျံသန်း သွားကြမည် မဟုတ်ပေ။

ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးများ ဖြစ်နေမလား  ...  

သူက ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံး အကြောင်း တွေးမိပြီး စိတ်လှုပ်ရှား လာမိ၏။ သူက ဂိုဏ်းအတွင်း အထောက်အပံ့ များများစားစား လက်ခံမရ ရှိခဲ့ပေမဲ့ သူက အကျိုးကျေးဇူး များတော့ ရရှိခဲ့လေသည်။  အမျိုးမျိုးသော ရတနာများ၌ ကောင်းကင်နှင့် မြေကမ္ဘာ အဆင့် စိတ်စွမ်းအင် ကျောက်တုံးများ အပါအဝင် ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးမှာ အားလုံး အလိုရှိ နေကြသည့် ရတနာ တစ်မျိုး ဖြစ်လေ၏။

ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးမှာ အာကာသ အတွင်း သို့မဟုတ် အဆုံးမဲ့ ဗလာကွင်းတို့၌ ပေါ်လာတတ်ပြီး ကိုယ်ထည်မှ ဝိညာဉ်စွမ်းအား အလင်းများ ထုတ်လွှင့် တတ်ကြသည်။ သို့သော်လည်း မိုဝူကျီက တူညီသည့် ဝိညာဉ် စွမ်းအားများကို မြင်လိုက်ရ လေသည်။

အကယ်၍ ကောင်းကင်ဘုံ စမ်းသပ်ချက်သာ ဖြစ်နေပါက သူ အရူးအမူး လိုအပ်နေသော အရာနှင့် ကွက်တိ ဖြစ်နေ၏။

ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးမှာ ကျင့်ကြံသူ များကို စမ်းသပ်ချက် ခံယူစေနိုင်ပြီး အဆင့်တက်ဖို့ရန် အတွက် လုံလောက်သည့် သန့်စင်သော ဝိညာဉ်စွမ်းအား များကို လက်ခံနိုင် လေသည်။ ထိုအရာက ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံး၏ အရေးပါဆုံး အသုံးဝင်မှု မဟုတ်သေးပေ။ အကြောင်းမှာ ကောင်းကင်ဘုံ စမ်းသပ်ချက် ကဲ့သို့ အရာမျိုးသည် ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံး မပါရှိလျှင်ပင် တည်နေရာနှင့် လိုက်၍ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါက လုံလောက်ပြီ ဖြစ်၏။

ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးကို လိုချင်မှု အားကြီး နေကြောင်းမှာ ကောင်းကင်ဘုံ စမ်းသပ်ချက် ကျော်ဖြတ် ပြီးသည်နှင့် ကျောက်တုံးက ကွဲကြေသွားပြီး စမ်းသပ်ချက် ခံယူထားသူမှာ လျှို့ဝှက် ပညာရပ် တစ်ခုကို ထိုးထွင်းသိလာ နိုင်လိမ့်မည်။

လျှို့ဝှက် ပညာရပ် ရှိခြင်းက ဒဏ္ဍာရီထဲမှ လူသတ်လက်နက် ပိုင်ဆိုင် ထားခြင်းနှင့် တူလှပေသည်။ အဆင့်မြင့်ဆုံး မှော်ကျင့်စဉ်ပင် လျှို့ဝှက် ပညာရပ်နှင့် မယှဉ်နိုင်ချေ။

ကြယ်တာရာ ဘုရင်တောင်မှ မျိုးနွယ်စုကြီး သုံးခုက မည်သို့ အစပြု ခဲ့သနည်း။

သူတို့တွေက လခြမ်းကွေး အင်မော်တယ် နန်းတော်မှ ရလာသည့် လျှို့ဝှက်ပညာရပ် များကြောင့် ဖြစ်လာသည် မဟုတ်ပါလော။ ကောလာဟလ များက သူတို့သည် အတုအယောင် လျှို့ဝှက်ပညာရပ် များသာ ရရှိခဲ့သည်ဟု ဆို၏။ အကယ်၍ အတုအယောင် လျှို့ဝှက်ပညာရပ် များက မျိုးနွယ်စုကြီး သုံးခုကို ကြယ်တာရာ ဘုရင်တောင်၌ ခြေကုပ်ရစေပြီး ကျန်းမို နယ်မြေမှ ထိပ်သီး အင်အားစုများ ဖြစ်လာစေလျှင် ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးမှ အစစ်အမှန် လျှို့ဝှက် ပညာရပ်ကို လက်ခံရရှိ ကြသော သူများဆို မည်သို့ ဖြစ်လာမည်နည်း။

ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးမှာ အချိန် အတော်ကြာ အာကာသထဲ ရှိနေခဲ့၍ ဝိညာဉ်စွမ်းအား အရှိန်အဝါများမှာ  မိုးမြေ ဝိညာဉ် စွမ်းအားများ စုပ်ယူပြီး သိပ်သည်း လာခြင်းမှ ဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။ ထိုသို့သော အရာမျိုးကို ချက်ချင်း အသုံးပြုသင့်ပြီး သိုလှောင် လက်စွပ်အတွင်း သိမ်းမထားသင့်ပေ။ သိုလှောင် လက်စွပ်ထဲ ထည့်သိမ်း လိုက်သည်နှင့် မိုးမြေ စွမ်းအားများမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး အမှိုက်သရိုက် တစ်ခု ရရှိခြင်းနှင့် တူသွား ပေလိမ့်မည်။

ထို့အပြင် ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးကို သိမ်းယူနိုင်စွမ်း ရှိသည့် သိုလှောင်လက်စွပ် များများစားစား မရှိချေ။

ထို့ကြောင့် မိုးကြိုးဒဏ် မခံယူရသေးသည့် ကျင့်ကြံသူများ အနေနှင့် ထိုကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးကို ကြည့်ရုံသာ ကြည့်နိုင်ကြ လေသည်။ ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးမှာ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့် သို့မဟုတ် စစ်မှန်ခြင်း နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့် ကျင့်ကြံ သူများနှင့် အကိုက်ညီဆုံး ဖြစ်လေ၏။

အကယ်၍ လောက အင်မော်တယ် တစ်ယောက်က  ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးနှင့် မိုးကြိုးဒဏ် ခံယူမည်ဆိုလျှင် ထိုလောက အင်မော်တယ် အတွက်လည်း လျှို့ဝှက်ပညာရပ် အသုံးပြုနည်းက နိုးကြားလာ လိမ့်မည်။

သို့သော်လည်း လောက အင်မော်တယ် ပြီးပြည့်စုံခြင်း အဆင့် ရောက်ရှိသူမှာ အင်မတန် နည်းပါးလှရာ ရှိနေလျှင်ပင် သူတို့က သူတို့ကိုယ်ပိုင် တာအိုကျင့်စဉ်ဖြင့် တံခါးပိတ် ကျင့်ကြံ နေကြမည် ဖြစ်သည်။ ဘယ်နှယောက် ကများ အာကာသထဲ လျှောက်သွား နေမည်နည်း။ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်နှင့် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူ များသာ ထိုကျောက်တုံးကို မြင်နိုင်ခြေ အခွင့်အလမ်း ပိုများလေ၏။

ထိုကျောက်တုံးမှာ ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံး ဖြစ်နိုင်ကြောင်း စဉ်းစားမိ ပြီးနောက် မိုဝူကျီက သင်္ဘောပျံကို ထိုတည်နေရာ အတိုင်း လမ်းကြောင်း ပြောင်းကာ အမြင့်ဆုံး အရှိန်ဖြင့် မောင်းနှင်လိုက် တော့သည်။

သူက ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးကို သေချာပေါက် ရရမည်။

***

ရက်အတော် ကြာတွင် မိုဝူကျီက သူ့လက်ရှိ အနေအထားမှာ  ကျောက်တုံး ရနိုင်ခြေ  သိပ်မမြင့်ကြောင်း သတိထားမိသည်။ ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးကို သူ တစ်ယောက်တည်း မြင်ခြင်း မဟုတ်ဘဲ အာကာသ အတွင်းမှ အားလုံးနီးပါး မြင်လိုက် ကြသည်။ တခြားနေရာမှ တချို့ကျင့်ကြံ သူများက အချက်ပြ ရရှိကာ ဤနေရာသို့ ရောက်လာ ကြသည်။

မိုဝူကျီက သူ့သင်္ဘောပျံကို ချက်ချင်း သိမ်းဆည်း လိုက်ပြီး ရွိုက်ကောကို ပြောလိုက်လေ၏

“ငါ့ အမြန်နှုန်း တိုးတော့မှာ မလို့ ပခုံးပေါ် သေချာနေနေ ... ”

ရွိုက်ကောက ကြားသည်နှင့် ချက်ချင်း ဆိုသလို မိုဝူကျီ ပခုံးပေါ် တက်လိုက် တော့သည်။ မိုဝူကျီက သင်္ဘောပျံကို သိမ်းကာ သူ့ကို လေပြေညင်းလေး ဖြတ်သွားသည်နှင့် နဂိုနေရာမှ ချက်ချင်း ပျောက်ကွယ် သွားလေသည်။

မိုဝူကျီ၏ လေလွတ်မြောက်ရေး နည်းစနစ်မှာ အဆင့် ၆ အထွတ်အထိတ်ကို ရောက်ရှိနေပြီး သူ့ကျင့်ကြံ ဆင့်မှာလည်း ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူ့ လေလွတ်မြောက်ရေး နည်းစနစ်မှာ အာကာသအတွင်း အသုံးပြုလျှင် တစ်ဆင့် လျော့ကျ သော်လည်း သူ့နှုန်းမှာ အံ့မခန်း မြန်ဆန်နေဆဲ ဖြစ်ပေသည်။  သူ့နောက်တွင် လေပြေ အငွေ့အသက် ပါရှိနေပြီး သူ့နည်းစနစ်ကို အထောက်အပံ့ ပေးနသည့် အတွက် သဘာဝ စွမ်းအား သုံးဖို့ရာ မလိုအပ်တော့ပေ။

သူက လေလွတ်မြောက်ရေး နည်းစနစ် အဆင့် ရောက်တော့မှာလား  ...

ထိုအတွေးဖြင့် မိုဝူကျီက အလေးချိန် မဲ့လာခြင်း နှင့်အတူ  သူရွေ့လျား လိုက်သည့်အခါ အခိုးအငွေ့အဖြစ် ပြောင်းလဲသွားသည့် အလား ခံစားမိလိုက်သည်။

သူက လေလွတ်မြောက်ရေး နည်းစနစ် အဆင့် ၇ သာ ရောက်ရှိသွားပြီ ဖြစ်ကာ မိုဝူကျီ၏ စစ်မှန်ခြင်း နတ်ဘုရားအဆင့် တက်လှမ်းဖို့ရာ ပူပင်နေသည့် ကိစ္စကား နည်းနည်း လျော့ကျသွား လေသည်။

သူက စစ်မှန်ခြင်း နတ်ဘုရားအဆင့် မတက်လှမ်း နိုင်သေးသည့် အချိန်  သူ့ လေလွတ်မြောက်ရေး နည်းစနစ် အဆင့် တက်သွားသည့် ကိစ္စကား သတင်းကောင်း ဖြစ်လေ၏။

သူက အဆင့် ၇ သို့ ရောက်ရှိ ပြီးနောက်တွင် မိုဝူကျီ၏ အမြန်နှုန်းမှာ များစွာ မြန်ဆန်လာကာ သင်္ဘောပျံ များကိုပင်  ကျော်လွန်သွား လေသည်။ သို့သော်လည်း သင်္ဘောပျံများ ဘယ်နှစင်းကို ကျော်ခဲ့စေကာမူ သူ့ရှေ့တွင် သင်္ဘောပျံများက ရှိနေဆဲ ဖြစ်၏။

မိုဝူကျီက စိတ်စွမ်းအားကို အသုံးပြု၍ ပတ်ဝန်းကျင်ကို စစ်ဆေး ကြည့်လိုက်ပြီး သင်္ဘောပျံပေါ်မှ ကျင့်ကြံသူ အများစုမှာ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ၉  ကျင့်ကြံသူများ ဖြစ်ကြောင်း သိလိုက်ရသည်။ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ၈ ကျင့်ကြံသူ တချို့ပင် အရှိန်ကို တိုးမြင့်၍ လာနေကြသည်။

ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးပေါ် မိုးကြိုးဒဏ် ခံယူနိုင်သည့် အကျိုးကျေးဇူး တစ်ချက် ရှိသေးလေသည်။ ထိုသူက မိုးကြိုးဒဏ် မခံယူလျှင်ပင် သူ ကျင့်ကြံဆင့်မှာ အလှမ်းမကွာ နေသရွေ့ မိုးကြိုးကို ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးဖြင့် ခေါ်လို့ ရလေသည်။ ဆက်တိုက် ဆိုသလို သူ့ကျင့်ကြံဆင့်မှာ ပြီးပြည့်စုံခြင်း အဆင့်သို့ အချိန်တိုအတွင်း ရောက်ရှိသွားနိုင် ပေလိမ့်မည်။

မိုဝူကျီ စိတ်အေးမိသည့် အကြောင်းအရာမှာ စစ်မှန်ခြင်း နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့် ကျင့်ကြံသူကို မမြင်တွေ့ ရခြင်းကြောင့် ဖြစ်သည်။ စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူ နှစ်ယောက်တော့ ရှိသော်လည်း နှစ်ယောက်လုံးမှာ ကောင်းကင် နယ်ပယ်ထဲသို့ ရောက်သည်မှာ မကြာလှသေးပေ။ ထိုလူများက ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံး ရယူလိုသည့် အကြောင်းအရင်းမှာ နောင်အနာဂတ် ကျင့်ကြံခြင်း အတွက် အသုံးဝင် လာနိုင်ရန် သင့်တော်သည့် လူတချို့ကို လက်ဆောင် ပေးဖို့ရာသာ ဖြစ်ရမည်။

အာကာသထဲတွင် ရှိသော ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးမှာ မိုးကြိုးဒဏ် ခံယူဖို့ရာအတွက် အသုံးပြုနိုင်ခြင်းက ပုံမှန် ကိစ္စသာ ဖြစ်လေသည်။ လိုက်လာ ကြသည့် လူ၌ ကျင့်ကြံခြင်းနှင့် အရှိန် လုံလုံလောက်လောက် ရှိနေသရွေ့ ကျောက်တုံးမှာ သူ့အလိုလို နှေးကွေးသွား ပေလိမ့်မည်။ ထိုနှေးကွေး သွားခြင်းမှာ လုံးဝ ရပ်တန့်လိုက်ခြင်း မဟုတ်သည့် အတွက် သာမာန် ကျင့်ကြံသူများစွာ လိုက်မမီ နိုင်သေးသော အရှိန် ဖြစ်၏။

သူ့ လေလွတ်မြောက်ရေး နည်းစနစ်ကို သုံးရက်တာ ဆက်တိုက် သုံးပြီးနောက် မိုဝူကျီက မနီးမဝေး နေရာမှ ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးကို မြင်ရလေသည်။ ယခု သူ့ လေလွတ်မြောက်ရေး နည်းစနစ်မှာ အဆင့် ၇ ရောက်နေပြီ ဖြစ်၍ အမြန်နှုန်းမှာ ကျောက်တုံး အရှိန်ကို ကျော်လွန်နေပြီ ဖြစ်၏။

မိုဝူကျီက ကျောက်တုံးနှင့် တဖြည်းဖြည်း နီးကပ်လာပြီး အနီးအနား ရောက်ခါနီး ဆဲဆဲတွင် အင်မတန် မောက်မာသည့် အသံတစ်သံကို ကြားလိုက်ရသည်

“ဟိုရှေ့က ကောင်လေး ... ဒီသခင်အတွက် အဲဒီမှာ ရပ်နေစမ်း။ ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးက မင်းလိုမျိုး ပုရွက်ဆိတ် သာသာ လူတွေ ဝင်ရှုပ်ရမဲ့ ကိစ္စ မဟုတ်ဘူးကွ... ”

မိုဝူကျီ ပခုံးပေါ်မှာ ရှိနေသည့် ရွိုက်ကောက အသံကြား သောအခါ မျက်လုံး ဝေ့ဝှက်၍ ရှာလိုက်သည်။

ထိုလူက သူ့ကိုယ်သူ သခင်ဟု အမည် တပ်ထား၍ သူ့ကိုယ်သူ ထိုသို့ ခေါ်ဖို့ စွမ်းအား တော်တော် ကောင်းရမှာ ပေါ့နော့  ...

မိုဝူကျီက ဘာမှ မကြားသကဲ့သို့ ရှေ့သာ ဆက်တိုးလိုက်ပြီး ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးပေါ် တက်ဖို့ရာ ပြင်လိုက်သည်။

မိုဝူကျီက ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးပေါ် တက်ခါနီးတွင် အေးစက်စက် အလင်းတန်းက အာကာသကို ဖြတ်ခွင်း၍ မိုဝူကျီ၏‌ နောက်ကျောသို့ ဦးတည်လာ နေသည်။

သေခြင်းတရားနှင့် ပေါင်းစပ်နေသည့် လူသတ်ငွေ့များက မိုဝူကျီ  စိတ်စွမ်းအားထဲ ရောက်လာ သောကြောင့် မိုဝူကျီက ကျောက်တုံးပေါ် တက်ချင် သော်လည်း နောက်ဆုတ်ဖို့သာ ရွေးချယ် လိုက်ရသည်။

သူ့တျန်းဂျီတုတ်က အဆုံးမဲ့တုတ် အရိပ်များအဖြစ် ပြောင်းလဲသွားပြီး အေးစက်စက် အလင်းတန်းနှင့် တွေ့ဆုံလိုက်သည်။ ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပေါ်သွားပြီး အာကာသအတွင်း ခဏတာ ဝေဝေဝါးဝါး အလင်းအရိပ်များ ဖြစ်လာလေသည်။

မိုဝူကျီ၏ ရုတ်တရက် အရှိန်လျော့မှုကို ခံစားမိသည့် အလား ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးမှာ ရုတ်တရက် ရပ်တန့်လိုက် လေသည်။ သုံးမီတာ ကျယ်ဝန်းသော ကျောက်တုံးကြီးမှာ လေထဲ ချိတ်ဆွဲထားသလို မျှောနေပြီး ဝိညာဉ်စွမ်းအား အငွေ့အသက် ဖျော့ဖျော့လေး ထုတ်လွှင့် နေလေသည်။ ဘာမျှ မသိသည့် သူပင် ထိုအရာမှာ ကောင်းကင်မှ ကြီးမြတ်သည့် အရာ ဖြစ်ကြောင်း ပြောနိုင်လေသည်။

မိုဝူကျီကို တားလိုက်သည့် သူမှာ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့်မှ ကျင့်ကြံသူ ဖြစ်ကာ အတော်လေး အားကောင်းဟန် ပေါ်သည်။ မိုဝူကျီက သူသာ ကောင်းကင်ဘုံ စမ်းသပ်ချက် ခံယူလိုလျှင် ထိုလူကို အရင် ရှင်းပစ်ရမည် ဖြစ်ကြောင်း သိ၏။

ဤ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူလည်း မိုဝူကျီနှင့် အတွေးတူကာ နှစ်ယောက်လုံးက မှော်ရတနာ ကိုယ်စီ ဆွဲထုတ်လိုက်ပြီး တစ်ဖက်စီသို့ ပြေးဝင်လာ ကြလေသည်။

***

All Chapters