← Chapters

မြေကမ္ဘာ အဆင့်ဇယား အဆင့် ၁

Vol. 25 Ch. 334

မြေကမ္ဘာ အဆင့်ဇယား အဆင့် ၁

Vol. 25 Ch. 334

မိုဝူကျီ အနေဖြင့် ဤဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အသုံးပြုသည့် မျှော်စင်နှင့် တူသည့် မှော်လက်နက်ကို ပထမဆုံး အကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သော်လည်း ဘုံစေတီဟု ခေါ်ဆိုဖို့ရာ အတွက် ထိုအရာ၏ စွမ်းပကားများ လစ်ဟာ နေသည်ဟု ခံစားမိစေသည်။

“ဘမ်း ”

မှော်ရတနာ နှစ်ခုကြားမှ သဘာဝ စွမ်းအားများက ဆက်တိုက် ဆိုသလို ပေါက်ကွဲနေပြီး မိုဝူကျီ၏ တျန်းဂျီတုတ်က ထိုဘုံစေတီနှင့် တူသည့် အရာကို ဆက်တိုက် ရိုက်ချနေကာ ရိုက်ချက် တစ်ချက်စီ တိုင်းကား ယခင်ထက် ရူးသွပ်၍ ပြင်းထန် လာလေသည်။

ဤတိုက်ပွဲမှာ အာကာသအတွင်း ဖြစ်နေ၍ ကံကောင်း လှပေသည်။ ဘေးပတ်ဝန်းကျင် ကြီးမားသော ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်နေ၏။

ရွိုက်ကောမှာ တစ်နေရာ၌ ပုန်းကွယ်နေပြီး ထိုအံ့မခန်း တိုက်ပွဲကို အဝေး တစ်နေရာမှ လေ့လာနေ လေသည်။

မိုဝူကျီက စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူနှင့် တိုက်ပွဲ မဟုတ်မှန်း သိသော်လည်း အတော်လေး အံ့အားသင့်် မိသည်။ သူက ချီသွေးကြော ၁၀၅ ခုလုံးကို ဖွင့်ထားနိုင်ပြီး ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ၁၂ တွင် ရှိနေသော်လည်း ထိုလူ တောင့်မခံ နိုင်သည့် ရိုက်ချက်ဟူ၍ မရှိသေးပေ။

ထိုလူက မည်မျှပင် အားကောင်းနေသနည်း

ဤလောကကြီးတွင် သူ့တမူ ထူးသည့် လူမြောက်မြားစွာ ရှိသည့်အတွက် နောင်အနာဂတ်၌  သူက ချီသွေးကြော ၁၀၈ ခုလုံး ဖွင့်ထားလျှင်ပင် သူများအပေါ် အထင်မသေး သင့်ပေ။

အမှန်တရားမှာ မိုဝူကျီက တအံ့တအား ဖြစ်နေစဉ် တစ်ဖက်လူ မှာလည်း မိုဝူကျီထက်ပင် ပို၍ အံ့ဩနေသေး၏။

ဒီ အားကောင်းလှတဲ့  ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူက ဘယ်နေရာက ပေါ်လာတာလဲ  ... 

တစ်ချက်တည်းနှင့် သူက လွင့်စဉ်မတတ် ဖြစ်ခဲ့လေသည်။

မိုဝူကျီက သူနှင့် ရင်ဆိုင် နေရသူမှာ ကုန်းယဲ့ကျန့် ဖြစ်ကာ ကြယ်တာရာ ဘုရင်တောင်မှ ထိပ်သီး ပါရမီရှင်မှန်း မသိပေ။ ထို့အပြင် ထိုလူမှာ မြေကမ္ဘာ အဆင့်ဇယားတွင် အဆင့် ၆ ဖြစ်လေ၏။

ကုန်းယဲ့ကျန့်က ကျန်းမိုနယ်မြေ တစ်ခုလုံးတွင် စစ်မှန်ခြင်း နတ်ဘုရား အဆင့်ထက် နိမ့်သော ကျင့်ကြံသူများက သူ့ကို တစ်ချက်တည်းဖြင့် လွင့်စဉ်အောင် မပြုလုပ်နိုင်မှန်း သိ၏။ မြေကမ္ဘာ အဆင့်ဇယားမှ အဆင့် ၁ ပင် ထိုသို့ မလုပ်နိုင်ချေ။

မိုဝူကျီက သူ့မျက်စိထောင့်မှ ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးမှာ အဝေးသို့ ထပ်သွားပြီ ဖြစ်ပြီး ကျင့်ကြံသူ အများအပြား လိုက်ပါ သွားသည်ကို မြင်ကာ များများမတွေး နိုင်တော့ချေ။ သူရှေ့မှ အနှောင့်အယှက်ကို မကျော်ဖြတ်နိုင်လျှင် သူ့ခရီးကား အလကားသပ်သပ် ဖြစ်ပေတော့မည်။

တျန်းဂျီတုတ် အရိပ်များက ကောင်းကင် အပြည့် တုတ်အရိပ်များ ဖြစ်သွားကာ ကုန်းယဲ့ကျန့်ဆီ ထိုးဖောက် ကျရောက် လာလေသည်။

ကုန်းယဲ့ကျန့်က မိုဝူကျီကို သာမာန် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူကဲ့သို့ မဆက်ဆံတော့ပေ။ အကြောင်းမှာ သူက ဘုံစေတီကို လွှဲယမ်း လိုက်သည်နှင့် ဘုံစေတီမှ ချက်ချင်း ဆိုသလို မြောက်မြားစွာသော အလင်းတန်းများ ထွက်ပေါ်လာ လေသည်။

မိုဝူကျီက ကုန်းယဲ့ကျန့်၏ ဘုံစေတီ အလင်းတန်းမှ ဆွဲငင်အား များကို ခံစားမိပြီး ထိုအရာမှာ အာကာသ အတွင်းမှ နယ်ပယ်ကို ထိန်းချုပ် ရုံသာမက တစ်ဖက်လူမှ သဘာဝ စွမ်းအားများကို သူ့ဆီ စုပ်ယူကြောင်း သိလိုက်သည်။

ထိုအရာက မိုဝူကျီအပေါ် များစွာ သက်ရောက်မှု မရှိပေ။ အကြောင်းမှာ သူက ဤတိုက်ပွဲကို တတ်နိုင်သမျှ မြန်မြန် အဆုံးသတ်ပစ် ချင်သည့်အတွက် သူ့ခန္ဓာကို လေပြေနှင့်အတူ ဘုံစေတီ၏ အလင်းတန်းကို ဖြတ်ကျော် လိုက်သည်။ ထို့နောက် သူက တျန်းဂျီတုတ်ကို နောက်တစ်ကြိမ် ထပ်ဝှေ့ယမ်း လိုက်ပြီး ဤတစ်ကြိမ်တွင် သူ့ကြယ်တာရာ လှည့်ပတ် ဖြတ်သန်းခြင်း ပညာရပ် ကျွမ်းအဆင့်မှ အဆင့်လေးကို အသက်သွင်း လိုက်လေသည်။

ကုန်းယဲ့ကျန့်က မိုဝူကျီသည် သူ့ဘုံစေတီဆီ ပြေးဝင် လာသည်ကို မြင်၍ အကျေနပ်ကြီး ကျေနပ်သွား လေ၏။ သူက မိုဝူကျီကဲ့သို့ မစဉ်းစား မဆင်ခြင်သည့် သူများနှင့် တိုက်ခိုက် ရသည်ကို သဘောကျ မိသည်။ အကြောင်းမှာ ထိုသူက သူ့အလင်းတန်းဆီ ပြေးဝင်လာ သည်နှင့် ကုန်းယဲ့ကျန့် အနေဖြင့် မိုဝူကျီ၏ အသက် တစ်ဝက်ကို ထိန်းချုပ် နိုင်သွားပြီ ဖြစ်၏။ သူ့ရန်သူက သူ့အား သတ်ဖြတ်ရန် အထိ အားကောင်း နေလျှင်ပင် သူက အနည်းဆုံး ဒဏ်ရာပြင်းပြင်း ထန်ထန် ရသွားနိုင် လောက်သည့် အထိသာ ဖြစ်၏။

သူ့ဘုံစေတီ အလင်းက တစ်ဖက်လူ၏ သဘာဝ စွမ်းအားများကို တိုက်ရိုက် ထိန်းချုပ်နိုင်သည့် အတွက်  ကျင့်ကြံဆင့် မြင့်သည့် ကျင့်ကြံသူများပင် သူ့ဘုံစေတီဆီ အကာအကွယ် မပါဘဲ ဝင်မလာရဲ ကြချေ။

သို့သော်လည်း သူက နောက်အခိုက် အတန့်၌ လုံးဝကို မှင်တက် သွားတော့သည်။ မိုဝူကျီက သူ့ ဟင်းလင်းပြင် ဘုံစေတီ အလင်းကြောင့် သက်ရောက်မှု မရှိသည်ကို တွေ့ပြီးနောက်  မိုဝူကျီ၏ တျန်းဂျီတုတ်မှာ သူ့ရှေ့၌ တုတ်အရိပ် သန်းနှင့်ချီ၍ ပွားလာလေ၏။

ထို့နောက် သူ့ရှေ့တွင် ရှိနေသော အလင်းတန်းက လုံးဝပျောက်ကွယ် သွားသည့်အတွက်  သူ့ဟင်းလင်းပြင် အလင်းတန်းများကို ထိုလူက ခြယ်လှယ် လိုက်သည်ဟုပင် ခံစားမိ လိုက်သည်။ ကုန်းယဲ့ကျန့်က မိုဝူကျီ သုံးလိုက်သည့် နည်းလမ်းကို မသိချေ။ သို့သော် ထိုအရာက သာမာန် ကျင့်စဉ် မဟုတ်ကြောင်းနှင့် လျှို့ဝှက် ပညာရပ်တောင် ဖြစ်နေနိုင်ကြောင်း သေချာလေသည်။

မြန်မြန် ပြေးရမယ်  ...

ကုန်းယဲ့ကျန့်က မိုဝူကျီ၏ တျန်းဂျီတုတ်ကို ရှောင်ကာ ချက်ချင်း နောက်ဆုတ် ချင်သော်လည်း တျန်းဂျီတုတ်မှာ ပျောက်ကွယ် သွားသည့်အလား မမြင်ရတော့ချေ။ မဟုတ်သေးပေ...  ကုန်းယဲ့ကျန့်မှာ တိုက်ခိုက်သည့် အတွေ့အကြုံ များပြားလှပြီး လူသေများ ပြည့်နှက်နေသည့် နေရာ၌ အရွယ်ရောက် လာခဲ့သည်ဟုပင် ဆိုလိုရလေ၏။

လက်ရှိတွင် သူက မိုဝူကျီ၏ တျန်းဂျီတုတ် မည်သည့် နေရာတွင် ရှိကြောင်း ဂရုမစိုက်နိုင်ဘဲ သူ့ဘုံစေတီမှ အလင်းတန်းများကို သူ့ခန္ဓာ၏ အရေးကြီး အစိတ်အပိုင်း များကို ကာကွယ်ဖို့ရာ အလျင်အမြန် သုံးလိုက်ရသည်။

“ဘမ်း ”

တျန်းဂျီတုတ်က ဘုံစေတီကို ရိုက်ခတ်မိ သောကြောင့် များပြားစွာသော သဘာဝ စွမ်းအားများ ပျံ့နှံ့သွားပြီး ကုန်းယဲ့ကျန့်က ချက်ချင်းပင် သွေးတစ်ပွက် အန်ထုတ် လိုက်ရသည်။ ဒဏ်ရာ အပြင်းအထန် ရရှိသွားသည့် ကုန်းယဲ့ကျန့်က မိုဝူကျီနှင့် ဆက်လက် မတိုက်ခိုက်ရဲတော့ သောကြောင့် ချက်ချင်း လှည့်ကာ ဆယ်ပေအကွာထိ ဆုတ်လိုက်သည်။

မိုဝူကျီက ကုန်းယဲ့ကျန့်မှာ သူ့တုတ်ကို အန္တာရာယ် အများဆုံး အချိန်တွင် ခုခံနိုင် လိမ့်မည်ဟု မျှော်လင့် မထားခဲ့ပေ။ ထို့ကြောင့် ထိုလူမှာ အတော်လေး အရည်အချင်း ရှိပေသည်။ သူက လျှို့ဝှက်တုတ်တံ ဆင့်ကဲ ရိုက်ချက်ကို အောင်မြင်စွာ လေ့ကျင့်ပြီးသည့် နောက်တွင် ပထမဆုံး အကြိမ်အဖြစ် တစ်စုံ တစ်ယောက်က ခုခံနိုင်လိုက်ခြင်း ဖြစ်ပေသည်။

အကယ်၍ မိုဝူကျီက ကုန်းယဲ့ကျန့်ကို သတ်ချင်ပါက ချက်ချင်း သတ်လို့ ရသော်လည်း သူ့အာရုံမှာ ကုန်းယဲ့ကျန့် အပေါ်တွင် မဟုတ်ဘဲ သူနှင့် အဝေးသို့ ရွေ့သွားနေသည့် ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးပေါ် ဖြစ်၍ ထိုနောက် လိုက်သွားလိုက် တော့သည်။

ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးဆီသို့ လေးဖက် လေးတန်မှ ကျင့်ကြံသူများစွာ ရောက်လာကြပြီး မိုဝူကျီ၏ လေလွတ်မြောက်ရေး နည်းစနစ် အဆင့် ၇ မှာ ဤနေရာ၌ အသုံးဝင် နေပေသည်။ လေမြားတစ်စင်း ကဲ့သို့ မိုဝူကျီက သူ့ရှေ့မှ အားလုံးကို ကျော်သွားပြီး ခြေတစ်ဖက်ကို ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးအပေါ် တက်နိုင် တော့မည့်ဆဲဆဲ ဖြစ်နေလေပြီ။

နောက်ထပ် အလင်းတစ်ခုက အာကာသတစ်ခွင် ဖြတ်သန်း၍ မိုဝူကျီဆီ ပြေးဝင်လာ လေသည်။ မိုဝူကျီက ကျောက်တုံးနား နီးနေသည့် ခြေတစ်ဖက်ကို နောက်ဆုတ် ရုံမှအပ ရွေးချယ်စရာ မရှိပေ။ ထို့နောက် ဓားအလင်း ထုတ်လွှင့် လိုက်သည့် လူကို လှည့်ကာ  စိုက်ကြည့် လိုက်သည်။

အကြောင်းမှာ မိုဝူကျီ ခြေထောက်သာ ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးပေါ် တင်လိုက်သည့် အခိုက်အတန့်၌ ထိုအရာက လုံးဝရပ်တန့် သွားပေလိမ့်မည်။

မိုဝူကျီကို ချောင်းမြောင်း တိုက်ခိုက်သူမှာ လှပသည့် သွင်ပြင် လက္ခဏာများနှင့် ပိန်ပါးပါး လူငယ်လေး ဖြစ်၏။ ထိုလူငယ်‌လေး၏ ကျောတွင် ဓားရှည် တစ်လက် ဆွဲထားပြီး လက်ထဲတွင် ဓားမရှိသောကြောင့် သူက မိုဝူကျီကို တိုက်ခိုက်သည့်သူ မဟုတ်သကဲ့သို့ ပေါ်နေ၏။

မိုဝူကျီကို သံသယ ဖြစ်စေသည်က ကျင့်ကြံသူ များစွာက ထိုလူ့ကို မြင်လိုက်သည်နှင့် သူတို့မှာ ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးနောက် လိုက်ဖို့ရန် စိတ်မဝင်စား တော့ခြင်း ဖြစ်ပေသည်။ အကြောင်းမှာ သူတို့က သူတို့ကိုယ်သူတို့ မရပ်တန့်ခင် နောက်ဆုတ် လိုက်ကြသေး၏။

ထိုစဉ် နောက်ထပ် အရိပ်တစ်ခုက ပျံသန်း၍ ရောက်ရှိလာ လေ၏။ ထိုလူများမှာ သေချာပေါက် လေလွတ်မြောက်ရေး အဆောင် သုံးလာမှန်း သိသာနေပြီး သူတို့ အမြန်နှုန်းမှာ မိုဝူကျီထက် မနှေးကွေးပေ။

မိုဝူကျီက အရှိန်အဝါကို ကြည့်၍ နောက်ထပ် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ၉ ကျင့်ကြံသူများ ရောက်လာကြောင်း သိလိုက်သည်။

မိုဝူကျီက ရောက်လာသည့် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားနှင့် ရင်ဆိုင်ဖို့ အသင့်ဖြစ် နေသည့်အချိန်၌ နောက်ထပ် ဓားအလင်း တစ်ချက် ထွက်ပေါ် လာပြန်သည်။

သွေးစီးကြောင်း ဖြစ်ပေါ်လာပြီး ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးဆီ ပြေးလာ နေကြသော ကျင့်ကြံသူ နှစ်ယောက်မှာ အလောင်းကောင် ဖြစ်သွားသည့် အတွက် ရပ်တန့်သွား တော့သည်။

မိုဝူကျီက လူငယ်လေးဆီမှ တိုက်ခိုက်မှုမှန်း သိလိုက်သည်။ ထိုလူမှာ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ဖြစ်သင့်သော်လည်း သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ၁၀ ဖြစ်ကြောင်းတော့ မပြောနိုင်ပေ။ အကြောင်းမှာ သူ့ဘေးနားမှ ဝိညာဉ်စွမ်းအား များက မထင်ရှားချေ။

ထိုစဉ် ထိုလူငယ်၏ ဓားရှည်မှာ အရင်လို  ကျောပေါ်တွင် ရှိနေဆဲ ဖြစ်ကာ တိုက်လိုက်သူမှာ သူ မဟုတ်သကဲ့သို့ ပြုမူနေသည်။ မိုဝူကျီက သံသယစိတ် ကြီးထွားလာပြီး ထိုလူငယ်က ပြိုင်ဘက်ကောင်း ဖြစ်နိုင်ကြောင်း အတည်ပြု လိုက်တော့သည်။

ဤဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူက မိုဝူကျီကိုပင် မကြည့်ဘဲ နောက်ထပ် ရောက်လာသည့် ဖြစ်တည်ခြင်းမဲ့ အဆင့်မြင့် ကျင့်ကြံသူများကို အေးစက်စွာ ပြောလိုက်သည် ။

“ငါ လီရှို့ရန်က ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးကို အသုံးပြုမှာ မင်းတို့ ဘယ်နေရာက လာလာ ပြန်သွားကြစမ်း  ... ”

သူက ပြောလိုက်ရင်း နေရာတစ်ခုလုံး၌ ပြင်းထန်သည့် အရှိန်အဝါများ ထွက်ပေါ်လာကာ မိုဝူကျီကိုပင် လွှမ်းခြုံသွား လေသည်။ သူက ထိုလူ၏ အရှိန်အဝါမှာ စစ်မှန်ခြင်း နတ်ဘုရား အဆင့်ကို မီကြောင်း သေချာ၏။

အထက်စီး ဆန်ဆန် လေသံနှင့်အတူ အရှိန်အဝါ များကြောင့် ဘေးပတ်လည်မှ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူများက နောက်ဆုတ် လိုက်ရသည်။ မြောက်မြားစွာသော ကျင့်ကြံသူများက သူတို့အတွက် ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံး ရနိုင်ခြေ မရှိမှန်းသိ၍ ချက်ချင်း ထွက်သွား ကြတော့သည်။

နောက်ဆုတ် သွားကြသည့် ကျင့်ကြံသူ တချို့ ရှိသော်လည်း သူတိုက ထွက်မသွား ကြသေးဘဲ ကျောက်တုံးကို အဝေးမှ ကြည့်နေ ကြသည်။ သူတို့က လီရှို့ရန် ကောင်းကင်ဘုံ စမ်းသပ်ချက် ခံယူသည်ကို အနာဂတ်အတွက် နမူနာအဖြစ် ကြည့်ရှုလို ကြလေ၏။ နောက်ထပ် ကျင့်ကြံသူ အုပ်စုက ရောက်လာ သော်လည်း လီရှို့ရန်၏ မြင်ကွင်း၌ ရပ်တန့်လိုက် လေသည်။

လီရှို့ရန်က မိုဝူကျီဘက် ဖြည်းဖြည်းချင်း လှည့်ကာ စိုက်ကြည့်ရင်း  …

“မင်းက ငါ့ဓားချက်ကို ရှောင်နိုင်ခဲ့တာကို ထောက်ပြီးတော့ မင်းအသက်လေး ချမ်းသာပေး လိုက်မယ်။ ထွက်သွားစမ်း   ...  ”

“ခင်ဗျားကသာ ပေါက်စလေး ... ကျွန်တော့် အိမ်သခင်ကြီးက ခင်ဗျားကို သတ်ဖို့ ရိုက်ချက် တစ်ချက်ပဲ လိုတယ် ... ဟင်း ... ”

အဝေးမှာ ကြည့်နေသည့် ရွိုက်ကောက မိုဝူကျီ၏ ကုန်းယဲ့ကျန့် အပေါ် ရိုက်ချက်ကို တွေ့ပြီးနောက် လီရှို့ရန်ကဲ့သို့ အထက်စီး ဆန်ဆန် စပြောလိုက် တော့သည်။

“သခင်” ဟူသော အသုံးအနှုန်းမှာ ကုန်းယဲ့ကျန့်ဆီက သင်ယူထားသည် မဟုတ်ပါလော  ...

ကုန်းယဲ့ကျန့်က သူ့ကိုယ်သူ သခင်ဟု သုံးနှုန်းထားသည်ကို မြင်၍ မိုဝူကျီလည်း သဘောကျ နှစ်သက်လိမ့်မည်ဟု ယူဆလိုက်ခြင်း ဖြစ်သည်။ မဟုတ်လျှင် ထိုလူက ဘယ်လိုလုပ် သူ့ကိုယ်သူ ထိုသို့ သုံးနှုန်းမည်နည်း။

ထိုစဉ်မှ စ၍ သူက မိုဝူကျီကို သခင်ဟု ခေါ်ဆိုရန်သာ ဆုံးဖြတ်လိုက် ရုံသာမက အနာဂတ်၌ သူ့သခင်ကြီးနှင့် အတူတူ ကပ်နေရန် ဆုံးဖြတ် လိုက်တော့သည်။

ဘေးနားမှ လီရှို့ရန် ကောင်းကင်ဘုံ စမ်းသပ်ချက် ခံယူမည်ကို စောင့်နေကြသည့် ကျင့်ကြံသူများက လီရှို့ရန်နှင့် ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံး လုယူရဲသည့် သူကို မြင်လိုက်သည့် အခါ အမှန်ပင် အံ့ဩတကြီး ဖြစ်သွားလေသည်။

တကယ်တော့ နှစ်များစွာအထိ လူများစွာက မိုဝူကျီနောက် လိုက်ခဲ့ကြ သော်လည်း သူ့ကို မြင်ဖူးသည့်သူမှာ ထိုမျှ မများလှပေ။ ထို့အပြင် နှင်းခါး ပင်လယ်အတွင်း နှစ်များစွာ ကျင့်ကြံပြီးနောက် မိုဝူကျီက မုတ်ဆိတ်မွေးပင် ပေါက်နေပြီ ဖြစ်၏။

လီရှို့ရန်က မြေကမ္ဘာ အဆင့်ဇယား အဆင့်တစ် ဖြစ်သောကြောင့် သူ့အင်အားမှာ အမှန်ပင် စစ်မှန်ခြင်း နတ်ဘုရား အဆင့်နှင့် ယှဉ်လို့ ရလေသည်။ စောစောလေးက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်များကို သတ်ပစ် လိုက်သည်က နမူနာ တစ်ခု မဟုတ်ပါလော။ ထို့အပြင် လီရှို့ရန် နောက်ခံမှာ အကောင်ကြီးကြီး ထဲမှ ဖြစ်ပြီး သူ့ဆရာမှာ ကြယ်တာရာ ဘုရင်တောင် ကြယ်တာရာ သခင် ကိုယ်တိုင် မျက်နှာသာ ပေးရသည့် လူစားမျိုး ဖြစ်၏။

တခြားနည်းနှင့် ဆိုရလျှင် ဤနေရာတွင် မည်သူကမျှ သူနှင့် မတိုက်ခိုက် ရဲကြချေ။ ရွိုက်ကော၏ စကားများကို ကြားပြီး လီရှို့ရန် မျက်နှာမှာ ပုံဆိုးပန်းဆိုး ဖြစ်လာကာ သူ့နောက်ကျောမှ ဓားရှည်မှာလည်း လက်ထဲသို့ ရောက်လာကာ ဓားအလင်း ထွက်ပေါ်လာ လေသည်။

“ဘမ်း ”

ဓားအလင်းက မောက်မာ ပြနေသည့်  ရွိုက်ကောကို နှစ်ပိုင်း မပိုင်းသွားခြင်းမှာ သာမာန်နှင့် တူသည့် သတ္ထုတုတ်နှင့် ကာဆီးလိုက်၍ ဖြစ်သည်။

မိုဝူကျီက လီရှို့ရန် ရှေ့ ရောက်လာပြီး အေးစက်စက် ပြောလိုက်သည် ။

“မင်းပြိုင်ဘက်က ငါပဲ  ...ငါ့ အကောင်လေးကို မထိနဲ့  ...  ”

သူက ပြောလိုက်ရင်း တျန်းဂျီတုတ်မှ  နိဗာန တုတ်အရိပ် အကွက်က ကောင်းကင်တစ်ခွင် ပျံ့နှံ့လာလေသည်။

သူ့နိဗာန တုတ်အရိပ်ကို ထုတ်ဖော် ပြီးနောက် မိုဝူကျီက သူ့တုတ်ကို အသုံးပြုရန် အင်အားကိုသာ အမှီပြု မထားတော့ပေ။ သူ့နိဗာန တုတ်အရိပ် တိုင်းက တစ်ဖက်လူကို အကျပ်တည်း ဖြစ်စေဖို့ရာ လုံလောက် လေ၏။ သူ့လူ သတ်ကွက်မှာ သူ့ကိုယ်တိုင်ပင် မည်သည့် နေရာက ပေါ်လာမှန်း မသိသည့် လျှို့ဝှက်တုတ်တံ ဆင့်ကဲရိုက်ချက် ဖြစ်ပေလိမ့်မည်။

မိုဝူကျီက ဓားအလင်းကို ရိုက်ချက် တစ်ချက်တည်းဖြင့်  ချိုးဖောက်ခဲ့ နိုင်ခြင်းမှာ  လီရှို့ရန်ကို ဒေါသထွက်ကာ  အံ့အားသင့် သွားစေသည်။ သူ တုန်လှုပ် မိသည်က  မိုဝူကျီမှာ  သူ့ လူသတ် ဓားအလင်းကို တုတ်တစ်ချက်ဖြင့် ချိုးဖျက်နိုင်စွမ်း ရှိသည့်အထိ အမှန်ပင် အားကောင်း၍ ဖြစ်သည်။ သူ ဒေါသထွက် လာသည်က သူ့ကို ရင်ဆိုင်နိုင်မည့် အဆင့်တူ ကျင့်ကြံသူ မပေါ်လာသည်မှာ လက်ချိုး ရေတွက်လို့ပင် မရတော့သည့် နှစ်များစွာ ရှိပြီ ဖြစ်၏။

လီရှို့ရန်က သူ့နာမည်ကို ပြောလိုက်သည့် အခိုက်အတန့်မှာ မြေကမ္ဘာ အဆင့်ဇယားမှ အဆင့်တစ် တည်ရှိမှုကို သက်သေပြခြင်း ဖြစ်ရာ စစ်မှန်ခြင်း နတ်ဘုရား အဆင့်ပင် သူ့ကို ရိုသေရမည် ဖြစ်သည်။ လီရှို့ရန်က ထိုလူသည်  ဘယ်နေရာမှ ရောက်လာသည်ကို မသိသော်လည်း ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးကို လုယူရဲသည်ဟုပင် မကြေညာဘဲ တိုက်ခိုက် ရဲသည်က သေချင်နေသည်သာ ဖြစ်ရမည်။

လီရှို့ရန်က မိုဝူကျီကို ဘယ်နေရာမှ ရောက်လာတာလဲ ဟုပင် မေးမနေဘဲ ခန္ဓာလှည့်ကာ သူ့လက်ထဲမှ ဓားကြီးက မိုဝူကျီဆီ ပြေးဝင်သွား တော့သည်။ အခြားလူများက ထိုတိုက်ခိုက်မှုမှာ ရိုးရှင်းသော်လည်း ဤဓား၌ ဟင်းလင်းပြင်ကို နှစ်ခြမ်းကွဲသွား စေနိုင်သည့်  ကြောက်ခမန်းလိလိ အင်အားများ ပါဝင်နေကြောင်း ပြောနိုင်လေသည်။

မိုဝူကျိက အကြည့်ကို ပြန်ရုပ်သိမ်း လိုက်ပြီး လီရှို့ရန်က မည်မျှပင် အားကောင်း စေကာမူ ဟင်းလင်းပြင်ကို ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်ဖြင့် နှစ်ခြမ်းပိုင်းဖို့ရာ မဖြစ်နိင်ချေ။ ဖြစ်နိုင်သည်က သူ့ဓားအစွမ်းမှာ တစ်ဖက်လူ၏ စိတ်အတွင်း ထိုးဖောက်နိုင်သည့် အဆုံးမဲ့ဓား အဆင့် ရောက်နေခြင်း ဖြစ်ပေလိမ့်မည်။

***

All Chapters