မင်း ဘယ်သူ ဖြစ်ဖြစ် ဂရုမစိုက်ဘူး
Vol. 25 Ch. 335
အကယ်၍ တခြား ကျင့်ကြံသူနှင့် ရင်ဆိုင်နေရပါက လီရှို့ရန်၏ အာကာသခွင်း ဓားစွမ်းအားမှာ တစ်ဖက်လူ၏ စိတ်အပေါ် တိုက်ရိုက် သက်ရောက်မှု ဖြစ်စေပြီး ကမ္ဘာဦး စိတ်ဝိညာဉ်ကိုပင် မိန်းမော သွားစေကာ ဒဏ်ရာရသွား စေနိုင်သည်။
သို့သော်လည်း မိုဝူကျီတွင် အသိစိတ် ပင်လယ်နှင့် ခရမ်း ရေကန်သာ ရှိ၏။ သူ့ ပထမဆုံး ချီသွေးကြောမှ စ၍ မိုဝူကျီသည် သေခြင်းရှင်ခြင်း များစွာ ဖြတ်ကျော်ခဲ့ရပြီး အရေးကြီးဆုံး အချက်မှာ မိုဝူကျီက ကမ္ဘာဦး စိတ်ဝိညာဉ်အထိ မလေ့ကျင့် ရသေးပေ။ သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ဖြစ်နေသော်လည်း သူ့တွင် ခရမ်းရေကန်နှင့် ခရမ်း စွမ်းအားသာ ရှိလေသည်။ ကမ္ဘာဦး စိတ်ဝိညာဉ် မပါရှိ၍ သူ့စိတ်က မိန်းမော သွားလျှင်ပင် စိတ်စွမ်းအားကို များစွာ ဝေဝါးသွား နိုင်မည်တော့ မဟုတ်ပေ။
လီရှို့ရန် ဓားမှ စွမ်းအားက ပြင်းထန်သော်လည်း သူ့စိတ်ကို အနည်းငယ်သာ လှုပ်ကိုင်နိုင် လေသည်။
သူက တျန်းဂျီတုတ်ကို မြှောက်ကာ လီရှို့ရန်၏ ဓားစွမ်းအားပေါ် တိုက်ရိုက် ရိုက်ချလိုက်လေ၏။
“ဘမ်း ”
နှစ်ဖက်မှ ပြင်းထန်လှသည့် သဘာဝ စွမ်းအားများ ထွက်ပေါ်လာပြီး တစ်ခုနှင့် တစ်ခု ထိတွေ့သွားသည့် အတွက် ဆက်တိုက်ပေါက်ကွဲ သွားလေသည်။ ကြည့်ရှုသူများ မှာလည်း ပို၍ ပို၍ စိတ်လှုပ်ရှား လာကြသည်။ ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးကို လုချင်သည့် လူမှာလည်း လီရှို့ရန်နှင့် လက်ရည်တူ ဖြစ်နေကာ သူ့ထက် အားမနည်းချေ။
ဒီ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူက ဘယ်နေရာက ရောက်လာတာလဲ ...
သူ့ဓားချက်ကို ပြန်လည် တိုက်ခိုက် သောကြောင့် ထည်ဝါလှသည့် သဘာဝ စွမ်းအားများက မုန်တိုင်း ထန်နေသည့် ပင်လယ်အလား လှိုင်းလုံးကြီး အလိုက် ထွက်ပေါ်လာသည်ကို လီရှို့ရန်က မျက်တောင်မခတ် ကြည့်နေမိ တော့သည်။
လက်ရှိတွင် လီရှို့ရန်က သူနှင့် တန်းတူ သို့မဟုတ် သူ့ထက်ပင် ကျော်လွန်နေသည့် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူ အမှန်ပင် ရှိနေ၍ တအံ့တဩ ဖြစ်သွားမိသည်။ ထို့အပြင် တစ်ဖက်လူမှာ သူ့ဓားစွမ်းအားက အရာအားလုံးကို ဖျက်ဆီးပစ်သည့် အထိပင် မစောင့်ချေ။ ထိုစဉ် သူ့ဆရာ စကားများက မည်မျှ မှန်ကန်နေကြောင်း ခံစားမိလာသည်။
ယခင်က သူ့ဆရာသည် တစ်ခါ ပြောပြဖူး၏ ။
“အမြဲတမ်း မင်းထက် အားကောင်းတဲ့သူ ဆိုတာ ရှိစမြဲ ... မင်းနဲ့ မတွေ့သေး ရုံသေးပဲ ...”
သူက ထိုစကားကို သံသယ ဝင်မိခဲ့သည်။ ယခုတော့ သူက ဤအာကာသ အစိတ်အပိုင်း အသေးလေးမှ ထွက်မသွား ရသေးခင် ကြုံနေရလေပြီ။
မိုဝူကျီ၏ တျန်းဂျီတုတ် အရိပ်မှာ ဆက်တိုက် ဆိုသလို လှုပ်ရှားနေပြီး ရိုက်တော့မည့် ဆဲဆဲတွင် ယခင် တည်ငြိမ်နေသည့် ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးက နောက်တစ်ကြိမ် ထပ်ရွေ့သွားကြောင်း သတိပြုမိ လိုက်သည်။
ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံး ရွေ့သွားသည်နှင့် ယခင်ကထပင် မြန်ဆန်လာ၍ နောက်တစ်ကြိမ် ရပ်တန့်တော့ဖို့က မဖြစ်နိုင် သလောက် နီးပါး ဖြစ်၏။
မိုဝူကျီ၏ အဓိက ရည်ရွယ်ချက်မှာ လီရှို့ရန်ကို သတ်ဖို့မဟုတ်ဘဲ ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးပေါ် တက်ရန် ဖြစ်၏။ ယခု ကျောက်တုံးက စတင် လှုပ်ရှားလာ၍ မိုဝူကျီက လီရှို့ရန်ကို အာရုံ မစိုက်တော့ဘဲ ခန္ဓာကို ရွေ့ပြီး လေအဟုန်အဖြစ် ပြောင်းကာ ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးပေါ် ရပ်လိုက်တော့သည်။
လီရှို့ရန်က အခြေအနေကို သဘောပေါက် သွားကာ မိုဝူကျီ သွားသည်ကို မြင်သည့်အခါ ဤအတိုင်း လွတ်မပေးနိုင်ချေ။ လီရှို့ရန်က မိုဝူကျီနောက်မှ ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးနောက် လိုက်ပါလာလေ၏။
မိုဝူကျီက ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးပေါ် ရောက်လာသည့် စက္ကန့်ပိုင်းလေး၌ သူ့ထဲ စီးဆင်းလာသည့် အားကောင်းသော ဝိညာဉ်စွမ်းအား များကို ခံစားမိ လိုက်သည်။ တစ်နှစ်ကြာ ကြိုးစားပမ်းစား လေ့ကျင့်ခဲ့ရသည့် ကျင့်ကြံဆင့်မှာ ချက်ချင်း ဆိုသလို မြင့်တက် လာလေ၏။ သူ့ခန္ဓာအတွင်းမှ ဝိညာဉ်ကွင်းက ပို၍ ထင်ရှားလာပြီး ခရမ်းရောင် စွမ်းအားများ မှာလည်း သူ့ခန္ဓာမှ ထွက်ပေါ်လာ လေသည်။ မြေကမ္ဘာ နယ်ပယ်၏ စွမ်းအား အစစ်အမှန်ကို မိုဝူကျီ ပထမဆုံးအကြိမ် ခံစားမိခြင်း ဖြစ်သည်။
တစ်ချိန်တည်းတွင် မိုဝူကျီက စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း ဖြစ်နေသည့် သူ့ ၁၀၅ ခုမြောက် ချီသွေးကြော၏ အသုံးဝင်မှုကို သတိပြုမိ လိုက်လေသည်။ မိုဝူကျီက စိတ်စွမ်းအားကို ချီသွေးကြော အတွင်း သိုလှောင်နိုင် လိမ့်မည်ဟု မတွေးဖူးပေ။
မိုဝူကျီက စိတ်ဝီညာဉ် သိုလှောင်ရေး လမ်းကြောင်း မည်မျှ အသုံးဝင်ကြောင်း မသိသေး သော်လည်း သူက ကျန်သည့် ချီသွေးကြော များထက် အားမနည်းကြောင်း ခန့်မှန်းမိ၏။
အံ့မခန်း အငွေ့အသက်များ ထွက်ပေါ်လာပြီး သူ့တာအို ထိုးထွင်း သိနိုင်စွမ်းအတွင်း ဖွင့်ဟဖို့ စောင့်ကြိုနေသည့် အတားအဆီး ဖြစ်ဟန် ပေါ်သည်။ သူက ထိုအတားအဆီးကို ဖြေလျော့နိုင်ပါက သူက နောက်တစ်ဆင့်သို့ တက်ရောက်နေပြီး ကမ္ဘာအသစ် တစ်ခုဆီ ရောက်ရှိသွား ပေလိမ့်မည်။ ထိုအတားအဆီးမှာ ကောင်းကင် နယ်ပယ် နှောင်ကြိုး ဖြစ်မှန်း သိပြီး စစ်မှန်ခြင်း နတ်ဘုရား အဆင့် တက်လှမ်းခါနီး ဆဲဆဲ ဖြစ်နေသည်ကို သိသောကြောင့် မိုဝူကျီက လေပူများ မှုတ်ထုတ် လိုက်သည်။
ပျောက်ဆုံးနယ်မြေ အတွင်း မြောက်မြားစွာသော ကျင့်ကြံသူများက စစ်မှန်ခြင်း နတ်ဘုရား အဆင့်သို့ တက်လှမ်းလိုလျှင် စစ်မှန်ခြင်း နတ်ဘုရားပန်းကို ရှာဖွေကြရသည်။ သူ့တွင် စစ်မှန်ခြင်း နတ်ဘုရားပန်း မရှိသော်လည်း သူက ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးနှင့် ဆုံတွေ့ခဲ့ရသည်။ ကောင်းကင် နယ်ပယ်သို့ ဝင်ရောက်ခြင်းမှာ ပျောက်ဆုံး နယ်မြေနှင့် ယှဉ်လျှင် ကျန်းမိုနယ်မြေက ပိုမို ရှင်းလင်းကာ ထင်ရှားပေသည်။
“မင်းက မြေကမ္ဘာ အဆင့်လွန်ဆုံး ရောက်နေတာကိုး ... ”
လီရှို့ရန်၏ မျက်လုံး၌ လူသတ်ငွေ့များ ဖုံးလွှမ်းလာပြီး မိုဝူကျီနှင့် မျက်နှာချင်းဆိုင် ဆင်းသက်လာ လေသည်။ သူ့စိတ်ထဲ၌ မိုဝူကျီသည် မြေကမ္ဘာ အဆင့်လွန်ဆုံး ဖြစ်ရုံသာမက သူ့မြေကမ္ဘာ အဆင့်လွန်ဆုံး၏ ဝိညာဉ်စွမ်းအား များမှာ အင်မတန် ကြည်လင်နေပြီး သူ့ဝိညာဉ်ကွင်း၌ ဖုံးကွယ်ထားသော စွမ်းအားများရှိနေ၍ အတော်လေး အံ့အားသင့် မိနေသည်။
လီရှို့ရန်က ဘာမှမသိသည့် ချာတိတ်လေး မဟုတ်ပေ။ သူက မိုဝူကျီ၏ မြေကမ္ဘာ အဆင့်လွန်ဆုံး အင်အားမှာ သူ့မြေကမ္ဘာ အဆင့်လွန်ဆုံးထက် ကျော်လွန်နေ နိင်ကြောင်း ကောင်းကောင်း သိလေ၏။
သူ စတင် ကျင့်ကြံလာသည်မှ စ၍ လီရှို့ရန် အနေဖြင့် သူနှင့် အဆင့်တူထဲမှ တိုက်ကွက် အနည်းငယ်ဖြင့် သူ့အား အကျပ်တည်း ရောက်စေနိုင်သည့် သူကို ပထမဆုံး မြင်တွေ့ဖူးခြင်း ဖြစ်သည်။
မိုဝူကျီက ကောင်းကင်ဘုံ စမ်းသပ်ချက် မိုးကြိုးကို ခံယူတော့မည် ဖြစ်ကာ အဘယ်ကြောင့် လီရှို့ရန်၏ အမှိုက်သရိုက် စကားများကို အာရုံစိုက် နေရမည်နည်း။ ဤကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးမှာ သူ့အတွက် ဖြစ်ပြီး သူက လီရှို့ရန်ကို သတ်ဖို့ရာ အစီအစဉ် မရှိပေ။ သို့သော်လည်း တစ်ဖက်လူမှာ သေချင်နေသည့် အတွက် ဆန္ဒကို ဖြည့်ဆည်း ပေးလိုက်မည်။
တျန်းဂျီတုတ်က ကောင်းကင်တခွင် တုတ်အရိပ်များဖြင့် ပြည့်သွားပြီး လီရှို့ရန်ဆီ ပြေးဝင်လာ လေသည်။
“ဘမ်း ဘမ်း ဘမ်း ”
များစွာသော လျှပ်စီးအလုံး များက လီရှို့ရန်ဆီ ရောက်ရှိလာပြီး တစ်ချိန်တည်း ဆိုသလို တုတ်အရိပ်များက ဆင်းသက် လာတော့သည်။
မိုဝူကျီက နောက်ဆုံး တိုက်ကွက် ထုတ်ရန် ဆုံးဖြတ် လိုက်တော့သည့် အကြောင်းမှာ ထိုသူ့ကို နောက်ထပ် အခွင့်အရေး ပေးစရာ အကြောင်းအရင်း မရှိတော့ပေ။ ဤအရာက သူ့အနာဂတ် အောင်မြင်မှုနှင့် ပတ်သတ် နေသည့်အပြင် မိုဝူကျီက ဤလူကို အမှန်တကယ် မကြိုက်ပေ။
“မင်းက တကယ်တော့ လျှပ်စီး ဝိညာဉ်ကြော ပိုင်တာပဲ ... ”
လီရှို့ရန်က မိုဝူကျီသည် နောက်ထပ် ပို၍ အားကောင်း လာသည်ကို ခံစားမိသောအခါ တစ်ဝက် တစ်ပျက်သာ ပြောနိုင်တော့ လေသည်။ ယခင်က သူ့ရန်သူမှာ သူ့ထက် အနည်းငယ်သာ အားကောင်း သော်လည်း မိုဝူကျီက သူ့အား လာတိုက်ခိုက် ရဲလျှင်ပင် လီရှို့ရန်က သူ့အား ဓားစွမ်းအားသုံး၍ သတ်နိုင်သေး လေသည်။
သို့သော်လည်း သူက သူ့ဓားအစွမ်းဖြင့် မိုဝူကျီကို သတ်နိုင်ပါ့မလား ဟု သံသယဝင် လာမိသည်။
သူ ကျင့်ကြံလာသည်မှ စ၍ သူ့ကိုယ်ပိုင် စွမ်းအားမှာ အဆင့်တူ ကျင့်ကြံသူကို သတ်နိုင်ပါ့ မလားဟု ပထမဆုံးအကြိမ် သံသယ ဝင်မိခြင်း ဖြစ်ပေသည်။ သူက စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူများနှင့် တိုက်ပွဲများပင် အနိုင်ရလာ သော်လည်း ထိုတိုက်ပွဲများမှာ မိုဝူကျီနှင့် ရင်ဆိုင်ရ သည်လောက် မခက်ခဲလှချေ။
“ဘမ်း ဘမ်း ဘမ်း ”
အာကာသကိုပင် ဝါးမျိုပစ်နိုင်သည့် ဓားအစွမ်းများက မိုဝူကျီ၏ နိဗာန တုတ်အရိပ်နှင့် တွေ့ဆုံသောအခါ သဘာဝ စွမ်းအားများနှင့် ဓားစွမ်းအားများ ပေါက်ကွဲမှုကို မရပ်တန့် နိုင်တော့ပေ။
ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံး ဝန်းကျင်မှ ကျင့်ကြံသူ အုပ်စုမှာ အတော်လေး အံ့အားသင့် နေကြပြီး မိုဝူကျီက မည်သူများလဲဟု ဆွေးနွေးနေ ကြလေသည်။ သူ့ကဲ့သို့ လူမျိုးက အဘယ်ကြောင့် မြေကမ္ဘာ အဆင့်ဇယားပေါ် မရှိသေးတာလဲ ဟု ပြောဆိုနေ ကြသည်။
အသက်ရှူကြိမ် ဆယ်ကြိမ် အကြာတွင် လီရှို့ရန်က သူ့အတွက် မိုဝူကျီကို သတ်ရန် သူ့အင်အားသာ မှီခိုနေသည်မှာ ခက်ခဲကြောင်း နားလည် လာလေသည်။ သူ့တွင် ထုတ်မသုံး ရသေးသည့် အကွက်များ ကျန်သေး သော်လည်း သူက ထိုအကွက်များကို သုံးလိုက်သည့် အခိုက်အတန့် မိုဝူကျီကို အဆုံး မသတ်နိုင်ဘဲ မိုဝူကျီလက်ထဲ ကျရောက်သွား နိုင်သေးသည်။
ထိုအတွေးဖြင့် လီရှို့ရန်က ဓားကို ယမ်းပြီး သိုလှောက် လက်စွပ်ကို ထိကာ အဆောင်တစ်ခုကို ထုတ်ယူလိုက် လေသည်။ အသက်ရှူကြိမ် အနည်းငယ်အတွင်း သူ အသက်သွင်း လိုက်သော အဆောင်မှာ မိုဝူကျီဆီ အဖြူရောင် မြူများအဖြစ် ပြောင်းကာ ရောက်ရှိလာ၏။
ပတ်ဝန်းကျင်က စတင်၍ အေးစက်လာပြီး နောက်အခိုက် အတန့်လေး၌ အအေးဓာတ်က အဆများစွာ တိုးပွားလေသည်။ စက္ကန့်ပိုင်းလေး အတွင်း နေရာတစ်ခုလုံးမှာ ကြောက်မက်ဖွယ် အအေးဓာတ်များဖြင့် အေးခဲသွားလု မတတ် ဖြစ်သွားလေ၏။
မိုဝူကျီ၏ တျန်းဂျီတုတ် အရိပ်မှာ ခဏတာ ရပ်တန့်သွားပြီး မိုဝူကျီက အကြောက်တရား တို့ဖြင့် ပိတ်မိနေသည့် အလား ဖြစ်ပေါ်နေ၏။
လီရှို့ရန်က သူ့အဆင့် ၈ နယ်ပယ် အေးခဲခြင်း အဆောင်မှာ တစ်ဖက်လူက မည်မျှပင် အားကောင်း နေကာမူ သူ့ထံ ရှုံးနိမ့်ရဆဲ ဖြစ်သောကြောင့် နှာခေါင်းရှုံ့ မိလိုက်သည်။ ထိုအဆောင် တစ်ခုမှာ လီရှို့ရန်၏ တစ်နှစ်စာ ပိုင်ဆိုင်မှု တစ်ဝက်နှင့် ညီမျှလေသည်။ ထိုအကွက်မှာ မြေကမ္ဘာ အင်မော်တယ် အဆင့် ၁ အဆင့်မြင့် ကျင့်ကြံသူ၏ နယ်ပယ် အေးခဲခြင်း ကျင့်စဉ်နှင့်ပင် ယှဉ်၍ ရပေသည်။
လီရှို့ရန်၏ နယ်ပယ် အေးခဲခြင်း အဆောင်က နေရာ တစ်ခုလုံးကို အေးခဲထား သော်လည်း လီရှို့ရန်၏ ဓားရှည်မှ ဓားအလင်းက မိုဝူကျီ၏ နဖူးဆီ ထိုးဖောက် သွားနိုင်ဆဲ ဖြစ်သည်။
မိုဝူကျီက အင်မတန် စွမ်းအားကြီးသည့် အတွက် လီရှို့ရန်က သူ့ကို ကောင်းကောင်း မသတ်ရမချင်း စိတ်အေးမည် မဟုတ်ပေ။ အကယ်၍ သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်လေးနှင့် ထိုမျှ အားကောင်း နေသည်ဆိုပါက စစ်မှန်ခြင်း နတ်ဘုရား အဆင့်သို့ ရောက်လာသည့် အခါ မည်သို့ ဖြစ်လာမည်နည်း။
“ဝှီး ”
ဓားအလင်းများက မိုဝူကျီ နဖူးဖြတ်သွား သော်လည်း လီရှို့ရန် နှလုံးသားမှာ အေးစက်သွား လေသည်။ သူက လူများစွာကို သတ်ဖူး သော်လည်း မိုဝူကျီကို သတ်ရသည်နှင့် ခံစားချက်ချင်းမှာ လုံးဝ မတူညီပေ။
အရိပ်က လှုပ်ရှားလိုက်သည့် အခါ ထိုအရာ ရေခဲ အစအနကဲ့သို့ မြေပြင်ပေါ် ကျသွားတော့သည်။
မကောင်းတော့ပေ ...
လီရှို့ရန်က ထိုသို့ တွေးလိုက်သည်နှင့် သူက နောက်ကျောမှ အရိုးကျိုးသံကို ကြားလိုက်ရသည်။ တျန်းဂျီတုတ်က သူ့ကျောပေါ် ကျရောက်နေပြီး ကျောရိုးတစ်ခုလုံး အပိုင်းပိုင်း ဖြစ်သွားလေပြီ။ သူ့အတွင်း အင်္ဂါများမှာလည်း ဒဏ်ရာ အပြင်းအထန် ရသွားလေသည်။ အကယ်၍ သူသာ ချပ်ဝတ် မဝတ်ဆင် ထားပါက သူ့ခါးပင် နှစ်ပိုင်း ကျိုးသွားပေ လိမ့်မည်။
သူက တုတ် ချည်းကပ် လာသည်ကို လုံးဝ သတိမထား မိလိုက်ပေ။
“မင်း ...”
လီရှို့ရန်က သူ့အဆင့် ၈ နယ်ပယ် အေးခဲခြင်း အဆောင်မှာ မိုဝူကျီကို ထိန်းမထား နိင်သောကြောင့် ကြောက်လန့်တကြား ကြည့်လိုက်မိသည်။
ဒီလူက ဘယ်နယ်ပယ် အဆင့် ရောက်နေပြီလဲ ... သူက စစ်မှန်ခြင်း နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့်များလား ...
သူသာ စစ်မှန်ခြင်း နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့် ဖြစ်နေလျှင် မိုဝူကျီက သူ့ကို အစကတည်းမှ အနိုင်ယူခဲ့ လိမ့်မည်။ လီရှို့ရန်က မြေကမ္ဘာ အဆင့်ဇယားတွင် အဆင့် ၁ ဖြစ်သော်လည်း သူက တကယ့် စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူကို ရင်ဆိုင်ဖို့ရာ အထိ အားမကောင်း သေးပေ။
မိုဝူကျီက စိတ်ထဲတွင် ရယ်မောမိ လိုက်သည်။ အကယ်၍ အခြားသော အဆင့် ၈ အဆောင် ဖြစ်နေပါက သူက အမှန်တကယ်ပင် ထိုလူကြောင့် သေသွား နိုင်လေသည်။
နယ်ပယ် အေးခဲခြင်း အဆောင်မှာ ရေခဲသဘာဝ အဆောင် ဖြစ်၍ သူ မကြောက်ရွံ့ဆုံးဟု ဆို၍ ရပေသည်။ သူက နှင်းခါး ပင်လယ်ထဲ၌ ငါးနှစ်၊ ခြောက်နှစ်လောက် အချိန်ကုန်ဆုံး ခဲ့ပြီးနောက် ဘယ်အအေးဓာတ်ကို ကြုံတွေ့ဖို့ လိုဦးမည်နည်း။
သူ့ပညာရှင် နှလုံးသားမှာ သူ့ကို နယ်ပယ်အေးခဲခြင်း အဆောင်ထဲ၌ ပေါ့ပေါ့ပါးပါး သွားလာနိုင်ရန် လုပ်ဆောင် ပေးသည်။ ထိုလူက အားကောင်း လွန်းပြီး သူသာ အဆောင် မသုံးခဲ့ပါက မိုဝူကျီအတွက် သူ့နှင့် ရင်ဆိုင်ရန် အချိန် အနည်းငယ်တော့ လိုလိမ့်မည်။ ယခု ထိုလူက သေချင်နေသည့် အတွက် မိုဝူကျီက စောင့်ဆိုင်း မနေတော့ပေ။ သူက တျန်းဂျီတုတ်ကို လီရှို့ရန်ဆီ နောက်တစ်ကြိမ် ထပ်ဝှေ့ယမ်း လိုက်တော့သည်။
လီရှို့ရန်က သူ့ဓားရှည်ကို ထုတ်ကာ ဒေါသတကြီး ပြောလိုက်သည်။
“ငါက ဆရာဝူရှန်းရဲ့ တပည့်ပဲ ... မင်း ငါ့ကို သတ်ရဲရင် မင်းလည်း သေရလိမ့် ... ”
ထိုစဉ် လီရှို့ရန်က နောင်တတရား များနှင့်သာ ပြည့်နေလေသည်။ အကယ်၍ သူသာ နယ်ပယ်အေးခဲခြင်း အဆောင်ကို မသုံးဘဲ ဝူရှန်း၏ ဓားကျင့်စဉ်များကို ထုတ်သုံးလျှင် သူ့အတွက် အခွင့်အရေး ရလာနိုင်ပေသည်။ သို့သော်လည်း သူ့အဆောင်မှာ တကယ့် အဆင့် ၈ နယ်ပယ်အေးခဲခြင်း အဆောင် ဟုတ်ရဲ့လားဟု သံသယ ဝင်သော်လည်း နောက်ကျသွား ခဲ့လေပြီ။
“ဘမ်း ... ဂျွတ် ... ”
ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးမှ တျန်းဂျီတုတ်က လီရှို့ရန်၏ ဓားရှည်ပေါ် ကျရောက်လာ လေသည်။ ထို့နောက် သူ့တျန်းဂျီတုတ်က လီရှို့ရန်၏ ဦးခေါင်းပေါ်သို့ ကျရောက်သွားကာ သွေးများအနှံ့ စီးသွားလေသည်။
လီရှို့ရန်က သူ့ကံတရားကို ထိုသို့ အဆုံးသတ်ရန် အလိုမရှိသော်ငြား ...
သူက မြေကမ္ဘာ အဆင့်ဇယားမှ အဆင့် ၁ ဖြစ်ပြီး ပါရမီရှင်ကြားမှ ပါရမီရှင် ဖြစ်ကာ ဆရာဝူရှန်းမှာ သူ့ဆရာ ဖြစ်၏။ သူသာ ကောင်းကင် နယ်ပယ်သို့ တက်လှမ်း နိုင်သရွေ့ သူ့အလားအလာမှာ အကန့်သတ်မဲ့ ဖြစ်သွားပေ လိမ့်မည်။ သို့သော်လည်း သူ့အတွက် ယနေ့ အမည်မဲ့ ကျင့်ကြံသူ လက်ထဲ သေဆုံးဖို့ရာ အင်မတန် ခံပြင်းစရာ ကောင်းလှပေသည်။
မိုဝူကျီက လီရှို့ရန်ကို တုတ်ရိုက်ချက်ဖြင့် သတ်လိုက် ပြီးနောက် သူ့သိုလှောင် လက်စွပ်ကို ချွတ်ယူကာ ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးပေါ်မှ အလောင်းကို ကန်ထုတ် လိုက်သည်။
သူက ဆရာဝူရှန်း၏ တပည့် ဖြစ်နေတော့လဲ ဘာအရေးလဲ ... သူက ကြယ်တာရာ သခင်၏ တပည့် ဖြစ်နေလျှင်ပင် မိုဝူကျီက သူ့အား သတ်ဦးမည် ဖြစ်သည်။ ထို့အပြင် မိုဝူကျီက ဆရာဝူရှန်းက မည်သူမှန်းပင် မသိပေ။
“ဘမ်း ... ဘမ်း ဘမ်း ဘမ်း ... ”
မိုဝူကျီက လီရှို့ရန်ကို သတ်ပြီး ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးပေါ်မှ ကန်ချလိုက်သည့် အခိုက်အတန့် လေး၌ ကောင်းကင်ဘုံ စမ်းသပ်ချက် မိုးကြိုး ကျရောက်လာ လေသည်။
မိုဝူကျီနှင့် လီရှို့ရန်တို့ကြားမှ တိုက်ပွဲကို ကြည့်နေကြသည့် ပရိတ်သတ်များက မြေကမ္ဘာ အဆင့်ဇယားမှ အဆင့် ၁ သည် ကျင့်ကြံဆင့်တူ ကျင့်ကြံသူကို ရှုံးသွားသည့် အတွက် ပါးစပ် ဟောင်းလောင်း ဖြစ်ကာ မယုံကြည်နိုင်ဖွယ် ဖြစ်နေကြသည်။ ထိုမျှတင် မကပေ။ လီရှို့ရန်မှာ အသတ်ခံရပြီး အမှိုက်တစ်စ အလား ပစ်လွှတ်ခံလိုက် ရသေးသည်။
ရွိုက်ကောက ဟိတ်ကြီး ဟန်ကြီးဖြင့် ပြောလိုက်သည် ။
“ခင်ဗျားက ကျုပ်သခင်ကြီးနဲ့ တိုက်ရဲမှတော့ သေလူပဲ မှတ်ထား လိုက်တော့ အဟင်း ... ”
အားလုံးက ရွိုက်ကော အဆင့်မှာ နိမ့်မှန်း သိကြသော်လည်း တချို့လူများက ရွိုက်ကောမှာ မရိုးရှင်းကြောင်း ပြောနိုင်လေသည်။ လက်ရှိ မည်သူကမျှ ရွိုက်ကောကို တိုက်ခိုက်ရန် မတွေးရဲကြပေ။ အကြောင်းမှာ ငှက်တစ်ကောင်ကြောင့် လီရှို့ရန်ကို သတ်ပစ်ဖို့ရာ သတ္တိရှိသည့် လူနှင့် ပတ်သက်ဖို့ရာ မည်သူကမျှ မရူးမိုက်ကြပေ။
***