← Chapters

ကောင်းကင်ဘုံခုံရုံး၏တာဝန်အပ်နှံခြင်း

Vol. 56 Ch. 776

ကောင်းကင်ဘုံခုံရုံး၏တာဝန်အပ်နှံခြင်း

Vol. 56 Ch. 776

အန်လင်းသည် တပိုင် ငိုကြွေးနေသည်ကို နားမလည်နိုင်ပေ။

တခြားခွေးတစ်ကောင်ကို ဟိုဒင်းဟိုဟာ လုပ်ခဲ့တယ်ဟုတ်လား....... အဲ့ဒါ ပုံမှန်ပဲလေ......

ဘာငိုစရာပါလို့လဲ.......

အန်လင်း၏ ပါးရိုက်မှုများနှင့်အတူ အချိန်အနည်းငယ်ကြာ ငိုကြွေးပြီးနောက် တပိုင်မှာ အသိစိတ် ပြန်ဝင်လာသည်။

မျက်လုံးများ အသက်ဝင်လာပြီး သူ့အားစိုးရိမ်ပူပန်နေသူများကိုကြည့်ကာ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

အန်လင်းအား တွေ့လိုက်ရပြီးနောက် နှလုံးသားထဲတွင် ခံစားချက်များ ပြည့်လျှံကာ မျက်ရည်များ စီးကျလာတော့သည်။ တပိုင်သည် အန်လင်းပေါ် ခုန်တက်ကာ ကျယ်လောင်စွာ ငိုကြွေးတော့သည်။

"ဝုတ်..... အရမ်းကြောက်စရာကောင်းတာပဲ။ ဘာလို့ ကျွန်တော့် မိဘတွေက ခွေးမတစ်ကောင်နဲ့ လက်ထပ်ဖို့ ဖိအားပေးရတာလဲ။"

"အဲ့ဒါက မိဘမေတ္တာတဲ့လား။ အချစ်တဲ့လား။ ဝါး....... ကျွန်တော်..... ကျွန်တော် ခွေးတစ်ကောင်ကို ဟိုဟာမလုပ်ချင်ဘူး။"

"ပြီး... ပြီးတော့ ခွေးကျင့်ခွေးကြံတွေ..... ခွေးတွေက စိတ်ပိုင်းဆိုင်ရာ ပျက်စီးနေတာပဲဗျ...... ဂုဏ်သိက္ခာရှိတဲ့ခွေးဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..... ဝုတ်။"

တပိုင်မှာ ခံစားရသည်များကို ဖွင့်ချနေပြီး အန်လင်းမှ ဂရုတစိုက် နှစ်သိမ့်ပေးနေလေသည်။

အခြားသူများမှာ ထိုမြင်ကွင်းအား ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိကြသည်။ မည်သို့ပင်ဆိုစေကာမူ ပြဿနာမှာ ပြီးဆုံးသွားလေပြီ။ ၎င်းတို့အားလုံး ထိတ်လန့်နေကြပါသော်လည်း တပိုင်မှာ ရူးသွပ်မသွားခဲ့ပေ။

...................

လျှိုချင်းဟွမ်နှင့် အခြားသူများမှာ တပည့်အသစ်များအတွက် လိုအပ်သည်များကို လုပ်ဆောင်ရန် ထွက်ခွာသွားကြသည်။

ကျန်ရှိနေသူများမှာလည်း ဇာမဏီကမ္ဘာငယ်မှထွက်ကာ စုကျိုးအင်မော်တယ်ဂိုဏ်းထံ ပြန်သွားကြလေသည်။

"တပိုင်...... မင်းပြောတဲ့ ကမ္ဘာက အဲ့လောက်တောင် ကြောက်စရာ ကောင်းတာလား။"

အန်လင်းမှာ တပိုင်အားစီးကာ ကူကယ်ရာမဲ့စွာ မေးမြန်းလိုက်သည်။

"ကျွန်တော့်နာမည်ကို မခေါ်နဲ့...... ဝုတ်။"

တပိုင် ကြက်သီးထသွားသည်။

"ဘာလို့လဲ။"

"ကျွန်တော့်မှာ လူကိုဖိုးဘီးယား ရှိနေပြီထင်တယ်။ တပိုင်က ပိုင်ဆိုတာကို ကြားတာနဲ့ ပိုင်လင်ကို ပြေးမိပြီး အိပ်မက်ဆိုးထဲ ပြန်ရောက်သွားသလိုပဲ။ အဲ့အခြေအနေတွေ ပြန်ကြုံရတော့မလို ခံစားရတယ်။ ကျွန်တော် ရူးတော့မယ် ထင်တယ်ဗျာ..... ဝုတ်။"

တပိုင်မှာ ပိုင်ဟူသော စကားကိုပြောတိုင်း တုန်ရီနေလေသည်။

(လူကိုဖိုးဘီးယားက အဖြူရောင်ကြောက်တဲ့ စိတ်ရောဂါပါ။ ပိုင်ဆိုတာ အဖြူကို ပြောတာပါ။)

အန်လင်း : ".............."

"အဲ့လောက်တောင် အခြေအနေ ဆိုးနေပြီလား။ ကိုယ့်နာမည်ကိုယ်တောင် အဆင်မပြေ ဖြစ်နေရင် တော်တော်ဖြစ်နေတာ မဟုတ်ဘူးလား။"

"ထင်သလောက် မဆိုးပါဘူး။ ခွေးခွေးချင်း လုပ်ရတာနဲ့တော့ ကွဲမှာပေါ့။ အစ်ကိုကြီးအန်လည်း တခေါက်လောက် ဝင်ကြည့်သင့်တယ်။ ကောင်းရင်ကောင်းနေမှာဗျ..... ဝုတ်။"

"ဟမ့်...... မင်းထောင်ချောက်ထဲကို ဝင်မယ်ထင်လို့လား။"

အန်လင်း စကားဆိုလိုက်သည်။

တပိုင် စိတ်ပျက်လက်ပျက် ဖြစ်သွားလေသည်။

"ပြီးတော့ လူလူချင်းဆိုတဲ့ စကားကို တမင်ခွေးခွေးချင်းလို့ ပြောင်းလိုက်တာမလား။"

အန်လင်း စိတ်ကသိကအောက်ဖြစ်စွာ ပြောလိုက်သည်။

"မင်းတမင်သက်သက် လုပ်နေတာမလား။"

"ကျွန်တော်က ခွေးပဲလေ။"

တပိုင် ရယ်မောလိုက်သည်။

"ခွေးခွေးချင်းပဲ ဖြစ်သင့်တာပေါ့။"

"မင်းက ခွေးဖြစ်ဖို့တောင် အရည်အချင်း မမှီပဲနဲ့........ လာလှိမ့်မနေနဲ့။"

အန်လင်း နှာခေါင်းရှုံ့လိုက်သည်။

တပိုင် : ".........."

....................

နောက်တစ်နေ့၌

အန်လင်းသည် အတွင်းစည်းတပည့်များအား ကြက်သားစွပ်ပြုတ်ကျွေးကာ မိန့်ခွန်းပြောကြားခဲ့သည်။ စိတ်ထဲတွင်လည်း အတော်ပင် နေလို့ကောင်းနေသည်။

ထို့နောက် ချစ်စဖွယ် ခြောက်နှစ်အရွယ် ကလေးမလေးမှာ သူ၏ဂျူနီယာ ဆယ့်ငါးဦးအား နှုတ်ဆက်လာလေသည်။

ကျင့်ကြံရေးလမ်းသည် ရှည်လျားသောကြောင့် အသက်အရွယ်ဖြင့် အကြီးအငယ် မခွဲခြားကြပေ။ ဂိုဏ်းထဲသို့ ပထမဆုံး ရောက်ရှိသူသည် စီနီယာ ဖြစ်လာပေလိမ့်မည်။

ထိုသို့ဖြင့် အတွင်းစည်းတပည့် ဆယ့်ငါးဦးမှာ ကလေးမလေးအား လေးလေးစားစား နှုတ်ဆက်လိုက်ကြသည်။ စိတ်ထဲတွင်မူ ဖော်ပြမရသော ခံစားချက်များ ရှိနေသည်။

ယဲ့လင်သည် စင်မြင့်ထက်တွင် ရပ်နေရင်း လူအများမှ အရိုအသေ ပြုလာသည်ကို ရှက်ရွံ့လွန်းသောကြောင့် သူမ၏ သေးငယ်သော မျက်နှာလေးမှာ ပန်းသီးတစ်လုံးအလား နီရဲလာသည်။

အန်လင်းတို့မှာ ကူကယ်ရာမဲ့စွာ ရယ်မောမိကြလေသည်။

ပေလျန်မှာ စူပုပ်ပုပ်ဖြင့် အန်လင်းအား မျက်စောင်းထိုးလိုက်သည်။ သူသည် ဆရာဘိုးဘိုး ဖြစ်လာရုံသာမက သူမထံတွင် ခြောက်နှစ်အရွယ် စီနီယာအမတစ်ယောက်ပင် ရှိနေသေးသည်။

နဂါးမင်းသမီးလည်း မျက်နှာပျက်ရတာ မကြိုက်ပါဘူးနော်.......

မည်သို့ပင်ဆိုစေကာမူ သူမ တတ်နိုင်သောအရာ မရှိပေ။

ထင်မှတ်ထားသောအရာ မဟုတ်ပါသော်လည်း တစ်ချိန်တည်းမှာပင် အကြောင်းပြချက်လည်း ရှိနေသည်။

ပေလျန်သည် ဒေါသများကြောင့် နှလုံးကြွေတော့မလိုပင် ခံစားနေမိသည်။

အန်လင်းသည် အချိန်နှစ်နာရီကြာအောင် မရပ်မနား မိန့်ခွန်းပြောနေခဲ့သည်။ ဂိုဏ်းစည်းမျဉ်များ၊ တိုးတက်ရေး အစီအစဉ်များ၊ အဓိက တန်ဖိုးများ စသဖြင့် ဂိုဏ်းဖွင့်ပွဲ အခမ်းအနားတွင် ပြောခဲ့သမျှ အကြောင်းအရာအားလုံးပင်။

မိန့်ခွန်းပြီးဆုံးသွားသောအခါ ပိုင်လင်၊ ရှောင်ဇယ်၊ လျှိုချင်းဟွမ်နှင့် ကြေးခွံဖြူဝံပုလွေနတ်ဘုရားတို့သည် အတွင်းစည်းတပည့်များအား ကျင့်ကြံရေးနည်းလမ်းများ လက်ဆင့်ကမ်းပေးကြသည်။

အရာအားလုံး အဆင်ပြေ ချောမွေ့နေသည်ပင်။

ထိုသို့ဖြင့် နေ့ရက်တစ်ရက် ကုန်ဆုံးသွားခဲ့သည်။

.............

နောက်တစ်နေ့တွင် အန်လင်းသည် အပြင်စည်းတပည့် သုံးထောင်အား ကြက်သားစွပ်ပြုတ် ကျွေးမွေးလေသည်။

ကြက်သားစွပ်ပြုတ်အား နှစ်နာရီကြာ စားသုံးပြီးနောက် အပြင်စည်းတပည့်များအားလုံး လန်းဆန်းသွားသလို ခံစားလိုက်ကြရသည်။

အန်လင်းသည်လည်း နှစ်နာရီကြာ အာလူးဖုတ်ပြီးနောက် အတော်ပင် နေလို့ထိုင်လို့ ကောင်းနေလေသည်။ သူသည် ဆက်လက်လေပေါလိုပါသော်လည်း စုရှောင်လန်၏ တားဆီးခြင်းကို ခံလိုက်ရသည်။

ထို့နောက် ပိုင်လင်သည် အပြင်စည်းတပည့်များအား ကျင့်ကြံရေးနည်းလမ်းများနှင့် လုပ်ဆောင်ရမည့် တာဝန်များ ပေးအပ်လိုက်သည်။

အပြင်စည်းတပည့် အများစုသည် တာဝန်များနှင့်အတူ ဂိုဏ်းမှအချိန်အတော်ကြာ ထွက်ခွာရမည် ဖြစ်သောကြောင့် ငွေကြေးကုန်ကျ မနည်းလှပေ။ ကံကောင်းထောက်မစွာဖြင့် ၎င်းတို့သည် အဆင့်အမြင့်ဆုံး ဗိသုကာပညာရှင်အားခေါ်ကာ ဆောက်လုပ်ရေးအား အဆင့်မမြှင့်ခဲ့မိပေ။ ထိုသို့မဟုတ်ပါက ငွေကြေးအခက်အခဲကြောင့် ထိုအပြင်စည်းတပည့်များအား လက်ခံထားနိုင်မည်ပင် မဟုတ်တော့ပေ။

စုကျိုးအင်မော်တယ်ဂိုဏ်းတွင် အရာအားလုံး အဆင်ပြေနေသည်။

အားကိုးမှီခိုနိုင်သော အစ်မကြီးပိုင် ရှိနေသည်မှာ အတော်ပင် အဆင်ပြေလှသည်။ သူမသည် ကိစ္စကြီးငယ်မရွေး အသေးစိတ် စီစဉ်ပေးသောကြောင့် လှည့်ကြည့်စရာပင် မလိုအပ်ပေ။

သူမ၏ အကြံပေးမှုကြောင့် အစစအရာရာ ချောမွေ့နေခဲ့သည်။

ပိုင်လင်ကြောင့်သာ မဟုတ်ပါက အန်လင်းတို့၏ အနေအထိုင် မတတ်မှုကြောင့် တပည့်များသည်လည်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြပေလိမ့်မည်။ ထိုသို့သာဆိုလျှင် ကံကြမ္မာဖန်သောဂိုဏ်းအား အမှန်တကယ် မြင်နေရမည် ဖြစ်သည်။

ပိုင်လင်၏ လုပ်ဆောင်ချက်များကြောင့် လင်ကျွင်းကျွင်းလည်း စိတ်သက်သာရာရကာ ကောင်းကင်ဘုံခုံရုံးထံ ပြန်သွားလေသည်။

.............

အန်လင်းနှင့် စုရှောင်လန်မှာ စုကျိုးအင်မော်တယ်ဂိုဏ်းတခွင် လှည့်လည်သွားလာနေကြသည်။

၎င်းတို့မသိလိုက်ခင်မှာပင် ကျောင်းပိတ်ရက် တဝက်ခန့်မှာ ကုန်ဆုံးသွားလေပြီ။

နေသာကာ လှပသော နေ့တစ်နေ့တွင် ကြီးမားလှသော မျက်ဝန်းများ ပိုင်ဆိုင်ထားသည့် ကြိုးကြာတစ်ကောင်မှာ စုကျိုးအင်မော်တယ်ဂိုဏ်း၏ ကောင်းကင်ထက်သို့ ရောက်ရှိလာသည်။

အန်လင်းမှာ ထိုကြိုးကြာကိုကြည့်ကာ ရယ်ချင်ပက်ကျိ ဖြစ်နေလေသည်။

ဘန်း.......

ထိုမျက်လုံးများ ပေါက်ကွဲကာ ကောင်းကင်ထက်မှ ပန်းရောင်မှင်ရည်များ ကျဆင်းလာပါသော်လည်း အန်လင်းမှ ကာကွယ်ထားလိုက်သည်။

ရွှေပေလွှာတစ်ခုလည်း ထွက်ပေါ်လာသည်။

အန်လင်း လှမ်းယူလိုက်သောအခါ စာလုံးအချို့ ရေးထိုးထားသည်ကို တွေ့လိုက်ရသည်။

ကောင်းကင်ဘုံခုံရုံးမှ တာဝန်အပ်နှံခြင်း.......

"ကောင်းကင်ဘုံခုံရုံးမှ တာဝန်အပ်နှံခြင်းတဲ့လား။ စိတ်ဝင်စားစရာပဲ။"

အန်လင်း၏ မျက်ဝန်းများ တောက်ပသွားသည်။

ကောင်းကင်ဘုံခုံရုံး၏ တာဝန်အပ်နှံခြင်းအား ၎င်းတို့ကိုယ်တိုင် ဖြေရှင်းမရနိုင်သော ကိစ္စများ ပေါ်ပေါက်လာသောအခါ အသုံးပြုလေ့ ရှိသည်။ ကောင်းကင်ဘုံခုံရုံးသည် ထိုသို့တာဝန်အပ်နှံခြင်းအား အင်ပါယာမိသားစုကိုးခု သို့မဟုတ် ထိပ်တန်းအဆင့် ဂိုဏ်းများထံပေးကာ ဆုလာဘ်များ ချီးမြှင့်ပေးလေသည်။

ဂိုဏ်းကြီးလေးဂိုဏ်းကမူ ကောင်းကင်ဘုံခုံရုံး၏ တာဝန်အပ်နှံခြင်းကို လက်သင့်မခံကြပေ။

ကောင်းကင်ဘုံခုံရုံးသည် ဂိုဏ်းကြီးလေးဂိုဏ်း အပါအဝင် ကိုးပြည်ထောင် တခွင်လုံးအား အုပ်စိုးနေခြင်း ဖြစ်သည်။ သို့သော် ကောင်းကင်ဘုံခုံရုံး၏ အမိန့်အာဏာသည် ဂိုဏ်းကြီးလေးဂိုဏ်းအပေါ် မလွှမ်းမိုးနိုင်ပေ။ ဂိုဏ်းကြီးလေးဂိုဏ်းသည် ကိုးပြည်ထောင်အတွင်း ရှိနေပါသော်လည်း သီးသန့်ရပ်တည်နေကြခြင်း ဖြစ်ပေသည်။

၎င်းတို့ထံတွင် ထိုသို့ရပ်တည်နိုင်မည့် အင်အားကို ပိုင်ဆိုင်ထားကြသည်။

အန်လင်းသည်လည်း တာဝန်အပ်နှံခြင်းအား ငြင်းဆိုရန် ရွေးချယ်နိုင်သည်။ ကောင်းကင်ဘုံခုံရုံး၏ တာဝန်အပ်နှံခြင်းအား လက်ခံရန်မှာ ဂိုဏ်းများ၏ ဆုံးဖြတ်ချက်နှင့်သာ သက်ဆိုင်ပေသည်။ ကောင်းကင်ဘုံခုံရုံးမှ ဖိအားပေးကာ လက်ခံခိုင်းသည့် တာဝန်အပ်နှံခြင်းများမှာ သမိုင်းတလျှောက် အနည်းငယ်သာ ရှိခဲ့သည်။

ကောင်းကင်ဘုံခုံရုံးသည် စုကျိုးအင်မော်တယ်ဂိုဏ်းအား ထိပ်တန်းအဆင့် ဂိုဏ်းတစ်ခုအဖြစ် သတ်မှတ်ထားသောကြောင့်သာ တာဝန်အပ်နှံခြင်းကို ပေးအပ်လာခြင်း ဖြစ်သည်။

အန်လင်း ပျော်ရွှင်စွာဖြင့် ရွှေပေလွှာအား ဖတ်ရှုလိုက်ပြီးနောက် မျက်လုံးပြူးသွားရသည်။

ကောင်းကင်ဘုံခုံရုံးမှ တာဝန်အပ်နှံခြင်း......

အပ်နှံသူ : ကောင်းကင်အရှင်သခင်။

အပ်နှံမည့်တာဝန် : ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေနောက်ကွယ်မှ အဓိကရုဏ်းများအား စုံစမ်းဖော်ထုတ်ရန်။

ဆုလာဘ် : ရရှိလာသော သတင်းအချက်အလက်များအပေါ် မူတည်၍ စိတ်ဝိဉာဉ်ကျောက်တုံး တစ်သန်းမှ သန်းနှစ်ဆယ်အထိ ချီးမြှင့်မည်။

အချိန်ကာလ : သတ်မှတ်ချက်မရှိ။

ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေ၏ အဓိကရုဏ်းများအား အန်လင်းလည်း ကြားမိထားသည်။ ဟင်းလင်းပြင်သို့အပြန်အဆင့် အင်မော်တယ်သားရဲ ငါးကောင်မျှ သေဆုံးသွားပြီဖြစ်ကာ အဓိကရုဏ်းမှာ ယခုထိတိုင် မပြီးဆုံးသေးပေ။

အဓိကရုဏ်းနှင့် ပက်သတ်၍ အားလုံးမှာ ဖြစ်နိုင်ခြေ ရှိသည်များကို တွက်ချက်ကြပါသော်လည်း အကြောင်းအရင်းအမှန်ကို မည်သူကမှ မသိနိုင်ကြပေ။

အဆင့်နိမ့်သားရဲများသည် အကြောင်းအရင်းအား မသိနိုင်သလို အဆင့်မြင့်သားရဲများမှာလည်း အဓိကရုဏ်းအတွင်း ရှုပ်ရှက်ခက်နေသည်။

"ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေလား။ သွားရင်ကောင်းမလား၊ မသွားရင်ကောင်းမလား။"

All Chapters