← Chapters

ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေ

Vol. 56 Ch. 777

ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေ

Vol. 56 Ch. 777

ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေသည် ကိုးပြည်ထောင်နှင့် အတော်ဝေးကွာသည်။

ကိုးပြည်ထောင်သည် ထိုက်ချူကုန်းမြေ၏ အရှေ့ဘက်ပိုင်းတွင် တည်ရှိပြီး မြင့်မြတ်သော ရေခဲကုန်းမြေသည် မြောက်ဘက်ပိုင်းတွင် ရှိသည်။

မြင့်မြတ်သော ရေခဲကုန်းမြေ၏ အနောက်ဘက်တွင် ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေ တည်ရှိပေသည်။ ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေနှင့် အလွန်အလှမ်းဝေးသော အနောက်ဘက်ခြမ်းသို့ ရောက်မှသာ ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေ ဖြစ်သည်။

ထိုနေရာသည် ပတ်ဝန်းကျင် ညစ်ညမ်းကာ သားရဲများ စုဝေးနေထိုင်ကြသည်ဟု ဆိုကြသည်။

သားရဲမျိုးနွယ်စုများ၏ အကျင့်စရိုက်သည် လွန်စွာကြမ်းတမ်းခက်ထန်သောကြောင့် အသေးငယ်ဆုံး ပြဿနာများနှင့်ပင် ခိုက်ရန်ဖြစ်ပွားလေ့ ရှိသည်။ ထိုနေရာတွင် လူသားစားဓလေ့သည်ပင် ထူးထူးဆန်းဆန်း မဟုတ်ပေ။

အသင်္ချေတောင်တန်းနယ်မြေသည် ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေနှင့် ယှဉ်လာပါက ကလေးသာသာပင်။

အဆင့်မြင့် ကျင့်ကြံသူအချို့၏ ခန့်မှန်းချက်အရ ထိုနေရာတွင် မွေးဖွားလာသော သတ္တဝါများသည် ရက်စက်ကြမ်းကြုတ်သောသန္ဓေ ပါလာသောကြောင့် အလွန်သွေးဆာကာ ကြမ်းတမ်းကြခြင်း ဖြစ်သည်ဟု ခန့်မှန်းကြသည်။

သို့သော် ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေမှ သားရဲများသာ ထိုခန့်မှန်းချက်အားကြားပါက ဆဲဆိုကြပေလိမ့်မည်။

သားရဲမျိုးနွယ်စုများကြားတွင် တိုက်ပွဲဆိုသည်မှာ ယဉ်ကျေးမှု တစ်ခုကဲ့သို့ပင် ဖြစ်နေလေပြီ။

လွန်ခဲ့သော နှစ်ပေါင်းများစွာက စိတ်ဝိဉာဉ်သားရဲများနှင့် ပက်သတ်၍ ငြင်းခုံမှုများစွာ ရှိခဲ့သည်။

သို့သော် ထိုငြင်းခုံမှုများအပေါ် တိကျသော အဆုံးအဖြတ် မရှိခဲ့ပေ။

၎င်းတို့၏ စိတ်ဝိဉာဉ်တွင် ပြစ်ချက်ရှိခဲ့ပါက ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေတွင် တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများ ထွက်ပေါ်လာမည် မဟုတ်ပေ။ ထိုသို့ ပြစ်ချက်ရှိနေသော စိတ်ဝိဉာဉ်တစ်ခုသည် တာအိုနယ်ပယ်အား ပြီးပြည့်စုံစေကာ တာအိုပေါင်းစည်းခြင်း လုပ်နိုင်မည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ စိတ်ဝိဉာဉ်တွင် ပြစ်ချက်မရှိဟု ယူဆခဲ့ပါက ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေတွင် သားရဲများ ရက်စက်ကြမ်းကြုတ်နေရသည့် ပြဿနာအား အကြောင်းပြချက် ပေးနိုင်တော့မည် မဟုတ်ပေ။ သားရဲမျိုးနွယ်စု တစ်ခု၊ နှစ်ခုမကပဲ ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေတွင် စုဝေးနေသူများအားလုံး မွေးရာပါ ပြစ်ချက်ရှိနေသလို ကြမ်းတမ်းနေကြခြင်း ဖြစ်သည်။

စင်စစ်အားဖြင့် ၎င်းတို့သည် ဟာလာပြင်စိတ်ဝိဉာဉ်မျိုးနွယ်စုကိုပင် ကျော်လွန်ကြသေးသည်။

ယနေ့ခေတ်တွင် ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေရှိ သားရဲများမှာ ပိုမိုရူးသွပ်လာပြီး ကိုယ့်ကိုယ်ကို သတ်သေမှုများပင် ဖြစ်လာသည်။

အကြမ်းဖျဉ်း တွက်ချက်မှုများအရ ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေတွင် ကိုယ့်ကိုယ်ကို သတ်သေသွားသော သားရဲပေါင်း ဆယ်သန်းကျော်ခန့် ရှိနေပြီပင်။

ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေရှိ သားရဲမျိုးနွယ်စုအများသည် တစ်နေ့တခြား ပိုမိုခက်ထန်လာသောကြောင့် ပတ်ဝန်းကျင်ကိုပါ ထိခိုက်လာရသည်။

ဆိုးရွားလှသော အခြေအနေများ၊ အဓိကရုဏ်းများကြောင့် ကောင်းကင်ဘုံခုံရုံးသည်ပင် မဖြစ်မနေ လှုပ်ရှားလာရလေပြီ။

သို့သော် ကောင်းကင်ဘုံခုံရုံးသည် နှင်းပျိုမဒီများ၊ ပုရွက်ဆိတ်မျိုးနွယ်စု၊ သွေးမျိုးနွယ်စုနှင့် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်တို့ကို အာရုံစိုက်နေရဆဲ ဖြစ်သောကြောင့် ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေရှိ အဓိကရုဏ်းများကို မကိုင်တွယ်နိုင်တော့ပေ။ ထို့ကြောင့်ပင် တာဝန်အပ်နှံခြင်းစာလွှာအား ပေးပို့ရခြင်း ဖြစ်သည်။

အန်လင်းသည် နန်းဆောင်သခင်များနှင့် အကြီးအကဲများအားလုံးကိုခေါ်ကာ တာဝန်အပ်နှံခြင်းနှင့် ပက်သတ်၍ စတင်ဆွေးနွေးလိုက်သည်။

ထိုတာဝန်အား လက်ခံသင့်ကြောင်း အားလုံးမှ သဘောတူကြလေသည်။ တစ်ဖက်တွင် ၎င်းတို့ဂိုဏ်း၏ အင်အားနှင့် စွမ်းဆောင်ရည်များ ကမ္ဘာကြီးထံ ချပြပြီးသား ဖြစ်သွားမည်ဖြစ်သလို ကျန်တစ်ဖက်တွင်လည်း တာဝန်အောင်မြင်သွားပါက ဂိုဏ်းအတွက် လိုအပ်နေသော ငွေကြေးအား ဆုလာဘ်အဖြစ် ရရှိပေလိမ့်မည်။

ယခုသည် ခရီးစဉ်အတွက် ဆုံးဖြတ်ရတော့မည်ပင်။

"အစ်ကိုကြီးအန်...... ကျွန်တော်တော့ နေခဲ့ချင်တယ်။ အဲ့နေရာက သားရဲတွေအတွက် အဆင်မပြေဘူး။ ကျွန်တော်သာသွားရင် ကြမ်းတမ်းလွန်းတဲ့ပိုင်ကြီး ဖြစ်သွားလိမ့်မယ်။"

တပိုင်သည် စားပွဲပေါ် လက်တင်ကာ စကားဆိုလိုက်သည်။

"ဟားဟား...... မင်းပြောမှ ပိုပြီးတောင် စိတ်ဝင်စားလာပြီ။"

ရှောင်ဇယ် ရယ်မောလိုက်သည်။

"အတန်းဖော်အန်လင်း...... ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေက ဝေးလွန်းတယ်။ နင်တာဝန်အတွက် အချိန်ရှိပါ့မလား။ ကျောင်းကပြန်ဖွင့်တော့မှာလေ။"

စုချန်းရန် မေးမြန်းလိုက်သည်။

အန်လင်းမှာ ဆရာကြီးဟန်ဖြင့် ဆံပင်အား ပင့်တင်လိုက်သည်။

"ဟမ့်..... ယောက်ျားဆိုတာ အကောင်းအဆိုး နားလည်ရတယ်။ လုပ်ငန်းအတွက် လိုအပ်လာရင် ကျောင်းကိုလည်း ပစ်ထားရမှာပဲ။"

"ဟဲဟဲ...... အတန်းဖော်အန်လင်းရဲ့ စကားတွေကို ဒုကျောင်းအုပ် ယွီဟွားကို ပြန်ပြောပြရမှာပဲ။ မင်းကို ဘွဲ့ယူခွင့် ပေးမပေး ဆုံးဖြတ်နိုင်အောင်လို့။"

ရွှမ်းယွမ်ချန်သည် အန်လင်း စကားကြောင့် ဒေါသဖြစ်သွားပုံရကာ အေးစက်စွာ ရယ်မောလိုက်သည်။

အန်လင်း ပြာပြာသလဲ ဖြစ်သွားသည်။

"ကျွန်တော် မှားပါပြီ..... အစ်ကိုကြီးချန်ရယ်။ ကျောင်းကို ခွင့်တင်လိုက်ပါ့မယ်။ ဒီတစ်ခါပဲ ခွင့်လွှတ်ပေးပါနော်။"

ယီးထဲမှ......စိတ်အရမ်းလောနေတော့အစ်ကိုကြီးချန်က အတန်းခေါင်းဆောင်ဆိုတာကို မေ့သွားတယ်.....

အတန်းခေါင်းဆောင်ရှေ့မှာ ယီးစကားတွေ ပြောနေတာ ငါတော့သေတော့မှာပဲ......

ဟူး...... အစ်ကိုကြီးချန်က နျူကလီးယားဗုံးနဲ့ထုပြီး ငါ့ကိုကျောင်းပို့ပေးနေဦးမယ်.....

"ငါတော့ မင်းအတွက် ခွင့်မတင်ပေးနိုင်ဘူး။ ငါက ဂိုဏ်းကိုပြန်ပြီး တံခါးပိတ် ကျင့်ကြံရဦးမှာ။ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် မရောက်မချင်း ဘယ်မှမထွက်နိုင်ဘူး။"

ရွှမ်းယွမ်ချန် ခေါင်းခါပြလိုက်သည်။

"အန်လင်း..... ငါလည်း နင်နဲ့လိုက်ချင်တယ်။"

စုရှောင်လန် ပြုံးကာပြောလာသည်။

"ဟင်..... နင်တို့အားလုံး သွားကြရင် ဘယ်သူက ခွင့်တင်ပေးမှာလဲ။"

စုချန်းရန် ကြောင်တောင်တောင်ဖြစ်ကာ မေးလိုက်ပါသော်လည်း အားလုံးမှာ သူ့အားကြည့်နေကြသောကြောင့် ၎င်းတို့၏ ရည်ရွယ်ချက်ကို နားလည်လိုက်သည်။

"ကောင်းပါပြီ။ ငါပဲခွင့်တင်ပေးပါ့မယ်။"

စုချန်းရန်မှာ ထိုကိစ္စနှင့်ပက်သတ်၍ စိတ်မပါလှပေ။ ၎င်းတို့သုံးဦးသည် တစ်ချိန်တည်း ကျောင်းပျက်ကြမည့်အပြင် အတန်းအတွက် အလွန်အရေးကြီးသူများ ဖြစ်နေသောကြောင့် အတန်းပိုင်ဆရာအား မည်သို့စကားစရမည်ကိုပင် မသိတော့ပေ။

လျှိုချင်းဟွမ် စကားဆိုလာသည်။

"ငါတော့ အဲ့လောက်အဝေးကြီး သွားလို့မဖြစ်ဘူး။ ဓားနန်းဆောင်က တပည့်တွေအတွက် ဒီမှာနေမှရမယ်။"

ပိုင်လင်လည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

"ငါလည်း ဇာမဏီကမ္ဘာငယ်မှာ လုပ်စရာ ရှိသေးတယ်။ အဲ့ဒါကြောင့် လိုက်ဖြစ်မှာ မဟုတ်ဘူး။"

"ကျွန်တော်ကတော့ ဆရာနဲ့ လိုက်ချင်တယ်။"

ရှောင်ဇယ် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

အန်လင်း ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

"မင်းမှာလည်း တပည့်သုံးယောက် ရှိတယ်လေ။ ဒီတိုင်းထားခဲ့မလို့လား။"

"ပေလျန်က နဂါးမျိုးနွယ်စုနဲ့ ပက်သတ်ပြီး တော်တော်လေး ဗဟုသုတ ရှိတယ်လေ။ အဲ့ဒါကြောင့် တခြားတပည့်နှစ်ယောက်ကို သင်ပေးဖို့ ပြောထားလိုက်တယ်။"

ရှောင်ဇယ် ပျော်ရွှင်စွာ တုံ့ပြန်လာသည်။

အားလုံး : ".........."

အန်လင်း မျက်နှာပျက်သွားသည်။

"မင်းက သူတို့ဆရာ မဟုတ်ဘူးလား။"

ငါ့တပည့်ကို သူ့တပည့်အပေါ် ဘယ်လိုဆက်ဆံရမလဲဆိုတာ သင်ပေးရဦးမှာလား...... သောက်ဂွပဲ.......

"ဒါက ခဏပါပဲ။ ကျွန်တော် ပြန်ရောက်တာနဲ့ ကိုယ်ဖိရင်ဖိ သင်ပေးမှာပေါ့။"

"ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ ဆရာရယ်....... ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေကို ကျွန်တော် တကယ်စိတ်ဝင်စားလို့ပါ။"

ရှောင်ဇယ် ထိုသို့ဖြစ်နေသည်မှာ ရှားရှားပါးပါးပင်။

ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေသည် အလွန်အန္တရာယ်များသောကြောင့် အန်လင်း သေသေချာချာ စဉ်းစားကာ ခွင့်ပြုပေးလိုက်သည်။ ရှောင်ဇယ်ကဲ့သို့ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူတစ်ဦး လိုက်ပါလာသည်မှာ ၎င်းတို့အတွက် ပိုမိုလုံခြုံပေသည်။

လန်လေးမှာ တပည့်များကို သင်ကြားပေးရန်အတွက် ဂိုဏ်းတွင်သာ နေရစ်ခဲ့မည် ဖြစ်သည်။

တီနာသည် နေသိပ်မကောင်းပေ။ သူမ၏ နတ်ဘုရားအဆင့် ကျင့်စဉ်ကြောင့် ဖြစ်နိုင်သလို အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာ၏ ပြောင်းလဲမှုများကြောင့်လည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် တိုက်ခိုက်ရန် စိတ်မပါသောကြောင့် စုကျိုးအင်မော်တယ်ဂိုဏ်းတွင်သာ နေရစ်ခဲ့မည်ဖြစ်ပြီး အန်လင်း၏ ဇာမဏီဥအား ကူညီစောင့်ရှောက်ပေးမည်ပင်။

ထို့ကြောင့် ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေသို့ အန်လင်း၊ စုရှောင်လန်နှင့် ရှောင်ဇယ်တို့ သုံးဦးသာ သွားရောက်ကြမည် ဖြစ်သည်။

ခရက်......

လေဟာနယ် ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာကာ အန်လင်းတို့သုံးဦး ဝင်ရောက်သွားကြသည်။

ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေ

ထိုနေရာသည် ခန့်မှန်းမရအောင် ပြောင်းလဲမှုများနှင့် ပြည့်နှက်နေလေသည်။

အချို့နေရာတွင် ကြည်လင်သော ကောင်းကင်ပြာနှင့် သင်းပျံ့သော ပန်းရနံ့များ ရှိသည်။

အချို့နေရာများတွင်မူ အဆိပ်ငွေ့များ ပြည့်နှက်နေပြီး သက်ရှိစွမ်းအင်များ ခက်ထန်ကာ ပတ်ဝန်းကျင်တခွင် အန္တရာယ်များ ပြည့်နှက်နေတတ်သည်။ မည်သို့ပင်ဆိုစေကာမူ ထိုနေရာများတွင် အခွင့်အရေးနှင့် ရတနာများလည်း မွေးဖွားလာတတ်ပေသည်။

ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေနှင့် ထိစပ်နေသော မြို့ငယ်တစ်ခု၏ ကောင်းကင်ထက်တွင် လေဟာနယ် ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာသည်။

အန်လင်း၊ စုရှောင်လန်နှင့် ရှောင်ဇယ်တို့မှာ မြို့တော်ထဲ ဝင်သွားလိုက်ကြသည်။

"ဟေး.....ဒီနေရာက သိပ်မဆိုးဘူးပဲ။ အနည်းဆုံးတော့ သားရဲတွေ ကြည့်ရတာ လုံးဝမိစ္ဆာစိတ် ဖြစ်နေတာနဲ့ မတူဘူး။"

အန်လင်းမှာ ပတ်ဝန်းကျင်အားကြည့်ကာ အံ့အားသင့်နေသည်။

ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေသည် မင်းမဲ့စရိုက်ဆန်ကာ နေရာတိုင်းတွင် သတ်ပုတ်ပွဲများ ရှိနေလိမ့်မည်ဟု ထင်မှတ်ထားခဲ့ပါသော်လည်း ယခု မြို့တော်အား ကြည့်ရသည်မှာ သာမန်နေရာတစ်ခုလိုပင်။

သားရဲများသည် အရွယ်အစား အလွန်ကြီးမားခြင်း မရှိကြပဲ အေးအေးဆေးဆေးသာ နေထိုင်သွားလာနေကြသည်။

ဝုန်း.......

ထိုအချိန်တွင် မီတာတစ်ရာခန့် အကွာအဝေးမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုအား ကြားလိုက်ရသည်။

မြေပြင်တစ်ခုလုံးလည်း တုန်ခါသွားရလေသည်။

အန်လင်း လှည့်ကြည့်လိုက်သောအခါ အရွယ်ရောက်ပြီးသား လူတစ်ဦးနှင့် ဆင်တူသော မြေခွေးတစ်ကောင်သည် ကျားနက်ကြီး၏ ခန္ဓာကိုယ်အား ခြေထောက်ဖြင့် ဆောင့်နင်းချထားသည်ကို တွေ့လိုက်ရသည်။ ကျားနက်ကြီး၏ ပတ်ပတ်လည်ရှိ မြေပြင်မှာ အက်ကွဲနေပြီး မြေခွေးသည် အတော်ပင် သန်မာသူဖြစ်ကြောင်း ထင်ရှားနေသည်။

"ရာရာစစ မင်းကများ ကျားသားရေအတု ရောင်းရဲတယ်ပေါ့။ အသက်မရှင်ချင်တော့ဘူးလား။"

မြေခွေးမှာ လက်ထဲမှ ရွှေရောင်ကျားသားရေအားကြည့်ကာ ဒေါသထွက်နေလေသည်။

ကျားနက်ကြီးမှာ အကြောက်တရားကြောင့် တုန်ရီနေသည်။

"ကျုပ်ကို ချမ်းသာပေးပါ သခင်မြေခွေးရယ်။ ကျုပ် ကျားသားရေအစစ် ဆယ်ခုပြန်ပေးပါ့မယ်။ အသက်ကိုတော့ ချမ်းသာပေးပါ။"

"ဟားဟား......"

မြေခွေးမှာ အေးစက်စွာ ရယ်မောလိုက်သည်။ ၎င်းထံမှ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ဖြာထွက်နေလေသည်။

"ဒီအတုအစား မင်းကိုပဲ သုံးလိုက်ရင် မကောင်းဘူးလား။"

ထက်ရှလှသော လက်သည်းများမှာ ကျားနက်ကြီး၏ ခန္ဓာကိုယ်ပေါ် ကျဆင်းလာသည်။

ကျားနက်ကြီး၏ စူးစူးဝါးဝါး အော်ဟစ်သံမှာ ပတ်ဝန်းကျင်တခွင် ပဲ့တင်ထပ်သွားလေသည်။

သားရဲများစွာသည် ထိုအဖြစ်အပျက်အား စုဝေးကြည့်ရှုနေကြသည်။ အချို့ဆိုလျှင် မုန့်များပင် ထုတ်စားကာ ပျော်ရွှင်စွာ ဝေဖန်နေကြလေသည်။ ယခုကဲ့သို့ ကိစ္စမျိုးသည် ၎င်းတို့အတွက် သာမန်သာ ဖြစ်နေကြောင်း သိသာလှသည်။

ကျားနက်ကြီးမှာ စောင့်ကြည့်နေသူများ ရှေ့မှောက်တွင်ပင် အရှင်လတ်လတ် အရေဆုတ်ခံလိုက်ရသည်။

အားလုံးမှာ မြေခွေးအား လက်ခုပ်တီးကာ အားပေးလိုက်ကြသည်။

"ကြည့်ရတာ နင်အပြောစောသွားပုံပဲ။"

စုရှောင်လန် စကားဆိုလိုက်သည်။

အန်လင်းလည်း မျက်ခုံးနှိပ်ကာ ခေါင်းညိတ်သဘောတူလိုက်သည်။

"အမှန်ပဲ။"

All Chapters