ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေမှသြဇာအာဏာကြီးမားသူ
Vol. 56 Ch. 782
အရာအားလုံး ဖြစ်ပျက်သွားသည်မှာ ရုတ်ချည်းဆန်လွန်းလှသည်။
ရေမြေ့အရှင် ပြည့်ရှင်မင်းသည် တိုင်းပြည်တခွင် တိုင်းခန်းလှည့်လည်နေသည်နှင့် ဆင်တူပေသည်။ တိုင်းသူပြည်သားများအားလုံးသည် ဘုရင့်ရှေ့မှောက် ဒူးထောက်ဝပ်တွားကာ ခစားနေကြပါသော်လည်း ၎င်းတို့ထဲမှ တစ်ဦးသည် ချီးထုတ်နှင့် ပစ်ပေါက်လိုက်သလိုပင်။ ထိုကဲ့သို့ အခြေအနေမျိုးတွင် ရဲတင်းလွန်းသူတစ်ဦး ရှိနေလိမ့်မည်ဟု မည်သူကမှ ထင်မှတ်ထားကြမည် မဟုတ်ပေ။
ကောင်းကင်နှင့်မြေပြင်ကြားတွင် ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်နေပါသော်လည်း သားရဲများမှာ စွမ်းအင်ကန့်သတ်ခံရခြင်း မရှိကြချေ။ ထို့ကြောင့်ပင် ကင်းခြေများသည် လျှပ်စီးကြောင်းအား ပစ်လွှတ်လိုက်နိုင်သည်။
အန်လင်းမှာ ပါးစပ်အဟောင်းသားဖြင့် လျှပ်စီးကြောင်းအား ငေးကြည့်နေမိသည်။
ဘယ်လူက ဒီလောက်မဆင်မခြင် လှုပ်ရှားပါ့မလဲ...... အေးလေ..... ဒင်းက လူမှမဟုတ်တာ..... ကင်းခြေများကြီးကို......
ပြီးတော့ ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေက ကင်းခြေများ...............
အဖြူရောင် လျှပ်စီးကြောင်းမှာ ညဉ့်ကောင်းကင်ယံအား ဖြိုခွင်းလျက် ဆိတ်ကြီးလေးကောင် ဆွဲထားသော ရထားလုံး ခေါင်မိုးပေါ် ကျဆင်းလာသည်။
ဝုန်း.........
ခေါင်းမိုးထက်တွင် လျှပ်စီးကြောင်း ပေါက်ကွဲသွားသောကြောင့် အနည်းငယ် တုန်ခါသွားပါသော်လည်း မည်သည့်ထိခိုက်မှုမှ မဖြစ်စေခဲ့ပေ။
ကြည်လင်နေသော သားရဲများမှာ ကင်းခြေများအား အာရုံစိုက်မိသွားကြသည်။ မည်သည့်အသံမှ မထွက်ပါသော်လည်း ၎င်းတို့၏ အေးစက်သော အရှိန်အဝါမှာ ပတ်ဝန်းကျင်ကိုပင် အေးခဲစေနိုင်လောက်သည်။
အန်လင်းမှာ အသက်ရှူရန်ပင် မေ့လျော့ကာ ဖြစ်ပေါ်လာတော့မည့် မြင်ကွင်းအား မျှော်လင့်တကြီး စောင့်စားနေမိလေသည်။
ပြင်းထန်လှသော ဖိအားများအောက်တွင် ကင်းခြေများမှာ မျက်နှာတစ်ချက် ပျက်မသွားပေ။
"ညကြီးအချိန်မတော် လာနှောင့်ချင်ဦး။ မင်းတို့ကို သတ်ကိုသတ်ပစ်မယ်။"
အန်လင်း အမှန်တကယ် အံ့အားသင့်သွားရသည်။
ဒီကင်းခြေများက ရူးနေတာလား.............
ထိုအချိန်တွင် ကင်းခြေများမှာ အခြားသော တိုက်ခိုက်မှုအတွက် လျှပ်စီးအား အသင့်ပြင်နေလေပြီ။
သို့သော် တိုက်ခိုက်ရန် အခွင့်အရေးပင် မရလိုက်ပေ။
သောင်းနှင့်ချီသော သားရဲများကြားတွင် ခေါင်းဆောင် သို့မဟုတ် ဗိုလ်ချုပ်ဟု ထင်မှတ်ရသူမှာ ကင်းခြေများအား လှံဖြင့်ပစ်ချလိုက်သည်။
ဝှစ်.........
ထက်ရှလှသောလှံမှာ ကင်းခြေများ၏ ခန္ဓာကိုယ်တည့်တည့် ထိုးဖောက်ဝင်ရောက်သွားသည်။
"အ့......"
ကင်းခြေများ နာကျင်စွာ အော်ဟစ်နေရသည်။
ထို့နောက် ၎င်း၏ခန္ဓာကိုယ်မှာ ဖြည်းညင်းစွာ ပြိုကျလာကာ ပျောက်ကွယ်သွားတော့သည်။
ချက်ချင်းပင် ကြည်လင်သော သားရဲအုပ်ထဲတွင် တစ်စုံတစ်ခု ဖြစ်တည်လာသည်ကို အန်လင်း တွေ့မြင်လိုက်ရသည်။ ထိုသည်မှာ ကြီးမားလှသော ကင်းခြေများတစ်ကောင်ဖြစ်ပြီး အခြားသားရဲများကဲ့သို့ပင် ခန္ဓာကိုယ် ကြည်လင်နေသည်။
အန်လင်းမှာ ပြောစရာ စကားများပင် ပျောက်ရှသွားရလေပြီ။
ကင်းခြေများက သူတို့ထဲကတစ်ကောင် ဖြစ်လာတာလား............
ပိုင်ဟူမြို့တော်ရှိ သားရဲများစွာမှာလည်း ကြည်လင်သော သားရဲများအား တိုက်ခိုက်လာကြသည်။
မည်သို့ပင်ဆိုစေကာမူ မျက်စိတမှိတ် အတွင်းမှာပင် ၎င်းတို့အားလုံး အသတ်ခံလိုက်ရသည်။
၎င်းတို့မှာ ကြည်လင်သော သားရဲများ ဖြစ်လာကြလေသည်။
ထိုသည်မှာ အဆုံးသတ် မဟုတ်သေးပေ။ ကြည်လင်သော သားရဲအုပ်ကြီးသည် လေးများကို ဆွဲတင်လိုက်သည်နှင့် အစိမ်းရောင်မြှားများ ရုပ်လုံးပေါ်လာသည်။ ထိုအစိမ်းရောင်မြှားများဖြင့် ပိုင်ဟူမြို့တော် နေရာအနှံ့အား ချိန်ရွယ်ထားလိုက်ကြသည်။
"ပစ်......"
ဝှစ်.....ဝှစ်.....ဝှစ်......ဝှစ်.......
သောင်းနှင့်ချီသော မြှားများအား တစ်ချိန်တည်း ပစ်လွှတ်လိုက်ကြသည်။
အဖြူနှင့်အမည်း လောကကြီးတွင် အစိမ်းရောင်မြှားများ ကောင်းကင်ထက်သို့ တက်သွားသည်မှာ လှပလွန်းလှပေသည်။
ထိုမြှားများသည် မိုးစက်မိုးပေါက်များအလား ပိုင်ဟူမြို့တော်၏ နေရာအနှံ့အပြားသို့ ကျဆင်းလာတော့သည်။
အန်လင်းတို့မှာ အမူအရာ ပြောင်းလဲသွားပြီး ချက်ချင်းပင် အံ့ဖွယ်အာရုံများကို ဖြန့်ကျက်လိုက်ကြသည်။
ပိုင်ဟူမြို့တော်တွင် အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ထိုအော်ဟစ်သံများအား ဖိအားတစ်မျိုးမှ ဖုံးကွယ်ထားပါသော်လည်း ကျင့်ကြံရေး အဆင့်တစ်ခုသို့ ရောက်ရှိနေသော အန်လင်းတို့မှာ ရှင်းလင်းသဲကွဲစွာ ကြားနိုင်ကြသည်။
အော်ဟစ်သံ တစ်ခုချင်းစီသည် သားရဲများ၏ သေဆုံးမှုအား သက်သေထူပေးနေသည်။
ကြည်လင်သော သားရဲအုပ်ကြီးမှာလည်း ပိုမိုများပြားလာသည်။
မကြာမီမှာပင် ကောင်းကင်နှင့်မြေပြင်တခွင် ပြန်လည်တိတ်ဆိတ်သွားလေသည်။
ထိုအချိန်တွင် သြဇာအာဏာ ကြီးမားသော စကားသံတစ်ခုအား ကြားလိုက်ရသည်။
"လက်စသတ်လိုက်တော့။ နောက်တစ်နေရာ သွားကြမယ်။"
သားရဲအုပ်ကြီးသည် အမိန့်ရလျှင်ရချင်း မြစ်ထဲသို့ ပြန်လည်ဝင်ရောက်သွားကြသည်။
ကြီးမားလှသော သားရဲအုပ်ကြီးမှာ အေးအေးဆေးဆေးပင် ထွက်ခွာသွားလေသည်။
အိပ်မောကျနေသော သားရဲများသည် ထိုကိစ္စနှင့်ပက်သတ်၍ ဘာမှပင် မသိလိုက်ကြပဲ ကျယ်လောင်စွာ ဆက်ဟောက်နေကြသည်။ ၎င်းတို့၏ဟောက်သံသည် ပြုစားခံထားရသလို နားကွဲမတက် ကျယ်လွန်းလှသည်။
ပြင်းထန်လှသော ဖိအားများ ပျောက်ကွယ်သွားသောကြောင့် အန်လင်းလည်း စိတ်သက်သာရာရကာ သက်ပြင်းချမိသည်။ ထို့နောက် စုရှောင်လန်အား ကြည့်ရှုလိုက်သောအခါ ၎င်းတို့၏ အမူအရာများ ထပ်တူညီနေသည်ကို တွေ့လိုက်ရသည်။
၎င်းတို့သည် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲများအား ကြောက်ရွံ့သောကြောင့် သားရဲအုပ်ကြီးအား မစုံစမ်းရဲခဲ့ကြပေ။
ထိုသားရဲအုပ်အား ကြည့်ရုံနှင့်ပင် ကူကယ်ရာမဲ့သလို ခံစားခဲ့ရသည်။
"သားရဲတွေက အသတ်ခံရပြီးတော့မှ ထူးခြားတဲ့ ဖြစ်တည်မှုအဖြစ် ပြောင်းလဲသွားတာပဲ။"
စုရှောင်လန် သုံးသပ်လိုက်သည်။
"ငါသိထားသလောက်ဆိုရင် သူတို့ကို ကြည့်ရတာ မရဏဝိဉာဉ်ရုပ်သေးနဲ့ တော်တော်လေး ဆင်တူနေတယ်။"
"မရဏဝိဉာဉ်ရုပ်သေးလား။"
အန်လင်းမှာ ထိုအခေါ်အဝေါ်အား မကြားဖူးခဲ့ပေ။
"ဟုတ်တယ်။ မရဏဝိဉာဉ်တွေကို တစ္ဆေဆိုပြီး ခေါ်ကြတယ်လေ။"
"ဒါပေမယ့် မရဏဝိဉာဉ်ရုပ်သေးတွေက အသိစိတ် မရှိကြဘူး။ သူတို့က အသက်ရှင်တုန်းက အစွမ်းတွေ ပိုင်ဆိုင်ထားပေမယ့် တခြားသူက ထိန်းချုပ်တာကို ခံနေကြရတာ။"
စုရှောင်လန် ရှင်းပြလိုက်သည်။
"မရဏဝိဉာဉ်တွေကို အသက်ရှင်တဲ့သူက ထိန်းချုပ်တာလား။"
အန်လင်း၏ မျက်ဝန်းများ ရုတ်တရက် တောက်ပသွားသည်။
"အဲ့ဒါဆိုရင် ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေက လူတစ်ယောက်ယောက်များ ဖြစ်နိုင်မလား။"
ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေနှင့် နီးစပ်သော ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေမှ ကျင့်ကြံသူများကသာ ထိုမျှအထိ ဝံ့ရဲကြပေလိမ့်မည်။
စုရှောင်လန်မှာ ထိုယူဆချက်အား သဘောတူလိုက်သည်။
"ရထားလုံးထဲကသူက ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေက ဖြစ်နိုင်တယ်။ ဒါပေမယ့် အခုလိုမျိုး မရဏဝိဉာဉ်တွေ စုဆောင်းနေတာ ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေက အညှိုးထားတာကို မမှုဘူးလား မသိဘူး။"
"သားရဲမျိုးနွယ်စုတွေက တောင်းဆိုထားတာရော မဖြစ်နိုင်ဘူးလား။"
အန်လင်း ဆက်လက်သုံးသပ်နေသည်။
"ခုနက လက်စသတ်လိုက်တော့။ တခြားနေရာသွားမယ်ဆိုပြီး ပြောသွားတယ်လေ။ မသိရင် တာဝန်တစ်ခုကို လုပ်နေသလိုပဲ။"
စုရှောင်လန် ခေါင်းညိတ်ပြလိုက်သည်။
"ဖြစ်နိုင်တယ်။ ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေက အဓိကရုဏ်းတွေနဲ့တောင် ဆက်စပ်နေမလား မပြောတတ်ဘူး။ ဘာပဲဖြစ်ဖြစ် အခုပြောနေတာတွေက အခြေအမြစ် မရှိတဲ့ ယူဆချက်တွေပဲ။ မနက်ဖြန်ကြရင် ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်ကို တစ်ချက်စောင့်ကြည့်ရမယ်။ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် သားရဲတွေကို အစည်းအဝေး ခေါ်ထားတယ်ဆိုတာ တိုက်ဆိုင်မှုသက်သက် မဖြစ်နိုင်ဘူး။"
အန်လင်း စကားဆိုလာသည်။
"ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်က အစည်းအဝေး မစခင် ရည်ရွယ်ချက်ရှိရှိနဲ့ ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေကလူကို ဖိတ်ခေါ်ခဲ့တာလို့ ပြောချင်တာလား။"
"လုံးဝဖြစ်နိုင်တယ်မလား။"
စုရှောင်လန် တုံ့ပြန်လိုက်သည်။
၎င်းတို့နှစ်ဦးလုံး ငြိမ်သက်သွားလေသည်။
အဆောက်အဦး၏ ခေါင်းမိုးထက်တွင်ထိုင်ကာ ညဉ့်ကောင်းကင်ယံ၏ ကြယ်စင်များကိုသာ ငေးမောဖြစ်ခဲ့ကြသည်။
လှပသော ညချမ်းတစ်ခုပင်။
ဟောက်သံများအား လျစ်လျူရှုထားပါက မြင်ကွင်းကအစ ပစ်ရက်စရာ မရှိပေ။
တိုက်ပွဲများလည်း မရှိတော့သဖြင့် သာမန်မြို့တစ်ခုလို အေးချမ်းနေလေသည်။
ထိုသို့ဖြင့် နံနက်ခင်းအချိန်သို့ ရောက်ရှိလာခဲ့သည်။
ရွှေကျားကြီးမှာ ပိုင်ဟူမြို့တော်သို့ ရောက်လာသည်နှင့် အန်လင်းတို့အား အသံဖြင့် ဆက်သွယ်လိုက်သည်။
"မနေ့ညက ကောင်းကင်က သားရဲအုပ်ကြီးကို တွေ့လိုက်သေးလား။"
အန်လင်း မေးမြန်းလိုက်သည်။
"သားရဲအုပ်ကြီး...... ငှက်တွေကို ပြောတာလား။"
ရွှေကျားကြီး ကြောင်တောင်တောင် ဖြစ်သွားရသည်။
အန်လင်းမှာ သက်ပြင်းသာ ချလိုက်မိတော့သည်။
ကြည့်ရတာ ဒီကောင်က ဘာမှမသိဘူးထင်တယ်........
အန်လင်းတို့သည် ရွှေကျားကြီး၏ အစေခံများအဖြစ် ဟန်ဆောင်ကာ ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင် ခေါ်ဆောင်ထားသော နေရာသို့ ထွက်လာခဲ့လိုက်သည်။
အန်လင်းသည် စုရှောင်လန်၏ အရှိန်အဝါအား ဖုံးကွယ်ရန် ပုံရိပ်ယောင်ကြယ်စင်ဝတ်ရုံအား ပေးထားသည်။
အန်လင်း၏ သိစိတ်အာရုံသည် ဟင်းလင်းပြင်သို့အပြန် အဆင့်များထက်ပင် သာလွန်နေသောကြောင့် အရှိန်အဝါအား ဖုံးကွယ်ရသည်မှာ မခက်ခဲလှပေ။
ရှောင်ဇယ်သည်လည်း ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ဖြစ်သောကြောင့် အလွယ်တကူပင် ဖုံးကွယ်ထားနိုင်သည်။
ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်သားရဲသည် ဟင်းလင်းပြင်သို့အပြန် စဦးအဆင့်သာ ရှိသေးသည်။
ထို့ကြောင့် အန်လင်းတို့ သုံးဦးအား သတိထားမိရန် မဖြစ်နိုင်ပေ။
ရွှေကျားကြီး၏ လမ်းပြမှုနှင့်အတူ ၎င်းတို့မှာ နန်းတော်ကြီးတစ်ခုထံ ရောက်ရှိလာသည်။ နန်းတော်ကြီးသည် တစ်ကီလိုမီတာကျော်ရှိပြီး ကြီးကျယ်ခမ်းနားလွန်းလှသည်။ နံရံများအား မြင်းကျားသဏ္ဍာန် အဖြူနှင့်အမည်း ခြယ်မှုန်းထားလေသည်။
ထိုသည်မှာ သားရဲမျိုးနွယ်စုများ၏ ထုံးစံတစ်ခုလိုပင်။
၎င်းတို့၏ အိမ်တော်၊ နန်းတော်များသည် အသွင်အပြင် ရိုးရှင်းကာ နေထိုင်၍ရလျှင် အဆင်ပြေနေပြီ ဖြစ်သည်။
အန်လင်းမှာ စောင့်စားမှုများနှင့်အတူ နန်းတော်ထဲ ခြေချလိုက်တော့သည်။