← Chapters

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်အားတိုက်ခိုက်ခြင်း

Vol. 56 Ch. 784

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်အားတိုက်ခိုက်ခြင်း

Vol. 56 Ch. 784

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်မှာ အနက်ရောင်ဝတ်ရုံနှင့်လူအား အေးစက်စွာ ပြောလိုက်သည်။

"နိမ့်ကျတဲ့ အစေခံတစ်ယောက်က မြို့စားမင်းတွေရဲ့ အစည်းအဝေးမှာ စကားဝင်ပြောခွင့် ရှိလို့လား။"

"အစေခံတွေမှာ လူ့အခွင့်အရေး မရှိတော့ဘူးလား။"

အန်လင်း လေးနက်စွာ တုံ့ပြန်လာသည်။

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားလေသည်။

"လူအခွင့်အရေး......မင်းကလူလား။"

အန်လင်း : "............."

ယီးလိုမှပဲ........ ငါပြောချင်တာ အဲ့လိုမှ မဟုတ်တာ.......

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်မှာ မည်သည့်စကားမှ မပြောတော့ပဲ အန်လင်းအား လျှာဖြင့်ရစ်ပတ်လိုက်သည်။

ဘန်း........

ထိုလျှာကြောင့် အန်လင်းမှာ ရေစက်များအဖြစ် ပေါက်ကွဲသွားရသည်။

"ကိုယ်ပွားလား။"

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်သည် အမူအရာ ပြောင်းလဲသွားပြီးနောက် ကျန်ရှိနေသော အနက်ရောင်ဝတ်ရုံနှင့် သူများအား စူးစိုက်ကြည့်ရှုလာသည်။

ထိုအချိန်တွင် အနက်ရောင်ဝတ်ရုံနှင့် သူသုံးဦးမှာ ဝတ်ရုံများအား ဖြည်ချလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်ထက် မနိမ့်ကျသော အရှိန်အဝါလည်း ဖြာထွက်လာလေသည်။

"ခင်ဗျားတို့တွေက သွေးစက်ကုန်းမြေမှာသွားပြီး အသေခံတော့မလို့ပေါ့လေ။ နည်းနည်းပါးပါးတောင် မငြင်းကြတော့ဘူး။ သားရဲတွေရဲ့ ဂုဏ်သိက္ခာက ဘယ်ရောက်သွားတာလဲ။"

"ကျုပ်သိတဲ့ သားရဲမျိုးနွယ်စုတွေကတော့ ဘယ်တော့မှ ဖိနှိပ်ခံမှာ မဟုတ်ဘူး။ ကျုပ်ပြောတာ ထောက်ခံတဲ့သူ မတ်တပ်ရပ်ကြ..... ဒီပိုးကောင်ကို သမကြတာပေါ့။"

အန်လင်း လက်နှစ်ဖက်အားဆန့်ကာ ကြုံးဝါးလိုက်သည်။

ထိုသည်မှာ ရိုးရှင်းလှသော နည်းလမ်းတစ်ခုသာ ဖြစ်ပါသော်လည်း ဆယ်နှင့်ချီသော သားရဲများမှာ သူ့အားထောက်ခံလာကြသည်။

"ဝေါင်း..... မင်းကငါ့ကို ဖိအားပေးတယ်ပေါ့လေ။ မင်းကိုသတ်ပစ်မယ်။"

"သားရဲတွေက ဘယ်တော့မှ ဦးမညွတ်ဘူးကွ။"

၎င်းတို့သည် ဖိအားပေးခံခဲ့ရသောကြောင့် ဒေါသဖြစ်ခဲ့ပါသော်လည်း အတင်းအကြပ် ချိုးနှိမ်ဖိနှိပ်ထားခဲ့သည်။

ထို့ကြောင့် တစ်စုံတစ်ဦးမှ မီးစပေးလာသည်နှင့် အားလုံး၏ ဒေါသများမှာ အတိုင်းအဆမရှိ လောင်ကျွမ်းလာတော့သည်။

"မင်းကိုသတ်မယ်။"

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်မှာ အန်လင်းထံ လျှာအားလွှတ်လိုက်သည်။

အန်လင်း၏ နဖူးထက်တွင် ရွှေကြာပန်း အမှတ်အသား ဖြစ်ပေါ်လာပြီးနောက် မြေအောက်ကမ္ဘာ၏ မူလစွမ်းအင်အား အသက်သွင်းကာ ထိုလျှာအား လက်သီးတစ်လုံး ကျွေးလိုက်သည်။

ဝုန်း.........

ပြင်းထန်လှသော အရှိန်အဝါများနှင့်အတူ လျှာဖြူဖြူကြီးပေါ်တွင် ရွှေရောင်အလင်းများ ပေါက်ကွဲသွားပြီး ဆိုးရွားလှသော အဖျက်စွမ်းအင်များ ဖြာထွက်လာသောကြောင့် သားရဲများပင် လွင့်ထွက်ကုန်သည်။

အန်လင်းမှာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပါသော်လည်း လျှာကြီးသည်လည်း ထို့အတူပင် ဖြစ်သည်။

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်မှာ အမူအရာ ပြောင်းလဲသွားလေသည်။

"မင်းက တကယ်ရော စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ဟုတ်ရဲ့လား။"

"သားရဲညီအစ်ကိုတွေ.....ကျုပ်နဲ့တူတူတိုက်ကြ။"

"ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်က ဘာမှလည်း မဟုတ်ပါဘူး။ ကျုပ်တို့တူတူ ဆော်ပလော်တီးကြမယ်။"

အန်လင်းမှာ ပြဿနာကြီးအောင် အတို့အထောင် လုပ်ပေးနေသည်။

ထိုင်နေကြသော သားရဲများပါ စိတ်ပါလာကြသည်။

၎င်းတို့သည် ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်၏ ဝါးမြိုခြင်းအား ခံရမည်စိုးသောကြောင့် မငြင်းပယ်ရဲခဲ့ကြပေ။

သို့သော် ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်အား သမရဲသူရှိသည်ကို တွေ့လိုက်ရသောအခါ ၎င်းတို့၏ သတ္တိများ အးကောင်းလာပြီး တိုက်ခိုက်ရန် တက်ကြွလာကြသည်။

"အဲ့ကောင်ကိုသတ်ပြီး ငါတို့ရဲ့ စပါးအုံးညီအစ်ကိုအတွက် လက်စားချေရမယ်။"

"ငါတို့ရဲ့ အရိုးစုညီအစ်ကိုအတွက်လည်း လက်စားချေရမယ်။"

သားရဲအများစု လှုပ်ရှားလာကြသည်။ ၎င်းတို့သည် စိတ်တိုလွယ်သူများဖြစ်ပြီး ပုံမှန်အချိန်များတွင်လည်း တိုက်ခိုက်ရန်အတွက် အကြောင်းပြချက်အစုံ ပေးနိုင်ကြသည်။

အနည်းငယ်သော သားရဲများမှာမူ မည်သည့်ဘက်ကိုမှ ပါကြမည် မဟုတ်ပေ။

နန်းတော်တစ်ခုလုံးတွင် မန္တာန်များ ပြည့်နှက်သွားသည်။

ပြဿနာ စတင်ခဲ့သူ အန်လင်းသည်ပင် ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားရလေသည်။

စကားတစ်ခွန်းသည် ထိုမျှအထိ အကျိုးသက်ရောက်မှု ရှိစေမည်ဟု ထင်မှတ်မထားခဲ့ပေ။ စင်စစ်အားဖြင့် ခန်းမအတွင်း ရှိနေသူများအားလုံးသည် ရန်သူများ ဖြစ်ပါသော်လည်း ယခုတွင်မူ ရဲဘော်ရဲဘက်များ ဖြစ်နေလေပြီ။

"အမှိုက်ကောင်..... ယီးပဲ။"

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်သည် အလွန်ပေါက်ကွဲနေပြီး ခန္ဓာကိုယ်အား လိမ်ပစ်လိုက်ပြီးနောက် အရှိန်ဖြင့် ခုန်ပျံလာသည်။

၎င်း၏အရှိန်ကြောင့် လေထုသည်ပင် တွန့်လိမ်ကာ မန္တာန်အတော်များများလည်း ပျက်စီးကုန်သည်။

တစ်ချိန်တည်းမှာပင် ထက်ရှလှသော အဖြူရောင် သလင်းကျောက်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာကာ အနီးရှိ သားရဲနှစ်ဆယ်မျှအား ထိုးဖောက်သွားသည်။

သွေးများပန်းထွက်လာသလို အော်ဟစ်သံများလည်း ဆူညံသွားသည်။

သို့သော် မည်သည့်သားရဲကမှ ကြောက်ရွံ့မသွားပဲ အရိုင်းစိတ်များ ပိုမိုဖြစ်ပေါ်လာကာ ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်အား ခုန်အုပ်လိုက်ကြသည်။

အန်လင်း၏ ရွှေရောင်ဟာလာပြင်လျှပ်စီးနှင့် စုရှောင်လန်၏ မြင့်မြတ်သော ဗာမီလီယမ်မီးလျှံဓားမှာလည်း တစ်ချိန်တည်းမှာပင် ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်ပေါ် ကျဆင်းလာသည်။

ဝုန်း......

လျှပ်စီးနှင့် မီးတောက်မီးလျှံများ ပေါက်ကွဲသွားလေသည်။

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်မှာ ကျယ်လောင်စွာ အော်ဟစ်ရင်း စွမ်းအင်များ ထွက်ပေါ်စေလိုက်သည်။

ရွှေရောင်ဟာလာပြင်လျှပ်စီးသည် လေဟာနယ်အား ဖျက်စီးနိုင်စွမ်းရှိပြီး မြင့်မြတ်သော ဗာမီလီယမ်မီးတောက်သည် အံ့ဖွယ်မီးတောက်များထံမှ ဆင်းသက်လာခြင်း ဖြစ်သောကြောင့် ထိုစွမ်းအင်နှစ်ခု၏ ပူးပေါင်းတိုက်ခိုက်မှုမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်၏ ခန္ဓာကိုယ်တွင် အက်ကြောင်းကြီးနှစ်ခု ဖြစ်ပေါ်ကာ နို့ရည်ကဲ့သို့ သွေးဖြူဖြူများ စီးကျလာသည်။

"ခွင့်မလွှတ်နိုင်ဘူး။ လုံးဝခွင့်မလွှတ်နိုင်ဘူး။ မင်းတို့အားလုံးကို သတ်ပစ်မယ်။"

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင် ဟစ်ကြွေးလိုက်သည်နှင့် ဝင်္ကပါတစ်ခု စတင်အသက်ဝင်လာသည်။

မည်သို့ပင်ဆိုစေကာမူ အနီရောင် အလင်းတန်းတစ်ခုမှာ ဝင်္ကပါ၏ အားအနည်းဆုံး နေရာအား ထိမှန်သွားလေသည်။

ခရက်........

ဘန်း........

ဝင်္ကပါမှာ ဖန်သားပြင် တစ်ခုလို ကွဲကြေသွားသည်။

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်သည် ခေတ္တမျှ အံ့အားသင့်သွားပြီးနောက် များပြားလှသော ဝင်္ကပါများ ထုတ်ဖော်လိုက်သည်။

"ဒုတိယအဆင့် အသွင်ပြောင်းလဲခြင်း........ လိပ်ပြာပြောင်းလဲခြင်း....."

တိုးညင်းသော စကားသံတစ်ခု ထွက်ပေါ်လာသည်။

အန်လင်းနှင့် စုရှောင်လန် အမူအရာ ပြောင်းလဲကာ အနောက်သို့ ဆုတ်လိုက်ကြသည်။

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်၏ ခန္ဓာကိုယ်တွင် အနီရောင် သွေးကြောကြီးများ ရုတ်တရက် ပေါ်ထွက်လာသည်။

ဝုန်း.......ဝုန်း......ဝုန်း........

၎င်း၏ခန္ဓာကိုယ်သည် ဝင်္ကပါများကြား နစ်မြုပ်သွားပြီးနောက် နန်းတော်တစ်ခုလုံး အမှုန့်ဖြစ်ကာ မြေပြင်တွင်လည်း တွင်းနက်ကြီးတစ်ခု ဖြစ်သွားရသည်။

ကြီးမားလွန်းသော အဖြူရောင် တောင်ပံနှစ်ခု ပြန့်ကားလာလေသည်။

အတောင်များသည် တစ်ကီလိုမီတာကျော်ရှိပြီး ပြိုကျသွားသော နန်းတော်အရွယ်မျှ ရှိသည်။

"လိပ်ပြာလား....."

အန်လင်း ကြောင်အမ်းအမ်း ဖြစ်နေမိသည်။

"ဒါက သူ့ရဲ့ လိပ်ပြာပုံစံလား။"

စုရှောင်လန် နဂါးစာကလေးဓားကိုကိုင်ကာ လေးနက်စွာ ပြောလိုက်သည်။

ဝုန်း........

အလွန်ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ဖြာထွက်လာသည်။

ထိုသည်မှာ ဟင်းလင်းပြင်သို့အပြန် စဦးအဆင့်၏ အရှိန်အဝါ ဖြစ်သောကြောင့် ကျင့်ကြံရေး အားနည်းသော သားရဲများမှာ ထိတ်လန့်ကုန်ကြရသည်။

အဖြူရောင်လိပ်ပြာကြီးမှာ ကောင်းကင်ထက်တွင် ခန့်ထည်စွာ ပျံဝဲနေသည်။

"ငါ့အမိန့်ကို မနာခံတဲ့အတွက် မင်းတို့အားလုံး ကောင်းကောင်းကြီး ဒုက္ခရောက်ရလိမ့်မယ်။"

ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်..... မဟုတ်သေးဘူး...... ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာလို့ ခေါ်ရမှာပေါ့.......

ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာသည် အတောင်များကိုခတ်ကာ လေများပြင်းစေလျက် အဖျက်စွမ်းအင် ပြင်းထန်သော လေမုန်တိုင်းတစ်ခု ဖန်တီးလိုက်သည်။

ချက်ချင်းဆိုသလို ပတ်ဝန်းကျင် တခွင်လုံးမှာ လေနက်ပြင်းများ ပြည့်နှက်သွားလေသည်။

သားရဲများအားလုံးသည် နာကျင်စွာ အော်ဟစ်ရင်း လေပြင်းများကြောင့် အပိုင်းပိုင်းအစစ ဖြစ်သွားရသည်။

သားရဲများ၏ သေဆုံးမှုနှင့်အတူ ကောင်းကင်နှင့်မြေပြင်မှာ တိတ်ဆိတ်သွားတော့သည်။

"အိုး...... မင်းတို့နှစ်ကောင်က ခံနိုင်ရည် ရှိသားပဲ။"

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်လိပ်ပြာသည် အနက်ရောင်အုတ်ခဲနောက်တွင် ရှိနေသော အန်လင်းနှင့် စုရှောင်လန်အားကြည့်ကာ အံ့သြသွားမိသည်။

"ဘာပဲဖြစ်ဖြစ် မသေမှာမှ မဟုတ်တာ။ မရဏလမ်းဆီ ပို့ပေးရသေးတာပေါ့။"

ပြင်းထန်လှသော စွမ်းအင်များမှာ ၎င်း၏အတောင်ပံမှ ထွက်ပေါ်လာပြန်သည်။

"ငါ့ဆရာကို မင်းထိလို့ရမယ် ထင်နေလား။"

နဂါးဟိန်းသံကြောင့် ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်လိပ်ပြာမှာ တုန်လှုပ်သွားရသည်။

ကြီးမားလှသော နဂါးနက်ကြီးမှာ နေကိုပင် ဖုံးကွယ်ထားသည်။

မြေပြင်တွင်လည်း ဆယ်ကီလိုမီတာမျှရှိသော အနက်ရောင် ဝင်္ကပါတစ်ခု ဖြစ်ပေါ်လာသည်။

"သတ်ဖြတ်ခြင်း ဝင်္ကပါက ပြီးပြည့်စုံသွားပြီ။ ဘယ်သူကမှ မြင်နိုင်မှာ မဟုတ်တော့ဘူး။ မင်းလည်း မလွတ်နိုင်ဘူး။ အခု ပျော်စရာလေးတွေ စလိုက်ရအောင်။"

နဂါးနက်ကြီးသည် ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်လိပ်ပြာ အာရုံများနေစဉ်အတွင်း ဝင်္ကပါအား ပြင်ဆင်နေခဲ့သည်။ ထိုသည်မှာ ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်လိပ်ပြာ ထွက်မပြေးစေနိုင်ရန်ပင်။

ဟင်းလင်းပြင်သို့အပြန် စဦးအဆင့် ကျင့်ကြံသူအား လက်ချည်းဗလာဖြင့် ထိန်းထားရန် မလွယ်ကူပေ။

ယခုတွင် ဝင်္ကပါ ပြီးမြောက်သွားပြီ ဖြစ်သောကြောင့် စိတ်ပူစရာ မရှိတော့ပေ။

All Chapters