← Chapters

ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာအားဖိနှိပ်ခြင်း

Vol. 56 Ch. 785

ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာအားဖိနှိပ်ခြင်း

Vol. 56 Ch. 785

"လိပ်ပြာဖြစ်သွားတာနဲ့ပဲ မင်းကိုယ်မင်း ပိုးကောင် မဟုတ်တော့ဘူး ထင်နေလား။"

"အဟက်...... ပိုးကောင်က ပိုးကောင်ပဲဆိုတာ ငါမင်းကိုပြမယ်။"

ဝုန်း.........

ကောင်းကင်ထက်တွင် လျှပ်စီးများ ဝုန်းဒိုင်းကြဲသွားပြီး ကြောက်မက်ဖွယ် နဂါးအရှိန်အဝါများ ကျဆင်းလာသည်။

ရှောင်ဇယ်မှာ ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာအား စူးစိုက်ကြည့်ရှုလိုက်သည်။

ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာသည် ရှောင်ဇယ်အားကြည့်ကာ လွန်စွာထိတ်လန့်သွားသည်။

"မဟုတ်ဘူး။ ကျွန်တော်...... ကျွန်တော် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့နော် သခင်ကြီး လုံအော့ထျန်း...... ကျွန်တော် အခုချက်ချင်း ထွက်သွားပေးပါ့မယ်။"

"ဟမ်......"

ရှောင်ဇယ်မှာ ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်လိပ်ပြာအားကြည့်ကာ ကြောင်တောင်တောင် ဖြစ်သွားသည်။

တောင်းတောင်တောင်းပန်နေပြီလားဟ.......

ငါတော်တာ ငါသိပါတယ်...... ဒါပေမယ့် ဟင်းလင်းပြင်သို့အပြန်အဆင့် သားရဲတစ်ကောင်က လွယ်လွယ်ကူကူ အညံ့မခံသင့်ဘူးလေ......

ပြီးတော့ လုံအော့ထျန်းဆိုတာ ဘယ်သူတုန်း...... ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာက ငါ့ကို တစ်ယောက်ယောက်နဲ့ မှားနေတာလား.......

အန်လင်းနှင့် စုရှောင်လန်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

"ရှောင်လန်...... သူဘာပြောလိုက်တာလဲ။ လုံအော့ထျန်းတဲ့လား။"

အန်လင်း အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။

"အင်း....."

စုရှောင်လန် ခေါင်းညိတ်ပြလိုက်သည်။

"ထင်တာမမှားရင် သူပြောနေတာက အစ်မကြီး ရှန့်ယင် အုတ်ဂူက စီနီယာ လုံအော့ထျန်းပဲ ဖြစ်မယ်။"

အန်လင်း : "..........."

လုံအော့ထျန်းက အဲ့လောက်တောင် အစွမ်းထက်တာလား........ ဟင်းလင်းပြင်သို့အပြန်အဆင့် သားရဲတစ်ကောင်ကတောင် ဖိန့်ဖိန့်တုန်ရတယ်ပေါ့လေ........

ရှောင်ဇယ်မှာ ရိုးသားကြိုးစား ဖိုးသခွားလေး ဖြစ်သောကြောင့် ချက်ချင်းပင် အော်ဟစ်တုံ့ပြန်လိုက်သည်။

"လုံအော့ထျန်းဆိုတာ ဘယ်ကောင်လဲ။ ငါ့နာမည် ရှောင်ဇယ်ကွ။"

ထိုစကားကြောင့် ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်လိပ်ပြာ၏ နီလာမျက်ဝန်းများ ဖျတ်ခနဲ လင်းလက်သွားသည်။

သူသည် ရှောင်ဇယ်၏ ကြောက်မက်ဖွယ် နဂါးအရှိန်အဝါများကြောင့် လုံအော့ထျန်းနှင့် အမှတ်မှားခဲ့ခြင်းပင်။ မည်သို့ပင်ဆိုစေကာမူ အနီးကပ် ကြည့်ရှုပါက စွမ်းအင်စီးဆင်းမှုမှာ အမှန်တကယ် ကွာခြားနေပေသည်။

"ဟူး.......ခဏလောက် စိုးရိမ်မိသွားတယ်။"

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်လိပ်ပြာမှာ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။

"ဟားဟား....... မင်းကိုကြည့်ရတာ တကယ်စိတ်အေးသွားပုံပဲ။"

ရှောင်ဇယ် အေးစက်စွာ ရယ်မောလိုက်ပြီးနောက် ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်လိပ်ပြာအား အနက်ရောင်မီးတောက်များဖြင့် မှုတ်ထုတ်လိုက်သည်။

ကောင်းကင်နှင့်မြေပြင်မှာ မည်းမှောင်သွားရပြီးနောက် အရာအားလုံးကို တိုက်စားပစ်နိုင်သော အနက်ရောင်မီးတောက်များမှာ ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်လိပ်ပြာပေါ် ကျဆင်းလာတော့သည်။

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်လိပ်ပြာသည် အကန့်အသတ်မဲ့သော အမှောင်ထု၏ ဝါးမြိုခြင်းအား ခံလိုက်ရသလို ခံစားလိုက်မိသည်။

ဟုတ်သားပဲ...... နဂါးမီးတောက်က အရာအားလုံးကို ဝါးမြိုပစ်နိုင်တယ်လေ......... အလင်းရောင်တောင် မလွတ်မြောက်နိုင်ဘူး.......

"အင်မော်တယ်ဝိဉာဉ်အကာအရံ......."

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်လိပ်ပြာ၏ အတောင်များထံမှ အဖြူရောင် အလင်းများ ဖြာထွက်ကာ သလင်းကျောက်နံရံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

အနက်ရောင်မီးတောက်များသည် အဖြူရောင် သလင်းကျောက်နံရံအား ဝင်တိုက်သွားပြီးနောက် မျက်စိတမှိတ်အတွင်းမှာပင် လျင်မြန်စွာ တိုက်စားပစ်လိုက်သည်။

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်လိပ်ပြာမှာ အမူအရာ ပြောင်းလဲသွားပြီးနောက် သလင်းကျောက်နံရံ ပေါက်ကွဲသွားသည်နှင့် အခြားတစ်နေရာသို့ ဝှစ်ခနဲ ရွှေ့ပြောင်းလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ အသက်ပင် မရှူနိုင်သေးခင်မှာပင် နဂါးနက်ကြီး၏ အမြှီးနှင့် မိတ်ဆက်လိုက်ရလေသည်။

ဖြန်း.......

ကမ္ဘာမြေပြင် တုန်ဟီးမတက် ကျယ်လောင်သော ရိုက်ခတ်သံ ထွက်ပေါ်လာသည်။

နဂါးနက်ကြီး၏ အမြှီးနှင့် ရိုက်မိသွားသည်နှင့် ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်လိပ်ပြာမှာ အဝေးသို့ လွင့်ထွက်သွားရပြီး မြေပြင်ပေါ် ပြုတ်ကျကာ သွေးပွက်ပွက်အန်သွားရသည်။

"သေလိုက်တော့။"

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်လိပ်ပြာမှာ ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် ရှောင်ဇယ်ထံ အဖျက်စွမ်းအင် ပြင်းထန်သော အနက်ရောင် လေပြင်းများ ရောက်ရှိလာသည်။

ရှောင်ဇယ်မှာ အနည်းငယ် ထိတ်လန့်သွားရပြီးနောက် ကျေနပ်သော အမူအရာအဖြစ် ပြောင်းလဲသွားလေသည်။

"ခံစားလို့ကောင်းသားပဲ။"

ဝှစ်.......

ကြီးမားလွန်းသော လိပ်ပြာကြီးမှာ ရှောင်ဇယ်ထံ ပျံဝဲလာသည်။

နဂါးနက်ကြီး၏ ခုခံကာကွယ်ရေး စွမ်းအင်သည် မည်သို့မှ ထိုးဖောက်မရသောကြောင့် အခြားနည်းလမ်း အသုံးပြုရန်သာ ရှိသည်။

"ပုံရိပ်ယောင်အမှုန်လောက......."

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်လိပ်ပြာမှာ အတောင်များ ခတ်လိုက်သည်နှင့် ထူထဲလှသော အမှုန်များမှာ ပတ်ဝန်းကျင် တခွင်လုံးကို လွှမ်းခြုံသွားတော့သည်။

ပန်းနုရောင် လိပ်ပြာမှုန်များကြားတွင် ရှောင်ဇယ်အား မြင်ပင်မမြင်ရတော့ပေ။

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်လိပ်ပြာမှာ ထိုလိပ်ပြာမှုန်များအား အချိန်အတော်ကြာ စုဆောင်းထားခဲ့ခြင်း ဖြစ်သည်။ ကယောင်ခြောက်ခြား ဖြစ်စေသော စွမ်းအင်များ ပါဝင်သည့်အပြင် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများကိုပါ သတ်ပစ်နိုင်သည့် အဆိပ်ပြင်းလည်း ဖြစ်သည်။

နဂါးနက်ကြီး၏ ခုခံကာကွယ်ရေးသည် ကောင်းမွန်လွန်းလှပါသော်လည်း အမှုန်များမှာ ဒွါရပေါက်များမှတဆင့် ဝင်ရောက်နိုင်သည်။

၎င်း၏ကိုယ်တွင်းအင်္ဂါများသည် ဖျက်စီးမရအောင် သန်မာနေလိမ့်မည်ဟု ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာ မယုံကြည်ပေ။

"ဟက်ချိုး......"

ရှောင်ဇယ်မှာ အမှုန်များကြောင့် ယားကျိကျိဖြစ်ကာ ကျယ်လောင်စွာ နှာချေလိုက်သည်။

မြေပြင်တစ်ခုလုံး တုန်ခါကာ လိပ်ပြာမှုန်များလည်း လွင့်ပြယ်သွားရလေသည်။

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်လိပ်ပြာမှာ အမူအရာ ပြောင်းလဲကာ အတောင်များကို ထပ်ခတ်လိုက်သည်။

"ပုံရိပ်ယောင်မှုန်လောက..... အမြင့်ဆုံးအဆင့်......"

၎င်းသည် ရှိရှိသမျှ အမှုန်များအားလုံး ထုတ်ဖော်ပစ်လိုက်သည်။

ပန်းနုရောင် အမှုန်များမှာ လေထုတခွင် နေရာယူသွားသည်။

အမှုန်များ၏ အဖျက်စွမ်းအင်ကြောင့် လေထုအက်ကြောင်းများ ဖြစ်ပေါ်လာသည်။

ထိုအမှုန်များသည် ရှောင်ဇယ်၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးအား ဖုံးလွှမ်းသွားတော့သည်။

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်လိပ်ပြာမှာ အမှုန်များအားလုံး ထုတ်လိုက်ရသောကြောင့် လွန်စွာမောပမ်းနေပြီး ရှောင်ဇယ်အား လှမ်းကြည့်လိုက်သောအခါ ထိတ်လန့်စရာ မြင်ကွင်းမှ စောင့်ကြိုနေလေသည်။

"ပိုးကောင်လေး...... မင်းပြီးပြီလား။ ဒါကဘာတွေလဲ..... ယီးတွေလား။ မင်းတိုက်မှာလား..... မတိုက်ဘူးလား။"

ရှောင်ဇယ်သည် ထိုအမှုန်များကို ရှူရှိုက်ကာ တိမ်တိုက်များထက် ကခုန်နေသည်။

၎င်းသည် လိပ်ပြာမှုန်များအား နှစ်လိုဖွယ် မွှေးရနံ့ဟု ထင်မှတ်နေပုံပင်။

"ဘယ်......ဘယ်လိုဖြစ်နိုင်မှာလဲ။"

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်လိပ်ပြာမှာ ချီးထွက်ကျမတက် ကြောက်လန့်သွားရသည်။

ရှောင်ဇယ်၏ ခုခံကာကွယ်ရေးသည် မည်မျှကောင်းမွန်ကြောင်း သူမသိထားပေ။ ရှောင်ဇယ်သည် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများသည်ပင် မဖြိုချနိုင်သော ခံတပ်ကြီး တစ်ခုလိုပင်။ အဆိပ်မှုန်များသည် ၎င်းအတွက် ကလေးကစားစရာ အဆင့်သာရှိပြီး ခန္ဓာကိုယ်ထဲ ရှူသွင်းကာ စွမ်းအင်အဖြစ် ပြောင်းလဲလိုက်ရုံသာ။

"အခု ငါ့အလှည့်ပဲ။"

ရှောင်ဇယ်၏ စကားသံနှင့်အတူ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး အဖျက်စွမ်းအင် လျှပ်စီးများ ပြည့်နှက်သွားသည်။

ထိုလျှပ်စီးသည် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ရောက်ရှိနေသော ရှေးဟောင်းနဂါးမျိုးနွယ်စုဝင်မှ ထုတ်ဖော်လိုက်ခြင်း ဖြစ်သောကြောင့် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများ၏ နှလုံးသားကိုပါ တုန်လှုပ်စေနိုင်စွမ်း ရှိသည်။

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်လိပ်ပြာမှာ ထွက်ပြေးရန်ပင် အချိန်မရလိုက်ပဲ အနက်ရောင် လျှပ်စီးများ၏ လွှမ်းမိုးမှုအား ခံစားလိုက်ရသည်။

၎င်း၏အဖြူရောင် တောင်ပံများမှာ မည်းတူးသွားသည့်အပြင် အပေါက်များပင် ဖြစ်ကုန်သည်။

"တတိယအဆင့် အသွင်ပြောင်းလဲခြင်း...... သက်တံ့လိပ်ပြာ....."

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်လိပ်ပြာ၏ တောင်ပံမှ သက်တံ့ရောင်စဉ်များ ဖြာထွက်လာသည်။

"ယီးကို အသွင်ပြောင်းပါလား။"

ရှောင်ဇယ်မှာ တွေဝေခြင်းမရှိ အမြှီးဖြင့် ရိုက်ချလိုက်သည်။

ဘန်း......

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်လိပ်ပြာမှာ တစ်ကီလိုမီတာကျော်ထိ လွင့်ထွက်သွားပြီးနောက် သတ်ဖြတ်ခြင်း ဝင်္ကပါနှင့် ဆောင့်မိသွားရသည်။

"ဖူး......"

ဆိုးဆိုးရွားရွား ဒဏ်ရာရကာ သွေးပွက်ပွက်အန်သွားသောကြောင့် အသွင်လည်း မပြောင်းနိုင်တော့ပေ။

ချက်ချင်းဆိုသလို လျှပ်စီးကြောင်းများမှာ တစ်ခုပြီးတစ်ခု ကျဆင်းလာတော့သည်။

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်လိပ်ပြာမှာ စူးစူးဝါးဝါး အော်ဟစ်နေရသည်။

အန်လင်းမှာ တိုက်ပွဲအား လှမ်းကြည့်နေသည်။

နဂါးနက်ကြီးသည် အပြည့်အဝ လွှမ်းမိုးမှုရှိပြီး ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်လိပ်ပြာမှာ ဒုက္ခိတ ဖြစ်တော့မလို ထင်မှတ်ရသည်။

ငါ့တပည့်လေးက အတော်ကြမ်းတာပါလား........

ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာက တစ်ဖက်သတ်ကို ဆော်ခံနေရတာဟေ့.......

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်လိပ်ပြာမှာ ခံနိုင်ရည် မရှိတော့ပဲ မြေပြင်ပေါ် ပြုတ်ကျသွားသည်။ သူသည် အတောင်များအားကွေးကာ ခန္ဓာကိုယ်အား ကာကွယ်ထားရပြီး လျှပ်စီးများ၏ လောင်ကျွမ်းမှုကြောင့် မီးခိုးငွေ့များထွက်ကာ အလွန်ပင် ကြောက်ရွံ့ထိတ်လန့်နေမိသည်။

"တောင်းပန်ပါတယ်။ သခင်ကြီး ရှောင်ဇယ် ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ။"

"အသက်သာ ချမ်းသာပေးရင် ခိုင်းသမျှ လုပ်ပါ့မယ်။"

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်လိပ်ပြာမှာ နဂါးနက်ကြီးအားကြည့်ကာ ရိုရိုကျိုးကျိုး တောင်းပန်လိုက်သည်။

အန်လင်း အနည်းငယ် အံ့သြမိသွားလေသည်။

ဒီလိုမျိုး သူရဲဘောကြောင်တဲ့ သားရဲလည်း ရှိသေးတာလား....

All Chapters