ကုလေး
Vol. 56 Ch. 786
ရှောင်ဇယ်မှာ ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာ၏ တောင်းပန်မှုအား အရေးမစိုက်ပဲ အန်လင်းကိုသာ လှမ်းကြည့်လိုက်သည်။
"ငါဆုံးဖြတ်လို့ မရဘူး။ မင်းတကယ် တောင်းပန်ချင်တာဆိုရင် ငါ့ဆရာနဲ့ပြောလိုက်။"
ဒီလောက်ကြောက်စရာကောင်းတဲ့ နဂါးနက်က ဆရာ ရှိသေးတာလား.........
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာမှာ မယုံကြည်နိုင်သော အမူအရာဖြင့် အန်လင်းအား ကြည့်ရှုလိုက်မိသည်။
ထို့နောက် ရုတ်တရက် အန်လင်းသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်သာ ရှိပါသော်လည်း သူ၏တိုက်ခိုက်မှုများအား မှုပင်မမှုကြောင်း သတိရမိသွားသည်။ ချက်ချင်းပင် ရှောင်ဇယ်၏ စကားအား ယုံကြည်သွားကာ အသက်မသေရန်အတွက် အန်လင်းအား တောင်းပန်လာတော့သည်။
အန်လင်းသည် အလွန်တုန်လှုပ်နေသော ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာထံ လျှောက်သွားလိုက်သည်။
"မင်းအရှုံးပေးပြီလား။ မပေးချင်သေးလည်း ရတယ်နော်။ မင်းကို သမဖို့ အချိန်အများကြီး ရှိသေးတယ်။"
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာသည် ကြောက်ရွံ့စွာပင် ပိုးကောင်အဖြစ် ပြန်လည်ပြောင်းလဲလိုက်သည်။
"ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ။"
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်သည် ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာပုံစံနှင့် ပိုမိုလှပသည်ဟု အန်လင်း ခံစားမိသည်။
"မင်းအသက်ရှင်ချင်ရင် ငါနဲ့အစေခံစာချုပ်ချုပ်လိုက်။"
အန်လင်း အမိန့်ပေးလိုက်သည်။
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်သည် ပါးစပ်အဟောင်းသား ဖြစ်သွားပြီးနောက် စိတ်ထဲတွင် အရှက်ကွဲသလို ခံစားရကာ မျက်ဝန်းများ နီရဲလာသည်။
"သားရဲတွေက ဘယ်တော့မှ အစေခံ မလုပ်ဘူး။ လျှပ်စီးကြောင့် သေရမယ် ဆိုရင်တောင် အစေခံလုပ်ဖို့ငြင်းတယ်။"
"ရှောင်လေး...... လျှော့လိုက်တော့။"
အန်လင်း အမူအရာ ကင်းမဲ့စွာ ပြောလိုက်သည်။
ဝုန်း.......
တိုက်စားခြင်းနှင့် မရဏ အငွေ့အသက်များ ပါဝင်နေသော လျှပ်စီးများ ကောင်းကင်ထက်တွင် စုဝေးလာသည်။
သေခြင်းတရား၏ လွှမ်းမိုးမှုကြောင့် ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်မှာ ရူးချင်သလိုပင် ဖြစ်လာရသည်။
အန်လင်းမှာ တစ်ဖက်သို့လှည့်ကာ ထွက်ခွာသွားလေသည်။
"ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ။"
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်မှာ အားယူကာပြုံးရင် အသက်ရှင်ရန်အတွက် တောင်းပန်လိုက်ရသည်။
"သခင့်ကို ခစားရမှာ ကျွန်တော့်အတွက်တော့ ဂုဏ်ယူစရာပါပဲ။"
အန်လင်း : "..........."
ရှောင်ဇယ်နှင့် စုရှောင်လန် : "............"
ဟင်းလင်းပြင်သို့အပြန်အဆင့် သားရဲတစ်ကောင်က အဲ့လောက်ထိတောင် သူရဲဘောကြောင်တာလား........
ခုနကပဲ အစေခံ ဖြစ်မယ့်အစား အသေပဲ ခံလိုက်မယ်ဆို........ အခုကြ ဘယ်လိုဖြစ်ရတာလဲ........
အန်လင်းသည် ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်အား စိတ်ထဲကြိတ်လှောင်နေပါသော်လည်း ခပ်ဖွဖွပြုံးကာ ၎င်းထံသွားလိုက်သည်။
အန်လင်းအနေဖြင့် ဟင်းလင်းပြင်သို့အပြန်အဆင့် အစေခံတစ်ဦးအား လက်လွှတ်လိုက်စရာ အကြောင်းမရှိသောကြောင့် လက်သင်္ကေတအချို့ ပြောင်းလဲကာ ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်ထံ သွေးအဆီအနှစ်တစ်စက် ပေးလိုက်သည်။
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်မှာ ကောင်းချီးပေးခံရသည့်အလား ပျော်ပျော်ရွှင်ရွှင်ပင် လက်ခံလိုက်လေသည်။
"အင်း...... အရသာ ရှိလိုက်တာ။"
အန်လင်း မျက်နှာပျက်သွားသည်။
ရှောင်ဇယ်နှင့် စုရှောင်လန် : "............."
အန်လင်းနှင့် ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်ကြားတွင် ဆက်နွယ်မှုတစ်ခု ဖြစ်ပေါ်လာသည်။
အန်လင်းမှာ ထိုပိုးကောင်နှင့်ပက်သတ်၍ သက်တောင့်သက်သာ ဖြစ်သွားသည်။
"ကောင်းပြီ။ အခုကစပြီး မင်းကို ကုလေးလို့ပဲ ခေါ်တော့မယ်။"
အန်လင်း ပြုံးကာပြောလာသည်။
"ကုလေးတဲ့လား။ ဒီနာမည်မှာ အဓိပ္ပါယ်ရှိလား သခင်....."
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင် မေးမြန်းလိုက်သည်။
"မင်းက သူရဲဘောကြောင်ကောင်လေ။ အဲ့ဒါကြောင့် နာမည်ကို ငါပေးချင်သလို ပေးမှာပေါ့။ အဓိပ္ပါယ်ရှိစရာ လိုလို့လား။"
အန်လင်းမှာ ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်အားကြည့်ကာ စိတ်ကျေနပ်စွာ တုံ့ပြန်လာသည်။
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်မှာ အန်လင်းအားကြည့်ရင်း အသားများပင် တဆတ်ဆတ် တုန်လာလေသည်။
သူသည် အလွန်ပင် ဒေါသထွက်နေပါသော်လည်း အနည်းငယ်မျှ အာမခံရဲပေ။
စုရှောင်လန်မှာ ထိုသည်ကိုကြည့်ကာ တခစ်ခစ် ရယ်မောလိုက်ပြီး ရှောင်ဇယ်မှာမူ တဟားဟားနှင့် ရယ်ပွဲကျသွားသည်။
"ကောင်းပြီလေ...... အခု ငါတို့လည်း တစ်ဖွဲ့တည်း ဖြစ်သွားပြီဆိုတော့ သွေးစက်ကုန်းမြေမှာ ဘာတွေဖြစ်နေတာလဲ ပြောစမ်းပါ။"
အန်လင်း စကားဆိုလိုက်သည်။
အစည်းအဝေးတွင် ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင် ပြောပြခဲ့သော အကြောင်းအရာများမှာ ပြစ်ချက်များ ရှိနေသောကြောင့် အန်လင်းသည် ထိုနေရာနှင့် ပက်သတ်၍ တိတိကျကျ မသိရသေးပေ။
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင် ရှင်းပြလာသည်။
"ကျွန်တော် ပြောခဲ့တာ အများစုက အမှန်တွေပါပဲ။ စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့်နဲ့ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်တွေအပေါ် လွှမ်းမိုးမှုက တကယ်နည်းတာပါ။ ပြီးတော့ အခွင့်အလမ်းတွေ ပြည့်နေတယ်ဆိုတာလည်း လိမ်တာမဟုတ်ပါဘူး။ ကျွန်တော် မပြောခဲ့တာက အဲ့နေရာက အန္တရာယ်တွေလည်း ပြည့်နေတယ် ဆိုတာပဲ။ အော်...... သွေးကီရင်ကျောက်စိမ်းအကြောင်းလည်း အသေးစိတ် မပြောဖြစ်ခဲ့ဘူး။"
"လမ်းပွင့်လာတုန်းက မဟာလင်းနို့ဧကရာဇ်က သွေးစက်ကုန်းမြေဆီ စစ်သည်တော် တစ်ထောင် ပို့ခဲ့တယ်။ အဲ့စစ်တပ်မှာ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ အယောက်သုံးဆယ်၊ စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ အယောက်သုံးရာနဲ့ တာအိုခန္ဓာအဆင့် သန္ဓေပြောင်းသားရဲ အယောက်ခြောက်ရာကျော်ပါတယ်။ နောက်ဆုံးတော့ အယောက်နှစ်ဆယ်ကျော်ပဲ ပြန်ရောက်လာတယ်လေ။"
"လွင့်ပြယ်မိစ္ဆာသွေးကီရင်နယ်မြေက အန္တရာယ် အရမ်းများတယ်။ ပတ်ဝန်းကျင် အခြေအနေကလည်း အဆင်မပြေဘူး။ သွေးမိစ္ဆာသားရဲတွေနဲ့ မရဏဝိဉာဉ်တွေလည်း ရှိနေလို့ တော်တော်လေး စွန့်စားရတဲ့ နေရာမျိုးပဲ။ အဲ့ဒါကြောင့် မဟာလင်းနို့ဧကရာဇ်က သွေးစက်ကုန်းမြေကို ပိုပြီးကောင်းကောင်း ရှာနိုင်အောင် သားရဲတွေ ထပ်ခေါ်ချင်တာ။"
"ဘာပဲဖြစ်ဖြစ် သွေးကီရင်ကျောက်စိမ်းက သွေးစက်ကုန်းမြေကို ပိတ်လို့မရဘူး။ မဟာလင်းနို့ဧကရာဇ်က တခြားနေရာမှာ သုံးဖို့လိုချင်နေတာ။ ဘာသုံးဖို့လဲတော့ မပြောတတ်ပေမယ့် ကျွန်တော်သိတာကတော့ သွေးကီရင်ကျောက်စိမ်းက အရမ်းတန်ဖိုးကြီးတယ်။ တော်တော်လေးကို တန်ဖိုးကြီးတာ။"
"လွင့်ပြယ်မိစ္ဆာသွေးကီရင်နယ်မြေက မဟာလင်းနို့ဧကရာဇ် ပိုင်နက်ထဲမှာ ဆိုပေမယ့် တခြားဧကရာဇ်တွေလည်း အဲ့ဒါရဲ့ တည်ရှိမှုကို သိထားကြတယ်။ သူတို့တွေလည်း ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေကို ကာကွယ်နိုင်ဖို့အတွက် သွေးစက်ကုန်းမြေဆီ သားရဲကျင့်ကြံသူတွေပို့ဖို့ ကြိုးစားနေကြတာ။ မဟာလင်းနို့ဧကရာဇ်လည်း တခြားဧကရာဇ်တွေဆီက ဖိအားခံနေရတော့ အခြေအနေ သိပ်မဟန်တော့ဘူးလေ။ အဲ့ဒါကြောင့် နောက်ရက်အနည်းငယ်အတွင်း သွေးကီရင်ကျောက်စိမ်းကို သူကိုယ်တိုင် လိုက်ရှာတော့မှာ။"
"ကျွန်တော် သိထားတာတော့ ဒါအကုန်ပဲ။"
"သွေးစက်ကုန်းမြေ ပေါ်လာလို့ ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေမှာ အဓိကရုဏ်းတွေ ဖြစ်နေတာပေါ့။ ဒါပေမယ့် သားရဲမျိုးနွယ်စုအပေါ် ဘာလို့အဲ့လောက်တောင် လွှမ်းမိုးနေရတာလဲ။ အဲ့ဒါက ဘယ်လိုအစွမ်းမျိုးလဲ။"
အန်လင်း မေးမြန်းလိုက်သည်။
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်မှ ခေါင်းခါပြလာသည်။
"ကျွန်တော်လည်း သေချာမသိဘူး။ သွေးကီရင်ကျောက်စိမ်းရဲ့ ဝိဉာဉ်အပိုင်းအစက ပြင်ပကမ္ဘာဆီ လွင့်မြောလာလို့ အခုလိုတွေ ဖြစ်နေရတယ် ပြောတာပဲ။"
"ဟုတ်သားပဲ။ ဒီကိစ္စတွေအားလုံး ဖြေရှင်းပြီးတာနဲ့ စစ်ပွဲစစရာ ရှိတယ်လို့ မဟာလင်းနို့ဧကရာဇ်က ကြေညာထားတယ်။"
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင် စကားဆိုလိုက်သည်။
အန်လင်း စိတ်ဝင်စားသွားသည်။
"ဘာစစ်ပွဲလဲ။"
"ကျွန်တော့် ရာထူးက မမြင့်တော့ အဲ့လောက်ထိ မသိဘူးရယ်။"
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင် ခေါင်းခါပြလိုက်သည်။
အန်လင်း : "............."
ပဟေဠိများအား တဝက်တပျက်သာ သိခွင့်ရသည်မှာ စိတ်ရှုပ်စရာ ကောင်းလှသည်။
အန်လင်း အနည်းငယ် တွေးတောကာ သတင်းအချက်အလက်များအား ကောင်းကင်အရှင်သခင်ထံ ပေးပို့ရန် ဆုံးဖြတ်လိုက်သည်။
သတင်းအချက်အလက် လွှဲပြောင်းသော ကျောက်စိမ်းပြားအားထုတ်ကာ ရရှိထားသော သတင်းအချက်အလက်များ ထည့်သွင်းပေးလိုက်၏။
မကြာမီမှာပင် ကောင်းကင်အရှင်သခင်ထံမှ တုံ့ပြန်လာလေသည်။
"ကောင်းကောင်းလုပ်ခဲ့တာပဲ။ ဒီသတင်းအချက်အလက်က စိတ်ဝိဉာဉ်ကျောက်တုံး ငါးသန်းတန်တယ်။"
"သွေးစက်ကုန်းမြေနဲ့ ပက်သတ်တဲ့ သတင်းအချက်အလက်တွေ ထပ်စုပေးနိုင်ရင် စိတ်ဝိဉာဉ်ကျောက်တုံး ဆယ်သန်းပေးမယ်။ သွေးကီရင်ကျောက်စိမ်းကိုသာ ရလာခဲ့ရင် ကောင်းကင်ဘုံခုံရုံးက စိတ်ဝိဉာဉ်ကျောက်တုံး သန်းငါးဆယ်ပေးပြီးကို ဝယ်မယ်ကွာ။"
အန်လင်းမှာ အသက်ပြင်းပြင်း ရှူလိုက်မိသည်။
လုံးဝမက်မောလောက်စရာ တန်ကြေးပဲ........
ကောင်းကင်အရှင်သခင်၏ တုံ့ပြန်ချက်အား ရှောင်ဇယ်နှင့် စုရှောင်လန်ကိုပါ ပြသလိုက်သည်။
၎င်းတို့နှစ်ဦးလုံးလည်း စိတ်ဝင်စားသွားကြသည်။
သွေးစက်ကုန်းမြေထဲ ဝင်သွားရုံနှင့်ပင် စိတ်ဝိဉာဉ်ကျောက်တုံး ဆယ်သန်း ရရှိနိုင်သောကြောင့် အမှန်တကယ် ကောင်းမွန်လွန်းသည့် မက်လုံးပင်။
အန်လင်း တစ်ချက်မျှတွေးကာ ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်အား ကြည့်ရှုလိုက်သည်။
"မဟာလင်းနို့ဧကရာဇ်က သွေးကီရင်ကျောက်စိမ်းကို အရမ်းလိုချင်နေတာဆိုတော့ သွေးစက်ကုန်းမြေ အပေါက်ဝမှာ ရှိနေမှာလား။"
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင် ခေါင်းခါပြလာသည်။
"မဟာလင်းနို့ဧကရာဇ်က တခြားဧကရာဇ်တွေကို အံ့ဖွယ်ကောင်းကင်သားရဲတောင်တန်းမှာ ထိန်းထားရတာနဲ့တင် တော်တော်အလုပ်များနေတယ်။ မဟာလင်းနို့ဧကရာဇ်က တခြားဟင်းလင်းပြင်သို့အပြန်အဆင့်ကျင့်ကြံသူ သုံးယောက်နဲ့အတူ အံ့ဖွယ်တောင်တန်းရဲ့ အစွမ်းတွေယူပြီး တခြားဧကရာဇ်တွေကို စောင့်ကြည့်ဖို့အတွက် အံ့ဖွယ်အာရုံစွမ်းတိုးအောင် လုပ်နေရတယ်။"
"လမ်းကို စောင့်ကြပ်မယ့် သားရဲမျိုးနွယ်စုကတော့ မဟာလင်းနို့ဧကရာဇ်ရဲ့ လူယုံတော် အိပ်မက်ဆိုးရွံ့လူသားပေါ့။ သူက ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်လေ။ သွေးကီရင်ကျောက်စိမ်းကို ရှာဖို့အတွက် ရောက်လာသမျှ သားရဲတွေရဲ့ သိုလှောင်ရတနာတွေကို စစ်ဆေးလိမ့်မယ်။"
"သွေးကီရင်ကျောက်စိမ်း မပါတဲ့သူ မှန်သမျှ ထွက်ခွင့်ရမှာပေါ့။"
အန်လင်း မေးမြန်းလိုက်သည်။
"ဟုတ်တယ်။ ပြီးတော့ တခြားရတနာ တွေ့ခဲ့ရင်လည်း တန်ဖိုးတူတဲ့ တစ်ခုခုနဲ့ လဲလိမ့်မယ်။"
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင် တုံ့ပြန်လာသည်။
အန်လင်းမှာ ကြိုးစားကြည့်သင့်သည်ဟု တွေးမိလိုက်သည်။
မဟာလင်းနို့ဧကရာဇ်သာ မသိပါက မည်သည့်ပြဿနာမှ မရှိလောက်ပေ။
အန်လင်း ရှောင်ဇယ်အားကြည့်ကာ ပြောလိုက်သည်။
"ရှောင်လေး..... ငါရော၊ ရှောင်လန်ရော ပါတယ်ဆိုရင် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ကျင့်ကြံသူဆီက မင်းလွတ်နိုင်ပါ့မလား။"
"ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်ရဲ့ အထွဋ်အထိပ်ကို ရောက်မနေရင် လွတ်နိုင်ခြေ ငါးဆယ်ရာခိုင်နှုန်း ရှိတယ်။ ကျွန်တော့်ရဲ့ လျှို့ဝှက်နည်းလမ်းနဲ့သာဆိုရင် ကိုးဆယ်ရာခိုင်နှုန်းပေါ့။"
အန်လင်း လက်ဖြောက်တီးကာ ဆုံးဖြတ်ချက် ချလိုက်တော့သည်။