← Chapters

မြေကမ္ဘာ အဆင့်ဇယား၏ အဆင့်တစ် ဆက်တိုက် ပြောင်းလဲခြင်း

Vol. 25 Ch. 337

မြေကမ္ဘာ အဆင့်ဇယား၏ အဆင့်တစ် ဆက်တိုက် ပြောင်းလဲခြင်း

Vol. 25 Ch. 337

မိုဝူကျီ ခန္ဓာအတွင်း ဝင်ရောက် လာသည့် မိုးကြိုးချက်များမှ လူသတ်ငွေ့များ အားလုံးကို တားဆီးလိုက်နိုင် သောအခါ သူက မြေပြင်ပေါ် မလှုပ်မယှက် ဖြစ်နေပြီ ဖြစ်ရာ မတ်တတ်မရပ် နိုင်တော့ချေ။

တစ်ခုတည်းသော ခံစားမိသည့် အရာမှာ အဆင့်မြင့် ဝိညာဉ် စွမ်းအားများ ဖြစ်ပြီး ထိုစွမ်းအားများဖြင့် မကျင့်ကြံ ဘဲနှင့်ပင် သူ့ကျင့်ကြံဆင့်က အရူးအမူး မြင့်တက်သွား ပေလိမ့်မည်။ တစ်ချိန်တည်းတွင် သူ့ကျိုးနေသော အရိုးများက မြန်မြန် ပြန်ကောင်း လာနေသည်။

ထိုအရာက စတုတ္ထမြောက် မိုးကြိုးကို ခံယူနိုင် လိုက်သည့် အကျိုး ကျေးဇူးများ ဖြစ်ကာ မိုဝူကျီက ထိုအခွင့်အရေးကို အသုံးချ၍ ဝိညာဉ်စွမ်းအား များကို စုပ်ယူလိုက် တော့သည်။ မိုးကြိုးမှ ဖြစ်ပေါ်လာသည့် ဝိညာဉ်စွမ်းအား များမှာ ကျန်းမိုနယ်မြေမှ ပတ်ဝန်းကျင်နှင့် လုံးဝ မယှဉ်နိုင်သော အရာဖြစ်၏။ ထိုသို့ ဝိညာဉ်စွမ်းအား များက သူ့ခန္ဓာကို သန့်စင်ပေး ရုံသာမက ချီသွေးကြော များကိုလည်း သန့်စင်ပေး၏။

အသက်ရှူကြိမ် ဆယ်ကြိမ် အကြာတွင် မိုဝူကျီက မတ်တတ်ရပ်ရုံမျှ ရပ်လိုက်သည်။ ငါးကြိမ်မြောက် မိုးကြိုးချက်က ကျရောက်လာ သော်လည်း သူ့ခန္ဓာတွင် အတားအဆီး အချုပ်အနှောင်မှ လွတ်မြောက် သွားသည့်အလား ခံစားလိုက် ရသည်။ သူ့ချီသွေးကြော များမှာ သဘာဝ စွမ်းအားများက မီးတောင် ပေါက်ကွဲလာသည့် အလား ထွက်ပေါ်လာသည်။

အားပြင်းသည့် ခံစားချက်တို့ ဖြစ်ပေါ်နေပြီး မိုဝူကျီ၏ စိတ်စွမ်းအား ထွက်ပေါ်လာကာ မိုင်တော်တော် များများအထိ လွှမ်းခြုံထား လေသည်။ ထိုစဉ် သူ့အသိ စိတ်ပင်လယ်မှာ ပြင်းပြင်းထန်ထန် ကြီးထွားလာနေပြီး သူ့ခရမ်း ရေကန်မှာလည်း ကျယ်ပြန့်လာ နေသည်။ ထိုအတွင်းမှ ခရမ်းစွမ်းအား များမှာလည်း သိပ်သည်း လာနေသည်။

ချီသွေးကြော ၁၀၅ ခုလုံးက ပြောင်းပြန် အဓိက လှည့်ပတ် နေကြပြီး သူ့ခွန်အားကို စက္ကန့်နှင့်အမျှ အဆများစွာ ခုန်ကာ တိုးပွားလာ စေသည်။

အခြားသော စစ်မှန်ခြင်း နတ်ဘုရား အဆင့်နှင့် မတူညီသည်က ကမ္ဘာဦး စိတ်ဝိညာဉ် မရှိခြင်း ဖြစ်သည်။ သို့သော် မိုဝူကျီက ခံစားချက် ပြင်းထန် နေလေ၏။ သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်မှ  စစ်မှန်ခြင်း နတ်ဘုရားအဆင့် ၁သို့ တက်လှမ်း သွားကြောင်း သိသည်။ ယခု သူ့အတွက် ကျင့်ကြံဆင့်ကို အခြေခိုင်မာ လာအောင် ပြုလုပ်ရမည့် အချိန်ဖြစ်သည်။ သူသာ အားကောင်း နေသရွေ့ ကမ္ဘာဦး စိတ်ဝိညာဉ် မရှိလဲ ကိစ္စမရှိပေ။

မိုဝူကျီက စွမ်းအားများ အံ့မခန်း တိုးပွားလာ ပြီးနောက် သူ့ခြေထောက် အောက်မှ ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးမှာ တစ်စစီ ကွဲကြေသွား လေသည်။

ငါးကြိမ်မြောက် မိုးကြိုးချက်မှာ စတုတ္ထ မြောက်ထက် အားမနည်းချေ။ မိုဝူကျီက ယခင်ကထက် အားကောင်း လာ၍သာ ဖြစ်သည်။ ထို့ကြောင့် သူက ခံနိုင်ရည် ရှိလာခြင်း ဖြစ်၏။

“ဘမ်း ဘမ်း ဘမ်း ”

မိုဝူကျီက ငါးကြိမ်မြောက် မိုးကြိုးကို ခံယူပြီးသည်နှင့် ခြောက်ကြိမ်မြောက် မိုးကြိုးချက်ကား ရောက်ရှိလာ လေသည်။ သို့သော် ထိုမိုးကြိုးချက်များက သူ့အတွက် အသက် အန္တရာယ် မဖြစ်စေတော့ပေ။ သူက တျန်းဂျီတုတ်နှင့် ကာဆီးဖို့ရာပင် စိတ်ထဲ မထားဘဲ ထိုစွမ်းအားများကို စုပ်ယူရန် ပြောင်းပြန် လှည့်ပတ်ခြင်း ကျင့်စဉ်ကိုသာ အာရုံစိက်ထား တော့သည်။

“ဂျွတ်”

ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးမှာ တစ်စစီ ဖြစ်သွားကာ အံ့ဖွယ် အရှိန်အဝါ တို့မှာလည်း မိုဝူကျီကို လှည့်ပတ် နေလေသည်။ ချက်ချင်း ဆိုသလို သူက မျက်လုံးကို မှိတ်ကာ ခြောက်ကြိမ်မြောက် မိုးကြိုးချက်ကို ထိရိုက်ခံယူ လိုက်သည်။ ထိုစဉ် သူက ယခင်ထက် ပိုမိုကျယ်ပြန့် လာသည့် ကမ္ဘာကြီးကို မြင်လိုက်ရသည်။

***

တစ်ချိန်တည်း ဆိုသလို ကိုးမိုမြို့ကွက်လပ်၌ အသက် ၁၂၊ ၁၃ နှစ် အရွယ် ကောင်မလေးက ကောင်းကင်၊ မြေကမ္ဘာနှင့် လူသားအဆင့် ဇယားတို့ကို မော့ကြည့်ရင်း ထူးဆန်းအံ့ဖွယ် တစ်ခုခုကို မြင်လိုက်ရသည့် အလား ပါးစပ် ဟောင်းလောင်း ဖြစ်နေသည်။

ကိုးမိုမြို့တွင် လူရှုပ်သော်လည်း အဆင့်ဇယား သုံးခုလုံး ရှိလာသည်မှာ ကြာလှပြီ ဖြစ်ရာ လူတော်တော် များများက မော့မကြည့်ဘဲ ဤအတိုင်းသာ လျှောက်သွား ကြသည်။ ထို့အပြင် လခြမ်းကွေး အင်မော်တယ် နန်းတော်က ပေါ်လာတော့မည် ဖြစ်သောကြောင့် ကိုးမိုမြို့သို့ ဖြတ်လာကြသည့် ကျင့်ကြံသူများက စူးရှလေ မြို့တော်မှ တစ်ဆင့် လောကခန်းမကို သွားကြသူများ ဖြစ်ကြသည်။

ထို့ကြောင့် ထိုအဆင့် ဇယားကြီး သုံးခုကို မည်သူက ဂရုစိုက် နေမည်နည်း။ ထို့အပြင် ထိုအဆင့်ဇယား သုံးခုလုံးကို လောကခန်းမ အတွင်း၌လည်း မြင်တွေ့နိုင် ပေသည်။

ထိုသို့ အဆင့်ဇယား သုံးခုလုံးကို ငေးကြည့် နေသည့်သူမှာ ကလေးမလေး တစ်ဦးတည်းသာ ဖြစ်၏။

“ချင်အာ ... သွားကြစို့။ ငါတို့တွေ စူးရှလေမြို့ကို အခုသွားကြမယ် ...”

အမျိုးသမီး နှစ်ယောက်က မနီးမဝေးမှ ရောက်လာကြသည်။ တစ်ယောက်မှာ မြင့်မြတ်သည့် နိုဘယ် အရှိန်အဝါတွေနှင့် မိန်းမပျိုလေး ဖြစ်ပြီး နောက်တစ်ယောက်မှာ မိန်းမငယ်လေး တစ်ဦး ဖြစ်၏။

မိန်းမငယ်လေးက အစိမ်းရောင် ဝတ်ထားပြီး သူမ ကောက်ကြောင်းမှာ ထင်းနေလေသည်။ သူမဆံပင်ကို ပန်းတချို့ဖြင့် တန်ဆာဆင် ထားသည့်အတွက် ရနံ့သင်းသင်းလေး ထွက်ပေါ်နေသည်။ သူမ၏ ကြွေထည် လည်ပင်းလေးမှာ လူများစွာ၏ အကြည့်များကို ဆွဲဆောင်နိုင်စွမ်း ရှိပြီး မျက်နှာ လှလှလေးကို မြင်လိုက်မိသည်နှင့် အတည်ငြိမ်ဆုံး ကျင့်ကြံသူပင် ထိန်းချုပ်မရ ပြုမူသွားပေ လိမ့်မည်။

ဘယ်လောက်တောင် စင်းလုံး ချောလှတဲ့ အလှလေးလဲ ...

“ဆရာ၊ အစ်ရှီယွဲ့ ညီမ ဘာမြင်လိုက်တာလဲ ဆိုတာ သိရဲ့လား။ မြေကမ္ဘာ အဆင့်ဇယားရဲ့ အဆင့်တစ်က ... အဆင့်တစ်ကလေ ... ”

ချင်အာ အမည်ရှိသော ကလေးမလေးက ရေရွတ်လိုက်သည်။

“ဟမ် ... အဆင့်တစ်က လီရှို့ရန် မဟုတ်ဘဲ လိန်ဟုန်ကျီ ဖြစ်နေပါ့လား။ အဲဒီလူက ဘယ်သူများလဲ။ တစ်ခါမှ မကြားဖူးပါ့လား...”

နိုဘယ် အရှိန်အဝါနှင့် အမျိုးသမီးက အံ့ဩတကြီး ပြောလိုက်သည်။

မိန်းမလှလေးက စိတ်လှုပ်ရှားစွာ ဝင်ပြောလိုက်သည် ။

“ဆရာ ...တပည့် ကြားတာတော့ လိန်ဟုန်ကျီက ပျောက်ဆုံး နယ်မြေက ရောက်လာတာတဲ့။ သူက လောကအဆင့် ဇယားဝင်သူ တစ်ဦးပဲ အဆင့်တောင် ၇၀၀၀ လောက် ရောက်နေပြီ ... ”

နိဘယ် အမျိုးသမီးက ခေါင်းညိတ်ပြရင်း သူမ မျက်လုံးတို့မှာ မီးတောက် နေသည့်အလား။

“ ရှီယွဲ့  ... အခု လိန်ဟုန်ကျီက ဘယ်လက်အောက် ကလဲ သိလား ... ”

အဖြူရောင် ဝတ်စုံနှင့် မိန်းကလေးက ပြန်ဖြေလိုက်သည် ။

“သူက ကြယ်တာရာ ဘုရင်တောင်က ကြယ်တာရာ သခင်ရဲ့ သင်ပြမှု အောက်မှာလို့ ကြားထားတယ်၊ သူ့မှာ လျှပ်စီး ဝိညာဉ်ကြော ပိုင်တယ်။ အဲဒါကြောင့် သူ့ကျင့်ကြံဆင့်က အတော်လေး မြန်တယ် ... ”

“ကောင်းတယ် ... ကောင်းတယ် …”

နိုဘယ် အမျိုးသမီးက ပြုံးကာ ထပ်ပြောလိုက်သည် ။

“အစပိုင်းတုန်းက ငါလည်း မင်းတို့နဲ့ လီရှို့ရန်ကို မိတ်ဆက် ပေးချင်ပေမဲ့ အဲဒီလူအိုကြီး ဝူရှန်းက အပြောအဆိုက အဆင်မပြေဘူး။ ပြီးတော့ လီရှို့ရန်ကလည်း တော်တော် မောက်မာတယ်။ အခု သူက မြေကမ္ဘာအဆင့် ဇယားမှာ မရှိမှတော့ စစ်မှန်ခြင်း နတ်ဘုရားအဆင့် တက်လှမ်း သွားတာပဲ ဖြစ်ရမယ်။ ဒီလိန်ဟုန်ကျီလည်း မြေကမ္ဘာ အဆင့်ဇယားရဲ့ အဆင့် ၁ ဖြစ်လာတယ် ဆိုတော့ မဆိုးဘူးပဲ။ တော်တော်လေး တော်တယ် ... ”

“ဆရာ ...”

အဖြူရောင် ဝတ်စုံနှင့် မိန်းမငယ်လေးက နိုဘယ် အမျိုးသမီး စကားများကို ကြားလိုက် ပြီးနောက် ချက်ချင်း ကန့်ကွက် လိုက်သည်။

မိန်းမငယ်လေး လက်ကို ပုတ်ကာ နိုဘယ် အမျိုးသမီးက ထပ်ပြောလိုက်သည် ။

“ဆရာ့စကား နားထောင် ... ထျန်းချီ အိမ်တော်ရဲ့ အမျိုးသမီးတွေ အနေနဲ့ အတော်ဆုံး အမျိုးသား တွေကိုပဲ ထိမ်းမြှားသင့်တယ် ... ”

“မဟုတ် ... မဟုတ်သေးဘူး ...”

ဘေးမှ မိန်းမငယ်လေးက လက်ကို ခါရင်း ကျယ်ကျယ် လောင်လောင် ဝင်ပြောလိုက်သည်။

“ချင်အာ …  နင် ဘာပြောချင်တာလဲ ... ”

နိုဘယ် အမျိုးသမီးက မိန်းမငယ်လေးကို ကြည့်ကာ နားမလည်၍ မေးလိုက်သည်။

“တပည့် ပြောတာက အဆင့်တစ်က လိန်ဟုန်ကျီ မဟုတ်ဘဲ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က အရင် ဖြစ်လာတာ။ ဒါပေမဲ့ သူ့နာမည်က သိပ်မကြာခင်ပဲ ပျောက်ကွယ် သွားတယ်။ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ နာမည် တက်မလာခင်က လီရှို့ရန်က အဆင့်တစ်ပဲ ... ”

မိန်းမငယ်လေးက မြန်မြန် ရှင်းပြလိုက်သည်။

သူမ စကားအဆုံး၌ မပြီးပြည့်စုံ သေးကြောင်း ခံစားမိ၍ ထပ်ပြောလိုက်သည် ။

“ပြောချင်တာက မြေကမ္ဘာ အဆင့်ဇယားရဲ့ အဆင့် ၁က လေးကြိမ် ဆက်တိုက် ပြောင်းလဲခဲ့တာ ... ”

“ဘာတွေ ဖြစ်နေတာလဲ။ ချင်အာ ဘာတွေ ပြောနေတာလဲ ...”

နိုဘယ် အမျိုးသမီးက မျက်မှောင် ကြုတ်ကာ မေးလိုက်သည်။

သူမက ဤတပည့်ကို အနှစ်သက်ဆုံး ဖြစ်သော်လည်း ဘာကြောင့် ဒီမိန်းကလေး၏ စကားလုံးများက စိတ်ရှပ်ထွေး စေသနည်း။ သူမက  ကိုးမိုမြို့တော် ရဲတိုက်သို့ သွားမည့်လမ်းတွင်  ဈေးဝယ် ထွက်ဖို့ရာ ကြံရွယ်ထား ခဲ့သည်။ သို့သော်လည်း ချင်အာက ကိုးမိုမြို့၏ အဆင့်ဇယား သုံးခုကို တွေ့မြင်ချင်သည့် အတွက် ချင်အာကို သူမ စိတ်ကြိုက် လုပ်စေရန် ခွင့်ပြုပေးခဲ့သည်။

သူမ ပြန်ရောက်လာသည့်အခါ ချင်အာက ဘာကြောင့် အဓိပ္ပာယ်မရှိ လျှောက်ရေရွတ် နေသနည်း။

ဘေးမှ မိန်းမလှလေးက မိန်းမငယ်လေး လက်ကို ဆွဲကာ မေးလိုက်သည်။

“ဂျုနီယာ ညီမလေး ချင်အာ ... အလျင်မလိုနဲ့ ဖြည်းဖြည်းချင်း ရှင်းပြ ဟုတ်ပြီလား ... ”

ထိုစဉ် ချင်အာက စိတ်ကို တည်တည်ငြိမ်ငြိမ် ထားကာ လေသံကို လျှော့၍ ပြောလိုက်သည်။

“ဆရာ၊ အစ်မ ရှီယွဲ့ ... ကျွန်မ ရောက်လာတုန်းက မြေကမ္ဘာ အဆင့်ဇယားက အဆင့် ၁ က လီရှို့ရန်ပဲ။ ဒါပေမဲ့ သိပ်မကြာခင်မှာ လီရှို့ရန် နာမည် ပျောက်ကွယ်သွားပြီး နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဆိုတဲ့ နာမည်က အစားထိုး ဝင်ရောက်လာတယ်။

တစ်နာရီ အကြာကျ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ နာမည်က ပျောက်သွား ပြီးတော့ ဝမ်အာလို့ ခေါ်တဲ့ သူ တက်လာတယ် ... ”

ထိုစဉ် ချင်အာက သူမ ဆရာမှာ ဝမ်အာကို မသိကြောင်း တွေးမိ၍ ထပ်ရှင်းပြ လိုက်သည် ။

“ဝမ်အာက မြေကမ္ဘာ အဆင့်ဇယားမှာ နဂိုက အဆင့် ၂လေ။ သူက အဆင့် ၁ ကို ခဏလေး ဖြစ်ပြီးတော့ အမွှေးတိုင် တစ်ဝက်လောက် အကြာကျ သူ့နာမည်လည်း ပျောက်သွားတယ်။ ပြီးတော့ လိန်ဟုန်ကျီ ဖြစ်လာတာ။ အစက ဟန်ယုမူက အဆင့်နှစ်လေ။ အခု သူမက အဆင့် ၂ ...”

နောက်ဆုံးတွင် သူတို့ နှစ်ယောက်လုံးက ချင်အာ ဆိုလိုရင်းကို နားလည် သွားကြပြီး တစ်ယောက်နှင့် တစ်ယောက် မယုံနိုင်စွာ ကြည့်လိုက် ကြသည်။

“လောကခန်းမကို မြန်မြန် သွားကြစို့ ... ”

တိုက်ဆိုင်ဖို့ရာ အထိ အလွန် ထူးဆန်းလှရာ နိုဘယ် အမျိုးသမီးက ချင်အာသည် သူမကို လိမ်မည် မဟုတ်ကြောင်း သိ၏။

***

လောကခန်းမ တိုက်ပွဲစင်မြင့် စိန်ခေါ်ပွဲ၌ လိန်ဟုန်ကျီမှာ ဒဏ်ရာ အနည်းငယ်ဖြင့် အလယ်တွင် မတ်မတ် ရပ်နေလေသည်။ ဝမ်အာ၏ အလောင်းမှာ လိန်ဟုန်ကျီ ခြေရင်း ရှိနေလေသည်။ သူက ကြယ်တာရာ ဘုရင်တောင်မှ တပည့် မဟုတ်သော်လည်း သူက  အများ အားကျရသည့် အဆင့်အတန်း မြေကမ္ဘာ အဆင့်ဇယားမှ အဆင့် ၂ ဖြစ်ပေသည်။

ထို့နောက် သူက မြေကမ္ဘာ အဆင့်ဇယားမှ အဆင့် ၂ ကို စိမ်ခေါ်ကာ သတ်ပစ်ခဲ့သည်။ နောက်ပိုင်း၌ ဝမ်အာက အရှုံးပေး သော်လည်း လိန်ဟုန်ကျီက အညှာတာမရှိ သတ်ပစ်ခဲ့၏။ သူ့မျက်လုံးထဲ၌ အားကြီးသူကသာ ကြီးစိုးရမည် ဖြစ်သည်။ သူ့လမ်းတွင် ပိတ်နေသူ အားလုံးကို ချွင်းချက်မရှိ အကုန် ရှင်းပစ်မည်။

သူ့နောက်တစ်ဆင့်မှာ လီရှို့ရန်ကို စိမ်ခေါ်ရန် ဖြစ်သည်။ သူသာ အဆင့် ၁ တက်ရောက် နိုင်သည်နှင့် ချက်ချင်း ဆိုသလို စစ်မှန်ခြင်း နတ်ဘုရားအဆင့် တက်လှမ်းရမည်။

ဝမ်အာ အသတ်ခံလိုက် ရပြီးနောက် ပရိတ်သတ်များ၏ ဟစ်ကြွေး သံများနှင့် ပြည့်သွားလေသည်။ ဤနေရာ၌ အနိုင်ရသူသာ ရှိပြီး ရှုံးနိမ့်သူ မရှိပေ။

“တော်တော် အားကောင်း ပြီးတော့ တော်တော်လည်း ငယ်သေးတယ်။ အဲဒါတောင် သူက မြေကမ္ဘာ အဆင့်ဇယားရဲ့ အဆင့် ၂ ထိ ရောက်သွားပြီ  ... သူက ဒုတိယ လီရှိုရန်ပဲ ... ပြီးတော့ သူက လောက အဆင့်ဇယားမှာ ၂၁၄ ရောက်နေပြီ။ ဒီလူက ကြယ်တာရာ ဘုရင်တောင်ရဲ့ နောက်ခေါင်းဆောင် ဖြစ်လာမှာ ကိုတောင် စိုးထိတ်မိပါ့ ... ”

“အတည်မပြု ရသေးပါဘူး။ ပြီးတော့ ငါသာ မမှားရင် ကြယ်တာရာ ဘုရင်တောင်ရဲ့ နောက်ခေါင်းဆောင်ကို မျိုးနွယ်စုကြီး သုံးခုထဲက ရွေးချယ်မှာတဲ့ ... ”

“လိန်ဟုန်ကျီနဲ့ လီရှို့ရန်တို့ ရင်ဆိုင်တွေ့ရင် ရလဒ် ဘယ်လို ဖြစ်လာမယ်ဆိုတာ ဘယ်သူသိမှာလဲ ”

“လိန်ဟုန်ကျီက အားကောင်းပေမဲ့ လီရှို့ရန်ကိုတော့ မမှီသေးဘူး။ လီရှို့ရန်က ကြယ်တာရာ ဘုရင်တောင်မှာ ဆယ်စုနှစ်အတွင်း အထူးချွှန်ဆုံး လူဆိုတာ သိသင့်တယ်။ အဲဒါကြောင့် သူက လီရှို့ရန် ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူးလို့ ယုံတယ် ... ”

လူအုပ်ကြီးက အမျိုးမျိုး ဆွေးနွေးနေစဉ် လိန်ဟုန်ကျီက စိန်ခေါ်စင်မြင့်မှ ဖြည်းဖြည်းချင်း ဆင်းလာလေသည်။ တခြားသူများ၏ မှတ်ချက်က မည်သို့ ဖြစ်နေစေကာမူ သူ့အပေါ် သက်ရောက်မှု မရှိပေ။ သူ ဂရုစိုက်သည့် တစ်ခုတည်းသော အရာမှာ သူ့ကျင့်ကြံဆင့်က မည်သို့ ဖြစ်နေပါစေ ထိပ်ဆုံးတွင် ရပ်တည်ဖို့ ဖြစ်၏။ တစ်ရက်ကျ လီရှို့ရန်မှာ သူ့ခြေရင်း၌ အလောင်း ဖြစ်လာလိမ့်မည်။ ထိုအရာက အခြားသူများက လက်ခံယုံကြည် လာစေဖို့ရာ စကားလုံးများထက် ပိုမိုကောင်း လေသည်။

“မြေကမ္ဘာ အဆင့်ဇယား အဆင့် ၁ က လိန်ဟုန်ကျီတဲ့ ... အခုလေးတင် သတင်း ရောက်လာတာ ... ”

“ငါ ထင်ထားတဲ့အတိုင်း လီရှို့ရန်က ကောင်းကင် နယ်ပယ်ကို တက်လှမ်း သွားပြီကိုး ... နှမြောစရာပဲ ငါတို့တွေ လိန်ဟုန်ကျီနဲ့ လီရှို့ရန်ကြားက တိုက်ပွဲကို မကြည့်ရတော့ဘူး ... ”

***

မိုဝူကျီက မျက်လုံးကို ပိတ်ကာ စိတ်စွမ်းအားကို ပြန်ရုပ်သိမ်း လိုက်သည်။ သူ့နဖူး  တစ်မီတာ ပတ်လည် တုန်လှုပ်နေသည့် စွမ်းအားများက စိတ်ဝိညာဉ် မျက်လုံး ဖြစ်ပေါ်လာ၏။ ထိုစိတ်ဝိညာဉ် မျက်လုံးမှာ အချိန်နှင့် အာကာသ၏ ဗလာနတ္ထိကို ကျော်လွန်နေပုံ ပေါ်သည်။ အာကာသ၏ နောက်ခံပင် ဝေဝေဝါးဝါး ဖြစ်နေသော်လည်း မြင်နေရသည်။

မူးဝေလာ ပြီးနောက် မိုဝူကျီက ထိုအတွေးများကို ပြန်ရုပ်သိမ်း လိုက်သည်နှင့် စိတ်ဝိညာဉ် မျက်လုံးလည်း ပျောက်ကွယ် သွားလေသည်။

မိုဝူကျီကတွင် ပြောစရာ ဘာမျှ မရှိချေ။ စစ်မှန်ခြင်း နတ်ဘုရား အဆင့်ကို တက်လှမ်း နိုင်သည်က ကျေနပ်စရာ ကောင်းသော်လည်း သူ မျှော်လင့်ချက် တစ်ဆုံး ထားထားသည့် ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးမှ သူ့အား လျှို့ဝှက်ပညာရပ် သင်ပြသွားသည်ကို မည်သူက သိမည်နည်း။

***

All Chapters