← Chapters

ဝဲဂယက်ထဲခုန်ဆင်းခြင်း

Vol. 56 Ch. 787

ဝဲဂယက်ထဲခုန်ဆင်းခြင်း

Vol. 56 Ch. 787

"သခင်....... အဲ့ကိုသွားရင် သေချာဂရုစိုက်မှရမယ်။ တချို့နေရာတွေက ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူတွေအတွက်တောင် အန္တရာယ် များလွန်းတယ်။"

ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်သည် လေဝဲတစ်ခုအား ပြုလုပ်နေရင်း စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။

"စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် သားရဲတွေ အေးအေးဆေးဆေးပဲ ပြန်လာကြတယ် မဟုတ်ဘူးလား။"

အန်လင်းမှာ ဂရုပင် စိုက်ပုံမရပေ။

ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင် လေးလေးနက်နက် စကားဆိုလာသည်။

"အဲ့ဒါက သူတို့ကံကောင်းလို့လေ။"

"သခင်......အထဲက ကမ္ဘာက တကယ်ခန့်မှန်းရခက်လွန်းတယ်။ စိတ်ဝိဉာဉ်ကို မထိခိုက်စေဘူး ဆိုရင်တောင် အန္တရာယ်တွေ ပြည့်နေတာတော့ အမှန်ပဲ။ ပြီးတော့ ဝင်ပေါက်နဲ့ ထွက်ပေါက်က နေရာတူမှာ မဟုတ်ဘူး။"

"အမြဲတမ်း သွေးကြယ်စင်ရဲ့ ဆန့်ကျင်ဘက်အရပ်မှာပဲနေနော်။ အဲ့ဒါက ထွက်ပေါက်ပဲ။ အနက်ရောင်အလုံးကို တွေ့ရင်လည်း......."

ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်မှာ စကားအရှည်ကြီးများပြောကာ မပြီးနိုင် အရီးမြိုင် လုပ်နေသည်။ ၎င်း၏စကားသံသည် နားဝင်ပီယံ ရှိလွန်းလှပါသော်လည်း စိတ်ရှုပ်စရာ ကောင်းလာသည်။

အန်လင်းမှာ အနည်းငယ်ပင် ဦးနှောက်ခြောက်လာမိသည်။

ဒီကောင်က အင်မော်တယ်သားရဲ ဖြစ်နေပေမယ့် တော်တော်ကို သူရဲဘောကြောင်ပြီး တခြားသားရဲတွေနဲ့ တကယ်မတူတာပဲ....... သားရဲဆိုတာ စကားနည်းပြီး အတိုက်အခိုက်များတဲ့ကောင်တွေ မဟုတ်ဘူးလား....... ဒင်းကြမှ ပြောင်းပြန်ဇောက်ထီးတွေ ဖြစ်နေရတာလဲ...........

ခရက်........

လေဟာနယ် ဝဲဂယက်တစ်ခု စတင်ဖြစ်ပေါ်လာသည်။

အန်လင်း၊ စုရှောင်လန်၊ ရှောင်ဇယ်နှင့် ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်တို့မှာ ညှို့မှိုင်းခြောက်သွေ့သော နေရာတစ်ခုသို့ ရောက်ရှိသွားလေသည်။

"ဟမ်...... ဒီနေရာက ချိုင့်ဝှမ်းဒေသလား။"

အန်လင်း အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

"ဘယ်လို ချိုင့်ဝှမ်းဒေသက ဒီလောက်မတ်စောက်တဲ့ ကျောက်တုံးမျက်ခွက်တွေ ပြည့်နေမှာလဲ။"

စုရှောင်လန် မျက်စောင်းထိုးလိုက်သည်။

အန်လင်း ကြောင်တောင်တောင်ဖြစ်ကာ ခေါင်းကုတ်လိုက်မိသည်။ ယခု ရောက်ရှိလာသော နေရာသည် ဧရာမ တူကြီးတစ်ခုနှင့် ထုနှက်ထားသလို မြေအောက်ထဲ ချိုင့်ဝင်နေပြီး ဘေးပတ်ပတ်လည်တွင်ရှိသော ကျောက်တုံးကျောက်ဆောင်များမှာ မျက်နှာအသွင်များ ဖြစ်နေကြသည်။

၎င်းတို့သည် အနောက်ဘက်တွင် ရှိနေသော ကျောက်မျက်နှာကြီးအား မြင်ရပါသော်လည်း အခြားကျောက်မျက်နှာ သုံးခုမှာ ဝေးကွာလွန်းလှသဖြင့် ရှင်းလင်းသဲကွဲစွာ မမြင်တွေ့ရပေ။ ထိုမျက်နှာများအား ဝိုးတဝါးသာ တွေ့နိုင်သည်။ ကျောက်မျက်နှာကြီးများသည် တစ်ကီလိုမီတာနီးပါးမျှရှိပြီး ဝေဝေဝါးဝါးသာ လှမ်းမြင်နိုင်ခြင်းမှာ ဤနေရာ၏ အကျယ်အဝန်းကြောင့် ဖြစ်သည်။

"ဒီမြေက အရမ်းနိမ့်လွန်းတယ်။ မန္တာန်တစ်ခုခုကြောင့် ဖြစ်သွားတာနဲ့ မတူဘူး။ သဘာဝအရလို့ ပြောဖို့ကတော့ ပိုတောင်ဆိုးသေးတယ်။"

ရှောင်ဇယ် အံ့အားသင့်နေသည်။

ထို့နောက် ၎င်းတို့သုံးဦးလုံး ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်အား ကြည့်ရှုလိုက်ကြသည်။

ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်မှာ ဖြည်းညင်းစွာ ရှင်းပြလာသည်။

"ယုံလား၊ မယုံလား မသိပေမယ့် တကယ်ကို သဘာဝအတိုင်းပဲ ဖြစ်နေတာပါ။ ဒီနေရာက ကောင်းကင်နဲ့မြေပြင်ကို ပန်ကု ဖန်ဆင်းကတည်းက ရှိနေတဲ့ သားရဲမျိုးနွယ်စုတွေရဲ့ ကောင်းကင်ချိုင့်ဝှမ်းပဲ။"

အားလုံး : "............."

ထိုသည်မှာ မသင့်လျော်သော အကြောင်းပြချက်ဖြစ်ကာ အတင်းအကြပ် ယုံကြည်ခိုင်းသည်နှင့် ဆင်တူနေပါသော်လည်း ပြန်လည်ချေပစရာ မရှိနေပေ။

"သခင်လေး ရှောင်ဇယ်က ဒီနေရာမှာပဲ နေခဲ့သင့်တယ်။ ဒီနေရာက အိပ်မက်ဆိုးရွံ့လူသားနဲ့ သုံးရာကီလိုမီတာကျော်လောက်ဝေးတယ်။ အဲ့ထက်ပိုနီးလာရင် သခင်လေးရဲ့ တည်ရှိမှုကို အာရုံခံမိသွားနိုင်တယ်။"

ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင် စကားဆိုလိုက်သည်။

ရှောင်ဇယ် ငြင်းပယ်ခြင်း မရှိပေ။ ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ကျင့်ကြံသူများသည် အံ့ဖွယ်အာရုံ လွန်စွာကောင်းမွန်သောကြောင့် မဆင်မခြင် လှုပ်ရှားလိုက်ခြင်းက စွန့်စားလွန်းရာ ကျပေလိမ့်မည်။

အန်လင်းနှင့် စုရှောင်လန်တို့မှာမူ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများသာ ဖြစ်သောကြောင့် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် သားရဲများအဖြစ် ဟန်ဆောင်သွားနိုင်သည်။ အိပ်မက်ဆိုးရွံ့လူသားသည် ကျင့်ကြံရေး အရှိန်အဝါများကို အာရုံခံနိုင်ပါသော်လည်း အံ့ဖွယ်အာရုံအား တစ်နေရာတည်းတွင် စူးစိုက်ထားမှသာ မျိုးနွယ်စုကို သိရှိနိုင်ပေလိမ့်မည်။

ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်သည် အန်လင်းနှင့် စုရှောင်လန်တို့အား ဦးဆောင်ကာ ကောင်းကင်ချိုင့်ဝှမ်း၏ ဗဟိုဒေသသို့ သွားလိုက်သည်။

လမ်းတလျှောက်တွင် ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်မှာ အခြားသော ဟင်းလင်းပြင်သို့အပြန်အဆင့် သားရဲနှင့် တွေ့ဆုံလိုက်သေးသည်။ ထိုသည်မှာ ခန္ဓာကိုယ် တစ်ခုလုံး အပြာရောင်မီးလျှံများ လောင်ကျွမ်းနေသည့် သိမ်းငှက်တစ်ကောင်ဖြစ်ပြီး ၎င်း၏နောက်တွင် တစ်ရာနီးပါးမျှသော သားရဲများ လိုက်ပါလာသည်။

"ရို့...... ကျောက်စိမ်းအရိုးသွယ်...... မင်းမှာဘာလို့ နှစ်ကောင်ပဲ ရှိနေတာလဲ။"

မီးလျှံသိမ်းငှက် လှမ်းနှုတ်ဆက်လိုက်သည်။

"ပြောမပြောချင်တော့ပါဘူးကွာ။"

ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင် သက်ပြင်းချလိုက်သည်။

"အဲ့သားရဲတွေက လုံးဝနာခံမှု မရှိလို့ ငါသတ်လိုက်တာသေရော။ ဒီမစ်နာတော နှစ်ကောင်တောင်မှ ငါဖိအားပေးပြီး ခေါ်လာရတာ။"

"ဟားဟားဟား..... အိပ်မက်ဆိုးရွံ့လူသားကတော့ မင်းကိုတင်းနေတော့မှာပဲ။"

မီးလျှံသိမ်းငှက် ရယ်မောလိုက်သည်။

၎င်းသည်  သားရဲများအားလုံးအား ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်မှ သတ်ပစ်လိုက်သည်ကို အထူးအဆန်း မဖြစ်မိပေ။ သို့သော် ထိုလုပ်ရပ်သည် အမှန်တကယ် ရူးမိုက်လွန်းလှသည်။

ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်မှာ အနည်းငယ် တွေဝေနေဟန်ဖြင့် စိတ်ဝိဉာဉ်ကျောက်တုံး တစ်အိတ်အား မီးလျှံသိမ်းငှက်ထံ ပစ်ပေးလိုက်သည်။

"ငါ့ရဲ့ မစ်နာတော နှစ်ကောင်ကိုပါ မင်းအဖွဲ့ထဲ ပေးဝင်လိုက်ပါလား။ ငါတို့ မဟာမိတ်ပုံစံ လုပ်လို့ရတာပေါ့။"

မီးလျှံသိမ်းငှက်မှာ အိတ်အားစစ်ဆေးလိုက်ပြီးနောက် စိတ်ဝိဉာဉ်ကျောက်တုံး တစ်သိန်းအားတွေ့ကာ ကျေနပ်သွားသည်။

"ကိစ္စမရှိပါဘူး။ အချင်းချင်းတွေပဲကွာ....ကူညီပေးရမှာပေါ့။ မင်းကို အကောင်နှစ်ဆယ် မျှလိုက်မယ်။"

အိပ်မက်ဆိုးရွံ့လူသားသည် ခေါ်ဆောင်လာသမျှ သားရဲများအားလုံးကို စစ်ဆေးနေမည် မဟုတ်ပဲ အရေအတွက်ကိုသာ မှတ်တမ်းတင်ထားမည် ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့သည်လည်း ခေါ်ဆောင်လာသော အရေအတွက်အား ပြောပြလိုက်ရုံသာ။

အန်လင်းနှင့် စုရှောင်လန်မှာလည်း သားရဲအုပ်ထဲသို့ အောင်အောင်မြင်မြင် ရောနှောဝင်ရောက်လိုက်နိုင်သည်။

မကြာမီမှာပင် ၎င်းတို့မှာ ကြီးမားလှသော ဝဲဂယက်ရှေ့ ရောက်ရှိလာကြသည်။

ထိုသည်မှာ သာမန်လမ်းတစ်ခု သို့မဟုတ် ဂိတ်တံခါးတစ်ခု မဟုတ်ပဲ အလွန်တရာ ကြီးမားလှသော သွေးနီရောင် ဝဲဂယက်ကြီးပင်။

ငါတို့က ဒီထဲခုန်ချရမှာလား.......

အန်လင်းမှာ ဝဲဂယက်ကြီးအားကြည့်ကာ တံထွေးမြိုချလိုက်မိသည်။

သွေးနီရောင် ဝဲဂယက်ကြီးသည် အချင်း ဆယ်ကီလိုမီတာမျှ ရှိသည်။ ဝဲဂယက် တစ်ခုလုံး နီရဲနေပြီး အလယ်သို့ရောက်လေ မည်းနက်လာလေဖြစ်ကာ ဗဟိုနေရာသည် အမည်းရောင် အတိဖုံးနေသည်။

ထိုသည်မှာ ရက်စက်ခြင်းများ ဖုံးလွှမ်းနေသော ပါးစပ်ကြီးတစ်ခုနှင့် ဆင်တူသည်။

"သခင်ကြီး အိပ်မက်ဆိုး..... ကျွန်တော် သားရဲ ခုနစ်ဆယ့်နှစ်ကောင် ခေါ်လာပါတယ်။"

မီးလျှံသိမ်းငှက်မှာ မြူခိုးနက်များ ဝေ့ဝဲနေသည့် လူပုံစံ သတ္တဝါအား လေးလေးစားစား စကားဆိုလိုက်သည်။

"သခင်ကြီး အိပ်မက်ဆိုး...... ကျွန်တော်ကတော့ သားရဲ နှစ်ဆယ့်နှစ်ကောင် ခေါ်ဆောင်လာပါတယ်။"

ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်သည်လည်း အရိုအသေပေးကာ သတင်းပို့လိုက်သည်။

မြူခိုးနက်များ ဝေ့ဝဲနေသော လူအသွင် သတ္တဝါတွင် မျက်ဝန်းဟု ထင်မှတ်ရသည့် အပြာရောင်တောက်တောက် အလင်းလုံးနှစ်ခု ရှိနေသည်။ ထိုသူသည် တစ်ချက်မျှကြည့်ကာ ခေါင်းညိတ်ပြလာသည်။

"မင်းတို့က ဆယ့်ရှစ်ဖွဲ့မြောက်နဲ့ ဆယ့်ကိုးဖွဲ့မြောက်ပဲ။ သားရဲမျိုးနွယ်စု သူရဲကောင်းတွေ ကြိုးစားထားကြ။ အဲ့နေရာမှာ မင်းတို့လိုချင်သမျှ အားလုံးရလိမ့်မယ်။ အားလုံး ကံကောင်းပါစေကွာ။"

အိပ်မက်ဆိုးရွံ့လူသားမှာ လက်တစ်ချက် ဝေ့ရမ်းလိုက်သည်နှင့် ဝဲဂယက်အစွန်းနှင့် ဗဟိုထိ ဆက်သွယ်ပေးထားသော မဟူရာ တံတားတစ်စင်း ဖြစ်ပေါ်လာသည်။

ယီးထဲမှ...... တကယ်ပဲ ခုန်ချရမှာလားဟ.......

အန်လင်းမှာ ရွေးချယ်စရာ မရှိပဲ အံကြိတ်ထားလိုက်ရသည်။

ထိုသို့ဖြင့် သားရဲအုပ်ကြီးနှင့်အတူ တံတားအဆုံးသို့ ရောက်ရှိလာလေသည်။

အရာအားလုံးမှာ အလွန်ပင် တိတ်ဆိတ်နေသည်။ ကြီးမားလှသော ဝဲဂယက်ကြီးထံမှလည်း မည်သည့်အသံမှ ထွက်မနေပေ။

သွေးနီရောင် ဝဲဂယက်ကြီးအား မည်သို့တည်ဆောက်ထားသည်ကို မသိရပါသော်လည်း လေဟာနယ်စွမ်းအင်များ ဖြာထွက်နေသည်ကို အန်လင်း ခံစားမိသည်။

သားရဲများမှာ တစ်ကောင်ပြီးတစ်ကောင် ခုန်ချသွားကြသည်။

အန်လင်းမှာ စိတ်ကသိကအောက် ဖြစ်လာသောကြောင့် ဘေးတွင်ရှိနေသော မိန်းမငယ်လေး၏လက်အား တိတ်တဆိတ် လှမ်းဆွဲလိုက်သည်။ ရင်းနှီးကျွမ်းဝင်နေသော အထိအတွေ့နှင့်အတူ သူ၏စိတ်လည်း သက်တောင့်သက်သာ ဖြစ်သွားရသည်။

"မကြောက်ပါနဲ့။ ငါရှိနေပါတယ်။"

စုရှောင်လန် တိုးညင်းစွာ ပြောလိုက်သည်။

အန်လင်း ခေါင်းညိတ်ပြလိုက်ပြီးနောက် တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားလိုက်ရပြန်သည်။

အနီးတွင် ရှိနေသော မှင်စာတစ်ကောင်မှာ အလွန်အမင်း ဒေါသထွက်သွားရသည်။

"ယီးပဲ...... အတွဲတွေကို ကြည့်လို့ကို မရဘူး။"

ထို့နောက် မူမမှန်သည်ကို သတိပြုမိကာ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။

"မင်းတို့နှစ်ကောင်က လူ......."

ထိုအချိန်မှာပင် မမြင်နိုင်သော ဆွဲငင်အား တစ်ခုမှာ ၎င်းအား ဝဲဂယက်ထဲ ဆွဲချသွားသည်။

အန်လင်းနှင့် စုရှောင်လန်သည်လည်း လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ခုန်ချလိုက်ကြသည်။

All Chapters