← Chapters

ဝမ်းနည်းပက်လက်အော့နျို

Vol. 57 Ch. 790

ဝမ်းနည်းပက်လက်အော့နျို

Vol. 57 Ch. 790

အဆုံးတွင်မူ စုရှောင်လန်မှာ သွေးစက်ဆေးပင်အား လက်ခံလိုက်သည်။

အန်လင်းသည် သိုလှောင်လက်စွပ်ထဲတွင် စွမ်းအင်ဖြည့် အင်မော်တယ်ဆေးလုံးများစွာ ရှိသောကြောင့် သူ့အတွက် မလိုအပ်ပေ။

အော့နျိုသည် အန်လင်းနှင့် စုရှောင်လန်တို့၏ သတ်ဖြတ်ခြင်းအား ခံရမည်စိုးသောကြောင့် တုန်တုန်ရီရီနှင့်ပင် ပါးစပ်ပိတ်နေသည်။

အန်လင်းနှင့် စုရှောင်လန်မှာ အလွန်ကြောက်ရွံ့နေသော အော့နျိုအား ကြည့်ရှုလိုက်ကြသည်။

"ငါ့ကိုမသတ်ပါနဲ့။ ရတနာတွေ ရှိတဲ့နေရာ ခေါ်သွားပေးမယ်လေ.... နော်။"

"ဘာရတနာလဲ။"

အန်လင်း မေးခွန်းထုတ်လိုက်သည်။

"မပြောတတ်ဘူး။ ရတနာက အလောင်းတစ်ခုထဲမှာ ရှိနေတာ။ အစောင့်တွေကလည်း တကယ့်သောက်ကြမ်းတွေ။ ဘယ်လိုမှ သာမန်ပစ္စည်း မဖြစ်နိုင်ဘူး။"

အော့နျို စကားဆိုလိုက်သည်။

အန်လင်း၏ မျက်ဝန်းများ တောက်ပသွားသည်။

အစောင့်တွေရှိနေတဲ့ အလောင်းထဲက ရတနာကို ခိုးရမယ်ပေါ့လေ....... ငါ့ရဲ့ ကျင့်ကြံရေးသက်တမ်းတလျှောက် အဲ့လောက်ထိ စိတ်လှုပ်ရှားဖို့ကောင်းတာ မကြုံဖူးသေးဘူး..........

အန်လင်း စိတ်လှုပ်ရှားနေသည်ကို ခံစားမိသောကြောင့် စုရှောင်လန် ခပ်ဖွဖွ ပြုံးလိုက်သည်။

"တစ်ချက်လောက် သွားကြည့်ရအောင်လေ။ ကောင်းတာလေးဘာလေး ရရင်ရမှာပေါ့။"

"ဟုတ်တယ်နော်။"

အန်လင်း မဆိုင်းမတွပင် သဘောတူလာသည်။

"ပြီးတော့ ကိုယ်တို့ဆီမှာ ဒီနွားလည်းရှိတယ်။ လမ်းလျှောက်စရာတောင် မလိုဘူး။ စွမ်းအင်ချွေတာတဲ့အနေနဲ့ ဒင်းကိုစီးသွားရုံပဲ။ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် နွားကိုစီးရတာ ဆိုးတော့မဆိုးပါဘူး။"

စုရှောင်လန် ခေါင်းညိတ်ပြလိုက်သည်။

အော့နျို မျက်ရည်များ စီးကျလာတော့သည်။

ငါ့ကိုမမေးပဲ ဆုံးဖြတ်နေတော့မှာလားကွာ.........

အန်လင်းနှင့် စုရှောင်လန်မှာ အော့နျို၏ ကျောပေါ်တွင် ကုန်းနှီးတစ်ခု ပြုလုပ်ကာ တက်ထိုင်လိုက်ကြသည်။

အန်လင်းသည် အော့နျို၏ကျောအားရိုက်ရန် ကြာပွတ်တစ်ခုပင် ထုတ်လိုက်သေးသည်။

ဖြန်း............

"ဖေ့သားကြီးအော့နျို..... သွားရအောင်ဟေ့။"

သူပျော်ရွှင်စွာ အမိန့်ပေးလိုက်သည်။

"သခင်လေး...... ငါက လူစကား နားလည်တဲ့ ဉာဏ်ရည်မြင့် သတ္တဝါ။ မင်းတို့ပြောသမျှ သဘောပေါက်ပါတယ်။ အဲ့ဒါကြောင့် ကြာပွတ်နဲ့ မရိုက်ပါနဲ့လား။"

အော့နျို ငိုချတော့မလို ဖြစ်နေသည်။

စီးတော်နွား ဖြစ်ရသည်ကို လက်ခံနိုင်ပါသော်လည်း အဘယ်ကြောင့် ကြာပွတ်နှင့် ဆော်နေရပါသနည်း။

အန်လင်း အနည်းငယ် စိတ်ပျက်သွားသည်။

"အဲ့လိုဆိုရင် အတွေ့အကြုံ ဘယ်ရတော့မလဲ။ ငါက နွားကျောင်းရတဲ့ အရသာကို သိချင်နေတာ။"

စုရှောင်လန် ခေါင်းညိတ်ကာ သဘောတူလာသည်။

"ငါလည်း နွားလေးကျောင်းလိုက်၊ သီချင်းလေးညည်းလိုက်နဲ့ အေးအေးဆေးဆေး နေရမယ့် တောဓလေ့လေးတွေ အရမ်းသဘောကျတာ။ အခု နွားတစ်ကောင်လုံး ရှိနေမှတော့ သေချာပေါက် မဟာအခွင့်အရေးပဲပေါ့။"

ယီးကိုနွားကျောင်းပါလား...... ငိုးမသားတွေ........

ငါက သာမန်နွားမှ မဟုတ်တာ....... အဲ့လို ဆက်ဆံစရာ လိုလို့လား.........

ဒီနွားကျောင်းသားစုံတွဲရဲ့ ဦးနှောက်ထဲမှာ ဘာတွေရှိနေတာလဲကွာ........

ဒင်းတို့နှစ်ယောက်က အရူးတွေလား..........

အော့နျိုမှာ မကျေမနပ် ဖြစ်နေပါသော်လည်း အပြင်ပန်းတွင် ချိုသာစွာ ပြုံးထားရသည်။

"ညင်ညင်သာသာလေး ရိုက်ပါနော်..... သခင်လေး။"

အန်လင်းနှင့် စုရှောင်လန်မှာ တစ်ဦးကိုတစ်ဦးကြည့်ကာ ပြုံးမိလိုက်ကြသည်။

ဒီနွားက လိမ္မာသားပဲ.......

၎င်းတို့သည် ရက်စက်ကြမ်းကြုတ်သော သားရဲများစွာကို မြင်တွေ့ခဲ့ဖူးသောကြောင့် အော့နျိုမှာ ချစ်စဖွယ်နွားလေး ဖြစ်နေလေသည်။

အော့နျိုမှာ အန်လင်းနှင့် စုရှောင်လန်အား ကျောပေါ်တင်ကာ သွားလာနေရသည်။

အနည်းငယ်မျှ ပျင်းရိမိပါက အန်လင်း၏ ကြာပွတ်စာ မိပေလိမ့်မည်။

ဖြန်း.......

"မြန်မြန်သွားစမ်း။"

ဖြန်း.......

"အရှိန်လျှော့စမ်း။"

ဖြန်း.......

"နှေးမနေနဲ့။ သုံးချက်မြောက်ဂီယာရဲ့အရှိန်က အနေတော်ပဲ။"

ဖြန်း.......

ဖြန်း........

ဖြန်း........

အော့နျို၏ မျက်နှာတွင် မျက်ရည်များ စိုရွှဲနေလေပြီ။

သုံးချက်မြောက်ဂီယာက ဘာကြီးလဲကွာ.......

ဒီနှိပ်စက်မှုတွေ၊ လှောင်ပြောင်မှုတွေကို ငါတသက်လုံး မမေ့စေရဘူး..........

အချိန်တစ်နာရီခန့် ကြာမြင့်ကြီးနောက် ၎င်းတို့သွားလိုသောနေရာသို့ ရောက်ရှိခဲ့ကြသည်။

ထိုသည်မှာ ရဲရဲတောက်နေသော သွေးနီရောင် ရေပြင်တစ်ခုပင်။

ရေပြင်သည် တစ်ကီလိုမီတာ ပတ်လည်မျှသာ ရှိသည်။

ရေပြင်၏ဘေးတွင် ရှိနေသော အလောင်းကြီးမှာ ကြီးမားလွန်းလှသည်။

ထိုသွေးနီရောင် ငှက်ကြီးသည် အလွန်တရာ ကြီးမားပြီး အတောင်ဖြန့်လိုက်ပါက ဆယ်ကီလိုမီတာကျော် ခန့်ရှိသည်။ ၎င်းသာ ကောင်းကင်ထက်တွင် ပျံသန်းနေပါက မြေပြင်တစ်ခုလုံး အမှောင်ဖုံးနေလောက်သည်။

သို့သော် ၎င်းသည် အသက်မရှိတော့သည့်အပြင် ခေါင်းပါပျောက်နေသောကြောင့် ဆိုးဆိုးရွားရွား သေဆုံးခဲ့ပုံပေါ်သည်။

ခန္ဓာကိုယ် အနှံ့တွင်လည်း ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေကာ သွေးနီရောင် အသားများကို မြင်နေရသည်။ ၎င်းသည် ကြောက်မက်ဖွယ် စွမ်းအင်တစ်ခုကြောင့် တကိုယ်လုံး စုတ်ပြတ်ခဲ့ရပုံပင်။

ထိုငှက်ကြီးသည် အသက်ရှိစဉ်က အလွန်ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါတစ်ကောင် ဖြစ်ခဲ့ပေလိမ့်မည်။ ၎င်း၏ခန္ဓာကိုယ်မှာ အနည်းငယ်မျှ မပျက်စီးသွားသည့်အပြင် စွမ်းအင်စီးကြောင်းများလည်း ဖြာထွက်နေဆဲ ဖြစ်သည်။

အရေးအကြီးဆုံးမှာ ၎င်း၏ခန္ဓာကိုယ် အလယ်တွင် အနီရောင် အလင်းတစ်ခု ရှိနေခြင်းဖြစ်ပြီး ထိုသည်မှာ နှလုံးသား သို့မဟုတ် ရတနာတစ်ခု ဖြစ်ပေလိမ့်မည်။

အန်လင်း အသက်ပြင်းပြင်း ရှူလိုက်သည်။

"အဲ့အနီရောင်အလင်းက မင်းပြောတဲ့ ရတနာလား။"

"ဟုတ်တယ်။ ဒါပေမယ့် ရတနာကို စောင့်ကြပ်နေတဲ့ သွေးမိစ္ဆာသားရဲ သုံးကောင်ရှိနေလို့ ဘာမှလုပ်မရဘူး။"

အော့နျို စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

ငါသာ နည်းနည်းလောက် ပိုသန်မာခဲ့ရင် ရတနာကို ယူနိုင်မှာ.......

အန်လင်းမှာ သွေးနီရောင် ငှက်အလောင်းအား တစ်ချက်မျှ လှမ်းကြည့်လိုက်သောအခါ သွေးများရွှဲစိုနေသော သားရဲသုံးကောင်ကို တွေ့လိုက်ရသည်။ ထိုသည်မှာ ကျားပျံတစ်ကောင်၊ မြွေနဂါးတစ်ကောင်နှင့် လက်ခြောက်ဖက် မျောက်ဝံတစ်ကောင်တို့ ဖြစ်သည်။

၎င်းတို့သုံးကောင်ထံတွင် ကျင့်ကြံရေးအခြေခံ မရှိသည့်အပြင် သက်ရှိများ မဟုတ်တော့ပါသော်လည်း စွမ်းအင်ဖိအားမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

သွေးမိစ္ဆာသားရဲများ၏ အကြောင်းကို ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်မှ ပြောပြထားဖူးသည်။

သွေးမိစ္ဆာသားရဲများသည် မိစ္ဆာသွေးကီရင်များ သေဆုံးပြီးနောက် ၎င်း၏သွေးနှင့်စွမ်းအင်များမှ ဖြစ်တည်လာခြင်း ဖြစ်သည်။ သွေးမိစ္ဆာသားရဲများသည် အသိစိတ် မရှိသည့်အပြင် မြင်သမျှ သတ်ပစ်သည်အထိ သွေးဆာကြသည်။ အများစုသည် ရတနာများအနီးတွင် ရှိနေတတ်ကြပြီး အချို့မှာမူ သွေးစက်ကုန်းမြေတခွင် လှည့်လည်သွားလာကြသည်။

၎င်းတို့သည် စွမ်းအင်ချင်း မတူညီသလို တိုက်ခိုက်ပုံလည်း ကွဲပြားကြသည်။

အန်လင်းမှာ အံ့ဖွယ်အာရုံဖြင့် စစ်ဆေးလိုက်ပါသော်လည်း မည်သည့်ဆက်လုပ်သင့်သည်ကို မသေမချာ ဖြစ်နေသည်။

"သူတို့က မင်းထက်တောင် သာတယ်ပေါ့။ ဘယ်လောက်သာတာလဲ။"

ထိုမေးခွန်းကြောင့် အော့နျို ရှက်ရွံ့သွားသည်။

"မတိုက်ကြည့်ရသေးပေမယ့် စိတ်ထဲက အလိုလို သိနေတာ။ သူတို့ကို ငါမနိုင်လောက်ဘူး။"

"ဟမ်...... အဲ့လိုကြ ကိုယ့်နေရာကိုယ်သိတယ်ပေါ့။"

"ငါ့ကို စိန်ခေါ်တုန်းကရော အဲ့အသိစိတ်က ဘယ်ရောက်နေတာလဲ။"

အန်လင်း အေးစက်စွာ ခနဲ့လိုက်သည်။

အော့နျိုမှာ သွေးအန်တော့မလို ဖြစ်သွားရသည်။

"ဘယ်လိုငကြောက်လဲ မသိဘူး။ တိုက်တောင်မတိုက်ရသေးပဲ ထွက်ပြေးလာတာ။"

စုရှောင်လန်မှာ ရယ်ချင်ပက်ကျိ ဖြစ်နေလေသည်။

အော့နျို : "............"

မင်းတို့တွေ စိတ်ဒဏ်ရာအပုံလိုက် ပေးနေတော့မှာလား.........

"တကယ်တော့ သိပ်မကွာလောက်ပါဘူး။ ဒါပေမယ့် သူတို့က အင်အားများတယ်လေ။ အဲ့ဒါကြောင့် မဆင်မခြင် မလှုပ်ရှားတာပါ။"

အော့နျိုမှာ ချီးတွင်းထဲ ကျလုမတက် ဖြစ်နေသော ဂုဏ်သိက္ခာအား အဖက်ဆယ်လိုက်ရသည်။

"သိပ်မကွာလောက်ဘူး ဟုတ်လား။ အဲ့ဒါဆို ဒင်းတို့တွေလည်း သုံးစားမရတဲ့ အမှိုက်တွေပဲ။ သွားရအောင်...... ရှောင်လန်...."

အန်လင်း ပြုံးကာပြောလာသည်။

"ကောင်းပြီလေ။"

စုရှောင်လန်မှာလည်း အကျိုးအကြောင်းသင့်သည်ဟု ခံစားလိုက်ရသည်။

အော့နျို : "..............."

ဘာလို့လဲ.......

ဘာလို့ ငါ့နှလုံးသား နုနုလေးကို နာကျင်အောင် လုပ်နေရတာလဲ.......

ငါ့ကို အနိုင်ကျင့်ရတာ သိပ်ပျော်စရာ ကောင်းနေလား.........

အော့နျိုမှာ လောကကြီးသည် အေးစက်ခက်ထန်လွန်းသည်ဟု ထင်မှတ်လာကာ အနွေးဓာတ်ကို တောင့်တလာမိသည်။

သို့သော် ထိုသို့အနွေးဓာတ်ပေးမည့်သူ ရှိမနေပေ။

အန်လင်းနှင့် စုရှောင်လန်မှာ လူယုတ်မာပြုံးပြုံးကာ အော့နျိုအား ကြည့်လိုက်ကြသည်။

"ဘာလို့အဲ့လိုကြီး လာကြည့်နေတာလဲ။ ဟိုကောင်တွေကို သွားမတိုက်ဘူးလား။"

အန်လင်း ဖြည်းညင်းစွာ ပြောလိုက်သည်။

"ငါ့ဂမ်ဒမ်တွေက ပြန်မကောင်းသေးဘူး။ အဲ့ဒါကြောင့် စမ်းစရာ မရှိဘူးလေ။ ငါတို့ လုံခြုံရေးအတွက် မင်း....."

အော့နျိုမှာ မျက်လုံးအပြူးသားဖြစ်ကာ မျက်ရည်များ ကျဆင်းလာသည်။

စုရှောင်လန်မှာ နှစ်သိမ့်စကားဆိုလိုက်သည်။

"စိတ်မပူပါနဲ့။ နင့်ကို တက်နိုင်သလောက် ကာကွယ်ပေးမှာပါ။ စီးတော်နွားကို အသေခံစရာလား။ စမ်းသပ်ပေးဖို့ပဲ ပြောတာပါ။ သွားသေခိုင်းတာ မဟုတ်လို့ စိတ်ဓာတ်မကျနဲ့နော်။"

အော့နျိုမှာ မျက်ရည်များ ပိုသည်းလာသည်။

"မူး....... မင်းတို့နှစ်ယောက်လုံး အနိုင်ကျင့်ကြတယ်။ မင်းတို့မကောင်းဘူး....... မူး......"

အော့နျို၏ မျက်ရည်များမှာ မြစ်ပင်ဖြစ်တော့မည်။

ထိုငိုကြွေးသံအား သွေးမိစ္ဆာသားရဲ သုံးကောင်မှ အာရုံစိုက်မိသွားလေသည်။

All Chapters