← Chapters

ရှောင်လန်၏တိုက်ပွဲ

Vol. 57 Ch. 791

ရှောင်လန်၏တိုက်ပွဲ

Vol. 57 Ch. 791

သွေးမိစ္ဆာသားရဲ သုံးကောင်မှာ အန်လင်းတို့အား တပြိုင်နက်တည်း ကြည့်ရှုလာကြသည်။

"ဂါး....... ဂါး...... ဂါး......."

လက်ခြောက်ဖက် မျောက်ဝံကြီးမှာ ရင်ဘတ်အား လက်သီးများဖြင့်ထုကာ အော်ဟစ်လိုက်သည်။

ထို့နောက် လျင်မြန်လှသော အရှိန်ဖြင့် အန်လင်းတို့အား ခုန်အုပ်လာသည်။

အော့နျိုမှာ မျက်နှာတစ်ခုလုံး ဖြူရော်သည်အထိ ကြောက်ရွံ့သွားပြီးနောက် ချက်ချင်းပင် သူ၏နယ်ပယ်အား ထုတ်ဖော်လိုက်သည်။ ရာနှင့်ချီသော နွားချိုများမှာ လက်ခြောက်ဖက် မျောက်ဝံကြီးထံ ပျံဝဲသွားလေသည်။

ဝှစ်...... ဝှစ်..... ဝှစ်......

နွားချိုများမှာ ဓားမော့များအလား ထက်ရှလှသော အရှိန်အဝါဖြင့် ပျံဝဲသွားသည်။

လက်ခြောက်ဖက် မျောက်ဝံကြီးသည် ရှည်လျားလှသော သွေးနီရောင် လက်သည်းများဖြင့် နွားချိုများအား ကုတ်ချလိုက်သည်။

ရွှပ်.........

ကောင်းကင်နှင့်မြေပြင်တွင် သွေးနီရောင် အလင်းများ ဖျတ်ခနဲ လက်သွားကာ မိစ္ဆာသားရဲများ၏ ဟစ်ကြွေးသံများ ပဲ့တင်ထပ်သွားပြီးနောက် နွားချိုများအားလုံးလည်း လွယ်လင့်တကူပင် ပျက်စီးသွားသည်။ မျောက်ဝံကြီးသည် အော့နျိုထံ ဆက်လက်ပြေးဝင်လာသည်။

အော့နျိုမှာ သွေးနီရောင် လက်သည်းချက်အား မြင်လိုက်ရပြီးနောက် အကြောက်တရားကြောင့် ကြောင်အမ်းအမ်းပင် ဖြစ်နေလေသည်။

သွေးမိစ္ဆာသားရဲများသည် ထိုမျှအထိ သန်မာနေလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမှ မတွေးထားခဲ့ဖူးပေ။

သောက်ကြမ်းကြီးဟ.......

ဖြစ်ပျက်သွားသော အရာအားလုံးမှာ လျင်မြန်လွန်းလှသောကြောင့် အော့နျိုမှာ ရှောင်ချိန်မရလိုက်ပေ။

သို့သော် အော့နျို နှစ်ပိုင်းဖြတ်ခံရတော့မည့် အချိန်မှာပင် ကျောက်စိမ်းရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခု ရောက်ရှိလာကာ နဂါးနှင့် ဇာမဏီ အရှိန်အဝါများ ပါဝင်နေသော ဓားတစ်လက်ကို ထုတ်ဖော်လိုက်သည်။

ဒင်.......

အံ့ဖွယ်နဂါးတစ်ကောင် ဆင်းသက်လာသည့်အလား လျှပ်စီးဓားပုံရိပ်မှာလည်း ကောင်းကင်ထက်တွင် ဖြစ်ပေါ်လာသည်။

အော့နျိုမှာ လျှပ်စီးကြောင်းအား တွေ့မြင်လိုက်ရပြီးနောက် သွေးနီရောင် အလင်းတန်းမှာ မျက်စိရှေ့တွင်ပင် ပျက်စီးသွားတော့သည်။

"အား...... အားကောင်းလိုက်တာ။"

အော့နျို မျက်လုံးအပြူးသား ဖြစ်သွားရသည်။

စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အလယ်အလတ် အဆင့်ရှိသော လူငယ်လေးသည်ပင် အလွန်သန်မာနေပြီ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ......

ထိုလူငယ်လေး ဘေးတွင်ရှိနေသော စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် မိန်းမငယ်လေးမှာလည်း ထိုမျှကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူတွေက ကြောက်ဖို့ကောင်းလိုက်တာ.........

အော့နျိုသည် သူ၏ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ကျင့်ကြံရေးအား အတုအယောင်ဟုပင် ထင်မှတ်လာမိသည်။

လက်ခြောက်ဖက် မျောက်ဝံကြီးမှာ စုရှောင်လန်အား ပစ်မှတ်ထားကာ တိုက်ခိုက်လာသည်။

ထက်ရှလှသော လက်သည်းများနှင့်အတူ နားမခံနိုင်သော စူးရှရှအသံများလည်း ဆူညံသွားသည်။

စုရှောင်လန်သည် နဂါးစာကလေးဓားအား လှန်လိုက်သည်နှင့် တောက်ပနေသော အပြာရောင် လျှပ်စီးဓားအစား မြင့်မြတ်သော အဖြူရောင် ဗာမီလီယမ်မီးတောက်များ ဖြာထွက်လာသည်။

ဝုန်း..........

ချက်ချင်းဆိုသလို ကောင်းကင်တခွင်လုံး မီးတောက်မီးလျှံများ ဖုံးလွှမ်းသွားကာ ထိတ်လန့်ဖွယ် ဓားပုံရိပ်ကြီးတစ်ခု ဖြစ်ပေါ်လာပြီးနောက် လက်ခြောက်ဖက် မျောက်ဝံကြီး၏ လက်သည်းနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။

မီးတောက်များသည် အရာအားလုံးကို လောင်ကျွမ်းပြာချပစ်သည့်အပြင် လက်ခြောက်ဖက် မျောက်ဝံကြီး၏ ခန္ဓာကိုယ်ကိုပါ နှစ်ပိုင်းပြတ်သွားစေသည်။

"ဂါး......."

လက်ခြောက်ဖက် မျောက်ဝံကြီးမှာ နာနာကျင်ကျင် အော်ဟစ်ရင်းနှင့်ပင် မြေပြင်ပေါ် ပြုတ်ကျသွားရသည်။

မြင့်မြတ်သောမီးတောက်များမှာ ၎င်း၏ခန္ဓာကိုယ်အား ဆက်လက်လောင်ကျွမ်းနေသောကြောင့် အဆုံးတွင်မူ ခန္ဓာကိုယ် တစ်ခုလုံး အငွေ့ပျံသွားရလေသည်။

ကျောက်စိမ်းဝတ်စုံနှင့် ဓားအင်မော်တယ် မိန်းမငယ်လေးသည် ကောင်းကင်နတ်မိမယ် တစ်ပါးအလား မြင့်မြတ်မီးတောက်များကြားတွင် ဝံ့ကြွားစွာ ရှိနေသည်။

အန်လင်း ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။

အော့နျိုသည်လည်း ကြောင်အမ်းအမ်း ဖြစ်နေလေသည်။ ထိုမျှအစွမ်းထက်သော ဓားချက်အား သူမမြင်တွေ့ခဲ့ဖူးပေ။

သူသည် ရုတ်ချည်းဆိုသလို စွမ်းအင်ကွာခြားချက် မြင့်မားလွန်းသည်ဟု ထင်မှတ်လာမိသည်။ စုရှောင်လန်သာ သတ်ပစ်လိုပါက သူ့အနေဖြင့် ထွက်ပြေးရန်ပင် အခွင့်အရေး မရလောက်ပေ။

စုရှောင်လန် မကျေမနပ်ဖြင့် အန်လင်းအား ကြည့်ရှုလာသည်။

"ဘာလို့အဲ့မှာ ရပ်နေတာလဲ။ ကြည့်နေရတာ တော်တော်ပျော်ဖို့ကောင်းလား။"

အန်လင်း အသိစိတ် ဝင်လာကာ တုံ့ပြန်လိုက်သည်။

"တကယ်တော့ မေးခွန်းတစ်ခုကို တွေးမိနေတာပါ။"

"ဘာမေးခွန်းလဲ။"

စုရှောင်လန် အူကြောင်ကြောင် ဖြစ်သွားသည်။

"ဘာလို့ လက်ခြောက်ဖက် မျောက်ဝံကြီးက ကောင်းကင်ပေါ် ပျံနေပေမယ့် ကြယ်စင်တွေ ဖိနှိပ်တာကို မခံရတာလဲ။"

အန်လင်း စကားဆိုလိုက်သည်။

စုရှောင်လန် : ".........."

စုရှောင်လန် အသက်ပြင်းပြင်း ရှူလိုက်သည်။

"ဒီမေးခွန်းက တကယ်မေးသင့်တယ်။ ဒါပေမယ့် ဒီအချိန်က အဲ့လိုမေးနေရမယ့် အချိန်လား။"

"ဘာမှမဖြစ်ပါဘူး။ မင်းရှိနေတာပဲလေ။ မင်းကကိုယ့်ကို ကာကွယ်ပေးမယ်ဆိုတာ သိပြီးသားပဲ။"

အန်လင်းမှာ အမှတ်တမဲ့ ပြောလိုက်မိပြီးမှ တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားလိုက်ရသည်။

စုရှောင်လန်မှာ အန်လင်းအားကြည့်ကာ တောက်ပစွာ ပြုံးလိုက်သည်။

"နင့်စကားကြောင့် တကယ်ကို ကာကွယ်ပေးချင်လာပြီ။"

လက်ခြောက်ဖက် မျောက်ဝံကြီး သေဆုံးသွားပြီးနောက် ထိုရန်သူသည် မလွယ်ကူကြောင်း သိရှိသွားကာ သွေးနီရောင် မြွေနဂါးရော၊ အနီရောင် ကျားပျံကြီးကပါ စုရှောင်လန်အား တပြိုင်တည်း ခုန်အုပ်လာကြသည်။

သွေးနီရောင် မြွေနဂါးသည် အာခံတွင်း ဟလိုက်သည်နှင့် ကြောက်မက်ဖွယ် စွမ်းအင်များ ထွက်ပေါ်လာကာ လေဟာနယ် တစ်ခုလုံး တွန့်လိမ်တုန်ခါသွားသည်။ ကျားပျံကြီးမှာ လက်သည်းထုတ်လိုက်သည်နှင့် တစ်ကီလိုမီတာကျော်တခွင် သွေးစက်များ ပြန့်ကြဲသွားသည်။

ဓားကိုင်ထားသော စုရှောင်လန်၏ မျက်ဝန်းများမှာ သန့်စင်သော ရွှေရောင်အဖြစ် ပြောင်းလဲသွားကာ ကြောက်မက်ဖွယ် နဂါးနှင့် ဗာမီလီယမ်ငှက် အရှိန်အဝါများ တပြိုင်တည်း ဖြာထွက်လာသောကြောင့် အော့နျိုသည်ပင် ဒူးထောက်ကျသွားရသည်။

စုရှောင်လန်မှာ လက်သင်္ကေတအချို့ ပြောင်းလဲကာ စကားဆိုလိုက်သည်။

"နင်တို့လို အမှိုက်ကောင်တွေကို ငါ့အရှိန်အဝါလေး ပေးမြည်းရသေးတာပေါ့။"

"အစစ်အမှန်နဂါးလျှပ်စီး ပေါင်းစည်းခြင်း......"

လျှပ်စီးချိန်းကြိုးတစ်ခု သူမ၏လက်ထဲ ဖြစ်ပေါ်လာကာ ချက်ချင်းဆိုသလို လျှပ်စီးချိန်းကြိုး တစ်ရာအဖြစ် ကွဲထွက်သွားပြီးနောက် လျင်မြန်လှသော အရှိန်ဖြင့် သွေးနီရောင် စွမ်းအင်များကို ထိုးဖောက်ကာ မြွေနဂါးနှင့် ကျားပျံကြီးအား တင်းကြပ်စွာ ချုပ်နှောင်ထားလိုက်သည်။

"ဝေါင်း......"

မြွေနဂါးကြီး ဒေါသထွက်စွာ ဟိန်းဟောက်လိုက်သည်။

အနက်ရောင် မီးတောက်များမှာ ညကောင်းကင်အား ပို၍ပင် နက်မှောင်စေသည်။

စုရှောင်လန်မှာ မြင့်မြတ်ခက်ထန်သော နတ်ဘုရားမ တစ်ပါးလိုပင်။

"ဗာမီလီယမ်ငှက် နတ်ဘုရားသတ်ဖြတ်ခြင်း....."

စုရှောင်လန်၏ ကျောဘက်တွင် အဖြူရောင် တောင်ပံများ ထွက်ပေါ်လာသလို သူမ၏ ပတ်လည်တွင် ရှိနေသော မြင့်မြတ်မီးတောက်မှာလည်း ဗာမီလီယမ်ငှက်အသွင် ဖြစ်ပေါ်လာသည်။

နဂါးစာကလေးဓားမှာ သူမထံ ရောက်ရှိလာသည်။

စုရှောင်လန်၏ မျက်ဝန်းများတွင် မည်သည့်ခံစားချက်မှ အလွန်တည်ငြိမ်နေပြီး မြင့်မြတ်သော ဖြစ်တည်မှုတစ်ခုလို ခံစားရစေသည်။

အော့နျိုမှာ ခြေလေးဖက်လုံး ဒူးထောက်ကျသွားရုံသာမက ဦးပါညွတ်လိုက်ရသည်။

၎င်း၏နှလုံးသားထဲတွင် ရိုသေလေးစားမှုများ တဖွားဖွား ဖြစ်ပေါ်လာသည်။

သူမက မြင့်မြတ်တဲ့သားရဲလိုပါပဲလား..... မြင့်မြတ်သားရဲက အင်မော်တယ်သားရဲက ဒဏ္ဍာရီလာသားရဲထက်တောင် အတင့်အတန်းမြင့်ပြီး အတွေးတစ်ချက်နဲ့တင် ကမ္ဘာဖျက်လို့ရတယ်...... ငါဘယ်လိုလုပ် မကြောက်ပဲ နေရဲမှာလဲ........

မည်သို့ပင်ဆိုစေကာမူ ထိုခံစားချက်များမှာ အန်လင်းအတွက် နေသားကျနေလေပြီ။

သူမ၏ စွမ်းအင်ဖိအားသည် သူ့အပေါ် သက်ရောက်မှု မရှိသောကြောင့် သက်တောင့်သက်သာနှင့်ပင် သူမ၏ အလှအား ငေးမောနေနိုင်သည်။

စုရှောင်လန်မှာ အနက်ရောင် မီးတောက်များထံ ဓားကိုလှမ်းလိုက်သည်။

ကောင်းကင်နှင့်မြေပြင် တခွင်လုံး တိတ်ဆိတ်သွားလေသည်။

မြင့်မြတ်မီးတောက် အဖြူရောင်များမှာ ဓားပုံရိပ်အသွင် ဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံး လင်းထိန်သွားစေသည်။

လေဟာနယ်သည်ပင် တုန်ခါလာပြီး ထိုဓားချက်ထံမှ မည်သည့်အရာမှ မလွတ်မြောက်နိုင်တော့ပေ။

အနက်ရောင် မီးတောက်များမှာလည်း ဓားပုံရိပ်အောက် ပျက်စီးသွားရသည်။

သွေးနီရောင် မြွေနဂါးနှင့် အနီရောင် ကျားပျံကြီးမှာလည်း အစစ်အမှန်နဂါးလျှပ်စီး ပေါင်းစည်းခြင်းဖြင့် ချုပ်နှောင်ခံထားရသောကြောင့် မည်သည့်အခွင့်အရေးမှပင် မရလိုက်ပဲ ထက်ပိုင်းဖြတ်ခံလိုက်ရသည်။ မြင့်မြတ်မီးတောက်များ၏ ဝါးမြိုမှုကြောင့် ထိုသွေးမိစ္ဆာသားရဲ နှစ်ကောင်လုံး အငွေ့ပျံသွားရလေသည်။

မြင့်မြတ်မီးတောက်များလည်း ပျောက်ကွယ်သွားသည်။

စုရှောင်လန်၏ အသားအရေမှာ အနည်းငယ် ဖြူရော်နေပါသော်လည်း မျက်ဝန်းများ တောက်ပရွှန်းစိုနေသည်။

သူမ၏ ပတ်လည်တွင် မီးတောက်ငယ်လေးများ ကခုန်နေပြီး လေနှင့်အတူ ဆံနွယ်ရှည်များ လွင့်မြောနေသောကြောင့် ယခင်ကထက်ပင် ပိုမိုအလှတိုးနေသယောင် ထင်မှတ်ရသည်။ သူမ အန်လင်းအားကြည့်ကာ ပြောလိုက်သည်။

"အန်လင်း...... ဒီဓားချက်ကို ဘယ်လိုမြင်လဲ။"

***

All Chapters