← Chapters

ကြယ်ရောင်များ၏လမ်းစဉ်

Vol. 58 Ch. 804

ကြယ်ရောင်များ၏လမ်းစဉ်

Vol. 58 Ch. 804

မြေပြင်ပေါ်မှ ကြယ်စင်ကောင်းကင်ယံပေါ် ပြုတ်ကျရန် မည်မျှကြာမြင့်ပါသနည်း။

ထိုက်ချူကုန်းမြေ၏ ကောင်းကင်သည် မည်မျှမြင့်မားကြောင်း အန်လင်း မသိပေ။

သို့သော် သွေးစက်ကုန်းမြေတွင် ကြယ်စင်ကောင်းကင်ယံသို့ရောက်ရန် ထင်မှတ်ထားသလောက် မကြာလိုက်ပေ။

တစ်ရာကီလိုမီတာမျှ အရှိန်ဖြင့် လျင်မြန်စွာ ပြုတ်ကျသွားပြီးနောက် ကြယ်စင်ကောင်းကင်ယံပေါ် ရောက်ရှိသွားကြသည်။

သားရဲသုံးကောင်သည် ခုခံကာကွယ်ရေး အားနည်းသောကြောင့် ပြင်းထန်လှသော အရှိန်နှုန်းကို မခံစားနိုင်ပဲ အပိုင်းပိုင်းအစစ ဖြစ်သွားရသည်။

ဝုန်း...... ဝုန်း....... ဝုန်း........

ပတ်ဝန်းကျင်တွင် မြေပြင်ပေါ် ပြုတ်ကျသံများ ဝုန်းဝုန်းညံသွားသည်။

သားရဲများမှာလည်း အန်လင်းနှင့် စုရှောင်လန်အား အာရုံမစိုက်နိုင်တော့ပဲ ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ပတ်ဝန်းကျင်ကိုသာ ဆောက်တည်ရာမရ ကြည့်ရှုမိနေကြသည်။ ၎င်းတို့၏ အဓိက အန္တရာယ်မှာ ကြယ်စင်ကောင်းကင်ယံ ဖြစ်သွားလေပြီ။

အန်လင်းသည်လည်း ၎င်းတို့နည်းတူ ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုနေသည်။ ကြယ်စင်များသည် နေရာတိုင်းတွင် ရှိနေသောကြောင့် အရာအားလုံး ထိန်ထိန်လင်းနေ၏။

၎င်းတို့သည် ကြယ်ပင်လယ်ထဲ ရောက်ရှိနေသလို မည်သည့်နေရာကိုကြည့်ကြည့် ကြယ်ရောင်စဉ်များသာ မြင်နေရသည်။

"ကြယ်တွေများလိုက်တာ။ ငါနည်းနည်းတောင် မူးလာပြီ။"

စုရှောင်လန် စကားဆိုလိုက်သည်။

မြေပြင်တွင် ကြယ်စင်များ ပြည့်နှက်နေသောကြောင့် နေရာတိုင်း လင်းထိန်တောက်ပကာ အိပ်မက်ဆန်သော ခံစားချက်ကို ပေးစွမ်းနေသည်။

အန်လင်းသည် ထိုကြယ်များအားကြည့်ကာ အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာမှ ကြယ်စင်များကို တွေးမိသွားသည်။ ၎င်းတို့သည် ကြယ်အစစ် မဟုတ်သည့်အပြင် အရွယ်အစား များစွာသေးငယ်ပါသော်လည်း ကြောက်မက်ဖွယ် ကြယ်စင်စွမ်းအင်များကို ပိုင်ဆိုင်ထားကြသည်။

ကြယ်စင်ကောင်းကင်ယံတွင် ဖြစ်ပေါ်လာသော မျက်ဝန်းနှင့် လက်များကိုလည်း ဤကမ္ဘာ၏ အရှင်သခင်ဟု ထင်မှတ်လာမိသည်။ ၎င်းသည် သွေးစက်ကုန်းမြေ တစ်ခုလုံးအား စိတ်ရှိသလို ပြောင်းလဲနိုင်သည် မဟုတ်လော။

တီနာလိုမျိုး ဖန်ဆင်းရှင် နတ်ဘုရားများလား.........

"ကျီး........"

အထိတ်တလန့် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

အန်လင်း လှည့်ကြည့်လိုက်သောအခါ ကြီးမားလှသော သွေးနီရောင် ပိုးတောင်မာတစ်ကောင်သည် ကြယ်တစ်စင်းထံမှ ထွက်ပြေးနေသည်ကို တွေ့လိုက်ရသည်။

ထိုသွေးနီရောင် ပိုးတောင်မာသည် သံမဏိရောင် တောက်ပြောင်နေပြီး ၎င်း၏အရှိန်အဝါမှာလည်း အားကောင်းလွန်းလှသည်။ ၎င်းသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် သားရဲတစ်ကောင်ဖြစ်ကြောင်း သိသာလှပါသော်လည်း ယင်းကြယ်စင်လောက် မလျင်မြန်ပေ။

မည်သို့ပင်ဆိုစေကာမူ ပိုးတောင်မာသည် အသက်ရှင် လွတ်မြောက်ရန် အခွင့်အရေးအတွက် အသည်းအသန် ပြေးလွှားနေသည်။

ရုတ်ချည်းဆိုသလို ပိုးတောင်မာ၏ ရှေ့တွင်ရှိနေသော ကြယ်နှစ်စင်းကြားတွင် ပါးလွှာသော အဖြူရောင် ကြယ်စင်စွမ်းအင်တစ်ခု ဖြစ်ပေါ်လာသည်။

ပိုးတောင်မာမှာ တုံ့ပြန်မှု နှေးကွေးလွန်းနေသောကြောင့် အရှိန်လွန်ကာ ကြယ်စင်စွမ်းအင်လှိုင်းအား ဖြတ်မိသွားသည်။

ထိုကြယ်စင်စွမ်းအင်လှိုင်းသည် ပိုးတောင်မာ၏ ခန္ဓာကိုယ်အား တို့ဟူးတစ်တုံးလို နှစ်ပိုင်းပြတ်သွားစေသည်။

အန်လင်းသည် ထိုမြင်ကွင်းအားကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။

စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း စဦးအဆင့် သားရဲတစ်ကောင်မှာ လွယ်လင့်တကူပင် အသတ်ခံလိုက်ရသည်။

ထိုကြယ်စင်များသည် အမှန်တကယ် လူသတ်လက်နက်များပင်။

သားရဲအချို့သည် ကြယ်စင်များထံမှ လွတ်မြောက်နိုင်ရန် လေပေါ်ပျံသန်းကြသည်။

သို့သော် ကျောက်သားကောင်းကင်နှင့် ကြယ်စင်များကြားတွင်ပင် အမှုန့်များအဖြစ် ပေါက်ကွဲပျက်စီးကာ ဆိုးဆိုးရွားရွား သေဆုံးသွားကြရသည်။

၎င်းတို့အနေဖြင့် ဘုန်းတော်ဂုဏ်တော် ကပြောင်းကပြန် ပြန်ဖြစ်လာမည့် အချိန်အား စောင့်နေရုံမှလွဲ၍ ရွေးချယ်စရာ မရှိပေ။

ကြယ်စင်များ၏ တိုက်ခိုက်မှုသည် ကြုံရာကျပန်းသာ ဖြစ်သောကြောင့် အသက်ရှင် ကျန်ရစ်သူများသည် သန်မာလွန်းသောကြောင့် မဟုတ်ပဲ ကံကောင်းလွန်း၍သာ ဖြစ်သည်။

ထိုသည်မှာ ကံကြမ္မာပေါ် မူတည်နေသော ကောင်းကင်ဘုံ၏ စီရင်ချက်နှင့် ဆင်တူပေသည်။

"အုံးအွမ်...... သခင်လေးအန်လင်း...... ငါ့ကိုလည်း မင်းနဲ့အတူ ခေါ်သွားပါ။"

အဆိပ်မြူဖားမှာ အန်လင်းထံ ခုန်ဝင်လာသည်။

"မူး........ အော့နျိုကလည်း အခိုင်းခံရဖို့ အသင့်ပါပဲ။"

အော့နျိုမှာလည်း ချက်ချင်းဆိုသလို အန်လင်းနှင့် စုရှောင်လန်ထံ ရောက်ရှိလာသည်။

ကံကြမ္မာပေါ် မှီခိုရမည့် စမ်းသပ်ချက် ဖြစ်နေပါသော်လည်း အန်လင်းနှင့် စုရှောင်လန်သည် အလွန်အင်အားကြီးသူများ ဖြစ်သောကြောင့် ကြယ်စင်များအား တန်ပြန်နိုင်မည့် နည်းလမ်းရှိလောက်သည်။

နတ်အဆိပ်ဖားနှင့် အော့နျို နှစ်ကောင်လုံးသည် အန်လင်းနှင့် စုရှောင်လန်၏ နှစ်သက်သဘောမှုအား ရရှိစေရန် အဖားတလိုင်း လုပ်နေကြသည်။

အန်လင်းမှာ သားရဲနှစ်ကောင်အားကြည့်ကာ ဘာမှမပြောပေ။

အဆိပ်မြူဖားသည် အန်လင်းအား အိမ်ပြန်ပို့ပေးနိုင်မည့်သူဟု ယုံကြည်ကာ သစ္စာရှိမှုအား သက်သေပြလာသည်။

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည် ထိုမြင်ကွင်းအားကြည့်ကာ ဒေါသထွက်နေပါသော်လည်း မဆင်မခြင် မလှုပ်ရှားရဲပေ။

ကြယ်စင်များသည် အလွန်ခန့်မှန်းရ ခက်သောကြောင့် သူ့အနေဖြင့် သတိကြီးကြီး ထားသင့်သည်။

အန်လင်းသည်လည်း ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာအား အကြည့်လွှဲကာ အကြော်ဒယ်အိုးကို တိတ်တဆိတ် ပြန်သိမ်းထားလိုက်သည်။

ထို့နောက် အောက်သို့ငုံ့ကြည့်လိုက်မိသည်။ ၎င်းတို့သည် ကြည်လင်သော မြေပြင်ပေါ် ခြေချထားခြင်းဖြစ်ကာ အားကောင်းသော ဆွဲငင်အားတစ်ခုလည်း ရှိနေသည်။ မြေပြင်အဖြစ် နင်းထားရသော နေရာသည် ဘာမှရှိမနေပဲ ကြယ်စင်များသာ တလက်လက် တောက်ပနေသည်။

"အား......."

အော်ဟစ်သံနှင့်အတူ သားရဲတစ်ကောင်၏ ခြေထောက်အောက်မှ ဆွဲငင်အားသည် ရုတ်ချည်းဆိုသလို ပျောက်ဆုံးသွားကာ လေထဲလွင့်မျောသွားပြီးနောက် ဖိနှိပ်ခြင်းအစွမ်းကြောင့် ခန္ဓာကိုယ်မှာ တစ်စစီ ပေါက်ကွဲသွားသည်။

မလှုပ်မယက် ရှိနေလျှင်ပင် ကံမကောင်း၊ အကြောင်းမလှပါက အန္တရာယ်သည် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာမည် ဖြစ်သောကြောင့် ကြယ်စင်များမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

အန်လင်းသည် ကောင်းကင်နှင့်မြေပြင်၏ သနားသက်ညှာမှုအပေါ် အားကိုးကာ တစ်နေရာထဲတွင် ရှိမနေချင်ပေ။ ထို့ကြောင့် နတ်ဘုရားစစ်ဆေးမှုနည်းစနစ်အား အသက်သွင်းကာ ပတ်ဝန်းကျင်တခွင် ကြည့်ရှုစစ်ဆေးလိုက်သည်။

သားရဲများသည်ပင် ယခုအခြေအနေနှင့် မရင်းနှီးကြသောကြောင့် လူမသိသေးသော အကြောင်းအရာများစွာ ရှိနေနိုင်ပြ လွတ်မြောက်ရန် လမ်းတစ်ခုပါ ရှိကောင်းရှိနိုင်သည်။

နတ်ဘုရားစစ်ဆေးမှုနည်းစနစ်သည် အားနည်းချက်အား ရှာဖွေနိုင်သောကြောင့် အန်လင်းအား အမှန်တကယ် အကူအညီ ဖြစ်စေသည်။

"ကိုယ်နဲ့လိုက်ခဲ့။"

အန်လင်းမှာ တစ်နေရာသို့ ဦးဆောင်ထွက်ခွာသွားသည်။

စုရှောင်လန်မှာ တွေဝေခြင်းပင် မရှိပဲ အန်လင်းနောက်မှလိုက်ကာ နတ်အဆိပ်ဖားနှင့် အော့နျိုတို့မှာလည်း အတူတကွ လိုက်ပါလာကြသည်။

"ဝေါင်း......"

သားရဲတစ်ကောင်မှာ သေရေးရှင်ရေး အခြေအနေသို့ ရောက်ရှိနေပြန်ပြီပင်။

ထိုသည်မှာ ခရမ်းလျှပ်စီးကျားဖြစ်ပြီး ၎င်းသည် ရူးသွပ်နေသည့်အလား ကိုယ့်မျက်နှာကိုယ် လက်သည်းများဖြင့် ကုပ်ခြစ်နေသည်။ အဆုံးတွင်မူ ထိုဒဏ်ရာနှင့်ပင် သေဆုံးသွားလေသည်။

အခြားသော သားရဲများမှာ ထိုအဖြစ်အပျက်ကြောင့် လွန်စွာတုန်လှုပ်သွားရသည်။ ခရမ်းလျှပ်စီးကျားသည် ထင်ယောင်ထင်မှားဖြစ်ကာ ကိုယ့်ကိုယ်ကို တိုက်ခိုက်ရင်း သေဆုံးသွားရခြင်း ဖြစ်သောကြောင့် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

၎င်းတို့သည် လက်ရှိအခြေအနေအား ကောင်းစွာသဘောပေါက်လာသည်။ ကံကြမ္မာပေါ် မှီခိုရုံမှလွဲ၍ ရွေးချယ်စရာ မရှိသည့်အပြင် ရှင်သန်လွတ်မြောက်နိုင်ခြေမှာလည်း ဆယ်ရာခိုင်နှုန်းထက် နည်းပါးသည်။

အခြားသားရဲတစ်ကောင်မှာလည်း ရုတ်တရက် လေပေါ်မြောက်သွားသောကြောင့် အလန့်တကြားဖြစ်ကာ အတောင်ဖြန့်လိုက်စဉ်မှာပင် ပြင်းထန်လှသော ဆွဲငင်အားနှင့်အတူ ကြယ်စင်များကြား နစ်မြုပ်သေဆုံးသွားရသည်။

ထိုသို့သော အဖြစ်အပျက်များမှာ တစ်ခုပြီးတစ်ခု ဆက်လက်ဖြစ်ပွားနေသည်။

သို့သော် ထိုအချိန်မှာပင် ထူးခြားသော မြင်ကွင်းတစ်ခုအား တွေ့လိုက်ရသည်။

သားရဲများမှာ ပါးစပ်အဟောင်းသားဖြစ်ကာ ငေးမောမိနေကြလေသည်။

အန်လင်းသည် စုရှောင်လန်၏လက်အားတွဲကာ FAများ မျက်စိနောက်ရလောက်အောင် ကြည်ကြည်နူးနူး လမ်းလျှောက်နေသည်။

နတ်အဆိပ်ဖားနှင့် အော့နျိုတို့မှာလည်း ၎င်းတို့နောက်မှ အတူတကွ လိုက်ပါနေကြသည်။ ထိုသည်မှာ သားရဲနှစ်ကောင်အား ထွက်ကျောင်းနေသော ချစ်သူစုံတွဲနှင့်ပင် ဆင်တူနေလေသည်။

၎င်းတို့သည် အလောတကြီးဖြစ်ခြင်းမရှိပဲ အေးအေးဆေးဆေးသာ သွားလာနေကြသောကြောင့် သားရဲများအားလုံး ကြောင်အမ်းအမ်း ဖြစ်ကုန်သည်။

သေရေးရှင်ရေး အခြေအနေကြားတွင် ရှိနေပါသော်လည်း ၎င်းတို့အား ကြည့်ရသည်မှာ ပန်းခြံထဲ ပျော်ပွဲစား ထွက်လာသလိုပင်။ ထို့အပြင် အန်လင်းသည် လမ်းလျှောက်နေရင်း ပတ်ဝန်းကျင်အား ဟိုဟိုသည်သည် လျှောက်ကြည့်နေသေးသည်။

၎င်းတို့အောက်ခြေတွင်ရှိသောလမ်းသည် အလွန်ခိုင်မာကာ ကြယ်စင်များသည်လည်း သိမ်မွေ့စွာသာ တောက်ပနေပြီး မည်သည့်အန္တရာယ်မှ ရှိပုံမရပေ။

သားရဲများအားလုံး မျက်လုံးပြူးသွားရသည်။

တိုက်ဆိုင်တာပဲလား...... ဒါမှမဟုတ် သူတို့က တစ်ခုခုကို သိနေတာလား..........

သားရဲအများစုသည် တိုက်ဆိုင်မှုသက်သက်ဟု မထင်ကြပေ။ တိုက်ဆိုင်မှုသာဆိုလျှင် ထိုကဲ့သို့ စိမ်ပြေနပြေ လျှောက်သွားနေခြင်းမှာ ရူးသွပ်ရာ ကျလွန်းသည်။

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည် ဓားမော့နှစ်လက်အား ကိုင်ဆောင်ထားကာ ၎င်း၏ရွှေရောင်အမွှေးများမှာလည်း ထောင်ထနေသည်။

အန်လင်းတို့မှာ ၎င်းရှိရာသို့ လျှောက်လှမ်းလာနေခြင်းပင် ဖြစ်လေသည်။

***

All Chapters