← Chapters

သွေးမိစ္ဆာသားရဲများအားတိုက်ခိုက်ခြင်း

Vol. 58 Ch. 807

သွေးမိစ္ဆာသားရဲများအားတိုက်ခိုက်ခြင်း

Vol. 58 Ch. 807

ရဲရဲတောက်နေသော သွေးများမှာ မြေပြင်တခွင်လုံးကို လွှမ်းခြုံထားသည်။

အန်လင်းသည် နှလုံးသားကိုပင် ကြောက်ရွံ့စေသော စွမ်းအင်တစ်ခုအား ရုတ်တရက် အာရုံခံလိုက်မိသည်။

သူသည် ကြီးမားလှသော မှိုပွင့်ကြီးအား ကြည့်ရှုလိုက်သည်။

"အဲ့ဒါက ဒီမှာလား။"

"မင်းကငါနဲ့ တိုက်နေတာတောင် တခြားဟာတွေကို အာရုံစိုက်နိုင်သေးတာလား...... ဟားဟားဟား။"

သွေးနီရောင် ကြောင်လူသားမှာ ဓားရှည်ကြီးနှင့်အတူ ရှေ့တိုးလာပြီးနောက် ၎င်း၏ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားသည်။

ထို့နောက် အန်လင်းရှေ့သို့ ချက်ချင်းရောက်ရှိလာကာ နှလုံးသားတည့်တည့် ဓားဖြင့်ထိုးချလိုက်သည်။

အန်လင်းသည် တုံ့ပြန်မှု မြန်ဆန်လွန်းသောကြောင့် မိစ္ဆာရှင်းဓားဖြင့် ကြောင်လူသား၏ ခုခံမှုအား တုံ့ပြန်လာသည်။

ဝုန်း........

ဓားနှစ်လက် ထိပ်တိုက်တွေ့ဆုံကာ ဓားစိတ်ဆန္ဒများ ပေါက်ကွဲသွားရသည်နှင့်အတူ မီတာရာနှင့်ချီအတွင်းရှိ အိမ်များအားလုံး အမှုန့်ဖြစ်သွားရသည်။

အန်လင်းသည် တိုက်ခိုက်မှုကြောင့် လက်များအနည်းငယ် ထုံကျင်နေသလို ကြောင်လူသားမှာလည်း အနောက်သို့ ဆုတ်ခွာသွားရသည်။

"ဘွားဟားဟားဟား............"

ရယ်သံတစ်ခု ရုတ်ချည်းထွက်ပေါ်လာသည်။

ဆိတ်လူသား မကောင်းဆိုးဝါးသည် အန်လင်းနောက်သို့ ရောက်ရှိလာကာ လက်ထဲတွင် ရှိနေသော သွေးနီရောင် ဆူးချွန်ဖြင့် လည်ပင်းတည့်တည့် ထိုးချလိုက်သည်။

သို့သော် ၎င်း၏အမွှေးများ ထောင်ထသွားရပြီးနောက် ချက်ချင်းပင် ကိုယ့်ကိုယ်ကိုဖက်ကာ ဒိုင်းအဖြစ် ကာကွယ်ထားလိုက်သည်။

မြင့်မြတ်သော အဖြူရောင် မီးတောက်များမှာ ဆိတ်လူသားနှင့် အန်လင်းအား လွှမ်းခြုံသွားသည်။

ဝုန်း.........

မီးတောက်များ ပေါက်ကွဲကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို လောင်ကျွမ်းသွားစေလေသည်။

စုရှောင်လန်မှာ အနည်းငယ် မကျေမနပ် ဖြစ်နေသည်။ ရန်သူများအားလုံးသည် သူမအား အထင်သေးကာ သူမ၏ တည်ရှိမှုကို လျစ်လျူရှုထားကြသည်။ ထို့ကြောင့် လျှို့ဝှက်တိုက်ခိုက်မှုများအား တစ်ခုပြီးတစ်ခု လုပ်၍ရနေလေသည်။

ဆိတ်လူသားသည် သူမ နောက်ဆုံးတိုက်ခိုက်ခဲ့သူ ဖြစ်သည်။ ၎င်းသည်လည်း အန်လင်းကိုသာ အာရုံစိုက်နေပြီး သူမအား တစ်ချက်ကလေးပင် ဂရုမစိုက်ခဲ့ပေ။

ငါ့ကို အော့နျိုနဲ့ ဟိုဖားလို အမှိုက်ထင်နေတာလား.......

စုရှောင်လန်သည် ဒေါသထွက်နေသောကြောင့် မြင့်မြတ်မီးတောက် ဓားပုံရိပ်အား မောက်မာနေသော ဆိတ်လူသားထံ ချက်ချင်းပစ်လွှတ်လိုက်သည်။

သူမ၏ ဒေါသကြောင့် တိုက်ခိုက်မှုမှာ အန်လင်းကိုပါ ဖုံးလွှမ်းသွားခဲ့သည်။

သို့သော် သူမ အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်း မရှိပေ။

အန်လင်း မည်မျှအရေထူကြောင်း သူမ ကောင်းစွာသိရှိထားပေသည်။

ထိုမီးတောက်များသည် သူ့အား ဒုက္ခပေးနိုင်မည် မဟုတ်ပေ။

"ပဲဟဲဟဲ......."

ဆိတ်လူသားသည် ကျောပြင်တစ်ခုလုံး ဆုတ်ပြဲသွားရပြီးနောက် ခန္ဓာကိုယ်ရှိ သွေးများအားလုံး အငွေ့ပျံသွားသလို ခံစားရကာ နှုတ်ခမ်းထောင့်စွန်းမှလည်း သွေးများစီးကျလျက် အနောက်သို့ ဆုတ်သွားရသည်။

"အဟွတ်...... အဟွတ်.... ရှောင်လန်...... မင်းက ယောက်ျားကိုတောင် သတ်တော့မလို့လား။"

အန်လင်းမှာ အဝတ်အစားပေါ်ရှိ မီးတောက်များအား ငြှိမ်းသတ်ကာ စကားဆိုလိုက်သည်။

စုရှောင်လန် နှုတ်ခမ်းကိုက်ကာ ပြောလာသည်။

"အပိုတွေ လုပ်မနေနဲ့။ ဒီသွေးမိစ္ဆာသားရဲနှစ်ကောင်ကို အရင်ရှင်းထုတ်လိုက်ရအောင်။"

အန်လင်းသည် စုတ်ပြတ်သတ်သွားသော အဝတ်အစားအား ဆုတ်ဖြဲလိုက်သည်နှင့် သိုလှောင်လက်စွပ်မှာ ဖျက်ခနဲ လင်းလက်သွားပြီး အဝတ်အစားသစ်တစ်စုံ ခန္ဓာကိုယ်ပေါ် ရောက်ရှိလာသည်။

နတ်အဆိပ်ဖားနှင့် အော့နျိုတို့သည် အဝေးသို့ ဆုတ်ခွာသွားပြီဖြစ်ကာ အဝေးမှနေ၍သာ ပါးစပ်အဟောင်းသားဖြင့် တိုက်ပွဲအား ကြည့်ရှုနေကြသည်။

"မူး....... ဒီသွေးမိစ္ဆာသားရဲနှစ်ကောင်က ငါမြင်ဖူးသမျှထဲမှာ အသန်မာဆုံးပဲ။ သူတို့ အရှိန်အဝါက စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်ကိုတောင် ကျော်လွန်နေပြီ။"

အော့နျို ရေရွတ်လိုက်သည်။

နတ်အဆိပ်ဖားမှာလည်း တအံ့တသြ ဖြစ်နေသည်။

"အုံးအွမ်........ ဒီလောက်အားကောင်းတဲ့ အရှိန်အဝါမျိုးကို အံ့ဖွယ်စောင့်ရှောက်သူ အဖွဲ့ခေါင်းဆောင် ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာဆီမှာပဲ မြင်ဖူးသေးတယ်။"

"လူသားမျိုးနွယ်ရဲ့ အထူးချွန်ဆုံး ပါရမီရှင်တွေလို့ကို မပြောရဘူး။ အန်လင်းနဲ့ စုရှောင်လန်က စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အလယ်အလတ် အဆင့်ပဲ ရှိသေးပေမယ့် သူတို့နဲ့ ယှဉ်တိုက်နိုင်တာပဲ။ တကယ့်သောက်ကြမ်းကြီးတွေကွာ။"

"ချထား.... အုံးအွမ်။"

"မူး....... သူတို့ကို သတ်ပစ်။"

သားရဲနှစ်ကောင်မှာ ကျယ်လောင်စွာ အော်ဟစ်အားပေးနေသည်။

စုရှောင်လန် ခပ်ဖွဖွ ပြုံးလိုက်သည်။

"အဲ့နှစ်ကောင်က စောင့်ကြည့်ပြီး အားပေးနေတော့ ပိုပြီးတက်ကြွလာသလို ခံစားရလား။"

အန်လင်း : "............"

ကြောင်လူသားနှင့် ဆိတ်လူသားမှာ ယခင်ကလို စိတ်အားတက်ကြွမနေတော့ပေ။ အထူးသဖြင့် ဆိတ်လူသားပင် ဖြစ်သည်။ စုရှောင်လန်၏ မီးတောက်အား မြည်းစမ်းလိုက်ရပြီးနောက် နှလုံးသားထဲတွင် ကြောက်စိတ်များ ရှိနေလေပြီ။

စုရှောင်လန်သာ စွမ်းအင်အနည်းငယ် ပိုသုံးခဲ့ပါက သူသည်လည်း ပြာဖြစ်နေလောက်ပြီပင်။

"ကြောင်နတ်ဘုရား....... ပြိုင်ဘက်ချင်း လဲရအောင်။"

ဆိတ်လူသား တောင်းဆိုလာသည်။

"ဟမ်......"

ကြောင်လူသား ကြောင်တောင်တောင် ဖြစ်သွားရသည်။

"မင်းကအမြဲတမ်း ငါ့ထက်သာတယ်လို့ တွေးနေတာမလား။ အဲ့ဒါကို ငါလည်း လက်ခံတယ်။ အဲ့ဒါကြောင့် ပြိုင်ဘက်ချင်း လဲကြရအောင်။ လူသားထီးက ပိုပြီးတိုက်လို့ လွယ်လောက်တယ်။"

ဆိတ်လူသား ရှင်းပြလိုက်သည်။

အန်လင်း : "........."

ဒီတိုင်းထားလို့ မဖြစ်တော့ဘူး.........

ငါ့ကို အထင်လာသေးနေတာပဲ..........

"မြောင်....... ကောင်းပြီလေ။ မင်းဝန်ခံလာမှာကို စောင့်နေတာ။ မင်းကြောက်နေတဲ့ ရန်သူကို ငါဘယ်လိုသတ်ပြမလဲ ကြည့်နေလိုက်။"

ကြောင်လူသား မောက်မာစွာပြုံးကာ ဆိတ်လူသား၏ တောင်းဆိုချက်အား လက်ခံလိုက်သည်။

စုရှောင်လန် : "..........."

ဒီတိုင်းထားလို့တော့ မဖြစ်ဘူး........

ဒင်းကငါ့ကို အထင်လာသေးနေတာပဲ........

စုရှောင်လန်၏ မျက်ဝန်းများမှာ ရွှေရောင်အဖြစ် ပြောင်လဲသွားကာ ကြောင်လူသားထံ လျှောက်လှမ်းသွားလိုက်သည်။

ကြောင်လူသားသည် စုရှောင်လန်အားကြည့်ကာ အပြုံးများ ပျောက်ကွယ်သွားရပြီးနောက် ၎င်း၏ဓားအား မြှောက်လိုက်သည်နှင့်အတူ ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒများ ကောင်းကင်ထက်တိုင် မြင့်တက်သွားလေသည်။

အကန့်အသတ်မဲ့သော အနီရောင်အလင်းများမှာ သွေးနီရောင် ဓားထံမှ ဖြာထွက်လာကာ မြေပြင်ပေါ်ရှိ သွေးလှိုင်းများသည်ပင် ထိုဖိအားကြောင့် ဖယ်ခွာသွားရသည်။ ထို့နောက် မြေပြင်မှာ စတင်ပက်ကြားအက်လာပြ အက်ကွဲရာများမှာ စုရှောင်လန်ထံ ပျံ့နှံ့သွားသည်။

ထိုဓား၏ အရှိန်အဝါမှာ ထိတ်လန့်ဖွယ် ကောင်းလွန်းလှပေသည်။

ကြောင်လူသားအား ပထမအဆင့် ဓားအင်မော်တယ်ဟု ဆိုနိုင်သည်။

ဝုန်း.........

ကြောင်လူသား၏ သွေးနီရောင် ဓားထိပ်ဖျားတွင် ကြမ်းတမ်းခက်ထန်သော စွမ်းအင်များ စုဝေးနေသည်။ မည်သည့်ဓားပုံရိပ်မှ ကွဲထွက်မနေပဲ အဆုံးစွန် ထက်ရှမှု တစ်ခုကသာ လွှမ်းမိုးထားသည်။

ထိုဓားတဝိုက်ရှိ လေထုသည်ပင် တုန်ခါနေပြီး စုရှောင်လန်၏ နှလုံးသားတည့်တည့် ဦးတည်ရောက်ရှိလာသည်။

စုရှောင်လန်သည် တည်ငြိမ်စွာနှင့်ပင် ထိုဓားနှင့် ထိပ်တိုက်တွေ့ဆုံရန် အရှေ့သို့ တိုးသွားလိုက်သည်။

တစ်ချိန်တည်းမှာပင် သူမ၏ နယ်ပယ်အား ထုတ်ဖော်လိုက်လေသည်။

ဝုန်း.........

မြင့်မြတ်သော ဗာမီလီယမ်မီးတောက်နှင့် အစစ်အမှန် နဂါးလျှပ်စီးများ ဖြစ်ပေါ်လာသည်။

မိုးပြာရောင် နဂါးတစ်ကောင်သည် လျှပ်စီးများ ပေါက်ကွဲသွားစေကာ ဗာမီလီယမ်ငှက်တစ်ကောင်မှာလည်း ကောင်းကင်တစ်ခုလုံးကို မီးပင်လယ် ဖြစ်သွားစေသည်။

ကြောင်လူသားသည် ခန္ဓာကိုယ် တစ်ခုလုံး မီးသွေးတုံးလို ဖြစ်သွားပါသော်လည်း အံကြိတ်ကာ ဆက်လက်တိုက်ခိုက်လာသည်။

၎င်းသည် စွမ်းအင်အပြည့်အဝ ထုတ်ဖော်ကာ စုရှောင်လန်၏ နှလုံးသားတည့်တည့်အား ဓားဖြင့်ထိုးချလိုက်သည်။

"သေလိုက်တော့။"

သေရေးရှင်ရေး အခြေအနေ ဖြစ်နေသောကြောင့် ကြောင်လူသားမှာ အားကုန်သုံးကာ တိုက်ခိုက်လိုက်သဖြင့် ၎င်း၏ဓားစိတ်ဆန္ဒမှာ ပိုမိုအားကောင်းလာသည်။

တစ်ချိန်တည်းမှာပင် စုရှောင်လန် အနီးတွင် ရှိနေသော မိုးပြာရောင် နဂါးကြီးမှာ ပိုမိုစစ်မှန်လာလေသည်။

သွေးနီရောင်ဓားနှင့် မိုးပြာရောင် နဂါးတို့ ထိပ်တိုက်တွေ့ဆုံသွားကြသည်။

"အဆင့်တက်စမ်း......"

ကြောင်လူသားသည် ခုခံကာကွယ်ရေး စွမ်းအင်များအားလုံး ဖယ်ရှားကာ တိုက်ခိုက်ရေးအစွမ်းကို မြှင့်တင်ပစ်လိုက်သည်။

ခရက်........

မိုးပြာရောင် နဂါးအကာအကွယ်မှာ စတင်ကွဲအက်လာသည်။

"ခုခံကာကွယ်ရေးကို ဖယ်လိုက်တယ်ပေါ့။ ငါက ဓားမသုံးတတ်ဘူးများ ထင်နေလား။"

စုရှောင်လန်၏ စကားသံသည် နားဝင်ပီယံ ရှိလှပါသော်လည်း အလွန်အမင်း အေးစက်ခက်ထန်နေသယောင် ရှိသည်။

ကြောင်လူသား ကြက်သီးဖြန်းဖြန်း ထသွားရသည်။

စုရှောင်လန်သည် ကြောင်လူသားအား ဓားဖြင့်ခုတ်ချလိုက်သည်။

ကြောင်လူသား ရုတ်တရက် အတွေးပေါက်သွားမိသည်။ သူသည် ထိုလူသားမိန်းမငယ်၏ သန်မာမှုအား သေသေချာချာ မသိခဲ့ပဲ ကိုယ့်ကိုယ်ကို အထင်ကြီးကာ ရန်သူကို အထင်သေးခဲ့မိသည်။

ဝုန်း.........

သူမ၏ ဓားချက်တွင် ဗာမီလီယမ်ငှက် စွမ်းအင်များ ပါဝင်နေပြီး သွေးပင်လယ်အား အငွေ့ပျံသွားစေရုံသာမက ကီလိုမီတာ များစွာရှိသော မီးလျှံဓားပုံရိပ်တစ်ခုကိုပါ ဖြစ်ပေါ်လာစေသည်။

ကြောင်လူသားသည် ခုခံကာကွယ်ရေး စွမ်းအင်များအားလုံးကို စွန့်လွှတ်ထားသောကြောင့် ချက်ချင်းပင် ပြာကျသွားရလေသည်။

ကြောင်လူသား၏ နောက်တွင်ရှိနေသော ဆိတ်လူသားသည်ပင် ထိုဓားချက်အား ခံစားလိုက်ရသည်။

၎င်းတို့၏ အကွာအဝေးမှာ မပြောပလောက်သည့်အပြင် ဓားပုံရိပ်မှာ ကြီးမားလွန်းလှသည် မဟုတ်လော။

ကံကောင်းထောက်မစွာဖြင့် ဆိတ်လူသားသည် အချိန်မီ အကာအရံများ အသက်သွင်းနိုင်ခဲ့သည်။

သို့သော် ဓားချက်အား ခံရလိုက်ဆဲဖြစ်ကာ အသည်းအသန် နောက်ဆုတ်သွားရလေသည်။

ဒီလူသားမိန်းကလေးက တော်တော်အားကြီးတာပဲ...... ပြိုင်ဘက်ချင်း လဲထားမိလို့ တော်သေးတယ်...... ကြောင်ကတော့ သေပြီ......

မည်သို့ပင်ဆိုစေကာမူ ထိုရွေးချယ်မှုသည် မှားယွင်းကြောင်း မကြာမီပင် သိရှိလိုက်ရသည်။

အန်လင်းသည် တစ္ဆေတစ်ကောင်အလား လျင်မြန်လှသော အရှိန်ဖြင့် ၎င်းရှေ့သို့ ရောက်ရှိလာလေသည်။

အော်...... ပြိုင်ဘက်ချင်း လဲလဲမလဲလဲ ထူးမှမထူးတာ......

ဒင်းတို့ကိုက သောက်ကျိုးနည်း သောက်ကြမ်းကြီးတွေ ဖြစ်နေတာပဲ.......

***

All Chapters