← Chapters

ငါ့မှာခုတ်ချက်ဘယ်လောက်ရှိတယ်ထင်လဲ

Vol. 58 Ch. 808

ငါ့မှာခုတ်ချက်ဘယ်လောက်ရှိတယ်ထင်လဲ

Vol. 58 Ch. 808

ဆိတ်လူသားသည် ဒဏ်ရာရထားသောကြောင့် အန်လင်း၏ တိုက်ခိုက်မှုအား မရှောင်နိုင်တော့ပေ။

အဆုံးမဲ့ည စိတ်ဆန္ဒများ ပါဝင်နေသော အနက်ရောင် ဓားပုံရိပ်သည် ဆိတ်လူသားအား နှစ်ပိုင်းပြတ်သွားစေသည်။

စုရှောင်လန်သည် ကြောင်လူသားအား ပြာချကာ ဆိတ်လူသားအား ဒဏ်ရာရစေခဲ့သလို အန်လင်းမှာ တိုက်ပွဲအား လက်စသတ်ပေးခဲ့သည်။ ထိုသည်မှာ ပြီးပြည့်စုံသော ယှဉ်တွဲတိုက်ခိုက်မှုဖြစ်ပြီး သြချရလောက်စရာ အောင်မြင်မှုပင်။

ဖြောင်း........ ဖြောင်း........ ဖြောင်း........

နတ်အဆိပ်ဖား စိတ်လှုပ်ရှားစွာ လက်ခုပ်တီးလာသည်။

"အုံးအွမ်........ လုံးဝကို သောက်ကြမ်းကြီးတွေပဲ။ အဲ့လောက်အားကောင်းတဲ့ သွေးမိစ္ဆာသားရဲတွေကိုတောင် သတ်ပစ်လိုက်နိုင်တယ်။ တကယ့်အံ့မခမ်းပဲ။"

"မူး......"

အော့နျိုလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

"အဲ့လို ပြိုင်ဘက်ကင်း စုံတွဲကပဲ ငါ့ကျောပေါ် တက်စီးခွင့်ရှိတာ။"

ဝုန်း..... ဝုန်း....... ဝုန်း........

အဝေးတွင် ကြောက်မက်ဖွယ် စွမ်းအင်ပေါက်ကွဲမှုများ ဖြစ်ပေါ်နေသည်။

အန်လင်းမှာ ထိုနေရာအား တစ်ချက်မျှ လှမ်းကြည့်လိုက်သည်။

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာနှင့် အံ့ဖွယ်စောင့်ရှောက်သူအဖွဲ့မှ အခြားသားရဲနှစ်ကောင်သည် စစ်တူကိုင်ဆောင်ထားသော ဝက်နဂါးတစ်ကောင်အား အပြင်းအထန် တိုက်ခိုက်နေကြသည်။

ဝက်နဂါးသည် ဝက်ခန္ဓာနှင့် နဂါးခေါင်းကို ပိုင်ဆိုင်ထားကာ ပေါက်ကွဲလွယ်ပုံရပြီး သွေးနီရောင် စစ်တူကြီးနှင့် သားရဲသုံးကောင်အား တစ်ချိန်တည်း တိုက်ခိုက်နေသည်။

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည်လည်း ဒေါသထွက်လွယ်သောကြောင့် ဓားမော့နှစ်လက်နှင့် အပီအပြင် ရင်ဆိုင်နေသည်။ ဓားမော့စိတ်ဆန္ဒများသည် တစ်ကီလိုမီတာကျော်အထိ ဖြာထွက်ကာ ပတ်ဝန်းကျင် တခွင်အား လွှမ်းမိုးထားသည်။

၎င်းတို့နှစ်ဦး၏ ထိပ်တိုက်တွေ့ဆုံမှု တစ်ခုချင်းစီသည် မိုးခြိမ်းသံအလား ကျယ်လောင်လှသော ပေါက်ကွဲမှုများကို ဖြစ်ပေါ်စေပြီး စွမ်းအင်လှိုင်းဂယက်များကြောင့် လေထုများ ကြမ်းတမ်းခက်ထန်ကာ မြေပြင်သည်ပင် အက်ကွဲကုန်သည်။

အခြားသားရဲနှစ်ကောင်သည်လည်း တိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်ကာ ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာအား အားဖြည့်ပေးနေသောကြောင့် ၎င်းတို့မှာ ဖြည်းညင်းစွာ အသာစီး ရလာသည်။

အန်လင်းနှင့် စုရှောင်လန်သည် တိုက်ပွဲအား စောင့်ကြည့်ရန် အချိန်မရှိပေ။ ၎င်းတို့သည် ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ၏ ပြိုင်ဘက်များ ဖြစ်သောကြောင့် ယခုအချိန်အား အပြည့်အဝ အသုံးချကာ ရတနာ ဖွေရှာရမည်ပင်။

ထို့ကြောင့် ၎င်းတို့နှစ်ဦးမှာ တွေဝေမနေပဲ မှိုပွင့်ကြီးထံ ဦးတည်သွားလိုက်ကြသည်။

................

မှိုပွင့်အဆောက်အဦးကြီးထဲ၌

ဆိတ်ခန္ဓာကိုယ် လူသားမျက်နှာနှင့် မကောင်းဆိုးဝါးမှာသွေးနီရောင် မျက်ဝန်းများ ဝင်းဝင်းတောက်လျက် နှုတ်ခမ်းအား လျှာဖြင့်သပ်လိုက်သည်။

"ပစ္စည်းတွေ ရှိပေမယ့် စားတော်ကဲက သေသွားပြီ။"

အတောင်ပံတွင် အရိုးခေါင်းများ ချိတ်ဆွဲထားသော အပြာရောင် ကျားပျံကြီး စကားဆိုလာသည်။

"မင်းဘာလုပ်မှာလဲ ဇူစကာ....."

(စာထဲမှာ Gluttonyလို့ သုံးထားတာပါ။ အဲ့ဒါက အစားအသောက်နဲ့ ပက်သတ်ပြီး အရမ်းလောဘကြီးတာကို ပြောတာမို့ ဇူစကာလို့ ရေးထားပါတယ်။)

"ဟားဟားဟား........"

ဇူစကာဟု အခေါ်ခံလိုက်ရသော မကောင်းဆိုးဝါးမှာ သဘောကျစွာ ရယ်မောလိုက်သည်။

"အစိမ်းစားရင်ရော ဘယ်လိုလဲ။"

"မင်းကတော့ တစ်နေ့တစ်နေ့ စားဖို့သောက်ဖို့ပဲ တွေးနေတာပဲ။"

အပြာရောင် ကျားပျံကြီး မျက်စောင်းထိုးကာ ပြောလိုက်သည်။

"သူတို့က ခွင့်ပြုချက် မရှိပဲ ဒီကိုရောက်လာတာလေ။ အပြစ်ပေးတဲ့အနေနဲ့ အားလုံးကိုသတ်ပြီး စားပစ်ရမှာပေါ့။ မဟုတ်ဘူးလား။"

ဇူစကာ မကောင်းဆိုးဝါး တုံ့ပြန်လာသည်။

"မင်းကတကယ်မလွယ်တာပဲ။"

အပြာရောင် ကျားပျံကြီး ရယ်မောကာ ပြောလိုက်သည်။

"ဒါပေမယ့် မင်းအစီအစဉ်ကို ငါကြိုက်တယ်။"

အလယ်တွင် ရှိနေသော အရိပ်မည်းများ လွှမ်းခြုံထားသည့် သတ္တဝါမှာ စားပွဲအား လက်ဖြင့်ခေါက်နေသည်။

"ငါပြောတာနားထောင်......ဒီလူသားနှစ်ယောက်က ထင်ထားတာထက် အများကြီး သန်မာတယ်။ သူတို့ကို မသတ်မဲ့ ရာဂနဲ့ ဇူစကာ။ ငါတို့ဒီက ထွက်နိုင်ဖို့ သူတို့က အဓိကသော့ချက် ဖြစ်လာနိုင်တယ်။"

"ကောင်းပြီလေ။ သူတို့ကို မသတ်တော့ဘူး။ ဒါပေမယ့် တခြားသားရဲတွေကိုတော့ စားကိုစားပစ်မယ်။"

ဇူစကာ ရက်စက်စွာ ပြုံးလိုက်သည်။

"အပြင်ထွက်ရအောင်။ ဒီမှာတိုက်ခိုက်ခဲ့ရင် အဆောက်အဦး ထိခိုက်သွားနိုင်တယ်။"

ရာဂ အကြံပေးလာသည်။

ထိုသို့ဖြင့် ကြောက်မက်ဖွယ် သားရဲနှစ်ကောင်မှာ အပြင်သို့ ထွက်လာခဲ့ကြသည်။

အရိပ်မည်း၏ စားပွဲခေါက်သံမှလွဲ၍ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။

တောက်...... တောက်...... တောက်....... တောက်.......

မှိုပွင့်ကြီးထံမှ အလင်းသည် တောက်ပလွန်းသောကြောင့် ကျွန်းတစ်ခုလုံးကို လင်းလက်နေစေသည်။ သို့သော် ထာဝရ လောင်ကျွမ်းနေပုံရသော မီးအိမ်နှစ်ခုမှအပ ထိုနေရာတွင် အရာအားလုံး မည်းမှောင်နေ၏။

"သွေးကပိုပြီး အသက်ဝင်လာပြီပဲ။ ဒီအိုးက ပွက်ပွက်ဆူလာရင် အသားအတွက် အသင့်ဖြစ်ပြီ။"

ရှေးဆန်သော စကားသံတစ်ခု ထွက်ပေါ်လာသည်။

...........

မှိုပွင့်ကြီး အပြင်ဘက်၌

အန်လင်းနှင့် စုရှောင်လန်တို့မှာ ထိုနေရာသို့ရောက်ရန် တစ်ကီလိုမီတာမျှပင် မဝေးတော့ပေ။

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည် ထိုသည်ကိုတွေ့ကာ ကူကယ်ရာမဲ့စွာဖြင့် ပြင်းထန်လွန်းသော တိုက်ခိုက်မှုကို ထုတ်သုံးလိုက်သည်။

"သမုဒ္ဒရာရဲ့ တစ်ခုတည်းသောခုတ်ချက်....."

ဓားမော့နှစ်လက်မှာ မျက်စိကျိန်းရလောက်အောင် လင်းလက်တောက်ပလာကာ အကန့်အသတ်မဲ့သော ဓားမော့စိတ်ဆန္ဒများ ဖြစ်ပေါ်လာသည်။

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည် ဓားမော့ပုံရိပ် ဆယ့်ရှစ်ခုအား ဝက်နဂါးထံ ပို့လွှတ်လိုက်သည်။

"ယီးလား....... မင်းပြောတော့ သမုဒ္ဒရာရဲ့ တစ်ခုတည်းသောခုတ်ချက်ဆို။"

ဝက်နဂါးကြီးသည် စစ်တူအားကိုင်ကာ အံ့သြဒေါသဖြစ်သွားသည်။

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ၏ ဓားမော့ပုံရိပ်များသည် ခုခံကာကွယ်ရေး အစွမ်းများ အဆုံးတိုင် ထုတ်ဖော်ထားသော ဝက်နဂါးကြီး၏ ခန္ဓာကိုယ်ကို တိုက်ခိုက်လိုက်နိုင်သည်။

"ဒါကမှ တစ်ခုတည်းသောခုတ်ချက်ပဲ။"

ဓားမော့ပုံရိပ် ဆယ့်ရှစ်ခု ပျောက်ကွယ်သွားပြီးနောက် မြင့်မြတ်အရှိန်အဝါများ ထွက်ပေါ်နေသော ဓားမော့ကြီးတစ်လက် ကောင်းကင်ထက်မှ ကျဆင်းလာသည်။

ဓားမော့ပုံရိပ်သည် အရောင်အဝါများ ထိန်လင်းနေပြီး ဆန်းကြယ်လွန်းသည့် ခံစားချက်ကို ပေးစွမ်းနေသည်။

ဝက်နဂါးကြီ၏ ဟစ်ကြွေးသံနှင့်အတူ စစ်တူကြီးတဝိုက်တွင် သွေးနီရောင် လျှပ်စီးများ ဖြစ်ပေါ်လာပြီး ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ၏ ဓားမော့ပုံရိပ်နှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။

ဝုန်း........

စစ်တူကြီးနှင့် ဓားမော့ပုံရိပ်တို့ကြားတွင် ကြောက်မက်ဖွယ် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာလေသည်။

ထိုမျှထွက်ပေါ်လာသော စွမ်းအင်လှိုင်းဂယက်များမှာ တစ်ကီလိုမီတာကျော် ပျံ့နှံ့သွားသည်။

ဝက်နဂါးသည် ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ၏ တိုက်ခိုက်မှုအား ခက်ခက်ခဲခဲ ခုခံလိုက်ရ၏။

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည် သွားဖြဲပြကာ ဝက်နဂါးကြီးအား ဓားမော့ပုံရိပ် နောက်တစ်ခုဖြင့် တိုက်ခိုက်လိုက်သည်။

"အား....... သမုဒ္ဒရာရဲ့ ဒုတိယမြောက်ခုတ်ချက်......."

ဝက်နဂါးကြီး ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

ဟုတ်သားပဲ........ ဒင်းက ဓားမော့နှစ်လက် ကိုင်တာလေ.........

နှင်းဖြူရောင် ဓားမော့ပုံရိပ်မှာ ဝက်နဂါးကြီးအား လွှမ်းမိုးသွားသည်။

၎င်း၏ခန္ဓာကိုယ်မှာလည်း အပိုင်းပိုင်းအစစ ဖြစ်သွားရလေသည်။

"ဟားဟားဟား......"

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ ဂုဏ်ယူစွာ ရယ်မောလိုက်သည်။

၎င်း၏ပါးပြင်များသည်ပင် နီရဲနေလေပြီ။

"မြန်မြန်သွားရအောင်။"

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည် အချိန်ဆွဲမနေပဲ အခြားသားရဲနှစ်ကောင်အားခေါ်ကာ မှိုပွင့်ကြီးထံ ထွက်လာလိုက်သည်။

အန်လင်းနှင့် စုရှောင်လန်မှာလည်း ဝက်နဂါး၏ အဖြစ်အပျက်အား သတိထားမိသောကြောင့် အရှိန်အား မြှင့်လိုက်သည်။

သို့သော် မှိုပွင့်ကြီး၏ ထိပ်ဆုံးအားကြည့်ကာ ၎င်းတို့၏ ခြေလှမ်းများ ရပ်တန့်သွားရသည်။

အော့နျိုနှင့် အဆိပ်မြူဖားမှာလည်း ချက်ချင်းပင် ပြေးလွှားနေသည်ကိုရပ်ကာ မှိုပွင့်အိမ်တစ်လုံးနောက် ဝင်ပုန်းလိုက်ကြလေသည်။

"ဟားဟား...... လူသားတွေ ဒုက္ခမခံချင်ရင် အခုအရှုံးပေးလိုက်တော့။"

အပြာရောင် ကျားပျံကြီးမှာ အန်လင်းအားကြည့်ကာ ပြောလိုက်သည်။

၎င်း၏သွေးနီရောင် အစွယ်များသည် ကြောက်မက်ဖွယ်ကောင်းကာ အတောင်တွင်လည်း အရိုးခေါင်းများ ချိတ်ဆွဲထားသည်။

ထိတ်လန့်ဖွယ် အရှိန်အဝါနှင့်အတူ အခြားပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။

"စားမယ်။ မင်းတို့အားလုံးကို စားပစ်မယ်။"

ဇူစကာသည် သွေးနီရောင် တိမ်တိုက်အား စီးနင်းကာ အန်လင်းတို့အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် အနီးရှိ မှိုပွင့်အိမ်အား အာရုံစိုက်လိုက်သည်။

"ဟားဟား...... ရာဂ ငါအစာလေးဘာလေး စားဦးမယ်။ ဒီနှစ်ယောက်ကိုတော့ မင်းနဲ့လွှဲထားခဲ့မယ်။"

၎င်းသည် အန်လင်းနှင့် စုရှောင်လန်အား လျစ်လျူရှုကာ ထိုမှိုပွင့်အိမ်ထံ ပျံဝဲသွားတော့သည်။

"ဇူစကာ...... ငါတို့အလုပ်ကို မမေ့နဲ့ဦး။"

အပြာရောင် ကျားပျံကြီး အေးစက်စွာ သတိပေးလိုက်သည်။

"ဟားဟား...... ငါသိပါတယ်။ ချက်ချင်းပြန်လာခဲ့မယ်။"

ဇူစကာမှာ လှည့်ပင်မကြည့်ပဲ တုံ့ပြန်လာသည်။

အော့နျိုနှင့် အဆိပ်မြူဖားမှာ ချီးထွက်ကျမတက် ဖြစ်နေလေပြီ။

ဒီမေဘေးက ငါတို့ဆီ လာနေတာဟ.....

***

All Chapters